
ပုံ နှင့် မူရင်းဆောင်းပါး – https://gisgeography.com/best-free-gis-data-sources-raster-vector/
ကျွန်တော်တို့ဟာ လက်ရှိမှာ သတင်းအချက်အလက်ခေတ်ကမ္ဘာထဲမှာ နေထိုင်နေကြတာပါ။ နေ့စဉ်နဲ့အမျှ များစွာသော သတင်းအချက်အလက်တွေနဲ့ ထိတွေ့နေရပါတယ်။ အခမဲ့သုံးလို့ရတဲ့ GIS data တွေနဲ့ပတ်သက်လို့ ပြောရရင်တော့ ဘယ်တော့မှ ပြီးဆုံးတော့မယ် မထင်ပါဘူး။
တခြားနည်းနဲ့ပြောရရင်တော့ ယခုဖော်ပြပေးမယ့် အခမဲ့သုံးလို့ရတဲ့ GIS data set ၁၀ မျိုးကတော့ အကောင်းတကာ့ အကောင်းဆုံးတွေပါပဲ။
ဒါတွေအားလုံးက တရားဝင်သုံးလို့ရတဲ့ data တွေဆိုတာ အာမခံပါတယ်။ ကဲ စလိုက်ကြရအောင်လား။
1. Natural Earth Data

Natural Earth Data ဟာ မြေပုံရေးဆွဲသူများ (cartographers) ရဲ့လိုအပ်ချက်တွေအတွက် အသင့်တော်ဆုံးဖြစ် လို့ အကောင်းဆုံးစာရင်းထဲမှာ နံပတ် ၁ ပါပဲ။ ခြုံပြောရရင်တော့ အဓိကကျတဲ့ လူလုပ်အဆောက်အဦတွေနဲ့ သဘာဝ အသွင်ပြင် (ဥပမာ – ရေတံခွန်၊ တောတောင်၊ ချောင်း) တွေရဲ့ vector GIS dataset တွေဟာ global scale (တစ်ကမ္ဘာလုံးအတိုင်းတာ) အတွက် သုံးရတာ အဆင်ပြေလွယ်ကူပါတယ်။ Raster dataset အတွက်ဆိုရင်လည်း လှပတဲ့ hillshade (တောင်အရိပ်မြေပုံအခံ) ဟာ မြေပုံပြင်ဆင်ရာမှာ အသုံးဝင်ပါတယ်။
ပိုက်ဆံပေးစရာမလိုဘဲ အများပြည်သူ တရားဝင်အသုံးပြုခွင့် ရှိနေတာဟာ Natural Earth Data ရဲ့ အကောင်းဆုံး အပိုင်းပါပဲ။ ဆိုလိုတာက ဒီ data ကို အသုံးပြုခွင့်ရှိသလို၊ ပြင်ဆင်ခွင့်ရှိပြီး ပြန်လည်ဖြန့်ဝေခွင့်လည်း ရှိပါတယ်။
Natural Earth Data ရဲ့ အသေးစိတ်တွေကို ဒီမှာ ဆက်ကြည့်ပါ။ Cartography (မြေပုံရေးဆွဲခြင်း) အတွက်ပြောရရင်တော့ အရမ်းကိုရိုးရှင်းလွယ်ကူပါတယ်။ ခုပဲ Natural Earth Data ကို download ရယူလိုက်ပါ။
| အားသာချက်များ | Data အမျိုးအစားများ |
| တစ်ကမ္ဘာလုံးက GIS data တွေကို လူတိုင်းက အခမဲ့ ရယူနိုင်ပါတယ်the North American Cartographic Information Society (NACIS) ကနေ အထောက်အပံ့ပေးထား ပါတယ် | လူလုပ်အဆောက်အဦတွေနဲ့သဘာဝအသွင်ပြင် (vector)၊ အောက်ခံမြေပုံများ (raster)မရှိမဖြစ်လိုအပ်တဲ့ style layer တွေပါတဲ့ MXD and QGIS file များဖြင့် အလွယ်တကူ စတင်လို့ရ |
