J2ME
သေးငယ်သော၊ သီးခြားရပ်တည်နိုင်သော သို့မဟုတ် ချိတ်ဆက်နိုင်သောကိရိယာများအတွက် Sun Microsystems မှတီထွင်ဖန်တီးထားသည့် Java platform edition ဖြစ်သည်။ Java ME သည် မိုဘိုင်းကိရိယာများမှသည် ဒက်စတော့ကွန်ပျူတာများအထိ အဆင့်မြှင့်တင်နိုင်သော အပလီကေးရှင်းများ တည်ဆောက်မှု၊၊ အသုံးချမှုနှင့် စီမံခန့်ခွဲမှုတို့ကို လုပ်ဆောင်ပေးသည်။ 2007 ခုနှစ်တွင် Sun သည် J2ME ကို Java ME ဖြင့်အစားထိုးခဲ့သည်။
ကိုးကား – wiki.gis.com
jaggies – အတွန့်အတက်များ
raster ပုံထဲ ရှိ မျဉ်းကွေးများ ထောင့်ဖြတ်မျဉ်းများ ၏ အတွန့်အတက်အနားဖြင့်မြင်ရသည့် ပုံဖြစ်သည်။ pixel များ ၏အရွယ်အစားကြီးသွားသည့်အခါ သို့မဟုတ် ပုံ၏ resolution လျော့ကျသည့်အခါ ထိုသို့ဖြစ်လာ လေ့ရှိသည်။
ကိုးကား – wiki.gis.com
Java
Sun Microsystems မှတီထွင်ဖန်တီးထားသည့် ကွန်ပြူတာစနစ်မျိုးစုံးတွင် အသုံးပြုနိုင်သည့် object-orented ကွန်ပြူတာ ပရိုဂရမ်ဘာသာစကား ဖြစ်သည်။
ကိုးကား – wiki.gis.com
Java 2 Platform, Micro Edition (J2ME)
သေးငယ်သော၊ သီးခြားရပ်တည်နိုင်သော သို့မဟုတ် ချိတ်ဆက်နိုင်သောကိရိယာများအတွက် Sun Microsystems မှတီထွင်ဖန်တီးထားသည့် Java platform edition ဖြစ်သည်။ Java ME သည် မိုဘိုင်းကိရိယာများမှသည် ဒက်စတော့ကွန်ပျူတာများအထိ အဆင့်မြှင့်တင်နိုင်သော အပလီကေးရှင်းများ တည်ဆောက်မှု၊၊ အသုံးချမှုနှင့် စီမံခန့်ခွဲမှုတို့ကို လုပ်ဆောင်ပေးသည်။ 2007 ခုနှစ်တွင် Sun သည် J2ME ကို Java ME ဖြင့်အစားထိုးခဲ့သည်။
ကိုးကား – wiki.gis.com
Java Connector
ArcIMS Application Server Connector တစ်ခုဖြစ်သည်။ ၎င်းကို Java Server Pages (JSP) သို့မဟုတ် Java applet သို့မဟုတ် အက်ပ်လီကေးရှင်းတစ်ခု၏ အစိတ်အပိုင်းအဖြစ် အသုံးပြုနိုင်သည်။
ကိုးကား – wiki.gis.com
Java ME
သေးငယ်သော၊ သီးခြားရပ်တည်နိုင်သော သို့မဟုတ် ချိတ်ဆက်နိုင်သောကိရိယာများအတွက် Sun Microsystems မှတီထွင်ဖန်တီးထားသည့် Java platform edition ဖြစ်သည်။ Java ME သည် မိုဘိုင်းကိရိယာများမှသည် ဒက်စတော့ကွန်ပျူတာများအထိ အဆင့်မြှင့်တင်နိုင်သော အပလီကေးရှင်းများ တည်ဆောက်မှု၊၊ အသုံးချမှုနှင့် စီမံခန့်ခွဲမှုတို့ကို လုပ်ဆောင်ပေးသည်။ 2007 ခုနှစ်တွင် Sun သည် J2ME ကို Java ME ဖြင့်အစားထိုးခဲ့သည်။
ကိုးကား – wiki.gis.com
