background – နောက်ခံ
ArcScene (သို့) ArcGlobe တွင် မြင်ကွင်းနောက်ခံဖြစ်သည်။ နောက်ခံအရောင်ကို မိုးပြာရောင် (sky) ၊ အရောင်အလွတ် (empty space) သို့မဟုတ် အမြင်အာရုံကိုပိုမိုကောင်းမွန်စေသော မည့်သည့်အရောင်ကိုမဆို သတ်မှတ်နိုင်သည်။
ကိုးကား – wiki.gis.com
background image – နောက်ခံပုံရိပ်
Vector data (point, line, polygon) များအောက်တွင် ပြထားသည့် ဂြိုလ်တုဓာတ်ပုံ၊ ဝေဟင်ဓာတ်ပုံ (သို့) scan ဖတ်ထားသောမြေပုံများဖြစ်သည်။ အောက်ခံပုံများ ကိုဩဒိနိတ်အမှတ်များနှင့် ချိန်ညှိ၍ အသုံးပြုနိုင်သော်လည်း ဇယားတန်ဖိုး အချက်အလက်များနှင့် ချိတ်ဆက်မှုမရှိပါ၊ GIS တွင် တွက်ချက်မှုများတွင်လည်း မပါဝင်ပါ။
ကိုးကား – wiki.gis.com
backscatter – ပျံ့ ပြန်လာခြင်း
Backscatter – လျှပ်စစ်သံလိုက်စွမ်းအင် သည် မြေပြင်နှင့်ရိုက်ခတ်ပြီး သော်လည်းကောင်း လေထုထဲရှိ အမှုန်များနှင့် ရိုက်ခတ်ပြီး သော်လည်းကောင်း တဆင့် မူလရင်းမြစ်နေရာသို့ ရောင်ပြန်ခြင်း ဖြစ်သည်။
ကိုးကား – wiki.gis.com
backup – အရံအဖြစ်သိမ်းဆည်းခြင်း
မူရင်း အချက်အလက်များ ပျောက်ဆုံးခြင်း (သို့) ပျက်စီးခြင်း တို့မှ ကွာကွယ်ရန် ဖိုင်၊ ဖိုင်တွဲ (သို့) ကွန်ပြူတာသုံး ဓာတ်ပြား (disk) မိတ္တူ များ ဖြစ်သည်။
ကိုးကား – wiki.gis.com
BAM
best available map (ရှိတာထဲမှာ အကောင်းဆုံး မြေပုံများ)၏ အတိုကောက်စကားလုံး။ မြေပုံတစ်ခုအတွက် အသင့်အတော်ဆုံး အချက်အလက်ရင်းမြစ်ဖြစ်သည်။
ကိုးကား – wiki.gis.com
Band – လှိုင်းအစု
ကြိမ်နှုံး သို့မဟုတ် အလျား နီးစပ် ပြီး သဘောသဘာဝ တူညီမှုများ ရှိသည့် လှိုင်းများ အစုဖြစ်သည်။ဥပမာ – အလင်း သည် လျှပ်စစ်သံလိုက် ရောင်စဉ်တန်းထဲ ရှိ မျက်စိဖြင့်မြင်နိုင်သော လှိုင်းများ ပါသည့် လှိုင်း အစု တစ်ခု ဖြစ်သည်။ လျှပ်စစ်သံလိုက် ရောင်စဉ်တန်းထဲ တွင် ရေဒီယိုလှိုင်းများ၊ ဂမ်မာ လှိုင်းများ၊ အနီအောက် ရောင်ချည် လှိုင်းများလည်းပါဝင်သည်။
ကိုးကား – wiki.gis.com

Band ratio လှိုင်းစုအချိုး
ဒီဂျစ်တယ်ပုံရိပ်ပြုပြင်သည့်နည်းလမ်းတစ်ခုဖြစ်သည်။ band တစ်ခု၏ pixel တန်ဖိုးများကို အခြား band တစ်ခု၏ pixel တန်ဖိုးများဖြင့် စားခြင်းဖြင့် အရာဝတ္ထုများအကြား ကွဲပြားထင်ရှားခြားနားမှု ကို ပိုမိုအားကောင်းစေသည့်နည်းဖြစ်သည်။
