Google Earth Engine နှင့် Streamlit တို့ဖြင့် ဂြိုလ်တုပုံများကို Time-lapse ဗီဒီယို ပြုလုပ်ခြင်း

Qiusheng Wu | ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက် | GIS Learning| GIS lounge

ကမ္ဘာပေါ်ရှိ မည်သည့်နေရာအတွက်မဆို မြေမျက်နှာသွင်ပြင်နှင့် မြေပြင်ဖုံးလွှမ်းမှု အချိန်နှင့်အမျှ ပြောင်းလဲလာပုံကို ကြည့်ရှုနိုင်ရန်အတွက် ဂြိုလ်တု timelapse ဗီဒီယိုတစ်ခု ပြုလုပ်နိုင်ပါသည်။

၎င်းမှာ ဂြိုလ်တုပုံရိပ် time-lapse ဗီဒီယိုပြုလုပ်ရန်အတွက် ကုဒ်ရေးစရာမလိုသည့် interactive web app ပဲ ဖြစ်ပါသည်။ မည်သည့်နေရာအတွက်မဆို ဂြိုလ်တု time-lapse ဗီဒီယိုတစ်ခု ပြုလုပ်နိုင်သည့် အဆင့်များကို အောက်တွင် ဖော်ပြ ထားပါသည်။

ကုဒ်ရေးစရာမလိုသည့် ဂြိုလ်တု timelapse ဗီဒီယိုပြုလုပ်ခြင်းအဆင့်ဆင့်

အရင်ဆုံး https://geospatial.streamlitapp.com/Timelapse ကိုဝင်ရောက်ပါ

၁။ မြေပုံပေါ်တွင် Region of Interest (ROI) တစ်ခု ‌ရေးဆွဲပါ။

၂။ GeoJSON ဖိုင်တစ်ခုအား web app တွင် upload ပြုလုပ်ပါ။

၃။ သိမ်းဆည်းထားသော ဂြိုလ်တုဓါတ်ပုံအစုကို ရွေးချယ်ပါ။

၄။ Band အတွဲပေါင်းစပ်မှု တစ်ခုကို ရွေးချယ်ပါ။

၅။ အုပ်ချုပ်မှုဆိုင်ရာ နယ်နိမိတ်တစ်ခုကို ရွေးချယ်ပါ။

၆။ time-lapse အချက်အလက်များကို စိတ်ကြိုက်ပြင်ဆင်ပါ။

၇။ Time-lapse အား GIF နှင့် MP4 ပုံစံတို့ဖြင့် ရယူပါ။

၁။ မြေပုံပေါ်တွင် Region of Interest (ROI) တစ်ခု ‌ရေးဆွဲခြင်း

ပထမဦးစွာ Geospatial Applications များအတွက် တည်ဆောက်ထားသည် GISHub Streamlit website သို့သွားပါ။ Web browser တွင် app ကို ဖွင့်ပြီးသည်နှင့် ဘယ်ဘက် sidebar menu ရှိ “Create Timelapse” ကိုနှိပ်ပါ။

ဘယ်ဘက်တွင် မြေပုံတစ်ခုနှင့် ညာဘက်တွင် ရွေးချယ်စရာများပေါ်လာမည်ဖြစ်ပါသည်။ Region of Interest (ROI) အား ရှာရန် မြေပုံအား နေရာရွှေ့၍ အချုံ၊အချဲ့ ပြုလုပ်ပါ။

ထို့နောက် မြေပုံပေါ်တွင် စတုဂံပုံဆွဲရန်အတွက် rectangle tool ကို နှိပ်ပါ။

မြေပုံပေါ်တွင် Region of Interest (ROI) ကိုရေးဆွဲပြီး ROI အား GeoJSON အဖြစ် export ပြုလုပ်ပါ။
မြေပုံပေါ်တွင် Region of Interest (ROI) ကိုရေးဆွဲပြီး ROI အား GeoJSON အဖြစ် export ပြုလုပ်ပါ။

