G

Gantt chart

အချိန်ဖြင့် လုပ်ဆောင်စရာရှိသောအလုပ်များအား ပြသထားသော စီမံကိန်းစီမံခန့်ခွဲမှု ဂရပ်တစ်ခု ဖြစ်ပြီး စီမံကိန်းအစီအစဉ်များရေးဆွဲရန်နှင့် စဉ်ဆက်မပြတ်စောင့်ကြည့်ရန်အတွက် အသုံးပြုသည်။ Gantt ဂရပ်ကို အမေရိကန်စက်မှုအင်ဂျင်နီယာနှင့် စီမံခန့်ခွဲမှုအတိုင်ပင်ခံ Henry Laurence Gantt မှ တီထွင်ခဲ့သည်။

ကိုးကား – wiki.gis.com


gateway

ကြိုးမဲ့ကိရိယာများ၏ တည်နေရာကို သတ်မှတ်ပေးသည့် OpenLS ArcWeb ဝန်ဆောင်မှု။

ကိုးကား – wiki.gis.com


Gateway Service

ကြိုးမဲ့ကိရိယာများ၏ တည်နေရာကို သတ်မှတ်ပေးသည့် OpenLS ArcWeb ဝန်ဆောင်မှု။

ကိုးကား – wiki.gis.com


Gauss-Kruger projection – Gauss-Krüger မြေပုံအရိပ်ချစနစ်

ကမ္ဘာကြီးအား ၆ ဒီဂရီကျယ်ဝန်းသော  စံဇုန်များအဖြစ် ပိုင်းခြားရန် Transverse Mercator မြေပုံအရိပ်ချစနစ်ကို အသုံးပြုသော အရိပ်ချကိုသြဒီနိတ်စနစ်တစ်ခု ဖြစ်သည်။ ဥရောပနှင့် အာရှတွင် အဓိကအသုံးပြုသည့် Gauss-Krüger ကိုသြဒီနိတ်စနစ်သည် universal transverse Mercator ကိုဩဒီနိတ်စနစ်နှင့် ဆင်တူသည်။ Gauss-Krüger မြေပုံအရိပ်ချစနစ်ကို ဂျာမန်သင်္ချာပညာရှင်နှင့် သိပ္ပံပညာရှင် Karl Friedrich Gauss နှင့် ဂျာမန်ဘူမိဗေဒပညာရှင်နှင့် သင်္ချာပညာရှင် Johann Heinrich Louis Krüger တို့အတွက် အမည်ပေးထားခြင်းဖြစ်သည်။

ကိုးကား – wiki.gis.com


Gaussian distribution – ဂေါ်စီယမ် ပြန်နှံ့မှု

တန်ဖိုးများ၏ ပြန့်နှံ့ပုံသည် ခေါက်ချိုးညီ ခေါင်းလောင်းပုံဖြင့် ရှိနေသည့်ဟူသည့် ပြန့်နှံ့ခြင်းသီအိုရီတစ်ခုဖြစ်သည်။ ပုံမှန် ပြန့်နှံ့ခြင်းတွင် တန်ဖိုးအများစုသည် ပျမ်းမျှတန်ဖိုး တစ်ဝိုက်တွင် ရှိနေသည် မှာ လက္ခဏာတစ်ရပ်ဖြစ်သည်။ အနည်းငယ်သော တန်ဖိုးများသာ ပျမ်းမျှတန်ဖိုးမှခပ်ဝေးဝေးတွင် ရှိနေသည်။ မျဉ်းကွေး၏ ဘယ်ဘက်နှင့်ညာဖက်တွင် တန်ဖိုးအရေအတွက် မတိမ်းမယိမ်းရှိနေသည်။ထို့ကြောင့် ပျှမ်းမျှတန်ဖိုးနှင့် အလယ်တန်ဖိုးတို့သည် အတူတူပင်ဖြစ်နေသည်။ တန်ဖိုး ၆၈ ရာခိုင်နှုံးသည် အပေါင်း ၁ သို့မဟုတ် အနှုတ် ၁ စံသွေဖီမှုအကွာအဝေးတွင်ကျရောက်နေသည်။ တန်ဖိုး ၉၅ ရာခိုင်နှုံးသည် အပေါင်း ၂ သို့မဟုတ် အနှုတ် ၂ စံသွေဖီမှုအကွာအဝေးတွင်ကျရောက်နေသည်။ တန်ဖိုး ၉၉ ရာခိုင်နှုံးသည် အပေါင်း ၃ သို့မဟုတ် အနှုတ် ၃ စံသွေဖီမှုအကွာအဝေးတွင်ကျရောက်နေသည်။

ကိုးကား – wiki.gis.com

Figure : normal or gaussian distributions (Credit : wikimedia)

gazetteer – နေရာဒေသအညွှန်း

ပထဝီဝင်ဆိုင်ရာနေရာအမည်များနှင့် ၎င်းတို့၏ ကိုဩဒီနိတ်စာရင်းတစ်ခုဖြစ်သည်။ ထည့်သွင်းထားသည့် အချက်အလက်များတွင် ဧရိယာ၊ လူဦးရေ သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာ စာရင်းအင်းများကဲ့သို့သော အခြားအချက်အလက်များလည်း ပါဝင်နိုင်သည်။ မြေပုံများတွင် နေရာဒေသအညွှန်းများကို မြေပုံအညွှန်းများအဖြစ် အသုံးပြုသည်။ လူသိများသော ဒစ်ဂျစ်တယ် နေရာဒေသအညွှန်းများတွင် U.S. Geological Survey Geographic Names Information System (GNIS) နှင့် Alexandria Digital Library Gazetteer တို့ ပါဝင်သည်။

ကိုးကား – wiki.gis.com


geocentric

ကမ္ဘာမှ သို့မဟုတ် ကမ္ဘာ့ ဗဟိုမှတိုင်းတာခြင်း

ကိုးကား – wiki.gis.com


geocentric coordinate system – ကမ္ဘာ့ဗဟိုအခြေပြု ကိုဩဒီနိတ်စနစ်

သုံးဖက်မြင်စနစ်ရှိ ကမ္ဘာ့ ဗဟိုအခြေပြုသည့် ရည်ညွှန်းစနစ်တွင် တည်နေရာများကို x, y, z တန်ဖိုးများဖြင့် သတ်မှတ်ထားသည်။ x ဝန်ရိုးသည် အီကွေတာ ပြင်ညီ ပေါ်တွင်ရှိပြီး ပင်မ (လောင်ဂျီကျု) မျဉ်း ကိုဖြတ်သွားသည်။ y ဝန်ရိုးသည်လည်း အီကွေတာ ပြင်ညီ ပေါ်တွင်ရှိပြီး x ဝန်ရိုး မှ ထောင့်မှန် အကွာ အဝေးတွင်ရှိပြီး ၉၀ဒီဂရီ လောင်ဂျီကျု မျဉ်းကို ဖြတ်သွားသည်။ z ဝန်ရိုးသည် ကမ္ဘာ့ဝန်ရိုး နှင့် တထပ်တည်း ရှိပြီး မြောက်ဖက် သို့ အပေါင်းတန်ဖိုးဖြစ်သည်။ မူလမှတ် (origin) သည် စက်လုံး သို့မဟုတ် စက်လုံးယောင် spheroid ၏ အလယ် မှတ် တွင် တည်ရှိသည်။

