hachure – လျှောစောက်ပြသင်္ကေတ
မြေပုံပေါ်တွင် ဆင်ခြေလျှောဦးတည်ရာနှင့် မတ်စောက်မှုကိုညွှန်ပြသည့် မျဉ်းတိုများဖြစ်သည်။ မတ်စောက်သည့် ဆင်ခြေလျောကို လျှောစောက်ပြသင်္ကေတ အတို များကိုနီးကပ်စွာ ခပ်စိပ်စိပ်ဖြင့် ဖော်ပြလေ့ရှိသည်။ ပြေပြစ်သည့် ဆင်ခြေလျောကို လျှောစောက်ပြသင်္ကေတ အရှည်များ ကျဲကျဲ ဖြင့်ဖော်ပြလေ့ရှိသည်။ ခေတ်မှီ မြေပုံများတွင် လျှောစောက်ပြသင်္ကေတများနေရာတွင် ကွန်တိုများ တောင်ရိပ်များ နှင့် အမြင့်ပြ အရောင်များ ဖြင့် အစားထိုးအသုံးပြုလာကြသည်။
ကိုးကား – wiki.gis.com

hachured contour – ချိုင်ဝှမ်းပြကွန်တို
မြေပုံတစ်ခုပေါ်တွင် မြေနိမ့် သို့မဟုတ် ချိုင့်ဝှမ်း ကိုဖော်ပြသည့် လျှောစောက်ပြ သင်္ကေတပါ ကွန်တိုမျဉ်းအပိတ်များ ဖြစ်သည်။ လျှောစောက်ပြ သင်္ကေတမပါသည့် ကွန်တိုများသည် တောင်ကုန်း ကို ဖော်ပြသည်။
ကိုးကား – wiki.gis.com
halftone image
ကောင်းမွန်သည့် ဖန်သားပြင်တစ်ခုမှတဆင့် ဓါတ်ပုံရိုက်ထားသော continuous tone ရှိသည့် ပုံတစ်ပုံဖြစ်ပြီး အလင်းရောင်များသောနေရာနှင့် အရိပ်တို့၏ အဆင့်ဆင့်ပြောင်းလဲမှုကို ထိန်းသိမ်းထားပြီး တူညီစွာကွာဝေးသည့် အရွယ်အစားအမျိုးမျိုးရှိသော အစက်များအဖြစ်သို့ ပြောင်းလဲပေးထားသည်။ အစက်များ၏ အရွယ်အစားသည် ၎င်းတို့ဖြတ်သန်းသွားသော အလင်းရောင်၏ ပြင်းအားအချိုးအစားအရ ကွဲပြားသည်။
ကိုးကား – wiki.gis.com
Hamiltonian circuit
ကွန်ရက်တစ်ခုကိုဖြတ်သွားသည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး ဆုံမှတ်တစ်ခုစီကို တစ်ကြိမ်သာ ဖြတ်သွားပြီး နောက် စမှတ်သို့ ပြန်ရောက်သွားသည်။ အိုင်ယာလန် သင်္ချာပညာရှင်၊ ရူပဗေဒပညာရှင် နှင့် နက္ခတ္တဗေဒပညာရှင်ဖြစ်သော William Rowan Hamilton တို့ကို အစွဲပြု၍ Hamiltonian ပတ်လမ်းများကို အမည်ပေးထားခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
Hamiltonian path
ကွန်ရက်တစ်ခုကိုဖြတ်သွားသည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး ဆုံမှတ်တစ်ခုစီကို တစ်ကြိမ်သာ ဖြတ်သွားပြီး နောက် စမှတ်သို့ ပြန်ရောက်သွားသည်။ အိုင်ယာလန် သင်္ချာပညာရှင်၊ ရူပဗေဒပညာရှင် နှင့် နက္ခတ္တဗေဒပညာရှင်ဖြစ်သော William Rowan Hamilton တို့ကို အစွဲပြု၍ Hamiltonian ပတ်လမ်းများကို အမည်ပေးထားခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
hardware key
သေးငယ်သော hardware ကိရိယာတစ်ခုဖြစ်ပြီး ၎င်းသည် လိုင်စင်ရှိသော ဖိုင်တစ်ခုဖန်တီးရန် သီးသန့်နံပါတ်ကို ထုတ်ပေးသည်။ ထို key ကို License Manager Server ရှိ parallel port သို့မဟုတ် USB port တွင် ထိုးပြီးအသုံးပြုရသည်။ Hardware keys များကို dongles ဟုလည်းခေါ်သည်။
ကိုးကား – wiki.gis.com
HARN
High Accuracy Reference Network ၏ အတိုကောက်စာလုံးဖြစ်သည်။ GPS နည်းပညာများကို အသုံးပြု၍ NAD 1983 ၏ ဒေသဆိုင်ရာ သို့မဟုတ် ပြည်နယ်အနှံ့ ပြန်လည်တိုင်းတာခြင်းနှင့်ထိန်းချုပ်အမှတ်များကို ပြန်လည်ပြင်ဆင်ခြင်း။ ပြန်လည်တိုင်းတာသောရက်စွဲကို datum အမည်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် ထည့်သွင်းဖော်ပြလေ့ရှိသည် – NAD 1983 (1991) သို့မဟုတ် NAD91။
ကိုးကား – wiki.gis.com
hatch class
linear referencing တွင် အကွာအဝေးပြသတ်မှတ်ချက်များ အုပ်စုတစ်စု သို့မဟုတ် category တစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
hatch definition
