ICAO – နိုင်ငံတကာ အရပ်ဖက်လေကြောင်းအဖွဲ့အစည်း
International Civil Aviation Organization ၏အတိုကောက်အသုံးဖြစ်သည်။ လေကြောင်းပျံသန်းမှုဆိုင်ရာ စည်းကမ်းများ၊ စည်းမျဉ်းများ နှင့် လိုအပ်ချက်များ ကို စံသတ်မှတ်ပေးရန်အတွက် နိုင်ငံအများ အဖွဲ့ဝင်အဖြစ်ပါဝင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
ID
အရာဝတ္ထုတစ်ခု နှင့် ချိတ်ဆက်ထားသည့် စာသားနှင့် ဂဏန်းများပါသည့် တစ်ခုတည်းသော အတွဲ။
ကိုးကား – wiki.gis.com
IDE
integrated development environment ၏အတိုကောက်အသုံးဖြစ်သည်။ ဆော့ဝဲ ရေးဆွဲရာတွင် ကွန်ပြုတာ နှင့် ဝက် အပ်ပလီကေးရှင်းများ ဖန်တီးရန်အတွက် အသုံးပြုသည့် ဆော့ဝဲ ရေးဆွဲတည်ဆောက်သည့် ကိရိယာတစ်ခုဖြစ်သည်။ IDE များတွင် အသုံးပြုသူအတွက် ရှေ့ထွက်မြင်ကွင်းဒီဇိုင်း နှင့် နေရာချထားခြင်း ကရိယာများ ကို ကုဒ်ရေးခြင်းကရိယာများ၊ အမှားများစစ်ဆေးရှာဖွေရေးကရိယာများနှင့်အတူပေါင်းစပ်ထည့်သွင်းထားသည်။
ကိုးကား – wiki.gis.com

identifier
အရာဝတ္ထုတစ်ခု နှင့် ချိတ်ဆက်ထားသည့် စာသားနှင့် ဂဏန်းများပါသည့် တစ်ခုတည်းသော အတွဲ။
ကိုးကား – wiki.gis.com
identify
ArcGIS တွင် အရာဝတ္ထုပေါ်တွင် မောက်စ်ဖြင့် နှိပ်ပေးချိန်တွင် ယင်းအရာဝတ္ထု၏ အချက်အလက်များကို ဖော်ပြပေးသည့် ကရိယာဖြစ်သည်။
ကိုးကား – wiki.gis.com
identity
Geoprocessing တွင် datasetsနှစ်ခု၏ ဂျီဩမေတြီဆုံချက်ကို တွက်ချက်သည့် ဆက်စပ်တည်ရှိပုံဆိုင်ရာ လွှာထပ်လုပ်ဆောင်ချက် (overlay ဖြစ်သည်။ ရလဒ် dataset သည် ပထမdataset၏ အရာဝတ္ထုများအားလုံးပါသည့်အပြင် ပထမတစ်ခုနှင့် ထပ်နေသော ဒုတိယ (ဗဟုဂံ) dataset၏ ထပ်နေသောအပိုင်းများလည်းပါဝင်သည်။ ဥပမာအားဖြင့် ခရိုင်နှစ်ခုကို ဖြတ်သွားသောလမ်းသည် arc features ၂ ခုအဖြစ် ကွဲထွက်သွားပြီး တစ်ခုစီတွင် လမ်း၏အချက်အလက်များနှင့် ၎င်းဖြတ်သန်းသွားသော ခရိုင်တို့အချက်အလက်များပါလာမည်ဖြစ်သည်။
ကိုးကား – wiki.gis.com
identity link
rubber sheeting လုပ်ဆောင်နေစဉ်အတွင်း အရာဝတ္ထုများ မရွေ့စေရန် တားဆီးပေးသည့် anchor တစ်ခု။
ကိုးကား – wiki.gis.com
IDL
Interface Definition Language ၏ အတိုကောက်စာလုံးဖြစ်သည်။ COM interfaces များကို သတ်မှတ်ရန် အသုံးပြုသော ဘာသာစကားတစ်ခုဖြစ်သည်။ IDL ၏ Microsoft implementation တွင် MIDL သို့မဟုတ် Microsoft IDL အဖြစ် ရည်ညွှန်းသတ်မှတ်နိုင်သည်။
ကိုးကား – wiki.gis.com
IDW
Inverse Distance Weight ၏အတိုကောက်အသုံးဖြစ်သည်။ နမူနာကောက်ထားသည် အမှတ်များ၏ တန်ဖိုးများမှနေ၍ Raster တစ်ခုရှိ ဆဲလ်တန်ဖိုးများကို ခန့်မှန်းတွက်ချက်သော နည်းဖြစ်သည်။ နမူနာအမှတ်များသည် ဆဲလ်မှ ပို၍ဝေးလေလေ ဆဲလ်တန်ဖိုးခန့်မှန်းတွက်ချက်ရာ တွင် ယင်းတို့၏ သက်ရောက်မှု အားနည်းလေလေဖြစ်သည်။
ကိုးကား – wiki.gis.com
IFSAR/InSAR