ကိုးကား – wiki.gis.com

Figure : ကမ္ဘာ့ဗဟိုအခြေပြု ကိုဩဒီနိတ်စနစ် (Credit : wikimedia)

geocentric datum – ကမ္ဘာ့ဗဟိုအခြေပြု ဒေတမ်/ရည်ညွှန်းမျက်နှာပြင်

အီလစ်ဆွိုက် (ellipsoid) တစ်ခုအပေါ်အခြေခံသည့် ရေပြင်ညီ ရည်ညွှန်းမျက်နှာပြင် ဖြစ်ပြီး မူလမှတ် (origin) သည် ကမ္ဘာ့ ဒြပ်ထု ဗဟိုတွင်ရှိသည်။ ဥပမာ – ကမ္ဘာ့ ဘူမိထု စနစ် ၁၉၈၄ WGS1984၊ မြောက်အမေရိက ဒေတမ် ၁၉၈၃, ဩစတြေးလျ ဘူမိထု ဒေတမ် ၁၉၈၄ တို့ဖြစ်သည်။ WGS1984 ဒေတမ် သည် WGS84 အီလစ်ဆွိုက်ကိုသုံးပြီး ကျန်နှစ်ခုမှာ GRS80 အီလစ်ဆွိုက်ကို အသုံးပြုထားသည်။

ကိုးကား – wiki.gis.com


geocentric latitude – ကမ္ဘာဗဟိုအခြေပြု လတ္တီကျု

ကမ္ဘာ့မျက်နှာပြင် ပေါ်ရှိ အမှတ်တစ်ခု မှ ကမ္ဘာ့ ဗဟိုသို့ဆက်ဆွဲထားသည့် မျဉ်း နှင့် အီကွေတာ ပြင်ညီ တို့ကြား ရှိထောင့်ဖြစ်သည်။ စက်လုံးပေါ်တွင် လတ္တီကျု မျဉ်းအားလုံးသည် ကမ္ဘာ့ ဗဟိုကိုအခြေပြုထားသည်။ လတ္တီကျု ကို ယေဘုယျ အားဖြင့် ကမ္ဘာ့ထုအခြေပြု/ဘူမိထု လတ္တီကျု ဟု ခေါ်သည်။

ကိုးကား – wiki.gis.com


geocentric longitude – ကမ္ဘာဗဟိုအခြေပြု လောင်ဂျီကျု

ကမ္ဘာ့မျက်နှာပြင် ပေါ်ရှိ အမှတ်တစ်ခု မှ ကမ္ဘာ့ ဗဟိုသို့ဆက်ဆွဲထားသည့် မျဉ်း နှင့် ပင်မ လောင်ဂျီကျု (prime meridian) တို့အကြား ရှိထောင့်ဖြစ်သည်။ ဝန်ရိုးတစ်ခုကို ဗဟိုပြုပြီး လည်ခြင်းဖြင့် ဖြစ်လာသော အီလစ်ဆွိုက် တွင် ကမ္ဘာဗဟိုအခြေပြု လောင်ဂျီကျု နှင့် ကမ္ဘာ့ထုအခြေပြု (geodetic) လောင်ဂျီကျု တို့သည်အတူတူ ပင်ဖြစ်သည်။

ကိုးကား – wiki.gis.com

Figure : ကမ္ဘာဗဟိုအခြေပြု လတ္တီကျု (∅) နှင့် လောင်ဂျီကျု (λ) (Credit : wikimedia)

geocode

လိပ်စာ ကို တည်နေရာတစ်ခု အဖြစ်ပြုလုပ်ပေးခြင်း။

ကိုးကား – wiki.gis.com


geocoded feature class

လိပ်စာမှတည်နေရာ ပြောင်းခြင်းကိုအသုတ်လိုက်ပြုလုပ်ရာမှဖြစ်လာသည့် feature class တစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


geocoding – လိပ်စာမှကိုဩဒီနိတ်သို့ပြောင်းခြင်း

လိပ်စာ အချက်အလက်မှ မြေပုံတွင် အမှတ်အဖြစ်ပြောင်းလဲပြသပေးသည့် GIS လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။များသောအားဖြင့် လမ်းသွယ်အလွှာ မှ လိပ်စာ အချက်အလက်များကိုကိုးကားပြီးပြသပေးသည်။

ကိုးကား – wiki.gis.com


geocoding engine

လိပ်စာမှတည်နေရာ တွက်ချက်ပေးသည့် ပရိုဂရမ်။

ကိုးကား – wiki.gis.com


geodataset

ဘုံခေါင်းစဉ်ဖြင့် စုစည်းထားသည့် မြေပုံဒေတာဘေ့စ်တစ်ခုရှိ မည်သည့် အချက်အလက် အစုကိုမဆိုခေါ်သည်။

ကိုးကား – wiki.gis.com


geodesic

စက်လုံးယောင် (spheroid) တစ်ခု၏ မျက်နှာပြင်ပေါ်ရှိ အမှတ် နှစ်မှတ် ကြား အတို ဆုံး အကွာအဝေး။ မရီဒီယမ် မျဉ်းပေါ် တလျောက် မည်သည့် အမှတ်နှစ်မှတ်ကြားရှိ အကွာအဝေး သည် geodesic ဖြစ်သည်။

ကိုးကား – wiki.gis.com

Figure : ESRI (Credit : ESRI)

geodesy

ကမ္ဘာ့ ပုံသဏ္ဌာန် နှင့် အရွယ်အစား တိုင်းတာ ပုံဖော်ခြင်း နှင့် ကမ္ဘ့ာဆွဲအားနှင့် သံလိုက်စက်ကွင်းများကို လေ့လာသည့် သိပ္ပံပညာရပ်။

ကိုးကား – wiki.gis.com


geodetic datum

ကမ္ဘာ့မျက်နှာပြင်ပေါ်တွင် တည်နေရာကိုတွက်ချက် ရန်နှင့် ကမ္ဘာ့မျက်နှာပြင် မှ အနိမ့်အမြင့်အကွာအဝေးကို တွက်ချက်ရာတွင် အသုံးပြုသည့် ရည်ညွှန်းမျက်နှာပြင်ဖြစ်သည်။

ကိုးကား – wiki.gis.com


geodetic latitude

စက်လုံးယောင် မျက်နှာပြင် ပေါ်ရှိ အမှတ်တစ်မှတ်ကို ဖြတ်ပြီး စက်လုံးယောင်၏ မျက်နှာပြင်ကို ထောင့်မှန်ကျသည့် မျဉ်း နှင့် အီကွေတာ ပြင်ညီမျက်နှာပြင် ကြားရှိ ထောင့်တန်ဖိုး ဖြစ်သည်။