Java ME Wireless Toolkit
ကြိုးမဲ့ကိရိယာများအတွက် Java သတ်မှတ်ချက်များနှင့် ကိုက်ညီသော စက်များတွင် အသုံးပြုသည့် အပ်ပလီကေးရှင်းများတည်ဆောက်ရန် အသုံးပြုသည့် toolkit တစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
Java viewer
Java 2 applet ကိုအသုံးပြုသည့် ArcIMS viewer တစ်ခုဖြစ်သည်။ Java viewer ကို အရာဝတ္ထု သို့မဟုတ် ရုပ်ပုံ ဝန်ဆောင်မှုများဖြင့် အသုံးပြုနိုင်သည်။ ၎င်းသည် အသုံးပြုသူဘက်တွင် (client-side) ရေးဆွဲခြင်းနှင့် တည်းဖြတ်ခြင်းကို ခွင့်ပြုပြီး Java plug-in တစ်ခုလိုအပ်သည်။
ကိုးကား – wiki.gis.com
JavaScript
အင်တာနက် ဘရောက်စာ ပေါ် တွင် အလုပ်လုပ်ပြီး html ကုဒ်များဖြင့် ဆက်သွယ်အလုပ်လုပ်ကာ ဝက်စာမျက်နှာ တွင် လုပ်ဆာင်ချက် အသစ်များ ထည့်သွင်းနိုင်သည့် ကွန်ပြူတာ ပရိုဂရမ်ဘာသာစကား တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
JavaServer Faces
Java အသုံးပြု ဝက်အပ်ပလီကေးရှင်းများ အတွက် အပြန်အလှန် ဆက်သွယ်မှုပြု မျက်နှာစာ (interface) အစိတ်အပိုင်းများ တည်ဆောက်ရန် အတွက် မူဘောင်တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
JavaServer Pages
ပလက်ဖောင်းမှီခိုမှုကင်းသော ဝဘ်အပ်ပလီကေးရှင်းများကို လျှင်မြန်စွာ တည်ဆောက်နိုင်စေသည့် Java နည်းပညာတစ်ခုဖြစ်သည်။ JSPသည် အပြန်အလှန် ဆက်သွယ်မှုပြု မျက်နှာစာ အစိတ်အပိုင်းများကို အကြောင်းအရာ အပိုင်း (content generation) မှ ခွဲခြားပေးထားခြင်းဖြင့် နောက်ကွယ်ရှိ အကြောင်းအရာအရှင်များ (dynamic content)များကို ပြောင်းရန်မလိုဘဲ Page layout အားလုံးကို ဒီဇိုင်နာများက ပြောင်းလဲစေနိုင်ပါသည်။
ကိုးကား – wiki.gis.com
JavaServer Pages Standard Tag Library
Web-based applications များ တွင် အသုံးများသော အခြေခံ (core) လုပ်ဆောင်ချက်များကို ရိုးရှင်းသော tag များအဖြစ်ထည့်သွင်းထားသော Java နည်းပညာတစ်ခုဖြစ်သည်။ JSTL တွင် iteration နှင့် conditionals များ၊ XML documents များကို ကိုင်တွယ်ခြင်း၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာဘာသာစကားကိုအလေးထားသည့် ပုံစံများနှင့် SQL ကဲ့သို့သော ဖွဲ့စည်းပုံဆိုင်ရာ လုပ်ငန်းဆောင်တာများအတွက် tags များ ပါဝင်သည်။
ကိုးကား – wiki.gis.com
JDK