interferometric synthetic aperture radar ၏အတိုကောက်အသုံးဖြစ်သည်။ လေယာဉ် သို့မဟုတ် အာကာသယာဉ် တွင် လွှင့်-ဖမ်းတိုင် နှစ်ခုတပ်ဆင်ထားပြီး interferogram ဟုခေါ်သည့် ရေဒါပုံရိပ်များရိုက်ကူးခြင်းဖြစ်သည်။ အင်တာနာနှစ်ခုမှ ဖမ်းယူရရှိသော ရေဒါလှိုင်းစွမ်းအင် ပြောင်းလဲမှုကို အသုံးပြုပြီး မြေပြင်အနိမ့်အမြင့် တိုင်းတာခြင်း သို့မဟုတ် မြေပြင်အနေအထားပြောင်းလဲခြင်း တို့ကိုပုံဖော်နိုင်သည်။
ကိုးကား – wiki.gis.com
IID
interface identifier ၏ အတိုကောက်စာလုံးဖြစ်သည်။ အင်တာဖေ့စ်တစ်ခု၏ အမည်ကို ဖော်ပြသည့် စာကြောင်းတစ်ခု ဖြစ်သည်။ IID သည် Globally Unique IDentifier (GUID) ၏ အမျိုးအစားတစ်မျိုးဖြစ်သည်။
ကိုးကား – wiki.gis.com
illumination – ကျရောက်အလင်း
မျက်နှာပြင် သို့မဟုတ် အရာဝတ္ထုတစ်ခုပေါ်သို့ကျရောက်နေသော အလင်း၊ ထိုအလင်းသည် သဘာဝ သော်လည်းကောင်း လူလုပ်အလင်းသော်လည်းကောင်းဖြစ်နိုင်သည်။ ထိုအလင်းကျရောက်မှုတွင် မျက်နှာပြင်အစောင်း နှင့် အလှည့်၊ နေရှိရာအရပ်နှင့် နေ၏အမြင့်တို့ က သက်ရောက်မှုရှိသည်။
ကိုးကား – wiki.gis.com
image – ဒစ်ဂျစ်တယ်ပုံရိပ်
ကင်မရာ သို့မဟုတ် ရေဒီယိုပုံရိပ်ဖမ်းကရိယာများဖြင့်မြင်ကွင်း ကို ပုံရိပ်အဖြစ် ဖမ်းယူရရှိသည့် ပုံရိပ်ဖြစ်သည်။ ဥပမာ – စကင်ပုံမြေပုံများ၊ ဓါတ်ပုံများ၊ ဂြိုလ်တုပုံရိပ် ဂြိုလ်တုဓါတ်ပုံများ ဖြစ်ကြသည်။
ကိုးကား – wiki.gis.com
image catalog – ပုံရိပ် ကတ်တလောက်
ကတ်တလောက် ဇယား ဖြင့် စုစည်းထားသည့် raster ဒေတာအတွဲများ ဖြစ်သည်။ မှတ်တမ်းတစ်ခုစီသည် raster dataset တစ်ခုစီကို မှတ်သားထားသည်။ raster ကတ်တလောက် ဖြင့် နီးစပ်ရာ သို့မဟုတ် အနားထပ်နေသည့် ပုံများကို တွဲဆက်ထားသည့် ကြီးမားသည့် အချပ်ကြီး mosaic အဖြစ် လုပ်စရာမလိုပဲ ပုံဖော်ပြနိုင်သည်။ ArcView 3.x, တွင် raster catalog ကို image catalog ဟုသုံးထားသည်။
ကိုးကား – wiki.gis.com
image coordinate – ပုံရိပ် ကိုဩဒိနိတ်
ဒစ်ဂျစ်တယ် ပုံတစ်ခုတွင် pixel တစ်ခု၏ နေရာကို တိုင် (column) နှင့်တန်း (row) နံပါတ် ဖြင့်ဖော်ပြသည့် x, y ကိုဩဒိနိတ်အတွဲ ဖြစ်သည်။ x သည် တိုင်နံပါတ် ဖြစ်ပြီး y သည် တန်းနံပါတ်ဖြစ်သည် ။ မူလမှတ် (၀,၀) သည် ပုံ၏အပေါ်ဘယ်ထောင့်တွင်ရှိပြီး ညာဖက် နှင့် အောက်ဖက် သို့ အပေါင်းတန်ဖိုးဖြစ်သည်။
ကိုးကား – wiki.gis.com

image data
အလင်း (သို့မဟုတ်) အီလက်ထရွန်နစ် ကိရိယာဖြင့် မျက်နှာပြင်ကို စကင်န်ဖတ်ခြင်းဖြင့်ရရှိလာသော ဒေတာ။ အသုံးများသော ဥပမာများတွင် စကင်န်ဖတ်ထားသော စာရွက်စာတမ်းများ၊ အဝေးမှ အာရုံခံခြင်းမှရရှိသော ဒေတာများ (ဥပမာ – ဂြိုလ်တုဓာတ်ပုံများ) နှင့် ကောင်းကင်ဓာတ်ပုံများ ပါဝင်သည်။ ပြန်လာသော အလင်း၊ အပူ သို့မဟုတ် လျှပ်စစ်သံလိုက်ရောင်စဉ် ပြင်းအားကိုကိုယ်စားပြုသော ကိန်းတန်ဖိုးများကို raster datasetအဖြစ် သိမ်းဆည်းထားသည်။
ကိုးကား – wiki.gis.com
image division – ပုံနှစ်ခု စားခြင်း