ကိုးကား – wiki.gis.com

Figure : geodetic latitude (ϕ) and geocentric latitude (θ) (Credit : wikimedia)

geodetic longitude

စက်လုံးယောင် မျက်နှာပြင် ပေါ်ရှိ အမှတ်တစ်မှတ်ကိုဖြတ်သွားသော မရီဒီယမ်ပြင်ညီမျက်နှာပြင် နှင့် ပင်မ မရီဒီယမ် ပြင်ညီမျက်နှာပြင် ကြားထောင့် တန်ဖိုးဖြစ်သည်။

ကိုးကား – wiki.gis.com


Geodetic Reference System of 1980

နိုင်ငံတကာ ဘူမိပမာဏနှင့်ဘူမိရူပ အဖွဲ့အစည်းမှ ၁၉၇၉ ခုနှစ်တွင် လက်ခံခဲ့သည့် ကမ္ဘာ့အရွယ်အစားနှင့်ပုံသဏ္ဌာန် စံအတိုင်းအတာများဖြစ်သည်။

ကိုးကား – wiki.gis.com


geodetic survey – ဘူမိပမာဏ မြေတိုင်း

ကမ္ဘာ့ ပုံသဏ္ဌာန် နှင့် အရွယ်အစား တို့ကိုထည့်သွင်း အသုံးပြုသည့် မြေတိုင်းတာနည်းစနစ်။ အခြားမြေတိုင်းတာမှုလုပ်ငန်းများ အတွက် ထိန်းချုပ်ရန် ရေပြင်ညီနှင့် အမြင့် တည်နေရာ များကို တိတိကျကျ သတ်မှတ် ပေးသည်။

ကိုးကား – wiki.gis.com


geodetic transformation

အမှတ်တစ်ခု ၏ လတ်-လောင် တန်ဖိုးများကို မူလပထဝီကိုဩဒီနိတ်စနစ်တစ်ခု မှ အခြား ပထဝီကိုဩဒီနိတ်စနစ်တစ်ခု ၏ တန်ဖိုးများအဖြစ်စနစ်တကျ ပြောင်းသည့်နည်းလမ်းဖြစ်သည်။ ပါဝင်နေသည့် ကိုဩဒီနိတ် စနစ်များ အပေါ်မူတည်၍ ပြောင်းလဲခြင်း နည်းလမ်းများစွာ ရှိနိုင်သည်။ များသောအားဖြင့် တွက်နည်းများ သည် မူလ စနစ် နှင့် အသစ်စနစ် တို့တွင် ရှိမည့် အနေအထားကို ဝန်ရိုးသုံးခုကိုဩဒီနိတ် စနစ် ထဲရှိမည့် အနေအထားကို တွက်ချက်ရန်အသုံးပြုကြပြီး၊ ဇာတိကိန်းများ မှာ အရွေ့, အလှည့်၊ စကေး စသည်တို့ဖြစ်သည်။ အခြားနည်းလမ်းများတွင် – NAD 1927 နှင့် NAD 1983 (မြောက်အမေရိက ရည်ညွန်းမျက်နှာပြင်များ)အကြားပြောင်းသည့်နည်း အပါအဝင် – အမှတ် အစု တစ်ခု အတွက် သတ်မှတ် ထားသော ကိုဩဒီနိတ်စနစ်နှစ်ခုကြား ခြားနားချက်များပါဝင်သည့် ဖိုင်များကိုအသုံးပြုတွက်ချက်သည်လည််းရှိသည်။ ယင်းခြားနားချက်များမှတဆင့် ကျန် အမှတ်များအတွက် ခန့်မှန်းတွက်ချက်ခြင်းဖြစ်သည်။

ကိုးကား – wiki.gis.com

Figure : ဒေတမ်တစ်ခုမှတစ်ခုသို့ ပြောင်းပုံ (Credit : kartoweb.itc.nl)

geofence – ပထဝီစည်းရိုး

အရာ ဝတ္ထုတစ်ခု ပတ်လည်တွင် သတ်မှတ် ပေးထားသည့် စည်းရိုး နယ်နမိတ် ဖြစ်သည်။ ယင်းစည်းရိုးကို ဖြတ်မိပါက သတိပေးချက် ထုတ်လွှင့်မည်ဖြစ်သည်။ ပထဝီစည်းရိုး ကို အချိန်နှင့်တစ်ပြေးညီ လမ်းကြောင်းညွှန် ပေးသည့် အင်တာနက် အက်ပလီကေးရှင်း များ တွင် အသုံးပြုလေ့ရှိသည်။

ကိုးကား – wiki.gis.com

Figure : ဂျီပီအက်စ် အက်ပလီကေးရှင်းတစ်ခု တွင် geofence နှစ်ခု သတ်မှတ်ထားပုံ (Credit : wikimedia)

geographic constraint – တည်နေရာအကျယ်အဝန်းဆိုင်ရာအကန့်အသတ်

ဒေတာကို ခြံငုံမိသည့်ရင်းမြစ်တစ်ခု၏ကိုဩဒီနိတ်အတွဲများ (xmin, ymin and xmax, ymax) ဖြင့် သတ်မှတ်ထားသည့် အသေးဆုံးလေးထောင့်ဘောင်တစ်ခုဖြစ်သည်။ ဒေတာထဲတွင်ပါသည့် ကိုဩဒီနိတ်များအားလုံးသည့် ၎င်းဘောင်ထဲတွင်ကျရောက်နေသည်။

ကိုးကား – wiki.gis.com


geographic coordinate system

စက်လုံးသို့မဟုတ် စက်လုံးယောင်ကဲ့သို့ သော ကမ္ဘာ့မျက်နှာပြင်ပေါ်ရှိအမှတ်များ၏တည်နေရာများကို သတ်မှတ်ရန် လတ္တီကျု-လောင်ဂျီကျုများကိုအသုံးပြုသည့် ရည်ညွှန်းစနစ်တစ်ခုဖြစ်သည်။ ပထဝီကိုဩဒီနိတ်စနစ်တစ်ခု တွင် ရည်ညွှန်းမျက်နှာပြင်အရွယ်အစား၊ ပင်မမရီဒီယမ်မျဉ်းသတ်မှတ်ချက် နှင့် ထောင့် တိုင်းယူနစ်တို့ပါဝင်သည်။

ကိုးကား – wiki.gis.com


geographic coordinates

လတ္တီကျု-လောင်ဂျီကျုများဖြင့်ဖော်ပြ သည့် ကမ္ဘာ့မျက်နှာပြင်ပေါ်တွင် တည်နေရာကိုဖော်ပြသည့်အတိုင်းအတာများ။

ကိုးကား – wiki.gis.com


geographic data

အရာဝတ္ထုတို့၏ တည်နေရာ၊ အချက်အလက်များ၊ ပုံသဏ္ဌာန် နှင့် ကိုယ်စာပြုချက်တို့ ကိုဖော်ပြသည့်သတင်းအချက်အလက် ဖြစ်သည်။ ပထဝီ အချက်အလက်တွင် နေရာဆိုင်ရာ အချက်အလက်နှင့်ဂုဏ်အင်္ဂါဆိုင် အချက်အလက်များဖြင့်ဖွဲ့စည်းထားသည်။

