page unit – ပုံထုတ်စာရွက်သုံး အတိုင်းအတာယူနစ်
ပုံနှိပ်ရန်အတွက် မြေပုံတွင်ပါဝင်သည့် အရာများကို စာမျက်နှာတစ်ခုပေါ်တွင် စီစဉ် နေရာချရန် အသုံးပြုလေ့ရှိသော များသောအားဖြင့် မီလီမီတာ (သို့) လက်မဖြင့်ဖော်ပြသော အတိုင်းအတာယူနစ်၊ မြေပုံကိုယ်စားပြုသော မြေပြင်ပေါ်ရှိ ကိုဩဒိနိတ်စနစ်၏ အတိုင်းအတာ နှင့် စာမျက်နှာပေါ်တွင်ကိုယ်စားပြုသောကိုဩဒိနိတ်စနစ် အတိုင်းအတာသည် မတူပါ။
ကိုးကား – wiki.gis.com
pan – ရွှေ့ကြည့်ခြင်း
မြင်ကွင်းစကေးမပြောင်းပဲ မြေပုံကို နေရာရွှေ့ကြည့်ခြင်း။
ကိုးကား – wiki.gis.com
pan sharpening – အဖြူအမည်းအလွှာဖြင့် ပြတ်သားမှု မြှင့်ခြင်း
ပြတ်သားမှုမြင့်သည့် အဖြူအမည်း ပုံရိပ်နှင့်အတူပေါင်းစည်းခြင်းအားဖြင့် ပြတ်သားမှုနိမ့်သည့်ရောင်ပုံရိပ်များအား ပြတ်သားမှုမြင့်စေခြင်း။
ကိုးကား – wiki.gis.com
panchromatic – အဖြူအမည်း
မျက်စိဖြင့် မြင်နိုင်သောရောင်စဉ်ထဲရှိ လှိုင်းအလျား wavelengths များ အားလုံး၏ အလင်းအား တုံ့ပြန်မှု။
ကိုးကား – wiki.gis.com
panchromatic image – အဖြူအမည်း ပုံရိပ်
ယေဘုယျအားဖြင့် မီးခိုရောင်အရိပ်အဖြစ် ပြသော band တစ်ခုတည်းပါသည့်ပုံရိပ်။
ကိုးကား – wiki.gis.com
panchromatic sharpening – အဖြူအမည်းအလွှာဖြင့် ပြတ်သားမှု မြှင့်ခြင်း
ပြတ်သားမှုမြင့်သည့် အဖြူအမည်း အလွှာ နှင့်အတူပေါင်းစည်းခြင်းအားဖြင့် ပြတ်သားမှုနိမ့်သည့် အရောင်ပုံရိပ်အလွှာများအား ပြတ်သားမှုမြင့်စေခြင်း။
ကိုးကား – wiki.gis.com
paneled map
အနီးနားနေရာများ၏ မြေပုံငယ်များကို အတူတကွပေါင်းစပ်ထားသော မြေပုံတစ်ခု။
ကိုးကား – wiki.gis.com
parallax
မတူညီသောရှုထောင့်နှစ်ခုမှ အရာဝတ္ထုတစ်ခုကို ကြည့်သည့်အခါ ရွေ့သွားသည်ဟုထင်ရသည့်အရွေ့ ။
ကိုးကား – wiki.gis.com
parallax bar
stereoscopic ပုံတစ်ခုတွင် parallax ၏သက်ရောက်မှုများကို တိုင်းတာရန်အတွင် အနုစိတ်တိုင်းတာသည့် micrometer ပါဝင်သော stereoscope တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
parallel – မျဉ်းပြိုင်
တူညီသော လတ္တီတွဒ်အမှတ်များကို ဆက်ပြီး အီကွေတာနှင့်အပြိုင်ဖြစ်နေသော ကမ္ဘာကိုပတ်နေသော စိတ်ကူးဖြင့်ပုံဖော်ထားသည့် အရှေ့-အနောက်မျဉ်းတစ်ကြောင်းဖြစ်သည်။ထို့အတူယင်းစိတ်ကူးမျဉ်းကို ကိုယ်စားပြုသည့် ကမ္ဘာလုံးမြေပုံ သို့မဟုတ် မြေပုံပေါ်ရှိ မျဉ်းသည်လည်းparallel ဟုခေါ်သည်။
ကိုးကား – wiki.gis.com
parallel processing – အပြိုင်တွက်ချက်ခြင်း
ကွန်ပြူတာ ဒေတာဆက်သွယ်ရေးတွင် အချက်အလက်အလက်များကို bit အစုများအဖြစ် တစ်ပြိုင်တည်းပို့ လွှတ်ခြင်းသို့မဟုတ် သိမ်းဆည်းခြင်းနည်းလမ်းတစ်ခုဖြစ်သည်။ အပြိုင်ဒေတာပို့လွှတ်ခြင်းကို ပရင်တာကြိုးပေါက်များတွင်အများအတွက်အများဆုံးအသုံးပြုလေ့ရှိသည်။
ကိုးကား – wiki.gis.com
parameter – ဇာတိကိန်း
မြေပုံအရိပ်ချစနစ် သို့မဟုတ် ကိုဩဒီနိတ်စနစ်တစ်ခုကို သတ်မှတ်ပေးသည့် ကိန်းရှင်တစ်ခုဖြစ်ပါသည်။ အရိပ်ချစနစ်တခုချင်းစီအတွက် ဇာတိကိန်းများ သည်လည်း ကွဲပြားနိုင်ပါသည်။ ဇာတိကိန်းတွင် ဗဟိုမရီဒီရမ်၊ စံမျဉ်းပြိုင်၊ စကေးဆကိန်း၊ သို့မဟုတ် မူလမှတ်၏လတ္တီကျု တို့ ပါဝင်နိုင်ပါသည်။
ကိုးကား – wiki.gis.com
parcel – မြေကွက်