Java Development Kit. ၏အတိုကောက်ဖြစ်သည်။ Sun Microsystems မှထုတ်လုပ်သော တည်ဆောက်ခြင်း၊စမ်းသပ်ခြင်း၊ပြစ်ချက်ရှာစစ်ဆေးပြင်ဆင်ခြင်း နှင့် အက်ပ်လက်များဖန်တီးရန်အတွက်လိုအပ်သော ကရိယာများ ပါဝင်သည်။
ကိုးကား – wiki.gis.com
Jenks’ optimization – ဂျန့်၏နည်းလမ်း
စာရင်းအင်းဆိုင်ရာ အချက်အလက် အုပ်စုအတန်းအစားခွဲနည်း တစ်ခုဖြစ်သည်။ အချက်အလက်ပြန့်နှံ့ပုံအရ အချက်အလက်များကို အုပ်စုဖွဲ့ရန် အတွက် နည်းလမ်းတစ်ခုကိုအသုံးပြုပြီး အချက်အလက်များကို အပိုင်းအကန့်များခွဲ ခြင်းဖြစ်သည်။ ဂျန့်၏ နည်းလမ်း (Jenks’ optimization) တွင် အုပ်စုအတွင်း ကွဲလွဲမှု (variance) ကိုနည်းစေပြီး အုပ်စုများအကြားတွင် ကွဲလွဲမှု (variance) ကို ကြီးစေသည်။
ကိုးကား – wiki.gis.com
job
မကြာမှီ (သို့မဟုတ်) အနာဂါတ်တွင် လုပ်ဆောင်မည့် ကွန်ပြူတာ တွင် အချိန်သတ်မှတ်ထားမည့် အလုပ်တစ်ခုဖြစ်သည်။ အလုပ်တစ်ခုတွင် လုပ်ဆောင်ချက် တစ်ခု သို့မဟုတ် အများအပြား တစ်ပြိုင်တည်းလုပ်ဆောင်သည့် စနစ်ပါနိုင်သည်။
ကိုးကား – wiki.gis.com
job book
Survey Analyst – Cadastral Editor တွင် ပါသည့် မြေယာဆိုင်ရာအချက်အလက် (fabric) အလုပ်များကို စီမံခန့်ခွဲခြင်းနှင့် ကြည့်ရှုခြင်း တို့ ကို ကူညီပေးသည့် ကရိယာတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
Job Tracking for ArcGIS
ဒေတာဘေ့စ်လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို မှတ်သားထားရန် နှင့် စီမံခန့်ခွဲရန် အသုံးပြုသော ESRI software ဖြစ်သည်။ ၎င်းသည် လုပ်ငန်းများကို သတ်မှတ်ရန်၊ ထုတ်လုပ်မှုပတ်ဝန်းကျင်များကို ဖွဲ့စည်းရန်၊ geodatabase ဗားရှင်းကို စီမံခန့်ခွဲရန်နှင့် feature levelတွင် ဒေတာဘေ့စ်ပြောင်းလဲမှုများကို မှတ်တမ်းတင်ရန်အတွက် စွမ်းဆောင်ပေးသည်။ JTX သည် ရင်းမြစ်များ ခွဲဝေချထားခြင်းနှင့် လုပ်ငန်းများ၏ အနေအထားနှင့် တိုးတက်မှုကို မှတ်တမ်းတင်ရန် tools များကိုလည်း ပံ့ပိုးပေးသည်။
ကိုးကား – wiki.gis.com
JOG
ပူးတွဲစစ်ရေးသုံးမြေပုံ joint operations graphic ၏အတိုကောက်အသုံးဖြစ်သည်။ ကမ္ဘာအနှံ့ စစ်တပ်များ အသုံးပြုသော တစ်အချိုး နှစ်သိန်းခဲ စကေး (၁ :၂၅၀,၀၀၀) မြေမျက်နှာသွင်ပြင်ပြ မြေပုံ ဖြစ်သည်။ ကြည်း၊ရေ၊လေ တပ်များ၏ စစ်ဆင်ရေးများကို အထောက်အကူပေးရန် တူညီသော အခြေခံ ဂရပ်ဖစ်များကို အသုံးပြုထားသည်။
ကိုးကား – wiki.gis.com
joined parcel – တွဲဆက်အကွက်
