O

object

GIS စနစ်တွင် တည်နေရာရှိသော (သို့မဟုတ်) မရှိသော အရာ ဝတ္ထုတစ်ခုကို ဒစ်ဂျစ်တယ်နည်းအရ ကိုယ်စားပြုထားသည့်အရာဖြစ်သည်။ အရာဝတ္ထုများသည် များသောအားဖြင့် ဘုံအချက်အလက်များ နှင့် လက္ခဏာများ ရှိသည့် အမျိုးအစားတစ်ခု အောက်တွင်ကျရောက် နေသည်။

ကိုးကား – wiki.gis.com


object class

Geodatabase တစ်ခုတွင် တူညီသော အမျိုးအစား(class) (သို့မဟုတ်) တူညီသောပုံစံရှိသည့် nonspatial ဒေတာ စုစည်းမှုတစ်ခုဖြစ်သည်။ Spatial အရာဝတ္ထုများကို geodatabase တစ်ခုထဲရှိ feature classes ထဲတွင် သိမ်းဆည်းပြီး၊ nonspatial အရာဝတ္ထုများကို object classes ထဲတွင် သိမ်းဆည်းထားသည်။

ကိုးကား – wiki.gis.com


Object Definition Language

Interface Definition Language နှင့်ဆင်တူသော်လည်း object library တစ်ခုတွင်ပါဝင်သော အရာဝတ္ထုများအား သတ်မှတ်ရန် အသုံးပြုသည်။

ကိုးကား – wiki.gis.com


object library

Object library ၏ အတိုကောက်စာလုံးဖြစ်သည်။ COM Objectများ၊ ၎င်းတို့၏ဂုဏ်သတ္တိများနှင့် နည်းလမ်းများကို အခြား Applicationများက လုပ်ငန်းဆောင်ရွက်စဉ်တွင် ရယူသုံးစွဲနိုင်သည့် ပုံစံဖြင့် ကျိုးကြောင်းဆက်စပ်စုစည်း သိမ်းဆည်းထားသည့် binary ဖိုင်တစ်ခုဖြစ်သည်။ Library အမျိုးအစားတစ်ခုကို အသုံးပြုပြီး application တစ်ခု သို့မဟုတ် browser တစ်ခုကမည်သည့်ကြားခံဆက်သွယ်ပေးသောစနစ်သည် object တစ်ခုအား အထောက်အပံ့ပေးပြီး object ၏ ကြားခံဆက်သွယ်ပေးသောနည်းလမ်းများကို သုံးသည်ကို ဆုံးဖြတ်ပေးနိုင်သည်။

ကိုးကား – wiki.gis.com


object model diagram

Library တစ်ခုထဲရှိ အမျိုးအစားများနှင့် ၎င်းတို့၏ ဆက်စပ်မှုတို့အား ပုံဖြင့်သရုပ်ဖော်ပြသခြင်း။

ကိုးကား – wiki.gis.com


ObjectID

အရာ/အရာဝတ္ထုတစ်ခုအား ခွဲခြားဖော်ပြပေးနိုင်သည့် ArcGISတွင် စနစ်ကစီမံခန့်ခွဲသော တန်ဖိုးတစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


oblate ellipsoid – ထိပ်ပြားစက်လုံးယောင်

ဘဲဥပုံစက်ဝန်းတစ်ခုကို ၎င်း၏ ဝန်ရိုးငယ်(ဝန်ရိုးအတို) ပတ်ပတ်လည်တွင် လှည်ပတ်ခြင်းဖြင့် ဖန်တီးထားသော စက်လုံးယောင်တစ်ခု။ ထိပ်ပြားစက်လုံးယောင်။ ကမ္ဘာမြေ၏ပုံသဏ္ဍာန်သည် ၁ အချိုး ၂၉၈.၂၅၇ ဖြင့် အချိုးချထားသော စက်လုံးယောင်ပုံသဏ္ဍာန်ဟု ခန့်မှန်းနိုင်သည်။

ကိုးကား – wiki.gis.com

Figure : ထိပ်ပြားစက်လုံးယောင် ၊ ညာပုံ – ထိပ်ချွန်စက်လုံးယောင် (Credit : wikimedia)

oblique aspect

အီကွေတာနှင့် ဝန်ရိုးစွန်းကြားတွင် တန်းဂျင့်မှတ်ရှိနေသော ပြင်ညီ (သို့မဟုတ်) ဆလင်ဒါ မြေပုံအရိပ်ချစနစ်။

