kernel – အင်းကွက်ဆံ
raster တစ်ခုပေါ်တွင် တွက်ချက်မှုလုပ်သည့် အင်းကွက်အဆံ (လေးထောင့်ကွက်)ဖြစ်သည်။ Filter ဟုလည်း ခေါ်သည်။ ယင်းအကွက်အတွင်းကျရောက်သည့်ဆဲလ်များကိုသာတွက်ချက်ပြီး အပြင်ဖက်ရှိဆဲလ်များတွင် တွက်ချက်မှုသက်ရောက်ခြင်းမရှိပါ။ Filter များကို ဆဲလ် အခြေခံသည့်တွက်ချက်မှုများ တွင် အဓိက အသုံးပြုပြီး အင်းကွက်ဆံအလယ်တွင်ကျရောက်နေသော ဆဲတန်ဖိုးသည် အင်းကွက်ဆံအတွင်းကျရောက်သော ဆဲများအားလုံး၏ စုစုပေါင်း သို့မဟုတ် ပျမ်းမျှ တန်ဖိုးသို့မဟုတ် အခြားတွက်ချက်မှုတန်ဖိုး ဖြစ်လာသည်။ အင်းကွက်ဆံသည် raster ပေါ်တွင် စနစ်တကျ ရွေ့လျားပြီး ဆဲလ်တစ်ခုချင်းအတွက် တွက်ချက်ပေးသည်။ အင်းကွက် အဆံသည် ပုံသဏ္ဌာန်မျိုးစုံ အရွယ်အစားမျိုးစုံရှိပါသည်။ သို့သော်လည်း အသုံးများသည်မှာ 3 x 3 စတုရန်းပုံ အင်းကွက်ဆံဖြစ်ပါသည်။
ကိုးကား – wiki.gis.com
key – သော့ချက်
မှတ်တမ်း တစ်ကြောင်းစီကို ခွဲခြာပြပေးနိုင်သည့် ဒေတာဘေ့စ်ရှိ သော့ချက် အချက်အလက်တစ်ခု (သို့မဟုတ်) အစု။
ကိုးကား – wiki.gis.com
key attribute – သော့ချက် အချက်အလက်
မှတ်တမ်း တစ်ကြောင်းစီကို ခွဲခြာပြပေးနိုင်သည့် ဒေတာဘေ့စ် ရှိ သော့ချက် အချက်အလက်တစ်ခု သို့မဟုတ် အစု။ သော့ချက်တန်ဖိုးသည် ကွက်လပ် မဖြစ်ရပါ၊ အခြားတစ်ခုနှင့်တူနေခြင်း ကိုခွင့်မပြုပါ။
ကိုးကား – wiki.gis.com
keyboard shortcut – ဖြတ်လမ်းကီးခလုပ်
မောက်စ် ကို အသုံးပြုလုပ်ရမည့် ခိုင်းစေချက် ကို ကီးခလုပ်အတွဲဖြင့် ပြုလုပ်ခြင်းဖြစ်သည်။ ဥပမာ – လူသိများသည့် Ctrl+C သည် ကော်ပီ ကူးသည့် ဖြတ်လမ်းကီးခလုပ် အတွဲဖြစ်သည်။
ကိုးကား – wiki.gis.com
keycode – သော့ဂဏန်းတွဲ
ဆော့ဝဲကို အသုံးပြုခွင့်ကို ထိန်းချုပ်သည့် လိုင်စင် ဖိုင် ထဲရှိ ဧကံသ ဂဏန်းအတွဲများ။ သော့ဂဏန်းတွဲများသည် တစ်ခုတည်းရှိသည့် အတွဲဖြစ်သည်။ ဥပမာ -ArcEditor Concurrent Use on Windows ၏ စက်အမှတ်အသားများ သည် ကိုယ်ပိုင် အမှတ် ဂဏန်းအတွဲ ကို ထုတ်ပေးသည်။ ဆော့ဝဲ လိုင်စဉ်ဖိုင် သော့ဂဏန်းအတွဲ ကို လိုင်စင် မန်နေဂျာ မှ ကွန်ပြုတာ ၏ ကိုယ်ပိုင်အမှတ် ဂဏန်းတွဲ နှင့် နှိုင်းယှဉ်စစ်ဆေးပြီး ကိုက်ညီမှုရှိပါက ဆော့ဝဲ အသုံးပြုခွင့်ကို ပေးခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
keyframe – ပင်မဖရိန်
ArcMap, ArcScene, or ArcGlobe စသည်တို့၏ အန်နီမေးရှင်း တွင် အချိန်အပိုင်းအခြားတစ်ခုရှိ အရာဝတ္ထုတစ်ခု၏ ဂုဏ်သတ္တိ လျပ်တစ်ပျက်မှတ်တမ်းဖြစ်သည်။
ကိုးကား – wiki.gis.com
keyword – အဓိက/အညွှန်း စာလုံး
စာပိုဒ် ထဲရှိ အကြောင်းရာများ ကို အက္ခရာညွန်းစဉ်ရာ တွင် သို့မဟုတ် ရှာဖွေရာ တွင် အသုံးပြုသည့် အဓိကကျသည့် စကားလုံးဖြစ်သည်။
ကိုးကား – wiki.gis.com
kinematic positioning – ရွေ့လျားနေစဉ်တည်နေရှာခြင်း
ရွေ့လျားနေသာ ကား (သို့မဟုတ်) သင်္ဘော ပေါ်ရှိ GPS antenna ၏ တည်နေရာ ကို ရရှိရန် တိုင်းတာသည့်နည်းဖြစ်သည်။
