အမျိုးအစား: Articles

Thermal Infrared 2 (အပူအနီအောက်ရောင်စဉ် ၂)

မူရင်း – https://eos.com/make-an-analysis/thermal-infrared-2/ TIRS2 ရောင်စဉ်ပေါင်းစပ်မှု လှိုင်းအလျှား ( 11.50 μm – 12.51 μm) TIRS2 band (အနီအောက်အပူရောင်စဉ် ၂) ကမ္ဘာမြေပြင်၏ဖြစ်စဉ်များကိုလေ့လာရာတွင်အသုံးဝင်သော အပူချိန်နှင့်စွမ်းအင်စီးဆင်းမှုကိုတိုင်းတာတွက်ချက်ရာတွင် အသုံးဝင်သည်။  TIRS2 band တွင် မြေပြင်အပူချိန်နှင့်အပူထုတ်လွှတ်ခြင်း၊ မြေဆီလွှာ၏စိုထိုင်းမှုနှင့်ရေငွေ့ပြန်ခြင်းကိုတိုင်းထွာနိုင်သည်။ တကမ္ဘာလုံးနှင့်ဒေသဆိုင်ရာ အတိုင်းအတာ အထိ ကမ္ဘာ့မြေမျက်နှာပြင်နှင့်လေထုတို့ကြား စွမ်းအင်စီးဆင်းမှုနှင့် မြေပြင်နှင့်လေထုဆက်စပ်မှုများကို ပုံတူကူးယူနိုင်မှုရှိခြင်းကြောင့် စွမ်းအင်ကူးပြောင်းစီးဆင်းမှုများ (energy flux) နှင့် စိုက်ပျိုးရေး၊ ဇလဗေဒ၊ ဂေဟဗေဒ နှင့် မိုးလေဝသ အသုံးချစနစ်များအား ပုံစံဖေါ်ခန့်မှန်းသောအလုပ် (modeling) တို့ကို ဆောင်ရွက်နိုင်သည်။  အနီအောက်အပူရောင်စဉ် ၂ ၏ အားသားချက်များနှင့်စိန်ခေါ်မှုများ TIRS2 band သည် ထူးခြားဖြစ်စဉ်တို့ကိုနေ့ဘက်ရောညဘက်ပါ ထောက်လှမ်းစုံစမ်းနိုင်သည်။ အထူးသဖြင့်နေရောင်မရသောကြောင့်…
Read more

GIS တွင်အသုံးပြုသောဆွဲကပ်ခြင်း (Snapping)

GIS တွင်အသုံးပြုသောဆွဲကပ်ခြင်း မူရင်း – https://www.gislounge.com/what-is-snapping-in-gis/ Snapping (ဆွဲကပ်ခြင်း) ကို GIS အချက်အလက်များကိုတည်းဖြတ်ချိန်တွင် အသုံးပြုကြသည်။ ဂျီဩမေတြီ ပုံများ တစ်ခုနှင့်တစ်ခုထိကပ်ရန် vertex (အထွတ်) သို့မဟုတ် edge (ထောင့်စွန်း)များ ကိုဆက်ပြီး ပြုလုပ်ရာတွင် snapping ကိုအသုံးပြုကြသည်။ Snapping ပြုလုပ်ခြင်းသည် GIS အချက်အလက်များ တည်းဖြတ်/ဖန်တီးရာတွင်အလွန်အရေးပါသည်။ အဘယ့်ကြောင့်ဆိုသော် GIS အရာဝတ္ထုများ၏ vertex သို့မဟုတ် edge များသည် သေချာစွာထိဆက်နေကြရန် လိုအပ်ခြင်းကြောင့်ဖြစ်သည်။ အကယ်၍ snapping အသုံးမပြုပါက ပုံများ၏ အနားများကျော်လွန်ထပ်နေသည့် ဗဟုဂံများ၊ ကပ်လျက်ရှိရမည့် ဗဟုဂံများဟနေခြင်း၊ မျဉ်းများကျော်ခွထပ်နေခြင်း စသည့် အချက်အလက်အမှားများကို ဖန်တီးမိစေသည်။ ဘယ်ဖက်တွင်ဖေါ်ပြထားသော ဗဟုဂံများထပ်နေသည့် ပုံသည် snapping မပြုလုပ်ပဲဖန်တီးထားသောပုံ ဖြစ်၍…
Read more