ကိုးကား – wiki.gis.com


oblique photograph – ထောင့်စောင်းကောင်းကင်ဓါတ်ပုံ

ကင်မရာ ဝန်ရိုးကို ရေပြင်ညီမှထောင့်တစ်ခုဖြင့်စောင်းပြီးရိုက်ထားသည့် ကောင်းကင်ဓါတ်ပုံဖြစ်သည်။ အစောင်းနိမ့်ပုံ တွင် ကမ္ဘာ့မျက်နှာပြင်သာပါဝင်ပြီး အစောင်းမြင့် ပုံတွင် မိုကုတ်စက်ဝိုင်းပါ ပါဝင်နေသည်။

ကိုးကား – wiki.gis.com


oblique projection – အစောင်း အရိပ်ချစနစ်

အီကွေတာနှင့် ဝန်ရိုးစွန်းကြားတွင် တန်းဂျင့်မှတ်ရှိနေသော ပြင်ညီ သို့မဟုတ် ဆလင်ဒါသုံး မြေပုံအရိပ်ချစနစ်။

ကိုးကား – wiki.gis.com

Credit : wikimedia

observer

ArcScene နှင့် ArcGlobe တို့တွင် မြင်ကွင်း သို့မဟုတ် ကမ္ဘာလုံးရှိ ကင်မရာ၏ တည်နေရာ။

ကိုးကား – wiki.gis.com


observer offset

ArcScene နှင့် ArcGlobe တို့တွင် မြင်ကွင်းခွင်များ (viewsheds) များနှင့် တူရှုမျဉ်းများ(line of sight)ကို တွက်ချက်ရာတွင် ထည့်သွင်းအသုံးပြုသော မျက်နှာပြင်တစ်ခုအထက်ရှိ ကြည့်ရှုသူအမှတ် (observer point) အမြင့်ဖြစ်သည်။

ကိုးကား – wiki.gis.com


ocs

output coordinate system (အထွက်ရလဒ်ကိုဩဒီနိတ်စနစ်) ၏ အတိုကောက်စာလုံးဖြစ်သည်။ ArcWeb services တွင် အသုံးပြုသူက သတ်မှတ်ထားသော မြေပုံအရိပ်ချစနစ်တစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


ocx

.ocx ဖြင့်ဆုံးသော ဖိုင် ထဲတွင် ပါသည့် Active X control တစ်ခုအဖြစ် လူသိများသော OLE custom control တစ်ခုဖြစ်သည်။ ArcGIS controlsများ သည် Active X controls များ ဖြစ်ကြသည်။

ကိုးကား – wiki.gis.com


ODL

Object Definition Language ၏ အတိုကောက်စာလုံးဖြစ်သည်။ Interface Definition Language နှင့်ဆင်တူသော်လည်း object library တစ်ခုတွင်ပါဝင်သော အရာဝတ္ထုများအား သတ်မှတ်ရန် အသုံးပြုသည်။

ကိုးကား – wiki.gis.com


off-nadir – ယိုင်လွဲခြင်း

ကင်မရာ သို့မဟုတ် အာရုံခံကရိယာ အောက်တွင် တိုက်ရိုက်ရှိမနေပဲ ထောင့်တစ်ခုဖြင့်လွဲ လျက် ရှိနေသည့်မည်သည့်အမှတ်မဆို။

ကိုးကား – wiki.gis.com


OGC

Open Geospatial Consortium ၏ အတိုကောက်စာလုံးဖြစ်သည်။ အများပြည်သူများ ရယူနိုင်သော geospatial နှင့်တည်နေရာအခြေပြုဝန်ဆောင်မှုများ ဖွံ့ဖြိုးလာစေရန် စုပေါင်းသဘောတူညီလုပ်ဆောင်သောလုပ်ငန်းစဉ်တစ်ခုတွင် ပါဝင်သော ကုမ္ပဏီများ၊ အစိုးရအေဂျင်စီများနှင့်တက္ကသိုလ်များ စုဖွဲ့ထားသည့် နိုင်ငံတကာစုပေါင်းလုပ်ငန်းစုတစ်ခု ဖြစ်သည်။ OpenGIS သတ်မှတ်ချက်များအရ သတ်မှတ်ထားသော interfaces နှင့် protocols များသည် အပြန်အလှန်ဆောင်ရွက်နိုင်စွမ်းကို ထောက်ပံ့ပေးပြီး geospatial နည်းပညာများကို ကြိုးမဲ့နှင့်တည်နေရာအခြေပြု ဝန်ဆောင်မှုများနှင့်ပေါင်းစပ်နိုင်ရန် ကြိုးပမ်းပေးသည်။