2. USGS Earth Explorer

ဂြိုလ်တုပုံ နှင့် ကောင်းကင်ဓာတ်ပုံတွေအတွက် USGS Earth Explorer ဟာ အခမဲ့သုံးလို့ရတဲ့ data တွေအများကြီး စုစည်းပေးထားတဲ့ နေရာဖြစ်ပါတယ်။ သူရဲ့ ကောင်းကွက်ကတော့ အမေရိကရဲ့ အပြင်ဘက်က နေရာတွေပါ စိတ်ကြိုက် download ရယူလို့ ရခြင်းပါပဲ။
လွယ်ကူရိုးရှင်းတဲ့ user interface ကြောင့် remote sensing data တွေကို ရယူရတာ လွယ်ကူပါတယ်။ တကယ်ဆိုရင် dataset တစ်ခုထက်ပိုပြီး download လုပ်ချင်တဲ့အခါမှာ အသုံးတည့်ပါတယ်။
အခမဲ့ account ဖွင့်လို့ရပါတယ်။ အခြားဂြိုလ်တုဓာတ်ပုံ ထောက်ပံ့ရေးအဖွဲ့တွေကို ရှာချင်တယ်ဆိုရင် တော့ အခမဲ့ ဂြိုလ်တုဓာတ်ပုံ ၁၅ မျိုး ကိုဒီမှာကြည့်ပါ။
| အားသာချက်များ | Data အမျိုးအစားများ |
| ဂြိုလ်တုဓာတ်ပုံ ဟာ အမေရိကန်နိုင်ငံအတွင်းတင် မကဘဲ တစ်ကမ္ဘာလုံးအတွက် ရရှိနိုင်ခြင်း User interface ဟာ သုံးရလွယ်ကူခြင်း | Landsat, Sentinel-2 နှင့် land cover (မြေဖုံးလွှမ်းမှုပြ ဂြိုလ်တုပုံများ) NASA ရဲ့ ASTER နှင့် SRTM တို့လိုမျိုး မြေမျက်နှာပြင် အနိမ့်အမြင့်ကိုပြသော ဂြိုလ်တုပုံများ |
3. OpenStreetMap

GIS သမားတွေကတော့ OpenStreetMap (OSM) ကို အများပူးပေါင်းဖန်တီးထားတဲ့ data ရဲ့စွမ်းအားအဖြစ် မှတ်ယူထားကြပါတယ်။ လူအများပါဝင်ဖန်တီးထားတာကြောင့် အရမ်းကိုအသေးစိတ်ဆန်ပါတယ်။ အသေး စိတ်တယ်ဆိုပေမယ့်လည်း အမှားတွေပါလာတတ်တာကို သတိထားဖို့တော့ လိုပါတယ်။
OSM ကို အများပြည်သူကပဲ ဖန်တီးထားသလို၊ အများပြည်သူက အခမဲ့သုံးလို့ရပါတယ်။ ဒါ့ကြောင့် OSM data တွေရဲ့ တိကျမှုဟာ data ဖန်တီးခဲ့သူပေါ်မှာ မူတည်ပါတယ်။ အတွေ့အကြုံအရတော့ တိကျမှုက ကောင်းပါတယ်။ နောက်ပြီး လူတွေက တစ်နေ့ထက်တစ်နေ့ ပိုကောင်းအောင် လုပ်နေကြပါတယ်။
GIS အလုပ်များလုပ်ဖို့ လမ်းတွေထိအသေးစိတ်မြင်နိုင်တဲ့ data ကို ရှာနေတယ်ဆိုရင်တော့ OSM ကိုသာသုံးလိုက် ပါ။ ဥပမာ ကမ္ဘာတစ်ခွင်လုံးက အဆောက်အဦတွေရဲ့ data တွေအများကြီးကိုလည်း စုစည်းထားပါတယ်။
စက္ကန့်တိုင်းမှာ OpenStreetMap data ဘယ်လောက်အသစ်အသစ်တွေ ဖန်တီးနေလဲ။ OSM လမ်းညွှန် အတွက် မြေပုံတစ်ခုရှိပါတယ်။
| အားသာချက်များ | Data အမျိုးအစားများ |
