early binding
အရာဝတ္ထုတစ်ခုကို အသုံးပြုရန် Application တစ်ခုက အသုံးပြုသည့် COM နည်းလမ်းတစ်ခုဖြစ်သည်။ Late binding ကဲ့သို့ run time ကာလတွင် စစ်ဆေးမှုကို မဆောင်ရွက်ပဲ Early binding နည်းတွင် compile (code မှ exe ဖိုင်အဖြစ်ပြောင်းခြင်း) လုပ်ချိန်အတောအတွင်း ၌ အရာဝတ္ထုတစ်ခု၏ဂုဏ်သတ္တိနှင့် နည်းစနစ်များကို ရှာဖွေသည်။ ထိုကွဲပြားခြားနားချက်သည် Early binding ၏စွမ်းဆောင်ရည်ကို late binding ထက်သာလွန်စေသည်။ Early binding အမျိုးအစားနှစ်မျိုးရှိပြီး ၎င်းတို့မှာ DispID binding နှင့် vTable binding တို့ဖြစ်သည်။
ကိုးကား – wiki.gis.com
earth-centered datum – ကမ္ဘာ့ဗဟိုချက်အခြေပြု ရည်ညွှန်းမျက်နှာပြင်
စက်လုံးယောင်(ellipsoid)တစ်ခုကို အခြေခံထားသော ရေပြင်ညီဘူမိထုရည်ညွှန်းမျက်နှာပြင်တစ်ခုဖြစ်ပြီး ၎င်း၏ မူလမှတ်(origin)သည် ကမ္ဘာ့မြေထု၏ ဗဟိုတွင် တည်ရှိသည်။ ဥပမာ – ကမ္ဘာ့ ဘူမိထု စနစ် ၁၉၈၄ (WGS1984)၊ မြောက်အမေရိက ဒေတမ် ၁၉၈၃ (NAD1983) ဩစတြေးလျ ဘူမိထု ဒေတမ် ၁၉၈၄ တို့ဖြစ်သည်။ WGS1984 ဒေတမ် သည် WGS84 ellipsoid ကိုသုံးထားပြီး ကျန်နှစ်ခုမှာ GRS80 ellipsoid ကို အသုံးပြုထားသည်။ ဒေသသုံး (local) ဒေတမ်များထက်စာလျင် ကမ္ဘာ့ဗဟိုချက် အခြေပြုဒေတမ်များသည် GPS ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြစနစ်များနှင့် ပိုမို အဆင်ပြေမှုရှိသည်။
ကိုးကား – wiki.gis.com
easting – ရှေ့မူမျဉ်းတန်ဖိုး
Cartesian သြဒီနိတ်စနစ်တွင် မူလမှတ်မှ အရှေ့အတိုင်း တိုင်းသော အမှတ်တစ်ခု ၏ အကွာဝေး။ ယူနစ်မှာ ၎င်းစနစ်အရသတ်မှတ်ထားသော ယူနစ်ဖြစ်သည်။
ကိုးကား – wiki.gis.com
eccentricity
ဘဲဥပုံတစ်ခုသည် စက်ဝိုင်းမှမည်မျှသွေဖည်သည်ကို တိုင်းတာသည့်အတိုင်းအတာတစ်ခု။ ၎င်းကို စက်လုံးယောင်တစ်ခု၏ focus အမှတ်တစ်ခုနှင့် ဗဟိုချက်ကြားရှိအကွာအဝေးနှင့် ၎င်း၏ ပင်မဝန်ရိုးတို semimajor အလျားတို့၏အချိုးအဖြစ် ဖော်ပြသည်။ ပုံမှန်အားဖြင့် eccentricity (e2) ကို semimajor ဝန်ရိုး a နှင့်အတူ အသုံးပြုကာ စက်လုံးယောင်တစ်ခုကို သတ်မှတ်လေ့ရှိသည်။
ကိုးကား – wiki.gis.com
ecliptic -ကမ္ဘာ့ နေပတ်လမ်းကြောင်းမျက်နှာပြင်
ကောင်းကင်ယံစက်လုံးနှင့် ကမ္ဘာက နေကို ပတ်သည့်လမ်းကြောင်း(တစ်နည်းအားဖြင့် နေသွားလမ်းကြောင်း) ဖြတ်ခြင်းအားဖြင့်ဖြစ်လာသော စက်ဝန်းကြီးတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
ecological fallacy
အဖွဲ့တစ်ခု သို့မဟုတ် နေရာဒေသတစ်ခု မှ အဖွဲ့ဝင်တစ်ခု သည် ထိုအဖွဲ့ ထိုနေရာ၏ ထင်ရှားသည့် စရိုက်လက္ခဏာ ကို ပြသည်ဟု ယူဆချက် ဖြစ်သည်။
ကိုးကား – wiki.gis.com
economic geography – စီးပွားရေးပထဝီဝင်
တည်နေရာအလိုက် စီးပွားရေးဆိုင်ရာအချက်များ ပြန့်နှံ့တည်ရှိနေပုံနှင့် စီးပွားရေးဆိုင်ရာ အချက်များ ၏ကွာဟပုံကိုများကို လေ့လာသည့် ပထဝီဝင်ဘာသာရပ်တစ်ခု။ လေ့လာရာတွင် ရာသီဥတု၊ မြေအသုံးချမှုနှင့် ဘူမိဗေဒကဲ့သို့သော ပထဝီဝင်အချက်အလက်များသည် စီးပွားရေးဆိုင်ရာ အချက်အလက်များနှင့် မည်သို့ဆက်စပ်နေသည်တို့ ပါဝင်ပါသည်။
ကိုးကား – wiki.gis.com
edge – အနား
အနားသတ်အဖြစ်ရှိနေသည့်အမှတ်နှစ်ခုကြားရှိမျဉ်း။ ဂျီဩမေတြီအရာဝတ္ထုတစ်ခုတွင် အနား တစ်ခုသည်မျက်နှာပြင်နှစ်ခုကြားနယ်နမိတ်အဖြစ်ရှိသည်။ ပုံရိပ်တစ်ခုတွင်မူ အနားများသည် မတူညီသော အရောင်များကိုခွဲခြားထားပေးသည်။ ဆက်စပ်တည်ရှိမှုအရဖွဲ့စည်းခြင်းတွင် အနားတစ်ခုသည် မျဉ်းများ သို့မဟုတ် ဗဟုဂံအနားသတ်များအဖြစ်သတ်မှတ်ပေးသည်။
ကိုးကား – wiki.gis.com