ကိုးကား – wiki.gis.com
band separate
Band separate – လှိုင်းစု (band) တစ်ခုချင်းစီ၏ အချက်အလက်များ/ တန်ဖိုးများကို သီးခြားဖိုင်တစ်ခုစီဖြင့် သိမ်းဆည်းထားသော ပုံစံ (format) တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
band-pass filter
အခြားကြိမ်နှုန်းများ၌ ထုတ်လွှင့်ချက်များကို ပိတ်ဆို့ခြင်း (သို့) လျော့ပါးစေခြင်းများ ပြုလုပ်ပြီးသတ်မှတ်ထားသော ကြိမ်နှုန်းတွင်သာ ထုတ်လွှင့်ချက်များ (signal) ကို ခွင့်ပြုပေးသော လှိုင်းစစ်တစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
bandwidth – အမြင့်ဆုံးအချက်အလက်ပမာဏ
Bandwidth – သတ်မှတ်ထားသော အချိန်အပိုင်းအခြားအတွင်း ကွန်ပြူတာ ကွန်ရက်သို့ ဒစ်ဂျစ်တယ်အချက်အလက် လွှဲပြောင်းပေးနိုင်မှု ပမာဏ၊ များသောအားဖြင့် တစ်စက္ကန့်အတွင်းပို့လွှတ်သော bit အရေအတွက် (bits per second -bps)ဖြင့် တိုင်းတာလေ့ရှိသည်။
ကိုးကား – wiki.gis.com
bar scale – ဘားစကေး
မြေပုံတစ်ခု၏စကေးကို ဘား ဖြင့်ဖော်ပြရန်အသုံးပြုသော မြေပုံညွှန်း အစိတ် အပိုင်းတစ်ခု။ စကေးဘားတစ်ခုသည် မြေပုံ၏စကေးအချိုးအစားအတိုင်း ယူနစ်များကို ပေတံကဲ့သို့ အမှတ်အသားများပြုလုပ်ထားသော မျဉ်းကြောင်းတစ်ကြောင်း ဖြစ်သည်။
ကိုးကား – wiki.gis.com
barrier – အတားအဆီး
ကွန်ယက်ခွဲခြမ်းစိတ်ဖြာမှုများတွင် ကွန်ယက်အစွန်း သို့မဟုတ် ဆုံမှတ်များ ဖြတ်သန်းရာမှ စီးဆင်းမှုကို တားဆီးပေးသော အရာတစ်ခု။
ကိုးကား – wiki.gis.com
base data – အခြေခံဒေတာ
အခြားကဏ္ဍဆိုင်ရာ အချက်အလက်များကို ထပ်ဖြည့်နိုင်သော မြေပုံဒေတာ။
ကိုးကား – wiki.gis.com
base height – အခြေခံအမြင့်
ကောင်းကင်ဓာတ်ပုံများတွင် ဓာတ်ပုံတစ်ပုံရိုက်ကူးခဲ့သည့် အမြင့်။
ကိုးကား – wiki.gis.com
base height ratio – အခြေခံအမြင့်အချိုး
ကောင်းကင်ဓာတ်ပုံများတွင် ဘေးအနားချင်းထပ်နေသော ဓာတ်ပုံများ၏ဗဟိုချက်များအကြား မြေပြင်ပေါ်ရှိအကွာအဝေးကို လေယာဉ်၏အမြင့်ဖြင့် စားထားသည့် အချိုး။ Stereo model တစ်ခုတွင် အခြေခံအမြင့်အချိုးကို ထောင်လိုက်အဆချဲ့ခြင်းအား ဆုံးဖြတ်ရာတွင် အသုံးပြုသည်။
