daemon
Programming တွင် မြင်သာထင်သာရှိစွာဟုတ်ဘဲ နောက်ကွယ် (background)တွင်သာ အဆက်မပြတ် လည်ပတ်နေသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ကြိုတင်သတ်မှတ်ထားသောအချိန်များတွင် သတ်မှတ်ပေးထားသောလုပ်ငန်းကိုဆောင်ရွက်ခြင်း သို့မဟုတ် အချို့သော ဖြစ်ရပ်များတွင် တုံ့ပြန်သည့်အနေဖြင့် သတ်မှတ်ထားသည့်လုပ်ဆောင်ချက်ကို လုပ်ဆောင်သည်။ Daemon သည် UNIX ကွန်ပြူတာစနစ်သုံး ဝေါဟာရတစ်ခုဖြစ်ပြီး Windows ကွန်ပြူတာစနစ်တွင် system agent သို့မဟုတ် ဝန်ဆောင်မှု နှင့် အတူတူ ဖြစ်သည်။
ကိုးကား – wiki.gis.com
dangle –
မျဉ်းတစ်ခုနှင့် အခြားသော မျဉ်းတစ်ခုတို့ ဆုံရမည့်နေရာတွင် မဆုံပဲ ကျော်သွားသည့်မျဉ်းအပိုင်း၏ အဆုံးမှတ်။
ကိုးကား – wiki.gis.com
dangle length – dangle အလျား
ArcInfo Coverage တွင် လက်ခံနိုင်သည့် dangle အလျားထက် ပိုတိုသော dangle မျဉ်းပိုင်းများကို ဖယ်ရှားသည့် ရှင်းလင်းရေးလုပ်ငန်းစဉ်တွင် dangle မျဉ်းပိုင်းများအတွက် ခွင့်ပြုသည့်အတိုဆုံးအလျားဖြစ်သည်။
ကိုးကား – wiki.gis.com
dangle tolerance
ArcInfo Coverage တွင် လက်ခံနိုင်သည့် dangle အလျားထက် ပိုတိုသော dangle မျဉ်းပိုင်းများကို ဖယ်ရှားသည့် ရှင်းလင်းရေးလုပ်ငန်းစဉ်တွင် dangle မျဉ်းပိုင်းများအတွက် ခွင့်ပြုသည့်အတိုဆုံးအလျားဖြစ်သည်။
ကိုးကား – wiki.gis.com
dangling arc – dangle မျဉ်းပိုင်း
မျဉ်းပိုင်းတစ်ခု ၏ ဘယ်ဖက်နှင့်ညာဖက်အခြမ်း တွင် တူညီသည့် polygon တစ်ခုတည်းခုရှိနေပြီး ယင်း၏အစွန်းမှတ်တစ်ခုသည် အခြားသောမည်သည့် မျဉ်းနှင့်မှထိမနေသော မျဉ်းပိုင်းတစ်ခုဖြစ်သည်။ များသောအားဖြင့် ၎င်းကို polygon တစ်ခု သည် ပိတ်ရမည့် နေရာ တွင် မပိတ်ဘဲရှိနေသည့်အနေရာ၊ အခြားမျဉ်းပိုင်းတစ်ခုနှင့် ထိရမည်ကို မထိစပ်သည့်နေရာ(မျဉ်းများ တစ်ခုနှင့်တစ်ခုဆုံရမည့်နေရာတွင် မထိကပ်ခြင်း)၊ မျဉ်းပိုင်းတစ်ခုကို ၎င်း၏ဆုံရမည့်နေရာကို ကျော်လွန်၍ ရေးဆွဲမိသည့်နေရာ (မျဉ်းများ တစ်ခုနှင့်တစ်ခုဆုံရမည့်နေရာတွင် မဆုံပဲ ကျော်သွားခြင်း) များတွင် တွေ့ရတတ်ပါသည်။ dangle မျဉ်းပိုင်းသည် အမြဲတမ်းတော့ အမှားမဟုတ်ပါ။ ဥပမာအားဖြင့် ၎င်းသည် လမ်းကြောင်းကွန်ယက်တစ်ခုတွင် လမ်းအပိတ်(cul-de-sac) တစ်ခုကို လည်းကိုယ်စားပြုနိုင်ပါသည်။
ကိုးကား – wiki.gis.com
dangling node – Dangle အဆစ်
မျဉ်းတစ်ခုနှင့် အခြားသော မျဉ်းတစ်ခုတို့ ဆုံရမည့်နေရာတွင် မဆုံပဲ ကျော်သွားသည့်မျဉ်းအပိုင်း၏ အဆုံးမှတ်။
ကိုးကား – wiki.gis.com
data – အချက်အလက်
ဆက်စပ်အကြောင်းအရာများ ကို သတ်မှတ်ထားသည့်ပုံစံတစ်ခုဖြင့် စီစဉ်ထားသော စုစည်းချက်။ အမြဲတမ်းလိုလို ကွန်ပျူတာဖြင့် ထုတ်ယူသော၊ သိမ်းဆည်းသော သို့မဟုတ် တွက်ချက်ဆောင်ရွက်သော သတင်းအချက်အလက်များ၏ အခြေခံများဖြစ်သည်။
ကိုးကား – wiki.gis.com
data capture – ဒေတာဖမ်းယူခြင်း
GIS အချက်အလက်များကို ကွန်ပျူတာဖတ်၍ရသော ပုံစံအဖြစ် ပြောင်းလဲသည့် မည်လုပ်ငန်းကိုမဆိုခေါ်သည်။ အဝေးမှအာရုံခံခြင်း သို့မဟုတ် GPS အချက်အလက်များကဲ့သို့ အရင်းအမြစ်များမှ GIS အချက်အလက်များအဖြစ် တိုက်ရိုက် ဒေါင်းလုတ်ပြုလုပ်ခြင်းဖြင့် ပထဝီဆိုင်ရာအချက်အလက်များအဖြစ်ရရှိနိုင်ပါသည်။ ထို့အပြင် ဓါတ်ပုံ သို့မဟုတ် မြေပုံစာရွက်များမှတစ်ဆင့် ဒီဂျစ်တယ်ပြုလုပ်ခြင်း၊ စကင်ဖတ်ခြင်းနှင့် လူကိုယ်တိုင်လက်ဖြင့်ရိုက်ထည့်ခြင်းဖြင့်လည်း ရရှိနိုင်ပါသည်။
ကိုးကား – wiki.gis.com
data change message – အချက်အလက်ပြောင်းလဲမှု သတင်း/မက်ဆေ့ချ်
ArcGIS တွင် ပုံတူဒေတာအပွား တစ်ခုတွင် ထပ်ထည့်ခြင်းများ၊ ပြင်ဆင်ခြင်းများ၊ ဖျက်ခြင်းများ ပြုလုပ်ထားသည်ကို ဖော်ပြသည့် သတင်း/မက်ဆေ့ချ် တစ်ခုဖြစ်သည်။ ထိုကဲ့သို့သော သတင်း/မက်ဆေ့ချ် များကို အချိတ်အဆက်ဖြုတ်ထားသည့် အခြေအနေ (disconnected environment) ဖြင့် လုပ်ကိုင်နေသော ပုံတူ ပုံတူဒေတာအပွား ကို မူလဒေတာနှင့် ပြန်လည်ပေါင်းစည်းရန် (synchronize) အသုံးပြုလေ့ရှိသည်။
ကိုးကား – wiki.gis.com
data conversion – ဒေတာအမျိုးအစားပြောင်းလဲခြင်း
ဒေတာအမျိုးအစားတစ်ခုမှ အခြားတစ်ခုသို့ ပြောင်းသည့် လုပ်ငန်းစဉ်။
ကိုးကား – wiki.gis.com
data definition language
SQL statements များအစုတစ်ခုဖြစ်ပြီး ၎င်းကို ဒေတာဘေ့စ်အသစ်တစ်ခုဖန်တီးရန်၊ ၎င်းဒေတာဘေ့စ်တွင်ခွင့်ပြုချက်များ သတ်မှတ်ရန်နှင့် ၎င်းတွင်ပါဝင်မည့်အချက်အလက်များကို သတ်မှတ်ရန် အပြန်အလှန်ဖြစ်စေ သို့မဟုတ် programming language တစ်ခုအတွင်းတွင်ဖြစ်စေ အသုံးပြုနိုင်သည်။
ကိုးကား – wiki.gis.com
data dictionary – အချက်အလက်အဘိဓာန်
Database ထဲတွင် သိမ်းဆည်းထားသော ဒေတာအစုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ပါဝင်သော ဇယား သို့မဟုတ် ကတ်တလောက်။ GIS ရှိ အချက်အလက် အဘိဓာန်တွင် အချက်အလက်ခေါင်းစဉ် များ၏ အမည်အပြည့်အစုံ၊ ကုတ်များ၏အဓိပ္ပါယ်၊ အချက်အလက် အရင်းအမြစ်၏စကေး၊ တည်နေရာများ ၏တိကျမှုတန်ဖိုးနှင့် အသုံးပြုထားသော မြေပုံအရိပ်ချစနစ်တို့ ပါဝင်နိုင်ပါသည်။
ကိုးကား – wiki.gis.com
data element
တည်နေရာအချက်လက်အစု (spatial dataset) တစ်ခု၏ အထူးလက္ခဏာတစ်ခုကိုဖော်ပြသည့် အသေးငယ်ဆုံးသောသတင်းအချက်အလက် ယူနစ်တစ်ခုဖြစ်သည်။ အချက်အလက်အစိတ်အပိုင်း (data element) တစ်ခုသည် ထပ်မံ ခွဲခြားမရနိုင်သော အခြေခံဖော်ပြချက်တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
data file – အချက်အလက် ဖိုင်
စာသား၊ ပုံများ (graphics) သို့မဟုတ် ကိန်းဂဏန်းများအား သိမ်းဆည်းထားသည့် ဖိုင်တစ်ခု။
ကိုးကား – wiki.gis.com
data format – အချက်အလက် ပုံစံ
ကွန်ပျူတာဖိုင် သို့မဟုတ် မှတ်တမ်း တစ်ခုကို သိမ်းဆည်းရန် အသုံးပြုသည့် ဖွဲ့စည်းပုံ။
ကိုးကား – wiki.gis.com
data frame
ArcMap ရှိ layer တစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုသော layer များ အတွက် အကျယ်အဝန်း၊ ပုံထုတ်စာရွက် အရွယ်အစား၊ မြေပုံအရိပ်ချစနစ် နှင့် အခြား မြင်ကွင်းထိန်းချုပ်အချက်များကို သတ်မှတ်သည့် မြေပုံအရာဝတ္ထု တစ်ခု ဖြစ်သည်။ Dataset တစ်ခုကို data frame တစ်ခု (သို့မဟုတ်) တစ်ခု မကသည့် data frame များဖြင့် ကိုယ်စားပြုနိုင်သည်။ အချက်အလက်မြင်ကွင်း (Data view) တွင် တစ်ကြိမ်လျှင် data frame တစ်ခုသာ ပြသသည်၊ ပုံထုတ် မြင်ကွင်း (Layout view) တွင် မြေပုံတစ်ခု၏ data frame အားလုံးကို တပြိုင်နက်ထဲ ကြည့်နိုင်သည်။ မြေပုံအများစုတွင် “map body” စာသားကို ESRI မှ ခေါ်ဝေါ်သော data frame အစား အသုံးပြုကြသည်။
ကိုးကား – wiki.gis.com
data integration – အချက်အလက် ပေါင်းစပ်ခြင်း
အဖွဲ့အစည်း နှစ်ခု သို့မဟုတ် စနစ် နှစ်ခုအကြား အချက်အလက် ဝေမျှခြင်း နှင့် ပေါင်းစပ်ခြင်း လုပ်ငန်းစဉ်။
ကိုးကား – wiki.gis.com
data integrity – အချက်အလက် မှန်ကန်ညီညွတ်မှု
ဒေတာ model နှင့် ဒေတာ အမျိုးအစားအရ ဒေတာဘေ့စ်တစ်ခု ရှိ ဒေတာ ၏ တိကျမှု နှင့် မှန်ကန်မှု အတိုင်းအတာ။
ကိုးကား – wiki.gis.com
data logger – ဒေတာလော့ဂါ (အချက်အလက်မှတ်တမ်းကောက်ယူသောစက်)
GPS လက်ခံစက်ဖြင့် စုဆောင်းထားသည့် အချက်အလက်များကို သိုလှောင်သိမ်းဆည်းရန် အသုံးပြုလေ့ရှိသော၊ ပေါ့ပါးပြီး ကွင်းဆင်းရာတွင်အသုံးပြုသော၊ လက်ကိုင်ကွန်ပျူတာ။
ကိုးကား – wiki.gis.com
Data Manager Web Service – အချက်အလက် စီမံသူ ဝက်ဘ် ဝန်ဆောင်မှု
သုံးစွဲသူများအား ကိုယ်ပိုင်မြေပုံ နှင့် မြေပုံအချက်အလက်ရှာဖွေရာတွင် အသုံးပြုရန် ကိုယ်ပိုင် GIS ဒေတာနှင့် အချက်အလက်များအား တင်ရန်ခွင့်ပြုသည့် SOAP ArcWeb ဝန်ဆောင်မှုတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
data message – အချက်အလက်သတင်း
ဂြိုလ်တု၏ ပတ်လမ်းအတွင်းတည်နေရာ၊ ကြံ့ခိုင်မှုအခြေအနေ (operating health)နှင့် အချိန်ကွဲလွဲမှု ပြင်ဆင်ချက်များ(clock corrections) ကို ဖော်ပြပေးသည့် GPS ဂြိုလ်တု signal တွင်ပါဝင်သည့် သတင်းအချက်အလက်ဖြစ်သည်။
ကိုးကား – wiki.gis.com
data model – အချက်အလက်ပုံစံ
GISတွင် ပထဝီဆိုင်ရာ အရာဝတ္ထုများ သို့မဟုတ် မျက်နှာပြင်များကို အချက်အလက်အဖြစ် ကိုယ်စားပြုသည့် သင်္ချာဆိုင်ရာ တည်ဆောက်ပုံတစ်ခုဖြစ်သည်။ ဥပမာ vector data model သည် ပထဝီ ကို အမှတ်များ၊ မျဉ်းများ နှင့် polygons များဖြင့် ကိုစားပြုဖော်ပြပေးသည်။ raster data model သည် ဂဏန်းတန်ဖိုးများအား cell matrixes များအဖြစ် သိမ်းဆည်းကာ ကိုစားပြုဖော်ပြပေးသည်။ TIN data model သည် ပထဝီ ကို တဆက်တည်းရှိ၊ တစ်ခုနှင့်တစ်ခုထပ်ခြင်းလည်းမရှိသော တြိဂံများဖြင့် ကိုစားပြုဖော်ပြပေးသည်။
ကိုးကား – wiki.gis.com
data product
ArcWeb Services တွင် credit တစ်ကြိမ်သာ ကုန်ကျသည့် layer အစုတစ်ခုဖြစ်သည်။ နေ့စဉ်အသုံးပြုနေသည့် data layer များတွင် သက်ဆိုင်ရာ data product တစ်ခုပါလေ့ရှိသည်။
ကိုးကား – wiki.gis.com
data recorder – အချက်အလက်မှတ်တမ်းတင်ကရိယာ
GPS receiverမှ ကောက်ယူစုဆောင်းထားသည့် အချက်အလက်များကို သိမ်းဆည်းရန် ပေါ့ပါးပြီး ကွင်းဆင်းရာတွင်အသုံးပြုသော လက်ကိုင်ကွန်ပျူတာတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
data repository – အချက်အလက်အစုအဝေး
သတင်းအချက်အလက်များ၊ metadata နှင့် ဒေတာများအား စုဆောင်း၊ သိမ်းဆည်းကာ ဖြန့်ဝေပေးသော ကွန်ပြူတာပစ္စည်း (သို့မဟုတ်) ကွန်ပြူတာအတွင်းရှိစနစ် တစ်ခုဖြစ်သည်။ Clearinghouse သည် သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် ရယူသုံးစွဲခွင့်ပေးထားပြီး ပြင်ပအဖွဲ့အစည်းများထိပါ ရယူသုံးစွဲခွင့်ပြုထားသည်ဟု ယေဘုယျအားဖြင့် ယူဆပါသည်။
