C
အသုံးများ၍ ပြုပြင်ပြောင်းလဲရလွယ်ကူသော programming ဘာသာစကားတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
C/A code
အရပ်ဖက်သုံး GPS ဖမ်းစက်ကိရိယာများစု အသုံးပြုလေ့ရှိသော စံထား PRN သင်္ကေတအချက်ပြလှိုင်း။
ကိုးကား – wiki.gis.com
C++
Cnflicto မှတိုးချဲ့ထားသော object-oriented programming ဘာသာစကားတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
C4I
ကာကွယ်ရေးတွင် အမိန့်ပေးခြင်း(command)၊ ထိန်းချုပ်ခြင်း(control)၊ ဆက်သွယ်ခြင်း(communication)၊ ကွန်ပျူတာများ(computers) နှင့် သတင်းအချက်အလက်(information)များကို ထောက်ပံ့ပေးသည့် ကွန်ပျူတာပရိုဂရမ်တစ်ခု (သို့မဟုတ်) စနစ်တစ်ခုကို ဖော်ပြသည့် အတိုကောက်စာလုံးတစ်လုံး ဖြစ်သည်။
ကိုးကား – wiki.gis.com
CAD – ကဒ်
computer-aided design ၏ အတိုကောက်။ ဒီဇိုင်းရေးဆွဲရန်နှင့် ဂရပ်ဖစ်သတင်းအချက် အလက်များကို ပြသရန် ကွန်ပျူတာကိုအခြေခံထားသော စနစ်။ အင်ဂျင်နီယာလုပ်ငန်းများ၊ စီမံကိန်းရေးဆွဲခြင်းနှင့် သရုပ်ဖော်ပြခြင်းတို့ကို အထောက်အကူ ပြုရာတွင် ကွန်ပျူတာဖြင့် ရေးဆွဲသော ၎င်းစနစ်များကို ယေဘုယျအားဖြင့် အသုံးပြုလေ့ရှိသည်။
ကိုးကား – wiki.gis.com
CAD datset – ဒေတာအစု
geodatabase-enforced schema တွင်ရှိသော CAD ဖိုင်ကို ကိုယ်စားပြုသည်။ CAD feature dataset တွင် points, polylines, polygons, multipatch နှင့် annotation စသည့် ဖတ်ခွင့်သာရှိသည့် အရာ ၅ မျိုး ပါဝင်ပါသည်။ ArcGIS မှ လက်ခံနိုင်သော ဖိုင်များ တွင် DWG (AutoCAD), DXF (AutoDesk Drawing Exchange Format) နှင့် DGN (Microstation file format) တို့ပါဝင်ပါသည်။
ကိုးကား – wiki.gis.com
CAD drawing – CAD ဖြင့်ဆွဲထားသည့်ပုံ
CAD စနစ်ကို အသုံးပြုပြီး ဖန်တီးထားသော ဒီဂျစ်တယ်စနစ် ပုံ၊ ပုံကားချပ်၊ ရုပ်ပုံ (သို့မဟုတ်) စနစ်ပြပုံ များဖြစ်ပါသည်။
ကိုးကား – wiki.gis.com
CAD drawing dataset
Display တစ်ခုပါသော မည်သည့် ArcGIS အပ်ပလီကေးရှင်းတွင်မဆိုကြည့်ရှုနိုင်သည့် CAD ဖိုင်တစ်ခုလုံးကို ပုံဖြင့် ကိုယ်စားပြုခြင်းဖြစ်သည်။ CAD drawing dataset သည် feature မျိုးစုံပါသည့် vector ဒေတာအမျိုးအစား တစ်ခုဖြစ်သည်။ ၎င်းတွင် သင်္ကေတများသည် မူလ CAD အပ်ပလီကေးရှင်းတွင်ပြသည်သကဲ့သို့ တုပ၍ ဖော်ပြပေးထားသည်။ CAD drawing dataset များ၏ ဂရပ်ဖစ်ဂုဏ်သတ္တိများကို ဖော်ထုတ်နိုင်သော်လည်း feature ကိုအခြေခံသည့် အချက်အလက်ဆွဲထုတ်ခြင်း သို့မဟုတ်ခွဲခြမ်းစိတ်ဖြာမှုအတွက် အသုံးမပြုနိုင်ပါ။
ကိုးကား – wiki.gis.com
CAD feature class
points, polylines, polygons, multipatch နှင့် annotation စသည်တို့အနက်မှ တစ်ခုပါဝင်သော CAD feature dataset၏ တည်းဖြတ်ခွင့်မရှိသည့် အမျိုးအစားတစ်မျိုးဖြစ်သည်။ CAD feature class ၏ feature attribute table သည်ရွေးချယ်ထားသော CAD ဂရပ်ဖစ်ဂုဏ်သတ္တိများနှင့်ရှိပြီးသား field attribute တန်ဖိုးများပါဝင်သော virtual table တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
CAD feature dataset
geodatabase-enforced schema တွင်ရှိသော CAD ဖိုင်တစ်ခုကို ကိုယ်စားပြုသော feature ဖြစ်သည်။ CAD feature dataset တွင် points, polylines, polygons, multipatch နှင့် annotation စသည့် တည်းဖြတ်ခွင့်မပြူသည့် feature class ၅ မျိုး ပါဝင်ပါသည်။ ArcGIS မှ ဖွင့်နိုင်သော ဖိုင်များတွင် (AutoCAD), DXF (AutoDesk Drawing Exchange Format) နှင့် DGN (MicroStation file format) တို့ပါဝင်ပါသည်။
ကိုးကား – wiki.gis.com
CAD file – CAD ဖိုင်
CAD စနစ်ကို အသုံးပြုပြီး ဖန်တီးထားသော ဒီဂျစ်တယ်စနစ် ပုံ၊ ပုံကားချပ်၊ ရုပ်ပုံ သို့မဟုတ် စနစ်ပြပုံ များဖြစ်ပါသည်။CAD ဖိုင် များသည် CAD dataset, feature dataset, feature classes များအတွက် ဒေတာအရင်းအမြစ်များဖြစ်ကြပါသည်။ ။ArcGIS မှ လက်ခံနိုင်သော ဖိုင်များ တွင် (AutoCAD), DXF (AutoDesk Drawing Exchange Format) နှင့် DGN (Microstation file format) တို့ပါဝင်ပါသည်။ CAD ဖိုင်ကို ArcCatalog တွင် CAD feature dataset, CAD drawing dataset တို့ဖြင့်ဖော်ပြထားသည်။
ကိုးကား – wiki.gis.com
CAD layer
CAD ဒေတာအစုတစ်စုကို ရည်ညွှန်းသော အလွှာတစ်ခုဖြစ်သည်။ CAD ဒေတာသည် feature အမျိုးအစားစုံ ပါဝင်နေသော vector data ဖြစ်သည်။ CAD အလွှာ အမျိုးအစားနှစ်မျိုးရှိနိုင်သည်- CAD ဖိုင်တစ်ခုလုံး ကို ကိုယ်စားပြုသည့် မြေပုံအလွှာတစ်ခု နှင့် ဒေတာများကို ဂျီသြမေတြီအမျိုးအစားအလိုက် စုစည်းထားသည့် CAD feature အလွှာတို့ ဖြစ်ကြသည်။
ကိုးကား – wiki.gis.com
CAD staging geodatabase
Input CAD ပုံများစုစည်းမှု တစ်ခုမှ သတ်မှတ်ထားသည့် schema တစ်ခု၏ ညှိထားသည့် ပုံသေ feature classes နှင့် ဒေတာဇယားများဖြစ်သည်။
ကိုးကား – wiki.gis.com
cadastral fabric
Survey Analyst – Cadastral Editor တွင် မြေကွက်များ ချိတ်ဆက်နေသည့် ကွန်ယက်တစ်ခုဖြစ်သည်။ မြေကွက်များကို မျဉ်းများ၊ မြေကွက်အမှတ်များ နှင့် မြေကွက်ဗဟုဂံများဖြင့် ကိုယ်စားပြု ဖော်ပြပါသည်။ မြေကွက်ဖွဲ့စည်းပုံစံတွင် ပါသည့် ဆက်စပ်ပုံ တွင် မျှဝေအသုံးပြုထားသည့် သို့မဟုတ် ဘုံတူညီသော feature အမှတ်များ ပါဝင်သည်။
ကိုးကား – wiki.gis.com
cadastral fabric accuracy levels
Survey Analyst – Cadastral Editor တွင် least-squares adjustment တစ်ခုမှ ရရှိလာသော ကိုဩဒီနိတ်များအပေါ်မျဉ်းကြောင်းတစ်ခုက မည်မျှလွှမ်းမိုးမှုရှိသည်ကို ဖော်ပြသည့် မျဉ်းတစ်ကြောင်းကို သတ်မှတ်ပေးသော နံပါတ်တစ်ခုဖြစ်သည်။ တိကျမှုအဆင့် မြင့်သောမျဉ်းတစ်ကြောင်းသည် တိကျမှုအဆင့် နိမ့်သောမျဉ်းတစ်ကြောင်းထက် လွှမ်းမိုးမှု ပိုရှိမည်ဖြစ်သည်။ မြေကွက်ဖွဲ့စည်းမှုပုံစံရှိ တိကျမှုအမြင့်ဆုံးအဆင့်သည် ‘၁’ ဖြစ်သည်။
ကိုးကား – wiki.gis.com
cadastral fabric history
Survey Analyst – Cadastral Editorတွင်ပါသည့် မြေကွက်ဖွဲ့စည်းမှုပုံစံ၏ ဥပဒေနှင့် စနစ်ဆိုင်ရာ ပြောင်းလဲမှုမှတ်တမ်း။