edge connectivity policy – အနားစွန်း ဆက်သွယ်မှုမူဝါဒ
ကွန်ယက်ဒေတာအစုတစ်ခုတွင် အနားစွန်းများသည့် အခြားအနားစွန်း တစ်လျောက် မည်သို့ ချိတ်ဆက်နိုင်သည် ကို သတ်မှတ်ပေးသည့်ဆက်သွယ်ချက်မူဝါဒ တစ်ခုဖြစ်သည်။ အနားစွန်း နှစ်ခုကြား ဆက်သွယ်မှု မူဝါဒနှစ်ခုရှိသည် ယင်းတို့မှာ အဆုံးမှတ်ဖြင့် ဆက်သွယ်ခြင်းနှင့် မည်သည့်ကြားအမှတ်များနှင့်မဆိုဆက်သွယ်နိုင်ခြင်း ဟုဖြစ်သည်။
ကိုးကား – wiki.gis.com
edge detection
Pixel တန်ဖိုး ရုတ်တရတ်ပြောင်းလဲခြင်းများကိုစစ်ဆေးခြင်းအားဖြင့် ဒစ်ဂျစ်တယ်ပုံရိပ်တစ်ခုထဲတွင် အနားစွန်းများကို ခွဲထုတ်ရာတွင် အသုံးပြုသည့် ဒစ်ဂျစ်တယ်ပုံရိပ်တွက်ချက်မှုနည်းလမ်းတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
edge element – အနားစွန်းအစိတ်အပိုင်း
အနားသတ်အဖြစ်ရှိနေသည့်အမှတ်နှစ်ခုကြားရှိမျဉ်း။ ဂျီဩမေတြီအရာဝတ္ထုတစ်ခုတွင် အနား တစ်ခုသည်မျက်နှာပြင်နှစ်ခုကြားနယ်နမိတ်အဖြစ်ရှိသည်။ ပုံရိပ်တစ်ခုတွင်မူ အနားများသည် မတူညီသော အရောင်များကိုခွဲခြားထားပေးသည်။ ဆက်စပ်တည်ရှိမှုအရဖွဲ့စည်းခြင်းတွင် အနားတစ်ခုသည် မျဉ်းများ သို့မဟုတ် ဗဟုဂံအနားသတ်များအဖြစ်သတ်မှတ်သည်။
ကိုးကား – wiki.gis.com
edge enhancement – အနားသတ်များကိုထင်ရှားစေခြင်း
ဒစ်ဂျစ်တယ်ပုံရိပ်တစ်ခုထဲရှိ အနားများနှင့်မျဉ်းများကို ပိုမိုထင်ရှားလာအောင်ပြုလုပ်ပေးသည့် ဒစ်ဂျစ်တယ်ပုံရိပ်တွက်ချက်မှုနည်းလမ်းတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
edge-edge rule – အနား-မှ-အနား စဉ်းကမ်း
ကွန်ယက်တစ်ခုတွင် အနားစွန်းများအခြင်းခြင်း အဆုံမှတ်ကိုဖြတ်ပြီးမည်သို့မည်ပုံဆက်သွယ်ရမည့်ကိုသတ်မှတ်ထားသည့် ဆက်သွယ်မှု စည်းကမ်းတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
edge-junction cardinality – အနား-အဆုံ အရေအတွက်
ကွန်ယက်ဆက်သွယ်မှု ဆက်စပ်ချက်များတွင် အခြားအမျိုးအစားတစ်ခု၏ အဆုံနှင့် တွဲစပ်နေသည့် အနားစွန်းအမျိုးအစားတစ်ခုအောက်ရှိ အနားအရေအတွက်ဖြစ်သည်။ အနား-အဆုံ အရေအတွက်သည် အနားများနှင့် အဆုံတစ်ခုအကြား တစ်ခု-မှ-အများ ဆက်သွယ်မှု (one-to-man relationship) တွင် အများဆုံးခွင့်ပြုနိုင်သည့် အရေအတွက်ကိုသတ်မှတ်ပေးသည်။
ကိုးကား – wiki.gis.com
edge-junction rule – အနား-မှ-အဆုံ စဉ်းကမ်း
ကွန်ယက်တစ်ခုတွင် အနားစွန်းတစ်ခုသည် အဆုံမှတ်နှင့်မည်သို့မည်ပုံဆက်သွယ်ရမည့်ကိုသတ်မှတ်ထားသည့် ဆက်သွယ်မှု စည်းကမ်းတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
edgematching – အနားများ တိုက်ဆိုင်စစ်ဆေးချိတ်ဆက်ခြင်း
တည်နေရာ အနေထားညှိရာတွင် သတ်မှတ်ထားသည့် နေရာ၏အနားတလျောက်ရှိ အရာဝတ္ထုများကို ကပ်လျက် သတ်မှတ်နေရာပြင်ပရှိ မှန်ကန်သည့်အရာဝတ္ထုများနှင့်တစ်ထပ်တည်းကျနေရန်ပြုလုပ်ခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
Edit Annotation tool
Geodatabase တွင်းသိမ်းဆည်းထားသည့် မြေပုံသုံးစာသားများကို ပြင်ဆင်ဖြည့်စွက်ရာတွင်အသုံးပြုသည့် Annotation toolbarပေါ်ရှိ tool တစ်ခုဖြစ်သည်။ စာသားများကို ရွှေ့နိုင်၊ အရွယ်အစားပြောင်းနိုင်ပြီး၊ အနေအထား လှည့်နိုင်သည်။ စားသားတည်နေရာ၊ မျက်နှာမူရာ၊ သင်္ကေတအမျိုးအစား၊၊ အကြောင်းအရာစာသား၊ အရွယ်အစား၊ နှင့် စာလုံးစတိုင်များကို ဖြတ်လမ်း Shortcut menu များဖြင့် ထိန်းချုပ်နိုင်သည်။
ကိုးကား – wiki.gis.com
edit box
အသုံးပြုသူမှရိုက်ထည့်ထားသည့် စာသား သို့မဟုတ် အခြားရင်းမြစ်တစ်ခုမှလာသည့်စာသား ကို ပြင်ဆင်တည်းဖြတ်နိုင်ရန်ဖော်ပြပေးသည့် အရာတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