Folium Python package ၏ ကန့်သတ်ချက် ကြောင့် မြေပုံပေါ်တွင် ရေးဆွဲထားသော ပုံများ၏ ကိုသြဒီနိတ်များကို ရယူရန်နည်းလမ်းမရှိသေးပါ။ ထို့ကြောင့် ROI အား ကိုယ်တိုင် export ပြုလုပ်ပြီး နောက်ဆက်တွဲအဆင့်များအတွက် web app တွင်ပြန်၍ upload ပြုလုပ်ရန် လိုအပ်ပါသည်။

ROI အား GeoJSON ဖိုင်အဖြစ် export ပြုလုပ်ရန်အတွက် မြေပုံ၏အပေါ် ညာဘက်ထောင့်ရှိ “Export” ခလုတ်ကို နှိပ်ပါ။ ကွန်ပျူတာထဲသို့ကျလာမည်။ GeoJSON ဖိုင်သည် မြေပုံပေါ်တွင် ရေးဆွဲထားသော ဂျီသြမေတြီများ၏ ကိုသြဒီနိတ်များ ပါဝင်သော ရိုးရိုးစာသားဖိုင်တစ်ခုဖြစ်သည်။ မည်သည့် Text Editor ဖြင့်မဆို ယင်းဖိုင်ကိုဖွင့်ပြီး စစ်ဆေး နိုင်ပါသည်။

၂။ GeoJSON ဖိုင်တစ်ခုအား web app တွင် upload ပြုလုပ်ခြင်း

အဆင့် (၁) တွင် export လုပ်ခဲ့သော GeoJSON ဖိုင်အား ရှာဖွေပြီး web app တွင် upload ပြုုလုပ်နိုင်ရန်အတွက် “Browser files” ကို နှိပ်ပါ။ သို့မဟုတ် အခြားရှိနှင့်ပြီးသော GeoJSON ကို အသုံးပြုနိုင်ပါသည်။ open file dialog ရှိ “Open” အားနှိပ်ပြီးသည်နှင့် ရွေးချယ်ထားသော GeoJSON ဖိုင်အား “Browsers files” အောက်တွင် ဖော်ပြထားသော ဖိုင်အမည်နှင့်အတူ app တွင် ခဏတာ upload လုပ်ထားသင့်ပါသည်။

Export ပြုလုပ်ထားသော GeoJSON အား web app တွင် ပြန်၍ upload ပြုလုပ်ပါ

၃။ ဂြိုလ်တုဓါတ်ပုံများ ကို ရွေးချယ်ပါ

Dropdown စာရင်းမှ “Landsat TM-ETM-OLI” အား ရွေးချယ်ပါ-

Timelapse ဗီဒီယို ပြုလုပ်ရန် သိမ်းဆည်းထားသော ဂြိုလ်တုဓါတ်ပုံများအား ရွေးချယ်ပါ

Landsat program ကိုရွေးပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ၁၉၇၂ ခုနှစ်ကတည်းက ကမ္ဘာမြေ၏ ဓါတ်ပုံများ ကို ရိုက်ကူးခဲ့သော သက်တမ်းအကြာဆုံး လုပ်ငန်းဖြစ်သောကြောင့်ဖြစ်သည်။ လတ်တလောတွင် Landsat 9 ဂြိုလ်တု ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။ “Landsat TM-ETM-OLI” ပုံစုဆောင်းမှုတွင် ၁၉၈၄ ခုနှစ်ကတည်းက ရရှိခဲ့သော Landsat ရုပ်ပုံများအားလုံး ပါဝင်သည်။

Earth Engine Data Catalog မှ အခြား မတူညီသော ပုံစုစည်းမှုတစ်ခုကို ရွေးချယ်လိုပါက “ Any Earth Engine Image Collection” ကို ရွေးပါ။

၄။ Band ပေါင်းစပ်မှုအတွဲတစ်ခုကို ရွေးချယ်ပါ

Landsat ပုံတွင် ရောင်စဉ်စုံ bands များပါဝင်သည်။ Landsat TM၊ ETM+ နှင့် OLI အာရုံခံကိရိယာများမှ ဖမ်းယူထုတ်လုပ်သော အသုံးများ ရောင်စဉ်တန်း အတွဲအစပ်များအား အောက်တွင် ကြည့်ရှုနိုင်ပါသည်-