linear referencing တွင် မျဉ်းကြောင်းအရာတစ်ခုပေါ်တွင် မည့်သည့်နေရာတွင် အကွာအဝေးပြအမှတ်များ ကို ဆွဲသားဖော်ပြသော မည်ကို ဖော်ပြသည့် သတ်မှတ်ချက် (Specification) ဖြစ်သည်။ အကွာအဝေးပြ သတ်မှတ်ချက်တစ်ခုချင်းစီတွင် ၎င်းတို့၏ကိုယ်ပိုင်ဂုဏ်သတ္တိများပါရှိသည်။ ၎င်းတို့မှာ အကွာအဝေးပြအမှတ် များကြားအကွာအဝေးတန်ဖိုး၊၊ အကွာအဝေးပြအမှတ်များကို မျဉ်း သို့မဟုတ် အမှတ်သင်္ကေတများအနက်မှ မည်သည့်ဖြင့် ဖော်ပြမည် နှင့် အကွာအဝေးတန်ဖိုးကို စာထိုးမည်/မထိုးမည် ဆိုသည် တို့ပါဝင်သည်။ များစွာသော အကွာအဝေးပြအမှတ်သတ်မှတ်ချက်များကို အသုံးပြုခြင်းဖြင့် ရှုပ်ထွေးသော hatching schemes များ ဒီဇိုင်းရေးဆွဲနုင်စေသည်။
ကိုးကား – wiki.gis.com
hatch style
linear referencing စနစ်တွင် အကွာအဝေးပြအမှတ်အမျိုးအစားသတ်မှတ်ရာတွင်ပါဝင်သည့် hatch definitions များအတွက် သင်္ကေတများနှင့် setting များကို စနစ်တကျ စုဆောင်းထားခြင်းဖြစ်သည်။ ထို hatch styleများကို အသုံးပြုသူက ဖန်တီးထိန်းသိမ်းထားခြင်းဖြစ်သည်။ Hatch styles တို့ကို style ဖိုင်(.style) တစ်ခုတွင် သိမ်းဆည်းထားပြီး ဒေတာများစွာပါသည့် မြေပုံများတွင် အကွာအဝေးပြအမှတ်များဖြင့်ပြသရာတွင် စံသတ်မှတ်ချက်များအဖြစ် အသုံးပြုနိုင်သည်။
ကိုးကား – wiki.gis.com
hatches – အကွာအဝေးပြအမှတ်များ
linear referencing စနစ်တွင် အရာဝတ္ထုများ၏အပေါ်၌ ဖော်ပြထားသော အစဉ်လိုက်ရှိနေသည့် ဒေါင်လိုက်မျဉ်း သို့မဟုတ် အမှတ်သင်္ကေတများ ဖြစ်ပြီး ၎င်းတို့သည် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်းအတာ ယူနစ်များဖြင့် သတ်မှတ်အကွာအဝေးအရ အပိုင်းအခြားတစ်ခုစီအလိုက် ပြသပေးသည်။
ကိုးကား – wiki.gis.com
hatching
linear referencing စနစ်တွင် တိုင်းတာထားသောမျဉ်းတစ်လျှောက်ရှိ ပုံမှန်အပိုင်းအခြားတစ်ခုစီတိုင်းတွင် အကွာအဝေးပြအမှတ်များ သို့မဟုတ် သင်္ကေတများကို နေရာချ အညွှန်းတပ်ထားသော အညွှန်းတပ်ခြင်းပုံစံတစ်မျိုး ဖြစ်သည်။
ကိုးကား – wiki.gis.com
HDOP
Horizontal dilution of precision ၏ အတိုကောက်စာလုံးဖြစ်သည်။ ကောင်းကင်ရှိ GPS ဂြိုလ်တုများတည်ရှိပုံအရ ရရှိသည့် ဂြီဩမေတြီဆိုင်ရာ အရည်အသွေးကို တိုင်းတာမှု တစ်ခုဖြစ်သည်။ HDOP သည် ရေပြင်ညီ အနေအထား၏ နှိုင်ရတိကျမှုကို ဆုံးဖြတ်ရာတွင် အချက်တစ်ချက်ဖြစ်သည်။ DOP နံပါတ်ငယ်လေ၊ အရည်အသွေး ပိုကောင်းလေဖြစ်သည်။
ကိုးကား – wiki.gis.com
heading – ဦးတည်ရာအရပ်
ရွေ့လျားနေသော အရာ တစ်ခု၏ လားရာအရပ်။ သိပြီး ဦးတည်ရာ အရပ်မှ အစပြုတိုင်းတာသော ထောင့်တန်ဖိုး ဖြင့်ဖော်ပြလေ့ရှိပြီး အများအားဖြင့် မြောက်အရပ်မှ အစပြုတိုင်းတာလေ့ရှိသည်။
ကိုးကား – wiki.gis.com
heads-up digitizing
ကွန်ပြုတာမျက်နှာပြင်တွင် မြင်နေရာသည့် အရာဝတ္ထုများ ကို မောက်စ်ဖြင့် လိုက်လံဆွဲသားခြင်း digitizing လုပ်ခြင်းဖြစ်သည်။ raster data ကို vector အဖြစ်ပြောင်းခြင်းနည်းလမ်းတစ်ခုအဖြစ်အသုံးပြုသည်။
ကိုးကား – wiki.gis.com

heap
ကွန်ပြူတာ ပရိုဂရမ်ရေးဆွဲခြင်းတွင် binary tree ဒေတာတည်ဆောက်ပုံပေါ်ရှိ ကွဲလွဲမှုတစ်ခုဖြစ်ပြီး ၎င်းတွင်ပါသည့် node တစ်ခုစီ၏တန်ဖိုးသည် leaf node များ၏တန်ဖိုးထက် ပိုကြီးနေသည်။ Heap တစ်ခုတွင် ဒေတာများကို အစဉ်လိုက်ထားခြင်ဖြင့် အရာဝတ္ထုတစ်ခုအား ပုံမှန်စာရင်းတစ်ခုတွင် ရှာသည့်ထက် ပိုမိုလျင်မြန်စွာ ရှာတွေ့နိုင်သည်။
ကိုးကား – wiki.gis.com
hectare – ဟတ်တာ
စတုရန်း မီတာ ၁၀၀၀၀ နှင့်ညီသော ဧရိယာယူနစ်ဖြစ်သည်။ တစ်ဟက်တာသည် ၁၀၀ ares သို့မဟုတ် ၂.၄၇ ဧကနှင့်ညီသည်။
ကိုးကား – wiki.gis.com
height – အမြင့်
အမှတ်နှစ်ခုအကြား ထောင်လိုက်အကွာအဝေး သို့မဟုတ် ရည်ညွှန်းမျက်နှာပြင်မှ အကွာအဝေးဖြစ်သည်။
ကိုးကား – wiki.gis.com
Helmert transformation