edit cache – ယာယီသိမ်းဆည်းဒေတာ
မြေပုံအတွင်းကျရောက်သော ArcIMS feature service သို့မဟုတ် geodatabase ၏ အရာဝတ္ထုများကို Desktop ကွန်ပျူတာ၏ RAM တွင် ယာယီသိမ်းဆည်းမှုကို ခွင့်ပြုသော ArcMap ရှိ setting တစ်ခုဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ArcMapတွင် တည်းဖြတ်ခြင်း၊ ပုံဖော်ခြင်း(feature rendering) နှင့် စာထိုးခြင်း (editing) တို့အတွက် စွမ်းဆောင်ရည် တိုးတက်မှုဖြစ်ပေါ်စေသည်။
ကိုးကား – wiki.gis.com
edit mask
ဂျီဩမေတြီအရာတစ်ခု(သို့မဟုတ်ပထဝီဆိုင်ရာအသွင်အပြင်များ) ကိုပြောင်းလဲထားသော်လည်း ဆက်စပ်တည်ရှိမှု (topology)ကိုအသစ်ပြန်မတည်ဆောက်သေးသည့်အပိုင်းဖြစ်သည်။
ကိုးကား – wiki.gis.com
edit session – တည်းဖြတ်ခြင်းလုပ်ဆောင်သည့်ကာလ
ArcMap တွင် တည်နေရာဆိုင်ရာနှင့် အချက်အလက် တည်းဖြတ်ခြင်းလုပ်ငန်း ပြုလုပ်ချိန်ဖြစ်သည်။ တည်းဖြတ်ခြင်းလုပ်ဆောင်ရန်စတင်ပြီးနောက် အသုံးပြုသူတစ်ဦးသည် အရာ/အရာဝတ္ထုများ၏ တည်နေရာများ၊ ပုံသဏ္ဌာန်များ (geometry) သို့မဟုတ် အချက်အလက်(attribute) များကို ပြုပြင်နိုင်သည်။ အသုံးပြုသူက ၎င်းပြင်ဆင်ထားသည့်တို့ကိုသိမ်းဆည်းရန် မခိုင်းစေပါ (save မနှိပ်ပါက) ပြင်ဆင်တည်းဖြတ်ထားသည်များ ကို သိမ်းဆည်းမည်မဟုတ်ပါ။
ကိုးကား – wiki.gis.com
edit sketch – ပုံကြမ်းတည်းဖြတ်ခြင်း
ArcMapတွင် အလုပ်တာဝန်အမျိုးမျိုးလုပ်ဆောင်ရန် အသုံးပြုသော ယာယီပုံကြမ်းတစ်ခု။ ပုံကြမ်းတည်းဖြတ်ခြင်းကို ဖန်တီးခြင်းသည် အရာ/အရာဝတ္ထုများ၏ပုံသဏ္ဌာန်ကို ပြင်ဆင်ရန် သတ်မှတ်ထားသောစံနည်းလမ်း တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
edit task – တည်းဖြတ်ခြင်းလုပ်ငန်း
ArcMap တွင် ပြင်ဆင်တည်းဖြတ်နေချိန်တွင် ရွေးချယ်ပေးရမည့် ပြုလုပ်လိုသည့်အလုပ်အမျိုးအစားစာရင်း settingဖြစ်သည်။ ရွေးပေးထားသည့် အတိုင်း sketch construction tool က အလုပ်လုပ်ပေးမည်ဖြစ်သည်။ ဥပမာ- တည်းဖြတ်ခြင်းလုပ်ငန်းတွင် အရာ/အရာဝတ္ထုအသစ်များ ဖန်တီးခြင်းနဲ့ ရှိနှင့်ပြီးသား အရာများကို ပြုပြင်ခြင်းတို့ပါဝင်သည်။ အဆိုပါ တည်းဖြတ်ခြင်းလုပ်ငန်းကို ပေးထားသော လုပ်ငန်းစာရင်းမှ လုပ်ငန်းတစ်ခုကိုရွေးချယ်ပေးခြင်းဖြင့် သတ်မှတ်ပေးသည်။
ကိုးကား – wiki.gis.com
Editor toolbar – ပြင်ဆင်မှုပြုလုပ်ရာ Toolbar
ArcMap တွင် အရာ/အရာဝတ္ထုများနှင့်၎င်းတို့၏ဇယား အချက်အလက်များကို ဖန်တီးခြင်းနှင့် ပြုပြင်ခြင်းကို ပြုလုပ်သော tool အစုအဝေးဖြစ်သည်။
ကိုးကား – wiki.gis.com
EDMS
Electronic Document Management System ၏ အတိုကောက်စာလုံးဖြစ်သည်။ ဒီဂျစ်တယ်နှင့်ပုံမှန်စာရွက်စာတမ်းများ (hard-copy document) များကို စုစည်း၊၊ ထိန်းသိမ်း၊ ရှာဖွေထုတ်ယူပေးသည့် ကွန်ပြူတာအခြေပြုစနစ်တစ်ခုဖြစ်သည်။ ပုံမှန်အားဖြင့် EDMSတစ်ခုတွင် စာရွက်စာတမ်းစိစစ်ခြင်း၊ မူကွဲများသတ်မှတ်ခြင်းနှင့် ရှာဖွေထုတ်ယုခြင်းတို့အတွက် အဝင်မှတ်တမ်း (check-in) ၊ နှင့် အထွက်(check-out)မှတ်တမ်း စနစ်တို့ပါဝင်သည်။
ကိုးကား – wiki.gis.com
EDN
ESRI Developer Network ၏ အတိုကောက်စာလုံးဖြစ်သည်။ Developers များအတွက် ESRI software ဝယ်ယူရန် စာရင်းပေးသွင်းအစီအစဉ်တစ်ခုဖြစ်ပြီး ၎င်းတွင် ESRI developer community အားထောက်ပံ့ရန် အထူးအစီအစဉ်တစ်ခု ပါဝင်သည်။ EDN သည် GIS developers များနှင့် ESRI ဝန်ထမ်းများအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းများအား မြှင့်တင်ရန် ရည်ရွယ်သည်။