ကိုးကား – wiki.gis.com


OGIS

Open Geodata Interoperability Specification ၏ အတိုကောက်စာလုံးဖြစ်သည်။ အမျိုမျိုးသော တွက်ချက်မှု ပတ်ဝန်းကျင်တစ်ခုတွင် GIS ၏ အပြန်အလှန်ဆောင်ရွက်နိုင်စွမ်းကို ထောက်ပံ့ပေးရန် Open Geospatial Consortium, Inc.မှ ဖန်တီးထားသော သတ်မှတ်ချက်တစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


OID

ArcGIS တွင် မှတ်တမ်းတစ်ခု သို့မဟုတ် အရာဝတ္ထုတစ်ခုကို ခွဲခြားသတ်မှတ်ထားသော system-managed တန်ဖိုးတစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


OLB

Object library ၏ အတိုကောက်စာလုံးဖြစ်သည်။ COM Objectများ၊ ၎င်းတို့၏ဂုဏ်သတ္တိများနှင့် နည်းလမ်းများကို အခြား Applicationများက လုပ်ငန်းဆောင်ရွက်စဉ်တွင် ရယူသုံးစွဲနိုင်သည့် ပုံစံဖြင့် သဘာဝကျကျ စုစည်း သိမ်းဆည်းထားသည့် binary ဖိုင်တစ်ခုဖြစ်သည်။ Library အမျိုးအစားတစ်ခုကို အသုံးပြုပြီး application တစ်ခု သို့မဟုတ် browser တစ်ခုက မည်သည့်ကြားခံဆက်သွယ်ပေးသောစနစ်ကို object တစ်ခုက အထောက်အပံ့ပေးပြီး object ၏ ကြားခံဆက်သွယ်ပေးသောနည်းလမ်းများကိုဖွင့်ပေးသုံးသည်သတ်မှတ်ပေးသည်။

ကိုးကား – wiki.gis.com


OLE

Object Linking and Embedding ၏ အတိုကောက်စာလုံးဖြစ်သည်။ Microsoft မှ ပရိုတိုကောတစ်ခုဖြစ်ပြီး ၎င်းသည် အပ်ပလီကေးရှင်းများစွာဖြင့် လဲလှယ်နိုင်သော ပြန်သုံးနိုင်သည့် အရာဝတ္ထုများ ဖန်တီး တည်ဆောက် နိင်စေသည်။ OLE ကို အသုံးပြုသည့် အပ်ပလီကေးရှင်းများသည် အခြားသောအပ်ပလီကေးရှင်းများရှိ ဒေတာများနှင့် ချိတ်ဆက်ထားသော ပေါင်းစပ်ထားသည့် documents များအား ဖန်တီးနိုင်သည်။ ဒေတာများကို အပ်ပလီကေးရှင်းများကြား မပြောင်းဘဲ document မှ တည်းဖြတ်နိုင်သည်။

ကိုးကား – wiki.gis.com


OLE custom control

.ocx ဖြင့်ဆုံးသော ဖိုင် ထဲတွင် ပါသည့် Active X control တစ်ခုအဖြစ် လူသိများသော OLE custom control တစ်ခုဖြစ်သည်။ ArcGIS controlsများ သည် Active X controls များ ဖြစ်ကြသည်။

ကိုးကား – wiki.gis.com


on the fly – လက်တမ်းပြုလုပ်သွားခြင်း

ဝက်ဆိုက်ရှာဖွေခြင်း (သို့မဟုတ်) အချက်အလက်တောင်းခံမှုကဲ့သို့ သော အချက်အလက်လွဲပြောင်းလုပ်ငန်းပြုနေစဉ်မှာပင် တစ်ခါတည်း စီစဉ်၊ ဖန်တီး၊ တင်ပြ၊ တွက်ချက်မှုများကို လျင်လျင်မြန်မြန်လုပ်သွားခြင်း ကို ဆိုလိုသည်။

