စာရေးသူ: Seepuuyar

GeoLibre

လွန်ခဲ့သည့် ၂၁ နှစ်ကျော်ကတည်းက မြေပုံဝါသနာရှင်များ၊ ကျောင်းသားများနှင့် အင်ဂျင်နီယာများအထိ လူတိုင်း စွဲစွဲမြဲမြဲ သုံးစွဲလာခဲ့ကြသည့် Google Earth Pro (Desktop) ကို Google မှ လာမည့် ၂၀၂၇ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် Supporting ပေးတာ ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၆ ဇူလိုင် ၈ ရက်နေ့က တရားဝင် ကြေညာခဲ့ပါတယ်။ ဒီလိုရပ်နားလိုက်ရင် ဘာဖြစ်မလဲဆိုတော့ သင့်ကွန်ပျူတာအသစ်မှာ Google Earth Pro ကို ထပ်မံထည့်သွင်းဖို့ installer ဒေါင်းလုဒ်ဆွဲလို့ ရတော့မှာ မဟုတ်ပါဘူး။ (မိမိစက်ထဲမှာ ရှိပြီးသား application ကတော့ ဆက်သုံးလို့ရနေဦးမှာပါ)။ Google က Web Version ကိုပဲ ဆက်ပေးတော့မှာဖြစ်ပြီး၊…
Read more

AI ဖြင့် Satellite image ကို Vector Style မြေပုံအဖြစ်ပြောင်းခြင်း

GIS သမားတွေ၊ Mapper တွေအတွက် ဒီနေ့မှာ ထူးခြားပြီး အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ နည်းလမ်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ ကျွန်တော်တို့ အမြဲတမ်းမြင်နေကျ Satellite မြေပုံတွေကို AI အသုံးပြုပြီး အရည်အသွေးမြင့်တဲ့ Vector Style ပုံစံ မြေပုံတွေအဖြစ် အလွယ်တကူ ဖန်တီးယူလို့ ရနေပါပြီ။ ဒီအတိုင်းပြောင်းလဲလိုက်တဲ့အခါ ထွက်လာတဲ့မြေပုံက အတော်လေးကို ကြည့်လို့ကောင်းပြီး ရုပ်ထွက်သပ်ရပ်တာမို့ အားလုံးလည်း စမ်းသုံးကြည့်လို့ရအောင် ဒီ Post လေးကို ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ 🤖 ၁။ လက်ရှိ QGIS မှာ သုံးလို့ရနေတဲ့ AI Plugins များ အခုနောက်ပိုင်း Remote Sensing နဲ့ GIS လောကမှာ AI က တော်တော်လေး နေရာယူလာပါပြီ။ လက်ရှိ…
Read more

QGIS 4.0 Highlights

QGIS 4.0 Highlights ရှစ်နှစ်ကြာ QGIS 3.x series ကိုထုတ်လုပ်ခဲ့ပြီးတဲ့နောက်မှာ ပြီးခဲ့တဲ့ အပါတ် မတ်လ ၆ ရက်နေ့က QGIS 4.0 Norrköping ကိုထုတ်လွှင့်လိုက်ပါတယ်။ မူလက October 2025 ထဲမှာ ထုတ်လွှင့်ဖို့ စီစဉ်ခဲ့ပေမဲ့ သုံးလလောက် နောက်ကျပြီးမှထွက်ရှိလာတာပါ။ ဘာထူးခြားလဲ လက်ရှိ QGIS 3.x နဲ့ QGIS 4.0 က အပြင်ပန်းကကြည့်ရင်တော့ ကြီးကြီးမားမား ကွဲပြားတာမျိုးမရှိပါဘူး။ သို့သော်လည်း အတွင်းပိုင်းမှာတော့ အဆင့်မြှင့်တင်မှုအများအပြားပါဝင်နေပါတယ်။ အထူးသဖြင့် Qt 6 frame work ကိုပြောင်းလဲအသုံးပြုထားပြီး နောက်ဆုံးပေါ် libraries များကိုအသုံးပြုနိုင်လာပါတယ်။ ပိုမိုသွက်လက်မြန်ဆန်ပြီး လုံခြုံရေးအပိုင်းမှာလည်းအဆင့်မြှင့်ထားပါတယ်။ ထိုအပြင် အတွင်းပိုင်းဆော့ဝဲ့ပြဿနာများစွာကိုလည်းဖြေရှင်းထားပါတယ်။ အနာဂါတ်မှာ ပေါ်ပေါက်လာမည့် spatial…
Read more