ကိုးကား – wiki.gis.com


geographic north – ကမ္ဘာ့မြောက်အရပ်

ကမ္ဘာ့ မျက်နှာပြင်ပေါ်ရှိ မည်သည့် အမှတ် မှ မဆို ထိုအမှတ် မှ ကမ္ဘာ့ မြောက်ဝန်ရိုးစွန်းရှိရာ သို တူရှုလားရာအရပ် ဖြစ်သည်။ geographic north၊ true north နှင့် geodetic north အသုံးအားလုံးသည် အတူတူပင်ဖြစ်သည်။

ကိုးကား – wiki.gis.com


geographic projection – ပထဝီဆိုင်ရာ မြေပုံအရိပ်ချစနစ်

ပထဝီဆိုင်ရာအချက်အလက်များကိုပြသရန် အသုံးပြုသော ကိုဩဒီနိတ်စနစ်။ ဥပမာအနေဖြင့် ArcMap ၏ data frame နှင့် ArcView GIS ၏ view တို့ ပါဝင်ပါသည်။

ကိုးကား – wiki.gis.com


geographic transformation

အမှတ်တစ်ခု ၏ လတ္တီကျု-လောင်ဂျီကျု တန်ဖိုးများကို မူလပထဝီကိုဩဒီနိတ်စနစ်တစ်ခုမှ အခြား ပထဝီ ကိုဩဒီနိတ်စနစ်တစ်ခု ၏ တန်ဖိုးများအဖြစ်စနစ်တကျ ပြောင်းသည့်နည်းလမ်းဖြစ်သည်။ ပါဝင်နေသည့် ကိုဩဒီနိတ် စနစ်များ အပေါ်မူတည်၍ ပြောင်းလဲခြင်း နည်းလမ်းများစွာ ရှိနိုင်သည်။ များသောအားဖြင့် တွက်နည်းများသည် မူလ စနစ် နှင့် အသစ်စနစ် တို့တွင် ရှိမည့် အနေအထားကို ဝန်ရိုးသုံးခုကိုဩဒီနိတ် စနစ် ထဲရှိမည့် အနေအထားကို တွက်ချက်ကြပြီး၊ ပြောင်းလဲခြင်းဆိုင်ရာဇာတိကိန်းများ မှာ အရွေ့, အလှည့်၊ စကေး စသည်တို့ဖြစ်သည်။ အခြားနည်းလမ်းများတွင် – NAD 1927 နှင့် NAD 1983 (မြောက်အမေရိက ရည်ညွန်းမျက်နှာပြင်များ) အကြားပြောင်းသည့်နည်း အပါအဝင် – အမှတ် အစု တစ်ခု အတွက် သတ်မှတ် ထားသော ကိုဩဒီနိတ်စနစ်နှစ်ခုကြား ခြားနားချက်များပါဝင်သည့် ဖိုင်များကိုအသုံးပြုတွက်ချက်သည်လည််းရှိသည်။ ကျန် အမှတ်များအတွက်ကို ယင်းအမှတ်များမှ ဆက်စပ်ခန့်မှန်းတွက်ချက်ခြင်းဖြစ်သည်။

ကိုးကား – wiki.gis.com


geography

ကမ္ဘာမြေပေါ်ရှိ အမျိုးမျိုးသော အရာများ၏ ရူပ၊ ဇီဝ၊ စီးပွားရေး၊ နှင့် ယဉ်ကျေးမှုဆိုင်ရာ ဖော်ပြချက်နှင့် ယင်းတို့၏ပျံ့နှံ့မှုနှင့် ထိုအရာများကြား အပြန်အလှန်အကျိုးသက်ရောက်မှုတို့ကို လေ့လာခြင်းဖြစ်သည်။

ကိုးကား – wiki.gis.com


geography level

စာရင်းအင်းဆိုင်ရာ ပထဝီအချက်အလက် ခွဲခြားမှုဖြစ်သည်။ ဥပမာ နိုင်ငံ၊ ပြည်နယ်၊ စာတိုက်သင်္ကေတ၊ အုပ်စု သို့မဟုတ် ဘလောက်အစု တို့ဖြစ်သည်။

ကိုးကား – wiki.gis.com


Geography Markup Language (GML)

ပထဝီဆိုင်ရာအချက်အလက်များကိုသိုလှောင်သိမ်းဆည်းရန်နှင့် ပေးပို့ရန် ဒီဇိုင်းပြုလုပ်ထားသော OpenGIS စံအရ အသေးစိတ်သတ်မှတ်ချက်။ GML ဆိုသည်မှာ XML ပုံစံဖြင့် ဖွဲစည်းထားသည့် အချက်အလက်ဖြစ်သည်။

ကိုးကား – wiki.gis.com

အောက်ပါ နမူနာ သည် point တစ်ခုကို GML ပုံစံဖြင့်သိမ်းဆည်းထားသည်ကို မြင်ရပုံဖြစ်သည်။

<gml:Point gml:id="p21" srsName="urn:ogc:def:crs:EPSG:6.6:4326">
    <gml:coordinates>45.67, 88.56</gml:coordinates>
</gml:Point>

geoid – မြေဆွဲအားမျက်နှာပြင်

ကုန်းမြေ များမရှိခဲ့ပါက ပင်လယ်ရေများသည် ကမ္ဘာ့ဆွဲအား နှင့် ဗဟိုခွာအားများအတိုင်းလွတ်လပ်စွာ တုံ့ပြန်ပြီး ဖြစ်လာမည့် ပင်လယ်ရေမျက်နှာပြင်ကိုကိုယ်စားပြုသည့် မှန်းဆ မျက်နှာပြင် ဖြစ်သည်။ ယင်းမျက်နှာပြင်သည်ညီညာမှု မရှိပဲ အချို့နေရာများတွင် ပုံမှန် စက်လုံး မျက်နှာပြင် မှ အထက်ဖက် သို့ ၇၅ မီတာ နှင့် အောက်သို့ ၁၀၀ မီတာ အထိ အတိုးအလျော့ရှိ နိုင်သည်။

ကိုးကား – wiki.gis.com

Figure : အဆ ၁၀၀၀ ချဲ့ထားသည့် မြေဆွဲအားမျက်နှာပြင် (Credit : wikimedia)

geoid height

မြေဆွဲအားမျက်နှာပြင် အမြင့် – မြေဆွဲအားမျက်နှာပြင်၏ စက်လုံးယောင် အထက်အမြင့် သို့မဟုတ် မြေဆွဲအားမျက်နှာပြင်နှင့် စက်လုံးယောင်မျက်နှာပြင်ကြားအကွာအဝေး။

