F
ကွဲလွဲချက်အချိုးတစ်ခုဖြစ်ပြီး နမူနာဒေတာတစ်ခုမှ တွက်ချက်ရယူလေ့ရှိကာ ဒေတာအားလုံးနှင့်သက်ဆိုင်သည့် အချက်အလက်များကို ဖော်ပြရာတွင်အသုံးပြုသည်။ ဥပမာ – ကျပန်းနမူနာနှစ်ခု (သို့မဟုတ်) နှစ်ခုထက်ပိုသော ကျပန်းနမူနာများကို အခြေခံပြီး ဦးရေး (Population) တစ်ခုအနက်မှ ကွဲလွဲမှုန့်မှန်းချက်များ၊ ကွဲပြားခြားနားချက်များကို ဖော်ထုတ်ရာတွင် statistic F ကို အသုံးပြုနိုင်သည်။
ကိုးကား – wiki.gis.com
F statistic
ကွဲလွဲချက်အချိုးတစ်ခုဖြစ်ပြီး နမူနာဒေတာတစ်ခုမှ တွက်ချက်ရယူလေ့ရှိကာ ဒေတာအားလုံးနှင့်သက်ဆိုင်သည့် အချက်အလက်များကို ဖော်ပြရာတွင်အသုံးပြုသည်။ ဥပမာ – ကျပန်းနမူနာနှစ်ခုသို့မဟုတ် နှစ်ခုထက်ပိုသော ကျပန်းနမူနာများကို အခြေခံပြီး ဦးရေး (Population) တစ်ခုအနက်မှ ကွဲလွဲမှုန့်မှန်းချက်များ၊ ကွဲပြားခြားနားချက်များကို ဖော်ထုတ်ရာတွင် statistic F ကို အသုံးပြုနိုင်သည်။
ကိုးကား – wiki.gis.com
F test
မတူညီသော နမူနာ ၂ခု၏ ကွဲလွဲချက်များ တူညီနိုင်မှု ဖြစ်တန်စွမ်းကို တွက်ချက်ပေးသော စာရင်းအင်းဆိုင်ရာ စစ်ဆေးမှုတစ်ခု ဖြစ်သည်။ F test (statistic F)ဟုအသိများသော စစ်ဆေးမှုကို ကောက်ယူထားသောနမူနာများ ၏ ပျံ့နှံ့မှု ကွဲလွဲချက်နှင့် ပတ်သက်၍ စာရင်းအင်းဆိုင်ရာယူဆချက်များကို စမ်းသပ်စစ်ဆးရန်သုံးသည်။
ကိုးကား – wiki.gis.com
fabric
Survey Analyst – Cadastral Editorတွင် ချိတ်ဆက်ထားသော မြေကွက်များ ကွန်ယက်တစ်ခုဖြစ်သည်။ မြေကွက်များကို မြေကွက်လက္ခဏာများဟုစုစည်းခေါ်ဝေါ်သော အကွက်မျဉ်းများ၊ အကွက်အမှတ်များ နှင့် အကွက်ဗဟုဂံများဖြင့် ကိုယ်စားပြု ဖော်ပြပါသည်။ မြေကွက်များဆက်စပ် တည်ရှိမှုများကို မျှဝေသုံးထားသော သို့မဟုတ် ဘုံ အကွက်ထောင့်အမှတ်များမှတဆင့် အတိအလင်းသိမ်းဆည်းထားသည်။
ကိုးကား – wiki.gis.com
face – မျက်နှာပြင်
အနားစွန်းများဖြင့် နယ်သတ်ထားသော ဂျီဩမေထြီ ပုံသဏ္ဌာန် တစ်ခု၏ ပြင်ညီမျက်နှာပြင်တစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
facility
ArcGIS Network Analyst ရှိ အနီးဆုံး အဆောက်အဦနှင့် အနီးဆုံးဝန်ဆောင်မှုဧရိယာ ခွဲခြမ်းစိတ်ဖြာမှုတို့တွင် အသုံးပြုသော ကွန်ရက်တည်နေရာတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
false easting
မြေပုံပေါ်ရှိ ဒေသတစ်ခု၏ ကိုဩဒီနိတ် တန်ဖိုး အနှုတ်ကိန်းများ မဖြစ်စေရန်အလို့ငှာ မြေပုံအရိပ်ချစနစ်တစ်ခုတွင် X ကိုဩဒီနိတ်တန်ဖိုးများတွင် တသမတ်တည်း ထည့်ပေါင်းပေးထားသော တန်ဖိုးတစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
false northing
မြေပုံပေါ်ရှိ ဒေသတစ်ခု၏ ကိုဩဒီနိတ် တန်ဖိုး အနှုတ်ကိန်းများ မဖြစ်စေရန်အလို့ငှာ မြေပုံအရိပ်ချစနစ်တစ်ခုတွင် y ကိုဩဒီနိတ်တန်ဖိုးများတွင် တသမတ်တည်း ထည့်ပေါင်းပေးထားသော တန်ဖိုးတစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
feature – အရာ/အရာဝထ္ထု
ကမ္ဘာမြေပေါ်တွင် အမှန်တကယ်တည်ရှိနေသောအရာဝထ္ထုတစ်ခု ကို ကိုယ်စားပြုသည့် မြေပုံတစ်ခုပေါ်ရှိ အရာ။
ကိုးကား – wiki.gis.com
feature attribute table – အချက်အလက်ဇယား