ဆည်းပူးရာ၏ 2025 မှတ်တိုင်များ

စီးဆင်းနေတဲ့ အချိန်များက 2025ခုနှစ်ရဲ့ အဆုံးမှတ်ကိုဖြတ်ကျော်ပြီး 2026ခုနှစ်ဆီကိုဆက်လက်စီးဆင်းနေပါပြီ။ ၂၀၂၄ ခုနှစ်မှာစတင်ခဲ့တဲ့ ဆည်းပူးရာ ပလက်ဖောင်းဟာ ၂၀၂၅ မှာ လေ့လာဆည်းပူးသူတွေ၊ ဖတ်ရှုသူတွေ နဲ့ စည်စည်ကားကားရှိခဲ့ပါတယ်။ အချို့က အဖွဲ့ဝင်အဖြစ်နဲ့ ဝင်ရောက်ပြီး သင်တန်းတွေတက်ရောက်အောင်မြင်ခဲ့ကြသလို အချို့ကလည်း နည်းပညာဆောင်းပါးတွေကို ဝင်ရောက်ဖတ်ရှုခဲ့ကြပါတယ်။   အားလုံးရဲ့ အားပေးမှုကို ကျေးဇူးတင်ကြောင်းပြောပါရစေ။ ၂၀၂၅ မှာ ရရှိခဲ့တဲ့မှတ်တိုင်တွေထဲက အချို့ကို တင်ပြရရင်. . . ဆောင်းပါးများကိုဝင်ရောက်ဖတ်ရှုသူပေါင်း – 5304 ဦး သင်ယူစရာများ ကဏ္ဌ တွင်ဝင်ရောက်ဖတ်ရှုမှုအကြိမ်‌ပေါင်း 8,002 ကြိမ် သင်တန်းတစ်ခုခုတွင်တက်ရောက်နေသူပေါင်း 745 ဦး အဖတ်အများဆုံး ပို့စ် (၅) ခု ပို့စ်များ သင်တန်းများ သင်ခန်းစာများ

Level-1 လား Level-2 လား

အခမဲ့ဒေတာရရှိနိုင်မှု နှင့် coverage ကောင်းခြင်း အချက်တို့ကြောင့်  Remote sensing အသုံးပြုသူအတော်များများသည် Landsat နှင့် Sentinel‑2 satellite image များကိုအသုံးပြုလေ့ရှိသည်။ သို့သော်လည်း processing level သတ်မှတ်ချက် (Level1, Level 2  စသည်) နှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းနားလည်မှု မရှိသည့်အခါ မမှန်ကန်သော နှိုင်းယှဉ်မှုများ၊ timeseries များ သို့မဟုတ် မသင့်တော်သည့် တွဲစပ်အသုံးပြုမှုများပြုလုပ်မိတတ်သည်။ ဤဆောင်းပါး တွင် – Landsat နှင့် Sentinel‑2 အတွက် processing level များသတ်မှတ်ချက် နှင့် ဘယ်အချိန်အတွင် ဘယ် level ကိုအသုံးပြုသင့်သည်…၊ တစ်ကြိမ်အပြီးလေ့လာမှု၊ နှိုင်းယှဉ်လေ့လာမှု၊ ဒေတာပေါင်းစပ်မှု နှင့် time series တွက်ချက်မှုများ တွင်…
Read more

🚀 နှစ်သစ်မှာ GeoAI နည်းပညာသင်တန်းအသစ်

image: nanobanana 🚀 AI နည်းပညာတိုးတက်မှုတွေဟာ နေ့စဉ်နဲ့အမျှဖြစ်ပေါ်နေတာ ကို လတ်တလောမြင်တွေ့နေရပါတယ်။ ဒီနည်းပညာဟာ နယ်ပယ်အစုံမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ဝင်ရောက်လာနေပါတယ်။ အလားတူပါပဲ GIS Remote Sensing နည်းပညာနယ်ပယ်မှာလဲ AI tools တွေ တစ်ခုပြီးတစ်ခုပေါ်ပေါက်လာ နေပါတယ်။ ဒါပေမယ့်လည်း အသုံးပြုသူကိုယ်တိုင်မှာတော့ မိမိလိုအပ်ချက်နဲ့ လုံးဝကိုက်ညီတာမျိုး မဖြစ်တာ ကြုံရတဲ့အခါ ကိုယ်ဘာသာ AI model တွေတည်ဆောက်ချင်လာမျိုး ဖြစ်လာဖူးလား… တစ်ချိန်တည်းမှာ programming ကျွမ်းမှုအားနည်းလို့ လက်လျော့လိုက်တာမျိုးဖြစ်ဖူးလား.. 👉 သင့်အတွက် သတင်းကောင်းတစ်ခုရှိပါတယ်။ ဆည်းပူးရာ ကနေ ၂၀၂၆ ခု နှစ်ဆန်းပိုင်းမှာ QGIS မှာ Deep Learning Model အသုံးပြုပြီး object detection  ပြုလုပ်နိုင်မယ့် online…
Read more

အသွင်တူ Landsat and Sentinel-2 ပုံများ

Harmonized Landsat and Sentinel-2 | NASA Earthdata ကိုဘာသာပြန်ထားပါသည် The Harmonized Landsat and Sentinel-2 (HLS) project  ဟာ နာဆာဂေါဒ်ဒ့ အာကာသ ပျံသန်းရေးစင်တာ (NASA’s Goddard Space Flight Center) ရဲ့ တိုးချဲ့ သုတေသနလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒီလုပ်ငန်းရဲ့ ရည်ရွယ်ချက်ကတော့ Landsat 8 နဲ့ Landsat 9 က ဒေတာတွေရယ် ဥရောပအာကာသအေဂျင်စီ (ESA) က Sentinel-2A, Sentinel-2B, Sentinel-2C တွေက ဒေတာတွေရယ် ပေါင်းပြီး အသွင်တူ (harmonized) ၊ အသုံးပြုရန်အဆင်သင့် (analysis-ready) Surface Reflectance Product ကို (၂) ရက်…
Read more

GNSS နှင့် GPS ဘာတွေကွဲပြားခြားနားသလဲ?