ကိုးကား – wiki.gis.com
base layer – အောက်ခံအလွှာ
GIS ရှိ အချက်အလက်အလွှာတစ်ခုဖြစ်သည်၊ ၎င်းကို အခြားအလွှာများအားလုံးက ဂျီဩမေတြီအရ မှီးထားသည်။
ကိုးကား – wiki.gis.com
baseline – အခြေခံမျဉ်း
တိကျစွာ တိုင်းတာခြင်းပြုလုပ်ထားသော မျဉ်းတစ်ကြောင်း။ အခြားမျဉ်းများ သို့မဟုတ် မျဉ်းများကြားရှိထောင့်များကို ၎င်းမျဉ်းအားအခြေခံပြီးတိုင်းတာသည်။
ကိုးကား – wiki.gis.com
basemap – နောက်ခံမြေပုံ
မြေပြင်အနေအထား၊ လမ်းများ၊ ထင်ရှားအမှတ်အသာများနှင့် နိုင်ငံတကာနယ်နိမိတ်များ စသည့် အောက်ခံအချက်အလက်များပြသထားသော မြေပုံတစ်ခုဖြစ်ပြီး အခြားအကြောင်းအရာဆိုင်ရာ သတင်းအချက်အလက်များ ကို အပေါ်မှ ထည့်သွင်းပြသပါရှိသည်။ နောက်ခံမြေပုံတစ်ခုကို တည်နေရာအကိုးအကားအတွက် အသုံးပြုပြီး ဘူမိပမာဏထိန်းချုပ်ကွန်ရက်တစ်ခု လည်းအစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လေ့ရှိသည်။
ကိုးကား – wiki.gis.com
batch file
CPUသို့ ပေးပို့သော အလိုအလျောက် လုပ်ဆောင်ရန်ခိုင်းစေချက်အမိန့်များပါသော စာသားဖိုင်တစ်ခု။ batch file တစ်ခုသည် ခိုင်းစေချက်များကို CPU က သတ်မှတ်အချိန်တစ်ခုတွင်ပုံမှန်လုပ်ဆောင်ရန် သို့မဟုတ် အားသည့်အချိန်တွင်လုပ်ဆောင်ရန် ခွင့်ပြုသည်။ အသုံးပြုသူမှ ချက်ခြင်းလုပ်ဆောင်ရန် စေခိုင်းချက်မျိုးမဟုတ်ပေ။
ကိုးကား – wiki.gis.com
batch geocoding
တစ်ချိန်တည်းတွင် geocodingမှတ်တမ်းများစွာကို လုပ်ဆောင်ခြင်းဖြစ်စဉ်။
ကိုးကား – wiki.gis.com
base station – အထိုင် GPS
တည်နေရာတန်ဖိုးသိပြီး အမှတ်တွင် ထိုင်ထားပြီး အမှားပြင်ဆင်ချက်များ ကို အခြား ရွေ့လျားGPS များအတွက် လွှင့်ထုတ်ပေးခြင်းနှင့် စုဆောင်းခြင်း များပြုလုပ်ပေးသည့် အထိုင် GPS ဖြစ်သည်။
ကိုးကား – wiki.gis.com
base symbol – အခြေခံသင်္ကေတ
ArcGIS Tracking Analyst တွင် မြေပုံတစ်ခုရှိ အမှတ်အသား (သို့) ဖြစ်ရပ်တစ်ခုကို ကိုယ်စားပြုရန် ကြိုတင်သတ်မှတ်ထားသော သင်္ကေတဖြစ်သည်။
ကိုးကား – wiki.gis.com
batch processing – အသုတ်လိုက် တွက်ချက်ခြင်း
အချက်အလက်များကို အသုတ်များ အဖြစ်အစုများခွဲကာ ကွန်ပြုတာမှ တစ်ကြိမ်တွင် တစ်သုတ် တွက်ချက်ပြီး လူမှလုပ်ဆောင်ရန်မလိုပဲ အလိုလျောက် တွက်ချက်မှု လုပ်ဆောင်ပေးသော နည်းလမ်းတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