| တိကျမှုနှင့် ပြည့်စုံမှု အဆင့်အမျိုးမျိုးနှင့် အရမ်း အသေးစိတ်တဲ့ GIS data များဖြစ်ခြင်း | အရမ်းအသေးစိတ်ဆန်တဲ့ လူလုပ်အဆောက်အဦ များ (ဥပမာ – အဆောက်အဦ၊ လမ်း၊ ရေတူးမြောင်း) တို့ရဲ့ vector data များ |
4. Esri Open Data Hub

Esri Open Data Hub ဆိုတာ အခမဲ့ရယူနိုင်တဲ့ GIS data တွေ သိမ်းထားတဲ့ ရွှေတွင်းကြီးပါပဲ။ ဥပမာ ယခုလက်ရှိမှာ ကမ္ဘာတစ်ခွင်က အဖွဲ့အစည်းပေါင်း ၅၀၀၀ ကျော်ရဲ့ အခမဲ့ data ပေါင်း ၂၅၀၀၀၀ ကျော်ကို လက်ခံထိန်းသိမ်းပေး ထားပါတယ်။ ဒါကြောင့်ပဲ ဒါဟာ အခမဲ့ GIS data တွေရဲ့စာရင်းထိပ်မှာ ပါဝင်နေတာပဲ ဖြစ်ပါတယ်။
တခါတရံမှာတော့ တချို့ data တွေက လွယ်လွယ်ကူကူ သုံးလို့ရအောင် တစ်စုတစ်စည်းတည်း အဖြစ် ပေါင်းစုပေးထားတာ မဟုတ်လို့ အများကြီးထဲကမှ ကိုယ်လိုချင်တာကို ရှာဖွေစစ်ထုတ်ဖို့တော့ လိုပါလိမ့်မယ်။ နည်းနည်းအလုပ်ပိုရှုပ်တယ်ဆိုပေမယ့် ကိုယ်လိုအပ်နေတဲ့ data ကို အတိအကျရှာဖို့ဆိုရင်တော့ ဒီနေရာက အသင့်တော်ဆုံးပါပဲ။
ဘယ်လိုကိစ္စမှာပဲဖြစ်ဖြစ် တစ်ခုခုကိုရှာဖွေတဲ့အခါ သူနဲ့ပတ်သက်တဲ့ မြေပုံရဲ့အကျယ်နှင့် ဇယားကို ကြိုတင်ကြည့် လို့ရတာဟာ ပိုမိုလွယ်ကူစေပါတယ်။ တစ်နည်းအားဖြင့် ကိုယ်လိုချင်တဲ့နေရာကို ခေါင်းစဉ် (သို့မဟုတ်) တည်နေရာဖြင့် ရှာနိုင်ပြီး GIS format အမျိုးမျိုးဖြင့် download ရယူနိုင်ပါတယ်။ GIS data အတွက်ဆိုရင်တော့ Esir Open Data Hub ထက် ပိုကောင်းတဲ့ တခြားဟာမရှိပါဘူး။
| အားသာချက်များ | Data အမျိုးအစားများ |
| ၂၀၂၀ ခုနှစ်မှာ ကမ္ဘာတစ်ခွင်က အဖွဲ့စည်းပေါင်း ၅၀၀၀ ကျော်ရဲ့ အခမဲ့ data ပေါင်း ၂၅၀၀၀၀ ကျော်ကို လက်ခံထိန်းသိမ်းပေးထားပါတယ် ကမ္ဘာ့အကြီးဆုံး စီးပွားဖြစ် GIS အဖွဲ့စည်းကနေ စီမံခန့်ခွဲနေတာဖြစ်ပါတယ် | Download ရနိုင်တဲ့ format တွေကတော့ spreadsheet, KML နှင့် shapefile တို့ဖြစ်ပါတယ် API တွေကတော့ OGC WMS, GeoJSON နှင့် GeoService တို့ဖြစ်ပါတယ် |
5. NASA’s Socioeconomic Data and Applications Center (SEDAC)

NASA ရဲ့ လူမှုစီးပွားရေးအချက်အလက်နှင့် အသုံးပြုရေးဌာန (SEDAC) ကနေ လူတွေနှင့် ပတ်ဝန်းကျင် အပြန်အလှန်ဆက်နွယ်နေမှုကို ဖော်ပြထားပါတယ်။ SEDAC ဟာ အခမဲ့သုံးလို့ရတဲ့ ခပ်ကြမ်းကြမ်း GIS data တွေကို တစ်ကမ္ဘာလုံးစာအတွက် ကဏ္ဍမျိုးစုံရှိပါတယ်။
