S

S-code

အရပ်ဖက်သုံး GPS (ဖမ်းစက်) များတွင်အသုံးပြုသည့် စံ PNR (Pseudorandom noise codes – ကျပန်းတုအနှောက်အယှက်ကုတ်) သင်္ကေတအချက်ပြချက်လှိုင်း။

ကိုးကား – wiki.gis.com


S/A

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန မှ အရပ်ဖက်သုံး GPS လိုင်းတွင် မူလတည်နေရာမှ မီတာ ၁၀၀ ကျော်အထိ မှားယွင်းစေရန် ရည်ရွယ်သည့်လုပ်ဆောင်ချက်ဖြစ်သည်။ ၂၀၀၀ခုနှစ် မေလ တွင် ယင်းသို့ ကန့်သတ်လုပ်ဆောင်မှု ကို ရပ်တန့်ခဲ့သည်။ ထိုအချိန်မှစတင်ကာ တည်နေရာ တိကျမှုသည် မီတာ ၂၀နှင့် အောက်သို့ ရောက်လာခဲ့သည်။

ကိုးကား – wiki.gis.com


satellite constellation – ဂြိုလ်တုအုပ်စု

အာကာသရှိ ဂြိုလ်တုများ အစုလိုက် စုစည်းတည်ရှိမှု။

ကိုးကား – wiki.gis.com

Figure : ဂျီပီအက်စ် ဂြိုလ်တုများ အုပ်စု

satellite imagery – ဂြိုလ်တုဓာတ်ပုံ

ဂြိုလ်တုများနှင့် လေယာဉ်တို့မှ ရိုက်ကူးထားသော ဓာတ်ပုံ။ Panchromatic၊ ရေဒါ၊ မိုက်ခရိုဝေ့၊ ရောင်စဉ်စုံ ဂြိုလ်တု ဓာတ်ပုံတို့ ပါဝင်သည်။

ကိုးကား – wiki.gis.com


scalable – ချဲ့ထွင်နိုင်သော

မည်သည့် ပြဿနာ (နှေးသွားခြင်း လေးသွားခြင်း) မျှမဖြစ်စေပဲ အဆင့်မြှင့်တင်ခြင်း သို့မဟုတ် အရွယ်အစားချဲ့ထွင်ခြင်းပြုလုပ်နိုင်သည့်စွမ်းဆောင်ရည်။

ကိုးကား – wiki.gis.com


scalable vector graphics – svg ဂရပ်ဖစ်

အန်နီးမေးရှင်းများအပါအဝင် vector ဓါတ်ပုံများကို ဖော်ပြသည့် XML ကိုအခြေခံထားသော ဂရပ်ဖစ်ဖိုင်ပုံစံတစ်မျိုးဖြစ်ပါသည်။ SVG ပုံများသည် အရည်အသွေး မကျပဲ မြင်ကွင်းနှင့် ကိုက်ညီရန် အချုံ့အချဲ့ပြုလုပ်နိုင်ပါသည်။

ကိုးကား – wiki.gis.com


scalar reference – ရည်းညွှန်းစကေး

အသုံးများ စံနှုန်းတစ်ခုပေါ်တွင် အခြေခံထားသော အတိုင်းအတာယူနစ်ကို သတ်မှတ်ရန် Survey Analyst တွင် အသုံးပြုသည်။

ကိုးကား – wiki.gis.com


scale – စကေး

မြေပြင်ပေါ်ရှိ ဆက်စပ်အကွာအဝေး (သို့မဟုတ်) ဧရိယာနှင့် မြေပုံပေါ်ရှိ အကွာအဝေး (သို့မဟုတ်) ဧရိယာတို့ကြားတွင်ရှိသော အချိုး (သို့မဟုတ်) ဆက်နွယ်မှု။ ၎င်းကို အပိုင်းကိန်း သို့မဟုတ် အချိုးဖြင့် ဖော်ပြလေ့ရှိသည်။ မြေပုံစကေး ၁/၁၀၀,၀၀၀ (သို့မဟုတ်) ၁:၁၀၀,၀၀၀ သည် မြေပုံပေါ်ရှိ တယူနစ်အတိုင်းအတာသည် မြေပြင်ရှိ ၁၀၀,၀၀၀ ယူနစ်နှင့် တူညီသည်။

ကိုးကား – wiki.gis.com


scale bar – စကေးဘား

မြေပုံတစ်ခု၏စကေးကို ပုံအားဖြင့်ဖော်ပြရန်အသုံးပြုသော မြေပုံညွှန်းပစ္စည်းတစ်ခု။ စကေးဘားတစ်ခုသည် မြေပုံ၏စကေးအချိုးအစားအတိုင်း ယူနစ်များကို ပေတံကဲ့သို့ အမှတ်အသားများပြုလုပ်ထားသော မျဉ်းကြောင်းတစ်ကြောင်း ဖြစ်သည်။

