Q

QQ plot

quantiles-quantiles plot ၏အတိုကောက်အသုံးဖြစ်သည်။ ပြန့်နှုံ့မှု နှစ်ခု၏ ကွမ်တိုင်း(quantiles) များကို ကိုတစ်ခုနှင့်တစ်ခု ယှဉ်ပြီး ပြသထားသည့် ပြန့်ကျဲဂရပ် တစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com

Figure : Q-Q plot
မတ်လနှင့် ဇူလိုင်လအပူချိန်ကို QQ plot ဖြင့် ဖော်ပြထားပုံ (Credit : wikimedia)

quad sheet သို့မဟုတ် quadrangle

လတ်-လောင် လိုင်းများဖြင့်အနားသတ် ဖြတ်ထားသည့် လေးထောင့်ကျ မြေပုံဖြစ်သည်။ USGS မှ ထုတ်ဝေသော ၇.၅ မိနစ် သို့မဟုတ် ၁၅ မိနစ် မြေပုံစီးရီး များဖြစ်သည်။ ယင်းမြေပုံများကို topo အချပ်များဟုလည်းခေါ်သည်။

ကိုးကား – wiki.gis.com

Figure : quandrangle (Credit : wikimedia)

quadrant

ပြင်ညီကိုဩဒီနိတ်စနစ်တွင် x နှင့် y ဝန်ရိုးနှစ်ခု ဖြတ်ခြင်းကြောင့်ဖြစ်လာသော တူညီသည့် အပိုင်းလေးပိုင်းမှ မည်သည့်အပိုင်းကိုမဆို ဟုခေါ်သည်။

ကိုးကား – wiki.gis.com


quadrat

တည်နေရာအခြေပြု နမူနာကောက်ယူရာတွင် များသောအားဖြင့် လေးထောင့်ပုံ အရွယ်တူ အကွက်များ ဖြင့် ယင်းအကွက်များအတွင်း ကျရောက်သော နမုနာဦးရေ ကိုသာ ရေတွက်သည်။ ယင်းနမူနာအကွက်ကို quadrat ဟုခေါ်သည်။ လေ့လာမှုပြုသည့်ဧရိယာအတွင်း quadratများ၏ အရွယ်အစား၊ နံပါတ်နှင့် တည်နေရာကို နမူနာကောက်သူက ရွေးချယ်သည်။ ဖြန့်ဖြူးမှုပုံစံများကို သတ်မှတ်ရန်အတွက် quadrat တစ်ခုစီရှိ ဦးရေအရေအတွက်ကို နှိုင်းယှဉ်ရသည်။

ကိုးကား – wiki.gis.com


quadrat analysis

ကျပန်းဖြစ်မှု သို့မဟုတ် အစုအဝေးဖြစ်မှု ကဲ့သို့သော distribution pattern များအား လေ့လာ ရန်အတွက် နမူနာ ကောက်ယူ သည့်ဧရိယာ (quadrats) အတွင်းရှိ အရာဝတ္ထုများ၏ စာရင်းအင်းဆိုင်ရာ မျှော်မှန်းကိန်းဂဏန်းနှင့် အမှန်တကယ်ရှိသောကိန်းဂဏန်းများအား နှိုင်းယှဉ်ခြင်းဖြစ်သည်။

ကိုးကား – wiki.gis.com


quadtree

Raster ဒေတာများကို မှတ်တမ်းတင်သိမ်းဆည်းရာ (encoding) တွင် pixel တစ်ခုခြင်းတန်ဖိုးများကို မသိမ်းပဲ တစ်ဆက်တစပ်တည်းဖြစ်နေသော နေရာများအတွက်သာ တန်ဖိုးများ သိမ်းဆည်းခြင်းဖြင့် သိမ်းဆည်းမှုလိုအပ်ချက်များကို လျှော့ချပေးပြီး အချက်အလက်ဖတ်ရှုနှုန်းကို မြှင့်တင်ပေး သည့် နည်းလမ်းတစ်ခုဖြစ်သည့်။ ဒေသအားလုံးအား တစ်သားတည်းဖြစ်ခြင်း သို့မဟုတ် သတ်မှတ်ထားသည့်အဆင့်သို့ ရောက်ရှိသည်အထိ Raster ကို quadrants များတွင် ထပ်ခါတလဲလဲ ပိုင်းခြားထားသည်။