ကိုးကား – wiki.gis.com
data sharing – အချက်အလက်မျှဝေခြင်း
အချက်အလက်ဖန်တီးထားသူသာမက အခြား အဖွဲ့အစည်းများ သို့မဟုတ် လူတစ်ဦးချင်းစီက ဒေတာကို ဝင်ရောက်ကြည့်ရှုပြီး ရယူနိုင်စေရန် ပြုလုပ်ထားခြင်း။
ကိုးကား – wiki.gis.com
data source – အချက်အလက်အရင်းအမြစ်
မည်သည့် အချက်အလက်ကိုမဆို ဆိုလိုသည်။ အချက်အလက်အရင်းအမြစ်များတွင် coverage, shapefiles၊ rasters သို့မဟုတ် feature classes များ ပါဝင်သည်။
ကိုးကား – wiki.gis.com
data structure – အချက်အလက် ဖွဲ့စည်းတည်ဆောက်ပုံ
ကွန်ပျူတာစနစ်တစ်ခုအတွင်းအချက်အလက်များကို သိမ်းဆည်းပြီး ထိရောက်စွာ ကိုင်တွယ်နိုင်ရန်ပြုလုပ်ပေးသည့် အချက်အလက်ဖွဲ့စည်းပုံဖြစ်သည်။ ကွန်ပျူတာပုံစံဖြင့် data model တစ်ခုကို ကိုယ်စားပြုချက်တစ်ခုလည်းဖြစ်သည်။
ကိုးကား – wiki.gis.com
data synchronization – အချက်အလက်များကို ထပ်တူညီအောင် ပြုလုပ်ခြင်း
မိတ္တူ ဒေတာတစ်စုံ တွင် ဒေတာတစ်ခုရှိပြောင်းလည်းမှုများကို အခြားမိတ္တူဒေတာတွင်ပါသက်ရောက် အောင်ပြုလုပ်ခြင်းလုပ်ငန်းစဉ်ဖြစ်သည်။ ဒေတာပြောင်းလဲမှုများတွင် rows နှင့် features အသစ်များထည့်ခြင်း ၊ဖြည့်စွက်ခြင်း နှင့် ပယ်ဖျက်ခြင်းတို့ပါဝင်သည်။ မိတ္တူပွားဒေတာ နှစ်ခုအကြား ထပ်တူညီအောင် ပြုလုပ်ရာတွင် ဒေတာတစ်ခုမှ အခြားတစ်ခုသို့ တလမ်း သွားထပ်တူညီ ပြုလုပ်နိုင်သလို ဒေတာနှစ်ခုအကြား ထပ်တူညီပြုခြင်း အပြန်အလှန်ပြုလုပ်နိုင်သည်။
ကိုးကား – wiki.gis.com
data transfer – အချက်အလက် ပေးပိုခြင်း/ရွှေ့ပြောင်းခြင်း/ကူးပြောင်းခြင်း
အချက်အလက်များကို စနစ်တစ်ခုမှအခြားတစ်ခုဆီ ရွှေ့ပြောင်းသော လုပ်ငန်းစဉ် သို့မဟုတ် ကွန်ယက်ပေါ်တွင် အချက်အလက်များကို တစ်နေရာမှတစ်နေရာဆီ ရွှေ့ပြောင်းပေးသော လုပ်ငန်းစဉ်။
ကိုးကား – wiki.gis.com
data type – ဒေတာအမျိုးအစား
ဇယားတစ်ခု၏ Variable၊ Field (သို့မဟုတ်) ကော်လံတစ်ခုတွင် မည်သည့် ဒေတာအချက်အလက်အမျိုးအစား ကို သိမ်းဆည်းနိုင်သည်ဟု သတ်မှတ်သည့် ဖော်ပြချက်။ ဒေတာအမျိုးအစားအများစုမှာ အက္ခရာများ၊ ကိန်းပြည့်များ၊ ဒဿမကိန်းများ၊ single ဒေတာအမျိုးအစား၊ double ဒေတာအမျိုးအစား နှင့် စာသားများ ဖြစ်သည်။
ကိုးကား – wiki.gis.com
data-driven ring analysis
ပြိုင်ဘက်များရှိသောနေရာများကို ကြည့်ရန် သို့မဟုတ် ဖြစ်နိုင်ခြေရှိသောနေရာအသစ်များကို ရွေးချယ်ရန်အတွက် အဓိကအားဖြင့်အသုံးပြုသော စျေးကွက်ခွဲခြမ်းစိတ်ဖြာမှုအမျိုးအစားတစ်ခု။
ကိုးကား – wiki.gis.com
database – ဒေတာဘေ့စ်
တစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုသော အဆက်မပြတ် ဖွဲ့စည်းထားသော အချက်အလက်များကို ယူနစ်တစ်ခုအဖြစ် စီမံခန့်ခွဲ၍ သိမ်းဆည်းပြီး ၊ အချက်အလက်များကို အသစ်ပြင်ဆင်ရန်နှင့် ထုတ်ယူရန် အသုံးပြုသော ဆော့ဖ်ဝဲလ်နှင့် ယေဘုယျအားဖြင့် ဆက်စပ်သည်။ ရိုးရှင်းသော ဒေတာဘေ့စ်တစ်ခုသည် မှတ်တမ်းများစွာပါသည့် ဖိုင်တစ်ခုတည်းဖြစ်နိုင်ပြီး မှတ်တမ်းတစ်ခုစီတွင် တူညီသော ကော်လံများ ကို ရည်ညွှန်းသည်။ GIS database တစ်ခုတွင် အမှတ်များ(points)၊ မျဉ်းများ(lines)၊ ဧရိယာများ(areas)၊ pixels များ, grid cells သို့မဟုတ် TINsများ နှင့် ၎င်းတို့၏ attributesများ အဖြစ် မှတ်တမ်းတင်ထားသည့် ပထဝီဆိုင်အရာ အသွင်အပြင်များ၏ ပုံသဏ္ဌာန်များ နှင့် spatial locations တို့နှင့်ပတ်သက်သည့် အချက်အလက်များပါဝင်သည်။
ကိုးကား – wiki.gis.com
database administrator – စုစည်းထားသော အချက်အလက်များအား စီမံခန့်ခွဲသူ
Database အား စီမံခန့်ခွဲသူ။ ဒေတာဘေ့စ် စီမံခန့်ခွဲရာတွင် အသုံးပြုသူများအတွက်ပြင်ဆင်ခြင်း၊ အချက်အလက်များလုံခြုံရေး၊ အချက်အလက်များအရံသိမ်းဆည်းခြင်း၊ အချက်အလက်များပြန်လည်ရယူခြင်း နည်းလမ်းများနှင့် အချက်အလက်များသိမ်းဆည်းပေးသည့် ပစ္စည်းကို အကောင်းဆုံးစွမ်းဆောင်နိုင်စေရန် ပြုလုပ်ပေးခြင်းတို့ ပါဝင်သည်။
ကိုးကား – wiki.gis.com
database connection – ဒေတာဘေ့စ် ချိတ်ဆက်မှု
ဆော့ဖ်ဝဲလ်အပလီကေးရှင်းတစ်ခုမှ ဒေတာဘေ့စ်တစ်ခု (သို့မဟုတ်) ချိတ်ဆက်မှုတစ်ခုဖြစ်သည်။ ဒေတာဘေ့စ် ချိတ်ဆက်မှု များတွင် အခြေအနေ နှစ်ခုရှိသည်။ ဒေတာဘေ့စ်သို့ ချိတ်ဆက်ထားခြင်း (သို့မဟုတ်) ဒေတာဘေ့စ်မှ ချိတ်ဆက်မှု ဖြုတ်ထားခြင်း တို့ဖြစ်သည်။ ဒေတာဘေ့စ် ချိတ်ဆက်မှုတစ်ခုကို ပယ်ဖျက်ခြင်းသည် ၎င်းကိုယ်တိုင်၏ ချိတ်ဆက်မှု ကို ပယ်ဖျက်ခြင်းဖြစ်ပြီး ဒေတာဘေ့စ် (သို့မဟုတ်) ဒေတာဘေ့စ်ထဲရှိ အချက်အလက်များကို ပယ်ဖျက်ခြင်း မဟုတ်ပေ။ ဒေတာဘေ့စ် ချိတ်ဆက်မှုတစ်ခု ဖန်တီးရာတွင် အချက်အလက် ထောက်ပံ့ပေးသူတစ်ဦးကို ရွေးချယ်ပေးဖို့ လိုအပ်သည်။
ကိုးကား – wiki.gis.com
database design – database ဒီဇိုင်း
Database အသုံးပြုသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် database တစ်ခု၏ လိုအပ်ချက်ဆိုင်ရာ(conceptual)၊ အချက်အလက်ဖွဲ့စည်းပုံဆိုင်ရာ (logical) နှင့် စက်ပိုင်းဆိုင်ရာ(physical) အစိတ်အပိုင်းများ (structures) များ ရေးဆွဲ အကောင်အထည် ဖော်ခြင်း ဖြစ်သည်။
ကိုးကား – wiki.gis.com
database generalization
ရိုးရှင်းစစ်မှန်သော ပုံစံတစ်ခုအဖြစ်ပြုလုပ်ခြင်း သို့မဟုတ် သိုလှောင်သိမ်းဆည်းထားသော အချက်အလက် ပမာဏကို လျော့ချရန်အတွက် အရာ/အရာဝတ္ထုများ နှင့် အရာ/အရာဝတ္ထုအတန်းအစားများကို ဖယ်ရှားခြင်း၊ လျော့ချခြင်း နှင့် ရိုးရှင်းစေခြင်း ပြုလုပ်ခြင်း။
ကိုးကား – wiki.gis.com
database management system – ဒေတာဘေ့စ် စီမံခန့်ခွဲမှုစနစ်
ဒေတာဘေ့စ်များအား ဖန်တီးရန် နှင့် ထိန်းသိမ်းရန် အသုံးပြုသော ဆော့ဝဲလ် အပလီကေးရှင်း များပါသည့်အစုတစ်ခုဖြစ်သည်။ ဒေတာဘေ့စ် စီမံခန့်ခွဲမှုစနစ်များသည် အချက်အလက်များ ထည့်ခြင်း၊ သိုလှောင်သိမ်းဆည်းခြင်း၊ ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်း နှင့် ပြန်ထုတ်ယူခြင်းတို့အတွက် tools များကို ထောက်ပံ့ပေးသည်။
ကိုးကား – wiki.gis.com
Database Management System (DBMS) – ဒေတာဘေ့စ်စီမံခန့်ခွဲမှုစနစ် (DBMS)
DBMS တစ်ခုသည် ဒေတာထည့်သွင်းမှု၊ သိမ်းဆည်းမှု၊ အဝင်၊အထွက် နှင့် အချက်အလက်များစုစည်းခြင်းကို ပြုလုပ်ပေးသည့် tools များကို စုစည်းထားမှုတစ်ခုဖြစ်ပြီး ၎င်းသည် အသုံးပြုသူများနှင့် ဒေတာဘေ့စ်ကြားတွင် ကြားခံအဖြစ် လုပ်ဆောင်ပေးသည်။
ကိုးကား – gisgeography.com
database role
အမျိုးအစားတူညီသော လုပ်ဆောင်ချက်များ လုပ်ကိုင်သည့် ဒေတာဘေ့စ်အသုံးပြု များသည် တူညီသော ဒေတာဘေ့စ် သုံးစွဲခွင့်လိုအပ်သည့်အတွက် ထိုသုံးစွဲသူအစုကို သတ်မှတ်ပေးသည့် ဒေတာဘေ့စ် ခွင့်ပြုချက်ဖြစ်သည်။ အသုံးပြုသူအထူးအခွင့်အရေးများ စီမံခန့်ခွဲခြင်းကို ရိုးရှင်းစေရန် ဒေတာဘေ့စ် စီမံခန့်ခွဲသူများက ဒေတာဘေ့စ် (အသုံးပြုခွင့်) အဆင့် များကို အသုံးပြုကြသည်။
ကိုးကား – wiki.gis.com
database schema
database schema တစ်ခုအား ဆက်စပ်မှုအခြေခံဒေတာဘေ့စ်စနစ်များ (RDBMS) တွင် ပံ့ပိုးပေးထားပြီး ဒေတာဘေ့စ်သို့ ထည့်သွင်းလာမည့်အချက်အလက် ကို မည်သို့တည်ဆောက်ရမည်ကိုဖော်ပြသည့် အသေးစိတ်အစီအစဉ်အဖြစ် လုပ်ဆောင်သည်။
ကိုးကား – gisgeography.com
database statistics – ဒေတာဘေ့စ် စာရင်းအင်းအချက်အလက်
ဒေတာဘေ့စ်တစ်ခု၏အခြေအနေ နှင့် တောင်းဆိုချက်များကိုဆောင်ရွက်ရာတွင် အကောင်းဆုံးဖြစ်စေရန် မည်သည့် ဒေတာဘေ့စ် စီမံခန့်ခွဲမှုစနစ်ကို အသုံးပြုသည်ကို သင်္ချာနည်းဖြင့်တွက်ချက်ဖော်ပြသည့်အချက်အလက်ဖြစ်သည်။
ကိုးကား – wiki.gis.com
database support – ဒေတာဘေ့စ် ထောက်ပံ့မှု
ပရိုဂရမ် (သို့မဟုတ်) အစိတ်အပိုင်း တစ်ခုမှ ထောက်ပံ့ပေးထားသော မူပိုင်ရှိ database ပလက်ဖောင်းများ။
ကိုးကား – wiki.gis.com
dataflow – အချက်အလက် စီးဆင်းမှု
စနစ်တစ်ခုမှတဆင့် အချက်အလက်ဖြတ်သန်းမှု လမ်းကြောင်း။
ကိုးကား – wiki.gis.com
dataset
အများအားဖြင့် အတူတကွ စုစည်းထားသော သို့မဟုတ် သိမ်းဆည်းထားသော ဆက်နွှယ်နေသည့် အချက်အလက်များ စုစည်းထားမှု တိုင်းကို ဒေတာစု ဟုခေါ်သည်။
ကိုးကား – wiki.gis.com
dataset precision
ကိုဩဒိနိတ်တစ်ခုကို အရာရောက်ဂဏန်းအရေအတွက်အပေါ်မူတည်ပြီး datasetတစ်ခုအတွင်းတွင် တန်ဖိုးတစ်ခုကို သိမ်းဆည်းသည့်အခါ သင်္ချာဖြင့်ဖော်ပြသည့် အသေးစိတ်မှု သို့မဟုတ် တိကျမှုဖြစ်သည်။
ကိုးကား – wiki.gis.com
datasnooping
Survey Analyst တွင် W-test ကို အသုံးပြု၍ တိုင်းတာမှုတစ်ခုစီကို စမ်းသပ်ခြင်းလုပ်ငန်းစဉ်။
ကိုးကား – wiki.gis.com
datum – ရည်ညွှန်းမျက်နှာပြင်
တိုင်းတာရေး စနစ် တစ်ခု ၏ သီးသန့် သတ်မှတ်ထားသော ရည်ညွှန်းချက်များ ဖြစ်သည်။များသောအားဖြင့် မျက်နှာပြင်တစ်ခုပေါ်ရှိ တည်နေရာကို ဖော်ပြသည့် ကိုဩဒိနိတ်စနစ် (ရေပြင်ညီ ရည်ညွှန်းမျက်နှာပြင်) သို့မဟုတ် မျက်နှာပြင်တစ်ခု မှ အထက် သို့မဟုတ် အောက်သို့ အကွာ အဝေး (အမြင့်ရည်ညွှန်းမျက်နှာပြင်) ကိုဖော်ပြသည့် အမြင့်ဖော်ပြသည့် စနစ် ဖြစ်သည်။
ကိုးကား – wiki.gis.com
datum level – ရည်ညွှန်းမျက်မှာပြင်
အမြင့်၊ မြေပြင်အမြင့်၊ ရေအနက် စသည်တို့ ၏ ရည်ညွှန်းမျက်နှာပြင် ဖြစ်သည်။
ကိုးကား – wiki.gis.com
datum plane – ရည်ညွှန်းမျက်မှာပြင်
အမြင့်၊ မြေပြင်အမြင့်၊ ရေအနက် စသည်တို့ ၏ ရည်ညွှန်းမျက်နှာပြင် ဖြစ်သည်။
ကိုးကား – wiki.gis.com
datum points – ရည်ညွှန်းမျက်နှာပြင် အမှတ်များ
မြေပြင်တိုင်းတာမှုများတွင် မြေတိုင်းမှတ်များသည် လက်တလောတွက်ချက်မှုမှ ရလာသော အမှတ်များ မဟုတ်ပဲ မူလကတည်း တွက်ချက်ထားသည့် မြေတိုင်း အမှတ်များဖြစ်ပြီး ယင်းတို့ကို တွက်ချက်မှု လုပ်ငန်းအဆင့်ဆင့်တွင် ထည့်သွင်းအသုံးပြု ခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