ကိုးကား – wiki.gis.com


scale factor – စကေးဆကိန်း

မြေပုံပေါ်ရှိ စကေးကို သတ်မှတ်ဖော်ပြရာတွင်အသုံးပြုသည့် အချိုး၏ ပြောင်းပြန်ကိန်း။ ဥပမာ- မြေပုံစကေးသည် ၁:၅၀,၀၀၀ ဖြစ်ပါက စကေးဆကိန်းသည် ၅၀,၀၀၀ ဖြစ်သည်။

ကိုးကား – wiki.gis.com


Scale Palette

သတ်မှတ်ထားသော စကေးအပိုင်းအခြား များကို ထပ်ထည့်ခြင်း၊ ဖျက်ခြင်း နှင့် ပြင်ဆင်ခြင်းပြုလုပ်နိုင်သော စာရင်း။

ကိုးကား – wiki.gis.com


scale range – စကေးအပိုင်းအခြား

မြေပုံပေါ်တွင် အလွှာတစ်ခုကို မြင်ခွင့်ပြုသည့် စကေးများ။ အသေးစိတ် အလွှာများ ကို စကေးသေး အနေအထား (မြင်ကွင်းချုံ့ချိန်) တွင် မဖေါ်ပြရန် နှင့် ယေဘူရ အနေထား အလွှာများကို စကေးကြီး (မြင်ကွင်းချဲ့ချိန်) တွင်မဖော်ပြ ရန်အတွက် စကေးအပိုင်းအခြားများကို အများအားဖြင့်အသုံးပြုလေ့ရှိသည်။

ကိုးကား – wiki.gis.com


scale viewer

အသုံးပြုသူများကို လက်ရှိ စကေးကို မြင်တွေ့နိုင်ရန်နှင့် အခြားသော စကေးမြင်ကွင်းများကို ပြောင်းလဲနိုင်ရန် ခွင့်ပြု/ဖန်တီးပေးထားသည့် ArcWeb ဝန်ဆောင်မှု ဝဘ်ဆိုက်ရှိ tool တစ်ခုဖြစ်ပါသည်။

ကိုးကား – wiki.gis.com


scanner – စကမ်နာ ပုံရိပ်ဖမ်းကရိယာ

စာရွက်စာတမ်းတစ်ခု (သို့မဟုတ်) မြေပုံတစ်ပုံ ကဲ့သို့သော ပရင့်ထုတ်ထားသော သို့မဟုတ် hard-copy ပုံများအား ဖမ်းယူမှတ်တမ်းတင်ပေးသော စက်တစ်ခုဖြစ်သည်။ ၎င်းသည် ဒီဂျစ်တယ်ပုံစံဖြင့် အချက်အလက်များအား သိမ်းထားပေးသည်။

ကိုးကား – wiki.gis.com


scanning – စကမ်ဖတ်ခြင်း

စကမ်နာဟုခေါ်သော ပုံရိပ်ဖမ်း စက်ကို အသုံးပြု၍ စာရွက်/ပုံနှိပ်ထားသည့် မြေပုံများ သို့မဟုတ် ပုံများအား ဒီဂျစ်တယ်ပုံစံဖြင့် အချက်အလက်များအား ဖမ်းယူသိမ်းပေးသော လုပ်ငန်းစဉ်ဖြစ်သည်။

ကိုးကား – wiki.gis.com


scatter chart – ပြန့်ကျဲဂရပ်

ဂရပ်ပေါ်ရှိ ဒေတာအမှတ်တစ်ခုစီသည် ထောင့်မှန်ကျတည်ရှိနေသော x နှင့် y ဝင်ရိုးနှစ်ခုကိုမှီးပြီးမှတ်သားထားသည်။ ပြန့်ကျဲဂရပ် Scatter charts များကို ဒေတာအတက်အကျများ ကို လေ့လာရာတွင်အသုံးပြုလေ့ရှိသည်။

ကိုးကား – wiki.gis.com


scene

3D Analyst တွင် သုံးဖက်မြင် ရှုထောင့်မြင်ကွင်းဖြင့်ကြည့်နိုင်သည့် မြေပုံဖိုင်တစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