ကိုးကား – wiki.gis.com
EJB
J2EE စနစ်အတွက် server ဖက်အခြမ်း အစိတ်အပိုင်းတည်ဆောက်ပုံ ဖြစ်သည်။ EJB သည် ဖြန့်ကျက်ထားသော၊အမှားအယွင်းမရှိအချက်အလက်ဖလှယ်ခြင်းပြုလုပ်နိုင်သော၊ လုံခြုံပြီး ဝန်ကျဉ်းသော Java အပလီကေးရှင်းများတည်ဆောက်နိုင်ရန် လုပ်ဆောင်ပေးသည်။
ကိုးကား – wiki.gis.com
elastic transformation – အကျုံ့အဆန့်ပြုလုပ်နိုင်သောပြောင်းလဲမှု
ကိုဩဒီနိတ်သတ်မှတ်ထားသည့်တည်နေရာများနှင့် dataset point အနည်းငယ် ကြား ပိုမိုတိကျစွာ ချိတ်ဆက်စေခြင်းဖြင့် dataset တစ်ခုလုံးတွင်ပါဝင်သောအမှတ်များ၏ ကိုဩဒီနိတ်များကို ချိန်ညှိပေးသည်လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ရာဘာချပ်နည်းလမ်းဖြင့်ချိန်ညှိခြင်းတွင် ဆန့်ခြင်း၊ ကျုံ့ခြင်းနှင့် မျဉ်များ၏ဦးတည်ရာအလှည့်ကိုပြောင်းပေးခြင်းဖြင့် အမှတ်များနှင့် အရာဝတ္တုမျာအကြားရှိ အပြန်အလှန်ဆက်နွယ်မှုများကို ထိန်းသိမ်းပေးနိုင်သည်။
ကိုးကား – wiki.gis.com
electromagnetic radiation – လျှပ်စစ်သံလိုက်ဖြာထွက်ခြင်း
အချိန်နှင့်အမျှ ပြောင်းလဲနေသော လျှပ်စစ်နှင့် သံလိုက်စက်ကွင်းများ၏ လှိုင်းအလျားအမျိုးမျိုးအဖြစ် အလင်း၏အမြန်နှုန်းဖြင့် အာကာသအတွင်း ရွေ့လျားနေသော စွမ်းအင်ဖြစ်သည်။ လျှပ်စစ်သံလိုက်ရောင်ခြည် အမျိုးမျိုးတို့တွင် ဂမ်မာ(gamma)၊ အိက်(ခ်စ်) x ၊ ခရမ်းလွန်ရောင်ခြည် (ultra violet)၊ မြင်နိုင်သောအလင်း၊ အနီအောက်ရောက်ခြည်(infrared)၊ မိုက်ခရိုဝေ့ နှင့် ရေဒီယိုလှိုင်း တို့ပါဝင်သည်။
ကိုးကား – wiki.gis.com
electromagnetic spectrum – လျပ်စစ်သံလိုက်ရောင်စဉ်တန်း
လျှပ်စစ်သံလိုက်ရောင်ခြည်ဖြာထွက်မှုနယ်ပယ်အတွင်းရှိ ရှိရှိသမျ လှိုင်းအလျား (ကြိမ်နှုန်းများ) အကုန်ပါဝင်သည့်ရောင်စဉ်တန်း။
ကိုးကား – wiki.gis.com

electronic atlas
ခင်းကျင်းပြသထားသော မြေပုံစနစ်တစ်ခုဖြစ်သည်။ သို့သော် ၎င်းတွင် ဒေတာများကို တည်နေရာအရ ခွဲခြမ်းစိတ်ဖြာခြင်းများပြုလုပ်မရနိုင်ပါ။
ကိုးကား – wiki.gis.com
electronic document management system
Electronic Document Management System ၏ အတိုကောက်စာလုံးဖြစ်သည်။ ဒီဂျစ်တယ်နှင့်ပုံမှန်စာရွက်စာတမ်းများ (hard-copy document) များကို စုစည်း၊၊ ထိန်းသိမ်း၊ ရှာဖွေထုတ်ယူပေးသည့် ကွန်ပြူတာအခြေပြုစနစ်တစ်ခုဖြစ်သည်။ ပုံမှန်အားဖြင့် EDMSတစ်ခုတွင် စာရွက်စာတမ်းစိစစ်ခြင်း၊ မူကွဲများသတ်မှတ်ခြင်းနှင့် ရှာဖွေထုတ်ယုခြင်းတို့အတွက် အဝင်မှတ်တမ်း (check-in) ၊ နှင့် အထွက်(check-out)မှတ်တမ်း စနစ်တို့ပါဝင်သည်။
ကိုးကား – wiki.gis.com
elevation – အမြင့်
ရည်ညွှန်းမျက်နှာပြင် သို့မဟုတ် ဒေတမ် (အများအားဖြင့် ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အမြင့်)မှ အထက် သို့မဟုတ် အောက်ရှိ အမှတ်တစ်ခု သို့ ထောင်လိုက်အကွာအဝေး။ အမြင့်သည် ယေဘုယျအားဖြင့် ကုန်းမြေ၏ အမြင့် ကိုဆိုလိုသည်။
ကိုးကား – wiki.gis.com

elevation guide – အမြင့်ပြအညွှန်း
မြေပုံတွင်ပါသည့် မြေမျက်နှာသွင်ပြင်အနိမ့်အမြင့်အနေအထားကို ရိုးရှင်းစွာပြသထားသော မြေပုံအစိတ်အပိုင်းတစ်ခုဖြစ်သည်။ အမြင့်ပြအညွှန်း သည် အနိမ့်၊အမြင့်အမှတ်များအပါအဝင် မြေမျက်နှာသွင်ပြင်အနေအထားကို အချိန်တိုအတွင်းလွယ်ကူလျှင်မြန်စွာ ခြုံသုံးသပ်နိုင်စေရန်အတွက် ရည်ရွယ်ဖန်တီးထားခြင်းဖြစ်ပါသည်။
ကိုးကား – wiki.gis.com
elevation layer – မြေပြင်အမြင့်အလွှာ
ကမ္ဘာ့မျက်နှာပြင်၏ ဂျီဩမေတြီပုံသဏ္ဌာန်ကို သတ်မှတ်ရာတွင် အကူအညီပေးနိုင်ရန် အမျိုးအစားခွဲခြားထားသော ArcGlobe ထဲရှိ အလွှာတစ်ခု။