batch vectorization – အသုတ်လိုက် ဗက်တာပုံစံပြောင်းခြင်း
အသုံးပြုသူ၏ သတ်မှတ်ပေးသော ပုံစံ ပေါ်အခြေခံ၍ Raster တစ်ခုလုံး (သို့) ၎င်း၏အစိတ်အပိုင်း တစ်ခု ကို Raster data မှ vector အရာဝတ္ထုများအဖြစ်သို့ အလိုအလျောက်ပြောင်းလဲပေးသော လုပ်ငန်းစဉ် ဖြစ်သည်။
ကိုးကား – wiki.gis.com
bathymetric curve – ရေအနက်ပြကွန်တို
Hydrographic datum အောက်ရှိ တူညီသောရေအနက်ရှိအမှတ်များကို ဆက်ဆွဲထားသောမြေပုံတစ်ခုပေါ်ရှိမျဉ်းတစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
bathymetric map – ရေအောက်မျက်နှာပြင်ပြမြေပုံ
ရေကန်ကြမ်းပြင် (သို့) ပင်လယ်ရေအောက်မျက်နှာပြင်တစ်ခု၏ မြေမျက်နှာပုံ သဏ္ဌာန် ကို ကွန်တိုမျဉ်းများအသုံးပြု၍ ရေအနက်အား ဖော်ပြထားသော မြေပုံတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com

bathymetry – ရေအောက်မျက်နှာပြင်
ရေကန်ကြမ်းပြင် သို့မဟုတ် ပင်လယ် ရေအောက် ကြမ်းပြင် ၏ မြေမျက်နှာပြင်ပုံ သဏ္ဌာန် ကို ရရှိရန် ရေအနက် တိုင်းတာ မြေပုံရေးဆွဲခြင်းသိပ္ပံဘာသာရပ်။
ကိုးကား – wiki.gis.com
behavior – အပြူအမူ
ချမှတ်ထားသောစည်းမျဉ်များအရ ဒေတာဘေ့စ်တစ်ခုရှိအရာတစ်ခု(object) တွင် ဖြစ်ပေါ်လာသည့် ထူးခြားသော လက္ခဏာများ (သို့မဟုတ်) လုပ်ဆောင်မှုများကို ဆိုလိုသည်။
ကိုးကား – wiki.gis.com
best available map – ရရှိနိုင်သည့်အကောင်းဆုံးမြေပုံ
မြေပုံတစ်ခုအတွက် အကောင်းဆုံးရရှိနိုင်သည့်ဒေတာအရင်းအမြစ်။
ကိုးကား – wiki.gis.com
best route – အကောင်းဆုံးလမ်းကြောင်း
တစ်လမ်းမောင်းလမ်းများ၊ အသွားအလာများသည့်လမ်းများ စရှိသည့်ခရီးလမ်းတွင်အနှောက်အယှက်အတားအဆီးများသည့် ဒေသ/တည်နေရာများအကြားတွင် ဆက်သွယ်ထားသော အတားအဆီးအနည်းဆုံးလမ်း။
ကိုးကား – wiki.gis.com
binary
ကွန်ပြူတာတွက်ချက်ရာတွင် အခြေအနေနှစ်ခုသာ ရှိသည့် စနစ်ဖြစ်သည်။ ဟုတ် (သို့) မဟုတ်၊ မှန် (သို့) မှား၊ အဖွင့် (သို့) အပိတ်၊ သုည ၀ (သို့) ၁ စသည့်တို့ဖြစ်သည်။
ကိုးကား – wiki.gis.com
binary file