Landsat ဂြိုလ်တုပုံ၏ ရောင်စဉ်စု bands များ

ပုံတစ်ပုံအား ကွန်ပျူတာစခရင်ပေါ်တွင် ကြည့်ရှုရန်အတွက် အနီ၊ အစိမ်းနှင့် အပြာ (RGB) ချန်နယ်များအတွက် အသုံးပြုလိုသည့် ရောင်စဉ်စု bands သုံးခုကို ရွေးချယ်ပါ။

အသုံးများသော band ပေါင်းစပ်အတွဲ များတွင် သဘာဝအရောင်စပ် (အနီ/အစိမ်း/အပြာ)၊ အနီအောက်ရောင်ခြည်စပ် (NIR/RED/GREEN)၊ လှိုင်းတိုအနီအောက်ရောင်ခြည်စပ် (SWIR2/SWIR1/RED)၊ လယ်ယာစိုက်ခင်းစပ် (SWIR1/NIR/BLUE)နှင့် ဘူမိဗေဒစပ် (SWIR2/SWIR1/BLUE) တို့ပါဝင်သည်။ Landsat band များ ပေါင်းစပ်ပုံများ နှင့်ပတ်သက်၍ ဤနေရာတွင် အကျယ်ဖတ်ရှုနိုင်ပါသည်။

Dropdown စာရင်းမှ band ပေါင်းစပ်အတွဲ ကို ရွေးချယ်ပါ။ သို့မဟုတ် ရရှိလာသော Landsat timelapse တွင် မြင်လိုသည့် ခေါင်းစဉ်ကို ပဲရိုက်ထည့်ပါ။

RGB band ပေါင်းစပ်မှုအတွဲတစ်ခုကို ရွေးချယ်ပါ

၅။ အုပ်ချုပ်မှုဆိုင်ရာ နယ်နိမိတ်တစ်ခု ရွေးချယ်ပါ

Timelapse သည် ကြီးမားသောဧရိယာတစ်ခုကို လွှမ်းခြုံထားပါက ၎င်းအပေါ်တွင် အုပ်ချုပ်မှုဆိုင်ရာ နယ်နိမိတ်တစ်ခုနှင့် ထပ်‌ပေးပါ။ built-in datasets ( ဥပမာ – တိုက်ကြီးများ > နိုင်ငံများ > အမေရိကန်ပြည်ထောင်စု ) မှ ရွေးချယ်ပေးပါ သို့မဟုတ် “User-defined” ကို ရွေးပါ။ ထို့နောက် GeoJSON ဖိုင်အတွက် HTTP URL တစ်ခုကို ရိုက်ထည့်ပါ-

နယ်နိမိတ်၏ အရောင်၊ မျဉ်းအကျယ်နှင့် အလင်းဖေါက်မှု တို့ကို စိတ်ကြိုက်ပြင်ဆင်နိုင်သည်

၆။ Timelapse အချက်အလက်များကို စိတ်တိုင်းကြ ပြင်ဆင်ပါ

“Frames per second” အချက်အလက်သည် timelapse ဗီဒီယို၏ အမြန်နှုန်းကို ထိန်းချုပ်ပေးသည်။ ဂဏန်းငယ်လေလေ၊ timelapse ဗီဒီယိုနှေးလေလေဖြစ်ပြီး ဂဏန်းကြီးလေလေ timelapse ဗီဒီယို မြန်လေလေဖြစ်သည်။