တိုင်းတာထားသော မျဉ်းဖြောင့်များ၊ မျဉ်းကွေးများကို ဆက်ပြီး ဖြစ်ပေါ်လာသော ဗဟုဂံပုံတစ်ပုံဖြင့် သတ်မှတ်ထားသည့် မြေအပိုင်း သို့မဟုတ် မြေယူနစ်တစ်ခု။
ကိုးကား – wiki.gis.com
parcel construction – မြေကွက်ပုံဖော်ခြင်း
Survey Analyst – Cadastral Editor တွင် အတိုင်းအတာများထည့်သွင်းပြီး တည်ဆောက်မျဉ်းများဖြင့်ပြုလုပ်သည့်အလုပ်ဖြစ်သည်။
ကိုးကား – wiki.gis.com
parcel group – မြေကွက်အစု
Survey Analyst – Cadastral Editor တွင် မြေစာရင်းဖွဲ့စည်းပုံစံတွင်တစ်ကွက်စီသီးသန့်တည်ရှိမနေဘဲ အုပ်စုတစ်ခုအဖြစ်တည်ရှိနေသော မြေကွက်အစု တစ်စု ဖြစ်သည်။
ကိုးကား – wiki.gis.com
parcel PIN – မြေကွက်နံပါတ်
မြေကွက်စိစစ်ရေးနံပါတ် parcel identification number ၏ အတိုကောက်စာလုံးဖြစ်သည်။ Survey Analyst – Cadastral Editor တွင် မြေကွက်တစ်ကွက်အတွက် သီးခြားသတ်မှတ်ထားသော စိစစ်ရေးနံပါတ် တစ်ခုဖြစ်သည်။ စိစစ်ရေးနံပါတ်တစ်ခု၏ပုံစံကို အစိုးရအဖွဲ့အစည်းများက သတ်မှတ်ပြီး ဂဏန်းများ၊ အက္ခရာများ သို့မဟုတ် နှစ်မျိုးလုံး ပါဝင်နိုင်သည်။
ကိုးကား – wiki.gis.com
parcel type – မြေကွက်အမျိုးအစား
Least squares adjustmentဆောင်ရွက်ရာတွင် မြေကွက်များကို မည်သို့ဆောင်ရွက်ရမည့်ဟူသည့်အချက်နှင့် အခြားအချက်အလက်များဖော်ပြပေးသည့် မြေကွက်အမျိုးအစားခွဲခြားခြင်းစနစ်တစ်ခုဖြစ်သည်။ စံမြေကွက်များ၊ ဘလောက်ကွက်များ (မြေကွက်ကြီးများ) နှင့် ဖြတ်လမ်းမြေ (easements) စသည်တို့သည် မြေကွက်အမျိုးအစားနမူနာများဖြစ်သည်။
ကိုးကား – wiki.gis.com
passive remote sensing
အရာဝတ္ထုတစ်ခုဆီမှ သဘာဝအတိုင်းထုတ်လွှင့်သော သို့မဟုတ် အရောင်ပြန်လာသော စွမ်းအင်တို့ကိုသာ အာရုံခံသည့် ကောင်းကင်ဓါတ်ပုံစနစ် နှင့် ပုံရိပ်ဖမ်းစနစ် ကဲ့သို့သော အဝေးမှ အာရုံခံခြင်းနည်းစနစ်တစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
passive sensors – အဖမ်းသီးသန့် ကိရိယာများ
အလင်းလှိုင်း များ မထုတ်လွတ် ပဲ ဖမ်းယူခြင်းသာ လုပ်ဆောင်သည့် ပုံရိပ်ရိပ်ဖမ်းကိရိယာ။
ကိုးကား – wiki.gis.com
password – စကားဝှက်
ကွန်ပျူတာ၊ ပရိုဂရမ်၊ database သို့မဟုတ် ဝက်ဘ်ဆိုဒ် များကို ဝင်ရောက်အသုံးပြုနိုင်ရန်အတွက် အသုံးပြုသူက မဖြစ်နေထည့်သွင်းပေးရမည့် အက္ခရာတွဲတစ်ခု ဖြစ်သည်။ ကွန်ယက်များ၊ စနစ်များနှင့် ဖိုင်များတွင်ပါဝင်သော သတင်းအချက်အလက်များ ရယူမှုကို တားဆီးကန့်သတ်ရန်နှင့် ကာကွယ်ရန်အတွက် စကားဝှက်များကို အသုံးပြုကြသည်။
ကိုးကား – wiki.gis.com
patch – အကွက်
အကွက်များစွာရှိသော ဂျီဩမေတြီတစ်ခုအတွင်းရှိ တြိဂံပုံသဏ္ဍာန်မျက်နှာပြင်တစ်ခု ဖြစ်ပါသည်။ အများအားဖြင့် အကွက် (မျက်နှာပြင်)များစွာကို ရှုပ်ထွေးသည့် 3D မော်ဒယ်တစ်ခု ဖန်တီးတည်ဆောက်ရန် အသုံးပြုပါသည်။ ဥပမာများအဖြစ် စက်လုံးများ၊ ကုဗတုံးများ၊ ပြွန်ပုံသဏ္ဍာန်များကဲ့သို့ ဂျီဩမေတြီ ပုံသဏ္ဍာန်များပါဝင်သည်။ ထို့အပြင် အဆောက်အဦးများ၊ မော်တော်ကားများ၊ မီးတိုင်များနှင့် ဘူမိဗေဒဆိုင်ရာ ဖွဲ့စည်းတည်ဆောက်မှုများ သို့မဟုတ် ပတ်ဝန်းကျင်ဆိုင်ရာ တည်နေရာများကို ဖော်ပြရာတွင် အသုံးပြုသော isosurface များကဲ့သို့ နယ်နိမိတ်ဖော်ပြမှု့များဖြစ်ကြသည့် ပထဝီဆိုင်ရာအသွင်အပြင်များလည်း ပါဝင်သည်။ အကွက်များစွာရှိသော ဂျီဩမေတြီတစ်ခုအတွင်းရှိ အကွက်များသည် ၎င်းတို့အပေါ်တွင် ဖော်ပြသော ပုံရိပ် (မျက်နှာပြင် အနုအကြမ်း) ပါရှိနိုင်သလို မပါရှိသည်လည်းရှိနိုင်ပါသည်။
