LIDAR ဆိုတာဘာလဲ
LiDAR ၏အရှည်မှာ အဓိပ္ပါယ်မှာ light detection and ranging ဖြစ်ပါသည်။ ပတ်ဝန်းကျင်မှ အရာဝတ္ထုများ၏ တိကျသောအကွာအဝေးနှင့် ရွေ့လျားနေမှုများကို တိုင်းတာရန် လေဆာတန်းများ ပစ်လွှတ်ပြီးတိုင်းတာသော remote sensing နည်းပညာတစ်မျိုး ဖြစ်ပါသည်။ တိုင်းတာမှုများမှာ real time data (တိုင်းတာနေစဉ် ချက်ချင်းအဖြေထွက်သော) များဖြစ်ပါသည်။ LiDAR ကိုအသုံးပြုပြီး အသေးစိတ်တိကျသော မြေမျက်နှာသွင်ပြင်ပြ မြေပုံများကို ဖန်တီးနိုင်သလို၊ အရှိန်ဖြင့်ပြေးလွှားမောင်းနှင်နေသော မောင်းသူမဲ့ကားများအတွက် လိုအပ်သောအချက်အလက်များကို အာရုံခံရန် လမ်းတစ်လျှောက်ရှိ အရာဝတ္ထုများ၏ 3D ရုပ်ပုံများ ဖန်တီးပေးခြင်းတို့ကိုလည်း လုပ်ဆောင်ပေးနိုင်ပါသည်။ ထို့အပြင် ချော်ရည်ပူများ စီးဆင်းနေမှု၊ မြေပြိုခြင်း၊ ဆူနာမီလှိုင်းများ နှင့် ရေကြီးခြင်းတို့ကဲ့သို့သော သဘာဝဘေးအန္တရာယ်များကို စူးစမ်လေ့လာရန်အတွက်လည်း LiDAR ကိုအသုံးပြုနိုင်ပါသည်။ LiDAR ဘယ်လိုအလုပ်လုပ်သလဲ…
Read more