Euclidean spaces နှစ်ခုကြားရှိ ပုံများ သို့မဟုတ် ကိုသြဒိနိတ်များကို ခြုံချဲ့ခြင်း၊ လှည့်ခြင်း သို့မဟုတ် နေရာရွှေ့ပေးသော ဂျီဩမေတြီ ပြောင်းခြင်းတစ်ခုဖြစ်သည်။ မြေပုံများကို ကိုဩဒီနိတ်စနစ်တစ်ခုမှအခြားတစ်ခုသို့ ပြောင်းလဲရန်အတွက် GIS တွင် အသုံးပြုကြသည်။ Helmert အသွင်ပြောင်းမှုတစ်ခုတွင် မျဉ်းပြိုင်များသည် ပြိုင်လျှက်ကျန်ရှိနေသည်။ မျဉ်းကြောင်းအပိုင်းတစ်ခု၏ အလယ်မှတ်သည် လည်း အလယ်မှတ်တစ်ခုအဖြစ် ကျန်ရှိနေပြီး၊ မျဉ်းဖြောင့်တစ်ခုပေါ်ရှိ အမှတ်များအားလုံးသည် မျဉ်းဖြောင့်ပေါ်တွင် ကျန်ရှိနေသည်။ Helmert အသွင်ပြောင်းခြင်းကို ဂျာမန်သင်္ချာပညာရှင်နှင့် ဘူမိဗေဒပညာရှင် Friedrich Robert Helmert (1843-1917) အားအစွဲပြု၍ အမည်ပေးထားခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
hemisphere – ကမ္ဘာခြမ်း
ကမ္ဘာ တစ်ခြမ်း သို့မဟုတ် တစ်ဝက်။
ကိုးကား – wiki.gis.com
heuristic
ကွန်ပျူတာသိပ္ပံတွင် ရှာဖွေခြင်းကဲ့သို့သော ပရိုဂရမ်မင်း ပြဿနာကို ဖြေရှင်းရန်အတွက် ဖြတ်လမ်း (shortcut) နည်းတစ်ခု သို့မဟုတ် ရိုးရှင်းအောင်လုပ်ထားသည့် (simplification) နည်းတစ်ခု ကို ထည့်သွင်းထားသည့် နည်းစနစ် (algorithm) တစ်ခုဖြစ်သည်။ Heuristic တစ်ခုသည် ပိုမိုအစွမ်းကြီးသည့် algorithm တစ်ခုထက် မြန်ဆန်စွာ လုပ်ဆောင်နိုင်သော်လည်း အကောင်းဆုံးဖြေရှင်းချက်ကို ရှာတွေ့မည်ဟု အာမခံချက်မရှိပါ။
ကိုးကား – wiki.gis.com
hexadecimal – ဆယ့်ခြောက်ဂဏန်းစနစ်
၁၆ အခြေခံ သည့် ကိန်းဂဏန်းစနစ်တစ်ခုဖြစ်သည်။ ပုံမှန်အားဖြင့် ဂဏန်း သုည (၀) မှ ၉ နှင့် အက္ခရာ မှာ အေ A မှ F သို့မဟုတ် a မှ f အထိပါဝင်သည်။
ကိုးကား – wiki.gis.com
| ဆယ်ဂဏန်းစနစ် | 0 | 1 | 2 | 3 | 4 | 5 | 6 | 7 | 8 | 9 | 10 | 11 | 12 | 13 | 14 | 15 | 16 | 17 | 18 | 19 | 20 |
| ဆယ့်ခြောက် ဂဏန်းစနစ် | 0 | 1 | 2 | 3 | 4 | 5 | 6 | 7 | 8 | 9 | A | B | C | D | E | F | 10 | 11 | 12 | 13 | 14 |
hierarchical database
ခက်ဖြာပုံစံ(tree)ဖွဲ့စည်းမှုစနစ်ဖြင့် အချက်အလက်များကို သိမ်းဆည်းထားသော ဒေတာဘေ့စ်တစ်ခုဖြစ်သည်။ သိမ်းဆည်းထားသည့်မှတ်တမ်းများ ၏ အထက်ရှိ(parent)မှတ်တမ်းများကို ခြေရာခံရှာဖွေနိုင်သကဲ့သို ထိုမှဆက်ပြီး မူလပင်မ(root)မှတ်တမ်းအထိ ခြေရာခံရှာဖွေနိုင်သည်။
ကိုးကား – wiki.gis.com
hierarchy – ထက်အောက်စနစ်
ကွန်ရက် dataset တစ်ခုထဲရှိ ကွန်ရက် element တစ်ခုအတွက် ကွန်ရက်အချက်အလက်အမျိုးအစားတစ်ခု ဖြစ်သည်။ ကွန်ရက်ခွဲခြမ်းစိတ်ဖြာမှုလုပ်ရာတွင် ကွန်ရက် အစိတ်အပိုင်း element တစ်ခုအား ဦးစားပေးအဖြစ်သတ်မှတ်ရန် Hierarchy အား အသုံးပြုနိုင်သည်။ ဥပမာအားဖြင့် လမ်းကွန်ရက် dataset တစ်ခုတွင် ဒေသတွင်းလမ်းများအစား အဓိကလမ်းမကြီးများအား ဦးစားပေးသတ်မှတ်ရန် “လမ်းအမျိုးအစား” hierarchy တစ်ခု သတ်မှတ်ပေးနိုင်သည်။
ကိုးကား – wiki.gis.com
High Accuracy Reference Network
HARN ဟု အတိုကောက်သုံးသည်။ GPS နည်းပညာများကို အသုံးပြု၍ NAD 1983 ၏ ဒေသဆိုင်ရာ သို့မဟုတ် ပြည်နယ်အနှံ့ ပြန်လည်တိုင်းတာခြင်းနှင့်ထိန်းချုပ်အမှတ်များကို ပြန်လည်ပြင်ဆင်ခြင်း။ ပြန်လည်တိုင်းတာသောရက်စွဲကို datum အမည်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် ထည့်သွင်းဖော်ပြလေ့ရှိသည် – NAD 1983 (1991) သို့မဟုတ် NAD91။
ကိုးကား – wiki.gis.com
High Precision Geodetic Network
GPS နည်းပညာများကို အသုံးပြု၍ NAD 1983 ၏ ဒေသဆိုင်ရာ သို့မဟုတ် ပြည်နယ်အနှံ့ ပြန်လည်တိုင်းတာခြင်းနှင့်ထိန်းချုပ်အမှတ်များကို ပြန်လည်ပြင်ဆင်ခြင်း။ ပြန်လည်တိုင်းတာသောရက်စွဲကို datum အမည်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် ထည့်သွင်းဖော်ပြလေ့ရှိသည် – NAD 1983 (1991) သို့မဟုတ် NAD91။