ကိုးကား – wiki.gis.com
cadastral fabric job
Survey Analyst – Cadastral Editorတွင် least-squares adjustment နှင့် တည်းဖြတ်ခြင်းအတွက် မြေကွက်ဖွဲ့စည်းမှုပုံစံမှ ဆွဲထုတ်ထားသော မြေကွက်များစုစည်းမှုတစ်ခုဖြစ်သည်။ မြေကွက်ဖွဲ့စည်းမှုပုံစံထဲရှိ မြေကွက်များ တည်းဖြတ်ခြင်းကို မြေကွက်ဖွဲ့စည်းမှုပုံစံဆိုင်ရာအလုပ်များဖြင့်သာ အမြဲ လုပ်ဆောင်ပါသည်။
ကိုးကား – wiki.gis.com
cadastral fabric layer
Survey Analyst – Cadastral Editorတွင် မြေကွက်ဖွဲ့စည်းမှုပုံစံတစ်ခု၏ မြေပုံဖြင့်ကိုယ်စားပြုမှုဖြစ်ပြီး ပြသနိုင်သော ဂုဏ်သတ္တိများကို မြေကွက်ဖွဲ့စည်းမှုပုံစံအား ကိုယ်စားပြုသော ArcMap ရှိအလွှာတစ်ခုအဖြစ် သတ်မှတ်နိုင်ရန်အတွက် အသုံးပြုသည်။
ကိုးကား – wiki.gis.com
cadastral fabric line point
Survey Analyst – Cadastral Editorတွင် ကပ်လျက်ရှိသည့် မြေကွက်နယ်နိမိတ်မျဉ်းပေါ်တွင် ထိုမျဉ်းကို မပိုင်းခြားဘဲ မြေကွက်၏ထောင့်တစ်ခုအား သတ်မှတ်ခွင့်ပြုသည့် အမှတ်တစ်မှတ်ဖြစ်သည်။ လိုင်းအမှတ်များသည် ၎င်းတို့၏မြေကွက်မျဉ်းများပေါ်တွင် သာရှိရန် ကန့်သတ်ထားသည်။
ကိုးကား – wiki.gis.com
cadastral fabric parcel line
Survey Analyst – Cadastral Editorတွင် အတိုင်းအတာအချက်အလက်များပါရှိသော မြေကွက်မျဉ်းတစ်ကြောင်းဖြစ်ပြီး မြေကွက်နယ်နိမိတ်များကို ကိုယ်စားပြုသည်။ မြေကွက်မျဉ်းများကို မြေကွက်ဗဟုဂံ ဖြစ်လာအောင် ဆက်ဆွဲထားပြီး မြေကွက်ဖွဲ့စည်းမှုပုံစံတွင် အမှတ်နှစ်ခုဖြင့် အမြဲချိတ်ဆက်ထားသည်။
ကိုးကား – wiki.gis.com
cadastral fabric parcel line category
Survey Analyst – Cadastral Editorတွင် မြေကွက်ဖွဲ့စည်းပုံစံရှိ မြေကွက်မျဉ်းတစ်ကြောင်းကို cadastral fabric editor ထဲတွင် မည်သို့ စီမံခန့်ခွဲသည်ကို သတ်မှတ်သည့် မျဉ်းအမျိုးအစား တစ်မျိုးဖြစ်သည်။ ဥပမာအားဖြင့် ဆက်စပ်မျဉ်းများကို စီမံခန့်ခွဲမှုသည် နယ်နိမိတ်မျည်းများ ကို စီမံခန့်ခွဲမှု နှင့် မတူပါ။
ကိုးကား – wiki.gis.com
cadastral fabric parcel point
Survey Analyst – Cadastral Editorတွင် အမှတ်တစ်မှတ်သည် မြေကွက်ထောင့်တစ်ခု သို့မဟုတ် ဆက်မျဉ်းတစ်ကြောင်း၏အဆုံးကို ကိုယ်စားပြုသည်။ မြေကွက်အမှတ်တစ်မှတ်တွင် တွက်ချက်ရရှိထားသည့် x- နှင့် y- ကိုဩဒီနိတ်များ အမြဲရှိသည်။
ကိုးကား – wiki.gis.com
cadastral fabric sublayer
Survey Analyst – Cadastral Editorတွင်မြေကွက်ဖွဲ့စည်းပုံ၏ အစိတ်အပိုင်းဖြစ်သော အတွင်းပိုင်း feature class တစ်ခု ဖြစ်သည်။ Cadastral Fabric sublayers များတွင် မျဉ်းများ၊ အမှတ်များ၊ ဗဟုဂံများ၊ လိုင်းအမှတ်များနှင့် ထိန်းချုပ်အမှတ်များပါဝင်သည်။
ကိုးကား – wiki.gis.com
cadastral fabric topology
Survey Analyst – Cadastral Editorတွင် cadastral fabric data model ပါ ပြည့်စုံရှင်းလင်းစွာ ဖော်ပြထားသော ဆက်စပ်ပုံဆိုင်ရာ ဆက်နွယ်မှုများ။
ကိုးကား – wiki.gis.com
cadastral survey – မြေယာတိုင်းတာခြင်း
မြေယာပိုင်ဆိုင်မှုနှင့် အခွန်ကောက်ယူမှုဆိုင်ရာ လုပ်ငန်းများအတွက် မြေကွက်တိုင်းတာခြင်း ပြုလုပ်ခြင်း။
ကိုးကား – wiki.gis.com
cadastre – မြေယာမှတ်တမ်းစနစ်
မြေကွက်အကျယ်အဝန်းနှင့်တန်ဖိုးတို့ကို မှတ်တမ်းပြုစုထားသော တရားဝင်မှတ်တမ်း။ ပိုင်ဆိုင်မှုကို မှတ်ပုံတင်သည့်နေရာတွင်အသုံးပြုပြီး အခွန်တွက်ချက်ရာတွင်လည်း အထောက်အကူအဖြစ် သုံးသည်။
ကိုးကား – wiki.gis.com
calibration – စံကိုက်ချိန်ညှိခြင်း
ကိရိယာ ပစ္စည်းတစ်ခုဖြင့် တိုင်းတာရရှိချက်များ၏ တိကျမှုအခြေအနေကို သိရှိပြီးစံန်တစ်ခုနှင့် နှိုင်းယှဉ်ကြည့်ခြင်း။
ကိုးကား – wiki.gis.com
callout line
အရာဝတ္ထုတစ်ခု၏ တည်နေရာ နှင့် သင်္ကေတ သို့မဟုတ် အညွှန်းကြားတွင် ဆွဲသားဖော်ပြထားသည် မြေပုံပေါ်ရှိ မျဉ်းကြောင်းတစ်ခုဖြစ်သည်။ ၎င်းကို သင်္ကေတ သို့မဟုတ် အညွှန်းအတွက် ပြသရန် နေရာအလုံအလောက်မရှိသော အခါ အသုံးပြုသည်။
ကိုးကား – wiki.gis.com
camera – ကင်မရာ
ArcScene နှင့် ArcGlobe တို့တွင် မြင်ကွင်းတစ်ခု (သို့မဟုတ်) ကမ္ဘာလုံးမြင်ကွင်းရှုထောင့် ကို သတ်မှတ်သည့် အရာ။
ကိုးကား – wiki.gis.com
camera station – ကင်မရာတည်နေရာ
ကောင်းကင်ဓါတ်ပုံရိုက်ကူးရာတွင် လေယာဉ်လမ်းကြောင်းရှိ ကင်မရာမှဓါတ်ပုံရိုက်သည့် အမှတ်တစ်ခုချင်းစီကို ခေါ်သည်။
ကိုးကား – wiki.gis.com
candidate
Geocoding လုပ်ငန်းစဉ်၌ လိပ်စာတစ်ခုအတွက် ထုတ်ပေးသော လိပ်စာနှင့်ကိုက်ညီပုံရသော မှတ်တမ်းတစ်ခုဖြစ်ပါသည်။
ကိုးကား – wiki.gis.com
candidate key
relational database တွင် ဇယားထဲ၌ ပင်မသော့ချက်အဖြစ် အသုံးပြုနိုင်သည့် မည်သည့်သော့ချက်တစ်ခုကိုဆို သော့ချက်လောင်း ဟုခေါ်သည်။
ကိုးကား – wiki.gis.com
capacity
တည်နေရာ-ခွဲဝေသတ်မှတ်ခြင်းတွင် စင်တာတစ်ခုမှ ဝန်ဆောင်မှုပေးနိုင်သော၊ ဆံ့ဝင်နိုင်သော အများဆုံးလူဦးရေ (သို့မဟုတ်) အများဆုံးယူနစ်အရေအတွက်ဖြစ်သည်။
ကိုးကား – wiki.gis.com
caption – အညွှန်း
ArcGIS တွင် “စာသာသီးသန့်” နှင့် “ပုံနှင့်စာသား” စသည့် ဖေါ်ပြပေးသည့် ညွှန်ကြားချက် စာသားဖြစ်သည်။ user interface ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့်အတွက် ဖော်ပြချက်အညွှန်း/caption များကို အသုံးပြုသူကိုယ်တိုင်မှ ပြုပြင်လုပ်ဆောင်နိုင်ပါသည်။
ကိုးကား – wiki.gis.com
cardinal direction – Cardinal အရပ်မျက်နှာ
ကမ္ဘာမြေမျက်နှာပေါ်ရှိ အရပ်မျက်နှာလေးခုမှ တစ်ခု။ အရှေ့၊ အနောက်၊ တောင်၊ မြောက်။
ကိုးကား – wiki.gis.com

ပထမဆင့် ကြားအရပ်မျက်နှာ လေးခုနှင့်ဒုတိယဆင့်ကြားအရပ်မျက်နှာ ရှစ်ခုကိုဖော်ပြထားသည်။ (Credit : wikimedia)
cardinal point – cardinal အမှတ်
ကမ္ဘာမြေမျက်နှာပေါ်ရှိ အရပ်မျက်နှာလေးခုအနက်မှ တစ်ခုခု။ ၊အရှေ့၊ အနောက်၊ တောင်၊ မြောက်။
ကိုးကား – wiki.gis.com
cardinality – ဆက်စပ်မှုပုံစံ
အစု နှစ်ခုကြား ဆက်စပ်မှု သို့မဟုတ် ညီမျှမှု။ အစု များ တစ်ခုနှင့် တစ်ခု မည်ကဲ့သို့ ဆက်စပ်နေမှု။ ဥပမာ ဇယားတစ်ခုရှိ အတန်း/row တစ်ခုသည် အခြား ဇယားတစ်ခုမှ အတန်း/row သုံးခုနှင့် ဆက်စပ်နေပါက ဆက်စပ်မှုပုံစံသည် တစ်ခု မှ အများသို့ ပုံစံဖြစ်သည်။