ကိုးကား – wiki.gis.com
elevation tints
အမြင့်အပိုင်းအခြားများပေါ်အခြေခံသည့် အရောင်အလွှာ band များ။ မြေပြင်အမြင့်ပြအညွှန်းတစ်ခုတွင် အသုံးပြုသည်။
ကိုးကား – wiki.gis.com
ellipse – ဘဲဥပုံ
အဝန်းပေါ်ရှိ မည်သည့် နေရာမှ မဆို ဆုံအမှတ်နှစ်ခု (foci) သို့အကွာအဝေးများပေါင်းခြင်းသည် တူညီမှုရှိသည့် ဂျီဩမေတြီပုံသဏ္ဌာန်တစ်ခုဖြစ်သည်။ ဘဲဥပုံတစ်ပုံသည် စက်ဝိုင်းတစ်ခုကိုဘေးစောင်းကြည့်သည့်အခါမြင်ရသည့် ပုံသဏ္ဍာန် ဖြစ်သည်။
ကိုးကား – wiki.gis.com
ellipsoid – အီလစ်ဆွိုက် – စက်လုံးယောင်
သုံးဖက်မြင် အပိတ် ဂျီဩမေတြီ အရာဝတ္ထုတစ်ခုဖြစ်သည်။ ယင်း၏ ဖြတ်ပိုင်းပုံများမှာ ဘဲဥ သို့မ ဟုတ် စက်ဝိုင်းပုံများ ဖြစ်သည်။ အီလစ်ဆွိုက် တစ်ခုတွင် ဝန်ရိုး ငယ် သုံးခု ရှိသည်။ ဝန်ရိုးငယ် များ ၏ အလျား ကို a,b,c ဖြင့် သတ်မှတ်ပေးသည်။ ဝန်ရိုး တစ်ခုကို လှည့်ပတ်ပြီး ဖြစ်လာသော ellipsoid တွင် ကျန်ဝန်ရိုး နှစ်ခု သည် အလျား တူညီသည်။ ယင်းသို့သော ellipsoid ကို ellipsoid of revolution သို့မဟုတ် spheroid ဟုခေါ်သည်။ ဝန်ရိုးများအားလုံး အလျား တူပါက စက်လုံး sphere ဖြစ်သည်။
ကိုးကား – wiki.gis.com
ellipticity
ဘဲဥပုံတစ်ခုသည် စက်ဝိုင်းမှမည်မျှသွေဖည်သည်ကို တိုင်းတာသည့်အတိုင်းအတာတစ်ခု။ ၎င်းကို ဘဲဥပုံ၏ focus အမှတ်တစ်ခုနှင့် ဗဟိုချက်ကြားရှိအကွာအဝေးနှင့် ၎င်း၏ ပင်မဝန်ရိုးတို semimajor အလျားတို့၏အချိုးအဖြစ် ဖော်ပြသည်။ များသောအားဖြင့် eccentricity (e2) ကို semimajor ဝန်ရိုး a နှင့်အတူ အသုံးပြုကာ စက်လုံးယောင်တစ်ခုကို သတ်မှတ်လေ့ရှိသည်။
ကိုးကား – wiki.gis.com
EMF
Enhanced Metafile ၏ အတိုကောက်စာလုံး ဖြစ်သည်။ Windows စနစ်တွင် ပရင့်လုပ်ရာတွင်အသုံးပြုသော ကြားခံ ဖိုင် spool file ပုံစံတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
empirical – လက်တွေ့ကို အခြေခံသော
ဒေတာ၊ လေ့လာချက်၊ လက်တွေ့စမ်းသပ်ချက်တို့အပေါ်တွင်သာ အခြေခံသည့် ရလာဒ်တစ်ခု၏ ဂုဏ်သတ္တိဖြစ်ပြီး ၎င်းသည် မော်ဒယ်တစ်ခု သို့မဟုတ် မော်ဒယ်တစ်ခု၏ တစ်စိတ်တစ်ပိုင်းမဟုတ်ပေ။ Empirical semivariogram သည် Theoretical semivariogram မော်ဒယ်တစ်ခုမဟုတ်ဘဲ ဒေတာပေါ်တွင်သာအခြေခံပြီး တွက်ချက်ထားခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
enabled feature – ခွင့်ပြုထားသည့်အရာ
ဂျီဩမေတြီ ကွန်ရက်များတွင် ဖြတ်သန်းသွားခွင့်ပြုထားသော ကွန်ရက်အရာဝတ္ထုတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
ENC
Electronic Navigation Chart ၏ အတိုကောက်ဖြစ်သည်။ ရေကြောင်းလမ်းပြလုပ်ငန်းများဆောင်ရွက်ရန် အသုံးပြုသည့် Vector data ထုတ်ကုန်တစ်ခုဖြစ်သည်။ ENCဒေတာကို ကမ္ဘာတစ်ဝှမ်းရှိ ရေကြောင်းမြေပုံရေးဆွဲရေးအဖွဲ့များက ထုတ်လုပ်ပြီး IHO(အပြည်ပြည်ဆိုင်ရာရေကြောင်းမြေပုံအဖွဲ့)၏ S-57စံချိန်စံညွှန်းကို ဒေတာဘေ့စ် ဖွဲ့စည်းပုံများအတွက် အသုံးပြုသည်။
ကိုးကား – wiki.gis.com
enclosure
Metadataတွင်ပါဝင်သော itemတစ်ခု၏ အကြောင်းအရာများကို ဖော်ပြသည့် ဖိုင်တစ်ခုဖြစ်သည်။ Metadataတွင် ဖိုင်များကို ပူးတွဲခြင်းသည် e-mail messageတွင် ဖိုင်များကိုပူးတွဲခြင်းကဲ့သို့ ဆင်တူသည်။
ကိုးကား – wiki.gis.com
encoding