ကိုးကား – wiki.gis.com

Figure : မြေဆွဲအားမျက်နှာပြင် အမြင့် (Credit : wikimedia)

geoid-ellipsoid separation – မြေဆွဲအားထုလုံး နှင့် ဘဲဥစက်လုံးခြားနားချက်

ထိပ်ပြားစက်လုံး မျက်ပြင်မှ မြေဆွဲအားထုလုံးမျက်နှာပြင် အကြားအကွားအဝေး။ ထိပ်ပြားစက်လုံး ၏ မျက်နှာပြင်မှ ထောင့်မှန်ကျ တိုင်းတာသည်။ မြေဆွဲအားထုလုံးမျက်နှာပြင် သည် ထိပ်ပြားစက်လုံး မျက်နှာပြင် ၏ အထက်တွင် ရှိပါ က ခြားနားချက် သည် အပေါင်းတန်ဖိုး ဖြစ်ပြီး အောက်တွင်ရှိပါက အနုတ်တန််ဖိုးဖြစ်သည်။

ကိုးကား – wiki.gis.com


geolocation – တည်နေရာချခြင်း

ဇယားအချက်အလက်များကို တည်နေရာနှင့်တွဲခြင်းဖြင့် မြေပုံအရာဝတ္ထုများဖြစ်လာစေသည့်လုပ်ငန်းဖြစ်သည်။ ဥပမာ ကိုဩဒီနိတ်များပါသောဇယားမှ အမှတ်များဖန်တီးခြင်းသည် တည်နေရာချခြင်းဖြစ်သည်။

ကိုးကား – wiki.gis.com


geometric coincidence

အကွာအဝေးတစ်ခုအတွင်းကျရောက်နေသော ဂျီဩမေတြီကွန်ယက်ရှိ အရာဝတ္ထုများ သည်ထပ်တူကျနေသည် ဟုဆိုနိုင်လျင် ချိတ်ဆက်ထားသည့်ဟု ဆိုနိုင်သည်။

ကိုးကား – wiki.gis.com


geometric dilution of precision – ဂျီဩမေတြီ အရတိကျမှုလျော့ကျခြင်း

တည်နေရာကိုသတ်မှတ်ပေးသည့် ဂြိုလ်တု အစုအဝေးလမ်ကြောင်း အတွက် ဂြိုလ်တုများတည်ရှိနေပုံကိုညွှန်ပြသည့်အချက်ဖြစ်သည်။ DOP တန်ဖိုးနည်းသည့် တည်နေရာအချက်အလက်များသည် အများအားဖြင့် DOP တန်ဖိုးများသည့်အချက်အလက်များထက် ပိုမိုကောင်းမွန်သည့်တိုင်းတာချက်များပါဝင်သည်။ ဂျီဩမေတြီ အရတိကျမှုလျော့ကျကိန်း GDOP ကို အဆုံးအဖြတ်ပေးသည့်အချက်များတွင် တည်နေရာတိကျမှုလျော့ကျကိန်း PDOP (positional DOP), ရေပြင်ညီတိကျမှုလျော့ကျကိန်းHDOP (horizontal DOP), အမြင့်တည်တိကျမှုလျော့ကျကိန်းVDOP (vertical DOP), နှင့် အချိန်တိကျမှုလျော့ကျကိန်းTDOP (time DOP) တို့ပါဝင်သည်။

ကိုးကား – wiki.gis.com


geometric element

ဂျီဩမေတြီပုံသဏ္ဍာန်၏ အခြေခံအကျဆုံး အစိတ်အပိုင်းများ သို့မဟုတ် ဂျီဩမေတြီပုံသဏ္ဍာန်တစ်ခုတွင်ပါဝင်သည့် အစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်သည် – ဆိုလိုသည်မှာ မျက်နှာပြင်၊ ပုံသဏ္ဍာန်၊ အမှတ်၊ မျဉ်း၊ ထောင့် (သို့မဟုတ်) ထုအစိုင်အခဲတို့ ဖြစ်သည်။

ကိုးကား – wiki.gis.com


geometric transformation

raster dataset များတွင် မြေပုံကိုဩဒီနိတ်များရရှိအောင်ပြုလုပ်ခြင်း သို့မဟုတ် raster dataset များကို ကိုဩဒီနိတ်စနစ်တစ်ခုမှ အခြားတစ်ခုသို့ပြောင်းခြင်းဖြစ်သည်။

ကိုးကား – wiki.gis.com


geometry

အမှတ်များ (points), မျဉ်းကြောင်းများ(lines) နှင့် မျက်နှာပြင်များ ( surfaces) ၏အတိုင်းအတာနှင့်ဂုဏ်အင်လက္ခဏာများ ဖြစ်သည်။ မြေပုံစနစ်တစ်ခုတွင် ပထဝီသွင်ပြင် အရာဝတ္ထုများ ၏ တည်နေရာနှင့်တည်ရှိမှုဆိုင်ရာအပိုင်း ကို ဂျီဩမေတြီ ဖြင့်ကိုယ်စားပြုလေ့ရှိသည်။

ကိုးကား – wiki.gis.com


geomorphology – ဘူမိရုပ်သွင်ပညာရပ်

မြေမျက်နှာပြင်ပုံသဏ္ဌာန်များ ၏ မူလဇစ်မြစ်နှင့် သဘာဝ ကို လေ့လာသည့်ပညာရပ်ဖြစ်ပြီး အောကခံကျောက်လွှာများ ဖြစ်စဉ်နှင့် ဖြစ်တည်မှုပုံသဏ္ဌာန်များနှင့်ဆက်စပ်မှုများကို လေ့လာခြင်းလည်းပါဝင်သည်။

ကိုးကား – wiki.gis.com


geostationary – တည်ငြိမ်ပတ်လမ်း

အီကွေတာ အထက် အာကာသပတ်လမ်းတွင် ကမ္ဘာ လည်နှုံးအတိုင်းပတ်နေကာ စောင်းခြင်း ဗဟိုလွဲခြင်းမရှိ ပဲတည်ရှိနေစေခြင်းဖြစ်သည်။ တည်ငြိမ်ဂြိုလ်တုတစ်လုံးသည် ကမ္ဘာ လည်သည့်အမြန်နှုံးဖြင့်လှည့်ပတ်နေသည့်အတွက် အီကွေတာ အထက် အမှတ်တစ်ခုတွင် ပုံသေရှိနေမည်ဖြစ်သည်။ တည်ငြိမ်ဂြိုလ်တုများသည် ကမ္ဘာလည်နှုံး အတိုင်းရှိသည့်အရာများဖြစ်သော်လည်း၊ ကမ္ဘာလည်နှုံး အတိုင်းရှိသော ဂြိုလ်တုတိုင်းက တည်ငြိမ်ဂြိုလ်တုမဟုတ်ကြပါ။