ပုံတစ်ခုရှိ pixel တန်ဖိုးများကို ဒုတိယပုံရှိ ဆိုင်ရာ pixels တန်ဖိုးများဖြင့် စားခြင်းဖြင့် ပုံတစ်ပုံရှိ အရာဝတ္ထုများကြား ရှင်းလင်းပြတ်သားမှုကို တိုးမြှင့်ရန်အတွက် အသုံးပြုသည့် ဒစ်ဂျစ်တယ်ပုံရိပ်ပြုပြင်ခြင်း နည်းလမ်းတစ်ခုဖြစ်သည်။ ပုံမှန်အားဖြင့် အပင်များသိပ်သည်းတည်ရှိမှုကို သတ်မှတ်ရန်အတွက် Image division အသုံးပြုသည်။
ကိုးကား – wiki.gis.com
image scale – ပုံရိပ်စကေး
ပုံရိပ်ပေါ်ရှိ အကွာအဝေးနှင့် မြေပြင်ပေါ်ရှိ အကွားအဝေးတို့ကြားရှိ အချိုးဖြစ်သည်။ မြေပြင်အထက်မှပျံသန်းသည့်အမြင့်ကို ဆုံတာ အကွာအဝေး (focal length) ဖြင့်စားခြင်းဖြင့်ရရှိသည်။ မြေပြင် အနိမ့်အမြင့် ပြောင်းခြင်းနှင့် အစောင်းထောင့်မတူညီမှုကြောင့် ပုံရိပ်တစ်ခုတည်းမှာပင် စကေးသည် တစ်နေရာ နှင့် တစ်နေရာ မတူညီနိုင်ပါ။
ကိုးကား – wiki.gis.com
image space
raster တစ်ချပ်တွင် တိုင် (row) အရေအတွက် နှင့် တန်း(column)အရေအတွက် တို့ ဖြင့်သတ်မှတ်ထားသည့် x,y ကိုဩဒီနိတ် ဖြစ်သည်။ ကိုဩဒီနိတ် မူလမှတ် (၀,၀) နေရာသည် အပေါ်တန်း ဘယ်အစွန်ရှိ ဆဲလ် ၏ အလယ်ကို သတ်မှတ်ထားသည်။ x-axis ဝန်ရိုးသည် တိုင်(column) အရေအတွက် ဖြစ်ပြီး သည် y-axis ဝန်ရိုးသည် တန်း(row) အရေအတွက်ဖြစ်သည်။ raster များကို GIS တွင်အသုံးပြုရာတွင် ပုံရိပ် ကိုဩဒီနိတ်များကို မြေပုံကိုဩဒီနိတ်များအဖြစ် “ပုံနှင့်မြေကြီးမှတ်ပုံတင်ခြင်း” (georeferencing) ပြုလုပ်ကာ ပြောင်းလဲပေးရမည်ဖြစ်သည်။
ကိုးကား – wiki.gis.com
imager – ပုံရိပ်ဖမ်း ကရိယာ
တိုင်းတာခြင်းမြေပုံဆွဲခြင်းပြုလုပ်နိုင်သော လေယာဉ် သို့မဟုတ် ဂြိုလ်တုတွင်တင်ဆောင်အသုံးပြုနိုင်သည့် မည်သည်ပစ္စည်းကရိယာကို မဆို ပုံရိပ်ဖမ်း ကရိယာ (imager) ဟု ဟုခေါ်သည်။
ကိုးကား – wiki.gis.com
impedance – အဟန့်အတား၊ အတားအဆီး
ကွန်ရက် လမ်းကြောင်းတစ်ခုကို ဖြတ်သန်းရန် သို့မဟုတ် ကွန်ရက်အတွင်းရှိ အရာဝတ္ထုတစ်ခုမှ အခြားတစ်ခုသို့ ရွှေ့လျားရန် လိုအပ်သော ခုခံမှုပမာဏ သို့မဟုတ် ကုန်ကျစရိတ်ကို တိုင်းတာခြင်း။ ခုခံမှုသည် ခရီးအကွာအဝေး၊ အချိန်၊ အရှိန်နှင့်အချိန်ကို မြှောက်လဒ် စသည်တို့ ဖြစ်သည်။ ဟန့်တားမှုတန်ဖိုးအမြင့်များသည် ရွေ့လျားမှုကို ပိုမိုခုခံကြောင်း ပြသပြီး သုညတန်ဖိုးသည် ခုခံမှုလုံးဝ မရှိခြင်းကို ညွှန်ပြသည်။ ကွန်ရက်တစ်ခုတွင် အကောင်းဆုံးလမ်းကြောင်းသည် စရိတ်အနည်းဆုံးလမ်းကြောင်းဟုခေါ်သော ဟန့်တားမှုအနည်းဆုံးလမ်းကြောင်းဖြစ်သည်။
ကိုးကား – wiki.gis.com
impersonation
Web application တစ်ခုသည် သုံးစွဲသူတစ်ဦး၏ အထောက်အထားဟု ယူဆပြီး အဆိုပါအသုံးပြုသူ၏ ရပိုင်ခွင့်များအားလုံးကို ရရှိစေသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
implement
Interface တစ်ခုကို ပရိုဂရမ်ရေးဆွဲရာတွင် interface တစ်ခု၏နည်းလမ်းတစ်ခုစီအတွက် ကုဒ်များရေးခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
import