datum shift – ဒေတမ် အရွေ့ (ဝါ) ရည်ညွှန်းမျက်နှာပြင် အရွေ့
ကိုဩဒိနိတ် စနစ်တစ်ခု ရှိ အမှတ်များ၏ လတ်-လောင် တန်ဖိုးများကို အခြား ကိုဩဒိနိတ် စနစ် ၏ လတ်-လောင် တန်ဖိုးများအဖြစ် စနစ်တကျ ပြောင်းလဲခြင်းဖြစ်သည်။ ပါဝင်သော ကမ္ဘာ့ ကိုဩဒိနိတ်စနစ်များ အပေါ်မူတည်ပြီး ပြောင်းလဲခြင်း ကို နည်းလမ်း များစွာ ဖြင့်ပြုလုပ်နိုင်သည်။ များသောအားဖြင့် ညီမျှခြင်းများကို အသုံးပြုပြီး “မှ” နှင့် “သို့” ကိုဩဒိနိတ်စနစ် များ ၏ တည်နေရာ နှင့် လားရာ ကို သုံးဖက်မြင် စနစ် တွင် ပုံစံ(model) ဖန်တီးပြုလုပ် လေ့ရှိသည်။ ပြောင်းလဲခြင်းဇာတိကိန်း (paramters) များ တွင် အရွေ့၊ အလည် နှင့် စကေး တို့ ပါဝင်သည်။အခြား နည်းများ – NAD 1927 နှင့် NAD 1983 အကြား ပြောင်းလဲ ရာ တွင် အမှတ် အစု တစ်ခု စနစ် နှစ်ခု ရှိ ကိုဩဒိနိတ်များကြား ကွာခြား ချက်များပါသည့် ဖိုင်များကို အသုံးပြုသည်။ အခြား အမှတ်များ အတွက်ကိုဩဒိနိတ်ကို ယင်း အမှတ်များမှ ဆင့်ပွား တွက်ချက် ပေးသည်။
ကိုးကား – wiki.gis.com
datum transformation – ဒေတမ် ပြောင်းခြင်း (ဝါ) ရည်ညွှန်းမျက်နှာပြင်ပြောင်းခြင်း
ကိုဩဒိနိတ် စနစ်တစ်ခု ရှိ အမှတ်များ၏ လတ်-လောင် တန်ဖိုးများကို အခြား ကိုဩဒိနိတ် စနစ် ၏ လတ်-လောင် တန်ဖိုးများအဖြစ် စနစ်တကျ ပြောင်းလဲခြင်းဖြစ်သည်။ ပါဝင်သော ကမ္ဘာ့ ကိုဩဒိနိတ်စနစ်များ အပေါ်မူတည်ပြီး ပြောင်းလဲခြင်း ကို နည်းလမ်း များစွာ ဖြင့်ပြုလုပ်နိုင်သည်။ များသောအားဖြင့် ညီမျှခြင်းများကို အသုံးပြုပြီး “မှ” နှင့် “သို့” ကိုဩဒိနိတ်စနစ် များ ၏ တည်နေရာ နှင့် လားရာ ကို သုံးဖက်မြင် စနစ် တွင် ပုံစံ(model) ဖန်တီးပြုလုပ် လေ့ရှိသည်။ ပြောင်းလဲခြင်းဇာတိကိန်း (paramters) များ တွင် အရွေ့၊ အလည် နှင့် စကေး တို့ ပါဝင်သည်။အခြား နည်းများ – NAD 1927 နှင့် NAD 1983 အကြား ပြောင်းလဲ ရာ တွင် အမှတ် အစု တစ်ခု စနစ် နှစ်ခု ရှိ ကိုဩဒိနိတ်များကြား ကွာခြား ချက်များပါသည့် ဖိုင်များကို အသုံးပြုသည်။ အခြား အမှတ်များ အတွက်ကိုဩဒိနိတ်ကို ယင်း အမှတ်များမှ ဆင့်ပွား တွက်ချက် ပေးသည်။
ကိုးကား – wiki.gis.com
dbf – dbf ဖိုင်
ဒေတာဘေ့စ် ဖိုင် အမျိုးအစားတစ်ခုဖြစ်သည်။ shp ဖိုင် ၏ တွဲဖက် ဖိုင် တစ်ခုဖြစ်ပြီး dbf ဖိုင်တွင် အချက်အလက်ဇယား (attribute table) ကိုသိမ်းဆည်း ထားသည်။
ကိုးကား – wiki.gis.com
DBF file
ဒေတာဘေ့စ် ဖိုင် အမျိုးအစားတစ်ခုဖြစ်သည်။ shp ဖိုင် ၏ တွဲဖက် ဖိုင် တစ်ခုဖြစ်ပြီး dbf ဖိုင်တွင် အချက်အလက်ဇယား (attribute table) ကိုသိမ်းဆည်း ထားသည်။
ကိုးကား – wiki.gis.com
DBMS
schema တစ်ခုအရ ဒေတာဘေ့စ်များကို ဖန်တီးထိန်းသိမ်းရန် အသုံးပြုသည့် ဆော့ဖ်ဝဲလ်အပလီကေးရှင်းတစ်စုံ။ ဒေတာဘေ့စ်စီမံခန့်ခွဲမှုစနစ်များသည် အချက်အလက်အသစ်ထပ်ထည့်ခြင်း၊ သိမ်းဆည်းခြင်း၊ ပြောင်းလဲခြင်း၊ ဖျက်ခြင်းနှင့် ပြန်လည်ထုတ်ယူခြင်းများအတွက် tools များကို ပံ့ပိုးပေးသည်။
ကိုးကား – wiki.gis.com
DCOM
Distributed Component Object Model ၏ အတိုကောက်စာလုံးဖြစ်သည်။ ကွန်ယက်တစ်ခုပေါ်ရှိ အမျိုးမျိုးသောကွန်ပျူတာများတွင် အရာဝတ္ထုများကြား ဆက်သွယ်မှုကို ပံ့ပိုးပေးရန် COM ကို တိုးချဲ့ပေးသည်။
ကိုးကား – wiki.gis.com
DDL
SQL statements အစုတစ်ခုဖြစ်ပြီး ၎င်းကို ဒေတာဘေ့စ်အသစ်တစ်ခုဖန်တီးရန်၊ ၎င်းဒေတာဘေ့စ်တွင်ခွင့်ပြုချက်များ သတ်မှတ်ရန်နှင့် ၎င်း၏အချက်အလက်များကို သတ်မှတ်ရန် အပြန်အလှန်ဖြစ်စေ သို့မဟုတ် programming language တစ်ခုအတွင်းတွင်ဖြစ်စေ အသုံးပြုနိုင်သည်။
ကိုးကား – wiki.gis.com
dead reckoning
သင်္ဘောတစ်စီးသို့မဟုတ် လေယာဉ်တစ်စီး၏ နောက်ဆုံးမှတ်ယူထားသည် တည့်နေရာ၊ ၎င်းယာဉ်၏ အမြန်နှုန်းနှင့် စီးမျှောပုံပေါ်မူတည်ပြီး တည်နေရာအသစ်ကို တွက်ချက်သည့် နောက်ဆုံးဆင့် ခရီးသွားလမ်းကြောင်းပြနည်းလမ်းတစ်ခု။
ကိုးကား – wiki.gis.com
debug – အမှားရှာဖွေပြင်ဆင်ခြင်း
ကွန်ပျူတာပရိုဂရမ် သို့မဟုတ် ကွန်ပျူတာပရိုဂရမ်အစိတ်အပိုင်းတစ်ခုရှိ အပြစ်များကို ရှာဖွေပြင်ဆင်ရန် စမ်းသပ်ခြင်း။
ကိုးကား – wiki.gis.com
decimal degrees – ဒဿမ ဒီဂရီ
လတ် လောင် တန်ဖိုးများကို ဒီဂရီ-မိနစ်-စက္ကန့် မျာဖြင့် မဖော်ပြပဲ ဒီဂရီသက်သက် ဒဿမ ဂဏန်း များဖြင့်ဖော်ပြထားသည်။ ဥပမာ – ၉၆ ဒီဂရီ ၃၀ မိနစ် ကို ၉၆.၅ ဒီဂရီဟုဖော်ပြခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
decision support system – ဆုံးဖြတ်ချက်အထောက်အကူပြုစနစ်
ပြဿနာများကို နားလည်စေပြီး အဖြေရှာဖွေနိုင်ရန် ကူအညီပေးသည့် အချက်အလက်များတင်ပြခြင်းနှင့် modelling tools များပါဝင်သော ကွန်ပျူတာ ပရိုဂရမ်။
ကိုးကား – wiki.gis.com
declination
စက်လုံးကိုဩဒီနိတ်စနစ်တွင် စက်လုံးပေါ်ရှိအမှတ်တစ်ခုသို့ဆွဲထားသောမျဉ်းနှင့် အီကွေတာပြင်ညီမျက်နှာပြင်တို့ကြားရှိထောင့် (လတ္တီကျု နှင့် အတူတူပင်ဖြစ်သည်) ။
ကိုးကား – wiki.gis.com
deeply stateful application
ဆာဗာအရာဝတ္ထု သို့မဟုတ် ၎င်းနှင့်ဆက်စပ်အရာဝတ္တုများ၏အခြေအနေကို ပြောင်းလဲခြင်းဖြင့် အပ်ပလီကေးရှင်းအခြေအနေကို ထိန်းသိမ်းရန် GIS ဆာဗာအား အသုံးပြုသည့် အပ်ပလီကေးရှင်းတစ်ခု ဖြစ်သည်။ Deeply stateful applications များသည် ပူးပေါင်းပေါင်းမထားသည့် ဆာဗာအရာဝတ္ထုများ လိုအပ်သည်။
ကိုးကား – wiki.gis.com
default cadastral fabric
Survey Analyst – Cadastral Editor တွင် ဒေတာဘေ့စ်ရှိ မြေစာရင်းဖွဲ့စည်းပုံ၏ နောက်ဆုံးပေါ်ဗားရှင်းဖြစ်ပြီး ၎င်းသည် ဒေတာဘေ့စ်ရှိ မူရင်းဗားရှင်းနှင့် ကိုက်ညီသည်။ မူရင်း မြေစာရင်းဖွဲ့စည်းပုံသည် မြေစာရင်းဖွဲ့စည်းပုံ၏ လက်ရှိတရားဝင် အခြေအနေကို ကိုယ်စားမပြုနိုင်ပါ။
ကိုးကား – wiki.gis.com
default interface
COM object တစ်ခုဖန်တီးသောအခါ အခြားသော interface ကို သတ်မှတ်မထားပါက အလိုအလျောက် ပြန်ပေးသည့် interface ဖြစ်သည်။ ArcObjects အတန်းအစားအများစုသည် IUnknown ကို default interface အဖြစ် သတ်မှတ်သည်။
ကိုးကား – wiki.gis.com
default junction type
ဂျီဩမေတြီကွန်ယက်များတွင် လက်ရှိအသုံးပြုသူ၏ ရွေးချယ်မှုတစ်စုံတစ်ရာမပါဘဲ အစွန်းနှစ်ခုကို အလိုအလျောက်ချိတ်ဆက်ပေးသော အသုံးပြုသူဖန်တီးထားသော ဆုံမှတ် အမျိုးအစား။ အစွန်းတစ်ခုတွင် မူရင်းဖန်တီးထားသော အဆုံးလမ်းဆုံအမျိုးအစားဖြစ်နိုင်ကာ ၎င်းကို အစွန်းအသစ်များ၏ အလွတ်စွန်းများ (Free ends) အတွက် အသုံးပြုသည်။
ကိုးကား – wiki.gis.com
default style
ArcWeb ဝန်ဆောင်မှုလုပ်ငန်းများတွင် အလွှာအတန်းအစားတစ်ခုကို သင်္ကေတများဖြင့်ပုံဖော်ပြသရန် အသုံးပြုသည့် မူရင်း ပုံစံ။ သင်္ကေတများကို မြေပုံ အချက်အလက် အရင်းအမြစ်တစ်ခု ထဲတွင် မူလပုံအစားအသစ်ဖြင့် အစားထိုးအသုံးပြုနိုင်သည်။
ကိုးကား – wiki.gis.com
defined study area – သတ်မှတ်ထားသော လေ့လာမှုနယ်ပယ်
မြို့တစ်မြို့ကဲ့သို့ သတ်မှတ်ထားသော နယ်နိမိတ်ရှိသည့် လေ့လာမှုနယ်ပယ်တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
definition query – သတ်မှတ်ချက် စီစစ်ခြင်း
ArcMap တွင် အသုံးပြုသူ ရွေးချယ်ထားသော စံနှုန်းများပေါ် အခြေခံသည့် အရာ/အရာဝတ္ထု သို့မဟုတ် tabular attributes ကို စစ်ဆေးပြီး သတ်မှတ်ချက်များနှင့်ကိုက်ညီသော အရာ/အရာဝတ္ထုများ သို့မဟုတ် မှတ်တမ်းများကိုသာ ပြသ ပေးသည့် တောင်းဆိုချက်တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
deflection
ရှိပြီးသားမျဉ်းအပိုင်းတစ်ခုအဆုံးမှ ထောင့်တစ်ခုဖြင့်မျဉ်းအပိုင်းတစ်ခုဖန်တီးခြင်း။
ကိုးကား – wiki.gis.com
degree – ဒီဂရီ
(°) သင်္ကေတဖြင့် ဖော်ပြသော ထောင့်အတိုင်းအတာယူနစ်။ ကမ္ဘာကြီးကို ၃၆၀ ဒီဂရီ လောင်ဂျီကျုများနှင့် ၁၈၀ ဒီဂရီ လတ္တီကျုများအဖြစ် ပိုင်းခြားထားပါသည်။
ကိုးကား – wiki.gis.com
degree slope – လျောစောက်တန်ဖိုး ဒီဂရီ
စောင်းနေသော မျက်နှာပြင်တစ်ခု ၏ လျောစောက်တန်ဖိုး အတိုင်းအတာ ပြသည့် ယူနစ်။ မတ်စောက်မှု ကို တိုင်းတာရာ တွင် (၀) သုည မှ ၉၀ ဒီဂရီ ရှိနိုင်သည်။ ပြင်ညီသည် သုညဒီဂရီဖြစ်သည်။
ကိုးကား – wiki.gis.com
degrees-minutes-seconds – ဒီဂရီ-မိနစ်-စက္ကန့်
လတ်-လောင်တန်ဖိုးများ ကို ဖော်ပြသည့် ယူနစ် ဖြစ်သည်။ တစ် ဒီဂရီ သည် စက်ဝိုင်းတစ်ခု၏ ၁/၃၆၀ အပိုင်းဖြစ်သည်။ တစ်ဒီဂရီကို မိနစ်ပေါင်း ၆၀ ထပ်ပိုင်းနိုင်ပြီး၊ တစ်မိနစ် ကို စက္ကန့်ပေါင်း ၆၀ ပိုင်းနိုင်သည်။
ကိုးကား – wiki.gis.com
Delaunay triangles – ဒီလောင်နေး တြိဂံများ
ဒီလောင်နေး တြိဂံဖွဲ့ ၏ အစိတ်အပိုင်းများဖြစ်သည်။ ဒီလောင်နေး တြိဂံများသည် အလွတ် သီးသန့်တည်ရှိ မနေနိုင်ပါ၊ ယင်းတို့သည် တြိဂံဖွဲ့ကွန်ယက် (TIN) ၏ အစိတ်အပိုင်းများအဖြစ် တည်ရှိခြင်းဖြစ်သည်။ တြိဂံ၏ထောင့်မှတ်သုံးခုလုံးကို ဖြတ်ဆွဲထားသည့် စက်ဝိုင်း အတွင်းတွင် ကွန်ယက်အစိတ်အပိုင်း၏အခြားမည်သည့် အမှတ်မှ ရှိမနေပါ။
ကိုးကား – wiki.gis.com

Delaunay triangulation – ဒီလောင်နေး တြိဂံဖွဲ့ခြင်း
အမှတ်များ ဆက်ပြီးတြိဂံများဖန်တီးရာတွင် တစ်ဆက်တစ်စပ်တည်းအထပ်အပြုမရှိသည့် တြိဂံများပါသည့် ကွန်ယက်တည်ဆောက်သည့်နည်းစနစ်တစ်ခုဖြစ်သည်။ တြိဂံတစ်ခုချင်းတွင် ၎င်း၏ ထောင့်များအားလုံးကိုဖြတ်ဆွဲထားသည့် စက်ဝိုင်း အတွင်း တွင် အခြား အမှတ်များ ကျရောက်နေခြင်းမရှိပါ။ရုရှား သင်္ချာပညာရှင် ဘောရစ်နီကိုလေဗစ်ချ် ဒီလောင်နေး ၏ အမည် မှ ဒီလောင်နေး တြိဂံဖွဲ့ခြင်းအမည်ပေးထားခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com

