Attribute ဖြင့် အရာဝတ္ထုများကိုပေါင်းစည်းခြင်း (Dissolve)

မူရင်း – https://www.gislounge.com/dissolve-features-attribute-qgis/

Caitlin Dempsey | Maps and Cartography | March 19, 2023 

Attribute (နောက်ခံအချက်အလက်တန်ဖိုး)  ကို အခြေခံ၍ မြေပုံပါအစိပ်အပိုင်းများ အချင်းချင်း တူတူရာတူရာပေါင်းခြင်း (Dissolve) သည် GIS software များ တွင် ပြုလုပ်လေ့ရှိသော လုပ်ငန်းစဉ်များဖြစ်သည်။ ဂုဏ်သတ္တိတူ သို့မဟုတ် တန်ဖိုးတူညီသော မြေပုံအစိပ်အပိုင်းများစွာကို အစိပ်အပိုင်းတခုထဲဖြစ်အောင် ပေါင်းစပ်ခြင်း ကိုဆိုလိုသည်။

ကပ်လျက်ရှိနေသည့် ဗဟုဂံများတွင် တူညီသည့်အချက်အလက်များ ပါသည့် အခါ ထို dissolve feature သည် အလွန်အသုံးဝင်သည်။ Attribute တန်ဖိုးတူ သို့မဟုတ် ဂုဏ်သတ္တိတူ များပါသည့် polygon များကို တခုတည်းဖြစ်အောင် ပေါင်းစပ်ခြင်းဖြင့် ပိုမိုကြည့်ကောင်းပြီး ရှင်းလင်းစေသည်။ 

ထို့အပြင် dissolved ပြုလုပ်ထားသော features များသည် အချက်အလက်များကိုရိုးရှင်းစေပြီး မလိုအပ်ဘဲ ဖိုင်အရွယ်အစားကြီးမှုကိုလည်း လျှော့ချပေးနိုင်သည်။

GIS software များကိုအသုံးပြု၍ ဗဟုဂံပုံ များအားပေါင်းစည်းခြင်း

QGIS နှင့် ArcGIS ကဲ့သို့သော GIS software များတွင် attribute များကိုအခြေခံပြီးပေါင်းစပ်ပေးသည့် dissolve tool များပါဝင်သည်။ ထို tool များသည် attribute table များအတွင်းရှိ အသုံးပြုမည့် filed (column) များကို ရွေးချယ်၍ ဗဟုဂံများပေါင်းစည်းခြင်း(dissolve)ပြုလုပ်နိုင်ရန် ဖန်တီးထားသည်။ အထူးသဖြင့် ထို tool များတွင် ပေါင်းစည်ခြင်းနည်းလမ်းများ (dissolve method) နှင့် ရလာဒ် ဂျီဩမေတြီအမျိုးအစားကို ရွေးချယ်ပေးနိုင်သည်။

QGIS များ၏ attribute များတွင် ရွေးချယ်၍ feature များကိုပေါင်းစည်းပေးနိုင်ရန် dissolve tool များပါရှိသည်။ ထို tool များတွင် ရရှိလာမည့် မြေပုံအလွှာအမျိုးအစားများနှင့် ပေါင်းစည်းခြင်းဆိုင်ရာ ကန့်သတ်ချက်များကို ရွေးချယ်နိုင်ရန် ရွေးချယ်မှုစနစ်များကိုလည်းထည့်သွင်းထားသည်။ 

Attribute များကိုအခြေခံ၍ feature များပေါင်းစည်းပါက မှန်ကန်သော attribute နှင့် ပေါင်းစည်းခြင်းနည်းလမ်း တို့ကို ရွေးချယ်ရန်လိုအပ်သည်။ သို့မှသာ အချက်အလက်များကို ကိုယ်စားပြုသည့် မှန်ကန်သည့် feature များကို ရရှိနိုင်မည်ဖြစ်သည်။

QGIS တွင် ဗဟုဂံများအားပေါင်းစည်းခြင်းနည်းလမ်း

Universal Transverse Mercator (UTM) အရိပ်ချစနစ်ဖြင့် ဖန်တီးထားသော အချက်အလက်အလွှာတစ်ခုအား လက်တွေ့သင်ခန်းစာအဖြစ်ဖေါ်ပြပါမည်။

ယခု ရိုးရှင်းသည့်မြေပုံသည် QGIS တွင် ရိုးရှင်းသည့် GIS အချက်အလက်များနှင့် UTM zone များကိုဆွဲသားထားပြီးသက်ဆိုင်ရာ attribute row များပါဝင်သည်။ 

Universal Transverse Mercator (UTM) သည် ကမ္ဘာ့မြေမျက်နှာပြင်ပေါ်ရှိတည်နေရာများကို ဖေါ်ပြသော  ကိုဩဒိနိတ်စနစ်တခုဖြစ်သည်။ ၎င်းတွင် ကမ္ဘာမျက်နှာပြင်ကို ပိုင်းခြားထားသည့် ဇုန် ၆၀ ပါဝင်သည်။ ထိုဇုန်တခုစီသည် လောင်ဂျီကျု ၆ ဒီဂရီစီအကျယ်အဝန်းရှိ၍ ဇုန်အတွင်းရှိတည်နေရာများကို ပြရန် လည်းကောင်းဇုန်အတွင်းရှိနေရာ၏ ကိုဩဒိနိတ်ကိုဖေါ်ရန် မက်ထရစ်အတိုင်းအတာစနစ်အသုံးပြုသော Cartesian coordinate system ကိုအသုံးပြုထားသည်။

A screenshot from QGIS showing the UTM map projection grid overlaid on top of a shaded relief map.

