မူရင်း – https://eos.com/make-an-analysis/atmospheric-removal/
ရောင်စဉ်ပေါင်းစပ်မှု (လှိုင်းတိုအနီအောက်ရောင်စဉ် ၂ ၊ အနီအောက်ရောင်စဉ်ဦး ၊ အစိမ်းရောင်စဉ်) – Band Combination: SWIR 2, NIV, Green
Atmospheric removal (လေထုကြောင့်သွေဖီမှုများကိုဖယ်ရှားခြင်း) ဆိုသည်မှာ လေထုကြောင့်ဖြစ်ပေါ်လာသော အနှောက်အယှက်များကို ပြန်လည်ပြုပြင်ခြင်းနှင့် အာရုံခံကိရိယာများမှဖမ်းယူရရှိသည့် အလင်းပြန်မှုကို အမှန်တကယ် ကမ္ဘာ့မြေမျက်နှာပြင်ရှိအရာဝတ္တုများ၏အလင်းပြန်မှု အဖြစ်ပြောင်းလဲခြင်းကို ဆိုလိုပါသည်။ ဤပြုပြင်ခြင်းကို Landsat image များအား ခွဲခြမ်းစိပ်ဖြာလေ့လာမှုမပြုခင်အသုံးပြုကြသည်။ အသီးသီးသော ရောင်စဉ်ပေါင်းစပ်မှုများသည် ပုံရိပ်ထင်ရှားဖြစ်ပေါ်ခြင်းကို အရေးပါသည်။
လေထုကြောင့်သွေဖီမှုဖြစ်ပေါ်သည့်ရောင်စဉ်များ၏ဖွင့်ဆိုချက်
SWIR2 band (လှိုင်းတိုအနီအောက်ရောင်စဉ် ၂) သည် လျှပ်စစ်သံလိုက်ရောင်ခြည်လှိုင်းအလျားနိမ့်စွမ်းအင်တွင် အလင်းပြန်မှုမရှိပေ။ ဤ band တွင်ရေတွင်လုံးဝနီးပါးနစ်ဝင်သည်။ ဤထူးခြားသည့်ဝိသေသကိုအသုံးပြု၍ အမျိုးမျိုးသောလုပ်ငန်းများတွင်ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြသည်။ အကြမ်းအားဖြင့် ရေပမာဏ အများအပြားကို ရရှိရန် ပုံရိပ်တွင် ပို၍မှောင်သော နေရာကိုရှာရပေမည်။ တိမ်အမျိုးမျိုးတွင် ရေပမာဏအမျိုးမျိုးပါဝင်သည်။ ဤရောင်စဉ်ကိုသုံး၍ ရေခဲတိမ်တိုက်များနှင့်ဆီးနှင်းများကို အမျိုးအစားခွဲနိုင်သည်။ လည်းကောင်းသည် သာမာန်သဘာဝအရောင်ဓါတ်ပုံတွင်လည်းမြင်တွေ့နိုင်သည်။
NIR (အနီအောက်ရောင်စဉ်ဦး) – အရောင်တစ်ခု၏လှိုင်းအလျားသည် အနီရောင်၏လှိုင်းအလျှားဘေးတွင် ကပ်လျှက်တည်ရှိသည်။ သို့သော်သာမာန်မျက်စိဖြင့်မမြင်နိုင်ပေ။ လည်းကောင်းကိုယေဘုယျအားဖြင့် အနီအောက်ရောင်ခြည်ဟုခေါ်သည်။ NIR ရပ်ဝန်း သည် အပင်များကို ပမာဏနှင့်အမျိုးအစားခွဲခြားရန် အကောင်းဆုံးရပ်ဝန်းဖြစ်သည်။ NIR ရပ်ဝန်းတွင်ရေ၏ရောင်ပြန်မှုကို မြင့်မားစွာ စုပ်ယူထားခြင်းအားဖြင့် ရေကန်များ၊ ရေပျောက်တွင်း (sinkhole) များကိုရှာဖွေဖေါ်ထုတ်နိုင်သည်။ ထို့ပြင့် မြေ၏စိုထိုင်းစကိုလည်း ခွဲခြားပေးနိုင်သည်။
