အနီအောက်ရောင်စဉ်အရောင်များ (သစ်ပင်နှင့်သဘာဝပေါက်ပင်) – Color Infrared (Vegetation)

မူရင်း – Color Infrared (Vegetation), Cir Imagery In Remote Sensing (eos.com)

အနီအောက်ရောင်နှင့်ပေါင်းစပ်ရောင်စဉ်များ ခြုံငုံသုံးသပ်ချက်

NIR (near infrared band – အနီအောက်ရောင်စဉ်ဦး) ပါဝင်သော band combination (ပေါင်းစပ်ရောင်စဉ်တန်း) တွင် စိမ်းလန်းသန်စွမ်းသော သစ်တော၊ သစ်ပင်နှင့် သဘာဝပေါက်ပင်များကိုအနီရောင်ဖြင့်မြင်ရလေ့ရှိသည်။ သစ်တောနှင့်သစ်ပင်အမျိုးအစားခွဲခြားရာတွင် ဤ band combination ဖြင့်ဖန်တီးထားသော image သည်ရိုးရိုး color image ထက်ပိုအသုံးဝင်သည်။ အနီအောက်ရောင်နှင့်ပေါင်းစပ်ရောင်စဉ် (Color infrared band combination) တွင် R = XS3 (NIR band), G = XS2 (red band), and B = XS1 (green band) များအစဉ်လိုက်ပေါင်းစပ်ပုံဖေါ်လေ့ရှိသည်။ ဤ ရောင်စဉ်ပေါင်းစပ်မှုသည် သစ်ပင်နှင့်သဘာဝပေါက်ပင်များကို ထင်ရှားစွာမြင်နိုင်စေသည်။ အဘယ့်ကြောင့်ဆိုသော် အစိမ်းရောင်သစ်ပင်နှင့်သဘာဝပေါက်ပင်တို့သည် အနီအောက်ရောင်ခြည်စွမ်းအင်အောက်တွင်တောက်ပစွာအလင်းပြန်ကြသည်။ ထို band combination ကို remote sensing (အဝေးမှအာရုံခံခြင်း)ဆိုင်ရာပညာရပ်နယ်ပါယ်တွင် သစ်ပင်၊ သစ်တော၊ သဘာဝပေါက်ပင်နှင့် စိုက်ပျိုးသီးနှံများစောင့်ကြည့်လေ့လာခြင်း၊ ရေဝပ်မြေစောင့်ကြည့်လေ့လာရေး အဖြစ်အသုံးပြုကြသည်။

ဤ band combination သည် အပင်များကိုအခြားအရာဝတ္တုများနှင့် အလွယ်တကူ ခွဲခြားနိုင်သည်။ သစ်ပင်သစ်တောများကိုအနီရောင်အနုအရင့်၊ မြေသားကွင်းပြင်များကို မဲမှောင်သောအရောင်နှင့်အညိုနုရောင်၊ မြို့ပြဧရိယာကိုအပြာဖက်သန်းသောစိမ်းပြာရောင်၊ အဝါရောင် သို့မဟုတ် မီးခိုးရောင်အဖြစ် လည်းကောင်းတို့တွင် ပါဝင်ဖွဲ့စည်းထားသော အမျိုးအစားအင်္ဂါရပ်အလိုက်ကွဲပြားစွာမြင်ရသည်။ တိမ်များ၊ နှင်းဖုံးဧရိယာနှင့် ရေခဲပြင်တို့ကို စိမ်းပြာနုရောင်နှင့်အဖြူရောင်မြင်ရသည်။ ကြည်လင်သောရေထုကို အပြာရင့်ရောင်နှင့် နုံးအနည်အနှစ်များပါဝင်သောရေထုကို စိမ်းပြာရောင်အဖြစ်ခွဲခြားနိုင်သည်။

