ဆိုဒ်များ
အကြောင်းအရာ
အရည်အသွေးမြင့် မြေပြင်အနိမ့်အမြင့်ပြဒေတာများ (DEMs and Points cloud)
အခြား – ဒေတာ ကတ်တလောက်များ၊ ဒေတာစီမံခန့်ခွဲခြင်း၊ တည်းဖြတ်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း သင်တန်းများကို ရယူနိုင်ပါသည်။
MIMU – မြန်မာသတင်းအချက်အလက်ယူနစ်
Myanmar Information Management Unit
မြန်မာနိုင်ငံရှိ အုပ်ချုပ်ရေးနယ်နိမိတ်များ၊ မြို့များ၊ ကျေးရွာများ၊ လမ်းကွန်ရက်များ၊ မြစ်ချောင်းများ စသည့်အခြေခံ GIS ဒေတာများ ရရှိနိုင်ပါသည်။
အခြား – မြန်မာနိုင်ငံအတွင်းလုပ်ကိုင်နေသည့် လူသားခြင်းစာနာမှုလုပ်ငန်းဒေတာများ၊ သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာ ဒေတာများလည်းရရှိနိုင်ပါသည်။
Landsat 4,5,7,8; Sentinel-2, CBERS ဂြိုလ်တုဓါတ်ပုံများ ကိုအလွယ်တကူရှာဖွေပြီး
Image analysis ကို land viewerပေါ်တွင် တိုက်ရိုက် ပြုလုပ်နိုင်သည်။

Satellite Image, DEM
U.S. Geological Survey (USGS) မှစုစည်းထားသော မြေပြင်အနိမ့်အမြင့်ဒေတာများ (DEMs)၊ ဂြိုလ်တုဓာတ်ပုံများစွာ (Satellite Images) နှင့်တကွ အခြားသော Analysis ပြုလုပ်ပြီး ဓာတ်ပုံချပ်များကို အချိန်နှင့်နေရာအလိုက် ရွေးချယ်ရယူနိုင်သည်။
နိုင်ငံများ၏နယ်နိမိတ်များ၊အုပ်ချုပ်ရေးနယ်နိမိတ်များ၊ လူသားခြင်းစာနာထောက်ထားမှုလုပ်ငန်းဆိုင်ရာဒေတာများ
၂၀၁၄ တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အချက်အလက်များကို အဖွဲ့အစည်းများကြား လွတ်လပ်စွာ မျှဝေနိုင်ရန်နှင့် ဆက်စပ်လေ့လာဆန်းစစ်ခြင်းများကို လုပ်ဆောင်နိုင်ရန် ရည်ရွယ်ပါသည်။ လက်ရှိတွင် နိုင်ငံပေါင်း ၂၅၀ ကျော်က အသုံးပြုနေပြီး၊ နယ်သာလန်နိုင်ငံ Hague မြို့ရှိ OCHA’s Center မှ စီမံဆောင်ရွက်လျက်ရှိပါသည်။

ESDS ပရိုဂရမ်တွင် နာဆာအဖွဲ့အစည်းမှ စုစည်းလေ့လာထားသော ကမ္ဘာမြေပြင်ဆိုင်ရာအချက်အလက်များကို အမျိုးအစားအလိုက် အပြည့်အဝ ဝင်ရောက်ရယူနိုင်ပါသည်။

GIS အချက်အလက်များရယူသုံးစွဲနိုင်ရန်အတွက်သာမက၊ GIS အကြောင်းနားလည်နိုင်ရန်နှင့် GIS application အသုံးပြုနိုင်စေရန် လိုအပ်သော အင်တာနက်/ဝက်ဆိုဒ် အရင်းအမြစ်လင့်ခ်များကို ထောက်ပံ့ထားပါသည်။

မြန်မာနိုင်ငံတခုလုံးအတွက် up-to-date ဖြစ်သော Open Street Map ပေါ်ရှိ Vector ဒေတာများကို Shape file နှင့် pbf file အနေဖြင့် ရယူနိုင်သည်။

မဲခေါင်ရပ်ဝန်းရှိ ဆက်စပ် ၆ နိုင်ငံနှင့် ပတ်သက်၍ အချက်အလက်များစွာကို စုစည်းမျှဝေထားသည့် ဒေတာကွန်ယက် ပလတ်ဖောင်းတစ်ခုဖြစ်သည်။
လက်ရှိအားဖြင့် ပလတ်ဖောင်းပေါ်တွင် ဒီဂျစ်တယ်အချက်အလက်ပေါင်း ၁ ထောင်ကျော်နှင့်တကွ အခြားသော ဥပဒေရေးရာ၊ မြေပုံများ စသည်တို့ကို ဝင်ရောက်ကြည့်ရှုရယူနိုင်ပါသည်။