Schema – တည်ဆောက်ပုံ သတ်မှတ်ချက်

ဇယား၊ မြင်ကွင်း၊ အညွှန်းကိန်း၊ သိမ်းဆည်းမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ သို့မဟုတ် trigger ကဲ့သို့သော database သို့မဟုတ် database object တစ်ခု၏ တည်ဆောက်မှု သို့မဟုတ် ဒီဇိုင်း ဖြစ်ပါသည်။ relational database တွင် schema ကို ဇယား၊ ဇယားတစ်ခုချင်းစီရှိ ကော်လံများ(fields)များ၊ ကော်လံနှင့် ဇယားများကြား ဆက်စပ်မှု နှင့် database တစ်ခုအတွင်းရှိ object အစုအဖွဲ့ များအဖြစ် သတ်မှတ်ထားပါသည်။ Schema များကို ယေဘုယျအားဖြင့် အချက်အလက်အဘိဓါန်ထဲတွင် မှတ်တမ်းတင်ထားပါသည်။ database schema တစ်ခုက database object များကို အမျိုးအစားခွဲခြားခြင်းကိုထောက်ပံ့ပေးပါသည်။

ကိုးကား – wiki.gis.com


schema synchronization

Geodatabase တည်းဖြတ်ခြင်းလုပ်ငန်းဆောင်ရွက်စဉ်တွင် မူရင်းနှင့်မိတ္တူ တစ်စုံထဲရှိ မိတ္တူဒေတာတစ်ခုမှ သက်ဆိုင်သည့်မူရင်းဒေတာသို့ schema ပြောင်းလဲမှုများကို ပြင်ဆင်ဖြည့်စွက်လုပ်ငန်းစဉ်ဖြစ်သည်။ schema ပြောင်းလဲမှုများ၏ ဥပမာများတွင် field တစ်ခု ထပ်ထည့်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းတို့ပါဝင်သည်။

ကိုးကား – wiki.gis.com


schema-only checkout

ArcGIS 9.1 နှင့် version အဟောင်းတို့တွင် checkout geodatabase တွင် check out လုပ်ထားသော data ၏ schema ကိုဖန်တီးပေးသော checkout အမျိုးအစားတစ်ခုဖြစ်ပြီး ၎င်းသည်မည်သည့် data ကိုမျှ ကူးယူထားခြင်းမရှိပါ။

ကိုးကား – wiki.gis.com


SCM

Service Control Manager ၏ အတိုကောက်စကားလုံးဖြစ်ပါသည်။ စနစ်ဝန်ဆောင်မှုများ ဖန်တီးခြင်းနှင့် ပြုပြင်မွမ်းမံခြင်းတို့ ဆောင်ရွက်နိုင်သည့် စီမံခန့်ခွဲမှု tool တစ်ခုဖြစ်သည်။ ၎င်းသည် COM အတွက် runtime environment အဖြစ် ထိရောက်စွာ ဆောင်ရွက်ပေးပါသည်။

ကိုးကား – wiki.gis.com


S-code

အရပ်ဖက်သုံး GPS (ဖမ်းစက်) များတွင်အသုံးပြုသည့် စံ PNR (Pseudorandom noise codes – ကျပန်းတုအနှောက်အယှက်ကုတ်) သင်္ကေတအချက်ပြချက်လှိုင်း။

ကိုးကား – wiki.gis.com


scratch file – ယာယီဖိုင်/ဖိုင်အကြမ်း

ဆော့ဖ်ဝဲလ်အသုံးပြုသူ သို့မဟုတ် operating စနစ်တစ်ခုမှ တွက်ချက်မှုတစ်ခုလုပ်နေစဉ်အတွင်း ယာယီအချက်အလက်များ သို့မဟုတ် ရလဒ်များ သိမ်းထားရန် ဖန်တီးထားသော ဖိုင်တစ်မျိုးဖြစ်ပါသည်။ လုပ်ငန်းပြီးဆုံးသည့်အခါ ၎င်း ဖိုင်ကို ဖျက်လိုက်ပါသည်။

ကိုးကား – wiki.gis.com


scratch workspace – ယာယီသိမ်းသည့်နေရာ

Environmental settings dialog box သို့မဟုတ် command line တွင် သတ်မှတ်ပေးထားနိုင်သော ဖိုင်အခြေပြု ပထဝီဝင်ဆိုင်ရာဒေတာများအတွက် ဖိုလ်ဒါတစ်ခုဆီသို့ သွားရာလမ်းကြောင်းတစ်ခုဖြစ်ပြီး၊ ၎င်းနေရာတွင် အလိုအလျောက်ထွက်လာသည့် လုပ်ဆောင်မှုရလဒ်အားလုံးကို သိမ်းဆည်ထားမည်ဖြစ်သည်။

ကိုးကား – wiki.gis.com


script – ညွှန်ကြားချက်များ

တွက်ချက်ရန် ညွှန်ကြားချက်များအား စုစည်းထားမှု။ အများအားဖြင့် ဖိုင်တစ်ခုအဖြစ်သိမ်းထားလေ့ရှိကာ လုပ်ငန်းဆောင်ရွက်ချိန်အတွင်းတွင် ကွန်ပြူတာမှ ဖတ်ပြီး ဆောင်ရွက်သည်။