ဥပမာအားဖြင့် သူ့ရဲ့ အထင်ကရဖြစ်သော data မှာ gridded population (ဘယ်နေရာမှာ လူဦးရေ ဘယ်လောက်ထူလဲ ဆိုတာပြတဲ့ မြေပုံ) ဖြစ်ပါတယ်။ ကိုးကားမှုပေါင်း ၈၀၀ ကျော်နဲ့ ကမ္ဘာ့လူဦးရေရဲ့ အသက်၊ ပညာရေး နှင့် လူဦးရေထူထပ်မှုတို့ ပါဝင်ပါတယ်။ တစ်ကမ္ဘာလုံးရဲ့ ကျေးလက်မြို့ပြ လူဦးရေတိုးတက်လာမှုဟာ ညမီးရောင် ထွန်းလင်းမှုကို အခြေခံပြီးတွက်ထုတ်ထားတာဖြစ်ပါတယ်။
SEDAC ရဲ့ map viewer (မြေပုံကြည့်တဲ့ မြင်ကွင်း) ထဲမှာဆိုရင် လူမှုစီးပွားရေး data တွေရဲ့ သက်ဆိုင်ရာမြေပုံတွေ ကို ရွေးချယ်လို့ရပါတယ်။ Data တွေကို ကိုယ့်ဟာကိုယ် စုစည်းချင်တယ်ဆိုရင်လည်း လုပ်လို့ရပါသေးတယ်။
| အားသာချက်များ | Data အမျိုးအစားများ |
| အထင်ကရ data က တစ်ကမ္ဘာလုံးရဲ့ gridded population ဖြစ်ခြင်း ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားရေး data ဟာ ကဏ္ဍ ၁၅ ခုစာရှိပါတယ် | လူမှုစီးပွားရေး data တွေထဲမှာ စိုက်ပျိုးရေး၊ ရာသီဥတု နှင့် ကျန်းမာရေး စသည့် ဒေတာများ ပါပါတယ် |
6. OpenTopography

Open Topography ဟာ အလွန်ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေနဲ့ tool တွေကို ထောက်ပံ့ပေးထားပါတယ်။ အထူးသဖြင့် ယနေ့ခေတ်မှာ ရှားပါးနေဆဲဖြစ်တဲ့ LiDAR data တွေရနိုင်ပါတယ်။
လက်ရှိမှာတော့ Open Topography ဟာ ကြည်လင်ပြတ်သားတဲ့ dataset ပေါင်း ၃၀၀ ကျော်ကို စုစည်းပေးထား ပါတယ်။ အများစုကတော့ point cloud (3D ပုံရိပ်အတွင်းက data point များ အစု) တွေဖြစ်ပါတယ်။ ဒါပေမယ့် တချို့ဟာတွေကတော့ raster format အနေနဲ့ပဲ ရနိုင်ပါတယ်။ ဒီ data မြေပုံဟာ အမေရိကန်နိုင်ငံအတွင်းမှာ ဘယ်လို data တွေအများဆုံးရနိုင်မလဲ ဆိုတာကို ဖော်ပြပေးပါတယ်။ ဒါပေမယ့် data ရရှိနိုင်မှုကတော့ အမေရိက တင်မဟုတ်ဘဲ ဥရောပ၊ အာရှ နှင့် ဩစတေးလျှ တို့အတွက်လည်း ရနိုင်ပါတယ်။
ကိုယ်လိုချင်တဲ့နေရာအတွက် LiDAR data ရှာမရဘူးဆိုရင်တော့ ဒုတိယအကောင်းဆုံးရွေးချယ်စရာကတော့ တစ်ကမ္ဘာလုံးအတွက် DEM (မြေမျက်နှာပြင်အနိမ့်အမြင့်ပြ မြေပုံ) နှင့် ဒရုံးကောင်းကင်ဓာတ်ပုံဖြစ်ပါတယ်။ ဒီ အခမဲ့ရတဲ့ GIS dataset တွေဟာ Open Topography မှာလည်း ရနိုင်ပါတယ်။