ASTER, MODIS, VIIRS
NASA ၏ Terra Satellite များတွင် အသုံးပြုသည့် ASTER, MODIS, VIIRS sensor မှ စုဆောင်းရရှိသည့် ဒေတာအချက်အလက်များကို အဆင်သင့်အသုံးပြုနိုင်သည့်ပုံစံ (readable and interpretable format) အနေဖြင့် LP DAAC ပလက်ဖောင်းပေါ်တွင် ရရှိနိုင်ပါသည်။

Alaska Satellite Facility platform တွင် ရရှိနိုင်သော ဂြိုလ်တုဓာတ်ပုံများ – ALOS PALSAR, ALOS AVNIR-2, Sentinel-1, S1 Bursts, ERS-1, OPERA-S1, ERS-2, UAVSAR, AIRSAR, SMAP, Seasat, SIR-C, ARIA S1 GUNW, RADARSAT-1, ERS, JERS-1, SEASAT, NISAR (မကြာမှီ)
Copernicus Data Space Ecosystem ပလက်ဖောင်းပေါ်တွင် Copernicus Missions (Sentinel-1, Sentinel-2, Sentinel-3 and Sentinel-5P, etc..) များမှရရှိသည့် ခုနှစ်အလိုက် Sentinel Images ချပ်များကို အခမဲ့ ရယူနိုင်ပါသည်။

Earth Engine ၏ အများပြည်သူသုံး public data catalog တွင် ကမ္ဘာမြေအတွက် raster ဒေတာအမျိုးမျိုးကို တွေ့နိုင်ပြီး၊ ၄င်းဒေတာများနှင့်တကွ အခြားသော external raster or vector datasets များကို GEE script interface ပေါ်တွင် အလွယ်တကူ ရယူအသုံးပြုခြင်း၊ အသုံးပြုထားသော script code များကို မျှဝေခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
Awesome GEE Community Catalogue

GeoQuery ဖြင့် လူပုဂ္ဂိုလ်/အဖွဲအစည်းများအတွက် အမျိုးမျိုးသော ဂြိုလ်တုဓာတ်ပုံအချက်အလက်များ၊ စီးပွားရေးဆိုင်ရာနှင့်ကျန်းမာရေးဆိုင်ရာအချက်အလက်များ၊ ပဋိက္ခဆိုင်ရာနှင့်အခြားသော Spatial Data များကို သင့်တော်သော Excel format နှင့် ရနိုင်ပါသည်။ ရရှိလိုသော အချက်အလက်များကို အသေးစိတ်ရွေးချယ်စစ်ထုတ်ပြီး နိုင်ငံအလိုက် boundary အဆင့်ဆင့်နှင့်ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များသာမက ကွင်းဆင်းတိုင်းတာရရှိသည့် အချက်အလက်များစွာကိုပါ အလွယ်တကူ တောင်းယူရရှိနိုင်ပါသည်။

Nature Earth ဒေတာအချက်အလက်များကို Volunteer များစွာဖြင့် ဖန်တီးထားပြီး၊ NACIS အဖွဲ့မှ ထောက်ပံ့ပေးထားပါသည်။
ဒေတာအမျိုးအစားအားဖြင့် Cultural, Physical, Raster သုံးမျိုးပါဝင်ပြီး၊ တစ်ခုချင်းစီကို စကေး level သုံးမျိုး (1:10,000,000, 1:50,000,000, 1:110,000,000) ဖြင့် ရယူနိုင်ပါသည်။
ESRI Open Data Hub

ArcGIS Hub သည် အချက်အလက်များ၊ ကျွမ်းကျင်သူများနှင့် ဆိုင်ရာ tools များကို တစ်နေရာထဲတွင်စုစည်းပေးထားနိုင်သည့် platform တစ်ခုဖြစ်ပြီး၊ အချက်အလက်များကို လွယ်ကူစွာအချင်းအချင်း ဖလှယ်ရင်း ပူပေါင်းလုပ်ဆောင်မှုများဆောင်ရွက်နိုင်သည့် နေရာတစ်ခုဖြစ်ပါသည်။
ArcGIS Hub တွင် အစိုးရအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပညာရေးနယ်ပယ်များနှင့် အခြားသော အဖွဲ့အစည်းကြီးငယ်မရွေး အမျိုးအမျိုး ဝင်ရောက်အသုံးပြုနိုင်ပါသည်။
ArcGIS Hub ကို အသုံးပြုရာတွင် အသုံးပြုခွင့် လိုင်စင်အနေဖြင့် Basic အကောင့်ကို ArcGIS Online နှင့်သုံးနိုင်ပြီး၊ Premium အကောင့်ဖြင့်လဲ ပိုမိုများပြားသော လုပ်ဆောင်ချက်များကို ရယူနိုင်ပါသည်။
Socioeconomic Data and Applications Center | SEDAC (columbia.edu)

