.bat file
command window တွင် အသုံးပြုသည့် အမိန့်ပေးခိုင်းစေချက်များပါသော ဖိုင်ဖြစ်သည်။ ထပ်တလဲလဲ အလုပ်များလုပ်ဆောင်ရာတွင် အသုံးပြုလေ့ရှိသည်။ သတ်မှတ်ထားသည့် အချိန်တွင်ခိုင်းစေချက်များ ပြုလုပ် ရန်အတွက် အသုံးပြုသည်။ batch file အမျိုးအစားဖြစ်သည်။
ကိုးကား – wiki.gis.com
.dbf
ဒေတာဘေ့စ် ဖိုင် အမျိုးအစားတစ်ခုဖြစ်သည်။ shp ဖိုင် ၏ တွဲဖက် ဖိုင် တစ်ခုဖြစ်ပြီး dbf ဖိုင်တွင် အချက်အလက်ဇယား (attribute table) ကိုသိမ်းဆည်း ထားသည်။
ကိုးကား – wiki.gis.com
.Net
Microsoft မှ တီထွင်ထုတ်လုပ်ထားသော framework တစ်ခုဖြစ်ပြီး ၎င်းသည် မည်သည့် COM-based programming languages များကိုမဆို machine-executable language (စက်ဖြင့်လုပ်ဆောင်နိုင်သော languages)အဖြစ်ပြောင်းပေးသည်။ .NET framework သည် Web service toolkit တစ်ခုအဖြစ်လည်း ဆောင်ရွက်ပေးသည်။
ကိုးကား – wiki.gis.com
1NF
ဆက်စပ်မှု အခြေခံ ဒေတာဘေ့စ် relational database တွင်ဇယားနှင့်အချက်အလက်တည်ဆောက်မှု ပထမအဆင့် လမ်းညွှန်ချက် ။ ပထမဆင့် ပုံမှန်ပုံစံ 1NF လမ်းညွှန်သည် database ဇယားရှိအတန်း (row) တိုင်းအတွက် ထပ်တူနှစ်ခုမရှိသော့ချက် (key) များကိုဖန်တီးကာ ထပ်နေသော တန်း (column) များ ကိုဖယ်ရှား ပြီး ဆက်စပ်သောဒေတာများပါသည့်သီးခြားဇယားများဖန်တီးရန်အကြံပြုသည်။ ဤလမ်းညွှန်ချက်များကိုလိုက်နာသောဒေတာဘေ့စ်ကို ပထမဆင့် ပုံမှန်ပုံစံ 1NF ဟု သတ်မှတ်သည်။
ကိုးကား – wiki.gis.com
2NF
ဆက်စပ်မှု အခြေခံ ဒေတာဘေ့စ် relational database တွင်ဇယားနှင့်အချက်အလက်တည်ဆောက် မှုအတွက် ဒုတိယအဆင့် လမ်းညွှန်ချက်။ ဒုတိယဆင့် ပုံမှန်ပုံစံ 2NF လမ်းညွှန်ချက်တွင် ပထမဆင့် ပုံမှန်ပုံစံ 1NF ၏လမ်းညွှန်ချက်များပါဝင်သည်။ ထို့အပြင် ဇယားရှိအတန်း (row) ပေါင်းများစွာတွင် ထပ်ခါထပ်ခါပါဝင်သော ဒေတာများကို မူလ ဇယားမှဖယ်ရှား ပြီး သီးသန့် ကိုယ်ပိုင် ဇယား တစ်ခုကို တွင် ထည့်ကာ ပြင်ပသော့ချက် (foreign key) တစ်ခုဖြင့် မူလ ဇယားဖြင့် ဆက်စပ်မှု (relationship) ကို ဖန်တီး ရန် အကြံပြုထားသည်။ ဤလမ်းညွှန်ချက်များကိုလိုက်နာသောဒေတာဘေ့စ်ကိုဒုတိယပုံမှန်ပုံစံ 2NF ဟုဆိုနိုင်သည်။
ကိုးကား – wiki.gis.com
3D feature
ကမ္ဘာပေါ်တွင်အမှန်တကယ်တည်ရှိနေသည့် အရာဝတ္ထုတစ်ခုကို မြေပုံတစ်ပုံ သို့မဟုတ်ပြကွက်တစ်ကွက်ပေါ်တွင် သုံးဖက်မြင်ပုံတစ်ပုံအဖြစ် ကိုယ်စားပြုဖော်ပြခြင်းဖြစ်သည်။ ထိုသို့ဖော်ပြရာတွင် အရာဝတ္ထု၏ ဂျီသြမေတြီအတွင်း သိမ်းဆည်းထားသော အမြင့်တန်ဖိုးများ (z-တန်ဖိုးများ)ကို အသုံးပြုသည်။ ဂျီသြမေတြီအပြင် 3D features များသည် feature tableတွင် သိမ်းဆည်းထားသောအချက်အလက်များ ရှိကောင်းရှိနိုင်သည်။ CAD ကဲ့သို့သော applications များတွင် 3D features များကို 3D ပုံစံများအဖြစ် မကြာခဏရည်ညွှန်းလေ့ရှိသည်။
ကိုးကား – wiki.gis.com
3D graphic