ကွန်ပြူတာစနစ်တစ်ခု သို့မဟုတ် အပ်ပလီကေးရှင်းတစ်ခု မှ ဒေတာကို အခြားတစ်ခုထဲသို့ ထည့်သွင်းအသုံးပြုခြင်း။ ဒေတာထည့်သွင်းခြင်းလုပ်ရာတွင် ဒေတာ ပုံစံပြောင်းခြင်းတစ်မျိုးမျိုးပါဝင်တတ်သည်။
ကိုးကား – wiki.gis.com
inbound interface
class တစ်ခုမှ ဖန်တီးထားသည့် ကြားခံ ဖြစ်သည်။ ယင်းအပေါ်တွင် အသုံးပြု ပရိုဂရမ် client မှ member များကို ခေါ်ယူခိုင်းစေနိုင်သည်။
ကိုးကား – wiki.gis.com
incident
ArcGIS Network Analyst ရှိ အနီးဆုံးတွင်ရှိသည့် ထောက်ပံ့ပစ္စည်း/အဆောက်အဦး များကိုရှာဖွေ သည့်တွက်ချက်မှုတွင် အသုံးပြုသော ကွန်ရက်တည်နေရာတစ်ခုဖြစ်သည်။ ယာဉ်မတော်တဆမှုများ၊ မှုခင်းမြင်ကွင်းများနှင့် မီးလောင်မှုများသည် ထခိုင်မှုဖြစ်ရပ်များ၏ ဥပမာများဖြစ်သည်။
ကိုးကား – wiki.gis.com
incident energy
မျက်နှာပြင်တစ်ခုပေါ်ကို ရိုက်ခတ်သော လျှပ်စစ်သံလိုက် ဖြာထွက်စွမ်းအင်။
ကိုးကား – wiki.gis.com
INCITS
International Committee for Information Technology Standards ၏ အတိုကောက်စာလုံးဖြစ်သည်။ ANSI အသိအမှတ်ပြုဖိုရမ်တစ်ခု ဖြစ်ပြီး ၎င်းနယ်ပယ်ရှိလုပ်ငန်းအဖွဲ့ဝင်များ၏ ပူးပေါင်းပါဝင်မှု နှင့် သဘောတူညီမှုတို့ဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာစံနှုန်းများကို ဖန်တီးထိန်းသိမ်းပေးသည်။
ကိုးကား – wiki.gis.com
independent variable – အမှီခိုကင်းကိန်းရှင်
မှီခိုကိန်းရှင်ကို ကိုယ်စားပြုရန် သို့မဟုတ် ခန့်မှန်းရန် အသုံးပြုသော ကိန်းရှင်တစ်ခု သို့မဟုတ် ကိန်းရှင်အစုတစ်စု ဖြစ်သည်။ ဥပမာ- အဆိုပြုထားသည့်စတိုးဆိုင်တစ်ခုအတွက် နှစ်စဉ်ဝယ်ယူမှုအား(မှီခိုကိန်းရှင်) ကို ခန့်မှန်း ရာတွင် ဖြစ်နိုင်ခြေရှိသောဖောက်သည်အရေအတွက်၊ ပြိုင်ဖက်ဆိုင်များနှင့် အကွာအဝေး၊ စတိုးဆိုင်၏အသွင်အပြင်နှင့် ထိုဒေသ၏ငွေကြးသုံးစွဲမှုပုံစံများ စသည်တို့ကို ကိုယ်စားပြုသည့် အမှီခိုကင်းကိန်းရှင်များ ပါဝင်နိုင်သည်။ ကိန်းရှင်များအကြား ဆက်စပ်မှုပြညီမျှခြင်းတွင် လွတ်လပ်ကိန်းရှင်များသည် ညီမျှခြင်း၏ ညာဘက်ခြမ်းတွင် ရှိပြီး ၎င်းတို့ကို explanatory variables များအဖြစ် မကြာခဏ ရည်ညွှန်းလေ့ရှိသည်။
ကိုးကား – wiki.gis.com
indeterminate flow direction
ကွန်ရက်များတွင် မသိနိုင်သော သို့မဟုတ် ဖော်ထုတ်၍မရသော စီးဆင်းမှုလမ်းကြောင်းတစ်ခု။ စီးဆင်းမှုလမ်းကြောင်းကို ကွန်ရက်၏ချိတ်ဆက်မှုများ, မူလစီးဆင်းရာဇစ်မြစ် (sources) များနှင့် မြိုပေါက်(sinks)များ၏တည်နေရာများနှင့် အရာဝတ္ထုများ၏အခြေအနေတို့မှ စီးဆင်းမှုလမ်းကြောင်းကို မှတဆင့် မတွက်ချက်နိုင်တော့သောအခါမျိုးတွင် Indeterminate flow direction (မရေရာသောစီးဆင်းမှုလမ်းကြောင်း) ကိုတွေ့ရလေ့ရှိသည်။
ကိုးကား – wiki.gis.com
index – အညွှန်း