| အားသာချက်များ | Data အမျိုးအစားများ |
| ကမ္ဘာပေါ်က ကိုယ်စိတ်ဝင်စားသော ဒေသများကို ရွေးချယ်ပြီး အဲဒီနေရာမှာ ရရှိနိုင်သော LiDAR data များကို ရှာဖွေပါ | LiDAR (the United States, Canada, Australia, Brazil, Haiti, Mexico, and Puerto Rico နိုင်ငံတွေမှာ ၉၀% နှုန်းရနိုင်ပါတယ်) LiDAR မရနိုင်လျှင် ခပ်ကြမ်းကြမ်း DEM များ download ရယူနိုင်ပါတယ် |
7. UNEP Environmental Data Explorer

ကမ္ဘာ့ကုလသမဂ္ဂ ပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ် (UNEP) ဟာ ကမ္ဘာ့ကုလသမဂ္ဂ (UN) ရဲ့ data တွေကို တရားဝင် ပိုင်ဆိုင်သော အဖွဲ့အစည်းဖြစ်ပါတယ်။ ဥပမာ ရေချို၊ ရာသီဥတု နှင့် ကျန်းမာရေးတို့လိုမျိုး data အမျိုးအစားပေါင်း ၅၀၀ ကျော်ပါဝင်ပါတယ်။
Interface ကိုနားလည်ဖို့ အချိန်ယူရလို့ GIS data တွေကို ရှာဖွေစူးစမ်းလေ့လာဖို့ အနည်းငယ်ခက်တယ်လို့ ခံစားမိပါတယ်။ Advanced ကို နှိပ်လိုက်ရင် “Geospatial Data Sets” ကို စစ်ထုတ်ရွေးချယ်လို့ရပါတယ်။ ဒီကနေပြီး ရာသီဥတု၊ ဘေးအန္တရာယ်များ နှင့် ဂေဟစနစ်တို့လို GIS data များကို အခမဲ့ download ရယူလို့ရပါတယ်။
| အားသာချက်များ | Data အမျိုးအစားများ |
| Spatial နှင့် non-spatial data တွေဟာ ကဏ္ဍမျိုးစုံဖြင့် လာပါတယ် မြေပုံ၊ ဂရပ်များ၊ ဇယားများ ကို on the fly ကြည့်လို့ရပါတယ် | လူဦးရေ၊ သစ်တောများ၊ ဓာတ်ငွေ့ထုတ်လွှတ်ခြင်း များ၊ ဘေးအန္တရာယ်များ၊ spatial နှင့် non-spatial data တွေအတွက် GDP လို ကဏ္ဍများပါဝင်ပါတယ် |
8. NASA Earth Observations (NEO)

ကမ္ဘာ့ရဲ့ ရာသီဥတုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေကို နေ့စဉ် လျှပ်တစ်ပြတ်ရိုက်ကူးနေပါတယ်။ NASA’s Earth Observations (NEO) ဟာ ကမ္ဘာ့ရဲ့ လက်ရှိရာသီဥတုအခြေအနေကို စောင့်ကြည့်ခြင်းလိုပါပဲ။
NEO ဟာ အများသောအားဖြင့် ရာသီဥတုနဲ့ ဆက်စပ်တဲ့ တစ်ကမ္ဘာလုံးစာ dataset ၅၀ ကျော်ကို ကဏ္ဍ ၅ မျိုး ခွဲပြီး အဓိကထားလုပ်ဆောင်ပါတယ်။ ဥပမာ လေထုထဲကအမှုန်မွှားတွေကနေ မြေမျက်နှာပြင်ပေါ်က အပူချိန်ကို သိဖို့ အပင်တွေကို အရွက်တွေကို ထောက်လှမ်းတာထိ လုပ်ဆောင်ပါတယ်။ အခမဲ့ရနိုင်တဲ့ GIS dataset တွေကို JPEG, GeoTIFF နှင့် Google Earth format တွေနဲ့ download ရယူနိုင်ပါတယ်။