UTM အကွက်များအား မြေမျက်နှာပြင်အနိမ့်အမြင့်ပုံဖေါ်ထားသည့် အခြေခံကမ္ဘာ့မြေပုံပေါ်တွင် ထပ်ထားပုံ။ Map: Caitlin Dempsey with Natural Earth data.

“zone” field ကိုအခြေပြု၍ row များကိုဖယ်ရှားရန် feature များကို dissolve ပြုလုပ်မည်ဖြစ်သည်။

Field တစ်ခုအတွင်းရှိ Attribute များ ကိုအခြေခံသော dissolve ပြုလုပ်ရန် QGIS ၏ လက်ဝဲဖက်တွင် ဖေါ်ထားသော layer များအနက်မှ မိမိပြုလုပ်လိုသော layer ကို ရွေးချယ်မှတ်သားထားရမည်ဖြစ်သည်။

ထို့နောက် အပေါ်ထိပ်ဆုံးရှိ OGIS menu ကိုသွား၍ Vector -> Geoprocessing Tools -> Dissolve အစဉ်လိုက်ရွေးချယ်ပါ။

Screenshot showing how to get to the dissolve tool function by first selecting vector then geoprocessing tools from the top menu item in QGIS.

Dissolve tool အား QGIS တွင် menu bar ရှိ Geoprocessing Tool မှ ဝင်ရောက်နိုင်သည်။

ထိုအခါ graphic User interface (GUI) တစ်ခုပေါ်ပေါက်လာမည်။ ထိုအထဲမှ dissolve ပြုလုပ်လိုသော “zone” ဆိုသော filed ကိုရွေးချယ်ပါ။

ထိုနောက် “advance” option အောက်မှ “keep disjoint features as separate” ကို ရွေးချယ်ပါ။ အကယ်၍ သင် dissolve ပြုလုပ်လိုသော တူညီသော တန်ဖိုးသို့မဟုတ် ဂုဏ်သတ္တိရှိသည့် ဗဟုဂံများသည် အချင်းချင်းထပ်မနေလျှင်သော်လည်းကောင်း၊ ဘေးချင်းထပ်ကပ်မနေလျှင်သော်လည်းကောင်း ဤ option ကိုရွေးချယ်ရမည်။ ဆိုလိုသည်မှာ အခြား feature တစ်ခုနှင့် နယ်နိမိတ်ချင်းထိစပ်တူညီမှု မရှိသည့် ဗဟုဂံများကို သီးခြားဗဟုဂံများအဖြစ်ထားရှိမည်ဟု အဓိပ္ပါယ်ရသည်။

ထို့နောက် default အတိုင်းပေးထားသော temporary file သို့မဟုတ် dissolve text box ၏ ဘေးကပ်လျက်ရှိသော … ကိုနှိပ်၍ GIS file အသစ်ကို မိမိသိမ်းလိုသောနေရာတွင်သတ်မှတ်ပေးပါ။

Screenshot showing the QGIS dissolve tool interface.

လိုအပ်သော သတ်မှတ်ချက်များကို ပြင်ဆင်ပြီးသောအခါ “run” ကိုနှိပ်ပါ။ ထို dissolve GIU မျက်နှာပြင် ၏အောက်ဆုံးဖက် ရှိ status bar တွင် ပြီးစီးမှုအခြေအနေကိုမြင်ရမည်ဖြစ်သည်။ ဗဟုဂံအရေအတွက်များလေ လုပ်ဆောင်မှုအချိန်ကြာမြင့်လေဖြစ်သည်။ 

QGIS ၏ Filed တစ်ခုအတွင်းရှိ attribute များကိုအခြေခံသော ဗဟုဂံများ dissolve ပြုလုပ်ခြင်း ပြီးစီးပါက၊ ပြုလုပ်ထားသည့် file အသစ်သည် project file များ ပေါ်တွင် အလိုလျောက်ရောက်ရှိလာမည်ဖြစ်သည်။

လက်ဝဲဖက်မြေပုံသည် row များပါသော zone များကိုဖေါ်ပြသည့် မူလ UTM file ဖြစ်၍ လက်ယာဖက်မြေပုံသည် အသစ်ပြုလုပ်ထားသော မြေပုံဖြစ်သည်။

Side by side maps showing a UTM file with zones and rows and a UTM grid file with just the zones.

Dissolved ပြုလုပ်ထားသည့် ဗဟုဂံပုံသဏ္ဍန်ရှိ UTM ဇုန်များပုံ ။ (Maps: Caitlin Dempsey)

 

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details