carrier
သတင်းအချက်အလက်ထုတ်လွှင့်ရန် သင်္ကေတများကဲ့သို့ အချက်ပြမှုများပါဝင်သည့် ရေဒီယိုလှိုင်း ကဲ့သို့ လျှပ်စစ်သံလိုက် လှိုင်းတစ်မျိုးဖြစ်ပါသည်။
carrier-aided tracking
ဂြိုလ်တုမှထုတ်ပေးသော PRN ကုဒ်အား မလွတ်တန်းရယူရန် အတွက် GPS carrier signal ကို အသုံးပြုသော တွက်ချက်မှုလုပ်ငန်းစဉ်။
ကိုးကား – wiki.gis.com
carrier-phase GPS
ဂြိုလ်တုတစ်ခု၏ carrier signal ကို သုံး၍ တွက်ချက်သော GPS တိုင်းတာမှုများ။
ကိုးကား – wiki.gis.com
carrying contour
ထပ်နေသည့် ကွန်တိုမျဉ်းများစွာကို ကိုယ်စားပြုသည့် မျဉ်းတစ်ကြောင်းဖြစ်သည်။ ၎င်းကို ချောက်ကမ်းပါး၊ ဖြတ်ထုတ်ထားသောအပိုင်းများ နှင့် မြေဖို့ထားသောအပိုင်းများ ကဲ့သို့သော ဒေါင်လိုက် မြေမျက်နှာသွင်ပြင် ကို ပြသရန် အသုံးပြုသည်။
ကိုးကား – wiki.gis.com
Cartesian coordinate system – ကာတီရှန်းကိုဩဒီနိတ်စနစ်
ရေပြင်ညီအကွာအဝေးကို x-ဝင်ရိုးတလျှောက်တိုင်းတာပြီး ဒေါင်လိုက်အကွာအဝေးကို y-ဝင်ရိုးတလျှောက်တိုင်းတာသော ပြင်ညီ ကိုဩဒီနိတ်စနစ်။ မျက်နှာပြင်ပေါ်ရှိ အမှတ်တစ်ခုချင်းစီကို x,y ကိုဩဒီနိတ်များဖြင့် သတ်မှတ်ပါသည်။ ကာတီးရှန်းကိုဩဒီနိတ်မျက်နှာပြင်ပေါ်တွင် အကွာအဝေး၊ ဧရိယာနှင့် ဦးတည်ရာ နှိုင်းရတိုင်းတာမှုများသည် တစ်တမတ်တည်းဖြစ်ကြပါသည်။ ကာတီးရှန်း ကိုဩဒီနိတ်စနစ်သည် သင်္ချာပညာနှင့် အတွေးအခေါ်ပညာရှင် ပြင်သစ်လူမျိုး René Descartes (၁၅၉၆-၁၆၅၀) အတွက် နာမည်ပေးထားခြင်းဖြစ်ပါသည်။
ကိုးကား – wiki.gis.com

ကိုဩဒီနိတ်များ စာထိုးပြထားသည်။ (Credit : wikimedia)
cartogram – မြေပုံ
ပထဝီဝင်နယ်မြေများကို အချက်အလက်တစ်ခု၏ တန်ဖိုးအရ အချိုးကျပုံဖော်ပြထားသော ပုံတစ်ခု (သို့မဟုတ်) သဘောတရားပြ မြေပုံတစ်ခု။
ကိုးကား – wiki.gis.com
cartographer
အနုပညာနှင့် သိပ္ပံပညာကို အသုံးပြု ပြီး ကမ္ဘာ၏ သဘာဝနှင့် လူမှု့ဘဝ အရာဝတ္ထုများကို မြေပုံများမှတစ်ဆင့် သရုပ်ဖော်ပြသ သောသူ ဖြစ်သည်။
ကိုးကား – wiki.gis.com
cartographic generalization – မြေပုံကို ရှင်းလင်းအောင်ပြုလုပ်ခြင်း
သတ်မှတ်စကေးတစ်ခု တွင် မြေပုံပေါ်တွင် ရှုပ်ပွမနေရန် နှင့် ဖတ်ရ ရှင်းလင်းရန် အတွက် အရာဝတ္ထုတို့၏ ပုံသဏ္ဌာန်ကို ရှင်းလင်းအောင်ပြုလုပ်ခြင်း၊ အရေအတွက် အရွယ်အစား လျော့ချခြင်း နှင့် သင်္ကေတများဖြင့် တင်စားဖော်ပြခြင်းတို့ ပြုလုပ်ခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
cartography – မြေပုံရေးဆွဲခြင်းဘာသာရပ်
ပုံမှန်အားဖြင့် ကမ္ဘာပေါ်ရှိ သဘာဝနှင့် လူမှုရေးဆိုင်ရာ လက္ခဏာအမှတ်အသားများကို မြေပုံပေါ်တွင် ဂရပ်ဖစ်များဖြင့်ဖော်ပြသော အနုပညာ(ဝိဇ္ဇာ)နှင့် သိပ္ပံပညာရပ်။
ကိုးကား – wiki.gis.com
cartometry
Cartometry သည် တည်နေရာဆိုင်ရာတိကျမှု မြင့်မားသည့် အရာဝတ္ထုများအား ပုံဖော်ခြင်းနှင့်သက်ဆိုင်သော မြေပုံရေးဆွဲခြင်းဘာသာရပ်၏ အစိတ်အပိုင်းဖြစ်သည်။ ကမ်းရိုးတန်းအလျား၊ နိုင်ငံများ၏ ဧရိယာ၊ ထုထည်၊ မျက်နှာပြင်အစောင်းများနှင့် သိပ်သည်းဆများကို တိုင်းတာခြင်းများပါဝင်သည်။
ကိုးကား – gisgeography.com
cartouche
များသောအားဖြင့် မြေပုံ၏ခေါင်းစဉ်ပတ်လည်တွင် တန်ဆာဆင်ထားသော ဘောင်တစ်ခု။ Cartouches များကို မျက်မှောက်ခေတ် မြေပုံများတွင် အသုံးပြုခဲပါသည်။
ကိုးကား – wiki.gis.com
Cascading Style Sheets
HTML သို့မဟုတ် XML အမျိုးအစားဖိုင်တစ်ခုကို ပြသမှုပုံစံ သို့မဟုတ် တင်ပြရန်ပုံစံကို သတ်မှတ်ပေးသည့် စံချိန်စံညွှန်းတစ်ခုဖြစ်သည်။ stlye အချက်အလက်များတွင် စာလုံးအရွယ်အစား၊ နောက်ခံအရောင်၊ စာသားညှိမှု နှင့် အနားသတ်များပါဝင်သည်။ style sheets များစွာကို ယခင်စတိုင်များတွင်၊ ပေါင်းထည့်ခြင်း သို့မဟုတ် လွှမ်းမိုးပယ်ဖျက်ခြင်းနည်းများဖြင့် အသုံးပြုနိုင်သည်။ World Wide Web Consortium သည် CSS စံချိန်စံညွှန်းကို ထိန်းသိမ်းထားသည်။
ကိုးကား – wiki.gis.com
CASE – computer-aided software engineering အတွက် အတိုကောက်စာလုံး
software ဖန်တီခြင်း နှင့် ပြုပြင်ထိန်းသိမ်းခြင်းကို အကူညီပေးသော မည်သည့်softwareမဆို ဖြစ်သည်။ အထူးသဖြင့် လေ့လာဆန်းစစ်မှုနှင့် ဒီဇိုင်းများတွင်ဖြစ်သည်။ code လိုင်းများစွာ လိုအပ်လေ့ရှိသော ရှုပ်ထွေးသော လုပ်ငန်းများကို CASE UI များ နှင့် codeရေးပေးသည့် စက်များ ဖြင့်လွယ်ကူ ရိုးရှင်း အောင်ပြုလုပ်ပေးသည်။
ကိုးကား – wiki.gis.com
catalog tree
ArcCatalog တွင် ဖိုလ်ဒါချိတ်ဆက်မှုများ၏ အဆင့်အဆင့်လိုက်မြင်ကွင်းတစ်ခုဖြစ်။ ၎င်းသည် local disks သို့မဟုတ် network တစ်ခုပေါ်တွင် သိမ်းဆည်းထားသော GIS ဒေတာများသို့ ဝင်ရောက်နိုင်ရန် ပံ့ပိုးပေးခြင်းပြီး၊ အသုံးပြုသူများအား ဒေတာဘေ့စ်များနှင့် GIS ဆာဗာများသို့ ချိတ်ဆက်မှုများကို စီမံခန့်ခွဲရန် ခွင့်ပြုပေးသည်။
ကိုးကား – wiki.gis.com
catchment – ရေဝင်/ရေဆင်းဧရိယာ
ရေထွက်ပေါက်တစ်ခုတည်းသို့ ရေများစုစည်းစီးဆင်းသည့် မြေဧရိယာအားလုံး ပါဝင်သော ချိုင့်ဝှမ်းတစ်ခု ကဲ့သို့ဖြစ်နေသော မြေပြင်ဒေသ။
ကိုးကား – wiki.gis.com

မျဉ်းအစက်များသည် ရေဆင်းဧရိယာ၏နယ်နိမိတ်ဖြစ်သည်။ (Credit : wikimedia)
categorical raster – အမျိုးအစားပြ raster
raster တစ်ခု သည် အဓိကအားဖြင့် ဖော်ပြချက်များ၊ အတန်းအစားများ၊ အမျိုးအစားများ စသည့်အချက်အလက်များ ၏ နယ်နမိတ်ထင်ရှားသော ဖြစ်စဉ် ကို ကိုယ်စားပြုဖော်ပြပေးသည်။ ယေဘုယျအားဖြင့် ဆဲလ်တန်ဖိုးများအတွက် ကိန်းပြည့်များကို အသုံးပြုသည်။ ဥပမာအားဖြင့် မြေယာဖုံးလွှမ်းမှု raster တစ်ခုတွင် တန်ဖိုး 1 သည် သစ်တောမြေ၊ တန်ဖိုး 2 သည် မြို့ပြမြေ စသည်တို့ကို ကိုယ်စားပြုနိုင်သည်။ တန်ဖိုးတစ်ခုစီသည် ဆဲလ်၏ဧရိယာတစ်ခုလုံးကို အပြည့် ကိုယ်စားပြုသည့် ဖြစ်စဉ်ဟု ယူဆပါသည်။ မြေယာအသုံးပြုမှု၊ နိုင်ငံရေးနယ်နိမိတ်များ သို့မဟုတ် ပိုင်ဆိုင်မှုကို ကိုယ်စားပြုသည့် Raster များသည် ထင်ရှားကွဲပြားသည့် ဥပမာများဖြစ်သည်။