ကိုးကား – wiki.gis.com


scrubbing

ဒေတာပုံစံအသစ်သို့မပြောင်းမှီ မူလဒေတာ၏တိကျမှန်ကန်မှုကို စစ်ဆေးခြင်း။

ကိုးကား – wiki.gis.com


SDC dataset

အမျိုးမျိုးသော ဂျီဩမေတြီများနှင့် အချက်အလက်များကို မျှဝေပေး‌သော Smart Data Compression (SDC) အရာဝတ္ထုအမျိုးအစားများ (classes) စုစည်းမှုဖြစ်သည်။ SDC dataset တစ်ခုကို သက်ဆိုင်သောဖိုင်အစုတွင် သိမ်းဆည်းထားပြီး ၎င်းတွင် အမျိုးမျိုးသော အရာဝတ္ထုအမျိုးအစားများ(classes) ပါဝင်သည်။ SDC သည် ArcGIS StreetMap၊ ArcIMS RouteServer၊ RouteMAP IMS၊ Business Analyst နှင့် BusinessMAP တို့တွင် အသုံးပြုသော အဓိက ဒေတာပုံစံဖြစ်သည်။

ကိုးကား – wiki.gis.com


SDC feature class

တည်နေရာနှင့်ဆိုင်သော ဂျီဩမေတြီများ (အမှတ်များ၊ မျဉ်းများနှင့် ဗဟုဂံများ) နှင့် တွဲဖက်အချက်အလက်ဒေတာများ သိမ်းဆည်းထားနိုင်သော အလွန်ကျစ်ကျစ်လစ်လစ်ချုံ့ထားပြီး ကြည့်ခွင့်သာရှိသည့် ဒေတာပုံစံတစ်ခုဖြစ်သည်။ SDC ပုံစံသည် geocoding၊ လမ်းကြောင်းရှာခြင်းများနှင့် တည်နေရာအရလုပ်ဆောင်ချက်အများစုတို့ကို အထောက်အပံ့ပေးသည်။ SDC သည် ArcGIS StreetMap၊ ArcIMS RouteServer၊ RouteMAP IMS၊ Business Analyst နှင့် BusinessMAP တို့တွင် အသုံးပြုသော အဓိက ဒေတာပုံစံဖြစ်သည်။

ကိုးကား – wiki.gis.com


SDE user

ArcSDE အား စီမံခန့်ခွဲရန် အသုံးပြုသော အကောင့်ဖြစ်သည်။ SDE အသုံးပြုသူသည် ArcSDE geodatabases နှင့် ArcSDE services တို့အား စီမံခန့်ခွဲရန်နှင့် ဒေတာဘေ့စ်ဆိုင်ရာ အထူးလအဆင့်မြင့်လုပ်ပိုင်ခွင့်များ လိုအပ်သည်။

ကိုးကား – wiki.gis.com


SDEHOME

ArcSDE software အား ထည့်သွင်းထားသော တည်နေရာကို မှတ်ထားသည့် system environment variable တစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


sdesetup

ArcSDE ထည့်သွင်းခြင်းသို့မဟုတ် အဆင့်မြှင့်တင်နေစဉ်အတွင်း database စီမံခန့်ခွဲသူတစ်ဦးက ခိုင်းစေသော ပရိုဂရမ်တစ်ခုဖြစ်သည်။ sdesetup ပရိုဂရမ်သည် ArcSDE system ဇယားများကို ဖန်တီးပေးသည် သို့မဟုတ် အဆင့်မြှင့်တင်ပေးသည်။ ၎င်းကို database အမျိုးအစားအလိုက် အမည်အမျိုးမျိုးပေးကြသည် – ဥပမာ Oracle 9i တွင် အသုံးပြုသော ပရိုဂရမ်ကို sdesetupora9i ဟုပေးခြင်းမျိုးဖြစ်သည်။

ကိုးကား – wiki.gis.com


SDI

မြေပုံအချက်အလက်အခြေခံအဆောက်အအုံ spatial data infrastructure ၏ အတိုကောက်စာလုံးဖြစ်သည်။ အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများစွာအတွက် geospatial ဒေတာများ ရရှိနိုင်မှု၊ စီမံခန့်ခွဲနိုင်မှု၊ သိမ်းဆည်းထားနိုင်မှု၊ ဖြန့်ဝေမှု နှင့် အသုံးပြုမှုများ တိုးတက်လာစေရန် လိုအပ်သော နည်းပညာများ၊ မူဝါဒများ၊ စံနှုန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်များပါဝင်သည့် မူဘောင်တစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


SDK

Software development kit ၏ အတိုကောက်စာလုံးဖြစ်သည်။ ပလပ်ဖောင်းသီးသန့်အပ်ပလီကေးရှင်းများ ဖန်တီးရန် အသုံးပြုသော code libraries များနှင့် ဆက်စပ်သော tools များပါဝင်သည်။