ဥပမာအားဖြင့် နှစ်စဉ် Landsat ရုပ်ပုံ(၁၉၈၄-၂၀၂၁)၏ timelapse တွင် ၃၈ frames ရှိသည်။ တစ်စက္ကန့်လျှင် ၅ frames နှုန်းဖြင့် timelapse သည် ၇.၆ စက္ကန့်ကြာနိုင်သည်။ ပုံမှန်အားဖြင့် app သည် ပေါင်းစပ်မှုအား ဖန်တီးရန်အတွက် ရရှိနိုင်သော ရုပ်ပုံများအားလုံးအား အသုံးပြုသည်။ အကယ်၍ တိကျသော အချိန်အပိုင်းအခြားကိုလိုချင်ပါက စတင်သည့်နှစ်၊ ပြီးဆုံးသည့်နှစ်၊ စတင်သည့်လနှင့် ပြီးဆုံးသည့်လတို့အား ပြောင်းလဲနိုင်သည်။

Landsat ဂြိုလ်တုများသည် အလင်းအာရုံခံကိရိယာများ သယ်ဆောင်ထားသောကြောင့် Landsat ရုပ်ပုံများ (အထူးသဖြင့် အပူပိုင်းဒေသများ) တွင် တိမ်များအား မြင်တွေ့နိုင်သည်။ ပုံမှန်အားဖြင့် တိမ်များ၊ အရိပ်များနှင့် နှင်းများအားဖယ်ရှားရန်အတွက် fmask [https://developers.google.com/earth-engine/apidocs/ee-algorithms-fmask-matchclouds] algorithm ကို အသုံးပြုပါသည်။ ၎င်းသည် timelapse တွင် အမည်းစက်များ (nodata)များ ဖြစ်ပေါ်စေသည်။ Animated timelapse (သက်ဝင်လှုပ်ရှားနေသော timelapse) အား စိတ်ကြိုက်ပြင်ဆင်နိုင်ရန်အတွက် စာလုံးအမျိုးအစား၊ အရွယ်အစား နှင့် အရောင်တို့ကိုလည်း ပြောင်းလဲနိုင်သည်။

အချက်အလက်အားလုံး ပြီးစီးပါက “Submit” ကိုနှိပ်ပါ-

၇။ Time-lapse ဗီဒီယိုအား GIF နှင့် MP4 ပုံစံတို့ဖြင့် ရယူပါ

ယခု သင်၏ time-lapse အား စက္ကန့် ၆၀ ကြာ GIF သို့မဟုတ် MP4 animation ဖြင့် ရယူနိုင်ပါသည်။ ၎င်းအား သိမ်းဆည်းရန်အတွက် ရုပ်ပုံ/ဗီဒီယိုအား right-click နှိပ်ပါ၊ ထို့နောက် သင်၏မိတ်ဆွေများ၊ မိသားစုများ နှင့် သို့မဟုတ် social media ပေါ်တွင် မျှဝေနိုင်ပါသည်။

ဂြိုလ်တုရုပ်ပုံများမှ Timelapse ဗီဒီယို ပြုလုပ်သည့် နမူနာများ

အောက် ဗီဒီယိုတွင် timelapse နမူနာအချို့ကို ဖော်ပြထားပါသည်၊ ပါဝင်သည့်အကြောင်းအရာများမှာ –

  • Landsat ပုံ (SWIR1/NIR/Red) ကိုအသုံးပြု၍ ဖန်တီးထားသော Ucayali မြစ်၏ River dynamics
  • MODIS NDVI data ကို အသုံးပြု၍ ဖန်တီးထားသော အာဖရိကရှိ Vegetation dynamics
  • GOES-17 ကို အသုံးပြု၍ ဖန်တီးထားသော ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင်ဖြစ်ပွားခဲ့သော Northeast Pacific ဆိုင်ကလုန်း
  • GOES-17 ကို အသုံးပြု၍ ဖန်တီးထားသော ၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော ကယ်လီဖိုးနီးယားရှိ Creek Fire တောမီး
  • MODIS Land Surface Temperature ကို အသုံးပြု၍ ဖန်တီးထားသော တစ်ကမ္ဘာလုံးအတိုင်းအတာ အပူချိန် ဒိုင်းနမစ်

နောက်ထပ်နမူနာများကို Twitter နှင့် LinkedIn တို့တွင် hashtag #geemap နှင့်  #streamlit တို့ကို အသုံးပြု၍ ရှာဖွေနိုင်ပါသည်။

 

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details