ကိုးကား – wiki.gis.com
category
ArcWeb Serviceတွင် ဒေတာအသုံးပြုပင်မအကြောင်းအရာ ကိုပြသပေးသည့် Classများ၊ ဒေတာရင်းမြစ်များ၊ Layerများနှင့် ဒေတာဖိုင်များကဲ့သို့ ဆက်စပ်သည့်အရာများကို စုစည်းထားသော စုစည်းမှုတစ်ခုဖြစ်ပြီး ၎င်းသည် ပုံဖြင့်ဖော်ပြခြင်း၊ လမ်းကြောင်းပြခြင်းတို့ဖြင့် ကူညီပံ့ပိုးပေးသည်။ အုပ်ချုပ်မှု၊ ယဉ်ကျေးမှုနှင့် မြေပြင်အနိမ့်အမြင့်များသည် ArcWeb Serviceရှိ Category နမူနာများဖြစ်သည်။
ကိုးကား – wiki.gis.com
CATID
Component Category ID ၏ အတိုကောက်စာလုံးဖြစ်သည်။ အတူတကွအုပ်စုဖွဲ့ရန်အတွက် တစ်နေရာတည်းရှိ ဆက်စပ်နေသော COM classes များအား သတ်မှတ်ထားသော ထပ်တူနှစ်ခုမရှိသည့်စာသားတစ်ခုဖြစ်သည်။ CATID တစ်ခုသည် Globally Unique Identifier (GUID) ၏ အမျိုးအစားတစ်မျိုးဖြစ်သည်။
ကိုးကား – wiki.gis.com
cell selection – ဆဲလ်များ ရွေးချယ်ခြင်း
စိတ်ကြိုက် ဆဲလ်များကိုရွေးချယ်ခြင်းလုပ်ငန်းစဉ် သို့မဟုတ် SQL query ကိုအသုံးပြုပြီး ဆဲလ်များကိုရွေးချယ်ခြင်းလုပ်ငန်းစဉ်။
ကိုးကား – wiki.gis.com
cell – ဆဲလ်
raster ဒေတာထဲတွင်ရှိသော အသေးဆုံးအချက်အလက် ယူနစ်ဖြစ်ပြီး ပုံမှန်အားဖြင့် စတုရန်းပုံသဏ္ဍာန် ရှိပါသည်။ မြေပုံ သို့မဟုတ် GIS ဒေတာအစုအဖွဲ့ထဲတွင် cell(ဆဲလ်)တစ်ကွက်ချင်းစီသည် ကမ္ဘာမြေကြီး၏ အစိတ်အပိုင်းကို စတုရန်းမီတာ သို့မဟုတ် စတုရန်းမိုင် စသည်ဖြင့် ကိုယ်စားပြုပြီး များသောအားဖြင့် မြေဆီလွှာအမျိုးအစား သို့မဟုတ် အပင်အမျိုးအစားတို့နှင့် ဆက်စပ်သော ရည်ညွှန်းဖော်ပြချက်တန်ဖိုးများ ပါရှိပါသည်။
ကိုးကား – wiki.gis.com
cell size – ဆဲလ် အရွယ်အစား
Raster ဖိုင်တစ်ခုတွင်ပါသော ဆဲလ်တစ်ခု၏ မြေပြင်အတိုင်းအတာပမာဏများ (မြေပုံယူနစ်များဖြင့် တိုင်းတာသည်။) ဆဲလ်အရွယ်အစားကို pixel အရွယ်အစားအနေဖြင့်လည်း အများအားဖြင့် အသုံးပြုကြသည်။
ကိုးကား – wiki.gis.com
cell statistics – ဆဲလ်စာရင်းအင်းအချက်အလက်များ
input raster များ၏ တစ်နေရာတည်းရှိ ဆဲလ်တစ်ခုစီ၏ တန်ဖိုးများကို အခြေခံထားသော output raster တစ်ခု၏ ဆဲလ်တစ်ခုချင်းစီအတွက် စာရင်းအင်းအချက်အလက်ကို တွက်ချက်သော ArcGIS Spatial Analyst လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
center
စက်ဝိုင်း သို့မဟုတ် စက်လုံး ၏ ဗဟိုအမှတ်။ စက်ဝိုင်းအနားစွန်း သို့မဟုတ် စက်လုံးမျက်နှာပြင် ပေါ်ရှိ အမှတ်များအားလုံးမှ တူညီသောအကွာအဝေးတွင်ရှိသည်။
ကိုးကား – wiki.gis.com
centerline – ဗဟိုမျဉ်း
မြစ်ချောင်း နှင့် လမ်း ကဲ့သို့သော ပထဝီဆိုင်ရာ အသွင်ပြင် ရာများ ကို ဗဟုဂံဖြင့် ကိုယ်စားပြုဖော်ပြနိုင်သော စကေးတွင် ယင်းတို့၏အလယ်တစ်လျောက်ရေးဆွဲထားသည့် မျဉ်း။
ကိုးကား – wiki.gis.com
centerpoint
ကောင်းကင်ဓါတ်ပုံပညာတွင် ကောင်းကင်ဓါတ်ပုံ၏ အလယ် တည့်တည့်အမှတ်ဖြစ်သည်။
ကိုးကား – wiki.gis.com
chain – သံကြိုး
၆၆ ပေအရှည်နှင့်ညီမျှသော ယူနစ်တစ်ခုဖြစ်ပြီး အမေရိကန် ပြည့်သူ့မြေတိုင်းလုပ်ငန်းများတွင် အသုံးပြုသည်။ တစ်ဆယ်စတုရန်းသံကြိုးသည် တစ်ဧကနှင့်ညီမျှသည်။
ကိုးကား – wiki.gis.com
change detection – ပြောင်းလဲမှုကို ရှာဖွေခြင်း
နှစ်ခု သို့မဟုတ် နှစ်ခုထက်မကသော အချိန်ကာလအပိုင်းအခြားကြားတွင် နေရာဒေသတစ်ခု၏ attributes များ ပြောင်းလဲသွား မှုကို တိုင်းတာသည့် လုပ်ငန်းစဉ်။ ယင်းနေရာ၏ ပြောင်းလဲမှု ကိုရှာဖွေသည့်လုပ်ငန်းစဉ်တွင် များသောအားဖြင့် မတူညီသည့်အချိန်များ၌ရိုက်ယူထားသော ဂြိုလ်တုဓါတ်ပုံ သို့မဟုတ် ကောင်းကင်ဓါတ်ပုံများ ကို နှိုင်းယှဉ်ခြင်း ပါဝင်သည်။ ဤလုပ်ငန်းစဉ်သည် ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာစောင့်ကြည့်ခြင်း၊ သဘာဝသယံဇာတစီမံခန့်ခွဲခြင်း၊ သို့မဟုတ် မြို့ပြဖွံ့ဖြိုးတိုးတက်လာမှုတိုင်းတာခြင်းတို့နှင့် အမြဲတမ်းလိုလို ဆက်စပ်နေသည်။
ကိုးကား – wiki.gis.com
choropleth map – အရောင်ချယ်မြေပုံ
ထူးခြားသည့်အကြောင်းအရာ တစ်ခု၏ အတန်းအစား အချက်အလက်များကို ဖော်ပြရန် ဧရိယာများကို ထင်ရှားသည့်အရောင်များသို့မဟုတ်မျိုးတူရောင်ကွဲများ ကို ဖြင့် ချယ်ထားသည့် အကြောင်းအရာပြမြေပုံ။
ကိုးကား – wiki.gis.com
chroma
အရောင်တစ်ခု၏ စိုပြေမှု၊ သန့်စင်မှု၊ သို့မဟုတ် ပြင်းအား။
ကိုးကား – wiki.gis.com
circle – စက်ဝိုင်း
ဗဟိုမှ အနားပေါ်ရှိ မည်သည့်အမှတ်ကို မဆို အကွာအဝေးတူညီသည့် မျဉ်းကွေးအပိတ် 2D ဂျီဩမေထြီပုံသဏ္ဌာန်တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
circular arc – စက်ဝန်းပြတ်
စက်ဝိုင်းတစ်ခု၏ အပိုင်းတစ်ပိုင်းဖြစ်ကာ အစွန်းတစ်ဖက်စီတွင် vertex တစ်ခုစီရှိသော မျဉ်းကွေးတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
class intervals – အတန်းအစားတစ်ခုနှင့်တစ်ခုအကွာအဝေးများ
အုပ်စုအတန်းအစားများခွဲရာတွင် ဒေတာတန်ဖိုးများအားလုံးပါဝင်စေပြီးတစ်ခုနှင့်တစ်ခု ထပ်မနေအောင် ခွဲထားပေးသည့် အတန်းအစားများအစုတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
classification – အမျိုးအစားခွဲခြင်း
အရာဝတ္ထုများကို အမျိုးအစားအလိုက် ဖွဲ့စည်းခြင်းသို့မဟုတ်စီစဉ်ခြင်း လုပ်ငန်းစဉ်။ မြေပုံတစ်ခုပေါ်တွင် တူညီသော အမှတ်သင်္ကေတဖြင့် အုပ်စုတစ်စု၏ အမျိုးအစားများကို ကိုယ်စားပြုသည့် လုပ်ငန်းစဉ်။များသောအားဖြင့် မြေပုံညွှန်းတွင်ဖော်ပြထားသည်။
ကိုးကား – wiki.gis.com
classification table – အမျိုးအစားခွဲဇယား
လိပ်စာတစ်ခုတွင်ပါမည် လမ်းအမျိုးအစားများနှင့် လမ်းညွှန်ချက်များ ကဲ့သို့ အဓိကစကားလုံးများကို ခွဲခြားသတ်မှတ်ပြီး အမျိုးအစားခွဲထားသော geocoding စည်းမျဉ်းအခြေခံသည့် ASCII ဖိုင်တစ်ခု ဖြစ်သည်။ အမျိုးအစားခွဲဇယားများတွင် .cls ဖိုင် extension တစ်ခုပါရှိသည်။
ကိုးကား – wiki.gis.com
clean data – သန့်စင်သော ဒေတာအချက်အလက်
အမှားကင်းစင်သော ဒေတာအချက်အလက်။
ကိုးကား – wiki.gis.com
cleaning – ရှင်းလင်းသန့်စင်ခြင်း