ကိုးကား – wiki.gis.com
path – လမ်းကြောင်း
အစမှတ်တစ်ခုမှ အဆုံးတစ်နေရာသို့ ဆက်ထားသည့် အနားများ၊၊ မျဉ်းများ၊ မျဉ်းကြောင်းများကို ခေါ်သည်။
ကိုးကား – wiki.gis.com
path distance analysis – လမ်းကြောင်း အတိုင်း အကွာအဝေး လေ့လာဆန်းစစ်ခြင်း
ArcGIS Spatial Analyst တွင် ရင်းမြစ်တစ်ခုဆီသို့ သို့မဟုတ် ရင်းမြစ်တစ်စုံဆီသို့ ရောက်ရှိရန် ဆဲလ်တစ်ခုစီ၏ အဆင့်ဆင့်စုလာသည့် အနည်းဆုံး စရိတ် ဆက်စပ်မှု ကိုဖော်ပြချက်တစ်ခုဖြစ်သည်။ စရိတ်သည် မျက်နှာပြင်တစ်လျောက်အကွာအဝေး, အလျားလိုက် စရိတ်မြှောက်ဖော်ကိန်း နှင့် အတက်အဆင်းစရိတ် မြှောက်ဖော်ကိန်း တို့ မှ ရလာ တန်ဖိုးဖြစ်သည်။
ကိုးကား – wiki.gis.com
path label – လမ်းကြောင်းဖော်ပြချက်
ဆက်စပ်နေသည့်အရာဝတ္ထုများအကြား ဆက်နွယ်မှုသဘောသဘာဝကို ဖော်ပြချက်တစ်ခုဖြစ်သည်။ ရှေ့သို့လမ်းကြောင်းဖော်ပြချက် သည် စမှတ်မှ ပန်းတိုင်သို့သွားရာတွင် ဆက်စပ်မှုကိုဖော်ပြသည်။ ဥပမာ-ဘူတာရုံ အမှတ်များတွင် တိုင်းတာမှုများ ရှိသည် ဟုဖြစ်သည်။ နောက်ပြန်လမ်းကြောင်း ဖော်ပြချက်သည် အလားတူပင် ပန်းတိုင်မှ စမှတ်သို့ သွားရာတွင် ဆက်စပ်မှုကိုဖော်ပြသည်။ ဥပမာ-တိုင်းတာချက်များကို ဘူတာရုံးများတွင် ကောက်ယူသည် ဟုဖြစ်သည်။
ကိုးကား – wiki.gis.com
pathfinding – လမ်းကြောင်းရှာဖွေခြင်း
လမ်းကွန်ယက်တစ်ခုတွင် မူလအစနေရာနှင့် သွားရောက်လိုသည့်နေရာ သို့မဟုတ် နေရာများကြား အကောင်းဆုံးလမ်းကြောင်းကို တွက်ချက်ခြင်းဖြစ်စဉ်ဖြစ်သည်။
ကိုးကား – wiki.gis.com
P-code
အမေရိကန်နှင့် စစ်ဘက်မဟာမိတ်များ၏ GPS ဖမ်းစက်များတွင် အသုံးပြုသော တိကျမှုမြင့် သည့် PRN code (pseudo-random-noise code – အမှားအယွင်းအတုများထည့်သွင်းထားသည့် ကုဒ်) ဖြစ်သည်။
ကိုးကား – wiki.gis.com
peak – တောင်ထိပ်
တောင်တစ်တောင်၏ အမြင့်ဆုံးအမှတ်။
ကိုးကား – wiki.gis.com
percent slope – ရာခိုင်နှုန်းဖြင့်ပြသည့် လျှောစောက်တန်ဖိုး
ပေးထားသောအလျားလိုက်အကွာအဝေး တွင် အမြင့်ပြောင်းလဲမှုနှုန်းအတိုင်းအတာဖြစ်သည်။ မြင့်ပြောင်းလဲမှုကို ရေပြင်ညီပြောင်းလဲမှုဖြင့် စား၍ ၁၀၀ ဖြင့်မြှောက်သည်။ ၄၅ ဒီဂရီဆင်ခြေလျှောနှင့် ၁၀၀ ရာခိုင်နှုန်းဆင်ခြေလျှောတို့သည် အတူတူပင်ဖြစ်သည်။
percentslope=heightdistance∗100
ကိုးကား – wiki.gis.com
performance – လုပ်ဆောင်နိုင်မှု
ကွန်ပြူတာ စနစ်အလုပ်လုပ်ရသည့် အမြန်နှုံးအတိုင်းအတာဖြစ်သည်။ အမြန်နှုံးကို ထိခိုက်စေသည့်အချက်များတွင် ခိုင်းစေရန်အသင့်ရှိမှု၊ လက်ခံနိုင်သည့်အချက်အလက်ပမာဏ နှင့် စတင်လုပ်ဆောင်ရန်ကြာချိန်တို့ ပါဝင်သည်။
ကိုးကား – wiki.gis.com
perigee – အနီးဆုံးအမှတ်
ပတ်လမ်းကြောင်းတစ်ခုတွင် ပတ်လမ်းကြောင်းထဲရှိ အရာဝတ္ထုနှင့် ၎င်းပတ်နေသည့် အရာဝတ္ထု၏အလယ်ဗဟိုနှင့် အနီးဆုံးဖြစ်သည့်အမှတ်။
ကိုးကား – wiki.gis.com
photogrammetry
အထူးသဖြင့် စနစ်ပုံများ၊ မြေမျက်နှာသွင်ပြင်ပြမြေပုံများ နှင့် ကွန်တိုမြေပုံများ ရေးဆွဲရန် ထိန်းချုပ်မှတ် မြေပြင်လက္ခဏာများ အသုံးပြုပြီး ကောင်းကင်ဓါတ်ပုံများ နှင့် အဝေးမှအာရုံခံစူးစမ်းခြင်းစနစ်များမှတိုင်းမှုတာချက်များ မှ မြေပုံရေးဆွဲ ထုတ်လုပ်သည့် သိပ္ပံပညာရပ်ဖြစ်သည်။
