False Color Satellite Imagery (ထူးခြား/သွေဖီအရောင်ဂြိုလ်တုပုံရိပ်များ)

မူရင်း – https://eos.com/make-an-analysis/false-color/

false color image (ထူးခြား/သွေဖီအရောင်ပုံရိပ်) များကို လူ့မျက်စိနှင့်မမြင်နိုင်သော သို့မဟုတ် ခွဲခြားရန်ခက်ခဲသော အရာဝတ္တုများကို ရှာဖွေခြင်းသို့မဟုတ် အမြင်အာရုံမြှင့်တင်ခြင်း ပြုလုပ်ရာတွင် အသုံးပြုသည်။ False color image များသည် အမျိုးမျိုးသောရောင်စဉ်ပေါင်းစပ်ထားသည့်ပုံရိပ် (Multispectral Image) များကို သဘာဝရောင်စဉ် (RGB Band) များအား သုံးသပ်လေ့လာသည့်အတိုင်း ခွဲခြားစိပ်ဖြာရသည်။

ပေါင်းစပ်သွေဖီအရောင်ပုံရိပ်စနစ်

False color image များကို ကွဲပြားသော အရောင်များကိုပေါင်းစပ်ပြုလုပ်ကြသည်။ ပေါင်းစပ်ရမည့် အရောင်ရွေးချယ်ရာတွင် အထူးပြုလေ့လာရမည့်အရာဝတ္တုများပေါ်မူတည်၍ ရွေးချယ်ကြသည်။

အောက်ဖေါ်ပြပါ band combination scheme သည် ယေဘုယျအသုံးပြုမှုများသော ပေါင်းစပ်မှုဖြစ်သည်။

SWIR-2, SWIR-1, Red False Color Scheme

SWIR Band (လှိုင်းတိုအနီအောက်ရောင်စဉ်) 2 ခုနှင့် Red Band ပေါင်းစပ်ထားသော false color image သည် မြေပြင်ပေါ်ရှိ အရာဝတ္တုများအားသတ်မှတ်အရောင်များကွဲပြားစေခြင်းဖြင့် မြင်နိုင်စွမ်းကို မြှင့်တင်ပေးသည်။ ဤ False color composite image တွင် ရေ၏အရောင်သည် အပြာရောင်သို့မဟုတ်အနက်ရောင်အဖြစ်မြင်တွေ့ ရခြင်းဖြင့် ကမ်းရိုးတမ်းကိုထင်ရှားစွာခွဲခြားနိုင်သည်။ နှင်းဖုံးဧရိယာနှင့်ရေခဲပြင်တို့အားလည်း အပြာရောင်ရင့်ရင့် ဖြင့်ထင်ရှားစွာ ခွဲခြားထုတ်နှုတ်နိုင်သည်။ မြို့ပြလူနေဧရိယာများကို အဖြူရောင်၊ မီးခိုးရောင်နှင့် ခရမ်းရောင်အဖြစ် ထင်ပေါ်စေခြင်းသည် အစိမ်းရင့်ရောင်ရှိသော သစ်တော၊ သစ်ပင်၊ စိုက်ခင်းတို့နှင့်ကွဲပြားစေသည်။ False color composite image များသည်ကမ္ဘာ့မြေပြင်ပေါ်ရှိအရာဝတ္တုအသီးသီးအား ထူးခြားသောအရောင် သို့မဟုတ် ရောင်ပြေးများဖြင့် ပြသခြင်းဖြင့်အရာဝတ္တုများကိုအလွယ်တကူခွဲခြားနိုင်သည်။

SWIR-2, SWIR-1 နှင့် Red Band တို့အစဉ်လိုက်ပေါင်းစပ်ထားသော False color composite image သည် လေထုထဲတွင်ပါဝင်သော ဖုန်မှုန့်များ၊ ကြပ်ခိုးများ၊ မီးတောင်ပြာများ၊ ရေခိုးရေငွေ့ နှင့် ပင်လယ်ဆားမှုန်များ ပါဝင်မှုကို ရှာဖွေထောက်လှန်း ခွဲခြမ်းစိတ်ဖြာရာတွင် အသုံးပြုကြသည်။ 

NIR, Red, Green false color scheme

NIR band (အနီအောက်အောက်ရောင်စဉ်ဦး)၊ Red band (အနီရောင်စဉ်) နှင့် Green band (အစိမ်းရောင်စဉ်) အစဉ်လိုက်ပေါင်းစပ်ထားသော false color combination သည် အချို့သီးခြားအရာဝတ္တုသို့မဟုတ်ထူးခြားသောအမျိုးအစားတို့ ၏ ခွဲခြားမြင်နိုင်စွမ်းကို မြှင့်တင်ပေးသည်။ ဥပမာအားဖြင့် NIR-Red-Green Band composite တွင် သစ်ပင်သစ်တောနှင့်သဘာဝပေါက်ပင်များကို ထင်ရှားတောက်ပသောအနီရောင်ဖြင့်မြင်တွေ့ရခြင်းဖြင့် အနီးအနားမှ အခြားအရာဝတ္တုများမှ သာမာန်အမြင်အာရုံနှင့်ပင် သိသိသာသာ ခွဲခြားပေးသည်။ ဤဖြစ်ရပ်သည် အပင်များ၏ NIR Spectrum တွင် အလင်းပြန်နှုန်း (Reflectance) အလွန်မြင့်မားနေခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် NIR-Red-Green Band Composite image တွင် ကြည်လင်သောရေထုအား အပြာရင့်ရောင်၊ အနည်အနှစ်ပါသော‌ရေကို  စိမ်းပြာနုရောင်(cyan) မြင်ရခြင်းဖြင့် ရေတွင်နုံးအနည်အနှစ်ပါဝင်မှုကို လေ့လာနိုင်သည်။ 

SWIR, NIR, Red false color scheme; in a false color image.