ဒေတာဘေ့စ်တစ်ခုရှိ မှတ်တမ်းများ သို့မဟုတ် ပထဝီဝင်ဆိုင်ရာ datasets တွင် တည်နေရာရှိ အရာဝတ္ထုများ ကို ရှာဖွေရာတွင် မြန်ဆန်စေရန် အသုံးပြုသော အချက်အလက်ဖွဲ့စည်းမှု ပုံစံတစ်ခုဖြစ်ပြီး အများအားဖြင့် array ပုံစံတစ်ခုဖြစ်သည်။ ယေဘူယျအားဖြင့် အဓိက အကွက်တစ်ခုတွင် သိမ်းဆည်းထားသော သီးခြား ကိုယ်ပိုင်အမှတ် identifier များသည် ပိုမိုအသေးစိတ်သော အချက်အလက်များအားသိမ်းဆည်းထားသော ဖိုင်များသို့မဟုတ် မှတ်တမ်းများကို ညွှန်ပြပေးသည်။
ကိုးကား – wiki.gis.com
index contour line – အညွန်းကွန်တိုလိုင်း
မြေပုံတစ်ခုပေါ်ရှိ အမြင့်တန်ဖိုး စာထိုးထားသော လိုင်းထူ ကွန်တိုမျဉ်း ဖြစ်သည်။ ကွန်တိုခြားနားချက် သတ်မှတ်ချက်ပေါ်မူတည်ပြီး စတုတ္ထ သို့ ပဉ္စမမြောက် ကွန်တိုလိုင်းတိုင်းသည် အညွန်းကွန်တို လိုင်းဖြစ်လေ့ရှိသည့်။
ကိုးကား – wiki.gis.com
index map – အညွှန်းမြေပုံ
မြေပုံအချပ်များကို စုစည်း နိုင်ရန် အညွှန်းအဖြစ်အသုံးပြုသည့် မြေပုံဖြစ်သည်။ စုစုပေါင်းအကျယ်အဝန်း၊ လွှမ်းခြုံဧရိယာ နှင့် မြေပုံတစ်ချပ်ခြင်းစီ၏ အမည် သို့မဟုတ် အညွှန်းနံပါတ်များ ဖော်ပြထားသည်။
ကိုးကား – wiki.gis.com

industry
တိကျသော GISဆိုင်ရာ လိုအပ်ချက်ရှိသော အဖွဲ့အစည်းတစ်ခု ကိုရည်ညွှန်းသည်။ လုပ်ငန်းကဏ္ဍများ (Industry) ၏ ဥပမာများတွင် အစိုးရ၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပြည်တွင်းလုံခြုံရေးနှင့် အများပြည်သူဘေးကင်းရေးတို့ ပါဝင်သည်။
ကိုးကား – wiki.gis.com
Informix
ArcSDE မှ ပံ့ပိုးပေးသော လုပ်ငန်းကြီးသုံး relational database management system (RDBMS) တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
infrared scanner – အနီအောက်ရောင်ချည်ပုံရိပ်ဖမ်းကရိယာ
အနီအောက်ရောင်ချည် ကို ဖမ်းယူကာ လျှပ်စစ်သင်္ကေတများအဖြစ် ပြောင်းလဲပေးသည့် ပစ္စည်းကရိယာတစ်မျိုးဖြစ်သည်။ ဖမ်းယူရရှိချက်များကို တိပ်ခွေ သို့မဟုတ် ဖလင်ပေါ်တွင် သိမ်းဆည်းလေ့ရှိသည်။
ကိုးကား – wiki.gis.com
infrastructure – အခြေခံအဆောက်အအုံ
လူတို့တည်ဆောက်ထားသော စနစ်အဆောက်အအုံများဖြစ်သည်။ ဥပမာအားဖြင့် လမ်းများ၊ တံတားများ၊ တူးမြောင်းများ၊ ကေဘယ်များ၊ ဝါယာကြိုးများ၊ ဆက်သွယ်ရေးတာဝါတိုင်များ၊ ဆေးရုံများ၊ ပိုက်များ၊ ရေလှောင်ကန်များနှင့် မိလ္လာစနစ်များးများစသည်တို့ဖြစ်သည်။ ၎င်းတို့သည် ဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပြည်သူ့ ဝန်ဆောင်မှုများ၊ ဝန်ဆောင်မှုလုပ်ငန်းများ သို့မဟုတ် အထက်ပါအရာအားလုံးကို လူထုအတွက်လုပ်ဆောင်ပေးသည်။
ကိုးကား – wiki.gis.com
inheritance
Object-oriented programming တွင် ဆင့်ပွားပုံတူ classes သို့မဟုတ် interfaces များက ၎င်းတို့၏ယခင်ရှိပြီးသား မူရင်းclasses သို့မဟုတ် interfaces များမှ နည်းလမ်းများနှင့် ဂုဏ်သတ္တိများအား ရယူခြင်းဖြစ်သည်။ အမွေဆက်ခံခြင်းသည် object-oriented စနစ်တစ်ခု၏ လက္ခဏာများအား သတ်မှတ်ခြင်းများထဲမှ တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
input data – အဝင်ဒေတာ