ကိုးကား – wiki.gis.com
photomap – ဓါတ်ပုံမြေပုံ
မြေပြင်ထိန်းချုပ်စနစ်တစ်ခုဖြင့် ချိတ်ဆက်ထားသည့် ကောင်းကင်ဓါတ်ပုံများဖြစ်သည်။ ဓါတ်ပုံပေါ်တွင် မြေပုံသင်္ကေတမှတ်အသား များ ထည့်သွင်းထားသည်။
ကိုးကား – wiki.gis.com
photometer – အလင်းအားတိုင်းကရိယာ
အရာဝတ္ထုမှာ ပြန်လာသော ဖြာထွက်စွမ်းအင်ကို လျှပ်စစ်အချက်ပြလှိုင်း အဖြစ်ပြောင်းလဲကာ တိုင်းတာ ခြင်းဖြင့် အလင်းပြင်းအားကိုမှတ်တမ်းတင်သည့် ကရိယာတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
physical geography – ရူပပထဝီဝင်
ကမ္ဘာ့မျက်နှာပြင်ပေါ်ရှိ သဘာဝ လက္ခဏာများ နှင့် သက်ဆိုင်သော ပထဝီဝင် ဘာသာရပ်နယ်ပယ်တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
pixel
ပုံရိပ်တစ်ခု သို့မဟုတ် raster မြေပုံထဲထဲမှ အသေးငယ်ဆုံး သတင်းအချက်အလက်ယူနစ်ဖြစ်ပြီး များသောအားဖြင့် ၎င်းတို့သည် စတုရန်းသို့မဟုတ် စတုဂံပုံ ဖြစ်သည်။ Pixel ကို တခါတရံ ဆဲလ် ဟုလည်းခေါ်ဝေါ် အသုံးပြုကြသ
ကိုးကား – wiki.gis.com
pixel size – pixel အရွယ်အစား
raster တစ်ခုရှိ pixel တစ်ခု၏ မြေပြင်ပေါ်ရှိပကတိ အတိုင်းအတာဖြစ်ကာ မြေပုံယူနစ်ဖြင့် တိုင်းတာသည်။ Pixel အရွယ်အစား ကို တခါတရံ ဆဲလ်၏အရွယ်အစား ဟုလည်း အသုံးပြုကြသည်။
ကိုးကား – wiki.gis.com
pixel space
ကွန်ပျူတာ၏ဖန်သားပြင်မြင်ကွင်းဧရိယာ၏ pixel အရေအတွက်ဖြင့် သတ်မှတ်ထားသော x, y ကိုဩဒီနိတ်သုံးစနစ်ဖြစ်သည်။ pixel တစ်ခုသည် ဖန်သားမျက်နှာပြင်ပေါ်တွင် အရောင်တစ်ခုဖြစ်သည်။ ကွန်ပျူတာ၏မြင်ကွင်းအများစုသည် pixel များဖြင့်ဖွဲ့စည်းပုံအမျိုးမျိုးကိုပံ့ပိုးပေးသည် (၈၀၀ x ၆၀၀၊ ၁၀၂၄ x ၇၆၈၊ ၁၆၀၀ x ၁၂၀၀ စသည်) ။ မြင်ကွင်းတစ်ခုတွင်ပါဝင်သော pixel အရေအတွက် များလေလေ၊ pixel တစ်ခုစီ၏ အရွယ်အစားသေးလေလေ ဖြစ်သည်။ pixel တစ်ခုသည် သတင်းအချက်အလက် အစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် pixel ပိုများ လေလေအချက်အလက်ပါဝင်မှုပိုများများလေလေဖြစ်သည်။
ကိုးကား – wiki.gis.com
pixel type – pixel အမျိုးအစား
ဇယာတစ်ခု၏ Variable၊ Field သို့မဟုတ် ကော်လံတစ်ခုတွင် မည်သည့် ဒေတာအချက်အလက်အမျိုးအစား သိမ်းဆည်းနိုင်သည်ကို သတ်မှတ်သည့် ဖော်ပြချက်။ ဒေတာအမျိုးအစားအများစုမှာ အက္ခရာများ၊ ကိန်းပြည့်များ၊ ဒဿမကိန်းများ၊ single ဒေတာအမျိုးအစား(32bit decimal data)၊ double ဒေတာအမျိုးအစား (64bit decimal data) နှင့် စာသားများ ဖြစ်သည်။
ကိုးကား – wiki.gis.com
planar coordinate system – ပြင်ညီကိုဩဒီနိတ်စနစ်
အရာဝတ္ထုများနှင့် မူလစမှတ် (0,0) ကြား အကွာအဝေးကို ထောင့်မှန်ကျ ဝင်ရိုးနှစ်ခုပေါ်တွင်တိုင်းတာခြင်းဖြင့် တည်နေရာသတ်မှတ်သော ပြင်ညီ တိုင်းတာမှုစနစ်ဖြစ်သည်။
ကိုးကား – wiki.gis.com
planar projection – ပြင်ညီ မြေပုံအရိပ်ချစနစ်
စက်လုံး (သို့မဟုတ်) စက်လုံးယောင်တစ်ခုပေါ်ရှိအမှတ်များကို ဝန်းထိ(tangent) (သို့မဟုတ်) ဝန်းဖြတ်(secant) ပြင်ညီပေါ်သို့ ပုံရိပ်ချသည့် မြေပုံအရိပ်ချစနစ်တစ်ခု ဖြစ်သည်။ ၎င်း၏ ဦးတည်ရာအရပ်များသည် အများအားဖြင့်မှန်ကြသောကြောင့် ၎င်းကို အဇ်ဇီမတ် (azimuthal) သို့မဟုတ် ဇီနစ်(zenithal) မြေပုံအရိပ်ချစနစ်ဟုလည်း ခေါ်သည်။