ဒေတာများကို ကွန်ပြူတာပုံစံတစ်ခုအဖြစ်သို့ ပုံစံပြန်ချခြင်း သို့မဟုတ် မှတ်တမ်းရယူခြင်းဖြစ်သည်။ ဒေတာများကို သိမ်းဆည်းရမည့်ပမာဏလျှော့ချရန်၊ လုံခြုံရေးတိုးမြှင့်ရန် သို့မဟုတ် မတူညီသော ဖိုင်အမျိုးအစားများကို အသုံးပြုသည့်စနစ်များအကြား မျှဝေရန် ဒေတာကိုပုံစံပြန်ချလေ့ရှိသည်။ GISတွင် စက္ကူမြေပုံများနှင့် ဓာတ်ပုံများကဲ့သို့သော Analog ဂရပ်ဖစ်ဒေတာများကို ကွန်ပျုတာပုံစံများအဖြစ် စကင်ဖတ်ခြင်း၊ ဒီဂျစ်တယ်စနစ်သို့ပြောင်းခြင်းများဆောင်ရွက်ကာ ဒေတာပုံစံပြန်ချသည်။
ကိုးကား – wiki.gis.com
end hatch definition
linear referencing စနစ်တွင် Linear feature တစ်ခု၏ အနိမ့်နှင့် အမြင့်အတိုင်းအတာများတွင်သာ အမှတ်များကိုဖော်ပြသော hatch definition အမျိုးအစားတစ်မျိုးဖြစ်သည်။
ကိုးကား – wiki.gis.com
end offset
လိပ်စာတစ်ခု၏တည်နေရာကို မျဉ်းကြောင်းတစ်ကြောင်း၏အဆုံးသတ်မှ မည်မျှဝေးဝေးတွင် နေရာချနိုင်သည်ကို ဖော်ပြသည့် အတိုးအလျော့လုပ်နိုင်သော တန်ဖိုးတစ်ခုဖြစ်သည်။ လိပ်စာသည် လမ်း၏အစ သို့မဟုတ် အဆုံးတွင်ရှိနေပါက လမ်းဆုံလမ်းခွတည့်တည့်နေရာတွင် အမှတ်နေရာချမိခြင်းကို End offset အသုံးပြုခြင်းဖြင့် ကာကွယ်နိုင်သည်။
ကိုးကား – wiki.gis.com
endpoint connectivity
Network datasetများတွင် အဆုံး/အစွန်းများ ချိတ်ဆက်နိုင်မှု မူဝါဒတစ်မျိုးဖြစ်ပြီး အဆုံးအစွန်းတစ်ခုသည် အခြား အဆုံး/အစွန်းတစ်ခုသို့ ၎င်း၏ဆုံးမှတ်များမှသာ ချိတ်ဆက်နိုင်ကြောင်း ဖော်ပြသည်။
ကိုးကား – wiki.gis.com
enhancement – ပိုကောင်းအောင်ပြုလုပ်ခြင်း
remote sensing တွင်၊ rasterဒေတာ၏အသွင်အပြင်ကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် သို့မဟုတ် အသေးစိတ်အင်္ဂါရပ်များကိုပိုမိုမြင်သာအောင် ပြုလုပ်ပေးသည့်လုပ်ငန်းစဉ်ဖြစ်သည်။ ထိုကဲ့သို့လုပ်ငန်းစဉ်များတွင် အလင်းအမှောင်ညှိခြင်း၊ အနာစောင်းများကိုထင်ရှားစေခြင်း၊ မလိုသည်များကိုဖယ်ထုတ်ခြင်း၊ ညီညာအောင်ပြုလုပ်ခြင်း နှင့် ပြတ်သားအောင်ပြုလုပ်ခြင်းတို့ ပါဝင်သည်။
ကိုးကား – wiki.gis.com
enterprise geodatabase – လုပ်ငန်းကြီးသုံး geodatabase
RDBMS ဆာဗာတစ်ခုထဲတွင် ArcSDE ဖြင့် စီမံခန့်ခွဲသည့် geodatabase တစ်ခုဖြစ်သည်။ Multiuser geodatabases သည် အလွန်ကြီးမားနိုင်ပြီး တစ်ချိန်တည်းမှာပင် တည်းဖြတ်သူများစွာအလုပ်လုပ်နိုင်ရန် ထောက်ပံ့ပေးနိုင်သည်။ ၎င်းတို့သည် IBM DB2၊ IBM Informix၊ Oracle၊ Microsoft SQL Server နှင့် PostgreSQL တို့ပါဝင်သော လုပ်ငန်းသုံး RDBMS အမျိုးမျိုးကို ထောက်ပံ့ပေးသည်။
ကိုးကား – wiki.gis.com
enterprise GIS – လုပ်ငန်းကြီးသုံး GIS
အဖွဲ့အစည်းတစ်ခုလုံးအတွက် ပေါင်းစည်းထားသောပထဝီဝင်သတင်းအချက်အလက်စနစ်တစ်ခု ဖြစ်သည်။ ထို့သို့ပေါင်းစည်းထားသည့်အတွက် ဒေတာဖန်တီးခြင်း၊ ပြင်ဆင်မွမ်းမံခြင်း၊ ပုံဖော်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ဖြန့်ဝေခြင်းတို့ပါဝင်သော လိုအပ်ချက်အမျိုးမျိုးကို ပြုလုပ်နိုင်ပြီး spatial ဒေတာနှင့် သက်ဆိုင်သော အချက်အလက်များကို စီမံခန့်ခွဲခြင်း၊ မျှဝေခြင်းနှင့် အသုံးပြုခြင်းများ ကို လူများစွာတို့မှ ပြုလုပ်နိုင်သည်။
ကိုးကား – wiki.gis.com
envelope – ခွင်
ကိုသြဒီနိတ်နေရာရှိ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ပထဝီဆိုင်ရာအမှတ်အသားများကို ဝန်းရံထားသော ၊ ၎င်းအမှတ်အသားများတွင် ရှိသော (z) တန်ဖိုး သို့မဟုတ် (m) တန်ဖိုး၏ ပမာဏအပြင် ( x ) နှင့် ( y ) ဦးတည်ချက်များ၏ အနည်းဆုံးနှင့် အများဆုံး ကိုသြဒီနိတ်များကို အဆုံးအဖြတ်ပေးသော ထောင့်မှန်စတုဂံ။ ထို ထောင့်မှန်စတုဂံကို ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ရာ၌ အချက်အလက်များကို စစ်ထုတ်ရာတွင် အသုံးပြုလေ့ရှိသည်။
ကိုးကား – wiki.gis.com