Survey Analyst – Cadastral Editor တွင် တွဲဆက်နေသည့်အကွက် ဆိုသည်မှာ ယင်း၏ အနားသတ်အမှတ် များသည် ကပ်လျက်ပတ်ဝန်းကျင်ရှိ အကွက်များ နှင့်လည်း မျှဝေပိုင်ဆိုင်နေသည့် ဘုံအနားသတ်အမှတ်များ ပါနေသည့် မြေကွက်ဖြစ်သည်။
ကိုးကား – wiki.gis.com
joining – တွဲခြင်း/ချိတ်ခြင်း
ဇယားတစ်ခုမှ အချက်အလက်များကို အခြာဇယားးတစ်ခု သို့ တွဲဆက် ထည့် နည်းဖြစ်သည်။ ထိုသို့ထည့်ရာတွင် ဇယားနှစ်ခုလုံးတွင် ပါဝင်သော ဘုံ တိုင် (column) တစ်ခုကို အသုံးပြုပြီး ထည့်ခြင်းဖြစ်သည်။ မြေပုံအလွှာတစ်ခု ၏ အချက်အလက် ဇယားထဲသို့ နောက်ထပ် အချက်အလက်အသစ်များ တွဲထည့်ရာတွင် အသုံးပြုလေ့ရှိသည်။
ကိုးကား – wiki.gis.com
joint operations graphic – ပူးတွဲစစ်ရေးသုံးမြေပုံ
ကမ္ဘာအနှံ့ စစ်တပ်များ အသုံးပြုသော တစ်အချိုး နှစ်သိန်းခွဲ စကေး (၁ :၂၅၀,၀၀၀) မြေမျက်နှာသွင်ပြင်ပြ မြေပုံ ဖြစ်သည်။ ကြည်း၊ရေ၊လေ တပ်များ၏ စစ်ဆင်ရေးများကို အထောက်အကူပေးရန် တူညီသော အခြေခံ ဂရပ်ဖြစ်များကို အသုံးပြုထားသည်။
ကိုးကား – wiki.gis.com
JPEG – ဂျေပက်
Joint Photographic Experts Group ၏အတိုအသုံးဖြစ်သည်။ အင်တာနက်ပေါ်ရှိ ပုံများကိုပမာဏခြုံ့ရာတွင် အသုံးပြုသည့် လေလွင့်မှုရှိသည့်ခြုံ့နည်း ဖြစ်သည်။ အရောင်ဆင်များပါသည့် ဓါတ်ပုံများ၊ ပုံရိပ်များ အတွက်သင့်တော်သည်။
ကိုးကား – wiki.gis.com
JSF
Java အသုံးပြု ဝက်အပ်ပလီကေးရှင်းများ တွင် အပြန်အလှန်ဆက်သွယ်မှုပြုလုပ်ပေးသည် ကြားခံမျက်နှာစာအစိတ်အပိုင်းများ တည်ဆောက်ရန် အတွက် မူဘောင်တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
JSON – ဂျေဆင်
JavaScript Object Notation ၏အတိုကောက်ဖြစ်သည်။ အချက်အလက်ဖလှယ်ရာတွင် အသုံးပြုသည့် (လူ) ဖတ်ရှုလို့ရသည့် အပေါ့စား text ဖိုင်အမျိုးအစားဖြစ်သည်။ XML ကိုအစားထိုးအသုံးပြုနိင်သည့် JSON သည် ပရိုဂရမ်ဘာသာစကားများအားမှီခိုနေရမှု မရှိသော်လည်း objects arrays ကဲ့သို့ ပရိုဂရမ်ဘာသာစကား၏ ဖွဲ့စည်းပုံများကိုမှီးရသည် ။
ကိုးကား – wiki.gis.com
{
"stateName": "Kachin",
"districtName": "Myitkyina",
"townshipName": "Myitkyina",
"population": {
"1973": "----",
"1983": "----",
"2014": 306949
}
}JSP