ကိုးကား – wiki.gis.com


SDTS

Spatial Data Transfer Standard ၏ အတိုကောက်စာလုံးဖြစ်သည်။ မတူညီသော ကွန်ပျူတာ စနစ်များကြားတွင် ဒေတာဘေ့စ်အမျိုးမျိုးကို လွှဲပြောင်းပေးနိုင်မည့် ဒေတာလွှဲပြောင်းမှု ပုံစံ(data exchange format) တစ်ခုဖြစ်သည်။ မူလအဓိပ္ပာယ်ကို ထိန်းသိမ်းထားကာ ထိုဒေတာကိုဖော်ပြရာတွင်လိုအပ်သည့် အပို/ပြင်ပအချက်အလက်ပမာဏကို အနဲဆုံးဖြစ်စေသည့် ဒေတာလွှဲပြောင်းမှုပုံစံတစ်ခုဖြစ်သည်။ ဖက်ဒရယ်အစိုးရ၏ အဖွဲ့အစည်းများအားလုံးသည် ၎င်းတို့၏ဒီဂျစ်တယ်မြေပုံအချက်အလက်ကို လိုအပ်သည့်အခါ SDTS ပုံစံဖြင့် ရရှိနေရန်လိုအပ်ပါသည်။ ၎င်း SDTS စံနှုန်းကို  အခြားကဏ္ဍများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။

ကိုးကား – wiki.gis.com


seamline

ArcGIS Image Server ရှိ image service တစ်ခုတွင် အသုံးပြုသော raster dataset အတွဲအစပ် နယ်နိမိတ်ကို သတ်မှတ်သော ဗဟုဂံတစ်ခုဖြစ်သည်။ ထပ်နေသော raster dataset များကို ချုပ်စပ်လိုင်းတစ်လျောက် သတ်မှတ်ထားသော အကျယ်ဖြင့် ရောနှောပေါင်းစပ်နိုင်သည်။ Seamlines များကို Seamline extension tools များဖြင့် ဖန်တီးနိုင်ပြီး image service သတ်မှတ်ချက်အတွင်း shapefiles အဖြစ် သိမ်းဆည်းထားနိုင်ပါသည်။

ကိုးကား – wiki.gis.com


search radius – ရှာဖွေမှုစက်ဝိုင်းအခြင်းဝက်

အနီးဆုံးအရာဝတ္ထုတစ်ခုဟု သတ်မှတ်နိုင်ရန် ထိုအရာဝတ္ထုသည် လက်ရှိအမှတ်မှနေ၍ အများဆုံးသတ်မှတ်အကွာအဝေးအတွင်းကျရောက်နေရမည်ဖြစ်သည်။ အခြေခံအားဖြင့် BND coverage (နယ်နိမိတ်) ၏ အကျယ် သို့မဟုတ် အမြင့် တစ်ခုခုအနက် ပိုများသည့် ပမာဏတစ်ခုကိုတည်ပြီး ၁၀၀ဖြင့် စားသည့် ရလဒ်ဖြစ်သည်။

ကိုးကား – wiki.gis.com


search tolerance – ရှာဖွေမှု ခွင့်ပြုကွာဟချက်

ကွန်ယက်တွက်ချက်ရာတွင်၊ ကွန်ယက်တည်နေရာတစ်ခုနှင့် အနီးဆုံးရှိ ကွန်ယက်အစိတ်အပိုင်းတစ်ခုကို ရှာဖွေရန် သတ်မှတ်ပေးသည့် ခွင့်ပြုအကွာအဝေး။

ကိုးကား – wiki.gis.com


searching neighborhood – ရှာဖွေရာဝန်းကျင်

Spatial ဆက်စပ်ခန့်မှန်းရာတွင် ခန့်မှန်းမှုပြုလုပ်မည့်နေရာတစ်ဝိုက်တွင်ရှိသော ဒေတာအစုတစ်ခုကို ခြုံငုံထားသည့် ဗဟုဂံတစ်ခု။ ရှာဖွေသည့် ဝန်းကျင်အတွင်းရှိ ဒေတာများကိုသာ ဆက်စပ်ခန့်မှန်းခြင်းပြုလုပ်ရာတွင် အသုံးပြုသည်။

ကိုးကား – wiki.gis.com


seat – ခွင့်ပြုဦးရေ

ဆော့ဝဲလိုင်စင်ပေးရာတွင် တစ်ပြိုင်နက်တည်း သုံးစွဲနိုင်သည့် ခွင်ပြုဦးရေဖြစ်သည်။ များသောအားဖြင့် ကွန်ပြူတာတစ်လုံးချင်းတွင်အသုံးပြုနေသော အသုံးပြုသူများကို ဆိုလိုသည်။ သို့သော် အသုံးပြုနေသည့် ဆာဗာအရေအတွက် သို့မဟုတ်ချိတ်ဆက်မှုများကို လည်း ခွင့်ပြုဦးရေဟုခေါ်နိုင်သည်။