ကွန်ပြူတာ၊ ကရိယာ၊ ပရိုဂရမ် သို့မဟုတ် လုပ်ဆောင်မှု တစ်ခုထဲသို့ ထည့်ပေးရသည့် ဒေတာ။
ကိုးကား – wiki.gis.com
input event record
Geocodingရှိ ဖောက်သည်တစ်ယောက်၏လိပ်စာနှင့် အခင်းဖြစ်ရပ်တစ်ခု၏ တည်နေရာကဲ့သို့သော အချက်အလက် အပိုင်းအစတစ်ခုဖြစ်သည်။ ထည့်သွင်းသည့် ဖြစ်ရပ်မှတ်တမ်းအမျိုးအစားများသည် အပလီကေးရှင်းအလိုက် ကွဲပြားသည်။ ၎င်းတို့တွင် ဖောက်သည်လိပ်စာများ၊ event သို့မဟုတ် အခင်းဖြစ်ရာနေရာ၊ စက်ကိရိယာနှင့် အဆောက်အဦးများတည်နေရာနှင့် ခွာထားရမည့်အကွာအဝေးတို့ပါဝင်သည်။
ကိုးကား – wiki.gis.com
input feature
မြေပုံတွက်ချက်မှုလုပ်ဆောင်ရာတွင် လုပ်ဆောင်သည့်အဆင့်ထဲသို့ ထည့်သွင်းရသည့် ဒေတာ ဖြစ်သည်။ များသောအားဖြင့် ဖိုင်လမ်းကြောင်း ကို ခိုင်းစေချက်စာ(script) သို့မဟုတ် ခိုင်းစေချက်ပြုလုပ်ရာ command line နေရာတွင်ထည့်သွင်း လုပ်ဆောင်သည်။
ကိုးကား – wiki.gis.com
input table
မြေပုံတွက်ချက်မှုလုပ်ဆောင်ရာတွင်, လုပ်ဆောင်သည့်အဆင့်ထဲသို့ ထည့်သွင်းရသည့် ဇယားအချက်အလက်ဒေတာ ဖြစ်သည်။ များသောအားဖြင့် ဖိုင်လမ်းကြောင်း၊ ခိုင်းစေချက်စာ ဖြင့်လုပ်ဆောင်သည် သို့မဟုတ် ခိုင်းစေချက်ပြုလုပ်ရာ command line နေရာမှ လုပ်ဆောင်သည်။
ကိုးကား – wiki.gis.com
inset map – ပုံသေးမြေပုံ
မြေပုံအကြီးပေါ်တွင်ထည့်သွင်းဖော်ပြသည့် မြေပုံအသေးတစ်ခုဖြစ်သည်။ မြေပုံအသေးတွင် မြေပုံအကြီး၏အစိတ်အပိုင်းတစ်ခုကို အကျယ်ချဲ့အသေးစိတ်ပြနိုင်သကဲ့သို့ စကေးအသေးဖြင့် မြေပုံအကြီး၏ တည်နေရာကို လည်းဖော်ပြနိုင်သည်။
ကိုးကား – wiki.gis.com
instance
Object-oriented programming တွင် သက်ဆိုင်သည့် ပုံစံ သို့မဟုတ် သက်ဆိုင်ရာအမျိုးအစား ဖွင့်ဆိုချက်ပေါ်အခြေခံ၍ ဖန်တီးထားသော အရာဝတ္ထုတစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
instantiation
Programming တွင် တွင် သက်ဆိုင်သည့် ပုံစံ သို့မဟုတ် သက်ဆိုင်ရာအမျိုးအစား ဖွင့်ဆိုချက်ပေါ်အခြေခံ၍ ဖန်တီးထားသော အရာဝတ္ထုတစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
integer data
ကွဲပြားသောနယ်နိမိတ်များနှင့်ဖြစ်ရပ်များကို ကိုယ်စားပြုသောဒေတာ။ ပိုင်ဆိုင်မှုနယ်နိမိတ်များနှင့် လမ်းများသည် discrete ဒေတာ၏ ဥပမာများ ဖြစ်ကြသည်။
ကိုးကား – wiki.gis.com
integrated development environment
Desktop နှင့် web applications ကဲ့သို့သော applications များကို ဖန်တီးရန်ပြုလုပ်ထားသည့်software development tool တစ်ခုဖြစ်သည်။ IDE များတွင် user interface ဒီဇိုင်းနှင့် layout tools များကို coding နှင့် debugging tools များနှင့်ပေါင်းစပ်ထားသည်။
ကိုးကား – wiki.gis.com
integration – ပေါင်းစည်းခြင်း
နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော ပရိုဂရမ်များ သို့မဟုတ် dataset များအကြား မြင့်မားစွာအပြန်အလှန်ဆက်သွယ်ခြင်း အဆင့်တွင် common schema၊ ontology၊ semantic approach သို့မဟုတ် အချက်အလက်ကို အပြည့်အဝကိုင်တွယ်ခြင်းမလုပ်ပဲ ပေးပို့သည့် နည်းစသည်တို့ကို မျှဝေသုံးစွဲကြသည်။