QGIS 3.28 အသုံးပြုသူလက်စွဲ – မြန်မာဘာသာပြန်

မြန်မာ GIS လူမှုအသိုင်းအဝိုင်း ထံသို့ QGIS 3.28 လက်စွဲ မြန်မာဘာသာ ဖြင့် ရောက်ရှိလာပါပြီ ဤ လက်စွဲသည် QGIS အဖွဲ့အစည်းမှ GitHub တွင် တရားဝင်တင်ထားသော အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် “QGIS User Manual – အသုံးပြုသူ လက်စွဲ” ၏ မူရင်း ReStructuredText (rst) file များကို CDE Myanmar ၏အကူအညီအထောက်အပံ့ဖြင့် ဘာသာပြန်ဆိုကာ html စာမျက်နှာများအဖြစ် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ QGIS3.28 Manual Myanmar Version ဟုအမည်ပေးထားသော်လည်း ပါဝင်သော အကြောင်းအရာများမှာ 3.28 ထက်ကျော်လွန်သည့် ဗားရှင်းဖြစ်သည်။ မြန်မာဘာသာသို့ပြန်ဆိုရန် GitHub မှ rst ဖိုင်များကို ရယူချိန်သည် QGIS 3.28 ထွက်ချိန်ထက် အတော်နောက်ကျနေပြီဖြစ်သည့်အတွက် 3.28 version ထက်နောက်ကျသော…
Read more

GIS တွင်ပါဝင်သည့် ပမာဏပြ သင်္ကေတများအကြောင်း (Graduated Symbols)

မူရင်း – https://www.gislounge.com/what-are-graduated-symbols-in-gis/ GIS တွင်ပါဝင်သည့် အဆင့်ပြသင်္ကေတများ Graduated symbols (အဆင့်ပြသင်္ကေတ) များသည် GIS မြေပုံများတွင်ပါဝင်သော ကိန်းဂဏန်းအချက်အလက်များကို အမြင်အားဖြင့်ထင်ရှားသိသာစေရန် သင်္ကေတများဖြင့် ဖေါ်နည်းတစ်ခုဖြစ်သည်။ Graduated symbol များသည် အရေအတွက်၊ ပမာဏ၊ အချိုး နှင့် တန်ဖိုးအပိုင်းအခြား (range) စသော အရေအတွက် ကိန်းဂဏန်းအချက်အလက်များကို ဖေါ်ပြနိုင်စွမ်းရှိသည်။ ဥပမာအားဖြင့် ဧရိယာတစ်ခုအတွင်းရှိ ငှက်များ၏တည်ရှိနေမှုအချက်အလက်ဒေတာဘေ့စ်တစ်ခုရှိသည်ဆိုပါစို့။ ယင်းဒေတာကို ဖေါ်ပြရာတွင် သတ်မှတ်ထားသောနေရာတစ်ခုအတွင်းရှိနေသည့် ငှက် အကောင်ရေပမာဏ သို့မဟုတ် တစ်ဧကအတွင်းရှိ ငှက်အကောင်ရေ (သိပ်သည်းမှု) ကို graduated symbol များဖြင့်ဖေါ်ပြနိုင်သည်။ ငှက်များတည်နေရာကို မြေပုံတွင်ဖော်ပြရာတွင် graduated symbol အရွယ်အစား အကြီးအသေးများ သုံး၍ ငှက်အရေအတွက်ကို မြင်သာအောင်ဖေါ်ပြနိုင်သည်။ ငှက်အများဆုံးရှိသောဧရိယာသို့မဟုတ်…
Read more