Green Band (အစိမ်းရောင်စဉ်) သည် ရေတွင်နုံးအနည်အနှစ်များပါဝင်မှု ပမာဏကို အာရုံခံနိုင်စွမ်းရှိသည်။ အစိမ်းရောင်စဉ်တွင် သစ်ရွက်များ၏ အရောင်ပြန်အမြင့်ဆုံးအခြေအနေရှိသောကြောင့် အပင်များနှင့်မြေပြင်ကို ခွဲခြားသတ်မှတ်ပေးနိုင်သည်။ Green band တွင် မြို့ပြလူနေဧရိယာ၊ လမ်းများနှင့် မြေကွင်းပြောင်များသည် အရောင်နုကိုဖေါ်ပြနေပြီး၊ အပင်များ၊ သစ်တောများ၊ စိုက်ပျိုးမြေများ၊ သီးနှံဖြစ်ထွန်းသောစိုက်ပျိုးမြေများသည် နက်မှောင်သော အရောင်ကိုဖေါ်ပြကြသည်။
လေထုကြောင့်သွေဖီမှုကို ဖယ်ရှားသည့်ရောင်စဉ်များကိုသုံးသပ်ခြင်း
ဤရောင်စဉ်ပေါင်းစပ်မှုသည် သဘာဝရောင်ပုံရိပ်များအတိုင်း တွေ့မြင်ရသော်လည်း မီးခိုးငွေ့များနှင့် လေထု၏ပါဝင်နှောက်ယှက်မှုကိုလျှော့ချပေးထားသည်။ ဆည်ရေသောက်သီးနှံပင်များ၊ ကမ်းပါးသစ်ပင်များ၊ သန်စွမ်းသောအပင်များ နှင့် အမြဲစိမ်းတောများကို တောက်ပစိုပြေသည့်အစိမ်းရောင်အဖြစ် မြင်တွေ့နိုင်ပြီး၊ ရောဂါကျရောက်သောအပင်များနှင့်အပင်ခြောက်များကို အစိမ်းရောင်မှိုင်းမှိုင်းမြင်ရသည်။ စိမ်းဝါရောင်အရွက်ရှိသောအပင်များနှင့်ရွက်ပြတ်တောများကို တောက်ပသောအစိမ်းရောင်အဖြစ်လည်းကောင်း၊ ထင်းရှူးပင်များကို မှိုင်းသောအရောင်အဖြစ်လည်းကောင်း မြင်နိုင်သည်။ မြေကွင်းပြင်များကို ကာကီရောင်သို့မဟုတ် ခရမ်းညိုရောင်၊ မြက်ခင်းများကို အစိမ်းရောင်အဖြစ်မြင်တွေ့နိုင်ပြီး ခြောက်သွေ့သောကွင်းပြင်များနှင့်အပင်ကျဲပါးသည့်ကွင်းများအား အညိုရောင်နှင့်လိမ္မော်ရောင်အဖြစ် မြင်တွေ့ရပေမည်။ မြို့ပြဧရိယာများသည် ပန်းခရမ်းရောင်လှိုင်းသဏ္ဍာန်ဖြစ်ပေါ်နေပြီး၊ သင်္ချိုင်းများ၊ ပန်းခြံများ နှင့် ဂေါက်ကွင်း များကို မြို့ပြရောင်များအလယ်တွင် အစိမ်းနုရောင် အကွက်ငယ်လေးများအဖြစ်မြင်ရမည်။ မီးလောင်ပြင်များအား အနီရောင်ဖြင့်လည်းကောင်း၊ ရေထုကိုအပြာရောင်ဖြင့်လည်းကောင်း မြင်တွေ့ရမည်ဖြစ်သည်။ SWIR2-NIR-Green Band တွဲစပ်ပုံရိပ်များကို စိုက်ပျိုးရေး၊ ဘူမိဗေဒ နှင့် ရေဝပ်မြေ လေ့လာဖေါ်ထုတ်ရေးလုပ်ငန်းများတွင်အသုံးများသည်။ ထို့ပြင် မီးလောင်ပြီးသောအခြေအနေနှင့် မီးမလောင်မှီအခြေအနေများကို ခွဲထုတ်နိုင်ခြင်းကြောင့် မီးလောင်ခြင်းဆိုင်ရာစီမံခန့်ခွဲမှုများတွင် သုံးလေ့ရှိကြသည်။