စာလုံးမျာအစား အစဉ်လိုက် bit များဖြင့် (၁ နှင့် ၀ များ) တည်ဆောက်ထားသော ဒေတာများပါဝင်သည့် ဖိုင်တစ်ခု ဖြစ်သည်။ DLL သို့မဟုတ် executable ဖိုင်ကဲ့သို့သော binary ဖိုင်တစ်ခုထဲတွင် ကွန်ပျူတာက တိုက်ရိုက်အသုံးပြုခြင်း သို့မဟုတ် လုပ်ဆောင်နိုင်သည့် အချက်အလက်များ ပါဝင်သည်။
ကိုးကား – wiki.gis.com
binary large object
ဒေတာဘေ့စ်တစ်ခုထဲတွင် သိမ်းဆည်းထားသော ရုပ်ပုံ၊ အသံဖိုင် သို့မဟုတ် ဂျီဩမေတြီပုံ ကဲ့သို့သော ကြီးမားသောဒေတာအစုတစ်ခုဖြစ်သည်။ ဒေတာဘေ့စ်သည် BLOB ၏ဖွဲ့စည်းတည်ဆောက်ပုံကိုမဖတ်နိုင်ဘဲ ၎င်း၏ အရွယ်အစားနှင့် တည်နေရာအားဖြင့်သာ ၎င်းကို ရည်ညွှန်းသည်။
ကိုးကား – wiki.gis.com
biogeography
သက်ရှိအရာများ၏ ကမ္ဘာပေါ်တွင် ပြန့်နှံ့တည်ရှိပုံကို လေ့လာခြင်း။
ကိုးကား – wiki.gis.com
biomass – ဇီဝထု
သတ်မှတ်ဧရိယာတစ်ခုထဲတွင်ရှိသော အော်ဂဲနစ်ပစ္စည်းများ စုစုပေါင်းပမာဏ။ များသောအားဖြင့် အပင်များကို ရည်ညွှန်းသည်။
ကိုးကား – wiki.gis.com
bit – ဘစ်
ကွန်ပျူတာထဲတွင် အငယ်ဆုံး သတင်းအချက်အလက် ယူနစ်။ တစ်ဘစ်တွင် အဖွင့်/အပိတ်၊ ဟုတ်တယ်/မဟုတ်ဘူး၊ အမှန်/အမှား စသည်တို့ကို ကိုယ်စားပြုသော (၁)နှင့် (၀) ဟူသည့် တန်ဖိုးနှစ်ခုရှိပါသည်။
ကိုးကား – wiki.gis.com
Bit depth
ဖော်မြူလာ 2n ကို အခြေခံသည့်၊ raster တစ်ခုတွင် သိမ်းဆည်းသည့် တန်ဖိုးများ အကန့်အသတ်။ 8-bit depth dataset သည် မတူညီသော တန်ဖိုး 256ခုထိသိမ်းဆည့်နိုင်သည်။
ကိုးကား – wiki.gis.com
blind digitizing
မြေပုံရေးဆွဲသူထံ တွင် ဖမ်းယူရရှိသည့် ကိုဩဒီနိတ်များကို ကြည့်ရန် စခရင်မရှိပဲ ဒီဂျစ်တယ်ပြုလုပ်သည့် နည်းလမ်း။
ကိုးကား – wiki.gis.com
BLOB
binary large object ၏ အတိုကောက်အသုံးဖြစ်သည်။ ဒေတာဘေ့စ်တစ်ခုထဲတွင် သိမ်းဆည်းထားသော ရုပ်ပုံ၊ အသံဖိုင် သို့မဟုတ် ဂျီဩမေတြီပုံ ကဲ့သို့သော ကြီးမားသောဒေတာအစုတစ်ခုဖြစ်သည်။ ဒေတာဘေ့စ်သည် BLOB ၏ဖွဲ့စည်းတည်ဆောက်ပုံကိုမဖတ်နိုင်ဘဲ ၎င်း၏ အရွယ်အစားနှင့် တည်နေရာအားဖြင့်သာ ၎င်းကို ရည်ညွှန်းသည်။
ကိုးကား – wiki.gis.com
block
ArcGISတွင် ချုံ့ထားသော geodatabase အရာဝတ္ထုအတန်းအစား သို့မဟုတ် ဇယားတွင် အတူတကွသိမ်းဆည်းထားသည့် မှတ်တမ်းအုပ်စုတစ်စုဖြစ်သည်။ ချုံ့ထားသောအချက်အလက်များကို blockများသို့ ပြောင်းရွေ့ရန်စီစဉ်ခြင်းဖြင့် ရှာဖွေထုတ်ပေးခြင်း (query) လုပ်ငန်းစွမ်းဆောင်ရည်ကိုပို၍ကောင်းမွန်စေရန် ကူညီသည်။