ကိုးကား – wiki.gis.com
high-level language
လူတို့၏ဘာသာစကား(human language) သို့မဟုတ် သင်္ချာဆိုင်ရာ အသုံးအနှုန်းများနှင့် ဆင်တူသော ဖော်ပြချက်များနှင့် keywordများကိုသာ အသုံးပြုသော ကွန်ပြူတာဘာသာစကား programming languageတစ်ခုဖြစ်သည်။ ထို့ကြောင့် လူများအတွက် နားလည်အသုံးပြုရန် ပိုမိုလွယ်ကူစေသည်။ Memory access နှင့် register storageများကဲ့သို့ developer များအာရုံစိုက်လုပ်ဆောင်ရသည့် low-level processor function များကိုလွယ်ကူအောင် လုပ်ပေးသည့်အတွက် high-level language ဟုအမည်ပေးထားခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
high-pass filter
ပုံရိပ်တွက်ချက်မှုပြုလုပ်ရာတွင် ကြိမ်နှုံးနိမ့်တန်ဖိုးများ (ခြားနားချက်နည်းသည့် ဆဲလ်တန်ဖိုးများ) ကို စစ်ကာ ပံရိပ်ကို ပြတ်သားစေသည့် ပုံရိပ်-ဇကာစစ်တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
hillshading – အရိပ်ဖန်တီးခြင်း
နိမ့်မြင့်မြေမျက်နှာပြင်တစ်ခုပေါ်သို့ နေရောင်ကျရောက်သည့်အခါဖြစ်လာသည့် အရိပ်များကဲ့သို့ မြေပုံပေါ်တွင် ရေးဆွဲထားသည့် အရိပ်များ။
ကိုးကား – wiki.gis.com

histogram – ဟစ်စတိုဂရမ်
တန်ဖိုးများပြန့်နှံ့ပုံကိုပြသည့် ဂရပ်တစ်ခုဖြစ်သည်။ တန်ဖိုးတစ်ခုခြင်းကို ရေပြင်ညီဝန်းရိုးတွင်ပြပြီး အကြိမ်အရေအတွက်ကို ထောင်လိုက်ဝန်ရိုးဖြင့်ပြသပေးသည်။
ကိုးကား – wiki.gis.com

histogram equalization
ရုပ်ပုံတစ်ပုံ၏ pixel များကို ပိုင်းရာတွင် အပိုင်းအခြားတိုင်းတွင် pixel အရေအတွက်တူညီစွာ ရှိနေစေရန် ပြုလုပ်ပေးသည့်နည်းဖြစ်သည်။ တန်ဖိုးများပြန့်နှံ့ပုံကိုပြသည့် ဟစ်စတိုဂရမ်တစ်ခုသည် ခပ်ပြားပြားပုံ ဖြစ်လိမ့်မည်။
ကိုးကား – wiki.gis.com
historic parcel
Survey Analyst – Cadastral Editor တွင် မြေတိုင်းတာချက်တွင် ပြောင်းလဲမှုရှိသောကြောင့် ကွက်ခွဲများပိုင်းခြားခြင်း၊ ပေါင်းစည်းခြင်း သို့မဟုတ် အခြားသောနည်းလမ်းများဖြင့် ပြုလုပ်ထားသော မြေကွက်သစ်တစ်ခုဖြင့် အစားထိုးခံရသည့် မြေကွက်တစ်ကွက် ဖြစ်သည်။
ကိုးကား – wiki.gis.com
historical marker
ArcMap တွင် အချိန်နှင့်ရက်စွဲအား မှတ်တမ်းတင်ရန် အသုံးပြုသူမှဖန်တီးထားသော ရည်ညွှန်းချက်တစ်ခုဖြစ်သည်။ ချိတ်ဆက်လိုသည့် ယခင်ဗားရှင်းတစ်ခု၏ အချိန်နှင့်နေ့ရက်အတိအကျကို Historical markers များအား အသုံးပြုခြင်းဖြင့် အလွယ်တကူ ချိတ်ဆက်နိုင်သည်။
ကိုးကား – wiki.gis.com
historical version
ArcMap တွင် အသုံးပြုသူတစ်ဦးသည် historical marker တစ်ခုဖြင့်သော်လည်းကောင်း သီးခြားရက်စွဲနှင့် အချိန်ကို ညွှန်ပြခြင်းအားဖြင့် ချိတ်ဆက်ပေးသည့် ဗားရှင်းတစ်ခုဖြစ်သည်။ ချိတ်ဆက်ပြီးသည်နှင့် ဗားရှင်းသည် ရွေးချယ်ထားသည့်အချိန်မှာရှိခဲ့သည့် geodatabase ကို ကြည်ရုံသက်သက် မြင်ကွင်းကို ပြပေးပါသည်။
ကိုးကား – wiki.gis.com
history model
အပ်ပလီကေးရှင်းအား ပိတ်လိုက်သောအခါ အသုံးပြုခဲ့သည့်အချိန်အပိုင်းတစ်ခုချင်းစီအတွက် အသုံးပြုခဲ့သော ကိရိယာများနှင့် ကြိုတင်ထည့်သွင်းတန်ဖိုးများကို မှတ်တမ်းတင်ထားရန်အတွက် ဖန်တီးထားသော၊ ရက်စွဲနှင့်တကွ သိမ်းဆည်းထားသည့် မော်ဒယ်တစ်ခုဖြစ်သည်။ history model သည် History toolbox အတွင်း ပါဝင်ပြီး အပ်ပလီကေးရှင်း ပြန်ဖွင့်သည့်အခါ မြင်နိုင်ပါသည်။
ကိုးကား – wiki.gis.com
hole