SEDAC သည် လူမှုစီးပွားရေးသတင်း အချက်အလက်နှင့် အသုံးချစင်တာတစ်ခုဖြစ်ပြီး၊ နာဆာအဖွဲ့အစည်းကြီးရဲ့ ကမ္ဘာမြေလေ့လာစောင့်ကြည့်ရေးဆိုင်ရာ သတင်းအချက်အလက်စနစ် (EOSDIS) ၏ သတင်းအချက်အလက်စုဆောင်းမျှဝေရေးစင်တာ (DAACs) များထဲမှ နေရာတစ်ခုဖြစ်သည်။
SEDAC ၏ ရည်ရွယ်ချက်မှာ ကမ္ဘာမြေသိပ္ပံနှင့် လူမှုသိပ္ပံလေ့လာမှုနှစ်ခုကြား ပူပေါင်းဆောင်ရွက်နိုင်မှု အားကောင်းစေရန် တည်ဆောက်ထားသည့် အချက်အလက်များ စီးဆင်းဖြတ်သန်းရာနေရာဖြစ်ပါသည်။

UNEP ဝက်ဆိုက်ဒ်ပေါ်တွင် အချိန်နှင့်တစ်ပြေးညီ လေ့လာမှုအချက်အလက်များမှတစ်ဆင့်ရရှိလာသည့် အစီရင်ခံစာများ၊ ဆောင်းပါးများ၊ စာစောင်များနှင့် အခြားသော အကြောင်းအရာအရေအတွက် စုစုပေါင်း တစ်သောင်းခွဲကျော်ခန့် မျှဝေထားပါသည်။

ကမ္ဘာမြေပေါ်ရှိ ရာသီဥတုပြောင်းလဲမှုများနှင့် ပတ်ဝန်းကျင်ဆိုင်ရာပြောင်းလဲဖြစ်ပေါ်မှုများကို မှတ်တမ်းတင် ရိုက်ကူးရယူပေးနေပြီး၊ ၄င်းမှရရှိလာသော ဂြိုယ်တုအချက်အလက်ဆိုင်ရာ ဓာတ်ပုံချပ်များကို အမျိုးအစားပေါင်း ၅၀ ကျော်တွေ့ရပြီး၊ ဖိုင်အမျိုးအစားများစွာဖြင့် များရှာဖွေရယူနိုင်ပါသည်။
FAO Map Catalog

မြေဆီလွှာ၊ မြေထု၊ ရေထု၊ ရာသီဥတု၊ ငါးသယံဇာတ၊ မွေးမြူရေး၊ သီးနှံ၊ သစ်တောဆိုင်ရာ ဒေတာများ ရရှိနိုင်ပါသည််။
FAO Earth Observation for Crop Monitoring
https://www.fao.org/giews/earthobservation/access.jsp?lang=en
https://www.fao.org/giews/earthobservation/country/index.jsp?lang=en&code=MMR

Agricultural Stress Index System (ASIS) data at 1km resolution since 1984 to present by Country
Data types: ASI, DI, NDVI, VCI, VHI, EP, PA
Available formats, ArcGIS Image Service Layers, GEE, WMS
Open Spatial Demographic Data and Research (WorldPop)

WorldPop ပရိုဂရမ်ကို University of Southampton, Geography and Environmental Sciences School မှ သုသေတနပညာရှင်များ၊ နည်းပညာရှင်များနှင့်အခြား စီမံကိန်းကျွမ်းကျင်သူများက ပူပေါင်း၍ မြေပြင်ရှိ လူဦးရေစစ်တမ်းများနှင့် ဂြိုလ်တုဓာတ်ပုံမှအချက်အလက်များကို တွက်ချက်ဆောင်ရွက်ထားခြင်းဖြစ်သည်။
WorldPop ပလက်ဖောင်းတွင် နိုင်ငံအလိုက်လူဦးရေအချက်အလက်များကို Estimation Model နှစ်မျိုး (constrain & unconstrain) ဖြင့် ရရှိနိုင်ပြီး၊ raster resolution အားဖြင့် (1km and 100m resolution) များဖြစ်ပါသည်။
Earthquake Hazards Program
https://www.usgs.gov/programs/earthquake-hazards/earthquakes