ခြားနားစံထားရေညွှန်းကိန်း (NDWI)

မူရင်း – https://eos.com/make-an-analysis/ndwi/ NDWI (Normalized Difference Water Index – ခြားနားစံထားရေညွှန်းကိန်း) သည် ရေမျက်နှာပြင်များကို ဂြိုလ်တုပုံရိပ်များမှ ရှာဖွေထုတ်ရာတွင်အသုံးပြုကြသည်။ NDWI သည်ရေထုကို အပင်နှင့်မြေပြင်တို့မှ ထင်ရှားကွဲပြားစေရန်ပုံဖေါ်ပေးသည်။ NDWI သည်စိုထိုင်းကိုကိုတိုင်းတာနိုင်သည့် ညွှန်းကိန်းဖြစ်သောကြောင့် NDMI (Normalized Difference Moisture Index – ခြားနားစံထားစိုထိုင်းစညွှန်းကိန်း)နှင့်နှိုင်းယှဉ်ကြသည်။ လည်းကောင်းကို NDWI GAO ဟုလည်း ခေါ်သည်။ ထိုညွှန်းကိန်း ၂ ခုသည်အမှန်တကယ်ကွဲပြားခြားနားမှုများရှိသည်။ ယေဘုယျအားဖြင့် NDMI သည် NIR နှင့် SWIR band များကိုအသုံးပြု၍ အပင်များရှိအရွက်များ၏စိုထိုင်းစကိုတိုင်းတာပြီး NDWI သည် Green နှင့် NIR band ကိုအသုံးပြု၍ ရေထု (မြစ်၊ ချောင်း၊…
Read more

ခြားနားစံထားစိုထိုင်းဆညွှန်းကိန်း (NDMI)

မူရင်း – https://eos.com/make-an-analysis/ndmi/ NDMI ခြုံငုံသုံးသပ်ချက် NDMI (Normalized Difference Moisture Index – ခြားနားစံထားစိုထိုင်းဆညွှန်းကိန်း) သည် NIR (အနီအောက်ရောင်စဉ်ဦး) နှင့် SWIR (လှိုင်းတိုအနီအောက်ရောင်စဉ်) ကိုအသုံးပြု၍ အပင်၏ စိုထိုင်းဆ (ရေပါဝင်မှု) အခြေအနေကို တိုင်းတာခြင်းဖြစ်သည်။ NDMI သည် သီးနှံပင်များရေလိုအပ်ချက်ကို ဖေါ်ပြသော ယုံကြည်ရသော ညွှန်းကိန်းဖြစ်သည်။ ဆိုးရွားသောမိုးခေါင်ရေရှားမှုသည်အပင်များအတွက်ဒါဏ်ဖြစ်ရုံမက၊ သီးနှံဖြစ်ထွန်းခြင်းကိုဖျက်ဆီးပစ်နိုင်သည်။ NDMI သည် အပင်များရေလိုအပ်မှုကို ကနဦးအဆင့်တွင်ပင် စုံစမ်းဖေါ်ထုတ်နိုင်ခြင်းဖြင့် မလိုအပ်သော ပြဿနာများကို အချိန်မီဖြေရှင်းပေးနိုင်သည်။ ထို့အပြင် NDMI ဖြင့်ဆည်ရေပေးပို့ခြင်းလုပ်ငန်းကိုလည်း ထိန်းချုပ်လုပ်ကိုင်နိုင်သည်။ အထူးသဖြင့်အပင်များဖြစ်ထွန်းရန် သဘာဝရေဖြင့်မလုံလောက်သည့်အခါ ဆည်ရေပေးသွင်းခြင်းအားဖြင့် သီးနှံအထွက်တိုးစေနိုင်သည်။ ဤလုပ်ငန်းများကို NDMI သည် အကောင်းဆုံးစိုက်ပျိုးရေး အသုံးချကိရိယာအဖြစ်ဆောင်ရွက်ပေးနိုင်သည်။ ထို့ပြင် မီးလောင်လွယ်သောအရပ်တွင်…
Read more

လေထုကိုဖြတ်သန်းဝင်ရောက်နိုင်မှု (Atmospheric Penetration)

မူရင်း – https://eos.com/make-an-analysis/atmospheric-penetration/ SWIR2, SWIR1, NIR ရောင်စဉ်တွဲ SWIR2, SWIR1 နှင့် NIR Band များအတွဲသည် သည် ယခင်အသုံးများသည့် false color infrared (အနီအောက်ရောင်စဉ်ပါရောင်စုံပုံ) ပုံရိပ်များကဲ့သို့ပင်မြင်ရမည်ဖြစ်သည်။ သို့သော် ပြာစိမ်းနီ ရောင်စဉ် (visible bands) များမပါသည့်အတွက် မီးခိုး၊ ဖုန်မှုန့်၊ မြူမှုန့် နှင့် တိမ်များကို ဖေါက်ထွင်းပြီး လေထု၏အဆိုးသက်ရောက်မှုအစွမ်းကိုလျော့ချစေခြင်းဖြင့် ပုံရိပ်များကို ပိုမိုကြည်လင်ပြတ်သားစေသည်။ ရေထုရေပြင်တို့သည် NIR (အနီအောက်ရောင်စဉ်ဦး)နှင့် SWIR (လှိုင်းတိုအနီအောက်ရောင်စဉ်) တို့ကို အလင်းပြန်မှု မရှိသလောက်လျော့နည်းသည်။ ထို့ကြောင့် ရေခဲပြင်နှင့်နှင်းဖုံးဧရိယာများတွင် ကမ်းခြေနှင့်ကမ်းရိုးတန်းများကိုရှင်းလင်းပြတ်သားစွာမြင်နိုင်ရုံမက ရေရှိသောနေရာများကိုလည်း ပုံတွင် ထင်ရှားစွာ မြင်နိုင်သည်။ ဤ ရောင်စဉ်တွဲ (band combination) တွင်…
Read more

ArcGIS Pro vs QGIS 3

မူရင်း – https://gisgeography.com/arcgis-pro-vs-qgis-3/ ArcGIS Pro နှင့် QGIS 3 တို့ရဲ့ကွာခြားမှု ၃၅ မျိုး လွန်ခဲ့တဲ့ ၆ နှစ်က ကျွန်တော်တို့ ArcGIS နှင့် QGIS ကို ယှဉ်ကြည့်ခဲ့ပါတယ်။ ရလာဒ်ကတော့ မထင်မှတ်စရာတွေ ပါပဲ။ အဲ့ဒီအချိန်ကတည်း က အပြောင်းလဲကြီးပြောင်းလဲခဲ့ပါတယ်။ ဒါပေမယ့် အသုံးပြုသူတွေကတော့ အရင်တိုင်း သုံးမြဲ သုံးဆဲပါပဲ။ အခမဲ့သုံးလို့ရတဲ့ကဏ္ဍဟာ QGIS 3 ကြောင့်ကံ‌ကောင်းခြင်းတွေ စတင်ခဲ့ပါတယ်။ ၎င်းဟာ GIS လောကရဲ့ ဘိုးအေကြီးဖြစ်တဲ့ ArcGIS Pro ကို ပခုံးချင်းယှဉ်လာခဲ့ပါပြီ။ ကဲ အသင့်ဖြစ်ပြီလား။ GIS software တွေရဲ့  မဟာအားပြိုင်မှုတွေကို သက်သေသက်ကာရနဲ့ ဖော်ပြပါတော့မယ်။ ကဲ ဘယ်ဘက်ကပါမလဲ။ မာတိကာ…
Read more

ခြားနားစံထားအပင်ညွှန်ကိန်း (NDVI)