ကိုးကား – wiki.gis.com
block attribute
CADတွင် အရာဝတ္ထု(object)တစ်ခုအဖြစ် သတ်မှတ်နိုင်ရန် ဆက်စပ်မှုရှိသည့် အရာဝတ္ထုများ စုစည်းထားမှု။
ကိုးကား – wiki.gis.com
block group
သန်းခေါင်စာရင်း အကွက်များ ပေါင်းထားသည့် အမေရိကန် သန်းခေါင်စာရင်း ပထဝီဝင် ယူနစ်တစ်ခု။ ကွက်စု block group တစ်ခုသည် အမေရိကန် သန်းခေါင်စာရင်းဗျူရိုက အစီရင်ခံစာ တွင် လူဦးရေ စာရင်းအင်း အပြည့်အစုံကို ဖော်ပြသည့် အသေးငယ်ဆုံးယူနစ် ဖြစ်သည်။ ကွက်စု block groupတစ်ခုလျှင် နေထိုင်သူ ၇၀၀ ခန့် ရှိသည်။ block groupတစ်ခုသည် သန်းခေါင်စာရင်း နယ်တစ်ခု၏ အပိုင်းတစ်ပိုင်းဖြစ်သည်။
ကိုးကား – wiki.gis.com
blocking
ArcGIS ရှိ Geocoding indexing process တစ်ခုဖြစ်သည်။ ၎င်းလုပ်ငန်းစဉ်သည် င်စစ်ဆေးရန်လိုအပ်သည့် ဖြစ်နိုင်ခြေရှိသော တွေ့ရှိမှုအရေအတွက်ကို လျော့ချပေးသည်။
ကိုးကား – wiki.gis.com
blunder
မြေတိုင်းပညာရပ်တွင် စာရင်းအင်းနည်းအရ စစ်ဆေးသိနိုင်သည့် အမှားပါသည့်တိုင်းတာမှုတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
bookmark
လက်ရှိအသုံးပြုနေသောမြေပုံ၏မြင်ကွင်း၊ မြေပုံ နေရာနှင့်အကျယ်အဝန်းအတိုင်းအတာ (extent)၊ အသုံးပြုလျက်ရှိသော အလွှာများ (layers) နှင့် ပုံစံများ (styles) အား နောင်တချိန်အသုံးပြုရန်အတွက် သိမ်းဆည်းထားသော short cut တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
boolean algebra
Boolean မှန်/မှား အက္ခရာသင်္ချာသည် AND၊ OR သို့မဟုတ် NOT တို့ ပါဝင်သော အခြေအနေများဖြစ်ပြီး၊ features များကို အက္ခရာသင်ချာဆိုင်ရာ အခြေအနေများ(conditions)အသုံးပြုပြီး ရွေးချယ်ရာတွင်အသုံးပြုသည်သည်။
ကိုးကား – gisgeography.com
border arcs – နယ်နိမိတ်မျဉ်းများ
ဗဟုဂံ/ ဧရိယာ (polygon) တစ်ခု အနားသတ် နယ်နိမိတ်မျဉ်း ဖြစ်သည်။
ကိုးကား – wiki.gis.com
boundary – နယ်နိမိတ်