ကိုးကား – wiki.gis.com


SEC

coverage ဒေတာအမျိုးအစား တွင်ပါသည့် အပိုင်းအစိတ် အမျိုးအစားအရာဝတ္ထုအတွက် အချက်အလက်ဇယားဖြစ်သည်။ ၎င်းတွင် သက်ဆိုင်သော အပိုင်း အလိုက်ဖော်ပြထားသည့် လမ်းကြောင်းနံပါတ်များနှင့် arcနံပါတ်များ၊ arc အစနှင့်အဆုံး တည်နေရာများကို အလျား၏ ရာခိုင်နှုန်းဖြင့် ဖေါ်ပြချက်များ၊ အတိုင်းအတာဖြင့်ဖေါ်ပြချက်များ၊ အစဉ်လိုက်ကိုဖော်ပြသည့်နံပါတ်များ၊ အပိုင်းအရာဝတ္ထု၏ ကိုယ်ပိုင်နံပါတ်(identifier)တစ်ခုနှင့် အသုံးပြုသူကသတ်မှတ်ထားသော အချက်အလက်များ ပါဝင်သည်။

ကိုးကား – wiki.gis.com


secant – ဝန်းဖြတ်မျဉ်း

စက်ဝန်းပိုင်းကို အမှတ်နှစ်နေရာသို့မဟုတ် အမှတ်နှစ်နေရာထက်များသည့် နေရာများမှ ဖြတ်ထွက်သွားသည့် မျဉ်းဖြောင့်တစ်ကြောင်းဖြစ်သည်။

ကိုးကား – wiki.gis.com


secant projection – ဝန်းဖြတ်ပုံရိပ်ချစနစ်

ပုံရိပ်ခံမျက်နှာပြင်သည် ကမ္ဘာ့မျက်နှာပြင်ကိုဖြတ်ဖောက်နေသော ပုံရိပ်ချစနစ်ဖြစ်သည်။ ဝန်းဖြတ် ကတော့ချွန် သို့မဟုတ် ဝန်းဖြတ် ထုလုံးရှည် သုံး ပုံရီပ်ချစနစ်နှင့်ကမ္ဘာနှင့်ဖြတ်သော နေရာ သည် စက်ဝိုင်းနှစ်ခု အဖြစ်ရှိနေသည်။ ထိုဝန်းဖြတ်စက်ဝိုင်းနေရာများတလျောက်ရှိ အရိပ်ချအရာဝတ္ထုများတွင် ပုံပျက်ခြင်းကင်းစင်နေသည်။

ကိုးကား – wiki.gis.com


second

လတ္တီကျု သို့မဟုတ်လောင်ဂျီကျုတစ်မိနစ် ထောင့်  တန်ဖိုး ၏ အပုံခြောက်ဆယ်ပုံတစ်ပုံ ထောင့်ဖြစ်သည်။

ကိုးကား – wiki.gis.com


second normal form – ဒုတိယဆင့် စံပုံစံ

ဆက်စပ်မှု အခြေခံသည့် ဒေတာဘေ့စ်(relational database) တစ်ခုတွင်ဇယားနှင့်အချက်အလက်တည်ဆောက်မှုအတွက်  ဒုတိယအဆင့် လမ်းညွှန်ချက်များဖြစ်သည်။ ဒုတိယဆင့် စံပုံစံ လမ်းညွှန်ချက်များတွင် ပထမဆင့် စံပုံစံ (First Normal Form/1NF) ၏လမ်းညွှန်ချက်များထည့်သွင်းပေါင်းစပ်ထားသည်။ ထို့အပြင် ဇယားရှိအတန်း (row) ပေါင်းများစွာတွင် ထပ်ခါထပ်ခါပါဝင်သော ဒေတာများကို မူလ ဇယားမှဖယ်ရှား ပြီး သီးသန့် ကိုယ်ပိုင် ဇယား တစ်ခုကို တွင် ထည့်ကာ ဧည့်သော့တွဲ (foreign key) တစ်ခုဖြင့် မူလ ဇယားနှင့် ဆက်စပ်မှု (relationship) ကို ဖန်တီး ရန် အကြံပြုထားသည်။ ဤလမ်းညွှန်ချက်များကိုလိုက်နာသောဒေတာဘေ့စ်ကိုဒုတိယစံပုံစံ (Second Normal Form/ 2NF) ဟုဆိုနိုင်သည်။