မူလပုံပါရင်းမြစ်စာရွက်စာတမ်း၏ အရည်အသွေးညံ့ဖျင်းခြင်းကြောင့် သို့မဟုတ် စကင်န်ဖတ်ခြင်းလုပ်ငန်းစဉ်ကြောင့် ဖြစ်ပေါ်လာသော အမှားအယွင်းတစ်ခုအဖြစ် မှတ်ယူလေ့ရှိသည့် raster မျဉ်းပေါ်ရှိ သေးငယ်သော လွတ်နေသော နေရာတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
honor
Network datasetများတွင် အသုံးပြုသူမှ သတ်မှတ်ထားသော အစွန်းများချိတ်ဆက်ရန် မူဝါဒအပေါ် အခြေခံ၍ ဆုံမှတ်များသည် အခြားသောဆုံမှတ်များနှင့် ချိတ်ဆက်ပေးသော ဆုံမှတ်များချိတ်ဆက်ရန် မူဝါဒတစ်မျိုးဖြစ်သည်၊ ဆုံမှတ်များသည် လက်ရှိ အစွန်းများချိတ်ဆက်မှု မူဝါဒအား အသုံးပြု။
ကိုးကား – wiki.gis.com
horizon
ကောင်းကင်နှင့် မြေကြီးထိစပ်သယောင်ထင်ရသည့် အစပ် (ဝါ) မိုးကုတ်စက်ဝိုင်း။
ကိုးကား – wiki.gis.com
horizon circle
အဇ္ဇမတ် မြေပုံအရိပ်ချစနစ်တွင် ဗဟိုမှတ်မှ အကွာအဝေးတူ အမှတ်များပါဝင်နေသည့်စက်ဝိုင်း။
ကိုးကား – wiki.gis.com
horizontal angle
ပြင်ညီမျက်နှာပြင် ပေါ်ရှိ မျဉ်းနှစ်ကြောင်းဆုံပြီးဖြစ်လာသည့်ထောင့်။
ကိုးကား – wiki.gis.com
horizontal control – ပြင်ညီထိန်းချုပ်မှတ်
ပြင်ညီ ကိုဩဒီနိတ်တန်ဖိုးများသိပြီးဖြစ်သည့် အမှတ်များပါသည့် ကွန်ယက်ဖြစ်သည်။ ကိုဩဒီနိတ်များသည် လတ်-လောင် သို့မဟုတ် x, y ကိုဩဒီနိတ်များ ဖြစ်သည်။
ကိုးကား – wiki.gis.com
horizontal control datum – ပြင်ညီထိန်းချုပ် ရည်ညွှန်းမျက်နှာပြင်
တည်နေရာများ အကြီးစားတိုင်းတာမှု့စနစ်အတွက် ဘူမိပမာဏရည်ညွှန်းမျက်နှာပြင်ဖြစ်သည်။ အများအားဖြင့် တည်နေရာများကို ကမ္ဘာမြေမျက်နှာပြင်ပေါ်တွင် လတ္တီကျု-လောင်ဂျီကျု ကိုဩဒီနိတ်များဖြင့် ဖော်ပြသည်။ ပြင်ညီဘူမိပမာဏရည်ညွှန်းမျက်နှာပြင်တစ်ခုသည် ဒေသအဆင့် (local) သို့မဟုတ် ကမ္ဘာ့ဗဟိုချက်နှင့်တစ်ထပ်တည်းကျ (geocentric) လည်း ဖြစ်နိုင်ပါသည်။ ပြင်ညီဘူမိပမာဏရည်ညွှန်းမျက်နှာပြင်တစ်ခုသည် local ဖြစ်လျှင်၊ ၎င်းသည် ကမ္ဘာအရွယ်ကို ကိုယ်စားပြုသည့် အီလစ်ဆွိုက်/ဘဲဥပုံစက်လုံး၏ အရွယ်အစားနှင့် ပုံသဏ္ဍာန်၊ အီလစ်ဆွိုက်မျက်နှာပြင်ပေါ်ရှိ အစမှတ်တည်နေရာ၊ အီလစ်ဆွိုက်နှင့် x,y,z ဝန်းရိုးတို့ ၏နှိုင်းရဦးတည်ချက်အရပ်မျက်နှာတို့ကို သတ်မှတ်ရပါသည်။ ကမ္ဘာ့ဗဟိုချက်နှင့်တစ်ထပ်တည်းကျ (geocentric) ဖြစ်လျင် အီလစ်ဆွိုက်/ဘဲဥပုံစက်လုံး၏ အရွယ်အစားနှင့် ပုံသဏ္ဍာန်၊ x,y,z ဝန်းရိုးတို့ အစမှတ်တည်နေရာ ကမ္ဘာ့ဗဟိုနေရာ တို့ကိုသတ်မှတ်ပေးရသည်။ ဥပမာ – local horizontal geodetic ဒေတမ်တွင် မြောက်အမေရိကန် ဒေတမ် (၁၉၂၇ )၊ ဥရောပဒေတမ်(၁၉၅၀) နှင့် အိန္ဒိယဒေတမ်(၁၉၆၀) တို့ပါဝင်သည်ပြီး geocentric horizontal geodetic ဒေတမ်တွင် မြောက်အမေရိကန် ဒေတမ် (၁၉၈၃ ) နှင့် World Geodetic System (၁၉၈၄)တို့ပါဝင်ကြပါသည်။
ကိုးကား – wiki.gis.com
horizontal datum – ပြင်ညီရည်ညွှန်းမျက်နှာပြင်
တည်နေရာများ အကြီးစားတိုင်းတာမှု့စနစ်အတွက် ဘူမိပမာဏရည်ညွှန်းမျက်နှာပြင်ဖြစ်သည်။ အများအားဖြင့် တည်နေရာများကို ကမ္ဘာမြေမျက်နှာပြင်ပေါ်တွင် လတ္တီကျု-လောင်ဂျီကျု ကိုဩဒီနိတ်များဖြင့် ဖော်ပြသည်။ ပြင်ညီဘူမိပမာဏရည်ညွှန်းမျက်နှာပြင်တစ်ခုသည် ဒေသအဆင့် (local) သို့မဟုတ် ကမ္ဘာ့ဗဟိုချက်နှင့်တစ်ထပ်တည်းကျ (geocentric) လည်း ဖြစ်နိုင်ပါသည်။ ပြင်ညီဘူမိပမာဏရည်ညွှန်းမျက်နှာပြင်တစ်ခုသည် local ဖြစ်လျှင်၊ ၎င်းသည် ကမ္ဘာအရွယ်ကို ကိုယ်စားပြုသည့် အီလစ်ဆွိုက်/ဘဲဥပုံစက်လုံး၏ အရွယ်အစားနှင့် ပုံသဏ္ဍာန်၊ အီလစ်ဆွိုက်မျက်နှာပြင်ပေါ်ရှိ အစမှတ်တည်နေရာ၊ အီလစ်ဆွိုက်နှင့် x,y,z ဝန်းရိုးတို့ ၏နှိုင်းရဦးတည်ချက်အရပ်မျက်နှာတို့ကို သတ်မှတ်ရပါသည်။ ကမ္ဘာ့ဗဟိုချက်နှင့်တစ်ထပ်တည်းကျ (geocentric) ဖြစ်လျင် အီလစ်ဆွိုက်/ဘဲဥပုံစက်လုံး၏ အရွယ်အစားနှင့် ပုံသဏ္ဍာန်၊ x,y,z ဝန်းရိုးတို့ အစမှတ်တည်နေရာ ကမ္ဘာ့ဗဟိုနေရာ တို့ကိုသတ်မှတ်ပေးရသည်။ဥပမာ local horizontal geodetic ဒေတမ်တွင် မြောက်အမေရိကန် ဒေတမ် (၁၉၂၇ )၊ ဥရောပဒေတမ်(၁၉၅၀) နှင့် အိန္ဒိယဒေတမ်(၁၉၆၀) တို့ပါဝင်သည်ပြီး geocentric horizontal geodetic ဒေတမ်တွင် မြောက်အမေရိကန် ဒေတမ် (၁၉၈၃ ) နှင့် World Geodetic System (၁၉၈၄)တို့ပါဝင်ကြပါသည်။