မျဉ်းများ တစ်ခုနှင့်တစ်ခုဆုံရမည့်နေရာ၌ ကျော်သွားခြင်းနှင့် မထိစပ်ခြင်းတို့ကို မှန်ကန်အောင်ပြုလုပ်ခြင်း၊ ဗဟုဂံများကို ပိတ်ခြင်း၊ ကိုဩဒီနိတ်များတည်းဖြတ်ခြင်း စသည်ကဲ့သို့ ပြုလုပ်ခြင်းဖြင့် စကင်ဖတ်ထားသော (သို့မဟုတ်) ဒီဂျစ်တယ်ပြုလုပ်ထားသော ဒေတာအချက်အလက်များ၏ အသွင်အပြင်များကို တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ခြင်း။
ကိုးကား – wiki.gis.com
centroid – အလယ်မှတ်
အရာဝထ္တုတစ်ခု၏ ဂျီဩမေထရီ အလယ်မှတ်။ မျဉ်းဖြောင့်တစ်ကြောင်း၏ အလယ်မှတ်၊ ပိုလီဂွန် တစ်ခု၏ အလယ်မှတ်၊ ဧရိယာ တစ်ခု၏ ဗဟိုချက် အမှတ်၊ ထုထည်တစ်ခု၏ ဗဟိုချက် အမှတ် စသည်တို့ဖြစ်ကြသည်။
ကိုးကား – wiki.gis.com
clip – ဖြတ်တောက်ခြင်း
အရာဝတ္ထုတစ်ခုအတွင်း လုံးလုံးကျရောက် နေသော အခြားအရာဝတ္ထုများ၏အစိတ်အပိုင်းများကို ဖြတ်တောက် ခွဲထုတ်ပေးသည့် ခိုင်းစေချက်။
ကိုးကား – wiki.gis.com
closed loop traverse – တစ်ပါတ်ပြည့်တိုင်းတာမှုလမ်းကြောင်း
မြေတိုင်းရာ၌ အစမှတ်တွင် ပြန်အဆုံးသတ်သည့် တိုင်းတာမှုလမ်းကြောင်း။
ကိုးကား – wiki.gis.com

CMYK – စီအမ်ဝိုင်ကေ
ကြည်ပြာရောင် cyan (C)၊ မရမ်းရောင် magenta(M)၊ အဝါရောင် yellow (Y) နှင့် အနက်ရောင် (K) တို့ဖြင့်ဖွဲ့စည်းထားသော အရောင် စနစ်။ စီးပွားဖြစ်ပုံနှိပ်ခြင်းအများစု တွင် ဒီအရောင် စနစ် ကိုအသုံးပြုသည်။
ကိုးကား – wiki.gis.com

color model – အရောင်စနစ်
ပြသရန် (သို့မဟုတ်) ပုံနှိပ်ရာ တွင် ဂုဏ်သတ္တိအရ အရောင်များ စုစည်းထားသည့် မည်သည့် စနစ် မဆို အရောင် မိုဒယ် (ဝါ) စနစ် ဟုခေါ်သည်။ ဥပမာ – နီစိမ်းပြာ (RGB) စနစ်, ပြာရမ်းဝါနက် (CMYK) စနစ်၊ ရောင်ပြင်းတောက် (HSB/HSV)၊ ရောင်လင်းပြင်း (HLS) နှင့် lab စနစ်များ ဖြစ်သည်။
ကိုးကား – wiki.gis.com
Color Palette
အရောင် နှင့် ထွန်းဖောက် တန်ဖိုး (transparency) များ ရွေးချယ်နိုင်သည့် အရောင်စုံပါ ကရိယာ ဖြစ်သည်။ အတွင်းဖြည့် အရောင်၊ အနားသတ် လိုင်းအတွက် အရောင် များကို ကြိုတင်စီစဉ်ပေးထားသည့် အရောင်များ ထဲမှ ရွေးနိုင်သလို စိတ်ကြိုက် အရောင်တန်ဖိုးများထည့်ပြီးလည်း ပြုလုပ်နိုင်သည်။ အရာဝထ္တု၏ ထွန်းဖောက် တန်ဖိုး ကိုလည်းသတ်မှတ်ပေးနိုင်သည်။
ကိုးကား – wiki.gis.com
color ramp – ရောင်အဆင်တူအစု
A range of colors used to show ranking or order among classes on a map. အရာဝတ္ထုများ၏ အဆင့် သို့မဟုတ် အစီအစဉ် ကို ဖော်ပြရာတွင် အသုံးပြုသည့် နီးစပ်အရောင်များ စုစည်းထားသည့်အစု။
ကိုးကား – wiki.gis.com
column – တိုင်
ဇယား ထဲရှိ တိုင် (ကော်လံ)။
ကိုးကား – wiki.gis.com
command – ညွှန်ကြားချက်
ကွန်ပျုတာ program တစ်ခုကို ခိုင်းစေသည့် ညွန်ကြားချက်တစ်ခုဖြစ်သည်။ ပုံမှန်အားဖြင့် အသုံးပြူသူမှ ထိမ်းချုပ်နိုင်သည့်စက်ပစ္စည်းတစ်ခု (ဥပမာ – keyboard)ကို အသုံးပြု၍ ကွန်ပျုတာ program ထဲသို့ထည့်သွင်းလိုက်သည့် စာလုံးတစ်လုံး သို့မဟုတ် စကားစုတစ်ခုဖြစ်သည်။ ထို့ကဲ့သို့သောညွန်ကြားချက်မျိုးကို ကွန်ပျုတာ program မှနားလည်သဘောပေါက်နိုင်သည့် ဖိုင်တစ်ခုကိုလည်း ထည့်သွင်းအသုံးပြုနိုင်ပါသည်။
ကိုးကား – wiki.gis.com
compact disc – CD ချပ်/ပြား
အချင်း (၅)လက်မထက် အနည်းငယ်နည်းပြီး ဒေတာအချက်အလက် (၆၅၀) မက်ဂါဘိုက်ခန့် သိုလှောင်ထားနိုင်သော မှန်ချပ် (အလင်းစွမ်းအင်အသုံးပြုသော)အဝိုင်း။
ကိုးကား – wiki.gis.com
compaction – ကျစ်လစ်အောင်ပြုလုပ်ခြင်း
ဖိုင်တစ်ဖိုင်အတွင်းရှိ ဒေတာများကို ပြောင်းလဲစီစဉ်ကာပြန်လည်ပေါင်းစည်းပြီး ဖိုင်နေရာကို(ဟာဒစ်ပေါ်တွင်)တဆက်တည်းရယူစေသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ဖိုင်တစ်ခုစီရှိဒေတာများကိုမြန်ဆန်ထိရောက်စွာ ရယူအသုံးပြုနိုင်စေသည်။
ကိုးကား – wiki.gis.com
compass – သံလိုက်အိမ်မြှောင်
ထည့်စရာအိမ်၏ အနားပါတ်လည်တွင် မှတ်သားထားသော အရပ်မျက်နှာ အမှတ်များနှင့်အတူ သံလိုက်မြောက်အရပ်ကို ညွှန်ပြရန် လှည့်ပေးသော သံလိုက်အပ်တို့ ပါဝင်သည့် သံလိုက်အိမ်မြှောင်။ လက်ရှိတည်နေရာမှ မြောက်အရပ်ကိုရှာဖွေနိုင်သော ကရိယာ ဖြစ်သည်။
ကိုးကား – wiki.gis.com
compass north – သံလိုက်မြောက်
ကမ္ဘာမျက်နှာပြင်ပေါ် တွင် သံလိုက်မြောက် ဝန်ရိုးစွန်းကို ဖြတ်သွားသည့် စက်ဝန်းကြီး အတိုင်း ရှိသည့် သံလိုက်၏မြောက် အစွန်းမှာ ညွှန်ပြသည့်လားရာ အရပ်မျက်နှာ။
ကိုးကား – wiki.gis.com

composite measurement – တိုင်းတာမှုအစု
ကွင်းဆင်းတိုင်းတာမှုအတွက် Survey Analystတွင် သက်ဆိုင်သော ရိုးရှင်းသောတိုင်းတာမှုများကို တစ်စုတစ်စည်းတည်း အသုံးပြုခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
composite relationship – ဆက်နွယ်မှုအစု
အရာဝတ္တုတစ်ခု၏သက်တမ်းက ၎င်းနှင့်သက်ဆိုင်သောအခြားအရာဝတ္တများ၏သက်တမ်းကို ထိန်းချုပ်နိုင်သည့် အရာဝတ္တုများအကြားတွင်ရှိသော ဆက်နွယ်မှုတစ်ခုဖြစ်သည်။ ဥပမာ – ဟိုင်းဝေးလမ်းမကြီးတစ်ခု နှင့် ထိုလမ်းအတွက်အသုံးပြုသည့်လမ်းအမှတ်သားတို့တွင်ရှိသည့် ဆက်နွယ်မှုမျိုးဖြစ်သည်။ ထိုလမ်းမကြီးအားတည်ဆောက်ခြင်းမရှိခဲ့ပါက ၎င်းလမ်းကြီး၏လမ်းအမှတ်အသားလည်း ပေါ်ပေါက်လာမည်မဟုတ်ပါ။
ကိုးကား – wiki.gis.com
compound element – အစိတ်အပိုင်းများအစု
Metadata တွင်သတင်းအချက်အလက်များစွာစုပေါင်းပါဝင်နေသည့်ဒေတာအစိတ်အပိုင်းအစုအဖွဲ့တစ်ခုဖြစ်သည်။ ထိုဒေတာအစုအဖွဲ့တွင်ပါဝင်သည့်အချက်အလက်များသည် ဒေတာအစိတ်အပိုင်းတစ်ခုစီတွင်ပါဝင်သည့် အချက်အလက်များထက် ပိုမိုအသေးအစိတ်သည်။
ကိုးကား – wiki.gis.com
compound key
နှစ်ခု(သို့မဟုတ်)နှစ်ခုထက်ပိုသော အချက်အလက်များပါဝင်သော ထူးခြားသည့် ပင်မသော့ချက်။
ကိုးကား – wiki.gis.com
compression – ချုံ့ခြင်း
Database (သို့မဟုတ်) ဖိုင်တစ်ခု၏အရွယ်အစားကိုလျော့ချစေသည့်လုပ်ငန်းစဉ်ဖြစ်သည်။ ချုံ့ခြင်း လုပ်ခြင်းအားဖြင့် ဒေတာများကို သိမ်းဆည်းရာတွင်လွယ်ကူစေပြီး database၏ လုပ်ဆောင်ချက်များကို ပိုမိုကောင်းမွန်စေပါသည်။ compression လုပ်သည့်နည်းလမ်းများတွင် quadtre၊ run-lenght encoding နှင့် wavelets စသည့်နည်းလမ်းများပါဝင်ပါသည်။
ကိုးကား – wiki.gis.com
computer-aided design – ကွန်ပြူတာ အသုံးပြု ရေးဆွဲသည့် ဒီဇိုင်း