ကိုးကား – wiki.gis.com


on-screen digitizing

ကွန်ပျုတာမော်နီတာတစ်ခုပေါ်တွင် အရာဝတ္ထုများကို Mouse ဖြင့် လိုက်ထပ်ပြီး ဆွဲသားရသော လက်ဖြင့် digitization လုပ်သည့်နည်းဖြစ်သည်။ Raster Data များကို Vector သို့ ပြောင်းရာတွင် အသုံးပြုသည့် နည်းလမ်းတစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


Open Geodata Interoperability Specification

အမျိုမျိုးသော တွက်ချက်မှု ပတ်ဝန်းကျင်တစ်ခုတွင် GIS ၏ အပြန်အလှန်ဆောင်ရွက်နိုင်စွမ်းကို ထောက်ပံ့ပေးရန် Open Geospatial Consortium, Inc.မှ ဖန်တီးထားသော သတ်မှတ်ချက်တစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


Open Geospatial Consortium

အများပြည်သူများ ရယူနိုင်သော geospatial နှင့်တည်နေရာအခြေပြုဝန်ဆောင်မှုများ ဖွံ့ဖြိုးလာစေရန် စုပေါင်းသဘောတူညီလုပ်ဆောင်သောလုပ်ငန်းစဉ်တစ်ခုတွင် ပါဝင်သော ကုမ္ပဏီများ၊ အစိုးရအေဂျင်စီများနှင့်တက္ကသိုလ်များ စုဖွဲ့ထားသည့် နိုင်ငံတကာစုပေါင်းလုပ်ငန်းစုတစ်ခု ဖြစ်သည်။ OpenGIS သတ်မှတ်ချက်များအရ သတ်မှတ်ထားသော interfaces နှင့် protocols များသည် အပြန်အလှန်ဆောင်ရွက်နိုင်စွမ်းကို ထောက်ပံ့ပေးပြီး geospatial နည်းပညာများကို ကြိုးမဲ့နှင့်တည်နေရာအခြေပြု ဝန်ဆောင်မှုများနှင့်ပေါင်းစပ်နိုင်ရန် ကြိုးပမ်းပေးသည်။

ကိုးကား – wiki.gis.com


OpenGIS Consortium – OpenGIS လုပ်ငန်းအဖွဲ့

အများပြည်သူများ ရယူနိုင်သော geospatial နှင့်တည်နေရာအခြေပြုဝန်ဆောင်မှုများ ဖွံ့ဖြိုးလာစေရန် စုပေါင်းသဘောတူညီလုပ်ဆောင်သောလုပ်ငန်းစဉ်တစ်ခုတွင် ပါဝင်သော ကုမ္ပဏီများ၊ အစိုးရအေဂျင်စီများနှင့်တက္ကသိုလ်များ စုဖွဲ့ထားသည့် နိုင်ငံတကာစုပေါင်းလုပ်ငန်းစုတစ်ခု ဖြစ်သည်။ OpenGIS သတ်မှတ်ချက်များအရ သတ်မှတ်ထားသော interfaces နှင့် protocols များသည် အပြန်အလှန်ဆောင်ရွက်နိုင်စွမ်းကို ထောက်ပံ့ပေးပြီး geospatial နည်းပညာများကို ကြိုးမဲ့နှင့်တည်နေရာအခြေပြု ဝန်ဆောင်မှုများနှင့်ပေါင်းစပ်နိုင်ရန် ကြိုးပမ်းပေးသည်။

ကိုးကား – wiki.gis.com


operator

တွက်ချက်ပုံဖော်ပြချက် (expression) ထဲတွင် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော operand များနှင့်ဆောင်ရွက်သည့် လုပ်ငန်းစဉ် သို့မဟုတ် အော်ပရေးရှင်းတစ်ခုထဲမှ “+” (plus, or addition)နှင့် “>” (greater than) ကဲ့သို့ သင်္ကေတဖြင့်ဖော်ပြချက်များ။ တွက်ချက်ရာတွင် အော်ပရေတာများသည် ရလဒ်အဖြစ် တန်ဖိုးတစ်ခုကို ပြန်လည်ထုတ်ပေးသည်။ expression တစ်ခုထဲတွင် အော်ပရေတာများစွာကို ထည့်သွင်းအသုံးပြုသည့်အခါ ၎င်းတို့၏ အော်ပရေတာဦးစားပေးမှုအစီအစဉ်အတိုင်း တွက်ချက်ပါသည်။