ကိုးကား – wiki.gis.com

Figure : တည်ငြိမ်ပတ်လမ်း (Credit : wikimedia)

geosynchronous – ကမ္ဘာနှင့်လည်ချိန်တူပါတ်လမ်း

အရှေ့ သို့မဟုတ်အနောက် အရပ်သို့လှည့်ပတ် နေသော ပတ်လမ်းတွင် ကမ္ဘာ လည်နှုံးအတိုင်းပတ်နေစေခြင်းဖြစ်သည်။ကမ္ဘာနှင့်လည်ချိန်တူ ဂြိုလ်တုတစ်လုံးသည် စက်ဝိုင်းပုံပါတ်လမ်း တွင် ရှိပြီး အီကွေတာဖြတ် ပြင်ညီမျက်နှာပြင် ပေါ်တွင်ရှိလျင် အီကွေတာထက် အမှတ်တစ်ခုတွင် အမြဲရှိနေသည့်အတွက် တည်ငြိမ်ဂြိုလ်တု ဖြစ်သည်။ အီကွေတာထက် အမှတ်တစ်တွင် ငြိမ်မနေပဲ အင်္ဂလိပ်အက္ခရာ 8 ပုံစံအတိုင်း ပတ်လမ်ကြောင်းစောင်းထောင့် နှင့်တူသည့် လတ္တီကျု (တောင်နှင့်မြောက်) အထိ တစ်ရက်တစ်ခါရွေ့နေမည်ဖြစ်သည်။

ကိုးကား – wiki.gis.com

Figure : ပုံ
Figure : ပုံ (Credit : wikimedia)

GIF

Graphic Interchange Format ၏ အတိုကောက်စာလုံးဖြစ်သည်။ အင်တာနက်ပေါ်တွင် အသုံးများသော ရုပ်ပုံဖိုင်များအတွက် ကြည်လင်ပြတ်သားမှုနိမ့်ဖိုင်ပုံစံတစ်မျိုးဖြစ်သည်။ ၎င်းသည် ထင်ရှားပြတ်သားသောအစွန်းများနှင့် အရောင်အနည်းငယ်သာ ပါသည့် ရုပ်ပုံများအတွက် ကောင်းစွာ သင့်လျော်သည်။

ကိုးကား – wiki.gis.com


Global Positioning System

Global Positioning System ၏ အတိုကောက်စာလုံးဖြစ်သည်။ ကမ္ဘာမြေပေါ်ရှိတည်နေရာများကို ရှာဖွေနိုင်ရန် ရေဒီယိုအချက်ပြလှိုင်းထုတ်လွှင့်-လက်ခံနိုင်သည့် ဂြိုလ်တုများကို အသုံးပြုသည့် စနစ်တစ်ခုဖြစ်သည်။ ကမ္ဘာကို ပတ်နေသော  ဂြိုလ်တုများသည် အချက်ပြလိုင်းများ ထုတ်လွှင့်ပေးပြီး GPS ဖမ်းစက် (receiver) တစ်ခုသည်(ယင်းအချက်အလက်များကိုဖမ်းယူပြီး) ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို ၎င်း၏တည်နေရာကို တြိဂံဖွဲ့နည်း trilateration ဖြင့် တွက်ချက်နိုင်သည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ တည်ဆောက်လည်ပတ်သော ယင်းစနစ်အား လမ်းကြောင်းပြခြင်း၊ မြေပုံထုတ်ခြင်း၊ မြေတိုင်းတာခြင်းနှင့် တိကျသော တည်နေရာတွက်ချက်မှု လိုအပ်သည့် အခြားသော အပ်ပလီကေးရှင်းများတွင် အသုံးပြုပါသည်။

ကိုးကား – wiki.gis.com


global spatial data infrastructure

အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများစွာ အတွက် geospatial ဒေတာများ ရရှိနိုင်မှု၊ စီမံခန့်ခွဲနိုင်မှု၊ သိမ်းဆည်းထားနိုင်မှု၊ ဖြန့်ဝေမှု နှင့် အသုံးပြုမှုများ တိုးတက်လာစေရန် လိုအပ်သော နည်းပညာများ၊ မူဝါဒများ၊ စံနှုန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်များပါဝင်သည့် ကမ္ဘာသုံးမူဘောင်တစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


globe – ကမ္ဘာလုံးမြေပုံ

ကမ္ဘာ့ (သို့မဟုတ်) နေ၊လ၊ဂြိုလ် ကဲ့သို့သော အာကာသဝတ္ထုများကို ကိုယ်စားပြုသော မြေပုံစက်လုံးတစ်လုံးဖြစ်သည်။ ကမ္ဘာ၏ သဘာဝပုံပန်းသဏ္ဍန်မှာ စက်လုံးတစ်လုံးကဲ့သို့ ဖြစ်နေရာ ကမ္ဘာလုံးမြေပုံသည် ကမ္ဘာ့သွင်ပြင်လက္ခဏာများ ပုံပျက်ခြင်းကို မြေပုံအပြန့်တစ်ခုထက် လျော့နည်းစေသည်။

ကိုးကား – wiki.gis.com


GLONASS

Global Navigation Satellite System ၏ အတိုကောက်စာလုံး။ အမေရိကန်ပြည်ထောင်စု၏ ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြစနစ်၏ နှင့်အလားတူသော  ရုရှားနိုင်ငံပိုင် တည်နေရာပြစနစ်။

ကိုးကား – wiki.gis.com


glyph

စာလုံးပုံစံတစ်ခုတွင်ပါသည့် အက္ခရာတစ်ခု၏ ဂျီဩမေတြီပုံသဏ္ဍာန်တစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


GMT

အင်္ဂလန်နိုင်ငံ၊ Greenwich ရှိ Royal Observatory ကိုဖြတ်သွားသော ပင်မမရီဒီယမ်မျဉ်းရှိ အချိန်ဖြစ်သည်။ ၁၈၈၄ မှ ၁၉၂၈ ခုနှစ်အထိ ဂရင်းနစ်အချိန်သည် ကမ္ဘာ့စံတော်ချိန်အတွက် တရားဝင်အမည် (ယနေ့ထိနာမည်ကျော်ကြားနေဆဲ) ဖြစ်သည်။ တစ်ခါတစ်ရံ ကမ္ဘာ့စံတော်ချိန်(Coordinated Universal Time) ကိုလည်း GMTဟု ရည်ညွှန်းသည်။

ကိုးကား – wiki.gis.com


gnomonic projection

ပြင်ညီမြေပုံအရိပ်ချစနစ်တစ်ခုဖြစ်သည်။ပြင်ညီသည် အမှတ်တစ်မှတ်တွင် ကမ္ဘာ့မျက်နှာပြင်နှင့် တန်းဂျန့်မျဉ်းထိသည်။အရိပ်ချအလင်းသည်  ကမ္ဘာ၏အလယ်ဗဟိုမှလာသည်။ Great circles စက်ဝိုင်းကြီးများအားလုံးသည် ဤအရိပ်ချစနစ်ပေါ်တွင် မျဉ်းဖြောင့်များအဖြစ် ပေါ်နေသောကြောင့် အမှတ်နှစ်ခုကြား အတိုဆုံးအကွာအဝေးသည် မျဉ်းဖြောင့်ဖြစ်သည်။ gnomonic အရိပ်ချစနစ်သည် ခရီးလမ်းကြောင်းရှာဖွေခြင်းများအတွက် အသုံးဝင်သည်။ ရှေးဂရိနက္ခတ္တဗေဒပညာရှင်နှင့် ဒဿနပညာရှင် Thales of Miletus က နက္ခတ်တာရာများ ပုံဆွဲရန်အတွက် gnomonic ပုံရိပ်ချစနစ်ကို အသုံးပြုခဲ့သည်။ ၎င်းသည် ရှေးအကျဆုံး ပုံရိပ်ချစနစ် ဖြစ်နိုင်သည်။