ဒီဇိုင်းရေးခြင်း၊ ပုံဆွဲခြင်း နှင့် ဂရပ်ဖစ်သတင်းအချက်အလက်များကိုပြသရန်အတွက် သုံးသည့် ကွန်ပျူတာအခြေခံ ပုံဆွဲစနစ်။ များသောအားဖြင့် အင်ဂျင်နီယာလုပ်ငန်း၊ စီမံကိန်းရေးဆွဲခြင်းနှင့်သရုပ်ဖော်ခြင်း လုပ်ငန်းများ အတွက် ကွန်ပျူတာဖြင့်ရေးဆွဲသော ပုံဆွဲခြင်းဟု လည်းခေါ်သည်။ CAD drawing ဟုအတိုကောက် သုံးစွဲလေ့ရှိပြီး အများစုရင်းနှီးသည့် AutoCAD မှာ ကွန်ပြူတာ အသုံးပြု ရေးဆွဲသည့် ဒီဇိုင်း စနစ်ဖြစ်သည်။
ကိုးကား – wiki.gis.com
concatenate – ဆက်ပေးသည်
နှစ်ခု (သို့မဟုတ်) နှစ်ခုထက်ပိုသော စာသား အတွဲများကို သီတွဲဆက်ပေးသည်။ဥပမာ – “spatial” နှင့် “analysis” စာသားနှစ်ခုကို “spatial analysis” စာသားအဖြစ် ပေါင်းစပ်ရန်ဖြစ်သည်။
ကိုးကား – wiki.gis.com
= concatenate("spatial"," analysis")
concentric rings – ဗဟိုတူကွင်းများ
ခွဲခြမ်းစိတ်ဖြာလုပ်ငန်း စဉ်အတွင်း ကွင်းများ ၏ တန်ဖိုးများ ဆင့်ကဲပေါင်းလာစေရန် ကွင်းများကိုသတ်မှတ်ထားသည့်စနစ်။ ဥပမာ – ကွင်းတစ်ခု တွင် အိမ်ထောင်စု ၁၀ စု စီပါဝင်သည့် ဗဟိုတူကွင်း (၃) ခုကို တွက်ကြည့်လျင် ကွင်း အမှတ် (၁) တွင် အိမ်ထောင်စု ၁၀စု ရှိမည်၊ ကွင်း အမှတ် (၂) တွင် အိမ်ထောင်စု စုစုပေါင်း သည် ၂၀ (ကွင်း ၁ + ကွင်း ၂) ဖြစ်မည်၊ ကွင်းအမှတ် (၃) ၏ အိမ်ထောင်စု စုစုပေါင်း မှာ ၃၀ (ကွင်း ၁ + ကွင်း ၂ + ကွင်း ၃ ) ဖြစ်လိမ့်မည်။
ကိုးကား – wiki.gis.com
concurrency – တပြိုင်တည်းအသုံးပြုနိုင်မှု
အသုံးပြုသူတစ်ဦးထက်ပို၍ တပြိုင်နက်အသုံးပြုခွင့်ကိုပံ့ပိုးပေးနိုင်သည့် DBMSရဲ့ စွမ်းဆောင်ရည်တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
concurrency management – concurrency စီမန်ခန့်ခွဲမှု
တစ်ဦးထက်ပိုသော အသုံးပြုသူများက တစ်ပြိုင်နက်တည်းတည်းဖြတ်မှုလုပ်နေစဉ် ဒေတာအချက်အလက်များ၏ တသမတ်တည်းဖြစ်မှုကိုထိန်းသိမ်းရန်အတွက်ပြုလုပ်သည့် database စီမံခန့်ခွဲမှုလုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ထင်ရှာသည့်နည်းလမ်းတစ်ခုတွင် ဒေတာ ကို အသုံးပြုသူများက တစ်ပြိုင်နက်တည်းတည်းဖြတ်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဒေတာပျက်စီးမှုကို ကာကွယ်ရန် ဒေတာဘေ့စ်၏ အစိတ်အပိုင်းအချို့ကို ထိန်းချုပ်ခြင်း တို့ပါဝင်သည်။
ကိုးကား – wiki.gis.com
conditional operator – အခြေအနေကိုဖော်ပြသည့် operator
တန်ဖိုးနှစ်ခုအကြားဆက်စပ်မှုအတွက် database တစ်ခုသို့ မေးမြန်းချက်များပြုလုပ်ရာတွင် အသုံးပြုသည့် သင်္ကေတတစ်ခု (သို့) အဓိကစာလုံးတစ်လုံး ဖြစ်သည်။ ဥပမာများ – “ = ” (ညီသည်), “ < ” (ပိုငယ်သည်), “ > ” (ပိုကြီးသည်)။
ကိုးကား – wiki.gis.com
conditional statement – အခြေအနေအလိုက်လုပ်ဆောင်ရန်ခိုင်းစေချက်
ဖော်ပြချက်အရ အခြေအနေတစ်ခုသည်မှန်နေပါက အပိုင်းတစ်ခုကိုလုပ်ဆောင်ပေးပြီး၊ မှားနေပါကအခြားတစ်ပိုင်းကိုလုပ်ဆောင်ပေးသည့် programming ဘာသာစကားဖြင့်ဖော်ပြထား ချက်တစ်ခုဖြစ်သည်။ if-then-else ကြေငြာချက်သည် အခြေအနေတစ်ခုကို ဖော်ပြပေးသည့်ကြေငြာချက်၏ ဥပမာတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
confidence level – ယုံကြည်နိုင်မှုအဆင့်
စာရင်းအင်းစမ်းသပ်မှုတစ်ခုတွင် null hypothesis သည်မှန်သော်လည်း Sampling ကောက်ယူမှုအမှားကြောင့် null hypothesis ကိုမှားယွင်းစွာငြင်းပယ်မည့် မှားယွင်းနိုင်မှုရာခိုင်နှုန်းတစ်ခုဖြစ်သည်။ ဥပမာအားဖြင့် ၉၅ ရာခိုင်နှုန်းယုံကြည်မှုအဆင့်ရှိသောစမ်းသပ်မှုတစ်ခုကို အကြိမ် ၁၀၀ ပြုလုပ်ပါက null hypothesis ကိုမှားယွင်းစွာငါးကြိမ်ငြင်းပယ်လိမ့်မည်။
ကိုးကား – wiki.gis.com
conflict – ကွဲလွဲမှု
ဒေတာဘေ့စ် (database) ကို တည်းဖြတ်ရာတွင် အသုံးပြုသူများစွာက မူကွဲ (version) တစ်ခုတည်းကို တစ်ပြိုင်နက် တည်းဖြတ်သည့်အခါ (သို့မဟုတ်) မူကွဲ နှစ်ခုကို ပြန်ပေါင်းသည့်အခါ မကိုက်ညီသော အခြေအနေတစ်ခုဖြစ်ခြင်း။ အရာ တစ်ခုတည်း (သို့မဟုတ်) ၎င်းနှင့် ထိစပ်ပုံအရဆက်နွယ်နေသော အရာများကို မူကွဲ နှစ်ခု တွင် တည်းဖြတ်မိချိန်တွင် ကွဲလွဲမှုများ ဖြစ်ပေါ်ပြီး မည်သည့်မူကွဲက အမှန် ဖြစ်သည် ကို ရှင်းရှင်းလင်းလင်း မသိနိုင်တော့ ပါ။
ကိုးကား – wiki.gis.com
connection – ဆက်သွယ်မှု
ArcCatalogတွင် အဝေးရှိ ဖိုင်စနစ်များ နှင့် ဝေမျှထားသော ဒေတာဘေ့စ်များကို ဝင်ရောက်ကြည့်ရှုရန် အသုံးပြုသော နည်းစနစ်တစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
connectivity – ဆက်သွယ်မှု
GIS အချက်အလက်များတွင် အရာ/အရာဝတ္ထုများ၏ လုပ်ဆောင်ပုံအရ (သို့မဟုတ်) တည်နေရာအလိုက် တစ်ခုနှင့်တစ်ခု ပေါင်းစပ်ထားသော နည်းလမ်းဖြစ်သည်။
ကိုးကား – wiki.gis.com
connectivity analysis – ဆက်သွယ်မှုဆန်းစစ်ခြင်း
ကွန်ယက်ဆက်သွယ်မှုကို အသုံးပြု၍ ကွန်ယက်ဆက်သွယ်နိုင်စွမ်း၊ စီးဆင်းမှုနှုန်း (သို့မဟုတ်) စွမ်းဆောင်ရည် အစရှိသော ကွန်ယက်ပြဿနာများကို ဖြေရှင်းနိုင်သော မည်သည့်နည်းလမ်းကိုမဆို ဆက်သွယ်မှုဆန်းစစ်ခြင်းဟု ခေါ်သည်။
ကိုးကား – wiki.gis.com
connectivity group – ဆက်သွယ်မှုအုပ်စု
ကွန်ယက် ဒေတာအစုများတွင် အစက် အမှတ်အသားများ၊ လိုင်းအမှတ်အသားများ (သို့မဟုတ်) နှစ်ခုစလုံးကို မည်သို့ဆက်သွယ်ရမည်ကို ထိန်းချုပ်ထားသည့် အစုအဖွဲ့ပြုလုပ်ခြင်း။ ဆက်သွယ်မှုအုပ်စုများကို ကွန်ယက် ဒေတာအစုတစ်ခု တည်ဆောက်သည့်အခါတွင် သတ်မှတ်သည်။ ကွန်ယက် ဒေတာအစုတစ်ခုတွင် ဆက်သွယ်မှုအုပ်စုများစွာရှိနိုင်သည်။
ကိုးကား – wiki.gis.com
connectivity policy – ဆက်သွယ်မှု မူဝါဒ
ကွန်ယက် ဒေတာအစုတစ်ခုတွင် ဆက်သွယ်မှုအုပ်စုတစ်ခုအတွင်း ကွန်ယက်အစိတ်အပိုင်းများသည် အချင်းချင်း မည်သို့ဆက်သွယ်ကြောင်း သတ်မှတ်ပေးသည့် ကွန်ယက်ရင်းမြစ်သတ်မှတ်ချက်တစ်ခုဖြစ်သည်။ အနားစွန်းခြင်းဆက်သွယ်ခြင်း မူဝါဒနှစ်မျိုး နှင့် အနားစွန်းနှင့်အဆုံ ဆက်သွယ်ခြင်း မူဝါဒနှစ်မျိုး ဟု ရှိသည်။ အနားစွန်းခြင်းဆက်သွယ်ခြင်း မူဝါဒ နှစ်မျိုးမှာ အဆုံးမှတ်များဆက်သွယ်ခြင်း နှင့် ကြားမှတ်များ ဆက်သွယ်ခြင်း ဖြစ်သည်။ အနားစွန်းနှင့်အဆုံ ဆက်သွယ်ခြင်း မူဝါဒ နှစ်မျိုးမှာ သတ်မှတ်ထားသည့်အတိုင်း လက်ခံခြင်း (honor) နှင့် လွှမ်းမိုးပြင်ဆင်ခြင်း (override) တို့ဖြစ်ကြသည်။