deletes table
feature class (အရာဝတ္ထုအတန်းအစား) သို့မဟုတ် ဇယားတစ်ခုကို ဗားရှင်းအဖြစ်မှတ်ပုံတင်သောအခါ ဖန်တီးထားသည့် geodatabase စနစ်ဇယား ဖြစ်ပြီး ၎င်းသည် ဖျက်လိုက်သော သို့မဟုတ် update လုပ်ထားသော အချက်အလက်များအားလုံးကို သိမ်းပေးထားသည်။
ကိုးကား – wiki.gis.com
delimiter – တိုင်ခြားသင်္ကေတ
ကွက်လပ် သို့မဟုတ် ကော်မာ ကဲ့သို့သော အက္ခရာတစ်ခုခုဖြစ်သည်။ စကားလုံးများ ကိန်းဂဏန်းများကို ခြားရန်အသုံးပြုသည်။ ”,” “/” “;” tab စသည်တို့ကို အသုံးပြုကြလေ့ရှိသည်။
ကိုးကား – wiki.gis.com
delta database
geodatabases များအကြား သို့မဟုတ် geodatabases နှင့် အခြားသော data store များအကြား ဖလှယ်နိုင်သော ဒေတာတည်းဖြတ်မှုများပါ၀င်သည့် ဖိုင်တစ်ခုဖြစ်သည်။ တည်းဖြတ်မှုများသည် checkout geodatabase၊ အရင်းအမြစ်နှင့် ပစ်မှတ်ဗားရှင်းများအကြား ပြုပြင်ထားသောrow များ သို့မဟုတ် စိတ်ကြိုက်အက်ပ်လီကေးရှင်းတစ်ခုမှ လာနိုင်သည်။ Supported delta ဖိုင်ပုံစံများသည် XML (delta XML file) နှင့် delta database (.mdb file) တို့ဖြစ်သည်။
ကိုးကား – wiki.gis.com
delta file
geodatabases များအကြား သို့မဟုတ် geodatabases နှင့် အခြားသော data store များအကြား ဖလှယ်နိုင်သော ဒေတာတည်းဖြတ်မှုများပါ၀င်သည့် ဖိုင်တစ်ခုဖြစ်သည်။ တည်းဖြတ်မှုများသည် checkout geodatabase၊ အရင်းအမြစ်နှင့် ပစ်မှတ်ဗားရှင်းများအကြား ပြုပြင်ထားသောrow များ သို့မဟုတ် စိတ်ကြိုက်အက်ပ်လီကေးရှင်းတစ်ခုမှ လာနိုင်သည်။ Supported delta ဖိုင်ပုံစံများသည် XML (delta XML file) နှင့် delta database (.mdb file) တို့ဖြစ်သည်။
ကိုးကား – wiki.gis.com
delta table
feature class သို့မဟုတ် ဇယားတစ်ခု ကို ဗားရှင်းအဖြစ် မှတ်ပုံတင်သည့်အခါ ဖန်တီးဖြစ်ပေါ်လာသည့် Adds နှင့် deletes Geodatabase စနစ်ဇယား၂ခုထဲမှ တစ်ခုဖြစ်သည်။ ဤဇယားများသည် ဗားရှင်းတစ်ခုအား တည်းဖြတ်နေစဉ်အတွင်း ပြုလုပ်ထားသည့် အပြောင်းအလဲများကို မှတ်တမ်းတင်ထားသည်။
ကိုးကား – wiki.gis.com
DEM
Digital Elevation Model – ဒစ်ဂျစ်တယ် အမြင့်ပြ ပုံစံ၏ အတိုကောက် စာလုံးဖြစ်သည်။ မြေမျက်နှာပြင်ပေါ်ရှိ တဆက်တစပ်တည်း အမြင့်တန််ဖိုးများကိုလေးထောင့်ဆဲလ်ကွက်များ၏ z တန်ဖိုးဖြင့်ကိုစားပြုပြီး ဒေတမ်တစ်ခုမှ ရည်ညွှန်းထားသည်။ DEMများကို ကုန်းမြေအနိမ့်အမြင့်ဖော်ပြရာတွင် အဓိက သုံးပြုသည်။
ကိုးကား – wiki.gis.com


demographics
လူဦးရေ နှင့်ဆိုင်သော (အသက်၊ မွေးဖွားနှုန်း နှင့် ဝင်ငွေ ကဲ့သို့) စာရင်းအင်းဆိုင်ရာ လက္ခဏာများ ဖြစ်သည်။
ကိုးကား – wiki.gis.com
demography – လူဦးရေနှင့်ဆိုင်သော စာရင်းအင်းအချက်အလက်
လူဦးရေနှင့် ဆိုင်သော တည်နေရာ၊ ပျံ့နှံ့မှု၊ စီးပွားရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ နှင့် အချက်အချာကျသော စာရင်းအင်းအချက်အလက်များကို လေ့လာခြင်း ဖြစ်သည်။
ကိုးကား – wiki.gis.com
densify
မျဉ်း၏ပုံသဏ္ဍာန်ကို မပြောင်းလဲဘဲ သတ်မှတ်ထားသည့် အကွာအဝေးများတွင် မျဉ်းတစ်ကြောင်းပတွင် အဆစ်များ ထပ်ထည့်ခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
densitometer
photographic negatives (ဓါတ်ပုံနဂ္ဂတစ်များ)နှင့် အလင်းစစ် ဖစ်တာ(filter) ကဲ့သို့သော အလင်းဖောက်ဝင်နိုင်သည့်ပစ္စည်းများ၏ အလင်းပိတ်မှုကို တိုင်းတာသည့်ကိရိယာ။
ကိုးကား – wiki.gis.com

Credit : wikipedia
density – သိပ်သည်းဆ
ဧရိယာတစ်ယူနစ် (သို့မဟုတ်) အလျား (လမ်းကြောင်း) တစ်ယူနစ် ပေါ်တွင်ရှိသော သက်ရှိ၊ သက်မဲ့အရာဝထ္ထုများ၏ အရေအတွက် ဖြစ်သည်။ (ဥပမာ- မြို့ ၂မြို့၏ လူဦးရေ နှိုင်းယှဉ်ခြင်း၊ သစ်တောကြိုးဝိုင်းတစ်ခုအတွင်းရှိ မတူညီသော အကွက်အမှတ် (၂) ခုတွင် ပေါက်ရောက်လျက်ရှိသော အပင်အရေအတွက်နှိုင်းယှဉ်ခြင်း)
ကိုးကား – wiki.gis.com
deployment
ရည်ရွယ်သည့်စက်တစ်ခုပေါ်တွင် အစိတ်အပိုင်းတစ်ခု (သို့မဟုတ်) အက်ပ်လီကေးရှင်းကို တပ်ဆင်ခြင်း။
ကိုးကား – wiki.gis.com
depression contour – နိမ့်ဆင်းမှုပြကွန်တိုမျဉ်း
မြေမျက်နှာသွင်ပြင်မြေပုံတွင် ကပ်လျက်ရှိသော ချိုင့်ဝှမ်းကို ဖော်ပြရန် hachures(လျှောစောက်ပြ မျဉ်းအတို) ဖြင့် ဆွဲထားသော ဗဟိုတူ ကွန်တိုမျဉ်းများ။ hachure အမှတ်အသားများ မပါဝင်ပဲ ဆွဲထားသော ဗဟိုတူကွန်တိုမျဉ်းများသည် တောင်ကုန်းကို ဖော်ပြပါသည်။
ကိုးကား – wiki.gis.com
depth contour
ဇလဗေဒဆိုင်ရာအညွှန်းမျက်နှာပြင်အောက်ရှိ တူညီသော ရေအနက် အမှတ်များကို ဆက်ဆွဲထားသော မြေပုံပေါ်ရှိ မျဉ်းကြောင်းတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
depth curve
ဇလအညွှန်းမျက်နှာပြင်အောက်တွင်ရှိ ရေအနက်တူညီသော အမှတ်များကို ဆက်ထားသော မြေပုံပေါ်ရှိ မျဉ်းကြောင်းတစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
derived data – တွက်ချက်ရ ဒေတာ/အထွက်ဒေတာ
ရှိထားသည့် data အချက်အလက်များကို ModelBuilder တွင် တွက်ချက်သည့်လုပ်ငန်းမှ ထွက်လာသည့် ဒေတာဖြစ်သည်။ တွက်ချက်မှုတစ်ခုမှ အထွက်ဒေတာကို အခြားတွက်ချက်မှု လုပ်ငန်းတွင် အဝင်ဒေတာအဖြစ် ထည့်သွင်း အသုံးပြုနိုင်သည်။
ကိုးကား – wiki.gis.com
derived value – တွက်ချက်ရ တန်ဖိုး
ရှိထားသည့် data အချက်အလက်များကို ModelBuilder တွင် တွက်ချက်သည့်လုပ်ငန်းမှ ထွက်လာသည့် ဒေတာဖြစ်သည်။ တွက်ချက်မှုတစ်ခုမှ အထွက်ဒေတာကို အခြားတွက်ချက်မှု လုပ်ငန်းတွင် အဝင်ဒေတာအဖြစ် ထည့်သွင်း အသုံးပြုနိုင်သည်။
ကိုးကား – wiki.gis.com
descending node
မြောက်ဘက်မှ တောင်ဘက်သို့သွားသော ဂြိုဟ်တုတစ်ခု၏ အီကွေတာကို ဖြတ်ကျော်သည့် အမှတ်တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
descriptive data – အကြောင်းအရာကိုဖော်ပြသည့် အချက်အလက်
ပထဝီဝင်ဆိုင်ရာ အရာ/အရာဝတ္ထုများ၏ ထူးခြားသောလက္ခဏာများကို ဖော်ပြထားသည့် ဇယား သို့မဟုတ် စာသားဖြင့်ဖော်ပြသည့် အချက်အလက်။
ကိုးကား – wiki.gis.com
descriptor – သရုပ်ပြဖော်ပြချက်
ခွဲဝေ/မျှဝေ၍ မရနိုင်သော ကွန်ယက် အစိတ်အပိုင်းများ၏ ဇယား တန်ဖိုးများ အမျိုးအစားတစ်ခုဖြစ်သည်။ သရုပ်ပြဖော်ပြချက်တစ်ခု၏တန်ဖိုးသည် ကွန်ယက် dataset တစ်ခုတွင် အစွန်းဖက် အစိတ်အပိုင်း တစ်ခု၏ အလျားတလျောက်လုံးတွင် အတူတူနေသည်။ သရုပ်ပြဖော်ပြချက်များသည် အစိတ်အပိုင်း၏ ထူးခြားသောလက္ခဏာများကိုဖော်ပြသည်။ ဥပမာအနေဖြင့် လမ်းကွန်ယက်တစ်ခုတွင် လမ်းတစ်ခုစီတွင်ပါဝင်သည့်လမ်းကြော အရေအတွက်။
ကိုးကား – wiki.gis.com
designated market area – သတ်မှတ်ထားသော ဈေးကွက် ဧရိယာ
Nielsen Media Research နီလ်ဆန်မီဒီယာသုတေသနအဖွဲ့က သတ်မှတ်သည့် ရုပ်မြင်သံကြားဈေးကွက်တစ်ခုဖြစ်သည်။ အများစုသော သတ်မှတ်ထားသည့် ဈေးကွက် ဧရိယာများ (DMAs)သည် ပြည်နယ်အားလုံးနှင့် ကိုက်ညီပါသော်လည်း အချို့ပြည်နယ်များကို မတူညီသော သတ်မှတ် ဈေးကွက် ဧရိယာများ (DMAs)များအဖြစ် ပိုင်းခြားသည့် ခြွင်းချက်အချို့လည်းရှိသည်။
ကိုးကား – wiki.gis.com
desire-line analysis – ဈေးကွက်လမ်းကြောင်း ဆန်းစစ်ခြင်း
သုံးစွဲသူများ၏ တည်နေရာ အမှတ်အသားများ (အများသောအားဖြင့် သုံးစွဲသူများ)မှ တစ်ခုသော ဗဟိုချက်အမှတ်ကို (အများအားဖြင့် စတိုးဆိုင်) မျဉ်းကြောင်းများဖြင့်ရေးဆွဲကာ ဈေးကွက်ဆန်းစစ်မှုပြုလုပ်ခြင်း အမျိုးအစားတစ်ခု။ ဈေးကွက်လမ်းကြောင်းများကို ဦစားပေးအဆင့်များထည့်ပြီး သုံးသပ်နိုင်သည်။
desktop GIS
တစ်ကိုယ်ရည်သုံးကွန်ပျူတာပေါ်တွင် ထည့်သွင်းအသုံးပြုသည့် မြေပုံဆော့ဖ်ဝဲလ်။ ၎င်းသည် အသုံးပြုသူများအား ပထဝီဝင်ဆိုင်ရာ တည်နေရာများ၊ ထိုတည်နေရာနှင့် ဆက်နွယ်နေသော သတင်းအချက်အလက်များနှင့်ပတ်သက်သည့် အချက်အလက်များကို ပြသရန်(display )၊ စီစစ်ရန်(query)၊ ပြင်ဆင်ရန်(update) နှင့် တွက်ချက်စမ်းစစ်ရန် (analyze) ပြုလုပ်ပေးသည်။
destination
ဆက်စပ်ဇယားတစ်ခုရှိ အရာဝတ္ထုများနှင့် သက်ဆိုင်သော အချက်အလက်များပါဝင်သည့် ဇယားတစ်ခုကဲ့ object ဖြစ်သည်။ ယင်းသည် ဆက်စပ်မှုအတန်းအစားတစ်ခုရှိ secondary object ဖြစ်သည်။
destination table
ArcView 3.x တွင် ချိတ်ဆက်ခြင်းပြုလုပ်ရာတွင် ပါဝင်သော ဇယား၂ခုအနက်မှ တစ်ခုဖြစ်သည်။ destination table သည် active tableဖြစ်ရမည်ဖြစ်ပြီး ရင်းမြစ် (inactive) ဇယား၏အချက်အလက်များကို ၎င်းတွင် လာပေါင်းဖြည့်စွက်ထားသည်။
Detail page
Survey Analyst Survey Explorer ရှိ စာမျက်နှာအမျိုးအစား၂ခုအနက်မှ တစ်ခုဖြစ်သည်။ အသေးစိတ် ဖော်ပြထားသော စာမျက်နှာတွင် တိုင်းတာသောအရာဝတ္ထုတစ်ခုချင်းစီ၏ အသေးစိတ်မြင်ကွင်းကို ပြသပေးသည်။
determinate flow direction – သတ်မှတ်ထားသည့်စီးဆင်းမှုဦးတည်ရာ
မြစ်ချောင်းတစ်ခုတွင် တစ်စုံတစ်ခုစီးဆင်းရွေ့လျားရာ မျဉ်းတစ်ကြောင်း (သို့မဟုတ်) လမ်းကြောင်းတစ်ခုဖြစ်သည်။ အနားစပ်အရာဝတ္ထုများတွင် ထိုကဲ့သို့သော ဦးတည်ရာကို ကွန်ရက်တစ်ခု၊ အရင်းမြစ်များ၏တည်နေရာ နှင့်မြိဒပေါက်များ နှင့် အရာဝတ္ထုများ၏ ခွင့်ပြု/မပြုထားသည့် အခြေအနေများမှ စီးဆင်းမှုဦးတည်ရာကိုသတ်မှတ်ပေးချိန်တွင်ဖြစ်ပေါ်သည်။
ကိုးကား – wiki.gis.com
deterministic model – သတ်မှတ်ထားသည့်စီးဆင်းမှုဦးတည်ရာ
မြစ်ချောင်းတစ်ခုတွင်တစ်စုံတစ်ခုစီးဆင်းရွေ့လျားရာ မျဉ်းတစ်ကြောင်း (သို့မဟုတ်) လမ်းကြောင်းတစ်ခုဖြစ်သည်။ အနားစပ်အရာဝတ္ထုများတွင် ထိုကဲ့သို့သော ဦးတည်ရာကို ကွန်ရက်တစ်ခု၊ အရင်းမြစ်များ၏တည်နေရာ နှင့်မြိုပေါက်များ နှင့် အရာဝတ္ထုများ၏ ခွင့်ပြု/မပြုထားသည့် အခြေအနေများမှ စီးဆင်းမှုဦးတည်ရာကိုသတ်မှတ်ပေးချိန်တွင်ဖြစ်ပေါ်သည်။