environment settings
အပလီကေးရှင်းအတွင်းရှိ tools များအားလုံး၊ model သို့မဟုတ် script တစ်ခုအတွင်းရှိ tools များအားလုံး သို့မဟုတ် model သို့မဟုတ် script တစ်ခုအတွင်းရှိ လုပ်ငန်းစဉ်တစ်ခုကို သက်ရောက်နိုင်သည့် ကြိုတင်ထည့်သွင်းချက်များ။ Environment settings တွင် လက်ရှိ workspace၊ ရလဒ်၏ ကိုဩဒီနိုတ်စနစ်၊ ဂရစ်ကွက်များ၊ ဆဲလ်အရွယ်အစားနှင့် tile ရွယ်အစားတို့ပါဝင်သည်။ ယေဘူယျအားဖြင့် ၎င်းတို့ကို toolsများ အသုံးမပြုမီ သတ်မှတ်ပေးကြသည်။
ကိုးကား – wiki.gis.com
environment variable
operating system က ထိန်းသိမ်းထားပြီး ပရိုဂရမ်များကြားတွင် မျှဝေထားသော ကိန်းရှင်တစ်ခု ဖြစ်သည်။ Environment variables များသည် drive၊ path သို့မဟုတ် ဖိုင်အမည်ကဲ့သို့သော environment အချက်အလက်များကို ထားသိုရန်နေရာ(placeholder)များအဖြစ် လုပ်ဆောင်ပေးသည်။
ကိုးကား – wiki.gis.com
EOBrowser
Object libraries များတွင် ပါဝင်သောအကြောင်းအရာများကို ကြည့်ရှု အသုံးပြုနိုင်သည့် ArcGIS utility application တစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
ephemeris – ပတ်လမ်းဇယား
နေ့စဉ်အတွက် သို့မဟုတ် ပုံမှတ် သတ်မှတ် ကွာခြားချက်များ ဖြင့် ကြိုတင်တွက်ထုတ်ထားသော ပတ်လမ်း အတွင်း ရှိ ဂြိုလ်တု တည်နေရာများ ကို ဖော်ပြပေးထားသော ဇယား။
ကိုးကား – wiki.gis.com
EPSG ID
European Petroleum Survey Groupက ဖန်တီးထားသော ကိုသြဒီနိတ်စနစ်ခွဲခြားသည့် ကိုယ်ပိုင်အမှတ် တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
equal competition area
စတိုးဆိုင်တစ်ခု သို့မဟုတ် ဝန်ဆောင်မှုနေရာတစ်ခု နှင့် ၎င်း၏အနီးအနားရှိစတိုးဆိုင်များ သို့မဟုတ် ဝန်ဆောင်မှုအနေရာများကြားတစ်ဝက်နေရာတွင် နယ်နိမိတ်ကိုသတ်မှတ်ထားသည့် ဧရိယာ။
ကိုးကား – wiki.gis.com
equal-area classification – ဧရိယာအချိုးတူအမျိုးအစားခွဲခြင်း
ဒေတာအမျိုးအစားခွဲခြားသည့်နည်းလမ်းတစ်ခုဖြစ်ပြီး polygon များကို အုပ်စုခွဲသည့်အခါ အုပ်စုတိုင်း ရှိ polygon များ၏စုစုပေါင်းဧရိယာကို အနီစပ်ဆုံး ညီစေရန် ပြုလုပ်ပေးသည်။
ကိုးကား – wiki.gis.com
equal-area projection – ဧရိယာအချိုးတူ မြေပုံ အရိပ်ချစနစ်
မြေပုံတစ်ခုလုံး နှင့် မြေပုံပါအစိတ်အပိုင်းအသီးသီး၏ သက်ဆိုင်ရာမြေပြင်အကျယ်အဝန်းတို့၏ အချိုးများ တူညီမှုရှိသော မြေပုံအရိပ်ချစနစ်ဖြစ်သည်။ ဧရိယာအချိုးတူ မြေပုံ အရိပ်ချစနစ် တွင် မြေပြင် ပုံသဏ္ဌာန်၊ ထောင့်၊ စကေး စသည်တို့ တွင် မှန်ကန်မှု မရှိနိုင်ပါ။ မည်သည့် မြေပုံမှ ဧရိယာအချိုးတူ ခြင်း နှင့် ပုံသဏ္ဌာန် မှန်ခြင်းတွဲလျက်မရနိုင်ပါ။
ကိုးကား – wiki.gis.com
equal-interval classification – အရွယ်တူ အတန်းအစားခွဲခြင်း
အချက်အလက်များကို တူညီသောခြားနားမှု ပမာဏ ဖြင့် အရွယ်တူ အုပ်စုများအဖြစ်ခွဲစိတ်သည့် အချက်အလက်အမျိုးအစားခွဲခြားနည်းတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
equator
ကမ္ဘာ့ဝန်ရိုးစွန်းများမှ တူညီစွာကွာဝေးသောနေရာတွင်တည်ရှိကာ လတ္တီကျူတန်ဖိုးများ၏ မူလမှတ်ကို သတ်မှတ်ပေးသည့် မျဉ်းဖြစ်သည်။
ကိုးကား – wiki.gis.com
equatorial aspect
ဗဟိုအမှတ် သည် အီကွေတာပေါ်တွင် ရှိသည့် ပြင်ညီမြေပုံအရိပ်ချနည်း (သို့မဟုတ်) အဇီမတ်မြေပုံ အရိပ်ချနည်းတစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
equidistant projection – အလျားအချိုးတူ မြေပုံအရိပ်ချစနစ်