GNSS နှင့် GPS .. ဘာတွေ ကွဲပြားခြားနားသလဲ။ GNSS ဆိုသည်မှာ Global Navigation Satellite System ကမ္ဘာလုံးဆိုင်ရာ လမ်းညွှန် ဂြိုဟ်တုစနစ် ဖြစ်ပါသည်။ GNSS ဆိုသည်မှာ အမျိုးမျိုးသော လမ်းညွှန်ဂြိုဟ်တုစနစ်များကို လွှမ်းခြုံပေးထားသော အမည်ဖြစ်ပါသည်။ ၄င်းအောက်တွင် GPS ပါဝင်သကဲ့သို့ အခြားသော စနစ်များလည်း ပါဝင်ထားသည်။ အထူးသဖြင့် GPS (Global Positioning System) ဆိုသည်မှာ အမေရိကန်နိုင်ငံမှ ဖန်တီး ထုတ်လုပ်ထားသော စနစ်ဖြစ်ပြီး၊ GNSS သည် ကမ္ဘာလုံးဆိုင်ရာ စနစ်များ အားလုံးကို လွှမ်းခြုံ ထား‌ သော စနစ် ဖြစ်ပါသည်။ ဥပမာအားဖြင့် ဥရောပ ၏ Galileo၊ ရုရှား၏ GLONASS နှင့်…
Read more

ဖောက်သည်ပမာဏခန့်မှန်းခြင်း (Huff Gravity Model)

Huff Gravity Model ဘယ်လို အလုပ်လုပ်သလဲ? အကယ်၍ သင်ဟာ ကိုယ်ပိုင် လက်လီစတိုးဆိုင် တစ်ခုဖွင့်မည်ဆိုလျှင် ပုံမှန် အားပေးဝယ်ယူမည့်သူ ဘယ်နှစ်ယောက်ရရှိနိုင်သလဲ ဆိုတာကို ဦးစွာ နားလည်ထားရပါမည်။ ဝေးလေသက်ရောက်မှုနည်းလေ သဘောတရား (distance decay) အရ လက်လီစတိုးဆိုင်နှစ်ခု ကြား ဝေးလေလေ သူတို့ နှစ်ခုကြားက ယှက်နွယ်မှုတွေနည်းလေလေဖြစ်သည်။ အဆိုပါအခြေအနေမျိုးတွင် Huff Gravity Model အားအသုံးပြု၍ မိမိဆိုင်နှင့် အခြား ပြိုင်ဘက်လက်လီစတိုးဆိုင်များကြား ဈေးဝယ်သူများ၏ ဖြစ်နိုင်ဖွယ်ရာ အပြုအမူ အလားအလာ ကို ခန့်မှန်းနိုင်ပါသည်။ အခုချိန်ထိတော့ ရှုပ်ထွေးနေသလိုပါပဲ ဒါပေမယ့် အဲဒီလောက်တော့ မဆိုးပါဘူး။ ဒီ Huff Gravity Model မော်ဒယ်ကို  ဘယ်လိုတွက်ချက်ရမလဲဆိုတာ တစ်ဆင့်ချင်း ရှင်းပြသွားမှာဖြစ်တဲ့အတွက် ပိုမိုသဘောပေါက်လာမှာပါ။…
Read more

GIS Day

၂၀၂၅ ခုနှစ် GIS Day ရောက်ရှိရန် ရက်သတ္တပါတ်အနည်းငယ်ပဲလိုပါတော့တယ်။ အဲဒီနေ့ ဟာ GIS ရဲ့ စွမ်းပကား ကိုအသိအမှတ်ပြုတဲ့အနေ နဲ့  ကမ္ဘာ နဲ့ အဝှမ်း အခန်းအနားပွဲများ ကျင်းပတဲ့ နေ့ပဲဖြစ်ပါတယ်။ အများသုံး နေ့စဉ်အသုံးပြုနေတဲ့ ဖုံးတွေက apps တွေကနေ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေစီမံခန့်ခွဲခြင်း နှင့် သဘာဝ ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းခြင်းလို ကိစ္စမျိုးတွေ အထိကျယ်ပြန့် စွာအသုံးပြုတဲ့ တည်နေရာဉာဏ်ရည် (location intelligence) က ကမ္ဘာမှာ ဘယ်လို အရေးပါ လာခဲ့ပုံကို စူးစမ်းဖို့ ထူးခြားတဲ့အခွင့်အ‌ရေးပါပဲ… GIS Day သမိုင်း ၁၉၉၉ ခုနှစ်မှာ ပထမဆုံး  GIS day ကို အသိအမှတ်ပြုခဲ့ကြပါတယ်။ ၎င်းနေ့ကို ESRI…
Read more

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details