ကိုးကား – wiki.gis.com
detrending
မူလဒေတာတန်ဖိုးများမှ trend surface (များသောအားဖြင့် spatial x- နှင့် y-coordinates များ၏ polynomial လုပ်ဆောင်မှုများ) ကို နုတ်ခြင်းဖြင့် spatial မော်ဒယ်မှ trend ကို ဖယ်ရှားခြင်း လုပ်ငန်းစဉ်။ ထွက်ပေါ်လာသော detrended တန်ဖိုးများကို ကျွင်းအကျန်များ (residuals) ဟုခေါ်သည်။
ကိုးကား – wiki.gis.com
developable surface
ပုံပျက်သွားခြင်းမရှိပဲ ပြင်ညီဖြစ်အောင်ပြောင်းနိုင်သော ကတော့ပုံ၊ ဆလင်ဒါ သို့မဟုတ် ပြင်ညီမျက်နှာပြင် ကဲ့သို့သော ဂျီဩမေတြီ ပုံသဏ္ဍာန်တစ်ခုဖြစ်သည်။ မြေပုံအရိပ်ချစနစ်များစွာကို အဆိုပါပုံသဏ္ဍာန်များဖြင့် အမျိုးအစားခွဲခြားထားသည်။
developer product
တစ်ခါသုံး ထုတ်ကုန်များနှင့် ဆင်တူသော စက်တစ်ခုတွင် အသုံးပြုနိုင်သော productများဖြစ်သည်။ developer product တစ်ခုစီသည် Authorization file ကို ထုတ်လုပ်ပေးနိုင်ရန် နံပါတ်တူမရှိသည့်မှတ်ပုံတင်နံပါတ်များကို အသုံးပြုသည်။ Authorization file ကို ဝင်ရောက်ရန်နှင့် Softwareကို ဖွင့်(unlock)ရန် Software Authorization Wizard ကို အသုံးပြုသည်။
developer sample
ArcGIS Developer Help systemတွင် ပါဝင်သော နမူနာတစ်ခု။
development environment
အပ်ပလီကေးရှင်းအစိတ်အပိုင်းများ သို့မဟုတ် အပ်ပလီကေးရှင်းများကို ရေးဆွဲရန်၊ ပေါင်းစည်းတပ်ဆင်ရန်နှင့် အမှားအယွင်းများစစ်ဆေးရှာဖွေရန် အသုံးပြုသော ဆော့ဖ်ဝဲ တစ်ခုဖြစ်ပါသည်။
device context
မှန်သားမျက်နှာပြင်၊ bitmap သို့မဟုတ် ပရင့်တာ သို့ ပို့လွှတ်နိုင်သော မျက်နှာပြင်တစ်ခုကိုကိုယ်စားပြုသည်။ ArcGIS တွင် device context. ကို ကိုယ်စားပြုရန် (to abstract) Display ဟူသည့် abstract class ကိုအသုံးပြုသည်။
device coordinates
ဒေတန်မျက်နှာပြင်ရှိ ကိုဩဒီနိတ်များ သို့မဟုတ် ကိုဩဒိနိတ်စနစ်တစ်ခုမှ ကိုဩဒိနိတ်များ နှင့်ကွဲလွဲသည့် ပုံဖော်မျက်ပြင်သို့မဟုတ် digitizer တစ်ခု ပေါ်တွင်ဖော်ပြသည့် ကိုဩဒီနိတ်များဖြစ်သည်။
DGIWG
Digital Geographic Information Working Group ၏အတိုကောက်စာလုံးဖြစ်သည်။ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO)အဖွဲ့ဝင်နိုင်ငံများအကြား Spatialဒေတာများမျှဝေခြင်းဆိုင်ရာ စံချိန်စံညွှန်းများကို ပြုစုရန် ၁၉၈၃ခုနှစ်က စတင်ဖွဲ့စည်းခဲ့သော အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ ထိုအဖွဲ့၏ ရည်ရွယ်ချက်ပန်းတိုင်များမှာ အဖွဲ့ဝင်နိုင်ငံများကြားတွင် အပြန်အလှန်လုပ်ဆောင်နိုင်စွမ်း(interoperability) နှင့် ဝန်ထုတ်ဝန်ပိုးခွဲဝေမှု(burden sharing) တို့ ဖြစ်ပြီး ယခုအခါ ထိုအဖွဲ့၏အဖွဲဝင်များသည် NATOအဖွဲ့ဝင်နိုင်ငံများသာမက အခြားနိုင်ငံများပါ ပါဝင်လာပြီဖြစ်သည်။ DGIWGသည် NATO၏ တရားဝင်အသိအမှတ်ပြုအဖွဲ့မဟုတ်သော်လည်း ၎င်း၏စံချိန်စံညွှန်းဆိုင်ရာ ဆောင်ရွက်ချက်များကို NATOပထဝီဝင်ညီလာခံ (NATO Geographic Conference, NGC)က အသိမှတ်ပြုထားပြီးဖြစ်သည်။
DGPS
GPS ဖမ်းစက် အရှင်(rover) တစ်ခုနှင့် တည်နေရာသိအမှတ်တွင်ထိုင်ထားသော အထိုင်GPS ဖမ်းစက်(base) တစ်ခုအကြား ဖမ်းယူရရှိချက်များကို နှိုင်းယှဉ်ခြင်းဖြင့် တိုင်းတာချက်တိကျမှုကို ပိုမိုကောင်းမွန်စေသော နည်းလမ်းတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
DHTML
အင်တာနက်စာမျက်နှာကို ဖွင့်နေချိန်တွင် အစိတ်အပိုင်းများကို ပြောင်းလဲနိုင်မည့်အစား Web designers များကို အင်တာနက်စာမျက်နှာ တွင်အပြန်အလှန်လုပ်ဆောင်စွမ်းရှိသည့် အစိတ်အပိုင်းများကိုဖန်တီးနိုင်ရန် ပြုလုပ်ပေးသည့် HTML မှတိုးချဲ့လုပ်ဆောင် ထားမှုတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
diazo process
Diazo ဒြပ်ပေါင်း၊ ခရမ်းလွန်ရောင်ခြည်နှင့် အမိုးနီးယားတို့ကို အသုံးပြု၍ မြေပုံများကို လျင်မြန်စွာနှင့် ဈေးသက်သာစွာ ကူးယူနိုင်သော နည်းလမ်းတစ်ခု။
ကိုးကား – wiki.gis.com
difference image – ပြောင်းလဲမှုပြပုံ/ခြားနားချက်ပြပုံ
ပုံရိပ်ခွဲခြမ်းစိတ်ဖြာခြင်းလုပ်ငန်းစဉ် တွင် ပုံတစ်ပုံ၏ ဆဲတန်ဖိုးများမှ အခြား ပုံ၏ဆဲတန်ဖိုးများနုတ်ခြင်းဖြင့် ရရှိလာသော ပုံဖြစ်သည်။
ကိုးကား – wiki.gis.com
differential correction
GPS ဖမ်းစက် အရှင်(rover) တစ်ခုနှင့် တည်နေရာသိအမှတ်တွင်ထိုင်ထားသော အထိုင်GPS ဖမ်းစက်(base) တစ်ခုအကြား ဖမ်းယူရရှိချက်များကို နှိုင်းယှဉ်ခြင်းဖြင့် တိုင်းတာချက်တိကျမှုကို ပိုမိုကောင်းမွန်စေသော နည်းလမ်းတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
differential Global Positioning System
GPS ဖမ်းစက် အရှင်(rover) တစ်ခုနှင့် တည်နေရာသိအမှတ်တွင်ထိုင်ထားသော အထိုင်GPS ဖမ်းစက်(base) တစ်ခုအကြား ဖမ်းယူရရှိချက်များကို နှိုင်းယှဉ်ခြင်းဖြင့် တိုင်းတာချက်တိကျမှုကို ပိုမိုကောင်းမွန်စေသော နည်းလမ်းတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
diffusion
လူတစ်စု (သို့မဟုတ်) အဖွဲ့အစည်းများကြားတွင် နည်းပညာအသုံးပြုမှုနှင့် တီထွင်ဖန်တီးမှု ပျံ့နှံ့ခြင်း။
ကိုးကား – wiki.gis.com
DIGEST
ဒီဂျစ်တယ်ပထဝီဝင်အချက်အလက်ဖလှယ်ခြင်းစံချိန်စံညွှန်း (Digital Geographic Information Exchange Standard)၏ အတိုကောက်စာလုံးဖြစ်သည်။ နိုင်ငံများအကြား၊ ဒေတာထုတ်လုပ်သူနှင့် အသုံးပြုသူများအကြား Spatial ဒေတာများမျှဝေရာတွင် လိုက်နာရမည့် စံချိန်စံညွှန်းတစ်ခုဖြစ်သည်။ ဒီဂျစ်တယ်ပထဝီဝင်အချက်အလက်ဆိုင်ရာ လုပ်ငန်းအဖွဲ့က အဖွဲ့ဝင်နိုင်ငံများကြားတွင် ပေါင်းစပ်ဆောင်ရွက်နိုင်ရန်နှင့် ဒေတာထုတ်လုပ်မှုအပိုင်းဝန်ထုတ်ဝန်ပိုး များကို မျှခံရန်ရည်ရွယ်ချက်ဖြင့် ဤစံချိန်စံညွှန်းကို ပြုစုထားခြင်း ဖြစ်သည်။ ဤစံချိန်စံညွှန်းသည် Raster ဒေတာများ၊ Matrixများနှင့် Vector ဒေတာများ (ဆက်စပ်စာသားများအပါအဝင်)နှင့် Topology ပုံစံ အမျိုးမျိုးတို့ကို မျှဝေရမည့်နည်းလမ်းများကို လမ်းညွှန်ထားသည်။
ကိုးကား – wiki.gis.com
digital elevation model
မြေမျက်နှာပြင် ပေါ်ရှိ တဆက်တစပ်တည်း အမြင့်တန််ဖိုးများကိုလေးထောင့်ဆဲကွက် များ ၏ z တန်ဖိုးဖြင့်ကိုယ်စားပြုပြီး ဒေတမ်တစ်ခုသို့ ရည်ညွှန်း ထားသည် ။ DEM များကို ကုန်းမြေအနိမ့်အမြင့်ကို ဖော်ပြရာတွင် အဓိက အသုံးပြုသည်။
ကိုးကား – wiki.gis.com
Digital Geographic Information Exchange Standard
နိုင်ငံများအကြား၊ ဒေတာထုတ်လုပ်သူနှင့် အသုံးပြုသူများအကြား Spatial ဒေတာများမျှဝေရာတွင် လိုက်နာရမည့် စံချိန်စံညွှန်းတစ်ခုဖြစ်သည်။ ဒီဂျစ်တယ်ပထဝီဝင်အချက်အလက်ဆိုင်ရာ လုပ်ငန်းအဖွဲ့က အဖွဲ့ဝင်နိုင်ငံများကြားတွင် ပေါင်းစပ်ဆောင်ရွက်နိုင်ရန်နှင့် ဒေတာထုတ်လုပ်မှုအပိုင်းဝန်ထုတ်ဝန်ပိုး များကို မျှခံရန်ရည်ရွယ်ချက်ဖြင့် ဤစံချိန်စံညွှန်းကို ပြုစုထားခြင်း ဖြစ်သည်။ ဤစံချိန်စံညွှန်းသည် Raster ဒေတာများ၊ Matrixများနှင့် Vector ဒေတာများ (ဆက်စပ်စာသားများအပါအဝင်)နှင့် Topology ပုံစံ အမျိုးမျိုးတို့ကို မျှဝေရမည့်နည်းလမ်းများကို လမ်းညွှန်ထားသည်။
ကိုးကား – wiki.gis.com
Digital Geographic Information Working Group – ဒီဂျစ်တယ်ပထဝီဝင်အချက်အလက်ဆိုင်ရာ လုပ်ငန်းအဖွဲ့
မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO)အဖွဲ့ဝင်နိုင်ငံများအကြား Spatialဒေတာများမျှဝေခြင်းဆိုင်ရာ စံချိန်စံညွှန်းများကို ပြုစုရန် ၁၉၈၃ခုနှစ်က စတင်ဖွဲ့စည်းခဲ့သော အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ ထိုအဖွဲ့၏ ရည်ရွယ်ချက်ပန်းတိုင်များမှာ အဖွဲ့ဝင်နိုင်ငံများကြားတွင် အပြန်အလှန်လုပ်ဆောင်နိုင်စွမ်း(interoperability) နှင့် ဝန်ထုတ်ဝန်ပိုးခွဲဝေမှု(burden sharing) တို့ ဖြစ်ပြီး ယခုအခါ ထိုအဖွဲ့၏အဖွဲဝင်များသည် NATOအဖွဲ့ဝင်နိုင်ငံများသာမက အခြားနိုင်ငံများပါ ပါဝင်လာပြီဖြစ်သည်။ DGIWGသည် NATO၏ တရားဝင်အသိအမှတ်ပြုအဖွဲ့မဟုတ်သော်လည်း ၎င်း၏စံချိန်စံညွှန်းဆိုင်ရာ ဆောင်ရွက်ချက်များကို NATOပထဝီဝင်ညီလာခံ (NATO Geographic Conference, NGC)က အသိမှတ်ပြုထားပြီးဖြစ်သည်။
ကိုးကား – wiki.gis.com
digital image – ဒစ်ဂျစ်တယ်ပုံရိပ်
ပုံတစ်ပုံကို ဒွိ (binary) ပုံစံဖြင့်သိမ်းဆည်းပြီး ဆဲလ်များပါသည့် မက်ထရစ်တစ်ခု (a matrix of pixels) အဖြစ်သို့ ခွဲစိတ်ထားသည်။ ဆဲလ် တစ်ခုစီတွင် သတ်မှတ်ထားသော bit အရေအတွက် အရ bitတစ်ခု သို့မဟုတ် bit များစွာ ဖြင့်ကိုယ်စားပြုထားသည့် တန်ဖိုးတစ်ခုရှိသည် ။ ဒစ်ဂျစ်တယ်တန်ဖိုးသည် စွမ်းအင်၊ တောက်ပမှု၊ အရောင်၊ ပြင်းအား၊ အသံ၊ အမြင့်တန်ဖိုး (သို့) ပုံရိပ်ခွဲခြမ်းစိတ်ဖြာခြင်း မှရလာသော အမျိုးအစား စသည်တို့ကို ကိုယ်စားပြု နိုင်သည်။ ဒစ်ဂျစ်တယ်ပုံတစ်ပုံကို raster အဖြစ်သိမ်းဆည်းထားပြီး လှိုင်းစု (band) တစ်ခုသို့မဟုတ်တစ်ခုထက်ပိုပါ၀င်နိုင်သည်။
ကိုးကား – wiki.gis.com
digital image processing – ဒစ်ဂျစ်တယ်ပုံရိပ် ခွဲခြမ်းစိတ်ဖြာခြင်း
တန်ဖိုးအလိုက် လွှာခြင်း သို့မဟုတ် ပုံကိုချောမွတ်အောင်လုပ်ခြင်း နှင့် ပိုမိုပြတ်သားအောင် ပြုလုပ်ခြင်း ကဲ့သို့သောနည်းလမ်းများဖြင့် ပုံကိုပိုကြည့်ကောင်းရန်သို့မဟုတ်ခွဲခြမ်းစိတ်ဖြာခြင်း ပြုလုပ်ရန်အတွက် ပုံတစ်ပုံ၏ဒစ်ဂျစ်တယ်တန်ဖိုးများကို ပြောင်းလဲသည့်မည်သည့်နည်းမဆိုဖြစ်သည်။
ကိုးကား – wiki.gis.com
digital line graph
USGS မြေပုံများနှင့် ဆက်စပ်ရင်းမြစ်များမှ ဖန်တီးထားသော မြေပုံဆွဲခြင်းအချက်အလက်များကို vector ဖြင့်ကိုယ်စားပြုမှုများပါရှိသော ဒေတာဖိုင်များဖြစ်သည်။ DLG များတွင် သယ်ယူပို့ဆောင်ရေး၊ ရေပုံအချက်အလက်၊ကွန်တိုများနှင့် အများပြည်သူပိုင်နယ်နိမိတ်များကဲ့သို့သော USGS planimetric map အခြေခံအမျိုးအစားအချက်အလက်များ ပါဝင်ပါသည်။