ကိုးကား – wiki.gis.com
intensity – ပြင်းအား
IHS (ပြင်းအား၊ အရောင်အသွေး၊ အရောင်တောက်ပစိုရွှင်ခြင်း) အရောင်စနစ် တွင် အရောင်တစ်ခု၏ တောက်ပမှုတန်ဖိုး။
ကိုးကား – wiki.gis.com
interactive vectorization
tracing raster cells များကို ထပ်လိုက်ဆွဲ ခြင်းဖြင့် raster ဒေတာအား vector ဒေတာအသွင်သို့ပြောင်းလဲပေးသည့် လက်ဖြင့်လုပ်ရသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
interchange format
အမျိုးမျိုးသော software ပရိုဂရမ်များအကြားတွင် ဒေတာများကို အလွယ်တကူလွှဲပြောင်းခွင့်ပြုသည့် ဖိုင်အမျိုးအစားတစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
interferogram
အကွာဝေးတိုတိုဖြင့်တပ်ဆင်ထားသော အင်တာနာ တိုင်နှစ်ခုဖြင့် လှိုင်းများရောယှက်မှုပုံစံများကို ဖမ်းယူထားသည့် ရေဒါပုံရိပ်တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
intermediate data – ကြားကာလ/ယာယီ ဒေတာ
လုပ်ငန်းစဉ်တစ်ခု စတင်မှ ဖြစ်လာသော ဒေတာဖြစ်ပြီး လုပ်ငန်းစဉ်ပြီးဆုံးသွားသည့်အခါတွင် လည်း ဆက်လက် သိမ်းဆည်းခြင်းမပြုတော့သည့် ဒေတာဖြစ်သည်။
ကိုးကား – wiki.gis.com
international date line – နိုင်ငံတကာ ရက်စွဲမျဉ်း
လောင်ဂျီကျု ၁၈၀ တွင် ရှိနေသည့် စိတ်ကူးမျဉ်းတစ်ခုဖြစ်သည်။ ယင်းမျဉ်းတွင် နေ့စွဲများပြောင်းလဲသည်။ နိုင်ငံတကာ ရက်စွဲမျဉ်း အရှေ့ဖက် ရှိ အချိန်ဇုံသည် ဂရင်းနစ်စံတော်ချိန်၏ရှေ့ ၁၂ နာရီ တွင်ရှိပြီး အနောက်ဖက်ရှိဇုံသည် ဂရင်းနစ်စံတော်ချိန်၏နောက်ဖက် ၁၂ နာရီ တွင်ရှိနေသည်။ နိုင်ငံတကာ ရက်စွဲမျဉ်း ကို အနောက်ဖက်မှ အရှေ့ဖက်သို့ ဖြတ်ပြီး ခရီးသွားပါက လက်ရှိနေ့စွဲကို တစ်ရက်တိုးပေါင်းထည့်ရမည်ဖြစ်ပြီး အရှေ့ဖက်မှ အနောက်ဖက်သို့ဖြတ်ပြီးသွားပါ တစ်ရက်ပြန်နှုတ်ရမည်ဖြစ်သည်။
ကိုးကား – wiki.gis.com
international meridian – နိုင်ငံတကာ မရီဒီယမ်
၁၈၈၄ ခုနှစ်တွင် နိုင်ငံတကာ သဘောတူညီချက်ဖြင့် ပင်မ မရီဒီယမ်မျဉ်းအဖြစ် လက်ခံအသုံးပြုခဲ့သည့် သုည ဒီဂရီ မရီဒီယမ် ဖြစ်သည်။ ယင်းမျဉ်းမှ စတင်ကာ လောင်ဂျီကျုများကို တွက်ချက်ကြသည်။ဂရင်းနစ် ပင်မ မရီဒီယမ်မျဉ်းသည် အင်္ဂလန်နိုင်ငံ ဂရင်းနစ်အရပ်ရှိ တော်ဝင် နက္ခတာရာစခန်း (Royal Observatory) ကို ဖြတ်သန်းသွားသည်။
ကိုးကား – wiki.gis.com
international organization for standardization – အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ရေးအဖွဲ့
နိုင်ငံပေါင်း ၁၄၅ နိုင်ငံမှ အမျိုးသားအဆင့်စံချိန်စံညွှန်းများဆိုင်ရာအဖွဲ့အစည်းများ၏ အဖွဲ့ချုပ်တစ်ခုဖြစ်သည်။ အဆိုပါ အဖွဲ့တွင် နိုင်ငံတကာစံချိန်စံညွှန်းများအတွက် စံသတ်မှတ်ချက်များ သတ်မှတ်ရန်နှင့် ထိန်းသိမ်းရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့များ၊ စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် သုံးစွဲသူကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်ကြသည်။