ကျွန်တော်တို့ပတ်ဝန်းကျင်ရဲ့ ရာသီဥတုတွေအကြောင်းကို နားလည်ချင်တယ် ဆိုရင်တော့ NASA ရဲ့ NEO မပါပဲ မပြီးပါဘူး။ ကိုယ်လိုချင်တာရှာမရရင်တော့ အခမဲ့ရနိုင်တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု data ၇ မျိုးကို ဒီမှာ ကြည့်ပါ။
| အားသာချက်များ | Data အမျိုးအစားများ |
| အချိန်မှန် မှတ်တမ်းတင်နေလို့ ကမ္ဘာကြီးရဲ့ ရာသီဥတု အကြောင်းကို အချိန်နှင့်တပြေးညီသိနိုင်ပါတယ် GIS format အမျိုးမျိုးနဲ့ ရယူနိုင်ပါတယ် | Raster grid ကွက်တွေဟာ လေထု၊ စွမ်းအင်၊ မြေ၊ သက်ရှိ နှင့် သမုဒ္ဒရာနှင့် ပတ်သက်သော GIS data များ ဖြစ်ပါတယ် |
9. Sentinel Satellite Data

Sentinel-2 ဟာဆိုရင် အများပြည်သူအတွက် အခမဲ့ ရရှိနိုင်တဲ့ ဂြိုလ်တုဓာတ်ပုံတွေထဲမှာ အကြည်လင်အပြတ် သားဆုံးဖြစ်ပါတယ်။ သူရဲ့ interface ကတော့ Copernicus Open Access Hub ဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ account တစ်ခု ဖန်တီးရန်လိုအပ်ပါတယ်။ ဒါပေမယ့် အချိန်ပေးရတာတန်ပါတယ်။ နောက်တစ် ဆင့်ကတော့ ကိုယ်စိတ်ဝင်စားတဲ့နေရာကို မြေပုံပေါ်မှာ right-click နှိပ်ပြီး ရွေးချယ်လိုက်ပါ။ နောက်ဆုံးအနေနဲ့ S2A (သို့မဟုတ်) S2B တစ်ခုခုကိုရွေးချယ်ပြီး download ရယူလိုက်ပါ။
Copernicus Open Access Hub မှာ Synthetic Aperture Radar (radar ဓာတ်ပုံ) Sentinel-1 ကိုလည်းထည့်သွင်းပေးထားပါတယ်။ ဒါ့ကြောင့် ကိုယ် ဘယ်ဟာကိုရွေးချယ်ပြီး download ရယူမလဲဆိုတာ ကိုတော့ သတိပြုပါ။
Sentinel ဂြိုလ်တုဓာတ်ပုံများကို အခမဲ့ ဘယ်လို download ရယူမလဲဆိုတာကို ဖတ်ရန်
| အားသာချက်များ | Data အမျိုးအစားများ |
| ၁၀ မီတာထိ ကြည်လင်ပြတ်သားမှုရှိတဲ့ ဂြိုလ်တု ဓာတ်ပုံတွေကို လွယ်လင့်တကူ ရယူလိုက်ရုံပါပဲSentinel 2 ဂြိုလ်တုဓာတ်ပုံမှာ ပြာ၊ စိမ်း၊ နီ နှင့် အနီအောက်ရောင်ခြည် အပါဝင် စုစုပေါင်း ရောင်စဉ် ၁၁ မျိုးထိ ပါဝင်ပါတယ် | Raster data အမျိုးစားဖြစ်ပြီး Sentinel-2 မှာ ရောင်စဉ် ၁၁ မျိုးပါပါတယ်။Sentienl-1 ကတော့ SAR ပုံဖြစ်ပါတယ်။ |