ကိုးကား – wiki.gis.com
digital nautical chart
ရှိနှင့်ပြီးသား စာရွက်ရေပုံများ (hard-copy charts)၊ ဒစ်ဂျစ်တယ်ဒေတာ၊ ရေအနက်နှင့် ရေကြောင်းတိုင်းတာချက်များ၊ ရုပ်ပုံနှင့် raster data အမျိုးမျိုးတို့မှ ဖန်တီးတည်ဆောက်ထားသည့် ရေကြောင်းနှင့်ဆိုင်သောဒေတာဘေ့စ်တစ်ခုဖြစ်သည်။ DNC များကို အမေရိကန်စစ်တပ်နှင့် ၎င်း၏မဟာမိတ်များက ရေကြောင်းသွားလာမှုတွင် အသုံးပြုသည်။
ကိုးကား – wiki.gis.com
digital number
ဒစ်ဂျစ်တယ်ပုံရိပ်တစ်ခုတွင် ဆဲလ်အကွက်(pixel) တစ်ခုကို သတ်မှတ်ပေးထားသော တန်ဖိုးတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
digital orthophoto quadrangle – စတုဂံ/လေးထောင့်သဏ္ဍာန်ရှိသောဒီဂျစ်တယ်ဝေဟင်ဓါတ်ပုံ
ကောင်းကင်ဓါတ်ပုံတစ်ခုမှ ကွန်ပျူတာဖြင့် စကေးတစ်သမတ်တည်း ဖြစ်အောင်ဖန်တီးထုတ်လုပ်ထားသောပုံ။ စောင်းခြင်း နှင့် မြေပြင်အနိမ့်အမြင့်ကြောင့် သက်ရောက်မှုတို့ကို transformation သို့မဟုတ် rectification သင်္ချာနည်းများဖြင့် ဖယ်ရှားထားခြင်းကြောင့် DOQ တို့သည် စကေးမှန် ပုံများဖြစ်ကြသည်။ DOQ ၏ စကေးသည်တစ်သမတ်တည်း ရှိသည့်အတွက် အကွာအဝေး များကို တိကျစွာတိုင်းတာနိုင်သည်။
ကိုးကား – wiki.gis.com

digital orthophoto quarter quadrangle
digital orthophoto ကို အပိုင်းလေးပိုင်း ပိုင်းထားသည့် DOQ ဓါတ်ပုံ။
ကိုးကား – wiki.gis.com
digital raster graphic (DRG)
ပုံမှန်အားဖြင့် မြေပုံအနားသတ်များ၊ မြေပုံပါအကြောင်းအရာရှင်းလင်းချက်များ၊ အနားသတ်မျဉ်းများကဲ့သို့ မူလနယ်နိမိတ်ဆိုင်ရာ သတင်းအချက်အလက်များ ပါဝင်သည့် USGSမှထုတ်လုပ်သော မြေမျက်နှာသွင်ပြင်ပြစံ မြေပုံအတွဲအများကို scan လုပ်ထားသည့် raster ပုံဖြစ်သည်။ ။ မူရင်းမြေပုံများကို universal transverse Mercator (UTM) အရိပ်ချစနစ်ဖြင့် georeference ပြုလုပ်ထားသည်။ အနည်းဆုံး resolution ၂၅၀ dpi ဖြင့် scan လုပ်ထားသည်။ DRG တစ်ခု၏ တိကျမှုနှင့် ရည်ညွှန်းမျက်နှာပြင်တို့သည် မူလမြေပုံ နှင့် ကိုက်ညီပါသည်။
ကိုးကား – wiki.gis.com
digital terrain elevation data – ဒီဂျစ်တယ်မြေမျက်နှာပြင်အနိမ့်အမြင့်ဒေတာ
U.S ၏စစ်ရေစမဟာမိတ်များနှင့် အမျိုးသားအဆင့် ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက်အေဂျင်စီ (NGA) တို့မှ ထုတ်လုပ်ထားပြီး အများအားဖြင့် ၁ ဒီဂရီ အကွက်များဖြင့် ပိုင်းခြားထားသော မြေမျက်နှာပြင်အနိမ့်အမြင့်ဒေတာအမျိုးအစား။
ကိုးကား – wiki.gis.com
digital terrain model – ဒီဂျစ်တယ်မြေမျက်နှာပြင်မော်ဒယ်
အသုံးများသော ရည်ညွှန်းမျက်နှာပြင်တစ်ခုကို ကိုးကားပြီး အမြင့်(z) တန်ဖိုးများဖြင့် မြေပြင်ပေါ်ရှိ တစ်ဆက်တည်းရှိသော အနိမ့်အမြင့်တန်ဖိုးများကို ကိုယ်စားပြုဖော်ပြချက်ဖြစ်သည်။ အများအားဖြင့် DEM များကို မြေမျက်နှာပြင် ရုပ်ကြွများ ဖော်ပြရာတွင် အသုံးပြုလေ့ရှိပါသည်။
ကိုးကား – wiki.gis.com
digitize
GISတစ်ခုအနေဖြင့် digitize လုပ်ခြင်းဆိုသည်မှာ သင်က မျဉ်းများ၊ ပွိုင့်အမှတ်များ၊ ဗဟုဂံများဖြင့် ကွန်ပျူတာနားလည်နိုင်သော Spatial ဒေတာဘေ့စ်တစ်ခုကို ပြုလုပ်ခြင်းဖြစ်သည်။
ကိုးကား – gisgeography.com
digitizer – ဒီဂျယ်တယ်ပြုလုပ်သည့်အရာ
Tablet မျက်နှာပြင် တစ်ခု နှင့် လက်ကိုင် puck တစ်ခုပါဝင်သည့် ကွန်ပြူတာ နှင့်ချိတ်ဆက်ထားသော ပစ္စည်းဖြစ်သည်။ လူက ထပ်ဆွဲပေးသော အရာများ၏ tablet မျက်နှာပြင်ပေါ်ရှိတည်နေရာများကို x,y ကိုဩဒိနိတ်များ အဖြစ်ပြောင်းပေးကာ ဗက်တာ အမှတ်များ၊ မျဉ်းကြောင်းများ ဗဟုဂံများ ဖြစ်စေသည်။
ကိုးကား – wiki.gis.com


Credit : wiki.gis.com
digitizing – ဒီဂျယ်တယ်ပြုလုပ်ခြင်း
ကွန်ပျူတာနှင့်ချိတ်ဆက်ထားသည့်ဒီဂျစ်တယ်ပြောင်းပေးသည့်စက် သို့မဟုတ် ဒီဂျစ်တယ်ပြုလုပ်သည့် tablet တစ်ခုအား အသုံးပြု၍ (အနီးစပ်ဆုံးပုံဖော်ထားသော) analog မြေပုံတစ်ခုပေါ်ရှိ အရာများကို ဒီဂျစ်တယ်ပုံစံသို့ ပြောင်းသည့် လုပ်ငန်းစဉ်။ စက္ကူမြေပုံပေါ်ရှိအသွင်အပြင်များကို puck (မောက်စ်နှင့်တူသောကိရိယာ)တစ်ခုနှင့် တစ်ထပ်တည်းလိုက်ဆွဲ၍ ၎င်းအရာင်တို့၏ x၊ y ကိုဩဒီနိတ်များအား မြေပုံသတင်းအချက်အလက်အဖြစ် အလိုအလျောက် မှတ်တမ်းယူ၍ သိမ်းဆည်းပေးသည်။
ကိုးကား – wiki.gis.com
digitizing mode
ဒီဂျစ်တယ်ပြုလုပ်သည့် tablet တစ်ခုအား အသုံးပြုပြီး တက်ဘလက်ပေါ်ရှိ တည်နေရာများကို စခရင်ပေါ်ရှိ သတ်မှတ်နေရာများအဖြစ် ပြောင်းပေး သောနည်းလမ်းတစ်ခုဖြစ်သည်။ တက်ဘလက်မျက်နှာပြင်ပေါ်ရှိ digitizer puck ကိုရွှေ့ခြင်းဖြင့် screen pointer ကို စခရင်ပေါ်ရှိ တူညီသောအနေအထားသို့ အတိအကျရွှေ့လျားစေသည်။
ကိုးကား – wiki.gis.com
Dijkstra’s algorithm
အမှတ်နှစ်ခုကြားရှိ အတိုဆုံးလမ်းကြောင်းကိုရှာရန် ကွန်ယက်တစ်ခု၏ချိတ်ဆက်မှုကို စစ်ဆေးပေးသည့် algorithm တစ်ခု ဖြစ်သည်။ Dijkstra’s algorithm ကို ဒတ်ခ်ျကွန်ပျူတာသိပ္ပံပညာရှင် Edsger Dijkstra (1930-2002)ကို အစွဲပြုကာအမည်ပေးထားသည်။
ကိုးကား – wiki.gis.com
dilution of precision – တိကျမှုလျော့ကျခြင်း
တည်နေရာတစ်ခုကို သတ်မှတ်ရာတွင် အသုံးပြုသည့် ဂြိုလ်တုများ၏ တည်ရှိပုံအနေအထားဂျီဩမေတြီကို ညွှန်းသည့် အညွှန်းတစ်ခုဖြစ်ပါသည်။ ယေဘုယျအားဖြင့် DOP တန်ဖိုးနည်းသည့် တည်နေရာများသည် DOP တန်ဖိုးများသည့် တည်နေရာများထက် ပိုမိုကောင်းမွန်သော တိုင်းတာမှုရလဒ်များရှိပါသည်။ ဂြိုလ်တုအစုအဝေးတစ်ခုအတွက် စုစုပေါင်း GDOP( ဂျီဩမေတြီဆိုင်ရာ DOP) တွင် PDOP (တည်နေရာနှင့်ဆိုင်သော DOP) ၊ HDOP (ပြင်ညီအတိုင်း DOP) ၊ VDOP( ထောင်လိုက်အတိုင် DOP) နှင့် TDOP (အချိန်နှင့်ဆိုင်သော DOP) တို့ပါဝင်ကြပါသည်။
ကိုးကား – wiki.gis.com
DIME
Dual Independent Map Encoding ၏ အတိုကောက်စာလုံးဖြစ်သည်။ ၁၉၆၀လွန်နှစ်များတွင် အမေရိကန် သန်းခေါင်စာရင်းဗျူရိုမှ တီထွင်ဖန်တီးခဲ့သော ပထဝီဝင်ဆိုင်ရာ အချက်အလက်များအတွက် အချက်အလက် သိုလှောင်မှု ပုံစံတစ်ခု ဖြစ်သည်။ DIME-encoded လုပ်ထားသော အချက်အလက်များကို Geographic Base Files (GBF)တွင် သိမ်းဆည်းထားသည်။ ၁၉၉၀ခုနှစ်တွင် သန်းခေါင်စာရင်းဗျူရိုမှ DIME ပုံစံကို Topologically Integrated Geocoding and Referencing (TIGER)ဖြင့် အစားထိုးခဲ့သည်။
ကိုးကား – wiki.gis.com
dimension
ရပ်ညွှန်းတစ်ခုဖြင့် အကွာအဝေးတစ်ခုရှိသည့် အလျားပမာဏတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
Dimensioning toolbar
ArcMap ရှိ အတိုင်းအတာများအား ဖန်တီးရာတွင် ပံပိုးပေးသော toolbar တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
DIP
Digital Image Processing ၏အတိုကောက်အသုံးဖြစ်သည်။ တန်ဖိုးအလိုက် လွှာခြင်း သို့မဟုတ် ပုံကိုချောမွတ်အောင်လုပ်ခြင်း နှင့် ပိုမိုပြတ်သားအောင် ပြုလုပ်ခြင်း ကဲ့သို့သောနည်းလမ်းများဖြင့် ပုံကိုပိုကြည့်ကောင်းရန်သို့မဟုတ်ခွဲခြမ်းစိတ်ဖြာခြင်း ပြုလုပ်ရန်အတွက် ပုံတစ်ပုံ၏ဒစ်ဂျစ်တယ်တန်ဖိုးများကို ပြောင်းလဲသည့်မည်သည့်နည်းမဆိုဖြစ်သည်။
ကိုးကား – wiki.gis.com
direct connect – တိုက်ရိုက်ဆက်သွယ်ထားမှု
ArcSDE client application မှ ဒေတာဘေ့စ်နှင့် တိုက်ရိုက် ဆက်သွယ်သည့် နှစ်ဆင့်ပါ ဖွဲ့စည်းမှုပုံစံကို ဖြစ်စေသော ArcSDE ဆက်သွယ်မှုတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
directed link
ArcInfo လုပ်ဆောင်မှုတွင် သတ်မှတ်ထားသော ညွှန်ပြချက်တစ်ခုခုပါ သည့် nodes နှစ်ခု ကြားရှိ မျဉ်းပိုင်း တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
direction – လမ်းညွှန်ချက်
ArcGIS အမြင့်ညွှန်း ကိုဩဒိနိတ်စနစ်တစ်ခုတွင် z တန်ဖိုးများသည် အပေါ်ဘက်သို့ တိုးသွားသည်(positive up) သို့မဟုတ် အောက်ဘက်သို့တိုးသွားသည်(positive down)ကို ညွှန်ပြသည့် ညွှန်ပြချက်(identifier)တစ်ခုဖြစ်သည်။ အမြင့်များ သို့မဟုတ် ပင်လယ်ရေမျက်နှာပြင်အမြင့်များသည် များသောအားဖြင့် ဆွဲငင်အားကို ဆန့်ကျင်၍ (+1 ဖြင့်ဖော်ပြထား) အပေါ်ဘက်သို့ တိုးသွား(positive up) ရှိလေ့ရှိသည်။ ရေအနက်များ သည် များသောအားဖြင့် ဆွဲငင်အားနှင့်အတူ (-1 ဖြင့်ဖော်ပြထား) အောက်ဘက်သို့ တိုးသွား (positive down) လေ့ရှိသည်။
ကိုးကား – wiki.gis.com
direction field – ကွင်း လမ်းညွှန်ချက်
Survey Analyst ရှိ ကွင်းတိုင်းခြင်းအပိုင်း တွင်ပါသည့် တွက်ချက်မှုစာမျက်နှာရှိ အကွက်တစ်ခုဖြစ်သည်။ယင်းသည် ထည့်သွင်းသည့်မြေတိုင်းအမှတ် နှင့် တွက်ချက်ထားသည့် မြေတိုင်းအမှတ်ကြား လားရာ ဒီဂရီ(bearings) သို့မဟုတ် အရပ်မျက်နှာဒီဂရီ(azimuths) တန်ဖိုးကိုလက်ခံထည့်သွင်းပေးသည်။
ကိုးကား – wiki.gis.com
directional filter – လားရာဖြင့်စစ်ထုတ်ရာသည့်အရာ
image processing တွင် ပုံထဲရှိ လားရာတစ်ခုခုအတိုင်း ရှိနေသည့် ရှည်လျားသည့် အရာများကိုထင်ရှားအောင်ပြုလုပ်ပေးသည့် အနားစွန်းရှာ filterတစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
Dirichlet tessellation
နေရာလွတ်တစ်ခုကို ဧရိယာများ၊ ဆဲလ်များအဖြစ် ပိုင်းခြားပေးသော အကန့်တစ်ခုဖြစ်ကာ ၎င်းသည် ဂျီဩမေတြီအရာဝတ္ထုအစုအဝေး (များသောအားဖြင့် အမှတ်များ) ကို ဝန်းရံထားသည်။ အဆိုပါဆဲလ်များ သို့မဟုတ် ဗဟုဂံများသည် Delaunay တြိဂံများအတွက် သတ်မှတ်ချက်များနှင့်ကိုက်ညီရမည်ဖြစ်သည်။ ဧရိယာတစ်ခုအတွင်းရှိ တည်နေရာအားလုံးသည် အစုအဝေးထဲရှိ အခြားသော အရာဝတ္ထုများထက် ၎င်းကဝန်းရံထားသည့် အရာဝတ္ထုနှင့် ပိုမိုနိးကပ်သည်။ Voronoi diagramsများကို ပထဝီဝင်ဆိုင်ရာအရာဝတ္ထုများပတ်လည်ရှိ သြဇာလွှမ်းမိုးမှုရှိသည့် နယ်ပယ်များကို အသေးစိတ် ဖော်ပြရန်အတွက် အသုံးပြုလေ့ရှိသည်။ Voronoi diagrams များကို ယူကရိန်း သင်္ချာပညာရှင် Georgy Fedoseevich Voronoi (1868-1908) ကိုကိုယ်စားပြု အမည်ပေးထားသည်။