ပထဝီဆိုင်ရာ အသွင်အပြင်အရာများနှင့် သက်ဆိုင်သော အချက်အလက်များပါဝင်သည့် ဒေတာဘေ့စ်တစ်ခုသို့မဟုတ် ဇယားဖိုင်တစ်ခု ဖြစ်သည်။ တန်း(row)တစ်ခုစီသည် အရာဝတ္ထုတစ်ခုစီကို ကိုယ်စားပြုပြီး တိုင်(column) တစ်ခုစီသည် အရာဝတ္ထု၏ အချက်အလက် အစိတ်အပိုင်းတစ်ခု ကိုကိုယ်စားပြုသည်။ raster dataset များတွင် အချက်အလက်ဇယား၏ တန်း(row)တစ်ခုစီသည် တူညီသောတန်ဖိုးရှိသည့် ဆဲလ်ဇုန်တစ်ခုခုနှင့် ချိတ်ဆက်ထားသည်။ GIS တစ်ခုတွင် အချက်အလက်ဇယားသည် spatial data layers များနှင့် ချိတ်ဆက်နေလေ့ရှိသည်။ ၎င်းတို့ထဲရှိ အချက်အလက်များဖြင့် အရာဝတ္ထုများ နှင့် raster cells များကို ရှာဖွေခြင်း တောင်းခံခြင်း သို့မဟုတ် သင်္ကေတဖြင့်ပြသခြင်း ပြုလုပ်နိုင်ပါသည်။
ကိုးကား – wiki.gis.com
feature class – အရာဝတ္ထုအမျိုးအစား
ArcGIS တွင် ဂျီဩမေတြီအမျိုးအစားတူ၊ အချက်အလက်အမျိုးအစားတူနှင့်ကိုဩဒီနိတ်စနစ်အမျိုးအစားတူ အမှတ်များ၊ မျဉ်းများ သို့မဟုတ် ဗဟုဂံများကဲ့သို့သော အရာများကို စုစည်းထားခြင်းဖြစ်သည်။ Feature classes များကို geodatabases၊ shapefiles၊ coverages သို့မဟုတ် တခြားသော ဒေတာပုံစံများတွင် သိမ်းဆည်းထားနိုင်သည်။ Feature classes များသည် ဒေတာများကို သိမ်းဆည်းရန် အသွင်တူအရာဝတ္ထုများကို အုပ်စုဖွဲ့ပြီး ယူနစ်တစ်ခု အဖြစ်ခွင့်ပြုသည်။ ဥပမာအားဖြင့် အမြန်လမ်းမကြီးများ၊ အဓိကလမ်းမကြီးများနှင့် လမ်းသွယ်များကို “လမ်း”ဟုအမည်ပေးပြီး မျဉ်းကြောင်းအရာဝတ္ထုအမျိုးအစားတစ်ခုအဖြစ် အုပ်စုဖွဲ့နိုင်သည်။ Geodatabase တွင် feature classes သည် annotation များနှင့် အတိုင်းအတာများကိုလည်း သိမ်းဆည်းနိုင်သည်။
ကိုးကား – wiki.gis.com
feature data – အရာဝထ္ထုအချက်အလက်များ
ပထဝီဆိုင်ရာအသွင်အပြင်များကို ဂျီဩမေထြီ ပုံသဏ္ဌာန်များ ဖြင့် ကိုယ်စားပြုသည့် အချက်အလက်များ။
ကိုးကား – wiki.gis.com
feature dataset
ArcGIS တွင် တူညီသော ကိုဩဒိနိတ်စနစ်ရှိသော အရာဝတ္ထုအမျိုးအစားများကို အတူတကွ စုစည်းထားခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းအရာဝတ္ထုတို့သည် ကိုဩဒီနိတ်စနစ်တစ်ခုကိုသာ အသုံးပြုပြီး ၎င်း အရာဝတ္ထုများသည် တူညီသောပထဝီဝင်ဧရိယာအတွင်းသို့ ကျရောက်သည်။ အမျိုးမျိုးသော ဂျီဩမေတြီပုံစံများရှိသည့် အရာဝတ္ထုအမျိုးအစားများကို feature dataset တစ်ခုထဲတွင် သိမ်းဆည်းနိုင်သည်။
ကိုးကား – wiki.gis.com
feature displacement – feature များနေရာရွှေ့ခြင်း/ နေရာလွှဲခြင်း
အခြားfeatureများပေါ်တွင် ထပ်မိသွားစေမည့် (သို့မဟုတ်) ရောထွေးသွားစေမည့် featureများကိုနေရာရွှေ့ခြင်း/ နေရာလွှဲခြင်း ဖြစ်သည်။ ဥပမာ ကျဉ်းမြောင်းသော ချိုင့်ဝှမ်းတစ်ခုအတွင်းတွင် မြစ်တစ်စင်း၊ ကားလမ်းတစ်လမ်း၊ ရထားလမ်းတစ်လမ်း ဖြတ်သွားပါက မြေပုံပေါ်ရှိ သင်္ကေတများကို ရှင်းရှင်းလင်းလင်းမြင်ရစေရန် အနည်းဆုံးfeatureတစ်ခုကို နေရာရွှေ့ပေးရသည်။
ကိုးကား – wiki.gis.com
feature extraction – အရာဝထ္ထုများ ဆွဲထုတ်ခြင်း
ပုံတစ်ခုထဲရှိ အရာဝတ္ထုများ၏ အဆင်များကို တိုင်းတာပြီး အမျိုးအစားခွဲခြားသည့် ပုံစံအဆင်ရှာဖွေသည့် နည်းလမ်းတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