10. Terra Populus

Terra Populus (အတိုကောက်အနေနဲ့ TerraPop လို့ခေါ်ပါတယ်) ဟာ ကမ္ဘာတစ်ဝှမ်းက နိုင်ငံပေါင်း ၁၆၀ ကျော်ရဲ့ သန်းခေါင်းစာရင်းတွေကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ တကယ်တော့ ဒီ data ဟာ အိမ်ထောင်စုစာရင်း ကောက်ယူထားမှု နှစ် ၆၀ စာထိရှိပြီး နိုင်ငံပေါင်း ၈၀ ကျော်ရဲ့ data တွေကို စုပေါင်းထားတာဖြစ်ပါတယ်။
သူ့ရဲ့အဓိက ထူးခြားမှုကတော့ အချိန်နှင့်မြေပြင် ပြောင်းလဲမှုတွေကို လေ့လာစူးစမ်းလို့ရတာပါပဲ။ သုတေသီတွေ သာမကဘဲ လူတိုင်းဟာ ပထဝီမြေပြင်အနေထားအတွက် လူသားတွေရဲ့ပတ်ဝန်းကျင် စနစ် ပြောင်းလဲမှုတွေကို ရယူနိုင်ပါတယ်။
TerraPop မှာဆိုရင် အခြေခံကျတဲ့ မြေယာဖုံးလွှမ်းမှု၊ မြေအသုံးချမှု နှင့် ရာသီဥတု data တွေလည်း ပါဝင်ပါတယ်။ ဒီ data တွေကို National Science Foundation နှင့် University of Minnesota တို့က ထောက်ပံ့ပေးထားတာပါ။ အခုလက်ရှိမှာတောင် အသစ်အသစ်တွေကို ထပ်တင်နေပါတယ်။
| အားသာချက်များ | Data အမျိုးအစားများ |
| စိတ်ကြိုက် အချိန်က data တွေရရှိနိုင်တဲ့ အသုံးပြုရလွယ်ကူတဲ့ interface ရှိခြင်း | မြေယာဖုံးလွှမ်းမှု၊ မြေယာ အသုံးချမှုနှင့် ရာသီဥတု ကို ဖော်ပြသော အသေးစားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ data |
11. FAO GeoNetwork

အခမဲ့ ရယူလို့ရတဲ့ data ၁၀ ကိုဖော်ပြခဲ့ပြီး ဖြစ်ပေမယ့် အပိုဆုလက်ဆောင် အဖြစ်နဲ့ အနည်းငယ်ဆက်လက် ဖော်ပြပါဦးမယ်။ ဒီတစ်ခုကတော့ ကုလသမဂ္ဂ က အခမဲ့ GIS data တွေကို ရယူလို့ရတဲ့ FAO GeoNetwork ဖြစ်ပါတယ်။
GeoNetwork ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကမ္ဘာကြီးရဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးရန် ဖြစ်ပါ တယ်။ ဥပမာ တစ်ကမ္ဘာလုံးရဲ့ စိုက်ပျိုးရေး၊ အစားအသောက်ဖူလုံမှု နှင့် ငါးလုပ်ငန်းတွေဟာ သူရဲ့ အဓိကကျတဲ့ အခမဲ့ GIS data များဖြစ်ပါတယ်။
| အားသာချက်များ | Data အမျိုးအစားများ |
| ကဏ္ဍပေါင်းစုံက data တွေကို ရှာဖွေနိုင်ပြီး နိုင်ငံအလိုက် စစ်ထုတ်လို့ရပါတယ်။ | စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် မြေသယံဇာတ နှင့် ပတ်သက်သော GIS data များ |