ကိုးကား – wiki.gis.com


gon

ထောင့်တိုင်းတာမှုယူနစ်တစ်ခု ဖြစ်ပြီး စက်ဝိုင်းတစ်ပတ်ထောင့်သည် 400 gradians နှင့် ထောင့်မှန်စတုဂံ 100 gradians ရှိသည်။ gradian အတွက် အသုံးများသောအတိုကောက်စာလုံးသည် grad ဖြစ်သည်။

ကိုးကား – wiki.gis.com


goodness of fit

မော်ဒယ်လ်တည်ဆောက်ရာတွင်‌ သိရှိလေ့လာထားပြီးဖြစ်သည့်ဒေတာကို မည်သည့်အတိုင်းအတာအထိ မော်ဒယ်တစ်ခုကခန့်မှန်းနိုင်သည်ဆိုသည့် ပမာဏ၊ ကြိုတင်ခန့်မှန်းနိုင်စွမ်းအား အတိုင်းအတာ။ 

ကိုးကား – wiki.gis.com


GPS

Global Positioning System ၏ အတိုကောက်စာလုံးဖြစ်သည်။ ကမ္ဘာမြေပေါ်ရှိတည်နေရာများကို ရှာဖွေနိုင်ရန် ရေဒီယိုအချက်ပြလှိုင်းထုတ်လွှင့်-လက်ခံနိုင်သည့် ဂြိုလ်တုများကို အသုံးပြုသည့် စနစ်တစ်ခုဖြစ်သည်။ ကမ္ဘာကို ပတ်နေသော  ဂြိုလ်တုများသည် အချက်ပြလိုင်းများ ထုတ်လွှင့်ပေးပြီး GPS ဖမ်းစက် (receiver) တစ်ခုသည်(ယင်းအချက်အလက်များကိုဖမ်းယူပြီး) ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို ၎င်း၏တည်နေရာကို တြိဂံဖွဲ့နည်း trilateration ဖြင့် တွက်ချက်နိုင်သည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ တည်ဆောက်လည်ပတ်သော ယင်းစနစ်အား လမ်းကြောင်းပြခြင်း၊ မြေပုံထုတ်ခြင်း၊ မြေတိုင်းတာခြင်းနှင့် တိကျသော တည်နေရာတွက်ချက်မှု လိုအပ်သည့် အခြားသော အပ်ပလီကေးရှင်းများတွင် အသုံးပြုပါသည်။

ကိုးကား – wiki.gis.com


grad

ထောင့်တိုင်းတာမှုယူနစ်တစ်ခု ဖြစ်ပြီး စက်ဝိုင်းတစ်ပတ်ထောင့်သည် 400 gradians နှင့် ထောင့်မှန်စတုဂံ 100 gradians ရှိသည်။ gradian အတွက် အသုံးများသောအတိုကောက်စာလုံးသည် grad ဖြစ်သည်။

ကိုးကား – wiki.gis.com


gradian

ထောင့်တိုင်းတာမှုယူနစ်တစ်ခု ဖြစ်ပြီး စက်ဝိုင်းတစ်ပတ်ထောင့်သည် 400 gradians နှင့် ထောင့်မှန်စတုဂံ 100 gradians ရှိသည်။ gradian အတွက် အသုံးများသောအတိုကောက်စာလုံးသည် grad ဖြစ်သည်။

ကိုးကား – wiki.gis.com


gradient

အမြင့်နှင့် အလျားအချိုးဖြစ်သည်။ များသောအားဖြင့် ရာခိုင်နှုံးဖြင့်ဖော်ပြလေ့ရှိသည်။ ၁၀ ရာခိုင်နှုန်း gradient တစ်ခုသည် အလျားအကွာအဝေး ပေ ၁၀၀တိုင်း တွင် ၁၀ပေ မြင့်တက်သည်။

ကိုးကား – wiki.gis.com


gradient of gravity

ပြင်ညီတစ်ခုတွင် ကမ္ဘာ့ဆွဲအားအများဆုံးရှိရာဖက် လားရာ ဖြစ်သည်။

ကိုးကား – wiki.gis.com


granularity

ဒေတာအကြမ်းထည် သို့မဟုတ် ဒေတာကြည်လင်ပြတ်သားမှု။ Granularity သည် ဒေတာဖမ်းယူချိန်နှင့် ပုံဖော်ပြသချိန်တွင် ရှိမည့် ဒေတာ၏ ရှင်းလင်းပြတ်သားမှုနှင့် အသေးစိတ်မှု ကိုဖော်ပြပေးသည်။

ကိုးကား – wiki.gis.com


graph – ဂရပ်

ရေကြောင်းလမ်းပြရန်နှင့် လေကြောင်းလမ်းပြရန် ရည်ရွယ်ရေးဆွဲထားသော မြေပုံတစ်ပုံဖြစ်သည်။

ကိုးကား – wiki.gis.com


graphic – ရုပ်ပုံ

ဒေတာကိုဖော်ပြရန် အတွက် ကွန်ပျူတာမှထုတ်လုပ်သိမ်းဆည်းထားသော ပုံတစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


graphic component

MOLE တွင်ဂရပ်ဖစ်၏ အခြေခံအကျဆုံးအစိတ်အပိုင်းဖြစ်သည်။ သင်္ကေတ၊ ဘောင်နှင့် ဖြည့်စွက်မှုများသည် MOLE ဂရပ်ဖစ်ပုံစံများပါဝင်သောအစိတ်အပိုင်းများ၏ ဥပမာများဖြစ်ကြသည်။

ကိုးကား – wiki.gis.com


graphic text

ArcMap Layout view တွင်ထည့်ထားသည့် စာသားဖြစ်သည်။ ယင်းသည် စာရွက်ပေါ်တွင်တည်ရှိပြီး map document ထဲတွင်သိမ်းဆည့်းထားသည်။မြေပုံ အကျယ်အဝန်း သို့မဟုတ် စကေး ပြောင်းသွားသော်လည်း ဂရပ်ဖစ် စာသားများသည် နေရာရွေ့ခြင်း မရှိပါ။

ကိုးကား – wiki.gis.com


graticule

မြေပြင်ပေါ်ရှိ အမှန်တည်နေရာများနှင့် ဆက်စပ်နေသည့် မြေပုံတစ်ခု (သို့) ရေပုံ တစ်ခုပေါ်တွင်ရှိသော လောင်ဂျီတွဒ်မျဉ်းများ နှင့် လတ္တီကျုမျဉ်းများ။

ကိုးကား – wiki.gis.com


graticule alignment of labels

စာအညွှန်းနေရာချထားခြင်းနည်းလမ်းတစ်ခုဖြစ်ပြီး မြေပုံဘောင်၏ graticule မျဉ်းအတိုင်း တန်းလျက်နေရာချထားသည်။ ၎င်းသည် ကြီးမားသောဧရိယာရှိသည့်မြေပုံများတွင်၊ရေးဆွဲမှုအပိုင်း သို့မဟုတ်  အထူးပုံစံရည်ရွယ်ချက် အတွက် အသုံးဝင်သည်။