feature layer
အရာဝတ္ထုအချက်အလက်များကို ပြသည့် အလွှာဖြစ်သည်။အရာဝတ္ထုအချက်အလက်ဖြင့် မြေပြင်ရှိ အမှတ်များ၊ မျဉ်းကြောင်းများ နှင့် ဗဟုဂံများကို ကိုယ်စားပြုဖော်ပြနိုင်သည်။
ကိုးကား – wiki.gis.com
feature server
မြေပုံအချက်အလက် ဝန်ဆောင်မှု အတွက် အသုံးပြုသည့် အများသုံး အင်တာနက်မြေပုံဝန်ဆောင်မှု ဆာဗာတုဖြစ်သည်။
ကိုးကား – wiki.gis.com
feature table
အရာဝတ္ထုတစ်ခုစီအတွက် ဂျီဩမေတြီပုံစံများကို သိမ်းဆည်းထားသည့် ArcSDE geodatabase တစ်ခုရှိ ဇယားတစ်ခု ဖြစ်သည်။ Feature tables များကို SQL Server geodatabases ကဲ့သို့သော binary ဒေတာအမျိုးအစားအဖြစ် ဒေတာများသိမ်းဆည်းပေးသည့် geodatabases များတွင် အသုံးပြုပါသည်။ ၎င်းတို့သည် feature ID မှတစ်ဆင့် feature class တစ်ခု၏ business table နှင့် ချိတ်ဆက်ပေးသည်။ ဒေတာဘေ့စ်တွင် feature table အမည်များကို f ဖြင့် စထားပြီး feature class ကို ပိုင်ရှင်၏ schema ထဲတွင် သိမ်းဆည်းထားသည်။
ကိုးကား – wiki.gis.com
feature-linked annotation
အရာဝတ္ထုများနှင့် ချိတ်ဆက်ထားသော geodatabase တွင် သိမ်းဆည်းထားသည့် annotation ။ အရာဝတ္ထုနှင့်ချိတ်ဆက်ထားသော annotation သည် geodatabase ရှိ အရာဝတ္ထုများ၏ လက်ရှိအခြေအနေကို ထင်ဟပ်စေသည်- features များကို ရွှေ့ခြင်း၊ တည်းဖြတ်ခြင်း သို့မဟုတ် ဖျက်လိုက်သည့်အခါ ၎င်းသည် အလိုအလျောက် update လုပ်ပေးပါသည်။
ကိုးကား – wiki.gis.com
FID
ArcGISတွင် စနစ်က စီမံခန့်ခွဲသော မြေပုံအရာဝတ္ထုတစ်ခုစီအတွက် သီးသန့်ပေးထားသည့် နံပါတ်များဖြစ်သည်။
ကိုးကား – wiki.gis.com
Field – ဆဲလ်ကွက်
အချက်အလက်တစ်ခု နှင့် သက်ဆိုင်သည့် တန်ဖိုးများကို သိမ်းဆည်းထားသည့် ဇယားတစ်ခုရှိ ကော်လံတစ်ခု။
ကိုးကား – wiki.gis.com
field mapping
အတွက်အချက်ဇယားတွင်ပါမည့် အကြောင်းအရာ နှင့် ကော်လံတည်ဆောက်ပုံကို သတ်မှတ်ပေးခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
field precision
ကော်လံတစ်ခု တွင် သိမ်းဆည်းနိုင်မည့် ဂဏန်းအရေအတွက်။
ကိုးကား – wiki.gis.com
field scale
ဇယားတစ်ခု ရှိ float or double-type အမျိုးအစား ကော်လံတွင် သုံးမည့် ဒဿမဂဏန်း အရေအတွက်။
ကိုးကား – wiki.gis.com
file – ဖိုင်
ဖိုင် ဆိုသည်မှာ သီးခြားအမည်များပေးထားသည့် အချက်အလက်များကို drive၊ disk သို့မဟုတ် တိပ်ထဲတွင် သိမ်းဆည်းထားခြင်း ဖြစ်သည်။ များသောအားဖြင့် ဖိုင်တစ်ခုကို ဖိုလ်ဒါတစ်ခုထဲတွင် ထားလေ့ရှိသည်။
ကိုးကား – wiki.gis.com
file geodatabase – geodatabase ဖိုင်
ဖိုင်များပါသော folder တစ်ခုအဖြစ် Geodatabase တစ်ခုကို သိမ်းဆည်းထားသည်။ geodatabase ဖိုင်တစ်ခုကို အသုံးပြုသူများစွာက တစ်ပြိုင်နက်အသုံးပြုနိုင်သော်လည်း ဒေတာတစ်ခု ကို ပြင်ဆင်မွမ်းမံရာ၌ တစ်ကြိမ်တွင် အသုံးပြုသူတစ်ယောက်သာ ပြင်ဆင်နိုင်သည်။
ကိုးကား – wiki.gis.com
file name – ဖိုင်အမည်