ကိုးကား – wiki.gis.com


second-order stationarity

ဘူမိစာရင်းအင်းပညာတွင် တည်နေရာနှစ်ခု၏အကွာအဝေးနှင့် လားရာပေါ်မူတည်သော တည်နေရာကွာဟချက်နှင့် ကိန်းသေပျမ်းမျှတစ်ခုကိုအသုံးပြုသည့် ကျပမ်းတွက်ချက်မှုတစ်ခုမှ ရရှိလာသောဒေတာအစုတစ်ခုဟူသော ယူဆချက်ဖြစ်သည်။

ကိုးကား – wiki.gis.com


secondary reference data – ဒုတိယတန်းစား ကိုးကားအချက်အလက်

address locator တစ်ခု၏ မူလရည်ညွှန်းဒေတာများပြီးလျင် ရည်ညွှန်းဒေတာအဖြစ် အသုံးပြုသော ကျန် အရာအားလုံးကို ဆိုလိုသည်။ Secondary reference data တွင် အခြားအမည်ကွဲဇယား (Alternate Name table) တစ်ခု သို့မဟုတ် အစားထိုးအမည် ဇယား (Place-Name Alias table) တစ်ခုတို့ ပါဝင်နိုင်သည်။

ကိုးကား – wiki.gis.com


section

လမ်းကြောင်းတစ်ခုကို သတ်မှတ်ပေးသည့် မျဉ်းများ သို့ဟုတ် မျဉ်းများ၏အစိတ်အပိုင်းများကို ခေါ်သည်။

ကိုးကား – wiki.gis.com


section table

coverage ဒေတာအမျိုးအစား တွင်ပါသည့် အပိုင်းအစိတ် အမျိုးအစားအရာဝတ္ထုအတွက် အချက်အလက်ဇယားဖြစ်သည်။ ၎င်းတွင် သက်ဆိုင်သော အပိုင်း အလိုက်ဖော်ပြထားသည့် လမ်းကြောင်းနံပါတ်များနှင့် arcနံပါတ်များ၊ arc အစနှင့်အဆုံး တည်နေရာများကို အလျား၏ ရာခိုင်နှုန်းဖြင့် ဖေါ်ပြချက်များ၊ အတိုင်းအတာဖြင့်ဖေါ်ပြချက်များ၊ အစဉ်လိုက်ကိုဖော်ပြသည့်နံပါတ်များ၊ အပိုင်းအရာဝတ္ထု၏ ကိုယ်ပိုင်နံပါတ်(identifier)တစ်ခုနှင့် အသုံးပြုသူကသတ်မှတ်ထားသော အချက်အလက်များ ပါဝင်သည်။

ကိုးကား – wiki.gis.com


Secure Sockets Layer

အင်တာနက်ပေါ်တွင် ပုဂ္ဂိုလ်ရေးအချက်အလက်များကို လုံခြုံစိတ်ချစွာ လွှဲပြောင်းနိုင်ရာတွင် အသုံးပြုသည့် ဝှက်စာပြုခြင်းစဉ်းမျဉ်း (encryption protocol) တစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


segment – မျဉ်းပိုင်း

ArcGIS တွင် လမ်းကြောင်းများအဖြစ်တည်ဆောက်ပေးသည် geometric element တစ်ခုမှ ကို  မျဉ်းပိုင်း ခေါ်သည်။ မျဉ်းပိုင်းတစ်ခုတွင် စမှတ်နှင့် ဆုံးမှတ် တစ်ခု နှင့် အဆိုပါ အမှတ်နှစ်ခုကြား မျဉ်းဖြောင့် သို့မဟုတ် မျဉ်းကွေးဖြင့်ဖော်ပြသော လုပ်ဆောင်ချက်တစ်ခုတို့ပါဝင်သည်။ မျဉ်းကွေးများသည် စက်ဝန်းပြတ်များ (circular arcs)၊ ဘဲဥဝန်းပြတ်များ (elliptical arcs) သို့မဟုတ် ဘီဇီယာမျဉ်းကွေး(Bézier)များ ဖြစ်နိုင်သည်။

ကိုးကား – wiki.gis.com


select – ရွေးချယ်သည်

အရာဝတ္ထု များသို့မဟုတ်အုပ်စုတစ်စု အချက်အလက်များသို့မဟုတ်အုပ်စုတစ်စု ကို ခွဲထုတ်ရန် သို့မဟုတ် အစုခွဲအဖြစ်ဖန်တီးရန် ရွေးချယ်ခြင်းဖြစ်သည်။

ကိုးကား – wiki.gis.com


selectable layers – ရွေးချယ်နိုင်သည့် အလွှာများ

ArcMap တွင် အရာဝတ္ထုများကို စိတ်ကြိုက် (interactive) ရွေးချယ်သည့် tools များနှင့် ရွေးချယ်နိုင်သည့် အလွှာများဖြစ်သည်။ Selectable အလွှာများကို selection menu ရှိ Set Selectable Layers command အသုံးပြု၍ သို့မဟုတ် table of contents ရှိ optional selection tab  တွင် ရွေးချယ်နိုင်သည်။