မျဉ်းတစ်ကြောင်း သို့မဟုတ် တစ်ကြောင်းထက်မက တလျောက်၊ သို့မဟုတ်၊ မြေပုံပေါ်ရှိ အမှတ်တစ်မှတ် သို့မဟုတ် နှစ်မှတ်မှသည် အခြား သော အမှတ်များ တလျောက် စကေး တစ်သမတ်တည်း ရှိနေစေသည့် မြေပုံအရိပ်ချနည်းစနစ် ဖြစ်သည်။ ထိုစကေး အတိုင်း ရှိနေ သော မြေပုံပေါ်ရှိမျဉ်းများနှင့် ကမ္ဘာ့ မျက်နှာပြင်ပေါ်ရှိ ယင်းတို့ကကိုယ်စားပြုသည့် မျဉ်းတို့၏ အချိုးများသည် တူညီသည်။ ဥပမာ – sinusoidal projection တွင် ဗဟိုမျဉ်း နှင့် မျဉ်းပြိုင် များ သည် အလျား မှန်ကန်မှု ရှိသည်။ ချီကာဂို ကို ဗဟိုပြုထားသော azimuthal equidistant projection တွင် ချီကာဂို မြို့မှ အခြား သော အမှတ်များ ကြား အကွာအဝေးများသည် မှန်ကန်မှုရှိသည်။ သို့သော် အခြား အမှတ်များ အချင်းချင်း ကြား အကွာ အဝေးများမှာမူ မှန်ကန်မည်မဟုတ်ပါ။
ကိုးကား – wiki.gis.com
equivalent projection – အလျားအချိုးတူ မြေပုံအရိပ်ချစနစ်
မျဉ်းတစ်ကြောင်း သို့မဟုတ် တစ်ကြောင်းထက်မက တလျောက်၊ သို့မဟုတ်၊ မြေပုံပေါ်ရှိ အမှတ်တစ်မှတ် သို့မဟုတ် နှစ်မှတ်မှသည် အခြား သော အမှတ်များ တလျောက် စကေး တစ်သမတ်တည်း ရှိနေစေသည့် မြေပုံအရိပ်ချနည်းစနစ် ဖြစ်သည်။ ထိုစကေး အတိုင်း ရှိနေ သော မြေပုံပေါ်ရှိမျဉ်းများနှင့် ကမ္ဘာ့ မျက်နှာပြင်ပေါ်ရှိ ယင်းတို့ကကိုယ်စားပြုသည့် မျဉ်းတို့၏ အချိုးများသည် တူညီသည်။ ဥပမာ – sinusoidal projection တွင် ဗဟိုမျဉ်း နှင့် မျဉ်းပြိုင် များ သည် အလျား မှန်ကန်မှု ရှိသည်။ ချီကာဂို ကို ဗဟိုပြုထားသော azimuthal equidistant projection တွင် ချီကာဂို မြို့မှ အခြား သော အမှတ်များ ကြား အကွာအဝေးများသည် မှန်ကန်မှုရှိသည်။ သို့သော် အခြား အမှတ်များ အချင်းချင်း ကြား အကွာ အဝေးများမှာမူ မှန်ကန်မည်မဟုတ်ပါ။
ကိုးကား – wiki.gis.com
error – အမှား
အမှား(error)ဆိုသည်မှာ တိုင်းတာ၊လေ့လာ၊တွက်ချက်၊ ယူဆထားသော တန်ဖိုးတစ်ခု နှင့် အမှန်ပကတိတန်ဖိုး သို့မဟုတ် ပြီးပြည့်စုံသော အခြေအနေများအောက်တွင် အကောင်းဆုံးနည်းလမ်းများနှင့် အကောင်းဆုံးကိရိယာကိုအသုံးပြုပြီး ကျွမ်းကျင်မှုရှိသော သူတစ်ဦးက တိုင်းတာရရှိသော တန်ဖိုးတစ်ခုအကြား ကွဲပြာခြားနားချက် တန်ဖိုးဖြစ်သည်။
ကိုးကား – wiki.gis.com
error propagation – အမှား ဖြန့်ခြင်း
GISအချက်အလက် စီမံခန့်ခွဲမှုတွင် မူလအမှားများပါဝင်သော အချက်အလက်များကို အသုံးပြု၍ တွက်ချက်ထားသော သို့မဟုတ် ဖန်တီးထားသော datasetအသစ်များတွင် အမှား ဆက်လက်တည်ရှိနေခြင်း။ အမှားဖြန့်မှု ကို လေ့လာခြင်းသည် အချက်အလက်မျာ းတွက်ချက်မှု လုပ်ငန်းစဉ်မျာတစ်လျှောက် စုလာသည့် အမှားများ နှင့် ပေါင်းစည်း အမှားများ၏ အကျိုးသက်ရောက်မှုများကိုလေ့လာခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
exception – ခြွင်းချက်
Topologyစည်းမျဉ်းတစ်ခုနှင့် မကိုက်ညီသည့် လက်ခံနိုင်သည့်အမှားတစ်ခုဖြစ်သည်။ ဥပမာ – ArcMapတွင် မျဉ်းတစ်ကြောင်း၏အဆုံးနှစ်ဖက်စလုံးသည် တခြားသောမျဉ်းများနှင့်ဆက်နေရမည်ဆိုသော Topologyစည်းမျဉ်းရှိသော်လည်း မြေပုံပေါ်တွင် တစ်ဖက်ပိတ်လမ်းတစ်ခုကိုဆွဲသောအခါ တရားဝင်ခြွင်းချက်တစ်ခုအနေဖြင့် ခွင့်ပြုပေးရသည်။
ကိုးကား – wiki.gis.com
extended postal code – အဆင့်မြင့်စာပို့သင်္ကေတ
ဂဏန်း၅လုံးပါသောစာပို့သင်္ကေတနှင့်အတူ ထပ်ဆောင်းဂဏန်း၄လုံးပါဝင်သော အဆင့်မြှင့်ထားသည့်စာတိုက်သုံးအမှတ်သင်္ကေတဖြစ်သည်။ ထိုအဆင့်မြှင့်စာပို့သင်္ကတသည် ဂဏန်း၅လုံးပါစာပို့သင်္ကေတကိုယ်စားပြုသည့်ဒေသအတွင်းရှိ မြို့တွင်းဘလောက်များ၊ ရုံးအဆောက်အဦများ၊ တခြားသောအသေးစိတ်တည်နေရာများကို ခွဲခြားပေးနိုင်သည်။
ကိုးကား – wiki.gis.com