ကိုးကား – wiki.gis.com
connectivity rule – ဆက်သွယ်မှုစည်းမျဉ်း
ဂျီသြမေတြီကွန်ရက်များတွင် အချင်းချင်း ချိတ်ဆက်နိုင်သည့် ကွန်ရက်လက္ခဏာ အမျိုးအစားနှင့် အရေအတွက်ကို ကန့်သတ်ထားသည့် စည်းမျဉ်းတစ်ခုဖြစ်သည်။ ဆက်သွယ်မှုဆိုင်ရာ စည်းမျဉ်းနှစ်မျိုးရှိသည် – အနားသတ်-အနားသတ် နှင့် အနားသတ်-လမ်းဆုံ တို့ဖြစ်သည်။
ကိုးကား – wiki.gis.com
connector – ဆက်သွယ်သူ
မော်ဒယ် တစ်ခုတွင် အစိတ်အပိုင်းများအကြား ဆက်နွှယ်မှု၏ ကိုယ်စားပြုဖော်ပြချက်တစ်ခုဖြစ်သည်။ ဆက်သွယ်သူများသည် လုပ်ငန်းစဉ်များကို ဖန်တီးရန် အစိတ်အပိုင်းများကို အတူတကွ ပူးပေါင်းကြသည်။ ပုံမှန်လုပ်ငန်းစဉ်များသည် ထည့်သွင်းထားသော ဒေတာအစိတ်အပိုင်းတစ်ခု၊ toolအစိတ်အပိုင်းတစ်ခုနှင့် ရရှိသောအချက်အလက်အစိတ်အပိုင်းတစ်ခုကို ဆက်သွယ်ပေးသည်။
ကိုးကား – wiki.gis.com
constraints – ကန့်သတ်ချက်များ
အချက်အလက်ခိုင်မာမှုကို ထိန်းသိမ်းရန် မော်ဒယ်တစ်ခုတွင် ထည့်သွင်းထးသည့် ကန့်သတ်ချက်များ။ ဥပမာ – ရေပိုက်ကွန်ယက်တစ်ခုတွင် (၈)လက်မပိုက်သည် (၄)လက်မပိုက်နှင့် ဆက်သွယ်၍မရနိုင်ပါ။
ကိုးကား – wiki.gis.com
content – အကြောင်းအရာ
ArcWeb Services တွင် အကြောင်းအရာ အောက်တွင် အချက်အလက်ဖိုင်များ၊ အလွှာများ သို့မဟုတ် ဝန်ဆောင်မှုများပါဝင်နိုင်သည်။
ကိုးကား – wiki.gis.com
continuous data – တစ်ဆက်တစ်စပ်တည်းရှိသော အချက်အလက်
အပြတ်အတောက်မရှိပဲ ပြသည့် မြေမျက်နှာပြင်အနိမ့်အမြင့် (သို့မဟုတ်) အပူချိန်ကဲ့သို့သော အချက်အလက်။ ကွန်ပျူတာများတွင် အချက်အလက်များကို သီးခြားစီသိမ်းဆည်းခြင်းကြောင့် တစ်ဆက်တစ်စပ်တည်းရှိသော အချက်အလက်များကို ပုံမှန်အားဖြင့် TINs, rasters (သို့မဟုတ်) ကွန်တိုမျဉ်းများဖြင့် ကိုယ်စားပြုဖော်ပြလေ့ရှိပါသည်။ ထို့ကြောင့် နေရာတိုင်းတွင်ကောက်ယူထားသော တန်ဖိုး (သို့မဟုတ်) တွက်ယူနိုင်မည့် တန်ဖိုးများရှိသည်။
ကိုးကား – wiki.gis.com
continuous raster – တစ်ဆက်တစ်စပ်တည်းရှိသော raster
ဆဲလ်များ၏တန်ဖိုးများပြောင်းလည်းမှုသည် တစ်ဆက်တစ်စပ်တည်းရှိသည့်အတွက် မျက်နှာပြင်တစ်ခုအလားဖြစ်နေသည့် raster။ ဤ raster တွင်ကိုယ်စားပြုသည့် ဖြစ်စဉ်အကြောင်းအရာတွင် ထင်ရှားသည့် နယ်နိမိတ် မရှိပါ။ ဆဲလ်တန်ဖိုးတစ်ခုနှင့် တစ်ခုသည် နှိုင်းရ စကေးဖြင့်တည်ရှိနေသည်။ ဆဲလ်၏တန်ဖိုးသည် ဆဲလ်ကွက်အလယ်တွင် ရှိသည့်တန်ဖိုးဟု ယူဆထားပါသည်။ မြေမျက်နှာသွင်ပြင်အနိမ့်အမြင့်၊ မိုးရွာသွန်းမှု၊ ဓါတုပစ္စည်းပျော်ဝင်မှု၊ သင့်လျော်မှုပြ မော်ဒယ်၊ (သို့မဟုတ်) လမ်းကြောင်းတစ်ခုမှ အကွာအဝေး စသည်တို့ကို ကိုယ်စားပြုဖော်ပြသော raster များသည် တစ်ဆက်တည်းရှိသော raster များဖြစ်ကြသည်။
ကိုးကား – wiki.gis.com
contour interval – ကွန်တို အမြင့်ခြားနားမှု
ကပ်လျှက်ရှိသော ကွန်တိုမျဉ်းနှစ်ခု အကြားရှိ အမြင့်ခြားနားမှု။
ကိုးကား – wiki.gis.com
contrast – ခြားနားမှု (ကွဲပြားခြားနားမှု)
အဝေးမှအာရုံခံခြင်းနှင့်ဓါတ်ပုံပညာတွင် အရာဝတ္ထုတစ်ခုမှ ထုတ်လွှတ်သော သို့မဟုတ် အလင်းပြန်လာသော စွမ်းအင်နှင့် ၎င်းအရာဝတ္ထု၏ပတ်ဝန်းကျင်မှ ထုတ်လွှတ်သော စွမ်းအင်တို့၏အချိုး။
ကိုးကား – wiki.gis.com
contrast ratio – ခြားနားမှုအချိုး
ပုံတစ်ပုံ တွင် အနိမ့်ဆုံး နှင့် အမြင့်ဆုံး အလင်းအား တန်ဖိုး အချိုး။
ကိုးကား – wiki.gis.com
contrast stretch – contrast ဆန့်ခြင်း/ချဲ့ခြင်း
ပုံ တစ် ပုံ ၏ ကွဲပြားထင်ရှားခြားနားမှု contrast ကို မြှင့်တင်ရန် အတွက် မူလ ပုံ ရှိ pixel တန်ဖိုးများကို ပုံဖော် ပစ္စည်း ၏ အနိမ့်ဆုံးနှင့်အမြင့်ဆုံး ကြား ဖော်ပြနိုင်သည့် တန်ဖိုးများ အတိုင်းဖြစ်စေရန် ချဲ့ပေးခြင်း ဖြစ်သည်။
ကိုးကား – wiki.gis.com
control point – ထိန်းချုပ်အမှတ်
တိကျစွာ ကိုဩဒီနိတ်တန်ဖိုးများတိုင်းတာ ထားသည့် မြေပြင်ပေါ်ရှိ ထင်ရှားသော အမှတ်အသား။ ထိန်းချုပ်မှတ်များကို ၎င်းတို့နှင့် ချိတ်ဆက်ထားသည့် အခြားအမှတ်များ၏တည်နေရာ တိကျမှုကိုမြှင့်တင်ရန်အတွက် least-squares ညှိနည်းများတွင် အခြေခံအဖြစ်အသုံးပြုလေ့ရှိသည်။
ကိုးကား – wiki.gis.com

conversion – ပြောင်းလဲခြင်း
ဖိုင်အမျိုးအစားတစ်ခုမှ ထည့်သွင်းလိုက်သည့်ဒေတာကို တခြားဖိုင်အမျိုးအစားတစ်ခုသို့ ပြောင်းပေးသည့်လုပ်ငန်းစဉ်ဖြစ်သည်။ ဥပမာ – raster မှ vector သို့ပြောင်းခြင်း၊ ဖိုင်အမျိုးအစားတစ်ခု မှ အခြားဖိုင်အမျိုးအစားတစ်ခုသို့ပြောင်းခြင်း၊ x,y တည်နေရာအများပါရှိသည့်ဇယား ကို အမှတ်များပါရှိသည့် shapefile အနေဖြင့်ပြောင်းလဲခြင်း။
ကိုးကား – wiki.gis.com
coordinate geometry (COGO) – ကိုသြဒီနိတ် ဂျီသြမေတြီ
တိုင်းတာထားသော လားရာထောင့်များ၊ အကွာအဝေးများနှင့် ထောင့်များမှတစ်ဆင့် ကိုသြဒီနိတ်အမှတ်တန်ဖိုး များကို တွက်ချက်သည့်နည်းလမ်း။
ကိုးကား – wiki.gis.com
coordinate system – ကိုသြဒီနိတ်စနစ်
အမှတ်များ၊ မျဉ်းများနှင့် (သို့မဟုတ်) မျက်နှာပြင်များ နှင့် စည်းမျဉ်းစည်းကမ်းများပါ ဝင်သော ပြင်ညီ သို့မဟုတ် သုံးဖက်မြင်စနစ်တွင် အမှတ်များ၏ တည်နေရာများကို သတ်မှတ်လေ့ရှိသည့် ကိုးကားမူဘောင်တစ်ခု။ ကာတီးဇီးယမ်း (cartesian) ကိုသြဒီနိတ်စနစ်နှင့် ပထဝီ(geographic) ကိုသြဒီနိတ်စနစ်တို့သည် အတွေ့ရများသော ကိုသြဒီနိတ်စနစ် ဥပမာများဖြစ်သည်။
ကိုးကား – wiki.gis.com
coordinate transformation – ကိုသြဒီနိတ် ပြောင်းလဲခြင်း
မြေပုံတစ်ပုံ သို့မဟုတ် ဓါတ်ပုံတစ်ပုံကို အထူးသဖြင့် လှည့်ခြင်း ချုံ့ချဲ့ခြင်းပြုလုပ်၍ ကိုသြဒီနိတ်စနစ်တစ်ခုမှ အခြားတစ်ခုသို့ ပြောင်းလဲသည့် လုပ်ငန်းစဉ်။
ကိုးကား – wiki.gis.com
coordinates – ကိုဩဒီနိတ်များ
x,y နှင့် တခါတရံတွင် z (သို့မဟုတ်) m (တိုင်းတာရရှိချက်) စသည့် စာလုံးများဖြင့် ကိုယ်စားပြုဖော်ပြထားပြီး နေရာအညွှန်းတစ်ခုအတွင်းရှိ တည်နေရာတစ်ခုကို သတ်မှတ်သော တန်ဖိုးတစ်စုံဖြစ်သည်။ အခြားနေရာများနှင့် နှိုင်းယှဉ်ကာ တည်နေရာများကို ဖော်ပြရန် ကိုဩဒီနိတ်များကို အသုံးပြုကြပါသည်။