ကိုးကား – wiki.gis.com
plane survey – ပြင်ညီတိုင်းတာခြင်း
ကမ္ဘာမျက်နှာပြင်ခုံးဝန်းမှုကို ထည့်သွင်းတွက်ချက်ခြင်းမပြုသည့် သေးငယ်သော ဧရိယာများကိုတိုင်းတာသည့်မြေတိုင်းနည်းစနစ်တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
planimetric – ပြင်ညီစနစ်ဆိုင်ရာ
ပြင်ညီ၊ နှစ်ဖက်မြင်(နှစ်ဖက်စနစ်)၊ ရုပ်ကြွများမပြသော/ ရုပ်လုံးမကြွသော။
ကိုးကား – wiki.gis.com
point – အစက်အမှတ်
x, y ကိုသြဒီနိတ်တစ်စုံဖြင့်သတ်မှတ်ထားသော ဂျီသြမေတြီအမှတ်။
ကိုးကား – wiki.gis.com
point digitizing – အစက်များဖြင့်ရေးဆွဲခြင်း
ပုံဆွဲသူက အမှတ်များ၊ထောင့်မှတ်များကို ရွေးပြီး ဆွဲသားသည့် ဒစ်ဂျစ်တယ်ပြောင်းနည်း ဖြစ်သည်။
ကိုးကား – wiki.gis.com
point event – အမှတ်နေရာရှိ အဖြစ်အပျက်
Linear referencing တွင် တိုင်းတာမှုတန်ဖိုးတစ်ခုသာအသုံးပြုသည့် လမ်းကြောင်ပေါ်တွင် တိတိကျကျအမှတ်တည်နေရာရှိ သည့် အရာဝတ္ထုတစ်ခုဖြစ်သည် ။ ဥပမာ- အမြန်လမ်းတလျှောက် မတော်တဆဖြစ်ပွားသည့် တည်နေရာများ၊ ရထားလမ်းတလျှောက်ရှိ အချက်ပြမီးများ၊ ကားလမ်းတစ်လျှောက်ရှိ ကားမှတ်တိုင်များနှင့် ပိုက်လိုင်းတစ်လျှောက်ရှိ ပန့်ရုံများ (pumping stations)။
ကိုးကား – wiki.gis.com
point feature – အစက်အမှတ်
သတ်မှတ်ထားသည့် စကေးတွင် အလျားမရှိ ဧရိယာမရှိသည့် မြေပုံ အင်္ဂါရပ်အမှတ်တစ်ခု ဖြစ်သည်။ ဥပမာ-ကမ္ဘာ့မြေပုံပေါ်ရှိမြို့တစ်မြို့ (သို့) မြို့မြေပုံပေါ်ရှိအဆောက်အအုံတစ်ခု။
ကိုးကား – wiki.gis.com
point name flag – အမှတ်အမည်တူသတိပေးချက်
Survey Analyst တွင် ကီးဘုတ်မှစာလုံးများရိုက်နေစဉ် ဒေတာဘေ့စ်ထဲတွင် အမည်တူ အမှတ်တစ်ခု ရှိနေမနေကိုသတိပေးသည့် မြင်နိုင်သည့်သင်္ကေတ တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
point name prefix – အမှတ်အမည် ရှေ့ဆက်
Survey Analyst တွင် project အမည်တိုင်းတွင်ပါသည့် သိသာထင်ရှားသည့် အမည်အစိတ်အပိုင်းတစ်ခုဖြစ်သည်။ တိုင်းတာမှုဒေတာစုတစ်ခု ၏ project အားလုံးတွင် point များအတွက် ဘုံအမည်သတ်မှတ်ချက် ရှိသည်။ သို့သော်လည်း မတူသည့် project များရှိ point များတွင် အမည်တူရှိနိုင်သည်။ ထိုသို့သော point များကို အသုံးပြုသောအခါ point များကိုခွဲခြားရန် point အမည်ရှေ့တွင် project အမည်အရှေ့အပိုင်း ကိုထည့်တွဲပြီး ကွဲပြားအောင်ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် မှန်ကန်သော point များကိုသာ အသုံးပြုစေပါသည်။
ကိုးကား – wiki.gis.com
point size – စာလုံးအရွယ်အစား
တစ်လက်မ၏ ၁/၇၂ နီးပါးညီမျှသော စာလုံးများအတွက်အရွယ်အစား တိုင်းတာသည့် ယူနစ်တစ်ခု။
ကိုးကား – wiki.gis.com
Polar radius – ဝန်ရိုးအတိုင်း အချင်းဝက်
ကမ္ဘာမြေကြီး၏ ဂျီဩမေထြီ ဗဟိုမှ တစ်ဖက်ဖက်ရှိ ဝင်ရိုးမှတ်အကြား အကွာအဝေး။
ကိုးကား – wiki.gis.com
polygon feature – ဗဟုဂံအရာဝတ္ထု
ပေးထားသော စကေးတွင် ဧရိယာတစ်ခုကို ဝန်းရံထားသည့် မြေပုံအရာဝတ္ထုတစ်ခု ဖြစ်သည်။ ကမ္ဘာ့မြေပုံပေါ်တွင် နိုင်ငံတစ်ခု သို့မဟုတ် မြို့မြေပုံတစ်ခုပေါ်တွင် ဒေသတစ်ခုကို ဖော်ပြခြင်း စသည်တို့ဖြစ်သည်။
ကိုးကား – wiki.gis.com