ကိုးကား – wiki.gis.com
internationalization
source code များကို သိသာစွာပြောင်းလဲခြင်းများမရှိဘဲ ဘာသာစကားအမျိုးမျိုးနှင့် ယဉ်ကျေးမှုများ၏လိုအပ်ချက်များကို လိုက်လျောညီထွေဖြစ်စေနိုင်သော software ဖန်တီးခြင်းလုပ်ငန်းစဉ်ဖြစ်သည်။
ကိုးကား – wiki.gis.com
interoperability – အပြန်အလှန်ဆောင်ရွက်နိုင်စွမ်း
စနစ်များ ချင်းချင်း ဒေတာအပြန်အလှန် ဖလှယ်နိုင်စွမ်း သို့မဟုတ် စနစ်အခြေအနေအမျိုးမျိုးတွင် ဆောင်ရွက်နိုင်စွမ်း။ GIS ဆော့ဖ်ဝဲ တစ်ခုဖြင့် ဖန်တီးထားသော ဒေတာကို အခြားGISဆော့ဖ်ဝဲ တစ်ခုဖြင့် အသုံးပြုရသောအခါ GIS အသုံးပြုသူတစ်ယောက်အတွက် မတူသော softwareကုမ္ပဏီနှစ်ခု၏ GISဆော့ဖ်ဝဲနှစ်ခုအကြား အပြန်အလှန်ဆောင်ရွက်နိုင်စွမ်းရှိရန် လိုအပ်ပါသည်။
ကိုးကား – wiki.gis.com
interpolation – ဆက်စပ်ခန့်မှန်းခြင်း
တိုင်းတာမထားသော အမှတ်တစ်ခုရှိ မျက်နှာပြင်တန်ဖိုးများကို ပတ်ပတ်လည်နီးစပ်ရာရှိ တိုင်းတာထားပြီးအခြားအမှတ်များ၏ တန်ဖိုးများမှ ဆက်စပ်ခန့်မှန်းခြင်းဖြစ်သည်။ ဆက်စပ်ခန့်မှန်းခြင်းကို အမြင့်၊ မိုးရေချိန်၊ အပူချိန်၊ ဓာတုပစ္စည်းများ ပျံ့နှံ့ခြင်း၊ သို့မဟုတ် အခြား မြေပြင်အခြေအနေများကို ခန့်မှန်းရာတွင် အသုံးပြုနိုင်ပါသည်။ ဆက်စပ်ခန့်မှန်းခြင်းသည် အများအားဖြင့် Raster လုပ်ငန်းစဉ်တစ်ခု ဖြစ်သော်လည်း TIN မျက်နှာပြင်မော်ဒယ်ကို အသုံးပြူပြီး Vector ပတ်ဝန်းကျင်တစ်ခုတွင်လည်း ဆောင်ရွက်နိုင်ပါသည်။ Spline နှင့် Kriging ကဲ့သို့သော လူသိများသည့် ဆက်စပ်ခန့်မှန်းခြင်း နည်းစနစ်များစွာ ရှိပါသည်။
ကိုးကား – wiki.gis.com
အပြာလိုင်းပေါ်ရှိ အနီအမှတ်များမှ အပ ကျန် နေရာများအလုံးသည် ဆက်စပ်ခန့်မှန်းတွက်ချက်ထားခြင်းဖြစ်သည်။
inverse distance – ပြောင်းပြန်အကွာအဝေး
တစ်ကို အကွာအဝေးနှင့် စားထားသည့် ကိန်း။ များသောအားဖြင့် အကွာအဝေးသည် ထပ်ကိန်းများဖြစ်လေ့ရှိသည်_ ဥပမာ 1/D သို့မဟုတ် 1/D2 _ D သည် အကွာအဝေး တန်ဖိုးဖြစ်သည်။ အရာဝတ္ထုများ၏ အကွာအဝေးကို ပြောင်းပြန်လှန်ကာ ၎င်းပြောင်းပြန်တန်ဖိုးကို အလေးတင်းတန်ဖိုးတစ်ခု အဖြစ်သုံးခြင်းဖြင့် အဝေးတွင်ရှိသောအရာဝတ္ထုများထက် အနီးရှိအရာဝတ္ထုများက ပို၍ သက်ရောက်မှုအားပိုကြီး (သို့မဟုတ်) လွှမ်းမိုးနိုင်စွမ်းပိုရှိကြောင်းတွေ့ရှိနိုင်သည်။
ကိုးကား – wiki.gis.com
inverse distance weighted interpolation – ပြောင်းပြန်အကွာအဝေးသက်ရောက်မှုဖြင့် ဆက်စပ်ခန့်မှန်းခြင်း
နမူနာကောက်ထားသည် အမှတ်များ၏ တန်ဖိုးများမှနေ၍ Raster တစ်ခုရှိ ဆဲလ်တန်ဖိုးများကို ခန့်မှန်းတွက်ချက်သော နည်းဖြစ်သည်။ နမူနာအမှတ်များသည် ဆဲလ်မှ ပို၍ဝေးလေလေ ဆဲလ်တန်ဖိုးခန့်မှန်းတွက်ချက်ရာ တွင် ယင်းတို့၏ သက်ရောက်မှု အားနည်းလေလေဖြစ်သည်။ အတိုအားဖြင့် IDW နည်းဟုခေါ်သည်။
ကိုးကား – wiki.gis.com