ကမ္ဘာပေါ်တွင်အမှန်တကယ်တည်ရှိနေသည့် အရာဝတ္ထုတစ်ခုကို မြေပုံတစ်ပုံ (သို့မဟုတ်) ပြကွက်တစ်ကွက်ပေါ်တွင် သုံးဖက်မြင်ပုံတစ်ပုံအဖြစ် ကိုယ်စားပြုဖော်ပြခြင်းဖြစ်သည်။ ထိုသို့ဖော်ပြရာတွင် အရာဝတ္ထု၏ ဂျီသြမေတြီအတွင်း သိမ်းဆည်းထားသော အမြင့်တန်ဖိုးများ (z-တန်ဖိုးများ)ကို အသုံးပြုသည်။ 3D features နှင့်မတူညီသည်မှာ 3D graphics တွင် နောက်ဆက်တွဲအချက်အလက်များ မပါရှိခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
3D model
အရာဝတ္ထုတစ်ခုကို သုံးဖက်စနစ်တစ်ခုဖြင့်ဖော်ပြရန်အသုံးပြုသည်။ GIS တွင် 3D ပုံစံများကို 3D feature များအဖြစ်မကြာခဏရည်ညွှန်းလေ့ရှိသည်။
ကိုးကား – wiki.gis.com
3D multipatch
ArcGISတွင် ပြင်ညီ သုံးဖက်မြင်ပုံစံ အဝိုင်းပတ်များ၊တြိဂံများဖြင့်ဖွဲ့စည်းထားသော ဂျီဩမေတြီအမျိုးအစားတစ်မျိုးဖြစ်သည်။ ၎င်းကို သုံးဖက်မြင်စနစ်(space)ထဲ တွင် သီးခြားတည်ရှိသည့် ဧရိယာ သို့မဟုတ် ထုထည်များရှိသည့် အရာဝတ္ထုများကို ပုံစံပြုဖန်တီးရာ၌ ပေါင်းစပ်အသုံးပြုသည်။ Multipatches များသည် စက်လုံးများနှင့် ကုဗတုံးများကဲ့သို့သော ဂျီဩမေတြီအရာဝတ္ထုများ သို့မဟုတ် အဆောက်အဦးများနှင့် သစ်ပင်များကဲ့သို့ ကမ္ဘာပေါ်ရှိ အရာဝတ္ထုများကို ကိုယ်စားပြုနိုင်သည်။
ကိုးကား – wiki.gis.com
3D polygon
Polygon ၏ အဆစ် vertex များတွင် အမြင့်တန်ဖိုး z value များပါဝင်နေသည့် polygon ဖြစ်သည်။
ကိုးကား – wiki.gis.com
3D scene – 3D မြင်ကွင်း
ArcGIS 3D Analyst extension နှင့် ArcView 3.x တွင် သုံးဖက်မြင်စနစ်ပါရှိသော ဒေတာကိုပြသရန်အသုံးပြုသော document အမျိုးအစားတစ်မျိုးဖြစ်သည်။ ၎င်းတွင် မာတိကာ ဇယားတစ်ခုနှင့် viewer ဟုခေါ်သော ပြသပေးသည့်နေရာတစ်ခုပါရှိသည်။ Viewer တွင် 3D ဒေတာဖော်ပြမှုအား ချိန်ညှိနိုင်ပြီး features များအား ခွဲခြားသတ်မှတ်ပြီး ရွေးချယ်နိုင်သည့် buttons များနှင့် tools များပါသည့် control bar တစ်ခု ပါရှိသည်။ 3D မြင်ကွင်းတစ်ခုသည် ဒေတာတစ်ခုတည်းကို မတူညီသော ရှုထောင့်များမှ ပြသပေးသော viewersများ ပါဝင်နိုင်သည်။
ကိုးကား – wiki.gis.com
3D shape
အမှတ်၊ မျဉ်း သို့မဟုတ် ဗဟုဂံတစ်ခုဖြစ်ပြီး ၎င်းသည် ၎င်း၏ဂျီသြမေတြီ၏ အစိတ်အပိုင်းအဖြစ် x ၊ y နှင့် z-coordinates များကို သိမ်းဆည်းထားသည်။ အမှတ်တစ်ခုတွင် z-coordinate တစ်ခုပါရှိပြီး၊ မျဉ်းများနှင့် ဗဟုဂံများတွင် ထောင့်ချိုးတစ်ခုချင်းစီအတွက် z-coordinates များပါရှိသည်။
ကိုးကား – wiki.gis.com
3D style
ArcScene and ArcGlobe တွင် 3D symbols များပါရှိသော library တစ်ခု။
ကိုးကား – wiki.gis.com
3D symbol
သုံးဖက်မြင်စနစ်ဖြင့်ပြသနိုင်စေရန် ဂုဏ်သတ္တိများပါရှိသော သင်္ကေတတစ်ခု။
ကိုးကား – wiki.gis.com
3NF
ဆက်စပ်မှု အခြေခံ ဒေတာဘေ့စ် relational database တွင်ဇယားနှင့်အချက်အလက်တည်ဆောက်ပုံဒီဇိုင်းအတွက် တတိယအဆင့်လမ်းညွှန်ချက်များ။ တတိယ – ပုံမှန်ပုံစံ 3NF လမ်းညွှန်တွင်ပထမနှင့်ဒုတိယပုံမှန်ပုံစံ 1NF & 2NF လမ်းညွှန်ချက်များပါဝင်သည်။ ထို့အပြင် ဇယား၏ အဓိကသော့ချက် (primary key) ပေါ်တွင် မူတည်ခြင်းမရှိသော ကော်လံများကို ဇယားမှဖယ်ရှားရန် အကြံပြုထားသည်။ ဤလမ်းညွှန်ချက်များကိုလိုက်နာသော ဒေတာဘေ့စ်ကိုတတိယပုံမှန်ပုံစံ 3NF ဟုဆိုသည်။
ကိုးကား – wiki.gis.com