ကိုးကား – wiki.gis.com
horizontal dilution of precision
HDOP ဟုအတိုကောက်သုံးသည်။ ကောင်းကင်ရှိ GPS ဂြိုလ်တုများတည်ရှိပုံအရ ရရှိသည့် ဂြီဩမေတြီဆိုင်ရာအရည်အသွေးကို တိုင်းတာမှု တစ်ခုဖြစ်သည်။ HDOP သည် ရေပြင်ညီ အနေအထား၏ နှိုင်ရတိကျမှုကို ဆုံးဖြတ်ရာတွင် အချက်တစ်ချက်ဖြစ်သည်။ DOP နံပါတ်ငယ်လေ၊ အရည်အသွေး ပိုကောင်းလေဖြစ်သည်။
ကိုးကား – wiki.gis.com
horizontal geodetic datum – ရေပြင်ညီဘူမိပမာဏရည်ညွှန်းမျက်နှာပြင်
တည်နေရာ အကြီးစားတိုင်းတာမှု့စနစ်သုံး ဘူမိပမာဏရည်ညွှန်းမျက်နှာပြင်ဖြစ်သည်။ အများအားဖြင့် တည်နေရာများကို ကမ္ဘာမြေမျက်နှာပြင်ပေါ်တွင် လတ္တီကျု-လောင်ဂျီကျု ကိုဩဒီနိတ်များဖြင့် ဖော်ပြသည်။ ရေပြင်ညီဘူမိပမာဏရည်ညွှန်းမျက်နှာပြင်တစ်ခုသည် ဒေသအဆင့် (local) မျက်နှာပြင် သို့မဟုတ် ကမ္ဘာ့ဗဟိုချက်တွင်ထိုင်သည့် (geocentric) မျက်နှာပြင် တစ်ခုလည်း ဖြစ်နိုင်ပါသည်။ ရေပြင်ညီဘူမိပမာဏရည်ညွှန်းမျက်နှာပြင်တစ်ခုသည်ဒေသအဆင့် (local) မျက်နှာပြင် ဖြစ်လျှင် ကမ္ဘာအရွယ်ကို ကိုယ်စားပြုသည့် အီလစ်ဆွိုက်/ဘဲဥပုံစက်လုံး ၏ အရွယ်အစားနှင့် ပုံသဏ္ဍာန်၊ မျက်နှာပြင်ပေါ်ရှိ မူလမှတ် (origin) တည်နေရာ၊ x,y,z ဝန်းရိုးတို့ ၏နှိုင်းရဦးတည်ချက်အရပ်မျက်နှာတို့ကို သတ်မှတ်ပေးရပါသည်။ ကမ္ဘာ့ဗဟိုချက်တွင်ထိုင်သည့် (geocentric)မျက်နှာပြင် ဖြစ်လျင် အီလစ်ဆွိုက်/ဘဲဥပုံစက်လုံး၏ အရွယ်အစားနှင့် ပုံသဏ္ဍာန်၊ x,y,z ဝန်းရိုးတို့ အစမှတ်တည်နေရာ ဗဟိုနေရာ တို့ကိုသတ်မှတ်ပေးရသည်။ဥပမာ local horizontal geodetic ဒေတမ်တွင် မြောက်အမေရိကန် ဒေတမ် (၁၉၂၇ )၊ ဥရောပဒေတမ်(၁၉၅၀) နှင့် အိန္ဒိယဒေတမ်(၁၉၆၀) တို့ပါဝင်သည်ပြီး geocentric horizontal geodetic ဒေတမ်တွင် မြောက်အမေရိကန် ဒေတမ် (၁၉၈၃ ) နှင့် World Geodetic System (၁၉၈၄)တို့ပါဝင်ကြပါသည်။
ကိုးကား – wiki.gis.com
host
ကွန်ပျူတာကွန်ရက်တစ်ခုတွင် အခြားကွန်ပျူတာများက ဝင်ရောက်ကြည့်ရှုအသုံးပြုနိုင်သော အချက်အလက်များရှိသည့် ကွန်ပျူတာတစ်လုံး။
ကိုးကား – wiki.gis.com
hot link
ArcView 3.xတွင် မြင်ကွင်းတစ်ခုရှိ အရာ/အရာဝတ္ထုတစ်ခုနှင့် ပြင်ပဖိုင်များကို ဆက်စပ်ချိတ်ပေးသော Tool တစ်ခု။ Hot Link tool ဖြင့်၊ မြင်ကွင်းတစ်ခုမှ အရာ/အရာဝတ္ထုတစ်ခုကို သုံးစွဲသူတစ်ဦး click နှိပ်လိုက်သောအခါ ပုံရိပ်တစ်ခု၊ စာသားဖိုင်၊ ArcView document သို့မဟုတ် project တစ်ခုကို ဖန်သားပြင်ပေါ်တွင် ပြသပေးသည်။
ကိုးကား – wiki.gis.com
HPGN
High Accuracy Reference Network ၏ အတိုကောက်စာလုံးဖြစ်သည်။ GPS နည်းပညာများကို အသုံးပြု၍ NAD 1983 ၏ ဒေသဆိုင်ရာ သို့မဟုတ် ပြည်နယ်အနှံ့ ပြန်လည်တိုင်းတာခြင်းနှင့်ထိန်းချုပ်အမှတ်များကို ပြန်လည်ပြင်ဆင်ခြင်း။ ပြန်လည်တိုင်းတာသောရက်စွဲကို datum အမည်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် ထည့်သွင်းဖော်ပြလေ့ရှိသည် – NAD 1983 (1991) သို့မဟုတ် NAD91။
ကိုးကား – wiki.gis.com
HTML