ဖိုင်များသိမ်းဆည်းထားသောနေရာတွင် ဖိုင်များစွာအနက်မှ ဖိုင်တစ်ခုကို ခွဲခြားရလွယ်စေသောအမည်။ ဖိုင်ကိုပေးထားသော အမည် (harold)ကို ဆိုလိုနိုင်သကဲ့သို့ အဆိုပါ ဖိုင်အမည်နှင့် ဖိုင်နောက်ဆက်တွဲ (harold.shp) သို့မဟုတ် အဆိုပါ ဖိုင်အမည်နှင့် ဖိုင်နောက်ဆက်တွဲ အပါအဝင်ဖြစ်သော ဖိုင်သိမ်းဆည်းရာလမ်းကြောင်းတစ်ခုလုံး(C:\mygisdata\shapefiles\harold.shp) ကိုလည်း ဆိုလိုနိုင်သည်။
ကိုးကား – wiki.gis.com
file name extension – ဖိုင်အမည်နောက်ဆက်တွဲ
ဖိုင်အမည်တစ်ခုရှိ နောက်ဆုံး fullstop ၏ နောက်တွင် ဖိုင်အမျိုးအစားအလိုက် ဖော်ပြထားသော အတိုကောက်စာလုံးများ၊ ဥပမာ – .shp၊ .zip၊ .tif။ ဖိုင်အမည်နောက်ဆက်တွဲများသည် အများအားဖြင့် စာလုံတစ်လုံးမှ လေးလုံးအထိ ရှိသည်။
ကိုးကား – wiki.gis.com
File Transfer Protocol – ဖိုင်လွဲပြောင်းခြင်းနည်းလမ်းစည်ကမ်း
ကွန်ယက်တစ်ခုပေါ်ရှိ ကွန်ပြူတာအချင်းချင်း ဖိုင်များ ပို့လွှတ်ရာတွင် အသုံးပြုရသည့် စည်းကမ်းနည်းလမ်းတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
fill – ဖြည့်
ဗဟုဂံတစ်ခု အတွင်း သို့မဟုတ် ပါတ်လည်အနား အတွင်းပိုင်း ကို ဆိုလိုသည်။
ကိုးကား – wiki.gis.com
fill symbol – အဖြည့်သင်္ကေတ
မြေပုံပေါ်ရှိ ဗဟုဂံအရာဝတ္ထုများ ကို ဖြည့်သည့် အရောင် သို့မဟုတ် အဆင် တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
fillet – ထောင့်ဖြည့်
ဆုံနေသည့် မျဉ်းနှစ်ခုကြား ဆက်ပေးသည့် စက်ဝန်းပိုင်းတစ်ခုဖြစ်သည်။ မျဉ်းများ၏ အဆက်များ ချောမွေ့ရန်အတွက် ထောင့်ဖြည့်စက်ဝန်းများကို အသုံးပြုလေ့ရှိသည်။ ဥပမာ – လမ်းဆုံများ သို့မဟုတ် အကွက်ထောင့်လုံးများဖြစ်ကြသည်။
ကိုးကား – wiki.gis.com
filter
Raster တစ်ခုတွင် တွက်ချက်မှုပြုလုပ်မည့် အဝန်းအဝိုင်းဖြစ်သည် တွက်ချက်မှုများသည် အထဲတွင်သာသက်ရောမည်ဖြစ်ပြီး ၎င်းပြင်ပရှိအရာများပေါ်တွင် သက်ရောက်မှုမရှိပါ။ များကို ဆဲအခြေပြုတွက်ချက်ရာ တွင်အဓိကအသုံးပြု သည်။ အလယ်ဆဲလ်တစ်၏တန်ဖိုးကို filter အတွင်းရှိ ဆဲလ်တန်ဖိုးများအားလုံး၏ ပျမ်းမျှ၊ ပေါင်းလဒ် သို့မဟုတ် အခြားလုပ်ဆောင်မှုအချို့သို့ ပြောင်းလဲပေးနိုင်သည်။ filter တစ်ခုသည် raster ထဲတွင် စနစ်တကျရွေ့လျားပြီးဆဲလ်အားလုံကိုတွက်ချက်ပေးသည်။ Filters များသည် ပုံသဏ္ဍာန်အမျိုးမျိုးနှင့် အရွယ်အစား အမျိုးမျိုးရှိနိုင်သော်လည်း အများအားဖြင့် သုံးကွက်ပတ်လည် (3 cell x 3 cell) စတုရန်းပုံစံဖြစ်သည်။
ကိုးကား – wiki.gis.com
Find Addresses
ArcGIS အတွက် ArcWeb tool တစ်ခုဖြစ်ပြီး အသုံးပြုသူများက လမ်းလိပ်စာတစ်ခုကို ရိုက်ထည့်သည်နှင့် ကိုက်ညီသော နေရာများစာရင်းအား မြေပုံပေါ်တွင် ဖော်ပြရန် ရရှိနိုင်သည်။
ကိုးကား – wiki.gis.com
Find Places
ArcGIS အတွက် ArcWeb tool တစ်ခုဖြစ်ပြီး အသုံးပြုသူများကို နေရာအမည်ရှာဖွေ ခွင့်ပေးထားကာ နေရာအမည်များစာရင်းနှင့် ကိုဩဒီနိတ်များ ကို မြေပုံပေါ်တွင် ဖော်ပြရန်အတွက် ရရှိနိုင်သည်။
ကိုးကား – wiki.gis.com
Find Points of Interest
ArcGIS အတွက် ArcWeb tool တစ်ခုဖြစ်ပြီး အသုံးပြုသူများသည် တည်နေရာ သို့မဟုတ် အချက်အလက်တောင်းခံ မှုပြုလုပ်ပြီး ရရှိလာသော ရလဒ်များအား မြေပုံတစ်ခုပေါ်တွင် ပြသနိုင်သည်။
ကိုးကား – wiki.gis.com
Find Similar analysis