12. ISCGM Global Map

ကံမကောင်းစွာဘဲ the International Steering Committee for Global Mapping (ISCGM) ဟာ မရှိတော့ပါဘူး။ ဒါပေမယ့် data တွေမရှိတော့တာတော့ မဟုတ်ပါဘူး။ ISCGM က သူရဲ့ data တွေကို မှတ်တမ်းဟောင်းများ အဖြစ် Global Map Github မှာ သိမ်းဆည်းထားခဲ့ပါတယ်။
Global Map ဟာ သူ့ရဲ့ အခမဲ့ GIS data တွေနဲ့ အတိုင်းအတာတစ်ခုထိတော့ အလုပ်လုပ်နေပါသေးတယ်။ ဥပမာ ကမ္ဘာ့မြေယာဖုံးလွှမ်းမှုနဲ့ သစ်တောများဖုံးလွှမ်းမှု ရာခိုင်နှုန်းဟာ သူ့ရဲ့ အဓိကကျတဲ့ dataset ၂ ခုဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ လူလုပ်အဆောက်အဦတွေနဲ့ သဘာဝ အသွင်ပြင် (ဥပမာ – ရေတံခွန်၊ ချောင်း၊ တောင်တန်း) တို့ရဲ့ vector dataset လည်းရှိပါသေးတယ်။
အခုဆိုရင် account ဖွင့်ဖို့မလိုတော့ပါဘူး။ အသစ်မထွက်တော့ပေမယ့် ISCGM ဟာ မြေပုံဆွဲတဲ့နေရာမှာ အသုံးဝင် တဲ့ အခမဲ့ GIS data တစ်ခုအဖြစ် ရပ်တည်နေဆဲပါ။
| အားသာချက်များ | Data အမျိုးအစားများ |
| ကမ္ဘာ့မြေယာဖုံးလွှမ်းမှု၊ မြေမျက်နှာပြင် အနိမ့်မြင့် နှင့် အပင်များပေါက်ရောက်မှု data များကို download ရယူနိုင်ခြင်း | နယ်နမိတ်များ၊ ရေနှုတ်မြောင်းများ၊ သယ်ယူပို့ဆောင်ရေး၊ လူဦးရေထူထပ်မှုပြ ဌာနများ၊ မြေနှာပြင် အနိမ့်မြင့်၊ မြေယာဖုံးလွှမ်းမှု၊ မြေယာအသုံးချမှု နှင့် အပင်ပေါက်ရောက်မှု |
GIS data များအခမဲ့ download ရယူပါ
အရာရာပြီးပြည့်စုံနေတဲ့ ကမ္ဘာမှာတော့ website တစ်ခုတည်းမှာ ကိုယ်လိုချင်တဲ့ အခမဲ့ GIS data တွေကို ရှာလို့ ရနိုင်ကောင်း ရပါလိမ့်မယ်။ အခမဲ့လည်းဖြစ်သလို တရားဝင်အသုံးပြုခွင့်ရှိတဲ့ နေရာကနေ download ရယူနိုင်ဖို့ လည်းလိုပါတယ်။
ကဲ…ကောင်းပါပြီ၊ ကိုယ်ဘာလုပ်ရမယ်ဆိုတာသိပြီထားပါတော့။ ကမ္ဘာကြီးက စိတ်ကူးသလို အရာရာပြီးပြည့်စုံ နေတာ မဟုတ်ပါဘူး။
ဒါ့ကြောင့်ပဲ အခမဲ့ download ရယူလို့ရတဲ့ GIS data ၁၂ ခုရဲ့ စာရင်းကို စုပေါင်းဖော်ပြသွားတာပါ။
ဒီစာရင်းကိုဖတ်ပြီး ဖော်ပြသွားခဲ့တဲ့ အခမဲ့ GIS data ၁၂ မျိုးနဲ့ပတ်သက်ပြီး ဗဟုသုတတွေအများကြီး ရသွားမယ်လို့ မျှော်လင့်ပါတယ်။