Hypertext Markup Language ၏ အတိုကောက်စာလုံးဖြစ်သည်။ ဝက်ဘ်စာမျက်နှာများဖန်တီးရန်အသုံးပြုလေ့ရှိသော markup ဘာသာစကားတစ်မျိုးဖြစ်သည်။ HTML သည် document ထဲရှိ စာသားများ၊ ပုံများ၊ အသံနှင့် ဗီဒီယိုများ၏ လုပ်ဆောင်ချက်ကို သတ်မှတ်ပေးသော tag စနစ် တစ်ခုဖြစ်ပါသည်။ ယခုအခါ HTML သည် ကမ္ဘာလုံးဆိုင်ရာဝက်ဘ်လုပ်ငန်းစု(World Wide Web Consortium) မှ ထိန်းသိမ်းထားသော အင်တာနက်စံချိန်စံညွှန်း တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
HTML document
HTML tags များဖြင့် ပုံစံချထားသည့် ကွန်ပျူတာဖိုင်တစ်ခုဖြစ်သည်။ ထို့ကြောင့် ၎င်းအား Web browser တစ်ခုတွင် ကြည့်ရှုနိုင်ပြီး World Wide Web သို့လွှတ်တင်နိုင်မည်ဖြစ်သည်။ HTML document တစ်ခုတွင် စာသား၊ ရုပ်ပုံများ၊ အသံ၊ ဗီဒီယိုနှင့် အခြားသော မီဒီယာအစိတ်အပိုင်းများကို ပေါင်းစပ်နိုင်သည်။ ထူးခြားချက်အနေဖြင့် ၎င်းတွင် hypertext links ဟုခေါ်သော အခြားသော HTML document များကိုရည်ညွှန်းချက်မှုများပါဝင်သည်။ ဤလင့်ခ်များသည် Web browser တစ်ခုထဲရှိ document တစ်ခုအား ကြည့်ရှုနေသူအား ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆိုရှိနိင်သည့် အခြားသော documents များကိုဖွင့်ရန် မောက်စ်ကို အသုံးပြု၍ ထိုလင့်ခ်ကိုနှိပ်ခြင်းဖြင့် လုပ်ဆောင်နိုင်သည်။
ကိုးကား – wiki.gis.com
HTML viewer
ArcMap ပုံတစ်ပုံ သို့မဟုတ် စံသတ်မှတ်ထားသောimage service ကို အသုံးပြုသော ArcIMS viewer တစ်ခုဖြစ်သည်။ HTML viewer တွင် Java plug-in မလိုအပ်ပါ။
ကိုးကား – wiki.gis.com
HTTP
Hypertext Transfer Protocol ၏ အတိုကောက်စာလုံးဖြစ်သည်။ အင်တာနက်မှတဆင့် HTML document များကို အပြန်အလှန်ပိုရန် ဆာဗာနှင့် အသုံးပြုသူ(client)ကြား ဆက်သွယ်ရာတွင်အသုံးပြုသည့် သတ်မှတ်ချက်(protocol)များဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ဝက်ဘ်လုပ်ငန်းစု (World Wide Web Consortium )မှ၎င်းကို ထိမ်းသိမ်းစောင့်ရှောက်ထားသည်။
ကိုးကား – wiki.gis.com
HTTPS
Hypertext Transfer Protocol (Secure) ၏ အတိုကောက်စာလုံးဖြစ်သည်။ လုံခြုံရေးစနစ်တစ်ခုဖြင့် ပိုကောင်းအောင်ပြုလုပ်ထားသည့် HTTP ၏ မူကွဲတစ်မျိုး။ ၎င်းသည်က မ္ဘာလုံးဆိုင်ရာ ဝက်ဘ် (World Wide Web) ကွန်ယက်ပေါ်တွင် e-commerce နှင့် အချက်အလက်များမျှဝေခြင်းကဲ့သို့သော လုပ်ငန်းများကို လုံခြုံစိတ်ချရသည့်နည်းလမ်းဖြင့် ပြုလုပ်နိုင်စေသည်။
ကိုးကား – wiki.gis.com
hub
ကုန်ပစ္စည်းများပို့ဆောင်ရမည့်နေရာများသို့ လမ်းကြောင်းပြရန်အတွက် ရှိသည့် ဗဟိုကွန်ရက်ဆုံမှတ်တစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
hue
အရောင်တစ်ခု၏ ထင်ရှားသော/လွှမ်းမိုးသောလှိုင်းအလျား ဖြစ်ပြီး ၎င်းဖြင့် အနီ၊ အစိမ်း၊ အဝါ၊ အပြာ စသည်ဖြင့် အရောင်များ ခွဲခြားနိုင်သည်။
ကိုးကား – wiki.gis.com
human geography
လူတို့၏ဘဝနှင့်ဆိုင်သော လှူမှုရေး၊ယဉ်ကျေးမှုနှင့် နိုင်ငံရေးကဏ္ဍများ၏ ဖြန့်ကျက်တည်ရှိမှုကို လေ့လာသော ပထဝီဝင်ဘာသာရပ်ခွဲ တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
hydrographic datum
ရေအနက်၊ ရေအနက်ပြကွန်တို နှင့် ကမ်းနီးနှင့် ကမ်းလွန် အရာဝတ္ထုအမှတ်အသားများ ၏ အနိမ့်အမြင့်များအတွက် ကိုးကား/ရည်းညွှန်းမျက်နှာပြင်။
ကိုးကား – wiki.gis.com
hydrographic survey
ရေထုဆိုင်ရာ တိုင်းတာခြင်း။ အထူးသဖြင့် ရေစီးကြောင်း၊ ရေအတိမ်အနက်၊ ပင်လယ်သမုဒ္ဒရာထဲရှိ အနိမ့်အမြင့် ကွဲပြားခြားနားမှုများ၊ ကျွန်းစုများ စသည်တို့ကို တိုင်းတာခြင်း။
ကိုးကား – wiki.gis.com
hydrography
ဘေးကင်းလုံခြုံမှုရှိသော ပင်လယ်ရေကြောင်းသွားလာရေးအတွက် ရေ/ရေနှင့်ဆိုင်သော လက္ခဏာအမှတ်အသားများ၊ ၎င်းတို့နှင့် ဆက်စပ်နေသော ကုန်းမြေနေရာများကို တိုင်းတာမှု့များနှင့် ဖော်ပြချက်ဆိုင်ရာ ပညာရပ်။