ကိုးကား – wiki.gis.com


qualitative data – အရည်အသွေးပြအချက်အလက်

ပမာဏ သို့မဟုတ် အဆင့် သတ်မှတ်ချက် ဖြင့် မဟုတ်ပဲ အမျိုးအစားအားဖြင့် သာ ခွဲခြားပြထားသည့် သို့မဟုတ် ဖော်ပြထားသည့် ဒေတာဖြစ်သည်။ ဥပမာ မြေဆီလွှာအမျိုးအစား သို့မဟုတ် တိရိစ္ဆာန်မျိုးစိတ်များ။

ကိုးကား – wiki.gis.com


quality assurance – အရည်အသွေးအာမခံချက်

ထွက်ရှိလာသည့် ပစ္စည်းအရည်အသွေးကို စစ်ဆေးသည့် လုပ်ငန်းစဉ်ဖြစ်သည်။

ကိုးကား – wiki.gis.com


Quality Beta

ArcGIS Survey Analyst တွင် F test နှင့် W test ကို တွဲသုံးခြင်းအား power ကို သတ်မှတ်နိုင်သည့် B method of testing ဟုခေါ်သည်။ Power သည် Quality Beta ဖြစ်ပြီး အမှန်တကယ်တွင် ၎င်းသည် အမှားဖြစ်နေပြီး 1-b နှင့် ညီမျှနေစဉ်တွင် မမှန်ကန်ကြောင်းယူဆချက်အဆိုကို လက်ခံသည့် ဖြစ်တန်စွမ်း အဖြစ် အဓိပ္ပါယ်သတ်မှတ်နိုင်သည်။

ကိုးကား – wiki.gis.com


quality control – အရည်အသွေး ထိန်းခြင်း

သတ်မှတ်အရည်အသွေးရှိနေစေရန်အတွက် ပစ္စည်းတစ်ခု ထုတ်လုပ်နေစဉ်တွင် သုံးပြုသည့်လုပ်ငန်းစဉ်။

ကိုးကား – wiki.gis.com


quantile

ဒေတာပျံ့နှံ့မှု (data distribution)တစ်ခုတွင် ဒေတာအတန်းအစားအုပ်စုခွဲခြားမှတ်တစ်ခု( Class break) ကို ကိုယ်စားပြုသည့်တန်ဖိုးတစ်ခုဖြစ်သည်။ ဒေတာအတန်းအစားအုပ်စုများတွင် ခန့်မှန်းခြေအားဖြင့် တူညီသောတွေ့ရှိချက်အရေအတွက်များ ပါဝင်လေ့ရှိသည်။ p-th quantileတွင် p သည် ၀ နှင့် ၁ အကြားတွင်ရှိပြီး ထို p-th quantile သည် ၎င်းတန်ဖိုးသတ်မှတ်ချက်ထက်လျော့နည်းသော pအချိုးအစားတစ်ခုရှိသည့် ဒေတာများပါရှိသည်။သီအိုရီအရ ပျံနှံ့မှုများအတွက် p-th quantile သည် အဆိုပါ တန်ဖိုးအောက်ရှိ p ဖြစ်တန်စွမ်းရှိသော တန်ဖိုးဖြစ်သည်။

ကိုးကား – wiki.gis.com


quantile classification

ဒေတာအမျိုးအစားခွဲခြားသည့် နည်းလမ်းတစ်ခုဖြစ်ပြီး ၎င်းသည် တန်ဖိုးအစုတစ်စုကို  တူညီသောတန်ဖိုးအရေတွက် များပါဝင်သော အုပ်စုများအဖြစ် ခွဲခြမ်းပေးသည်။

ကိုးကား – wiki.gis.com


quantitative data – ပမာဏပြအချက်အလက်

အရေအတွက် သို့မဟုတ် ပမာဏ ဖြင့် ဖော်ပြသည့် သို့မဟုတ်အုပ်စုဖွဲ့ထားသည့်ဒေတာဖြစ်သည်။ ဥပမာ တစ်ယူနစ်ဧရိယာရှိလူဦးရေ။

ကိုးကား – wiki.gis.com


quantitative geography – ပမာဏပထဝီဝင်

ပထဝီဝင် လေ့လာရာတွင် သင်္ချာ နှင့် စာရင်းအင်းဆိုင်ရာ အယူအဆများ နှင့် နည်းလမ်းများ အသုံးချမှု။

ကိုးကား – wiki.gis.com


query

ဒေတာဘေ့စ်မှ အချက်အလက်များ (သို့မဟုတ်) အရာဝတ္ထုများကို ရွေးထုတ်ပေးရန် တောင်းဆိုချက်။ Query တစ်ခု ကို ထုတ်ပြန်ချက်သို့မဟုတ် ယုတ္တိဗေဒဖော်ပြချက်များအဖြစ်ရေးသားထားသည်။