နိုင်ငံများ (သို့မဟုတ်) ခရိုင်များကဲ့သို့သော ကပ်လျက်ရှိသည့် နယ်နိမိတ်များ၊ မြေကွက်များကဲ့သို့သော ကပ်လျက်ရှိသည့် ပုဂ္ဂလိကပိုင်မြေများ၊ (သို့မဟုတ်) ဂေဟစနစ်ကဲ့သို့သော ကပ်လျက်ရှိသည့် ပထဝီဝင်ဆိုင်ရာဇုန်များအား ပိုင်းခြားထားသော မျဉ်းတစ်ကြောင်းဖြစ်သည်။ နယ်နိမိတ် မျဉ်းတစ်ကြောင်းသည် မြစ်များ၊ တောင်များ (သို့မဟုတ်) နံရံများကဲ့သို့သော မြေမျက်နှာသွင်ပြင်လက္ခဏာများနှင့်တစ်ထပ်တည်း ရှိသည့်နေရာရှိပြီး ယင်းလက္ခဏာများနှင့် ထပ်တူမကျသည့်အခါလည်း ရှိမည်ဖြစ်သည်။
ကိုးကား – wiki.gis.com
boundary monument – နယ်နိမိတ်အမှတ်အသား
နယ်နိမိတ်တစ်ခု အပေါ်တည့်တည်သို့မဟုတ် အနီးအနားတွင် တည်နေရာတိကျစွာတိုင်းတာထားသော အမှတ်အသား အရာဝထ္ထုတစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
boundary survey – နယ်နိမိတ်တိုင်းတာခြင်း
မြေကွက်တစ်ကွက်၏ ပိုင်ဆိုင်မှု/နယ်နိမိတ်မျဉ်းများ နှင့် ထောင့်အမှတ်အသားများ ကိုဖော်ပြသော မြေပုံတစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
breakline – လျောစောက်အဆုံးသတ်လိုင်း
TIN တစ်ခုရှိ လျှောစောက်မျက်နှာပြင်ရုတ်ချည်းပြောင်းလဲသည့်နေရာကို ကိုယ်စားပြုသည့် လိုင်းဖြစ်သည်။ ဥပမာ တောင်ကျောအလည်ရိုး၊ လမ်း၊ သို့မဟုတ် ချောင်း စသည်တို့ကဲ့သို့ဖြစ်သည်။ ထင်ရှားသောအဟန့်အတားကို ကိုယ်စားပြုသည့် မျဉ်း။ TIN တွင် မည်သည့် တြိဂံမှ ဘရိတ်လိုင်းကို ကျော်ပြီးအရှိနိုင်ပါ။ တနည်းအားဖြင့် ဘရိတ်လိုင်းများကို တြိဂံအနားစွန်းများအဖြစ်ရှိနေစေခြင်းဖြစ်သည်။ ဘရိတ်လိုင်းတစ်လျှောက်ရှိ (z) တန်ဖိုးသည် ကိန်းသေ သို့မဟုတ် ကိန်းရှင် ဖြစ်နိုင်ပါသည်။
ကိုးကား – wiki.gis.com
buffer – ကြားခံနယ်
မြေပုံပေါ်ရှိ အရာ တစ်ခု ပတ်လည် ရှိ ဇုန်တစ်ခုဖြစ်ပြီး အကွာအဝေး သို့မဟုတ်အချိန်ယူနစ်ဖြင့် တိုင်းတာသည် ။ ကြားခံနယ်သည် ထိစပ်မှုများအား ခွဲခြမ်းစိတ်ဖြာခြင်းအတွက် အသုံးဝင်ပါသည်။
ကိုးကား – wiki.gis.com
bug – အပြစ်
ကွန်ပြူတာပရိုဂရမ်တစ်ခု (သို့မဟုတ်) ကွန်ပြူတာစက်ပစ္စည်းတစ်ခုတွင်ရှိ ချို့ယွင်းချက်တစ်ခု (သို့မဟုတ်) အမှား ဖြစ်သည်။ ၎င်းကြောင် ကွန်ပြူတာသည်မျှော်မှန်းထားသလို မတွက်ချက်တွက်နိုင်တော့ပါ။
ကိုးကား – wiki.gis.com
build – တည်ဆောက်ခြင်း