ကိုးကား – wiki.gis.com


operator precedence – အော်ပရေတာဦးစားပေးမှု့အစီအစဉ်

Expression တစ်ခုတွင် အော်ပရေတာများလုပ်ဆောင်သည့် အစဉ်။ ဦးစားပေအဆင့်မြင့် သည့် အော်ပရေတာများ ကို အရင် တွက်ချက်ပြီး ဦးစားပေးအဆင့်နည်းသည့် အော်ပရေတာများကို နောက်မှ တွက်ချက်မှု့လုပ်ဆောင်ကြပါသည်။ အော်ပရေတာများအားလုံးသည် တူညီသည့်ဦးစားပေးမှု့ဖြစ်လျှင် ဘယ်ဖက်မှ ညာဖက်သို့ ၎င်းတို့တည်ရှိသည့် အစဉ်လိုက်အတိုင်းတွက်ချက်မှုလုပ်ဆောင်ကြသည်။ အော်ပရေတာဦးစားပေးမှု့ကို ကျော်လွှားရန် လက်သည်းကွင်းများ (parentheses)များကို အသုံးပြုနိုင်ပါသည်။ ကွင်းအတွင်းရှိ expression အပိုင်းကို ပထမဦးစွာ တွက်ချက်မည်ဖြစ်သည်။ ထို့အပြင် ကွင်းခတ်ထားသော expression များကို တစ်ခုအတွင်းတစ်ခုထည့်သွင်းတည်ဆောက်ထားနိုင်သည်။

ကိုးကား – wiki.gis.com


optimization

အချက်အလက်၊ software များကို အသေးစိတ်ချိန်ညှိသည့် နည်းစနစ် (သို့) အချိန်တိုတိုနှင့် အကျိုးများရန်၊ စွမ်းဆောင်မှု တိုးတက်ကောင်းမွန်လာရန် ၊ အကောင်းဆုံးဖြစ်နိုင်သည့် ရလဒ်များ ပိုမိုရရှိရန် မြှင့်တင်သည့် လုပ်ငန်းစဉ် ဖြစ်သည်။

ကိုးကား – wiki.gis.com


ordinal data – အစဉ်ပြကိန်း အချက်အလက်

နှိုင်းယှဉ်လေ့လာသော တန်ဖိုးများဖြင့် အဆင့်အတန်း အုပ်စုခွဲထားသော အချက်အလက်၊ ဥပမာ – လူနေကျဲသည့် နေရာများမှ လူနေထူထပ်သည့် နေရာ/ဧရိယာများကို ဖော်ပြရန် polygon အုပ်စုတစ်ခု၏ အရောင်ကို အနုမှ အရင့်သို့ အသုံးပြုခြင်း။

ကိုးကား – wiki.gis.com


optical center

ထောင့်မှန်စတုဂံမြေပုံ သို့မဟုတ် ဓာတ်ပုံတစ်ပုံပေါ်တွင် ကြည့်ရှုသူ၏မျက်လုံးက ပထမဆုံးကြည့်မိလေ့ရှိသည့် အမှတ်။ visual center သည် page ၏ ဂျီဩမေတြီဗဟိုအထက် အနည်းငယ်တွင် (စုစုပေါင်းအမြင့်၏ ၅% ခန့်) ရှိသည်။

ကိုးကား – wiki.gis.com


ordinary kriging

တန်ဖိုးများ၏အလေးများအားလုံးပေါင်းခြင်းကို တစ်ညီတည်းဖြစ်စေသည့် kriging နည်းလမ်းတစ်ခုဖြစ်သည်။ ၎င်းသည် တွက်ချက်မည့်အမှတ် အနီးနားဝန်းကျင်ရှိ အမှတ်များ၏ ပျမ်းမျှကို အသုံးပြုပြီး အမှတ်တစ်ခုအတွက်ခန့်မှန်းတွက်ချက်ပေးသည်။