polygon overlay
polygon layer နှစ်ခု နှင့် အထက် ကို တစ်ခုပေါ်တစ်ခုထပ်ပြီး polygon layer အသစ်တစ်ခုဖန်တီးသည့်လုပ်ငန်းစဉ်ဖြစ်သည်။
ကိုးကား – wiki.gis.com
Polyhedron
ပြင်ညီမျက်နှာပြင်များ (သို့) ဗဟုဂံများဖြင့် ဖွဲ့စည်းထားသည့် ထုထည် တစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
polyline
ArcGIS ဆော့ဖ်ဝဲတွင် လမ်းကြောင်းတစ်ခု သို့မဟုတ် တစ်ခုထက်များသော လမ်းကြောင်းများဖြင့် ဖော်ပြထားသော ပုံတစ်ခု။ လမ်းကြောင်းတစ်ခုဆိုသည်မှာ မျဉ်းပြတ်များစွာကို အစဉ်လိုက်ချိတ်ဆက်ထားခြင်းကို ဆိုလိုသည်။ Polylineတစ်ခုတွင် လမ်းကြောင်းတစ်ခုထက် ပိုပါက (လမ်းကြောင်းများစွာပါသော polyline တစ်ခုဖြစ်ပါက) လမ်းကြောင်းများသည် တစ်ဆက်တည်းအခွဲများအဖြစ်သော်လည်းကောင်း အပြတ်များအဖြစ်သော်လည်းကောင်း ရှိနိုင်ပါသည်။
ကိုးကား – wiki.gis.com
Portal
ဆက်စပ်အရင်းအမြစ်များ နှင့် ဝန်ဆောင်မှုများ ကျယ်ပြန့်စွာရရှိနိုင်ရန် ပံ့ပိုးပေးသော web resource တစ်ခု။
ကိုးကား – wiki.gis.com
postal code – စာတိုက်သင်္ကေတ
နိုင်ငံတစ်နိုင်ငံ၏စာပို့လုပ်ငန်းမှ အသုံးပြုသည့် စာပို့ရာတွင် လွယ်ကူစေရန်အတွက် ပထဝီနယ်မြေများကို ဇုန်များခွဲ၍ စာသား/ကိန်းဂဏန်းပုံစံသင်္ကေတအတွဲဖြင့်သတ်မှတ်ထားသည့် သင်္ကေတ။
ကိုးကား – wiki.gis.com
precise code
အမေရိကန်နှင့် စစ်ဘက်မဟာမိတ်များ၏ GPS ဖမ်းစက်များတွင် အသုံးပြုသော တိကျမှုမြင့် သည့် PRN code (pseudo-random-noise code – အမှားအယွင်းအတုများထည့်သွင်းထားသည့် ကုဒ်) ဖြစ်သည်။
ကိုးကား – wiki.gis.com
precision – တိကျမှု
အကြိမ်ကြိမ်တိုင်းတာမှုအစု တစ်ခုနှင့် အလားတူ အကြိမ်အရေအတွက်တူအခြားတိုင်းတာမှု တစ်ခုတို့ကြား နီးစပ်မှု၊၊ တိကျမှုသည် ကျပမ်း အမှားများကို ထိန်းချုပ်မှုအား တိုင်းတာချက်ဖြစ်သည်။ ဥပမာ-မြေတိုင်းသူတစ်ယောက်၏ တိုင်းတာချက်များ၏ တိကျမှုကို ၎င်း၏အလုပ်အရည်အသွေး ကို အကဲဖြတ်ရာတွင် အစိတ်အပိုင်းတစ်ခု အဖြစ် အခြေခံသည်။
ကိုးကား – wiki.gis.com
precision code
အမေရိကန်နှင့် စစ်ဘက်မဟာမိတ်များ၏ GPS ဖမ်းစက်များတွင် အသုံးပြုသော တိကျမှုမြင့် သည့် PRN code (pseudo-random-noise code – အမှားအယွင်းအတုများထည့်သွင်းထားသည့် ကုဒ်) ဖြစ်သည်။
ကိုးကား – wiki.gis.com
prediction – ခန့်မှန်းခြင်း
In spatial modeling တွင် စုဆောင်းရရှိထားသော အချက်အလက်တန်ဖိုးများမှ စာရင်းအင်းအချက်အလက်များထုတ်ယူကာ ဒေတာကောက်ယူခြင်းမပြုရသေးသောနေရာများအတွက် ကိန်းဂဏန်းအချက်အလက်များ တွက်ချက်ပေးခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
preferences – စိတ်ကြိုက်သတ်မှတ်ချက်များ
application တစ်ခုကိုအသုံးပြုသည့်အခါ အသုံးပြုသူအနေဖြင့် မိမိစိတ်ကြိုက်တွေ့မြင်အသုံးပြုနိုင်အောင် ပြင်ဆင်နိုင်သည့် သတ်မှတ်ချက် setting များ ဖြစ်သည်။
ကိုးကား – wiki.gis.com
primary colors – မူလအရောင်များ
အရောင်စနစ်တခုတွင် အခြားသောအရောင်များအားလုံးကိုဖြစ်စေသည့် အရောင်များဖြစ်သည်။ မော်နီတာ၏ မူလအရောင်များမှာ အနီ၊ အစိမ်း နှင့် အပြာရောင်တို့ဖြစ်သည်။ ပုံနှိပ်စက်၏မူလအရောက်များမှာ စိမ်းပြာရောင်၊ ပန်းနီရောင် နှင့် အဝါရောင်တို့ဖြစ်သည်။ အစဉ်အလာအရောင်ခြယ်ဆေးများ၏မူလအရောင်များ အနီ၊ အပြာ နှင့် အဝါရောင် တို့ဖြစ်ကြသည်။