USGS ၏ မြေငလျင်ဘေးအန္တရာယ်များဆိုင်ရာ ပရိုဂရမ်အနေဖြင့် United State အတွင်းရှိ မြေငလျင်လေ့လာစောင့်ကြည့်မှုများအပါဝင် အခြားဆက်စပ် မြေငလျင်ဆိုင်ရာလေ့လာမှုများကို ဆောင်ရွက်သည့်အစီစဥ်ဖြစ်သည်။
USGS Earthquake Map ပေါ်တွင် မြေငလျင်ပြင်းအားအလိုက် Up-to-date အချက်အလက်များကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ရှာဖွေနိုင်ပါသည်။
UN Biodiversity Lab (UNBL)

UNBL က ရေရှည်ဖွဲ့ဖြို့ရေးနှင့် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာများကို ပိုမိုနားလည်သိရှိနိုင်အောင် ရည်ရွယ်ပြီး Spatial GIS ဒေတာများနှင့် လေ့လာဆန်းစစ်နိုင်သည့် Tool များကို အသုံးချဆောင်ရွက်နိုင်အောင် ထောက်ပံ့ပေးပါသည်။
အသုံးပြုသူများအနေဖြင့် UNBL ဝက်ဆိုက်ဒ်ကို GIS အတွေ့အကြုံမလိုပဲ အခမဲ့ အသုံးပြုနိုင်ပါသည်။

ကမ္ဘာမြေပြင်၏ သုံးဖက်မြင် အသွင်အပြင်ကို ဖော်ပြနိုင်သည့် Gridded Data နှင့် Footprint အချက်အလက်များကို Level အမျိုးမျိုးဖြင့် တွေ့နိုင်ပါသည်။ Level အားဖြင့် Lower Level L1 & L2 datasets များကို NASA’s Land Processes Distributed Active Archive Center (LPDAAC) မှတစ်ဆင့်သော်လည်းကောင်း၊ Higher Level L3 & L4 datasets များကို ORNL DAAC များမှလည်းကောင်း Data Active Archive Center (DAAC) အသီးသီးမှ ရရှိနိုင်ပါသည်။ GEDI Mission Operation Center (MOC) မှ အချက်အလက်များကို processing ပြုလုပ်ပြီးမှသာ သက်ဆိုင်ရာ DAAC စင်တာများဆီသို့ ပေးပို့ခြင်းဖြစ်သည်။
NICFI Program – Satellite Imagery and Monitoring | Planet

ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး၊ ဇီဝမျိုးစုံထိန်းသိမ်းရေး နှင့် ရေရှည်တည်တန့်သည့် ဖွံဖြိုးမှုကိုကူညီပေးရန် အတွက် နော်ဝေနိုင်ငံ၏ နိုင်ငံတကာရာသီဥတုနှင့်သစ်တောဆိုင်ရာစီမံကိန်း NICFI ၏ထောက်ပံ့မှုဖြင့် ကြည်ပြတ်သားပြီးလေ့လာတွက်ချက်ရန်အသင့် ဖြစ်သည့် ကမွာ့သမပိုင်းဒေသကို လွှမ်းခြုံသည့် planet ဂြိုလ်တုပုံရိပ်အချပ်ကြီးများကို ရရှိနိုင်ပါသည်။
QGIS တွင် Planet plugin သုံးပြီးတိုက်ရိုက်ရယူနိုင်ပါသည်။
https://www.eorc.jaxa.jp/ALOS/

ALOS ဂြိုဟ်တုများမှရိုက်ကူး သည့် PALSAR radar ပုံရိပ်များမှ တွက်ထုတ်ထားသည့် သစ်တော နှင့်အခြားဖုံးလွှမ်းမှုပြပုံများ၊ ALOS DEM မြေအသုံးချမှုနှင့် မြေယာဖုံးလွှမ်းမှုပြ ဒေတာများ၊ ဒီရောတောစောင့်ကြည့်ခြင်းဆိုင်ရာဒေတာများ။

Solargis ဆိုက်တွင် အတိတ်၊ပစ္စုပ္ပန် နှင့် အနာဂါတ်ခန့်မှန်း နေရောင်ခြည်စွမ်းအင် ဆိုင်ရာ ဒေတာများကို ကမ္ဘာ့နေရာတိုင်းအတွက် ရရှိနိုင်ပါသည်။