ကိုးကား – wiki.gis.com


origin – မူလမှတ်

မြေပုံညွှန်းစနစ်တစ်ခုတွင် ပုံသေသတ်မှတ်ထားသော ရည်ညွှန်းအမှတ်တစ်ခု၊ ၎င်းအမှတ်မှ အခြားအမှတ်များကို တွက်ချက်သည်။ များသောအားဖြင့် ပြင်ညီစနစ် တွင် (0,0) ကိုဩဒီနိတ် နှင့် သုံးဖက်မြင် ဝန်ရိုးသုံးခုစနစ် တွင် (0,0,0)ကိုဩဒိနိတ် များဖြင့် ကိုယ်စားပြုသည်။ အရိပ်ချစနစ်၏ ဗဟိုသည် အမြဲတမ်း ၎င်း၏ မူလ မှတ်တွင်ရှိသည် မဟုတ်ပါ။

ကိုးကား – wiki.gis.com


orthogonal – ထောင့်မှန်ကျခြင်း

ထောင့်မှန်ကျခြင်း၊ထောင့်မှန်ကျ ဖြတ်သွားခြင်း။

ကိုးကား – wiki.gis.com


orthogonal offset

တန်းဂျင့်ထိမှတ် (ဝန်းထိမှတ်)ရှိမျဉ်းနှင့် ထောင့်မှန်ကျနေသော မျဉ်းတစ်ကြောင်းဖြစ်သည်။ ၎င်းကို မျဉ်းတစ်ကြောင်းမှနေ၍ ၎င်းမျဉ်းပေါ်တွင်ကျရောက်မနေသော အမှတ်တစ်ခုသို့ အကွာအဝေးကို တိုင်းတာရန် အသုံးပြုသည်။

ကိုးကား – wiki.gis.com


orthographic projection – orthographic မြေပုံအရိပ်ချစနစ်

အလွန်ကွာဝေးသော အာကာသ (Deep Space)မှ ကြည့်ရှုသကဲ့သို့ မြင်ရသော ပြင်ညီ မြေပုံအရိပ်ချစနစ်တစ်ခု ဖြစ်သည်။ ၎င်းပြင်ညီသည် ကမ္ဘာ့မျက်နှာပြင်နှင့် အမှတ်တစ်ခုတွင် တန်းဂျင့် ဖြစ်ထိနေသည်။

ကိုးကား – wiki.gis.com


orthomorphic projection – orthomorphic မြေပုံအရိပ်ချစနစ်

သေးငယ်သော ဧရိယာများ၏ ပုံသဏ္ဍာန်မှန်ကို ထိန်းသိမ်းပေးသည့် မြေပုံအရိပ်ချစနစ်တစ်ခု ဖြစ်သည်။ Conformal မြေပုံအရိပ်ချစနစ်တစ်ခုတွင် Graticule မျဉ်းများသည် ၉၀ ဒီဂရီထောင့်များတွင် ဆုံကြပြီး မြေပုံပေါ်ရှိ မည်သည့်အမှတ်တွင်မဆို ဦးတည်ရာတိုင်းသည် စကေများ တူညီကြသည်။ Conformal မြေပုံအရိပ်ချစနစ်တစ်ခုသည် စက်ဝန်းပိုင်းဆုံမှတ်များကြား ပါဝင်သော အမှတ်တစ်ခုချင်းစီတွင် ထောင့်များအားတစ်သမတ်တည်း ထိန်းသိမ်းထားသည်။ ထို့ကြောင့် စက်ဝန်းပိုင်းများဖြင့်ဝန်းရံထားသော ဧရိယာ အရွယ်အစားအမျိုးမျိုးသည် ပုံပျက်မှုများ များစွာ ဖြစ်ပေါ်နိုင်သည်။ ကြီးမားသောဒေသများ၏ ပုံသဏ္ဍာန်များကို မည်သည့်မြေပုံအရိပ်ချစနစ်မှ ထိန်းသိမ်းမထားနိုင်ပါ။

ကိုးကား – wiki.gis.com


orthophotograph – စကေးမှန်ဝေဟင်ဓါတ်ပုံ

ကင်မရာစောင်းခြင်းနှင့် မြေပြင်အနေအထား အနိမ့်အမြင့် ကြောင့်ဖြစ်သော ရွဲ့စောင်းခြင်းများကိုဖယ်ရှားထားသည့်ကောင်းကင်ဓါတ်ပုံဖြစ်သည်။ ဝေဟင်ဓါတ်ပုံတစ်ခုတွင်နေရာတိုင်းသည် တူညီသော စကေးရှိပြီး ၎င်းကို မြေပုံတစ်ခုအဖြစ် အသုံးပြုနိုင်သည်။