ကိုးကား – wiki.gis.com
prime meridian – မူလမရီဒီယံမျဉ်း/မရီဒီယံမျဉ်းမကြီး
ကိုဩဒီနိတ်စနစ်တစ်ခုတွင် 0 ဒီဂရီ ဟုသတ်မှတ်ထားသည့် မည်သည့် လောင်ဂျီကျုမျဉ်းကို မဆို မူလမရီဒီယံမျဉ်း/မရီဒီယံမျဉ်းမကြီး ဟုခေါ်သည်။ ယင်း၏အရှေ့ဖက်နှင့်အနောက် ဖက် ရှိအခြား မရီဒီယံမျဉ်းများက ၎င်းမျဉ်းကို ရည်ညွှန်းခြင်းဖြစ်သည်။ ဂရင်းနစ်မရီဒီယံမျဉ်းသည် အများပြည်သူဆိုင်ရာအချိန်သတ်မှတ်ချက်များကဲ့သို့သော တရားဝင်ရည်ရွယ်ချက်များအတွက် နိုင်ငံတကာ အသိအမှတ်ပြုထားသော အဓိက မာရီဒီယံမျဉ်းဖြစ်သည်။
ကိုးကား – wiki.gis.com
probability – ဖြစ်တန်စွမ်း
ပေးထားသည့် ဖြစ်နိုင်ချေရလာဒ်များထဲမှ ရလာဒ်တစ်ခု၏ ဖြစ်နိုင်ချေခန့်မှန်းချက်။ ဥပမာ – တည်နေရာပုံစံတစ်ခု (သို့မဟုတ်) ဖြစ်ရပ်တစ်ခု ကဲ့သို့ ရလာဒ်။ ဖြစ်တန်စွမ်းတန်ဖိုး သည် ၀ မှ ၁ အကြားတွင်ရှိသည်။ ရလာဒ်တစ်ခုသည် လုံးဝဖြစ်မလာနိုင် ပါက ဖြစ်တန်စွမ်း တန်ဖိုး သုည ဖြစ်ပြီး လုံးဝကျိန်းသေဖြစ်လာမည်ဆိုပါက ဖြစ်တန်စွမ်းတန်ဖိုး ၁ ဖြစ်သည်။ ဥပမာ-ဒဂ်ါးတစ်ခုကို ခေါင်းပန်းလှန်ရာတွင် ဖြစ်နိုင်သော ရလဒ် ၂ခုမှ ခေါင်းကျနိုင်ချေမှာ ၀.၅ ဖြစ်တန်စွမ်း ရှိသည်။
ကိုးကား – wiki.gis.com
Project – အလုပ်
Survey Analyst ရှိ မြေတိုင်း အချက်အလက်များ သိမ်းဆည်းရန် တိတိကျကျသတ်မှတ်ထားသော အလုပ် အဆင့်တစ်ခုဖြစ်သည်။ ၎င်းသည် မြေပြင်ထိန်းမှတ်များ တိုင်းတာခြင်းမှသည် မှသည် အကွက်စိတ်လုပ်ငန်းစဉ် ရှိ စာရင်းသွင်ပုံစံအထိ အားလုံးပါဝင်နိုင်သည်။
ကိုးကား – wiki.gis.com
projected coordinate system – အရိပ်ချ ကိုဩဒိနိတ်စနစ်
ပြင်ညီ သို့မဟုတ် သုံးဖက်ဝန်ရိုး စနစ်များတွင် အမှတ်၊ မျဉ်းကြောင်း၊ ဧရိယာ များ၏ x, y, z တည်နေရာများကိုနေရာချရန်အတွက် ရည်ညွှန်းစနစ်တစ်ခု ဖြစ်သည်။ အရိပ်ချ ကိုဩဒိနိတ်စနစ် ကို ပထဝီ ကိုဩဒိနိတ်စနစ်၊ မြေပုံအရိပ်ချစနစ်တစ်ခု၊၊ မြေပုံအရိပ်ချရန်လိုအပ်သော ဇာတိကိန်းများ နှင့် အလျာအတိုင်းအတာယူနစ်တစ်ခု ဖြင့် သတ်မှတ်ထားသည်။
ကိုးကား – wiki.gis.com
projected_coordinates – အရိပ်ချစနစ် ဩဒိနိတ်များ
ပြင်ညီစနစ်ဖြင့်ဖော်ပြထားသော ကမ္ဘာမြေမျက်နှာပြင်ပေါ်ရှိ အရာဝထ္ထုများ၏ တည်နေရာကို မူလအမှတ် (၀,၀) မှ တောင်-မြောက် ဝန်ရိုး “Y” ဝင်ရိုးနှင့် အရှေ့-အနောက်ဝန်ရိုး “X” ဝင်ရိုး တစ်လျောက် အကွာအဝေးပေါ်အခြေခံ၍ တည်နေရာတိုင်းတာမှုဖြစ်သည်။ အရိပ်ချ ဩဒိနိတ်များသည် မြေပုံအရိပ်ချစနစ်ကိုအသုံးပြု၍ လတ်-လောင်တန်ဖိုးများမှ X,Y ဩဒိနိတ်များ အဖြစ်သို့ ပြောင်းလဲထားခြင်း ဖြစ်သည်။
ကိုးကား – wiki.gis.com
projection – မြေပုံအရိပ်ချစနစ်
ခုံးနေသော ကမ္ဘာ့မျက်နှာပြင်ကို ပြင်ညီမျက်နှာပြင်ပေါ်တွင် ပုံဖော်ပြသပေးသော နည်းလမ်းတစ်ခု ဖြစ်သည်။ ယေဘူယျအားဖြင့် ကမ္ဘာ၏ လတ္တီကျူ နှင့်လောင်ဂျီကျူမျဉ်းများကို ပြင်ညီတစ်ခုပေါ်သို့ သင်္ချာနည်းအရ စနစ်တကျ ပြောင်းပေးရန် လိုအပ်သည်။အချို့သော မြေပုံပုံရိပ်ချစနစ်များကို အလင်းဖောက်နိုင်သည့်ကမ္ဘာလုံးတစ်လုံး၏ အလယ်ဗဟိုတွင် မီးလုံးတစ်လုံးထွန်းကာ စာရွက်တစ်ရွက်ပေါ်တွင် လတ္တီကျုနှင့် လောင်ဂျီကျုမျဉ်းများကို အရိပ်ထင်စေသကဲ့သို့ မြင်ယောင်ကြည့်နိုင်သည်။ (သို့သော် ပုံရိပ်ချစနစ်အားလုံးသည် ကမ္ဘာလုံး၏အလယ်ဗဟိုမှ မီးထွန်းပေးရန်မလိုအပ်ပါ။)။ ယေဘူယျအားဖြင့် ကမ္ဘာလုံးပေါ်သို့ ထိထားသည့် အဆိုပါစာရွက်သည်ပြင်ညီ (ပြင်ညီ သို့မဟုတ် အဇီမတ်မြေပုံအရိပ်ချစနစ်) သို့မဟုတ် ကတော့ပုံ သို့မဟုတ် ဆလင်ဒါပုံစံဖြစ်ပါသည်(ဆလင်ဒါနှင့် ကတော့ပုံ မြေပုံပုံရိပ်ချစနစ်)။ မြေပုံ အရိပ်ချစနစ်တိုင်းတွင် မြေပြင်အကွာအဝေး၊ ဧရိယာ၊ ပုံသဏ္ဍာန်၊ လားရာထောင့် တစ်ခုခု သို့မဟုတ် တစ်ခုထက်မက အတွဲ တို့တွင် လွဲချော်မှု ရှိသည်။
ကိုးကား – wiki.gis.com
projection transformation – မြေပုံအရိပ်ချစနစ်ပြောင်းလဲခြင်း
အရိပ်ချ ကိုဩဒီနိတ်စနစ်တစ်ခုမှ အခြားတစ်ခုသို့ သင်္ချာနည်းအရ ပြောင်းလဲပေးခြင်းဖြစ်သည်။ ယေဘူယျအားဖြင့် နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော အရိပ်ချကိုဩဒီနိတ်စနစ်မှ မြေပုံများ ကို GIS တွင်ပေါင်းစည်းပေးရာတွင် အသုံးပြုသည်။
ကိုးကား – wiki.gis.com
projective transformation -ပုံရိပ်ချ အသွင်ပြောင်းခြင်း
အတန်အသင့်ညီညာသည့် မြေပြင်ကိုရိုက်ထားသည့် ကောင်းကင်ဓါတ်ပုံများမှ ကိုဩဒီနိတ်များအား တိုက်ရိုက် ဒီဂျစ်တယ်အဖြစ်ပြောင်းလဲရာ တွင်သာ အသုံးပြုသည့်နည်းဖြစ်သည်။ ယင်းဓါတ်ပုံများတွင် စနစ်တကျ လွဲမှားခြင်းများ မရှိဟု ယူဆပါသည်။
ကိုးကား – wiki.gis.com
prolate ellipsoid – ထိပ်ချွန် စက်လုံးယောင်
ဘဲဉပုံစက်ဝန်းတစ်ခုကို ၎င်း၏ ပင်မဝန်ရိုး(အရှည်ဆုံးဝန်ရိုး) ပတ်ပတ်လည်တွင် လှည်ပတ်ခြင်းဖြင့် ဖန်တီးထားသော စက်လုံးယောင်တစ်ခု။ ထိပ်ချွန် စက်လုံးယောင်။
ကိုးကား – wiki.gis.com
property – ဂုဏ်သတ္တိ
အရာဝတ္ထုတစ်ခု၏လက္ခဏာများ သို့မဟုတ် ၎င်း၏ ပြုမူပုံအနေအထား သတ်မှတ်ထားသော အရာဝတ္ထုတစ်ခု၏ အချက်အလက်/ဂုဏ်သတ္တိများ။
ကိုးကား – wiki.gis.com
property file
ArcIMS item သို့မဟုတ် လုပ်ဆောင်ချက်တစ်ခုအတွက် အချက်အလက်များကို သိမ်းဆည်းထားသော ဖိုင်တစ်ခုဖြစ်သည်။ Property file များတွင် .properties ဖိုင်နောက်ဆက်တွဲအမည် ပါဝင်သည်။
ကိုးကား – wiki.gis.com
property page
အရာဝတ္ထုတစ်ခု သို့မဟုတ် အရာဝတ္ထုများ၏ ဂုဏ်သတ္တိများပြောင်းလဲရန် ခွင့်ပြုပေးထားသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
proportional_symbol – အချိုးကျသင်္ကေတ
မြေပုံရေးဆွဲသည့် အကြောင်းအရာ နှင့် ဆက်စပ်မှုအရာ အရွယ်အစားကွဲပြားသော သင်္ကေတ။
ကိုးကား – wiki.gis.com
protected code
အမေရိကန်နှင့် စစ်ဘက်မဟာမိတ်များ၏ GPS ဖမ်းစက်များတွင် အသုံးပြုသော တိကျမှုမြင့် သည့် PRN code (pseudo-random-noise code – အမှားအယွင်းအတုများထည့်သွင်းထားသည့် ကုဒ်) ဖြစ်သည်။
ကိုးကား – wiki.gis.com
proximity analysis – နီးကပ်မှု ဆန်းစစ်လေ့လာခြင်း
အခြားသော အရာဝတ္ထုများ သို့မဟုတ် ဆဲလ်များမှ အကွာအဝေးကို အခြေခံ၍ ပထဝီဆိုင်ရာအရာဝတ္ထုများ (အမှတ်များ၊ မျဉ်းများ၊ ဗဟုဂံများ သို့မဟုတ် raster ဆဲလ်များ)အား ရွေးချယ်သည့် လေ့လာချက်အမျိုးအစားဖြစ်သည်။
ကိုးကား – wiki.gis.com
proximity query – နီးကပ်မှုအနေအထားအားစစ်ဆေးခြင်း
သီးခြားအရာဝတ္ထုတစ်ခုမှ သတ်မှတ်ထားသောအကွာအဝေးအတွင်းတွင်ရှိသည့် ပထဝီဆိုင်ရာ အရာဝတ္ထုများအား ရွေးချယ်သည့် တည်နေရာလေ့လာချက်ပုံစံတစ်မျိုးဖြစ်သည်။
ကိုးကား – wiki.gis.com