ကိုးကား – wiki.gis.com


gravimeter

အမှတ် နှစ်ခု (သို့) နှစ်ခုထက်ပိုသောအမှတ်များအကြားရှိ သေးငယ်သော ကမ္ဘာဆွဲအား စက်ကွင်းပြောင်းလဲမှုကို တိုင်းတာသော ကိရိယာတစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


gravimetric geodesy

ကမ္ဘာ့ ဆွဲငင်အားစက်ကွင်းကို တိုင်းတာ၍ ကမ္ဘာ၏အရွယ်အစားနှင့် ပုံသဏ္ဌာန် ကို တွက်ချက်သည့် သိပ္ပံဘာသာရပ်။

ကိုးကား – wiki.gis.com


gravity model – ဆွဲငင်အားပုံစံ

တစ်ခုချင်းအပေါ် အကြောင်းအရာတစ်ခု၏လွှမ်းမိုးသက်ရောက်မှု သို့မဟုတ် စုစုပေါင်းဦးရေ၏လွှမ်းမိုး သက်ရောက်မှုသည် ယင်းတို့အကြား အကွာအဝေး၏ပြောင်းပြန်အတိုင်းပြောင်းလဲသည်ဟု ယူဆသည့် ပုံစံတစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


gray scale – မီးခိုးရောင်စကေး

အဖြူရောင်မှ အနက်ရောင်အထိ မီးခိုးရောင်အရိပ်များအားလုံးပါဝင်သည်။

ကိုးကား – wiki.gis.com


Greenwich mean time

အင်္ဂလန်နိုင်ငံ၊ Greenwich ရှိ Royal Observatory ကိုဖြတ်သွားသော ပင်မမရီဒီယမ်မျဉ်းရှိ အချိန်ဖြစ်သည်။ ၁၈၈၄ မှ ၁၉၂၈ ခုနှစ်အထိ ဂရင်းနစ်အချိန်သည် ကမ္ဘာ့စံတော်ချိန်အတွက် တရားဝင်အမည် (ယနေ့ထိနာမည်ကျော်ကြားနေဆဲ) ဖြစ်သည်။ တစ်ခါတစ်ရံ ကမ္ဘာ့စံတော်ချိန်(Coordinated Universal Time) ကိုလည်း GMTဟု ရည်ညွှန်းသည်။

ကိုးကား – wiki.gis.com


Greenwich meridian

၁၈၈၄ တွင် နိုင်ငံတကာသဘောတူညီမှုဖြင့် အသုံးပြုထားသည့် ပင်မ မရီဒီယမ်မျဉ်းဖြစ်သည်။ သူည ဒီဂရီ မရီဒီယမ် ဖြစ်ပြီး ယင်းမှ စတင်ကာ လောင်ဂျီကျုတန်ဖိုးများကိုရေတွက်သည်။ ဂရင်းနစ်မျဉ်းသည် အင်္ဂလန်နိုင်ငံ ဂရင်းနစ်အရပ်ရှိ တော်ဝင်နက္ခတ္တာရာစခန်း Royal Observatory ကိုဖြတ်သန်းသွားသည်။

ကိုးကား – wiki.gis.com


grid meridian – ဂရစ်မရီဒီယမ်လိုင်း

Survey Analyst ရှိ မြေတိုင်းချင်းဆိုင်ရာအပိုင်းတွင်ပါဝင်သည်။ ကန့်သတ်အကျယ်အဝန်းတစ်ခုတွင် အမှတ်များကို ပြင်ညီထောင့်မှန်ကျကိုဩဒီနိတ်စနစ် ဖြင့်တွက်ချက် ရာတွင် အသုံးပြုသည့် ဗဟိုမရီဒီယံမျဉ်းနှင့် အပြိုင်ရှိသည့် မာရီဒီယံမျဉ်းများအားလုံးကိုဆိုလိုသည့်။ တောင်မြောက် ဂရစ် လိုင်းများ အားလုံးကို ဂရစ်မရီဒီယမ်း မျဉ်းများဟုခေါ်သည်။ ယင်းတို့သည်ပင်မ  ဂရစ်မရီဒီယမ်း မျဉ်း နှင့်အပြိုင်တည်ရှိသည်။

ကိုးကား – wiki.gis.com


grid north

မြေပုံအရိပ်ချစနစ် တစ်ခုရှိ ဂရစ်လိုင်းအတိုင်းရှိသည့် မြောက်ဖက်အရပ်လားရာ ဖြစ်သည်။

ကိုးကား – wiki.gis.com


GRS80

Geodetic Reference System of 1980 ၏ အတိုကောက်စာလုံးဖြစ်သည်။ နိုင်ငံတကာ ဘူမိပမာဏနှင့်ဘူမိရူပ အဖွဲ့အစည်းမှ ၁၉၇၉ ခုနှစ်တွင် အသုံးပြုခဲ့သည့် ကမ္ဘာ့အရွယ်အစားနှင့်ပုံသဏ္ဌာန် စံအတိုင်းအတာများဖြစ်သည်။

ကိုးကား – wiki.gis.com


GSDI

global spatial data infrastructure ၏ အတိုကောက်စာလုံးဖြစ်သည်။ အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများစွာ အတွက် geospatial ဒေတာများ ရရှိနိုင်မှု၊ စီမံခန့်ခွဲနိုင်မှု၊ သိမ်းဆည်းထားနိုင်မှု၊ ဖြန့်ဝေမှု နှင့် အသုံးပြုမှုများ တိုးတက်လာစေရန် လိုအပ်သော နည်းပညာများ၊ မူဝါဒများ၊ စံနှုန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်များပါဝင်သည့် ကမ္ဘာသုံးမူဘောင်တစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


GUI

graphical user interface ၏ အတိုကောက်စကားလုံး။ အထူးသဖြင့် mouse ကို အသုံးပြု၍ ကွန်ပျူတာ screen ပေါ်ရှိ icon များ dialog boxes များနှင့် menu items များကို အသုံးပြုသူမှ ရွေးချယ် စေခိုင်းနိုင် သည့် ဆော့ဖ်ဝဲယား ဖြစ်သည်။ GUI သည် ခိုင်းစေချက်ကို စာသားဖြင့်ရေး၍ ဆောင်ရွက်နိုင်သော command line interface နှင့် မတူညီပါ။

ကိုးကား – wiki.gis.com


GUID

globally unique identifier ၏ အတိုကောက်စကားလုံး။ interface ၊ အဆင့်အတန်း၊ library အမျိုးအစား၊ ကဏ္ဍအမျိုးအစား၊ သို့မဟုတ် မှတ်တမ်းတစ်ခုကို မှားယွင်းမှုမရှိဘဲ ခွဲခြားနိုင်ရန် အသုံးပြုသော စာသား အမျိုးအစားတစ်ခု။

ကိုးကား – wiki.gis.com


 

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details