SWIR, NIR, Red Band များအစဉ်လိုက်ပေါင်းစပ်ထားသော False color image မှ အပင်များတည်ရှိနေမှုကို အထူးခွဲခြားနိုင်၍ ကွင်းပြောင်များ၊ မြေသားကွင်းပြင်များ၊ တောမီးလောင်ကျွမ်းနေမှု၊ မီးခိုးများကိုလည်း ထင်ရှားစွာခွဲခြမ်းစိပ်ဖြာနိုင်သည်။

ဤ scheme သည် အောက်ဖေါ်ပြပါအရာဝတ္တုများကို ထူးခြားသောအရောင်များဖြင့်ဖေါ်ပြသည်။

  • green for vegetation;

သစ်ပင်၊သစ်တော၊ သဘာဝပေါက်ပင်များအတွက် အစိမ်းရောင်

  • purple or magenta for bare soils;

မြေသားကွင်းပြင်များ အတွက် မရမ်းစေ့ရောင်သို့မဟုတ် ပန်းခရမ်းရောင်

  • bright red for active fires;

မီးတောက်များအတွက် အနီရင့်ရောင်

  • light blue for smoke plumes.

မီးခိုးမှုန်များအတွက် အပြာနုရောင် များကို ပြသသည်။

သွေဖီရောင်ပုံရိပ်တွေကိုဘယ်လိုအသုံးမည်နည်း (သွေဖီအရောင်ပုံရိပ်များ၏အသုံးဝင်ပုံ)

ကျွန်ုပ်တို့ကမ္ဘာကြီးပေါ်မြင်တွေ့နေရသောအရာများသည် အမှန်တကယ်ရှိနေသည်ထက် အနည်းအကျဉ်းမျှသာမြင်ရနေရသည်။ ကျွန်ုပ်တို့မျက်စိ၏မြင်နိုင်စွမ်းရှိသည့် လှိုင်းအလျှားအတွင်းရှိ ကမ္ဘာမြေကိုသာ ကန့်သတ်၍မြင်နိုင်သည်။ အထူးသဖြင့်အလွန်ကြီးမားသောပုံရိပ်များကိုသာမာန်မျက်စိနှင့်မမြင်နိုင်ပေ။

False color image များသည် သာမာန်မျက်စိဖြင့်မြင်ရနိုင်သည်ကိုများစွာကျော်လွန်၍ ကွယ်ဝှက်နေသော အရာများကိုပင်အံ့အားသင့်ဖွယ်မြင်တွေ့နိုင်ပါသည်။ ဥပမာ စိမ်းလန်းသော သစ်တောသစ်ပင်များကို အစိမ်းရောင်အားဖြင့်သာမာန်မျက်စိနှင့်ပင်မြင်နိုင်သော်လည်း တခါတရံ ဘေးပတ်ဝန်းကျင်တွင်ရှိနေသော အရာဝတ္တုများမှ ခွဲခြားမြင်တွေ့နိုင်ရန်ခက်ခဲသည်။ အထူးသဖြင့် မြို့ပြဒေသတွင်သစ်ပင်များနှင့်အခြားအရာဝတ္တုများကိုခွဲခြားရန်ခက်ခဲသည်။ သစ်ပင်သစ်တောများကို satellite image များ၏ NIR ရပ်ဝန်းများတွင် ထင်ရှားတောက်ပစွာ မြင်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် သစ်ပင်သစ်တောများသည် NIR ရပ်ဝန်းတွင် အလင်းပြန်နှုန်း အလွန်အမင်းမြင့်မားနေခြင်းကြောင့်ဖြစ်သည်။ အမြင်အာရုံအရ အခြားဝေဝါးနေသောအရာဝတ္တု သို့မဟုတ် လုံးဝမမြင်ရသောအရာဝတ္တုများကိုလည်း false color image များတွင်မြင်တွေ့ရလေ့ရှိသည်။

False color image များမှ ထွင်းဖေါက်တွေ့မြင်နိုင်သောအရာဝတ္တုများသည် လက်တွေ့ကမ္ဘာ၏ စိန်ခေါ်မှုများကို ကူညီဖြေရှင်းပေးနိုင်သည်။

“SWIR-2, SWIR-1, Red အစဉ်လိုက်အသုံးပြုထားတဲ့ false color image ရဲ့ အရည်အချင်းကတော့ လောင်ကျွမ်းလျက်ရှိသောတောမီးအခြေအနေကို အနီရောင်အနုအရင့်အမျိုးမျိုးနဲ့ပြပေးနိုင်ခြင်းဖြစ်တယ်။ တောမီးလောင်ကျွမ်းခြင်း၊ မီးတောင်များလှုပ်ရှားလာခြင်း စတဲ့ အလားတူဖြစ်စဉ်တွေကို false color image ကနေအကျိုးရှိစွာ စောင့်ကြည့်စီမံနိုင်ပါတယ်။”

ဤအဖိုးတန် satellite image အသုံးချပုံနည်းအမျိုးမျိုးမှ ရည်ရှည်တည်တန့်သောကမ္ဘာကြီးဖြစ်မြောက်အောင် တနေ့နေ့မှာ အထောက်အကူပြုမည်ဖြစ်ပါသည်။

satellite image of Brazil False Color Satellite Imagery
satellite image of Brazil False Color Satellite Imagery

 

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details