အနီအောက်ရောင်ပေါင်းစပ်အသုံး နှင့် အခွင့်အလမ်းများ

လူသိများအသုံးဝင်တဲ့ NIR band combination သည် သစ်တော၊ သဘာဝပေါက်ပင်များ၊ ရေဆင်းစနစ်ထိန်းသိမ်းစောင့်ကြည့်ရေး၊ သီးနှံပင်များ ကြီးထွားမှုအဆင့်ဆင့် နှင့် မြေဆီလွှာများကို လေ့လာရာတွင် အသုံးပြုလေ့ရှိကြသည်။ ယေဘုယျအားဖြင့် အနီရောင်ရင့်ရင့်များ သည်ထူထဲသန်မာသော၊ စိမ်းလန်းသောအပင်များအဖြစ်လည်းကောင်း၊ အနီရောင်နုများကို သစ်ပင်ကျဲပါးစွာပေါက်ရောက်သောဒေသ သို့မဟုတ် မြက်ခင်းများအဖြစ် ခွဲခြားကြသည်။ လူဦးရေထူထပ်သောမြို့ပြဒေသကို အပြာနုရောင်ဖြင့် မြင်တွေ့နိုင်သည်။

အနီအောက်ရောင်ခြည်ဖြင့်ရိုက်ယူထားသော ကောင်းကောင်ဓါတ်ပုံများသည်လည်း ဤ band combination ဖြင့်ဖန်တီးထားသော satellite image များကဲ့သို့အလားတူ ရလာဒ်များကိုပေးသည်။ ရောင်စဉ်များအလင်းပြန်မှုသည် အရွက်များမှကလိုရိုဖီးသိုမှီးထားနိုင်မှုနှင့် ရေဓါတ်ထိန်းသိမ်းနိုင်မှုကို အခြေခံသည်။ အပ်ချောင်းပုံအရွက်များရှိသောအပင်များသည်ရိုးရိုးအရွက်များရှိသည့်အပင်များထက် ပိုမိုနက်မှောင်သောအရောင်ကိုပေးသည်။ အရောင်အနုအရင့်ကွာခြားချက်သည် အပင်အမျိုးအစား၊ သန်စွမ်းမှု၊ အရွက်ပုံသဏ္ဍန် နှင့် ရေပါဝင်နှုန်းတို့ပေါ်တွင်မူတည်၍ ကွဲပြားခြားနားကြသည်။

Multispectral image (ရောင်စဉ်အမျိုးမျိုးရှိသောပုံရိပ်) များ၏ band အသီးသီးဖြင့်လည်း အပင်နှင့်သစ်တောများကိုဖေါ်ထုတ်နိုင်သည်။ ဥပမာအားဖြင့် NIR Band နှင့် Red Band ကိုအချိုးချခြင်းဖြင့် Ratio Vegetation Index (RVI) ဟူသော ညွှန်းကိန်း ဖြင့် အပင်များကိုရှာဖွေဖေါ်ထုတ်နိုင်သည်။

RVI = NIR/RED

သစ်ပင်နှင့်သဘာဝပေါက်ပင်များသည် NIR ရောင်စဉ်ရပ်ဝန်းတွင် မြင့်မားစွာအလင်းပြန်တတ်ကြပြီး အနီရောင်စဉ်ရပ်ဝန်းတွင် အလင်းပြန်မှုနည်းသည်။ ဤအချက်ကိုအခြေခံ၍ RVI တန်ဖိုးမြင့်မားသောနေရာသည် အပင်များစွာပေါက်ရောက်နေသည်ကို RVI နိမ့်သောအခြား အရာဝတ္တုများနှင်းနှိုင်းယှဉ်ဖေါ်ထုတ်နိုင်သည်။ Remote Sensing နည်းပညာတွင်ထင်ရှားပြီး အမြဲလိုအသုံးပြသည့် vegetation index (အပင်ညွှန်းကိန်း) မှာ NDVI (Normalize Difference Vegetation Index – ခြားနားစံထားအပင်ညွှန်းကိန်း) ဖြစ်သည်။ NDVI တွက်ချက်ရာတွင်-

NDVI = (NIR-RED)/(NIR+RED)

NDVI ကိုအခြား Band များနှင့်ပေါင်းစပ်၍ color composite image တခုပြုလုပ်နိုင်သည်။ ဤ composite သည် အပင်အမျိုးအစားများခွဲခြားရာတွင် အသုံးဝင်သည်။

HTTPS://PBS.TWIMG.COM/MEDIA/DNIFK-PWKAALMG4.JPG

Color Infrared Image နမူနာများ

 

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details