ကိုးကား – wiki.gis.com


outlier – စုန်းပြူး

ဒေတာအစု တစ်ခုတွင် ပါရှိနေသော ပုံမှန်မဟုတ်သည့် သို့မဟုတ် လွန်လွန်ကဲကဲ အစွန်းရောက်နေသည့် တန်ဖိုး။ အချက်အလက်များ ကို ဆန်းစစ်ရာ တွင် outlier များသည် ရလဒ်များပေါ်တွင် ကြီးမားသောအကျိုးသက်ရောက်မှုများ ရှိနိုင်ပါသည်။ ထို့ကြောင့် ၎င်းတို့သည် အမှန်တကယ် မှန်ကန်မှုရှိမရှိ သို့မဟုတ် မှားယွင်းနေမနေကို ကို ဆုံးဖြတ်ရန် လေ့လာစစ်ဆေးခြင်းများကို ဂရုစိုက်ပြုလုပ်ပေးရမည်ဖြစ်သည်။

ကိုးကား – wiki.gis.com


outline – ပါတ်လည်အနားသတ်

အရာဝတ္ထုတစ်ခု၏ အနားစွန်းတလျှောက်အတိုင်းရှိသော လမ်းကြောင်း။ outline ကို စုတ်ချက် stroke ဟုလည်းခေါ်ပါသည်။

ကိုးကား – wiki.gis.com


outline vectorization

တဆက်တည်ရှိ‌နေသည့် ဆဲလ်များ၏ အစပ်တစ်လျှောက် လိုင်းများကိုထုတ်ပေးသည့် vectorization နည်းလမ်း တစ်ခု ဖြစ်သည်။ စကင်န်ဖတ်ထားသော မြေယာအသုံးပြုမှုနှင့် စိုက်ခင်းမြေပုံများကို vectorizing ပြုလုပ်ရန်အတွက် ယေဘုယျအားဖြင့် ၎င်းကိုအသုံးပြုသည်။

ကိုးကား – wiki.gis.com


output coordinate system – အထွက်ကိုဩဒီနိတ်စနစ်

တွက်ချက်ရာမှ ထွက်လာမည့် မြေပုံအလွှာများ (vector or raster) အတွက် သတ်မှတ်ပေးသည့် ကိုဩဒီနိတ်စနစ်။ ယင်းသည် အဝင် အလွာ တွင်သုံးထားသော ကိုဩဒီနိတ်စနစ်ဖြစ်နိုင်သလို အခြားကိုဩဒီနိတ်စနစ်လည်းဖြစ်နိုင်သည်။ အလားတူပင် မူလအလွှာကို ပြောင်းသိမ်းချိန်တွင် သတ်မှတ်ပေးသည့် ကိုဩဒီနိတ်စနစ်လည်းဖြစ်နိုင်သည်။

ကိုးကား – wiki.gis.com


output data – ရလဒ်ဒေတာ

ကွန်ပျူတာ၊ စက်ပစ္စည်း၊ ပရိုဂရမ် သို့မဟုတ် လုပ်ငန်းစဉ်တစ်ခု၏ ရလဒ်ဒေတာ။

ကိုးကား – wiki.gis.com


overlapping rings – ကွင်းထပ်များ

ကွင်းများအတွင်းရှိတန်ဖိုးများ ဆက်တိုက်ပေါင်းလာရန် သတ်မှတ်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ ဥပမာအားဖြင့် ကွင်း(၃)ခုဖြင့် လေ့လာမည်ဆိုပါစို့၊ ၎င်းကွင်း တစ်ခုစီတွင် အိမ်ထောင်စု (၁၀)စုစီ ရှိမည်ဆိုလျှင် ကွင်း (၁)ခုအတွက် အိမ်ထောင်စု စုစုပေါင်းအရေအတွက်သည် အိမ်ထောင်စု (၁၀)စု၊ ကွင်း(၂)ခု၏ စုစုပေါင်း (ကွင်း (၁) + (၂)) သည် အိမ်ထောင်စု (၂၀) ဖြစ်၍ ကွင်း(၃)ခု၏ စုစုပေါင်း (ကွင်း (၁) + (၂) +(၃)) သည် အိမ်ထောင်စု (၃၀) ဖြစ်ပါလိမ့်မည်။