ကိုးကား – wiki.gis.com
hydrologic cycle – ရေသံသရာလည်ပုံ
လေထုနှင့် ကမ္ဘာမြေတို့အကြား အပြန်အလှန် ရေစီးဆင်းလှည့်ပတ်နေမှုအခြေအနေ ဖြစ်သည်။ အဓိက အဆင့်များမှာ ရေငွေ့ပျံခြင်း၊ ငွေ့ရည်ဖွဲ့ခြင်း၊ မိုးရွာခြင်း၊ စီးဆင်းခြင်း (မြင့်ရာမှနိမ့်ရာသို့)၊ ပင်ငွေ့ပျံခြင်း၊ မြေကြီးထဲသို့စိမ့်ဝင်ခြင်း နှင့် မြေအောက်ရေအဖြစ်စီးဆင်းခြင်းတို့ဖြစ်သည်။
ကိုးကား – wiki.gis.com
hydrology – ဇလဗေဒ
လေထုအတွင်းနှင့်မြေပေါ်မြေအောက်သို့ ရေဖြတ်သန်းစီးဆင်းသွားလာမှု၊ ရေ၏ သဘာဝအခြေအနေ နှင့် လှုပ်ရှားမှုတို့ကို လေ့လာသည့်ပညာရပ် ဖြစ်သည်။
ကိုးကား – wiki.gis.com
hyperlink
အီလက်ထရောနစ် document တစ်ခုထဲရှိ အချက်အလက်တစ်ခုမှ အဆိုပါ တူညီသော document (ရည်ရွယ်ထားသော document)၌ရှိသော အခြားတစ်နေရာသို့သော်လည်းကောင်း အခြားသောစာရွက်စာတမ်း documentသို့ သော်လည်းကောင်း ရည်ညွှန်းသော လင့်ခ်။ အဆိုပါလင့်ခ်အား အသင့် (activate) ဖြစ်အောင်လုပ်ပြီးသောအခါ မောက်စ်ဖြင့် ကလစ်နှိပ်လိုက်ပါက browser သည် ၎င်းလင့်ခ် ကချိတ်ဆက်ထားသော document အား ပြသပေးမည်ဖြစ်သည်။
ကိုးကား – wiki.gis.com
Hypertext Markup Language
အင်တာနာပေါ်တွင် ဝက်ဘ်စာမျက်နှာများဖန်တီးရန်အသုံးပြုလေ့ရှိသော markup ဘာသာစကားတစ်မျိုးဖြစ်သည်။ HTML သည် document ထဲရှိ စာသားများ၊ ပုံများ၊ အသံနှင့် ဗီဒီယိုများ၏ လုပ်ဆောင်ချက်ကို သတ်မှတ်ပေးသော tag စနစ် တစ်ခုဖြစ်ပါသည်။ ယခုအခါ HTML သည် ကမ္ဘာလုံးဆိုင်ရာဝက်ဘ်လုပ်ငန်းစု(World Wide Web Consortium )မှ ထိန်းသိမ်းထားသော အင်တာနက်စံချိန်စံညွှန်း တစ်ခုဖြစ်သည်။
Hypertext Transfer Protocol – Hypertext လွှဲပြောင်းခြင်းဆိုင်ရာ ပရိုတိုကော
အင်တာနက်ကိုဖြတ်၍ HTML document များကို လွှဲပြောင်းရန် ဆာဗာနှင့် အသုံးပြုသူ(client)ကြား ဆက်သွယ်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာဝက်ဘ်လုပ်ငန်းစု(World Wide Web Consortium )မှ ထိန်းသိမ်းထားသည့် သတ်မှတ်ချက်(protocol)များဖြစ်သည်။
ကိုးကား – wiki.gis.com
hypsography
ကမ္ဘာ၏ မြေမျက်နှာသွင်ပြင်နှင့် အနိမ့်/အမြင့်ကို လေ့လာ တင်ပြသသည့် ပညာရပ်ဖြစ်သည်။
ကိုးကား – wiki.gis.com
hypsometric curve – မျဉ်းကွေး
မြေပြင်အနေအထားတစ်ခု၏ အမြင့်နှင့်ဧရိယာဆက်နွှယ်မှုကို ပြသသည့် မျဉ်းကွေးဖြစ်သည်။ Hypsometric Curve ကို ဂရပ်ဖြင့်ဖော်ပြလေ့ရှိပြီး X ဝန်ရိုးသည် မြေမျက်နှာပြင်ဧရိယာကိုပြကာ Y ဝန်ရိုးသည် ဒေတမ်တစ်ခု (များသောအားဖြင့် ပင်လယ်ရေမျက်နှာပြင်)၏ အထက်သို့မဟုတ်အောက်ရှိ အမြင့်ကို ပြသည်။ မျဉ်းကွေးသည် မှတ်သားထားသည့် အမြင့်ကွာဟချက်များ၏ အထက်နှင့်အောက်တွင် ဧရိယာမည်မျှရှိသည်ကို ပြသသည်။
ကိုးကား – wiki.gis.com

hypsometric map – hypsometric မြေပုံ
ကွန်တိုမျဉ်းများ၊ လျှောစောက်ပြသင်္ကေတ များဖြင့်သော်လည်းကောင်း အလင်းအမှောင်အရိပ်များဖြင့်သော်လည်းကောင်း၊ အရောင်အနုအရင့်ဖြင့်သော်လည်းကောင်း ပြသသော မြေအနိမ့်အမြင့်ပြမြေပုံတစ်ပုံ။
ကိုးကား – wiki.gis.com
hypsometric tinting
မြေအနိမ့်အမြင့် သို့မဟုတ် အတိမ်အနက်ကို အရောင်အနုအရင့်ခြယ်ပြီး ဖော်ပြခြင်းဖြစ်သည်။ များသောအားဖြင့် ကွန်တိုမျဉ်းများအကြားတွင် အရောင်ခြယ်ခြင်းဖြစ်ပြီး အရောင်တစ်မျိုးစီသည် အနိမ့်အမြင့်အတန်းအစားတစ်ခုစီကို ကိုယ်စားပြုသည်။
ကိုးကား – wiki.gis.com

hypsometry
သတ်မှတ်ဒေတမ်တစ်ခု (များသောအားဖြင့် ပင်လယ်ရေမျက်နှာပြင်) အထက်ရှိ အနိမ့်အမြင့်နေရာမျာ တည်ရှိပြန့်နှံ့မှုအခြေအနေကိုလေ့လာသော သိပ္ပံပညာဖြစ်သည်။