ကိုးကား – wiki.gis.com
dirty areas
ကနဦး topology validation လုပ်ငန်းစဉ်နောက်ပိုင်းတွင် ပြောင်းလဲခံထားသော အရာဝတ္ထုများ၏ပတ်လည်ရှိနေရာများဖြစ်ပြီး ၎င်းတို့တွင် ရှိနေနိုင်သည့် အမှားအယွင်းများကို ရှာဖွေရန် အတွက် topology validation ထပ်မံပြုလုပ် ရန်လိုအပ်ပါသည်။
ကိုးကား – wiki.gis.com
disabled feature
ဂျီဩမေတြီ ကွန်ရက်များတွင် ပထဝီဝင်ဆိုင်ရာအရာဝတ္ထုတစ်ခုကို ကိုယ်စားပြုသည့်အရာဝတ္ထု သို့မဟုတ် ပုံသဏ္ဍာန်တစ်ခု ဖြစ်သည်။ ၎င်းကိုဖြတ်သန်းပြီးစီးဆင်းရန်မဖြစ်နိုင်သော အရာဝတ္ထုဖြစ်သည်။
ကိုးကား – wiki.gis.com
disconnected editing
ဒေတာကို အခြာသော geodatabaseသို့ ကူးယူခြင်း၊ ထိုဒေတာကို တည်းဖြတ်ပြီးနောက် ရင်းမြစ် သို့မဟုတ် ပင်မ geodatabaseရှိ ဒေတာနှင့် အပြောင်းအလဲများကို ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်။
ကိုးကား – wiki.gis.com
discrete data – ထင်ရှားကွဲပြားသော အချက်အလက်
ထင်ရှားသော နယ်သတ်မျဉ်းများရှိသည့် အရာကို ကိုယ်စားပြုသည့် အချက်အလက်။ မြေ၊ အိမ်ရာ အဆောက်အအုံ နယ်သတ်မျဉ်းများနှင့် လမ်းများ သည် ထင်ရှားကွဲပြားသော အချက်အလက်များ၏ ဥပမာဖြစ်သည်။
ကိုးကား – wiki.gis.com
discrete digitizing – ထင်ရှားကွဲပြားသော ဒစ်ဂျစ်တယ်ပြုလုပ်ခြင်း
အမှတ်အသားတစ်ခု၏ ပုံ/အသွင်သဏာန်ကို သတ်မှတ်ရန် အမှတ်များကိုတစ်ခုခြင်းစီချပြီး ဒစ်ဂျစ်တယ်ပြုလုပ်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
discrete feature – ထင်ရှားကွဲပြားသော အမှတ်အသား
တိကျသော နယ်နိမိတ် ရှိသည့် အရာဝတ္ထုတစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
disk
ဒစ်ဂျစ်တယ်အချက်အလက်များကို မှတ်တမ်းတင်ရန်အတွက် သိမ်းဆည်းပေးသည့် ကြားခံပစ္စည်း (medium) တစ်ခုဖြစ်ပြီး ၎င်းတွင်သံလိုက်ဓါတ်ပါအလွှာဖြင့်ဖုံးအုပ်ထားသော လည်ပတ်နေသည့် အဝိုင်းအပြားချပ်တစ်ခုပါဝင်သည်။
ကိုးကား – wiki.gis.com
disk cache
ArcGlobe သည် layer cache ဖိုင်များကို သိမ်းဆည်းပေးသည့် ကွန်ပျူတာ disk တစ်ခုရှိ ဖိုလ်ဒါတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
displacement link
ArcGIS တွင် တည်နေရာဆိုင်ရာချိန်ညှိမှုအတွက် မူလ ကိုဩဒီနိတ် များနှင့် ပန်းတိုင်ကိုသြဒိနိတ်များကို သတ်မှတ်ရန် ဖန်တီးထားသည့် လင့်ခ်တစ်ခု ဖြစ်သည်။ လင့်ခ်များကို ပန်းတိုင်ဆီသို့ ညွှန်ပြထားသော မြှားများအဖြစ် ဖော်ပြသည်။ လင့်ခ်များကို လက်ဖြင့် ဖန်တီးနိုင်သကဲ့သို့ လင့်ခ်ဖိုင်တစ်ခုမှလည်း တင်နိုင်သည်။
ကိုးကား – wiki.gis.com
displacement vector
Survey Analyst – Cadastral Editor – တွင် ဆက်တိုက်တွက်ထားသည့် least-squares adjustment များရှိ အမှတ်တစ်ခု၏ ကိုသြဒိနိတ်များကြား ကွာခြားချက်ဖြစ်သည်။ အမှတ်သည် least-squares adjustment၏ အစိတ်အပိုင်းဖြစ်သောအခါ ၎င်းအမှတ်အတွက် displacement vectors အစုံကို မှတ်ထားသည်။ Adjustment vectors များကို အချိန်ကာလအရ မြေစာရင်းဖွဲ့စည်းပုံရှိ တည်နေရာအပြောင်းအလဲများကို ခြေရာခံရန်နှင့် နောက်ဆုံးမြေစာရင်းဖွဲ့စည်းပုံပါတည်နေရာနှင့် ကိုက်ညီစေရန် သက်ဆိုင်သော feature classes များကို ချိန်ညှိရန် အသုံးပြုနိုင်သည်။
ကိုးကား – wiki.gis.com
display projection – ပုံရိပ် အရိပ်ချစနစ်
ပထဝီဆိုင်ရာအချက်အလက်များကိုပြသရန် အသုံးပြုသော ကိုဩဒီနိတ်စနစ်။ ဥပမာအနေဖြင့် ArcMap ၏ data frame နှင့် ArcView GIS ၏ view တို့ ပါဝင်ပါသည်။
ကိုးကား – wiki.gis.com
display scale – ပြသထားသော စကေး
ကွန်ပြူတာမျက်နှာပြင်တစ်ခုပေါ်တွင် သို့မဟုတ် ပုံနှိပ်မြေပုံတစ်ခုပေါ်တွင် အချက်အလက်များကိုပုံဖော်ပေးချိန် တွင်ရှိနေသည့် စကေးတန်ဖိုး ဖြစ်သည်။
ကိုးကား – wiki.gis.com
display unit – မြင်ကွင်းရှိယူနစ်
ကွန်ပြူတာမျက်နှာပြင်တစ်ခုပေါ်တွင် သို့မဟုတ် ပုံနှိပ်မြေပုံတစ်ခုပေါ်တွင် အရာဝတ္ထုများ၏ အတိုင်းအတာများ ၊ အကွာအဝေးအဟခွင့်ပြုချက်များ၊ ဘေးတိုက်ရွေ့အကွာအဝေး များ ကိုဖော်ပြရန် အသုံးပြုသည့် ယူနစ်ဖြစ်သည်။ ၎င်းတို့ကို ဒေတာထဲတွင် တစ်သမတ်တည်းသိမ်းဆည်းထားသော်လည်း အသုံးပြုသူက ကိုဩဒိနိတ်များ နှင့် အတိုင်းအတာများကို မည်သည့်ယူနစ်ဖြင့်ပြပါဟု ရွေးချယ်ပေးနိုင်သည်။ ပေ မိုင်၊မီတာ ကီလိုမီတာ စသည်ဖြင့်။
ကိုးကား – wiki.gis.com
dissemination – ဖြန့်ဖြူးခြင်း
အစည်းများ သို့မဟုတ် လူ့အသိုင်းအဝိုင်းကြား နည်းပညာအသုံးပြုမှု သို့မဟုတ် တီထွင်ဆန်းသစ်မှု ပြန့်နှံ့စေခြင်း။
ကိုးကား – wiki.gis.com
dissolve
တူညီသော attribute တန်ဖိုးများ ရှိသည့် ထိစပ်နေသော ပိုလီဂွန် များ အကြား ရှိ အနားများကိုဖယ်ရှားပေးသော လုပ်ဆောင်ချက် ဖြစ်သည်။
ကိုးကား – wiki.gis.com


distance – ခရီးအကွာအဝေး
အမှတ်နှစ်မှတ်ကဲ့သို့သော အရာဝတ္ထုနှစ်ခု၊ နေရာဒေသနှစ်ခုအကြား ခရီးအကွာအဝေးအတိုင်းအတာဖြစ်သည်။ ထိုနေရာဒေသနှစ်ခုသည် ဆက်နေနိုင်သကဲ့သို့ မဆက်ဘဲလည်း ရှိနိုင်သည်။ ခရီးအကွာအဝေးနှင့် အလျား မတူညီသည့် အချက်မှာ အလျားသည် လက်တွေ့တွင်ဆက်နေသော အမှတ်နှစ်ခုအကြားရှိ အတိုင်းအတာပမာဏဖြစ်သည်။
ကိုးကား – wiki.gis.com
distance decay
နေရာများကိုသွားရောက်နိုင်ခွင့် ယင်းတို့အကြားအပြန်အလှန်ဆက်ဆံမှု တို့အပေါ် ခရီးအကွာအဝေးက သက်ရောက်မှုရှိသည်ကိုဖော်ပြသည့်သင်္ချာဆိုင်ရာ ဖော်ပြချက်တစ်ခုဖြစ်သည်။ အကွာအဝေး တိုးလာလေလေ တောင်းဆိုမှုကျလာလေလေဆိုသည့် အခြေအနေကို ကိုယ်စားပြုခြင်းဖြစ်သည်။ Distance decay ကို ထပ်ကိန်းဖန်ရှင်တစ်ခု သို့မဟုတ် ထပ်ညွှန်းဖန်ရှင်တစ်ခုဖြင့် ပြလေ့ရှိသည်။
distance field – အကွာအဝေးအချက်အလက်ထည့်သွင်းရာနေရာ
Survey Analyst Survey Explorer ရှိ တွက်ချက်ခြင်းလုပ်ငန်းတစ်ခုတွင် ထည့်သွင်း အသုံးပြုမည့် အကွာအဝေးတန်ဖိုးကို ထည့်သွင်းပေးရမည့် နေရာဖြစ်သည်။
distance unit – အကွာအဝေးယူနစ်
အကွာအဝေးကို တိုင်းတာသောယူနစ်ဖြစ်သည်။ ဥပမာ ပေ၊ မိုင်၊ မီတာနှင့် ကီလိုမီတာ စသည်ဖြင့်။
ကိုးကား – wiki.gis.com
diurnal
နေ့စဉ်ဖြစ်သော (ကမ္ဘာတစ်ပတ်လည်သကဲ့သို့ )။
ကိုးကား – wiki.gis.com
diurnal arc
ကောင်းကင်ရှိ ကောင်းကင်အရာဝတ္ထုများ စထွက်ရာနှင့် ဝင်ရာအရပ်တို့ကြား သွားရာလမ်းကြောင်း။
ကိုးကား – wiki.gis.com
DLG
digital line graph ၏အတိုကောက်စာလုံးဖြစ်သည်။ USGS မြေပုံများနှင့် ဆက်စပ်ရင်းမြစ်များမှ ဖန်တီးထားသော မြေပုံဆွဲခြင်းအချက်အလက်များကို vector ဖြင့်ကိုယ်စားပြုမှုများပါရှိသော ဒေတာဖိုင်များဖြစ်သည်။ DLG များတွင် သယ်ယူပို့ဆောင်ရေး၊ ရေပုံအချက်အလက်၊ကွန်တိုများနှင့် အများပြည်သူပိုင်နယ်နိမိတ်များကဲ့သို့သော USGS planimetric map အခြေခံအမျိုးအစားအချက်အလက်များ ပါဝင်ပါသည်။
ကိုးကား – wiki.gis.com
DMA – သတ်မှတ်ထားသော ဈေးကွက် ဧရိယာ
Designated Market Area ၏ အတိုကောက်စာလုံးဖြစ်သည်။ Nielsen Media Research နီလ်ဆန်မီဒီယာသုတေသနအဖွဲ့က သတ်မှတ်သည့် ရုပ်မြင်သံကြားဈေးကွက်တစ်ခုဖြစ်သည်။ အများစုသော သတ်မှတ်ထားသည့် ဈေးကွက် ဧရိယာများ (DMAs)သည် ပြည်နယ်အားလုံးနှင့် ကိုက်ညီပါသော်လည်း အချို့ပြည်နယ်များကို မတူညီသော သတ်မှတ် ဈေးကွက် ဧရိယာများ (DMAs)များအဖြစ် ပိုင်းခြားသည့် ခြွင်းချက်အချို့လည်းရှိသည်။
ကိုးကား – wiki.gis.com
DMS
Degree, Minute Second အတိုကောက် အသုံးဖြစ်သည်။ လတ္တီကျု့နှင့် လောင်ဂျီကျု တန်ဖိုးများ ကို ဖော်ပြသည့် ယူနစ် စနစ်။ တစ် ဒီဂရီ သည် စက်ဝိုင်းတစ်ခု၏ ၁/၃၆၀ အပိုင်းဖြစ်သည်။ တစ်ဒီဂရီကို မိနစ်ပေါင်း ၆၀ ထပ်ပိုင်းနိုင်ပြီး၊ တစ်မိနစ် ကို စက္ကန့်ပေါင်း ၆၀ ပိုင်းနိုင်သည်။
ကိုးကား – wiki.gis.com
DNC
digital nautical chart ၏ အတိုကောက်စာလုံးဖြစ်သည်။ရှိနှင့်ပြီးသား စာရွက်ရေပုံများ (hard-copy charts)၊ ဒစ်ဂျစ်တယ်ဒေတာ၊ ရေအနက်နှင့် ရေကြောင်းတိုင်းတာချက်များ၊ ရုပ်ပုံနှင့် raster data အမျိုးမျိုးတို့မှ ဖန်တီးတည်ဆောက်ထားသည့် ရေကြောင်းနှင့်ဆိုင်သောဒေတာဘေ့စ်တစ်ခုဖြစ်သည်။ DNC များကို အမေရိကန်စစ်တပ်နှင့် ၎င်း၏မဟာမိတ်များက ရေကြောင်းသွားလာမှုတွင် အသုံးပြုသည်။
ကိုးကား – wiki.gis.com
DNS
domain name system ၏ အတိုကောက်စာလုံးဖြစ်သည်။ network traffic လမ်းကြောင်းကို ပြပေးရန်အတွက် IP လိပ်စာများနှင့် ဒိုမိန်းအမည်များကို သိမ်းဆည်းပေးသည့် ဖြန့်ကျက်ထားသည့် အင်တာနက်စနစ်။
ကိုးကား – wiki.gis.com
dockable window
ပေါလောမြော အနေအထား (floating state) သို့မဟုတ် ပင်မအပလီကေးရှင်းဝင်းဒိုးတွင် တွဲကပ်ထည့်နိုင်သော ဝင်းဒိုးတစ်ခု။
ကိုးကား – wiki.gis.com
docking
ပေါလောမြော (floating) toolbar သို့မဟုတ် ဝင်းဒိုးကို graphical user interfaceတွင် သတ်မှတ်ထားသော ရာသို့ ရွှေ့ပြောင်းနေရာချခြင်း။
ကိုးကား – wiki.gis.com
domain
သီးခြား metadataတစ်ခုအတွက် လက်ခံပေးသည့် တန်ဖိုးများအတိုင်းအတာ။
ကိုးကား – wiki.gis.com
domain name
“ esri.com” ကဲ့သို့သော အင်တာနက်ပေါ်ရှိ ကွန်ပျူတာစနစ်၏ သီးသန့် အမည်။
ကိုးကား – wiki.gis.com
domain name system
network traffic လမ်းကြောင်းကို ပြပေးရန်အတွက် IP လိပ်စာများနှင့် ဒိုမိန်းအမည်များကို သိမ်းဆည်းပေးသည့် ဖြန့်ကျက်ထားသည့် အင်တာနက်စနစ်။