မူရင်း – https://eos.com/make-an-analysis/ndvi/ NDVI ရှင်းလင်းဖွင့်ဆိုချက် NDVI (Normalized Difference Vegetation Index – ခြားနားစံထားအပင်ညွှန်းကိန်း) ကိုအလွယ်ကူဆုံးဖွင့်ဆို ဖေါ်ပြရလျှင် NDVI သည် ဂြိုလ်တုပုံရိပ်များတွင် အပင်များ၏ အစိမ်းစိုမှု နှင့် သိပ်သည်းဆကို တိုင်းတာဖေါ်ပြထားခြင်းဖြစ်သည်။ ထို့ကြောင့် NDVI တန်ဖိုးများသည် – 1 (အနှုတ် ၁) နှင့် +1 (အပေါင်း ၁) ကြားတွင်ရှိသည်။ (အညွှန်းကိန်းပုံရိပ်များပြုလုပ်ရာတွင် ရောင်စဉ်တခုနှင့်တခု၏ခြားနားချက် (Difference) ကိုဦးစွာရှာ၍ ၊ ညွှန်းကိန်းများကို အလွယ်တကူ စိပ်ဖြာသုံးသပ်နိုင်ရန် စံနှုန်းတခုအတွင်းကျအောင် (Normalization) ပြုလုပ်ထားခြင်းဖြစ်သည်။ ဥပမာ ခြားနားစံထားညွှန်းကိန်းများသည် -1 နှင့် +1 ကြားတွင် အမြဲရှိနေသည်။) ကျန်းမာသန်စွမ်းသောအပင်များသည်ရောင်စဉ်အမျိုးမျိုးပေါ်တွင် ထူးခြားသော အလင်းပြန်ခြင်းဆိုင်ရာဝိသေသရှိပြီး…
Read more

သဘာဝအရောင် အတွဲအစပ် – Natural Color Band Combination

မူရင်း – https://eos.com/make-an-analysis/natural-color/ သဘာဝအရောင် (Natural Color) သဘာဝအရောင်များ (အနီ ၊ အစိမ်း နှင့် အပြာ (RGB) ရှင်းလင်းချက်) ကွန်ပြူတာမျက်နှာပြင်တွေမှာကျွန်ုပ်တို့မြင်တွေ့နေရသောပုံရိပ်များသည် အမှန်တကယ်မူလအရောင်၃ ရောင်၏ ရောင်စဉ်ရပ်ဝန်းအတွင်းမှာပင်ရှိသည်။ Camera တခုမှပုံရိပ်တခုဖမ်းယူသည့်အခါ အရာဝတ္တုတခု၏ အလင်းပြန်နှုန်း (reflectance) ကို အနီ၊ အစိမ်း၊ အပြာ ရောင်စဉ်ရပ်ဝန်း (RGB Channel) တစ်ခုစီတွင်သီးသန့်ဖမ်းယူသည်။ ကွန်ပြူတာမျက်နှာပြင်များပေါ်တွင် ရောင်စုံပုံရိပ်များ ဖြစ်ပေါ်ရသည့်အကြောင်းအရင်းမှာ အရာဝတ္တုတခု၏ RGB Channel အသီးသီးတွင် အလင်းပြန်ရာခိုင်နှုန်း (Percent of reflectance) များပေါင်းစပ်လိုက်ခြင်းကြောင့်ဖြစ်သည်။ (အရာဝတ္တုများသည် ဖမ်းယူသည့်လှိုင်းအလျှားတစ်ခုအပေါ်တွင်ရာနှုန်းပြည့်အလင်းမပြန်နိုင်ပေ။ ရာခိုင်နှုန်းတခုသာအလင်းပြန်သည်။ လည်းကောင်းကို % Reflectance ဟုသတ်မှတ်၍ အဖြူအမည်းရောင်စဉ်တခုသာပြသည်။ လည်းကောင်း % Reflectance ရောင်စဉ်…
Read more

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details