ကိုးကား – wiki.gis.com
knockout – နော့ကောက်
အောဖ်ဆက် ပုံနှိပ်နည်းတွင် မှင်ရောင်အလွှာ တစ်ခုကိုကွက်ချန်ထားရန် သတ်မှတ်ထားသည့် နေရာ ဖြစ်သည်။ နော့ကောက် များကို အချို့အရောင်များ ကို နောက်လာမည့်အရောင်များ နှင့် ရောထွေးမသွားစေရန် အတွက် အသုံးပြုသည်။
ကိုးကား – wiki.gis.com
knowledge base
အဆင့်မြင့်စနစ်များတွင် အသုံးပြုသည့် အကြောင်းအရာ တစ်ခု အကြောင်း သိမ်းဆည့်းထားသည့် ဒေတာဘေ့စ် ဖြစ်သည်။
ကိုးကား – wiki.gis.com
known point – တန်ဖိုးသိမြေတိုင်းမှတ်
x,y coordinate တန်ဖိုးသတ်မှတ်ပေးထားပြီးသည့် မြေအတိုင်းခုံ/အမှတ် ဖြစ်သည်။ တန်ဖိုးသိမြေတိုင်းမှတ် များကို မြေတိုင်းတာခြင်းလုပ်ငန်းများတွင် တိုင်းတာမည့် ဧရိယာ အတွင်းသို့ တွက်ချက်မှုများ ကူးပြောင်း ရာတွင် အသုံးပြုသည်။
ကိုးကား – wiki.gis.com
Kohonen map – ကိုဟိုနန်းမြေပုံ
ရှုပ်ထွေးသောဒေတာစုများအား အမျိုးအစားခွဲခြားရန်၊အခြင်းခြင်းဆက်သွယ်မှုကို ဖော်ပြရန်၊နှင့်ဘက်ပေါင်းစုံအဆင်ပုံစံများကိုဖော်ပြရန် နူရယ် ကွန်ယက်နည်း ကို အသုံးပြုသည့် မြေပုံဖြစ်သည်။ ယင်းနည်းမျိုးကို အသုံးပြုထားသည့် မြေပုံများကို ကိုယ်တိုင်စီစဉ်မြေပုံများ self-organizing maps (SOMs) ဟုရည်ညွှန်းလေ့ရှိသည်။ ကိုဟိုနန်း မြေပုံများကို ဖင်လန် အင်ဂျင်နီယာ တျူဗိုကိုဟိုနန်း Teuvo Kohonen နာမည်ကို အစွဲပြု အမည်ပေးထားခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
kriging – ကရစ်ကွက်စိတ်ဖွဲခြင်း
နေရာ တစ်ခုတွင်ရှိမည့် တန်ဖိုးကို ယင်းနေရာ ပတ်ဝန်းကျင်တွင် တိုင်းတာရှိရှိထားသောအခြားနေရာများ၏တန်ဖိုးများမှ အလေးတင်းနည်းဖြင့် သွယ်ဝိုက်ခန့်မှန်းတွက်ချက်နည်းဖြစ်သည်။ အလေးများ၏တန်ဖိုးများ ကို တိုင်းတာထားသည့် အမှတ်များမှ အကွာအဝေး၊ ခန်းမှန်းမည့်နေရာများ၏တည်နေရာ နှင့် ယင်းအမှတ်များ တည်ရှိနေပုံအနေအထား ပေါ်တွင် အခြေခံထားသည်။ ကရစ်ကွက်စိတ်ဖွဲ့နည်းသည်အခြား သွယ်ဝိုက်ခန့်မှန်းတွကချက်နည်းပြား နှင့် မတူကွဲပြားသည့်နည်းဖြစ်သည်။ ကရစ်ကွက်စိတ်ဖွဲ့နည်း သည် ခန့်မှန်းချက်များ ၏ ကွဲလွဲမှု (variance) နှင့် တိကျမှု (precision) တို့ကို သတ်မှတ်ရန် လွယ်ကူသည့်နည်းလမ်းကို ဖော်ဆောင်ပေးသည်။ ကရစ်ကွက်စိတ်ဖွဲ့နည်း သည် နေရာအလိုက်ကွဲပြားမှုသည် မျက်ပြင်တစ်လျောက် တစ်ဆက်တစ်စပ်တည်းရှိနေသည့် ဟုယူဆသည့် regionalized variable သီအိုရီ ကိုအခြေခံထားခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ကွဲပြားမှုပုံစံမှာ နေရာတိုင်းတွင် ပုံစံတူဖြစ်နေခြင်းဖြစ်သည်။ တောင်အာဖရိက သတ္တုတွင်း အင်ဂျင်နီယာ ဒန်နီ ဂျီ ကရစ် Danie G. Krige (၁၉၁၉- ခုနှစ်) ကို ဂုဏ်ပြုသည့် အနေဖြင့် ကရစ်နည်းဟု အမည်ပေးထားခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