ရှိပြီးသားဈေးကွက်ဧရိယာတစ်ခု၏ အချက်အလက်များအား အခြေခံ၍ ဈေးကွက်ဧရိယာအသစ်များကို ရှာဖွေသော လုပ်ငန်းစဉ် တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
first normal form
ဆက်စပ်မှု အခြေခံ ဒေတာဘေ့စ် relational database တွင်ဇယားနှင့်အချက်အလက်တည်ဆောက်မှု ပထမအဆင့် လမ်းညွှန်ချက် ။ ပထမဆင့် ပုံမှန်ပုံစံ 1NF လမ်းညွှန်သည် database ဇယားရှိအတန်း (row) တိုင်းအတွက် ထပ်တူနှစ်ခုမရှိသော့ချက် (key) များကိုဖန်တီးကာ ထပ်နေသော တိုင် (column) များ ကိုဖယ်ရှား ပြီး ဆက်စပ်သောဒေတာများပါသည့်သီးခြားဇယားများဖန်တီးရန်အကြံပြုသည်။ ဤလမ်းညွှန်ချက်များကိုလိုက်နာသောဒေတာဘေ့စ်ကို ပထမဆင့် ပုံမှန်ပုံစံ 1NF ဟု သတ်မှတ်သည်။
ကိုးကား – wiki.gis.com
fitness for use
Dataset တစ်ခုသည် ရည်ရွယ်ချက်တစ်ခုအတွက် သင့်လျော်မှု အတိုင်းအတာဖြစ်သည်။ ဒေတာအရည်အသွေး၊ အရွယ်အစား၊ အများနှင့်ဖလှယ်အသုံးပြုနိုင်မှု၊ ကုန်ကျစရိတ်၊ ဒေတာပုံစံစသည့် အချက်များ အကျုံးဝင်သည်။
ကိုးကား – wiki.gis.com
fix
မြေတိုင်းတာချက်များ၊ GPS သို့မဟုတ် နက္ခတ္တဗေဒဆိုင်ရာ တိုင်းတာချက်များမှ ရရှိထားသော တည်နေရာတစ်ခု ဖြစ်သည်။ အမြင့်၊ အချိန်၊ ရက်စွဲနှင့် လတ္တီကျု၊-လောင်ဂျီကျူ သို့မဟုတ် ဂရစ်တည်နေရာဖြင့် ဖော်ပြလေ့ရှိသည်။
ကိုးကား – wiki.gis.com
fixed reference point – သတ်မှတ်ထားသော ရည်ညွှန်းအမှတ်
Survey Analyst ရှိ ကွင်းဆင်းတိုင်းတာခြင်းတွင်ပါသည့် တွက်ချက်ခြင်းလုပ်ငန်းတွင် ထည့်သွင်းအသုံးပြုသော မြေတိုင်းအမှတ်တစ်ခုဖြစ်သည်။ အဆိုပါ အမှတ်၏ကိုဩဒီနိတ်များကို တွက်ချက်မှုမှ အသစ်ပြင်ဆင်ခြင်းမပြုလုပ်ပါ။
ကိုးကား – wiki.gis.com
fixed use
software လိုင်စင် ပြုလုပ်ခြင်းတွင် စက်တစ်ခုတည်းတွင်သာ အသုံးပြုနိုင်သော software ထုတ်ကုန်တစ်ခု။
ကိုးကား – wiki.gis.com
fixed-time data
ArcGIS Tracking Analyst တွင် အတိတ်၊ အနာဂတ်နှင့် အတိတ်-အနာဂတ် အချိန်ကာလအပိုင်းအခြားများကို ကြည့်နိုင်သည့် ယာယီအချက်အလက်ဖြစ်သည်။ ဒေတာများကို geodatabase တစ်ခုထဲရှိ feature class တစ်ခုသို့မဟုတ် shapefile တစ်ခုထဲတွင် သိမ်းဆည်းထားသည်။
ကိုးကား – wiki.gis.com
flag – အမှတ်အသား
တစ်စုံတစ်ခုကို အာရုံစိုက်မိစေရန်သို့မဟုတ် ခွဲခြားသတ်မှတ်ပေးရန် အမှတ်အသားတစ်ခုဖြစ်သည်။ ၎င်းသည် နောက်ထပ် အထူးဂရုပြုရန်လိုအပ်ကြောင်း သို့မဟုတ် အရေးကြီးကြောင်း ညွှန်ပြပေးသည်။
ကိုးကား – wiki.gis.com
Flash
Browser အမျိုးမျိုးနှင့်အဆင်ပြေသော Vector ဂရပ်ဖစ် နည်းပညာတစ်ခုဖြစ်ပြီး ဗီဒီယို၊ ဂရပ်ဖစ်များနှင့် သက်ဝင်လှုပ်ရှားနေသည့်ပုံရိပ်များပါရှိသည့် အပြန်အလှန်တုံ့ပြန်နိုင်သော ဝက်ဘ်ဆိုက်များကို ဖန်တီးပေးသည်။ Flash Animation များအတွက် Browserများတွင် Plug-inများ လိုအပ်သည်။
ကိုးကား – wiki.gis.com
flatbed scanner
အာရုံခံရောင်ခြည်တန်းက ပုံပေါ်တွင် ရွှေ့လျားကာ ဒီဂျစ်တယ်ပုံရိပ်တစ်ခုအဖြစ် ပုံရိပ်ဖမ်းစဉ်တွင် မြေပုံ သို့မဟုတ် ရုပ်ပုံတစ်ပုံကို မရွေ့အောင်တင်ထားနိုင်သည့် ကြည်လင်သော ပြင်ညီမျက်နှာပြင်တစ်ခုပါရှိသည့် စကင်န်နာအမျိုးအစားတစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