ArcGIS တွင် ကွန်ရက်စနစ်တစ်ခုတည်ဆောက်ခြင်းလုပ်ငန်းစဉ်ဖြစ်သည်။ ဂျီသြမေတြစ် ကွန်ရက်များတည်ဆောက်ခြင်းလုပ်ငန်းစဉ်တွင် ဆက်သွယ်ချိတ်ဆက်မှုများစတင်ခြင်း၊ ကွန်ရက်တွင် အင်္ဂါရပ်များဖန်တီးခြင်း၊ သဘာဝကျသောကွန်ရက်ဇယားများကို ဖန်တီးခြင်း စသည်တို့ပါဝင်သည်။ ကွန်ရက်dataset များအတွက်အသုံးပြုသည့်ကွန်ရက်တည်ဆောက်ခြင်းလုပ်ငန်းစဉ်များတွင် ဆက်သွယ်ချိတ်ဆက်မှုများစတင်ခြင်း၊ ကွက်ရက်အတွင်းစိတ်အပိုင်းများကိုဖန်တီးခြင်း၊ နှင့် ကွက်ရက်အတွင်းဇယားများ၏တန်ဖိုးသတ်မှတ်ခြင်း စသည်တို့ပါဝင်သည်။
ကိုးကား – wiki.gis.com
build parcel
Survey Analyst – Cadastral Editor တွင် အကူမျဉ်းများ၊ တရားဝင်မှတ်တမ်းများ မှ မြေကွက်တစ်ခုကို ဖန်တီးပေးနိုင်သော တည်းဖြတ်လုပ်ငန်းသုံး ခိုင်းစေချက် တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
Builder
အကြောင်းအရာ ဖန်တီးခြင်း၊ ပြန်လည်ပြင်ဆင်မွမ်းမံခြင်းနှင့် ထုတ်လွှင့်ခြင်းဝန်ဆောင်မှုများအတွက် Web tool တစ်ခုဖြစ်သည်။ ArcWeb Services Web site မှတဆင့် Builder ကိုဝင်ရောက်အသုံးပြုနိုင်သည်။
ကိုးကား – wiki.gis.com
Bundle adjustment
Bundle adjustments ဖြင့် မြင်ကွင်းမျိုးစုံတွင်ပါဝင်နေသော 3D အမှတ်များပါ ပုံအစုတစ်ခု ရှိ ဂျီဩမေတြီပုံ ပုံပျက်ယွင်းမှုများကို ဖယ်ရှားပေးသည်။ ယင်းသို့လုပ်ဆောင်ရာတွင် အရိပ်ချတွက်ချက်မှုပြုလုပ်စဉ်အတွင်းတိုင်းတာရရှိထားသော ပုံအမှတ်များနှင့် ခန့်မှန်းတွက်ချက်ထားသော ပုံအမှတ်များကား ကွာချားချက်ကို အနည်းဆုံးဖြစ်အောင်ပြုလုပ်ပေးသည်။
ကိုးကား – gisgeography.com
bus
ကွန်ပြူတာမှတ်ဉာဏ်နှင့် အရံပစ္စည်းကဲ့သို့ ကွန်ပြူတာတစ်ခု၏ အစိတ်အပိုင်းများ အကြား ဆက်သွယ်ချိတ်ဆက်ပေးသည့် ပစ္စည်းများ (conductors) ဖြစ်သည်။
ကိုးကား – wiki.gis.com
button – ခလုတ်
မောက်စ်ဖြင့်နှိပ်သောအခါ လုပ်ဆောင်ချက်တစ်ခု၊ လုပ်ဆောင်ချက်အတွဲ (macro) သို့မဟုတ် ဖန်တီးထားသော ကုဒ် (custom code) ကို လုပ်ဆောင်စေသည့် ညွှန်ကြားချက်တစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
byte – ဘိုက်
ကွန်ပျူတာတစ်ခုအတွင်းရှိ ဒေတာ သိမ်းဆည်းရာတွင် အသေးဆုံး ဖော်ပြနိုင်သော ယူနစ်တစ်ခု။ ၎င်းသည် 8 bit နှင့်ညီမျှပြီး အက္ခရာတစ်လုံးကို သိမ်းဆည်းနိုင်သည်။
ကိုးကား – wiki.gis.com