ကိုးကား – wiki.gis.com


query expression – တောင်းဆိုချက်ဖော်ပြချက်

မှန် သို့မဟုတ် မှား ဆိုသည့် အဖြေကို ထုတ်ပေးရန် ပြုလုပ်သည့် ခိုင်းစေချက်တစ်မျိုးဖြစ်သည်။ အထူးသဖြင့် ဇယားရှိ မှတ်တမ်း (row)များကိုရွေးချယ်ရာတွင် တောင်းဆိုချက်အရ “မှန်” ဟုပြန်ပေးသည့် မှတ်တမ်း (row) များကို ရွေးချယ်ရန် အသုံးပြုလေ့ရှိသည်။ ယေဘုယျအားဖြင့် တောင်းဆိုချက်ဖော်ပြချက်များသည် SQL ခိုင်းစေချက်၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


query interface – တောင်းဆိုချက်ဖော်ပြချက်

မှန် သို့မဟုတ် မှား ဆိုသည့် အဖြေကို ထုတ်ပေးရန် ပြုလုပ်သည့် ခိုင်းစေချက်တစ်မျိုးဖြစ်သည်။ အထူးသဖြင့် ဇယားရှိ မှတ်တမ်း (row)များကိုရွေးချယ်ရာတွင် တောင်းဆိုချက်အရ “မှန်” ဟုပြန်ပေးသည့် မှတ်တမ်း (row) များကို ရွေးချယ်ရန် အသုံးပြုလေ့ရှိသည်။ ယေဘုယျအားဖြင့် တောင်းဆိုချက်ဖော်ပြချက်များသည် SQL ခိုင်းစေချက်၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


query language

ဒေတာဘေ့စ်ထဲတွင် အချက်အလက်များ ကို သိမ်းဆည်းရန်၊ ထုတ်ယူရန် နှင့် ပြင်ဆင်ရာတွင် အသုံးပြုသည့် ကွန်ပြူတာ ဘာသာ စကားတစ်မျိုးဖြစ်သည်။

ကိုးကား – wiki.gis.com


query server

တောင်းဆိုချက်လုပ်ဆောင်မှုများကို ပံ့ပိုးပေးရန် image server တစ်ခုနှင့် အလုပ်လုပ်သော သီးသန့်  ArcIMS virtual server တစ်ခုဖြစ်သည်။ ကြည့်ရှုသူတစ်ဦးသည် အချက်အလက်ကိုဖော်ပြပေးရန် သို့မဟုတ် ရှာဖွေပေးရန်  တောင်းဆိုသောအခါ  query server သည် သက်ဆိုင်သော မြေပုံဒေတာ သို့မဟုတ် ဇယားဒေတာကို ပြန်ပို့ပေးသည်။ ၎င်းကို shapefiles၊ ArcSDE အလွှာများ အတွက် တည်ဆောက်နိုင်ပြီး ပြင်ပဇယားများနှင့် ချိတ်ဆက်နိုင်သည်။

ကိုးကား – wiki.gis.com


query table

တောင်းဆိုချက်အရ ရရှိလာသော ရလာဒ်များကို သိမ်းဆည်းပေးထားသည့် ဇယား။

ကိုးကား – wiki.gis.com


Query Web Service

သတ်မှတ်ထားသောတည်နေရာတစ်ခုအတွက် ဝိသေသလက္ခဏာများနှင့်အရာဝတ္ထုများကိုပြသပေးသည့် SOAP ArcWeb ဝန်ဆောင်မှု တစ်ခုဖြစ်သည်။ Query Web Service ဖြင့်၊ အသုံးပြုသူများသည် မည်သည့် attribute များ သည် ထုတ်ပေးနိုင်သည့် အရာများဖြစ်သည်ကို သတ်မှတ်နိုင်ပြီး တောင်းဆိုချက်အတွက် ပထဝီဝင်အဆင့်ကိုလည်း သတ်မှတ်နိုင်သည်။ ထို့အပြင် အမှတ်တစ်မှတ်၊ ဧရိယာတစ်ခု၊ သတ်မှတ်ထားသောနေရာတစ်ခု (envelope)တစ်ခု သို့မဟုတ် dataset တစ်ခုအတွက် အချက်အလက် သို့မဟုတ် field names များနှင့် ၎င်းတို့၏ ဖော်ပြချက် စာရင်းများအား ဖန်တီးထုတ်လုပ်ပေးနိုင်သည်။

ကိုးကား – wiki.gis.com


 

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details