flattening – ပြားဝင်မှု/ချက်/ကိန်း
စက်လုံးယောင် တစ်ခု ၏ ပြားဝင်မှု ကို စက်လုံးဖြင့်ယှဉ်ပြီး မည်မျှ ပြားသွားသည်ကို တိုင်းတာချက်။ ပြားဝင်မှု သည် ဝန်ရိုး အကြီး (a) အလျား တန်ဖိုး မှ ဝန်ရိုးငယ်၏ အလျား (b) တန်ဖိုး နုတ်ခြင်း ရလဒ်ကို ဝန်ရိုးအကြီး အလျား (a) ဖြင့် စားခြင်း မှ ရလာသည့် အချိုးဖြစ်သည်။
ကိုးကား – wiki.gis.com
(a – b) /a
Flex
developer များအား စံချိန်စံညွှန်းအခြေပြု ပရိုဂရမ်းမင်းဘာသာစကားကို အသုံးပြု၍ cross-platform ၊ browser-independent Web applications များကို ဖန်တီးရန် ခွင့်ပြုသည့် ကိရိယာတစ်စုံဖြစ်သည်။ Macromedia မှ ၂၀၀၄ ခုနှစ်တွင် ဖန်တီးခဲ့ပြီး ယခု အခါ Adobe မှ ဖန်တီးထားသည်။ Flex family ၏ထုတ်ကုန်များတွင် Flex SDK၊ Flex Builder၊ Flex Data Services နှင့် Flex Charting တို့ပါဝင်သည်။
ကိုးကား – wiki.gis.com
floating layer
ကမ္ဘာမျက်နှာပြင်အထက် သို့မဟုတ် အောက်တွင် သီးခြားလွတ်လပ်စွာ ရွေ့လျားနိုင်သည့် ArcGlobe ရှိ အလွှာအမျိုးအစားတစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
floating point
ဒဿမတန်ဖိုးများပါသည့် ကိန်းစစ်များကို သိမ်းဆည်းရန်အတွက် ဂဏန်းအမျိုးအစား field ကော်လံတစ်ခုဖြစ်သည်။ အဆိုပါ ဒဿမတန်ဖိုးများဂဏန်းအရေအတွက်သည် field ထဲတွင် မည်သည့်နေရာ၌မဆိုရှိနေနိုင်သည်။ ထို့ကြောင့် ၎င်းတို့အရေအတွက်သည် မတူသောတန်ဖိုးများအတွက် တစ်နေရာမှ အခြားတစ်နေရာသို့ ရွေ့(float)နိုင်သည်။ ဥပမာအားဖြင့် floating-point field တစ်ခုသည် ဂဏန်း 23.632၊ 0.000087 နှင့် -96432.15 တို့ကို သိမ်းဆည်းထားနိုင်သည်။
ကိုးကား – wiki.gis.com
floating use
License manager မှ စီမံခန့်ခွဲသော Floating Software products များဖြစ်သည်။ အဓိက license manager တစ်ခု (ကွန်ရက်တစ်ခုပေါ်ရှိ မည်သည့်နေရာတွင်မဆိုထည့်ထားနိုင်သည်) သည် သုံးစွဲသူများအား မည်သည့်စက်တွင်မဆို floating products များကို ထည့်သွင်းရန် ခွင့်ပြုပေးသည်။ ဝယ်ယူထားသော အသုံးပြုသူ အရေအတွက် (seats) (သို့မဟုတ်) လိုင်စင်များသည် အပ်ပလီကေးရှင်းများကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်သည့် သုံးစွဲသူအရေအတွက်ကို ဆုံးဖြတ်ပေးသည်။
ကိုးကား – wiki.gis.com
flow direction – စီးဆင်းမှုလမ်းကြောင်း
ကွန်ယက်တစ်ခုထဲရှိ အနားစွန်း (လိုင်း)များအားဖြတ်၍သွားသော အရာဝတ္ထုများရွေ့လျားသည့် လမ်းကြောင်း။
ကိုးကား – wiki.gis.com
flow map – စီးဆင်းမှုပြမြေပုံ
ကွန်ယက်တစ်ခုအတွင်းအသွားအလာ (သို့) စီးဆင်းမှုအချိုးကိုပြသရန် မတူညီသည့်လိုင်းအထူသုံး မျဉ်းသင်္ကေတများအသုံးပြုသောမြေပုံ။
ကိုးကား – wiki.gis.com
focal analysis
raster ရရန် တွက်ချက်နည်းတစ်ခုဖြစ်သည်- ဆဲလ်တည်နေရာတစ်ခု၏ တန်ဖိုးနှင့် သတ်မှတ်ထားသောအကွာအဝေးအတွင်းရှိ အနီးနားရှိဆဲလ်များ၏တန်ဖိုးများ အရ ရလဒ်တန်ဖိုးကို ကိုတွက်ချက်နိုင်သည်။
ကိုးကား – wiki.gis.com
focal functions
raster ဆဲလ်တစ်ခုခြင်း၏ တန်ဖိုးနှင့် ၎င်း၏ပါတ်ဝန်းကျင်ရှိဆဲလ်များ၏တန်ဖိုးများမှ တွက်ချက်ပြီး raster တစ်ခုထုတ်ပေးသည့် လုပ်ဆောင်ချက်များ ဖြစ်သည်။