JavaServer Pages ၏ အတိုကောက်စာလုံးဖြစ်သည်။ ပလက်ဖောင်းကို မမှီခိုသော ဝဘ်အပ်ပလီကေးရှင်းများကို လျှင်မြန်စွာ တည်ဆောက်နိုင်စေသည့် Java နည်းပညာတစ်ခုဖြစ်သည်။ JSPသည် ဆက်သွယ်မှုကြားခံမျက်နှာစာ အစိတ်အပိုင်းများကို အကြောင်းအရာ (content generation) ပိုင်း မှ ခွဲခြားပေးထားခြင်းဖြင့် နောက်ကွယ်ရှိ လှုပ်ရှားအကြောင်းအရာ (dynamic content) များကို ပြင်ဆင်ရန်မလိုဘဲ Page layoutအားလုံးကို ဒီဇိုင်နာများက ပြောင်းလဲစေနိုင်ပါသည်။
ကိုးကား – wiki.gis.com
JSTL
JavaServer Pages Standard Tag Library ၏ အတိုကောက်စာလုံးဖြစ်သည်။ Web-based applications များ တွင် အသုံးများသော အခြေခံ (core) လုပ်ဆောင်ချက်များကို ရိုးရှင်းသော tag များအဖြစ်ထည့်သွင်းထားသော Java နည်းပညာတစ်ခုဖြစ်သည်။ JSTL တွင် iteration နှင့် conditionals များ၊ XML documents များကို ကိုင်တွယ်ခြင်း၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာဘာသာစကားကိုအလေးထားသည့် ပုံစံများနှင့် SQL ကဲ့သို့သော ဖွဲ့စည်းပုံဆိုင်ရာ လုပ်ငန်းဆောင်တာများအတွက် tags များ ပါဝင်သည်။
ကိုးကား – wiki.gis.com
JTX
Job Tracking for ArcGIS ၏ အတိုကောက်စာလုံးဖြစ်သည်။ ဒေတာဘေ့စ်လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို ကို မှတ်သားထားရန် နှင့် စီမံခန့်ခွဲရန် အသုံးပြုသော ESRI software ဖြစ်သည်။ ၎င်းသည် လုပ်ငန်းများကို သတ်မှတ်ရန်၊ ထုတ်လုပ်မှုပတ်ဝန်းကျင်ကို ဖွဲ့စည်းရန်၊ geodatabase ဗားရှင်းကို စီမံခန့်ခွဲရန်နှင့် feature levelတွင် ဒေတာဘေ့စ်ပြောင်းလဲမှုများကို ခြေရာခံရန်အတွက် စွမ်းဆောင်းပေးသည်။ JTX သည် ရင်းမြစ်များကို ခွဲဝေချထားခြင်းနှင့် လုပ်ငန်းများ၏ အနေအထားနှင့် တိုးတက်မှုကို ခြေရာခံရန် tools များကိုလည်း ပံ့ပိုးပေးသည်။
ကိုးကား – wiki.gis.com
junction – အဆုံ/ဆုံမှတ်
ကွန်ယက်ဒေတာပုံစံများတွင် အနားနှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော အနားများ ဆုံရာ အမှတ်ဖြစ်သည်။
ကိုးကား – wiki.gis.com
junction connectivity policy – အဆုံဆက်သွယ်မှု မူဝါဒ
ကွန်ယက် ဒေတာအစုများတွင် အဆုံတစ်ခုသည် အနား တစ်ခုနှင့် မည်သို့ဆက်ရမည်ကို သတ်မှတ်ပေးသည့် ဆက်သွယ်မှုမူဝါဒဖြစ်သည်။
ကိုးကား – wiki.gis.com
junction element – အဆုံ/ဆုံမှတ်
ကွန်ယက်ဒေတာပုံစံများတွင် အနားနှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော အနားများ ဆုံရာ အမှတ်ဖြစ်သည်။
ကိုးကား – wiki.gis.com