ကိုးကား – wiki.gis.com
correlation – ဆက်စပ်မှု
အတူတကွပြောင်းလဲသော (သို့မဟုတ်) အတူတကွတွေ့ရသော အချက်အလက်များ (သို့မဟုတ်) ကိန်းရှင်များကြား ဆက်စပ်မှု။ ဥပမာ – ကမ်းခြေမှ အကွာအဝေးနှင့် အိမ်ရာကုန်ကျစရိတ်ကြားတွင် အပေါင်းသဘော(တိုက်ရိုက်)ဆက်စပ်မှုရှိပါသည်။ ယေဘူယျအားဖြင့် အိမ်တစ်လုံးသည်ကမ်းခြေနှင့် ပိုနီးလေ ကုန်ကျစရိတ်ပိုများလေဖြစ်သည်။ ဆက်စပ်မှုသည် အကြောင်းအရင်းကို မညွှန်းဆိုပါ။ ဥပမာ- ရေခဲမုန့်ရောင်းဝယ်မှုနှင့် ရာဇဝတ်မှုနှုန်းကြားတွင် စာရင်းအင်းဆိုင်ရာဆက်စပ်မှု ရှိပါသည်။ သို့သော် တစ်ခုက အခြားတစ်ခုကို မဖြစ်စေပါ။ ဆက်စပ်မှုမြှောက်ဖော်ကိန်းသည် ကိန်းရှင်နှစ်ခုကြား ဆက်စပ်မှုပြင်းအားကို ညွှန်ပြသော (-၁)နှင့် (၁)ကြားရှိ အညွှန်းကိန်းတစ်ခုဖြစ်ပါသည်။
ကိုးကား – wiki.gis.com
cost raster – စရိတ်ပြ raster
Raster ထဲရှိဆဲလ်ကွက်တစ်ခုချင်းဆီကိုဖြတ်သန်း သွားလာမှု့အတွက် ကုန်ကျစရိတ်ကို သတ်မှတ်ဖော်ပြထားသည့် raster ဒေတာအစု။ စရိတ်ပြ raster ကို raster ထဲရှိ ဆဲလ်ကွက်တိုင်းမှ နေရာ(အရင်းအမြစ်)တစ်နေရာ သို့မဟုတ် နေရာများသို့ ရောက်ရှိရန်အတွက် တိုးလာမည့်ကုန်ကျစရိတ်ကို တွက်ချက်ရာတွင် အသုံးပြုနိုင်ပါသည်။
ကိုးကား – wiki.gis.com
cost-benefit analysis – စရိတ်-အမြတ် လေ့လာချက်
စီမံကိန်း သက်တမ်းတလျှောက် ကုန်ကျထားသော ကုန်ကျစရိတ်(တခါတရံ လူမှုရေးကုန်ကျစရိတ် အပါ အဝင်)နှင့် စီမံကိန်းမှ မျှော်မှန်းသည့် အကျိုးအမြတ်(လူမှုရေးအကျိုးအမြတ် အပါအဝင်) တို့ကိုနှိုင်း ယှဉ်လေ့လာချက်။ ယေဘုယျအားဖြင့် ကုန်ကျစရိတ်-အကျိုးအမြတ် လေ့လာ ဆန်းစစ်ခြင်းကို ရွေးချယ်စရာအဆိုပြုချက်များနှိုင်းယှဉ်ရန် သို့မဟုတ် သီးခြားစီမံချက် သို့မဟုတ် စနစ်တစ်ခု အကောင်အထည် ဖော်ရန် အသုံးပြုလေ့ရှိသည်။
ကိုးကား – wiki.gis.com
cost-distance analysis – စရိတ်-ခရီး လေ့လာချက်
ကုန်ကျမှုစရိတ် ရပ်စတာ (raster) တစ်ခုတွင် ဆဲလ် တစ်ခုစီမှ သတ်မှတ် ရင်းမြစ် နေရာများသို့ ရောက်ရှိရန် အနည်းဆုံးကုန်ကျမှု စရိတ် တွက် ချက်ခြင်း။
ကိုးကား – wiki.gis.com
coverage – ပထဝီဆိုင်ရာအသွင်အပြင်များကိုသိုလှောင်နိုင်သော ဒေတာပုံစံတစ်ခု
coverage ပထဝီဆိုင်ရာအသွင်အပြင်များကိုသိုလှောင်နိုင်သော ဒေတာပုံစံတစ်ခု။ အကြောင်းအရာအရဆက်စပ်နေသော ဒေတာအစုတစ်ခုကို ယူနစ်တစ်ခုအဖြစ် coverage တွင် သိမ်းဆည်းသည်။ ၎င်းသည် များသောအားဖြင့် မြေဆီလွှာများ၊ ချောင်းများ၊ လမ်းကြောင်းများ (သို့) မြေအသုံးချမှုကဲ့သို့ အချက်အလက်များ ကို အလွှာတစ်ခုတည်းအဖြစ်ကိုယ်စားပြုသည်။ Coverageတွင် ပါ၀င်သောအင်္ဂါရပ်များကို မူလအင်္ဂါရပ်များ (points/arcs/polygons) နှင့် အင်္ဂါရပ်အခွဲများ (tics/link/annotation)အဖြစ် ၎င်းတို့ကိုသိမ်းဆည်းသည်။ အရာ/အရာဝတ္ထု၏ feactureများကို feature attribute tables တွင် လွတ်လပ်ကောင်းမွန်စွာ ဖော်ပြသိမ်းဆည်းထားသည်။ Coverageများကို ArcGIS 8.3 နှင့် ၎င်းအရင် ထွက်ရှိထားသော version များတွင် တည်းဖြတ်၍မရနိုင်ပါ။
ကိုးကား – wiki.gis.com
creation date – ဖန်တီးရက်စွဲ
Survey Analyst တွင် ကွင်းဆင်းတိုင်းတာမှုများအတွက် မူရင်းရက်စွဲကို မှတ်တမ်းတင်သည့် တွက်ချက်မှု၏ အချက်အလက်တစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
cross tabulation – ဇယားများ အပြန်အလှန် နှိုင်းယှဉ်ခြင်း
GIS တွင် မတူသော အလွှာများ (Layer)၏ ဇယားများရှိ တန်ဖိုးများ အပြန်အလှန် နှိုင်းယှဉ်ခြင်း။
ကိုးကား – wiki.gis.com
cubic convolution
ဆဲလ်ကွက်အသစ် တန်ဖိုးကို တွက်ချက်ရန် အနီးဆုံး ဆဲလ်ကွက် ၁၆ ကွက်၏ ပျမ်းမျှခြင်းကို အသုံးပြုသော raster ဒေတာများပြန်လည်နမူနာကောက်ယူခြင်းအတွက် နည်းလမ်းတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
cubic convolution interpolation – ဆက်စပ်ခန့်မှန်းခြင်းနည်းလမ်း
Cubic convolution တွက်ချက်ခြင်းသည် နီးစပ်ရာ ဆဲ၁၆ခု၏ပျမ်းမျှယူတွက်ချက်သည့်နည်းဖြစ်သည်။ ၎င်းကို အချက်အလက်အမှားများပါဝင်နေသည့် တစ်ဆက်တည်းမျက်နှာပြင်သဘောဖြစ်သည့်အချက်အလက်များတွက်ချက်ရာတွင်အသုံးပြုလေ့ရှိသည်။
ကိုးကား – gisgeography.com
cultural feature – ယဉ်ကျေးမှုလက္ခဏာအမှတ်အသား
မြေပုံပေါ်တွင် ကိုယ်စားပြုဖော်ပြထားသော လူသားတို့ပြုလုပ်ထားသည့် အမှတ်အသား။ ဥပမာ- အဆောက်အအုံ၊ လမ်း၊ မျှော်စင် သို့မဟုတ် တံတား။
ကိုးကား – wiki.gis.com
cultural geography – ယဉ်ကျေးမှုပထဝီဝင်
လူ့ယဉ်ကျေးမှုကြောင့် ဖန်တီးထားသော အရာများ၊ ပုံသဏ္ဍာန်များ ဖြန့်ကျက်တည်ရှိနေပုံနှင့် ၎င်းတို့၏ သက်ရောက်မှုများကို လေ့လာသည့် ပထဝီဝင်ဘာသာရပ်တစ်ခု။
ကိုးကား – wiki.gis.com
current coordinate – လက်ရှိ ကိုဩဒိနိတ်
ကွင်းဆင်း အချက်အလက်ကောက်ယူစဉ်တွင် အချက်အလက် ၏ တည်နေရာ ကို အကောင်းဆုံး ဖော်ပြသည့် ကိုဩဒိနိတ် ဖြစ်သည်။ လက်ရှိ ကိုဩဒိနိတ် သည် အချက်အလက်တည်နေရာ ကို တွက်ချက် ရာတွင် သို့မဟုတ် တစ်ခုထက် ပိုသော ကိုဩဒိနိတ်များ မှ အချက်အလက်တည်နေရာ ကို သတ်မှတ် ရာ တွင် လိုအပ်သည်။
ကိုးကား – wiki.gis.com
current task – လက်ရှိလုပ်ဆောင်ချက်
ArcMap တည်းဖြတ်ခြင်း လုပ်ဆောင်နေစဉ် လုပ်ဆောင်ချက် ဇယား၏ setting တွင် သတ်မှတ်ပေးထားသော sketch tool က လုပ်ရမည့် လုပ်ဆောင်ချက်။ ဥပမာအားဖြင့် အရာဝတ္ထု အသစ်များဖန်တီးခြင်းနှင့် နဂိုဖန်တီးပြီးအရာဝတ္ထုများကို ပြင်ဆင်ခြင်း တို့ပါဝင်သည်။ တည်းဖြတ်ရာတွင် လုပ်ဆောင်ချက်အမျိုးအစားကို လုပ်ဆောင်ချက်စာရင်း ထဲတွင် တစ်ခုခု ကို ရွေးချယ်ပေးခြင်းဖြင့် သတ်မှတ်သည်။
ကိုးကား – wiki.gis.com
cylindrical projection – ဆလင်ဒါပုံတွင်အရိပ်ချခြင်း
စက်လုံး သို့မဟုတ် ဘဲဥပုံစက်လုံးတစ်ခုပေါ်ရှိ အမှတ်များကို စက်ဝန်းထိ သို့မဟုတ် စက်ဝန်းဖြတ်ဖြင့်ရှိနေသော ဆလင်ဒါပေါ်သို့ ပြောင်းသည့် အရိပ်ချစနစ်တစ်ခုဖြစ်သည်။ ထို့နောက် ဆလင်ဒါကို အထက်အောက် (ဒေါင်လိုက်) ဖြတ်၍ ပြင်ညီအဖြစ် ဖြန့်လိုက်ခြင်းဖြင့် ပြင်ညီတစ်ခုဖြစ်လာပါသည်။
ကိုးကား – wiki.gis.com