ကိုးကား – wiki.gis.com
folder
ဖိုင်များ၊ တခြားသော folders များ သို့မဟုတ် ၎င်းတို့နှစ်ခုလုံးပါဝင်သော disk တစ်ခုပေါ်ရှိနေရာတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
folder connection – ဖိုဒါချိတ်ခြင်း
ArcCatalogတွင် ကွန်ယက်တစ်ခုပေါ် မှမျှဝေထားသော သို့မဟုတ် မိမိစက် Local Disks ပေါ်သိမ်းဆည်းထားသော(CD-ROMs အပါအဝင်) ပထဝီဝင်ဆိုင်ရာအချက်အလက်ဆီသို့ လျင်မြန်စွာ ဝင်ရောက်ကြည့်ရှုအသုံးပြုနိုင်ရန်ထောက်ပံ့ပေးထားသော Catalog tree ၏ထိပ်ပိုင်းရှိအရာ။ ဖိုက်ဆက်သွယ်မှုများသည် ဖိုင်တစ်ခုချင်းဆီကို ဝင်ရောက်ကြည့်ရှုအသုံးပြုနိုင်ရန် ထောက်ပံသည်။
ကိုးကား – wiki.gis.com
follow feature mode
ArcGISတွင် line သို့မဟုတ် polygon featureတစ်ခုဘေးနားတွင် geodatabase annotationကို နေရာချသည့် နည်းလမ်းတစ်ခု။ ဥပမာ- မြစ်ကြောင်းနှင့်ကပ်လျက်ရှိ စာသားကို မြစ်လမ်းကြောင်းနှင့်အပြိုင် ကောက်ကွေ့စေရန် လမ်းကြောင်းတစ်လျှောက် စာလုံးများ ကို ဆွဲကပ်နိုင်သည်။
ကိုးကား – wiki.gis.com
font – ဖောင့်
စာလုံးများ သို့မဟုတ် သင်္ကေတများကို သက်ဆိုင် ပုံသဏ္ဌာန်အရွယ်အစားတစ်ခုဖြင့် ကိုယ်စားပြုပေးသည့် စာလုံးပုံစံတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
foreground
မြင်ကွင်း သို့မဟုတ် ဖော်ပြမှုတစ်ခုတွင် လေ့လာဆန်းစစ်သူတစ်ဦး နှင့် အနီးဆုံးရှိ ဧရိယာတစ်ခု။
ကိုးကား – wiki.gis.com
foreign key – ပြင်ပသော့ချက်
အခြားဇယားတစ်ခုထဲရှိ အဓိက သော့ချက် key အချက်အလက်များနှင့်ကိုက်ညီသော ဇယားတစ်ခုထဲရှိ အချက်အလက်တစ်ခု သို့မဟုတ် အချက်အလက်တစ်စုံ။ Foreign keys များနှင့် Primary keys များကို database ထဲရှိ ဇယားများဆက်ရန်အတွက် အသုံးပြုသည်။
ကိုးကား – wiki.gis.com
form lines – ပုံစံမျဉ်းများ
ကွန်တိုမျဉ်းများအစား မြေပြင်ပုံသဏ္ဌာန်နှင့်နီးစပ်ဆုံးပုံဖော်ပြသည့် မျဉ်းများ။ ပုံစံမျဉ်းများသည် အညွှန်းမျက်နှာပြင်အမှန်ကို မရည်ညွှန်းသလို အကွာအဝေးခြားပုံမှန်ဖြင့်အသုံးပြုရန် လည်းမလိုအပ်ပါ။
ကိုးကား – wiki.gis.com
format – ဖိုင်ဖွဲ့စည်းမှုပုံစံ
ကွန်ပျုတာစနစ်တွင်ရှိသော ဒီဂျစ်တယ်သတင်းအချက်အလက်များ၏ ဖွဲ့စည်းတည်ဆောက်ပုံဖြစ်သည်။
ကိုးကား – wiki.gis.com
formatted text tag – စာပုံစံချ tag
ArcGIS တွင် စာသားတစ်စိတ်တစ်ပိုင်းကို ပုံစံပြောင်းပြရန်အသုံးပြုသည့် tag များဖြစ်သည်။ ဥပမာအားဖြင့် စာကြောင်းအတွင်းရှိစာလုံးတစ်ခုကိုကွက်ပြီးအောက်မျဉ်းတားပြခြင်းကဲ့သို့ ပုံစံအရောများကိုဖန်တီးနိုင်သည်။စာပုံစံချ tag များသည့် XML တည်ဆောက်ပုံစည်းကမ်းများကိုလိုက်နာပြီး စာကြောင်းများ စာသားသင်္ကေတများကို ပုံစံပြောင်းပြရန်အသုံးပြုနိုင်သည်။ စာပုံစံချ tag များကို အများအားဖြင့် ထိုးစာများ၊ မှတ်စုစာများ နှင့် သင်္ကေတစာများတွင်အသုံးပြုလေ့ရှိသည်။
ကိုးကား – wiki.gis.com
fractal