ကိုးကား – wiki.gis.com
DOP
Dilution of precision အတွက် အတိုကောက်စကားလုံး။ တည်နေရာတစ်ခုကို သတ်မှတ်ရာတွင် အသုံးပြုသည့် ဂြိုလ်တုများ၏ တည်ရှိပုံအနေအထားဂျီဩမေတြီ ကို ညွှန်းသည့် အညွှန်းတစ်ခုဖြစ်ပါသည်။ ယေဘုယျအားဖြင့် DOP တန်ဖိုးနည်းသည့် တည်နေရာများသည် DOP တန်ဖိုးများသည့် တည်နေရာများထက် ပိုမိုကောင်းမွန်သော တိုင်းတာမှုရလဒ်များရှိပါသည်။ ဂြိုလ်တုအစုအဝေးတစ်ခုအတွက် စုစုပေါင်း GDOP( ဂျီဩမေတြီဆိုင်ရာ DOP) တွင် PDOP (တည်နေရာနှင့်ဆိုင်သော DOP) ၊ HDOP (ပြင်ညီအတိုင်း DOP) ၊ VDOP( ထောင်လိုက်အတိုင် DOP) နှင့် TDOP (အချိန်နှင့်ဆိုင်သော DOP) တို့ပါဝင်ကြပါသည်။
ကိုးကား – wiki.gis.com
Doppler shift – Doppler အရွေ့
အရင်းအမြစ်(ထုတ်လွှတ်သူ) နှင့် ဖမ်းယူသူ(လက်ခံရရှိသူ) တို့ကြားထဲရှိ နှိုင်းရအရွေ့ကြောင့် အသံလှိုင်းကြိမ်နှုန်း သို့မဟုတ် အလင်းလှိုင်းကြိမ်နှုန်းများ သိသိသာသာပြောင်းလဲခြင်းဖြစ်သည်။ တစ်ခုနှင့်တစ်ခု နီးကပ်လာလျှင် ကြိမ်နှုန်းမြင့်လာပြီး ဝေးကွာသွားလျှင် ကြိမ်နှုန်းလျော့သွားမည်ဖြစ်သည်။ ဩစတြီးယား ရူပဗေဒပညာရှင် နှင့် သင်္ချာပညာရှင် Christian Andreas Doppler ကိုအစွဲပြု အမည်ပေးထားခြင်းဖြစ်သည်။ Doppler အရွေ့ကို Doppler သက်ရောက်မှုလို့လည်းခေါ်ပါသည်။
ကိုးကား – wiki.gis.com
Doppler-aided GPS – Doppler ပါသော GPS
GPS ဖမ်းစက်အနေဖြင့် အချက်ပြလှိုင်းကိုစဉ်ဆက်မပြတ်လိုက်လံဖမ်းယူနိုင်စေရန် တိုင်းတာရရှိသော အရွေ့ကိုအသုံးပြုသည့် အချက်ပြလှိုင်းတွက်ချက်နည်းဖြစ်သည်။
ကိုးကား – wiki.gis.com
DOQ – စတုဂံ/လေးထောင့်သဏ္ဍာန်ရှိသောဒီဂျစ်တယ်ဝေဟင်ဓါတ်ပုံ (DOQ)
digital orthophoto quadrangleအတွက် အကိုကောက်စကားလုံးဖြစ်သည်။ ကောင်းကင်ဓါတ်ပုံတစ်ခုမှ ကွန်ပျူတာဖြင့် စကေးတစ်သမတ်တည်း ဖြစ်အောင်ဖန်တီးထုတ်လုပ်ထားသောပုံ။ စောင်းခြင်း နှင့်မြေပြင်အနိမ့်အမြင့်ကြောင့် သက်ရောက်မှုတို့ကို transformation သို့မဟုတ် rectification သင်္ချာနည်းများဖြင့် ဖယ်ရှားထားခြင်းကြောင့် DOQ တို့သည် စကေးမှန် ပုံများဖြစ်ကြသည်။ DOQ ၏ စကေးသည်တစ်သမတ်တည်း ရှိသည့်အတွက် အကွာအဝေး များကို တိကျစွာတိုင်းတာနိုင်သည်။
ကိုးကား – wiki.gis.com
DOQQ
digital orthophoto quarter quadrangle အတွက်အတိုကောက်စကားလုံးဖြစ်သည်။ အပိုင်းလေးပိုင်း ပိုင်းထားသည့် DOQ ဓါတ်ပုံ။
ကိုးကား – wiki.gis.com
dot density map – အစက်သိပ်သည်းမှုဖြင့် ဖော်ပြထားသည့်မြေပုံ
နေရာတစ်ခုနှင့် ဆက်စက်နေသော ကိန်းဂဏန်း/ numeric attribute တန်ဖိုးနှင့် အချိုးကျစွာ အရွယ်တူ အစက်များကို ကျပန်းနေရာချထားသည့် ပမာဏပြမြေပုံဖြစ်ပါသည်။ အစက်သိပ်သည်းမှုပြမြေပုံ သည် attribute တစ်ခု၏ ပြင်းအားပမာဏအတိုင်း ဖော်ပြပါသည်။
ကိုးကား – wiki.gis.com
dot screen – အစက်များဖြင့်ဖန်တီးထားသည် မျက်နှာပြင်
အရွယ်တူအကွာအဝေးတူအစက်များဖြင့်မျက်နှာပြင်ကိုပြုလုပ်ထားသည့် ဓါတ်ပုံဖလင်တစ်မျိုးဖြစ်သည်။ အရောင်အပြည်ကို အစက်များအဖြစ်ခွဲထုတ်ထားသဖြင့်အရောင်ဖျော့သည်ဟုထင်ရသည်။
ကိုးကား – wiki.gis.com
dots per inch – တစ်လက်မတွင်ပါဝင်သော အစက်များ
စကင်နာများ၊ ပရင်တာများနှင့် ဂရပ်ဖစ် မှန်သားပြင် များ၏ ကြည်လင်ပြတ်သားမှုကို တိုင်းတာသည့်အသုံးအနှုံး။ ဓါတ်ပုံတစ်ခု၌ တစ်လက်မတွင် အစက်များလေ ပို၍ အသေးစိတ်ဖော်ပြနိုင်လေဖြစ်သည်။
ကိုးကား – wiki.gis.com
double precision
ကိုဩဒီနိတ်တစ်ခုစီ ကို သိမ်းဆည်းမည့် အဖြစ်နိုင်ဆုံး အရာရောက်ဂဏန်းအရေအတွက် ကို အခြေခံသည့် ကိုဩဒီနိတ်တန်ဖိုးတိကျမှု အဆင့်။ single or double precision တစ်ခုခုဖြင့် အချက်အလက်များကို သိမ်းဆည့်နိုင်သည်။ Double-precision ဖြင့်သိမ်းဆည်းပါက ကိုဩဒီနိတ်တစ်ခုအတွက် အရာရောက်ဂဏန်း ၁၅ လုံးထိသိမ်းဆည်းနိုင်သည့်အတွက် ကမ္ဘာနှင့်အဝှမ်း အဆင့်တွင် တိကျမှု ကို ၁ မီတာ နှင့် အောက် ထိန်းထားနိုင်မည်ဖြစ်သည်။
ကိုးကား – wiki.gis.com
double-coordinate precision
ကိုဩဒီနိတ်တစ်ခုစီကို သိမ်းဆည်းထားနိုင်သော အဖြစ်နိုင်ဆုံး အရာရောက်ဂဏန်းအရေအတွက်ကို အခြေခံသည့် ကိုဩဒီနိတ်တန်ဖိုးတိကျမှုအဆင့်။ single or double precision တစ်ခုခုဖြင့် အချက်အလက်များကို သိမ်းဆ ည်း နိုင်သည်။ Double-precision ဖြင့်သိမ်းဆည်းပါက ကိုဩဒီနိတ်တစ်ခုအတွက် အရာရောက်ဂဏန်း ၁၅ လုံးထိသိမ်းဆည်းနိုင်သည့်အတွက် ကမ္ဘာနှင့်အဝှမ်း အဆင့်တွင် တိကျမှု ကို ၁ မီတာ နှင့် အောက် ထိန်းထားနိုင်မည် ဖြစ်သည်။
ကိုးကား – wiki.gis.com
Douglas-Peucker algorithm
ရှုပ်ထွေးသောမျဉ်းများကို ရိုးရိုးရှင်းရှင်းဖြစ်အောင်ပြုလုပ်နည်းဖြစ်သည်။ မျဉ်းများတွင်ပါဝင်သော အမှတ်များ ကို အရေအတွက်လျှော့ချခြင်းဖြင့် ရိုးရှင်းအောင်ပြုလုပ်ခြင်းဖြစ်သည်။ Douglas-Peucker algorithm ကို ကနေဒါ ပထဝီဝင်ပညာရှင် David H. Douglas နှင့် Thomas K. Peucker တို့မှ တီထွင်ခဲ့သည်။
ကိုးကား – wiki.gis.com
downstream
ကွန်ရက်ခြေရာခံခြင်းတွင် စီးဆင်းရာလမ်းကြောင်းလားရာနှင့်တူညီသော မျဉ်းတစ်ကြောင်းသို့မဟုတ် အစွန်းတစ်ခု တစ်လျောက်၌ရှိသော လားရာအရပ်ဖြစ်သည်။
ကိုးကား – wiki.gis.com
dpi
dots per inch အတွက် အတိုကောက်စကားလုံးဖြစ်ပါသည်။ စကင်နာများ၊ ပရင်တာများနှင့် ဂရပ်ဖစ် မှန်သားပြင် များ၏ ကြည်လင်ပြတ်သားမှု ကိုတိုင်းအတာသည့်အသုံးအနှုံး။ ဓါတ်ပုံတစ်ခု၌ တစ်လက်မတွင် အစက်များများလေ ပို၍ အသေးစိတ်ဖော်ပြနိုင်လေဖြစ်သည်။
ကိုးကား – wiki.gis.com
drafting
မြေပုံရေးဆွဲထုတ်လုပ်ခြင်းများတွင် အသုံးပြုသည့် ခဲတံ သို့မဟုတ် ဘောပင်နှင့် မှင်ဖြင့် ရေးဆွဲသောနည်းလမ်းတစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
drainage – ရေဆင်းစနစ်
မြစ်များ၊ ချောင်းများနှင့် ကန်များ ကဲ့သို့ ရေ၏ ရွေ့လျားမှု၊စီးဆင်းမှုတို့နှင့် ဆက်စပ်နေသော မြေပုံလက္ခဏာအမှတ်အသားများအားလုံး။
ကိုးကား – wiki.gis.com
draped layer – သုံးဖက်မြင်အလွှာ
ကမ္ဘာ့မျက်နှာပြင်အပေါ်ဆုံးတွင်ပြသမည့် အလွှာအဖြစ်သတ်မှတ်ထားသည့် ArcGlobe ရှိ အလွှာ။
ကိုးကား – wiki.gis.com
draping – သုံးဖက်မြင်မျက်နှာပြင်အဖြစ် ပြောင်းလဲခြင်း
နှစ်ဖက်မြင်ပုံတစ်ခုကို သုံးဖက်မြင်မျက်နှာပြင်ပေါ်တင်ပြီး ရှုထောင့်မြင်ကွင်း သို့မဟုတ် မြင်ကွင်းကျင်အဖြစ် ပြောင်းလဲပြခြင်း။ဥပမာ- ကောင်းကင်ဓါတ်ပုံတစ်ခုကို မြေအနိမ့်အမြင့်မျက်နှာပြင် ပေါ်တင်ပြီး တကယ့်မြေပြင်မြင်ကွင်းအဖြစ်ဖန်တီးနိုင်သည်။
ကိုးကား – wiki.gis.com
DRG
digital raster graphic ၏အတိုကောက်စကားလုံးဖြစ်သည်။ USGS ၏ မြေမျက်နှာသွင်ပြင်ပြစံမြေပုံအတွဲအများကို ပုံရိပ်ဖမ်းတည်ဆောက် (scan) ထားသော raster ပုံဖြစ်သည်။ ပုံမှန်အားဖြင့် ၎င်းတွင် မြေပုံအနားသတ်များ၊ မြေပုံပါအကြောင်းအရာရှင်းလင်းချက်များ၊ အနားသတ်မျဉ်းများကဲ့သို့ မူလနယ်နိမိတ်ဆိုင်ရာ သတင်းအချက်အလက်များ ပါဝင်သည်။ မူရင်းမြေပုံများကို universal transverse Mercator (UTM) အရိပ်ချစနစ်ကမ္ဘာ့မြေမျက်နှာပြင်တွင် georeferenced ပြုလုပ်ထားသည်။ အနည်းဆုံး resolution ၂၅၀ dpi ဖြင့် ပုံရိပ်ဖမ်းတည်ဆောက်ထားသည်။ DRG တစ်ခု၏ တိကျမှုနှင့် ရည်ညွှန်းမျက်နှာပြင်တို့သည် မူလမြေပုံ၏ တိကျမှုနှင့် ရည်ညွှန်းမျက်နှာပြင်ဖြင့် ကိုက်ညီပါသည်။
ကိုးကား – wiki.gis.com
drift
Kriging မော်ဒယ်တွင် z တန်ဖိုးများပျံ့နှံ့မှု ယေဘုယျ ပုံစံတစ်ခုဖြစ်သည်။ drift သို့မဟုတ် ဖွဲ့စည်းပုံတို့သည် မော်ဒယ်၏အခြေခံ ပုံသဏ္ဍာန်ကို ဖော်ဆောင်ပါသည်။
ကိုးကား – wiki.gis.com
drive-time area – ယာဉ်မောင်းချိန် ဧရိယာ
ကားမောင်းရန်ကြာချိန်ဖြင့် ဖော်ပြထားသော မြေပုံပေါ်ရှိအရာဝတ္ထုတစ်ခုပတ်လည်ရှိ ဇုံနယ်တစ်ခု။ ဥပမာ-စတိုးဆိုင်တစ်ဆိုင်၏ ၁၀-မိနစ်ကြာယာဉ်မောင်းရောက်ရှိမည့်ဧရိယာသည် ၁၀မိနစ် သို့မဟုတ် ထိုထက်နည်းသောအချိန်အတွင်း စတိုးဆိုင်သို့ ယာဉ်မောင်းသူရောက်နိုင်သည့် ဧရိယာကို သတ်မှတ်ထားသည်။
ကိုးကား – wiki.gis.com
drum scanner
လည်နေသော ဆလင်ဒါတွင်တွဲကပ်ထားသော မြေပုံ ကို ဆင်ဆာများက ဒီဂျစ်တယ်ပုံရိပ် အဖြစ် ဖမ်းယူပေးသည့် ပုံရိပ်ဖမ်းကရိယာတစ်မျိုးဖြစ်သည်။
ကိုးကား – wiki.gis.com
DTD
document type definition အတွက် အတိုကောက်စကားလုံး။ XML documents၏ ခွင့်ပြုထားသော ဖွဲ့စည်းပုံနှင့် ဂုဏ်သတ္တိများကို သတ်မှတ်သည့် စည်းမျဉ်းများပါဝင်သည်။
ကိုးကား – wiki.gis.com
DTED
ဒီဂျစ်တယ်မြေမျက်နှာပြင်အနိမ့်အမြင့်ဒေတာ digital terrain elevation data ၏ အတိုကောက်စကားလုံး။ U.S မဟာမိတ်များနှင့် အမျိုးသားအဆင့် ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက်အေဂျင်စီတို့မှ ထုတ်လုပ်ထားပြီး အများအားဖြင့် ၁ ဒီဂရီ အကွက်များဖြင့် ပိုင်းခြားထားသော မြေမျက်နှာပြင်အနိမ့်အမြင့်ဒေတာအမျိုးအစားဖြစ်သည်။
ကိုးကား – wiki.gis.com
DTM
digital elevation model – ဒစ်ဂျစ်တယ် အမြင့်ပြ ပုံစံ – ၏ အတို ကောက် စာလုံးဖြစ်သည်။ မြေမျက်နှာပြင် ပေါ်ရှိ တဆက်တစပ်တည်း အမြင့်တန််ဖိုးများကိုလေးထောင့်ဆဲကွက် များ ၏ z တန်ဖိုးဖြင့်ကိုစားပြုပြီးဒေတမ်တစ်ခုမှ ရည်ညွှန်း ထားသည် ။ DEM များကို ကုန်းမြေအနိမ့်အမြင့်ကို ဖော်ပြရာတွင် အဓိက သုံးပြုသည်။
ကိုးကား – wiki.gis.com
duplicate labels – လေဘယ်တူများ
အကြောင်းအရာတူ လေဘယ်များ။ ArcGIS အတွက် Maplex သည် တူညီသည့် အရာများထဲမှ တစ်ခုသာလျှင် လေဘယ်စာရေးသားဖို့ ရန် ရွေးချယ်ခွင့်ပေးထားပါသည်။ အသုံးပြုသူက သတ်မှတ်ထားသော အကွာအဝေးအတွင်းတွင် အကြောင်းအရာတူ လေဘယ်များကို ထပ်မံမဖော်ပြတော့ပါ။
ကိုးကား – wiki.gis.com