ကိုးကား – wiki.gis.com


Overlay

ကိုဩဒိနိတ်စနစ်တူ မြေပုံများ သို့မဟုတ် မြေပုံအလွှာများကို ထပ်ကာတွက်ချက်သည့်လုပ်ငန်းဖြစ်သည်။ထိုသို့ထပ်ရာတွင် ဒစ်ဂျစ်တယ်နည်းအရသို့မဟုတ်ဖောက်ထွင်းမြင်ရသည့်မျက်နှာပြင်ပေါ်တွင်တင်ပြီး နေရာတစ်ခုတွင်ရှိနေသည့် အရာများ၏ဆက်စပ်မှုများကို ဖော်ပြရန် ပြုလုပ်ခြင်းဖြစ်သည်။

ကိုးကား – wiki.gis.com


overlay events

အလျားအရရည်ညွှန်းနေရာချထားခြင်း (linear referencing) ပြုလုပ်ရာတွင် route event table နှစ်ခု ကိုပေါင်းစည်းခြင်း(union) သို့မဟုတ် ဘုံထုတ်ခြင်း (intersection) ဖြင် route event table အသစ်တစ်ခုဖန်တီးခြင်းဖြစ်သည်။ ထပ်တင်ဖြစ်ရပ် (overlay event) သည် မျဉ်း-မျဉ်းခြင်း၊ မျဉ် -နှင့်-အမှတ် နှင့် အမှတ်-အမှတ်ခြင်း ထပ်တင်တွက်ချက်ခြင်းနည်းတစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


Overlay Wizard

ArcGIS 8.3 နှင့် ယခင်ထွက်ရှိထားသော ဗားရှင်းများတွင် ပါဝင်သော အပေါ်အောက်ထပ်ကာ တွက်ချက် ခြင်း (overlay operation) ဖြင့် input and overlay coverage နှစ်ခု တွင် ဘုံ(intersection)ဖြစ်နေသည့် geometry ကိုတွက်ချက်ပေးပြီး coverage အသစ်ဖန်တီးပေးသည့် ArcToolbox wizard တစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


overshoot – ကျော်သွားသည့်မျဉ်းအပိုင်း

မျဉ်းများထပ်ကူရေးဆွဲရာတွင် မျဉ်းတစ်ခုသည် ၎င်းနှင့် အခြားသော မျဉ်းတစ်ခုတို့ ဆုံရမည့်နေရာတွင် မဆုံပဲ ကျော်သွားသည့်မျဉ်းအပိုင်း။

ကိုးကား – wiki.gis.com


overview map – လွှမ်းခြုံမြင်ကွင်းပြမြေပုံ

တခြားမြေပုံ၏ အကျယ်အဝန်းနှင့် ပတ်ဝန်းကျင်ကို ပြသပေးသော ရှင်းလင်းသည့် စကေးအသေး မြေပုံတစ်ခု ဖြစ်သည်။

ကိုးကား – wiki.gis.com


overview terrain

စကေးအသေးများတွင် လျင်လျင်မြန်မြန်ပြသနိုင်ရန်အတွက် ရည်ရွယ်ပြီး ပြုလုပ်ထားသော မြေပြင်အနေအထား dataset ၏ အကြမ်းစားပုံဖြစ်သည်။

ကိုးကား – wiki.gis.com


overview window

မြေပုံအတိုင်းအကျယ်အဝန်းကို မပြောင်းလဲဘဲ ဒေတာလွှမ်းခြုံရာနယ်အကုန်ကို ပြသပေးသည့် ArcMap data view ရှိ secondary window တစ်ခုဖြစ်သည်။ ၎င်းမြေပုံပေါ်ရှိ red box တစ်ခုသည် လက်ရှိမြေပုံအကျယ်အဝန်းကို ကိုယ်စားပြုသည်။

ကိုးကား – wiki.gis.com


owner – ပိုင်ရှင်

ArcWeb services တွင် layer (သို့) ဝန်ဆောင်မှုများကို ဖန်တီးခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့အတွက် တာဝန်ရှိသော ပုဂ္ဂိုလ်ဖြစ်သည်။ ထိုသူသည် ပါဝင်သည့်အကြောင်းအရာများနှင့် ၎င်းအကြောင်းအရာများ အသုံးပြုခွင့် ခွင့်ပြုမပြုကို ဆုံးဖြတ်သည်။

ကိုးကား – wiki.gis.com


 

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details