အပူအနီအောက်ရောင်စဉ် (၁) – Thermal Infrared (1)
မူရင်း – https://eos.com/make-an-analysis/thermal-infrared-1/ TIRS1 ရောင်စဉ်တွဲစပ်မှု လှိုင်းအလျှား (10.60 μm – 11.19 μm) TIRS1 သည် မြေပြင်၏အပူချိန်ကိုတိကျစွာ ဖေါ်ထုတ်ရယူနိုင်ရန်ရည်ရွယ်သည်။ ပုံရိပ်တွင်ဖေါ်ပြသော အချက်အလက်သည် အာရုံခံပစ္စည်းများမှတွက်ချက်ထားသော top-of-atmosphere အပူချိန်ဖြစ်သည်။ ၎င်းကို တောက်ပအပူချိန် (brightness temperature) အဖြစ်ပြန်လည်ပြောင်းလဲအသုံးပြုနိုင်သည်။ Satellite sensor မှရသော TIRS1 band သည် ပြီးပြည့်စုံပြီးမရှိမဖြစ်လိုအပ်သော မြေမျက်နှာပြင်၏ ပြောင်းလဲမှုနှင့်ဖြစ်စဉ်များ၏ စွမ်းအင်မျှခြေများကို တွက်ချက်ခြင်းနှင့် တိုင်းတာရာတွင် အထောက်အကူပြုသည်။ ဤ band သည်အလင်းရောင်အားနည်းသောအချိန်တွင် အာရုံခံမြင်တွေ့နိုင်ပြီး မြူ နှင့် မီးခိုးများကဲသို့ မြင်ကွင်းအတားအဆီး များကိုလည်း ထွင်းဖေါက်နိုင်စွမ်းရှိသည်။ ပေါင်းစပ်ရောင်စဉ်၏အကျိုးပြုမှုနှင့်အသုံးဝင်မှု ဤ band သည် အာကာသယာဉ်များရပ်တည်ရန်ပတ်ဝန်းကျင်အခြေအနေကိုစမ်းသပ်ခြင်း၊ ပါဝင်အသုံးပြုရမည့် ပစ္စည်းများ၏…
Read more