သာမန်ဂျီဩမေတြီဖြင့် မဖောပြနိုင်သည့် မျက်နှာပြင်များ၊ ပုံမမှန်ပုံသဏ္ဍာန်များ၊ ပုံတူပွားများကို ပိုသေးသောစကေးများဖြင့် ထပ်ကာထပ်ကာ ဖော်ပြသည့် ဂျီဩမေတြီပုံစံတစ်ခု။ အလျားအကန့်အသတ်မရှိသော Fractal မျဉ်းကွေးတစ်ခုသည် ပြင်ညီဧရိယာတစ်ခု၏ နယ်နိမိတ်အဖြစ်ရှိနေပါက ထိုနယ်မြေဒေသသည် အတိအကျသဘောရှိလိမ့်မည်ဖြစ်သည်။ Fractals ကို တိမ်များနှင့် ကမ်းရိုးတန်းများကဲ့သို့ ရှုပ်ထွေးသော သဘာဝပုံသဏ္ဍာန်များကို ပုံဖော်ရန် အသုံးပြုနိုင်သည်။
ကိုးကား – wiki.gis.com
framework
ArcGIS စနစ်တွင်ပါဝင်သော ArcObjects အစိတ်အပိုင်းများ။
ကိုးကား – wiki.gis.com
free network adjustment
Survey Analyst ၏ ကွင်းဆင်းတိုင်းတာခြင်းများဆိုင်ရာအပိုင်း တွင်ပါသည့် တိုင်းတာမှုကွန်ရက်တစ်ခုအတွက် least squares adjustment လုပ်ဆောင်သောအခါ ပါဝင်သည့် အဆင့်၂ဆင့်မှ တစ်ခုဖြစ်သည်။ free network adjustment အဆင့်တွင် ကွန်ရက်၏ ဂျီဩမေတြီကို ကိုခြံငုံစစ်ဆေးရာတွင် ရည်ညွှန်းအမှတ်များကိုသုံးပြီး တိုင်းတာမှုများကို ကွန်ယက်၏အရွယ်အစား နှင့် လားရာ အတွက် တွက်ချက်သည်။ ကိုသြဒီနိတ်များကို တွက်ထုတ်ခြင်းထက် တိုင်းတာမှုအရည်အသွေးကို စမ်းသပ်ခြင်းကို ပိုမိုအလေးထားလုပ်ဆောင်သည်။
ကိုးကား – wiki.gis.com
freeze
ဇယားကိုပိုမိုအဆင်ပြေစွာကြည့်ရှုနိုင်ရန်အတွက် ဇယားရှိကော်လံတစ်ခုအား နေရာတွင်အသေရပ်ထားခြင်း။ အခြားသော ကော်လံများကို ဆွဲတင် (scroll) ကြည့်သောအခါ frozen column သည် ၎င်း ကို ရပ်ထားသောနေရာတွင် ကျန်ရှိနေလိမ့်မည်။
ကိုးကား – wiki.gis.com
frequency ကြိမ်နှုန်း
စွမ်းအင်လှိုင်းတစ်ခုရှိ အချိန်ယူနစ်တစ်ခုတွင် ဖြစ်ပေါ်သော အတက်အကျအရေအတွက် သို့မဟုတ် ပေးထားသော အချိန်အတိုင်းအတာတစ်ခုတွင် အမှတ်တစ်ခုအား ဖြတ်သွားသော လှိုင်းအလျားအရေအတွက်။
ကိုးကား – wiki.gis.com

from-node
arc တစ်ခု၏ အစွန်းမှတ် ၂ ခုအနက်မှ အရင်ဆုံး စဆွဲသည့် အစမှတ်။ From- and to-node များသည် Arcတစ်ခု၏ ဘယ်ဖက်ခြမ်းနှင့် ညာဖက်ခြမ်းများကို ဖန်တီးပေးထားသောကြောင့် ထိုArc၏ အရပ်မျက်နှာပြပေးသည့်အရာများ ဖြစ်သည်။
ကိုးကား – wiki.gis.com
FTP
File Transfer Protocol ၏ အတိုကောက်စာလုံးဖြစ်သည်။ ကွန်ယက်တစ်ခုပေါ်ရှိ ကွန်ပြူတာအချင်းချင်း ဖိုင်များ ပို့လွှတ်ရာတွင် အသုံးပြုရသည့် စည်းကမ်းနည်းလမ်းတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
full cache
ArcGlobe တွင် disk ပေါ်တွင် သိမ်းဆည်းထားသည့် အသေးစိတ် အဆင့်များပါဝင်သော အပြည့်ပါသည့် layer cache တစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
function – လုပ်ဆောင်ချက်
GIS တွင် ဒေတာထည့်သွင်းခြင်း၊ ပြင်ဆင်ခြင်း နှင့် အချက်အလက်များ ရွေးထုတ်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ ပြင်ဆင်ပြသခြင်းများပါဝင်သော အချက်အလက်များ စီမံခြင်း နှင့် ရလဒ်များထုတ်ပေးသော လုပ်ဆောင်ချက်းများဖြစ်သည်။
ကိုးကား – wiki.gis.com
functional surface
3D Analyst တွင် မည့်သည့် “X” “Y” တည်နေရာတိုင်းတွင်မဆို “Z” တန်ဖိုးတစ်ခုစီကို သိမ်းဆည်းပေးသော မျက်နှာပြင်ဖြစ်သည်။
ကိုးကား – wiki.gis.com
fuzzy boundary
မသဲကွဲသော (သို့မဟုတ်) အတိအကျမရှိသော နယ်နိမိတ် တစ်ခု သို့မဟုတ် ဇုန်နှစ်ခုကြား တဖြည်းဖြည်းကူးပြောင်းသွားသော ကြားနေရာတစ်ခု။
ကိုးကား – wiki.gis.com