ကိုးကား – wiki.gis.com


selected set

အလွှာတစ်ခုအတွင်းရှိ အရာဝတ္ထုများအစုခွဲတစ်ခု သို့မဟုတ်ဇယားရှိအချက်အလက်များ ကို အသုံးပြုသူမှ ရွေးချယ်ထားသည့်အစုဖြစ်သည်။

ကိုးကား – wiki.gis.com


selected values

အလွှာတစ်ခုအတွင်းရှိ အရာဝတ္ထုများအစုခွဲတစ်ခု သို့မဟုတ်ဇယားရှိအချက်အလက်များ ကို အသုံးပြုသူမှ ရွေးချယ်ထားသည့်အစုဖြစ်သည်။ တွင် အရာဝတ္ထုများ သို့မဟုတ်ဇယားရှိအချက်အလက်များ ကို  ရွေးချယ်ရန် အမြင်အားဖြင့်ရွေးချယ်နည်းနှင့် အချက်အလက်အရ ရွေးချယ်နည်းစသဖြင့် နည်းလမ်းများစွာရှိသည်။

ကိုးကား – wiki.gis.com


selection anchor

ArcMap တည်းဖြတ်ခြင်းလုပ်ချိန်တွင်တွေ့ရသည့်၊ ရွေးထားသည့် အရာဝတ္ထုများအလယ်တွင်တည်ရှိသော “x” အမှတ်အသားဖြင့်ပြထားသည့် ချက်အမှတ်တစ်ခုဖြစ်သည်။ selection anchor ကို snapping environment သို့မဟုတ် အရာဝတ္ထုများကို လှည့်ခြင်း၊ ရွေ့ခြင်းနှင့် တိုင်းတာခြင်းများတွင် အသုံးပြုသည်။

ကိုးကား – wiki.gis.com


selection file

ArcInfo Workstation ဖိုင်တစ်ခုဖြစ်ပြီး ၎င်းသည် coverage များနှင့် INFO ဇယားများအရ ရွေးချယ်မှုရာတွင်အသုံးပြုရမည့်နည်းများအတွက်အသေးစိတ်အချက်များကို သိမ်းဆည်းပေးသည်။ ၎င်းသည် အမှန်တကယ် ရွေးချယ်ထားသော အရာဝတ္ထုများ သို့မဟုတ် မှတ်တမ်းများကို မသိမ်းဆည်းပါ၊ ရွေးချယ်ခြင်းနည်းလမ်းများကိုသာ သိမ်းဆည်းပေးပါသည်။ Selection ဖိုင်များကို ArcPlot ရှိ WRITESELECT command နှင့်အတူ ဖန်တီးထားပါသည်။

ကိုးကား – wiki.gis.com


selective availability – အသုံးပြုမှုကိုကန့်သတ်ခြင်း

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာ မှ အရပ်ဖက်သုံး GPS လိုင်း တွင် မူလတည်နေရာမှ မီတာ ၁၀၀ ကျော်အထိ မှားယွင်းစေရန် ရည်ရွယ်ပြီးလုပ်ဆောင်ချက်ဖြစ်သည်။ ၂၀၀၀ခုနှစ် မေလ တွင် ယင်းသို့ ကန့်သတ်လုပ်ဆောင်မှု ကို ရပ်တန့်ခဲသည်။ ထိုအချိန်မှစတင်ကာ တည်နေရာ တိကျမှုသည် မီတာ ၂၀နှင့် အောက်သို့ ရောက်လာခဲ့သည်။

ကိုးကား – wiki.gis.com


self-organizing map

ရှုတ်ထွေးသောဒေတာများကြားရှိ ဆက်နွှယ်မှုကို ပြသပေးရန် နှင့် အမျိုးအစားခွဲခြားပေးရန် Neural network algorithmတစ်ခုကို အသုံးပြုသော မြေပုံတစ်ပုံဖြစ်သည်။ အလားတူနည်းလမ်းများဖြင့် ထုတ်လုပ်ထားသည့် မြေပုံများကို self-organizingမြေပုံများ (SOMs)ဟု ခေါ်သည်။ Kohonenမြေပုံများကို ဖင်လန်နိုင်ငံသား အင်ဂျင်နီယာ Teuvo Kohonenကို အစွဲပြုပြီး အမည်ပေးထားသည်။

ကိုးကား – wiki.gis.com


semantics

အခြား သဘောတရားများနှင့်ဆက်စပ်ပုံအရ ဒေတာ မိုဒယ်တစ်ခုအတွင်းရှိ သဘောတရာများ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်။

ကိုးကား – wiki.gis.com


semicross variogram

နေရာနှစ်ခုကြားခြားနားထားသည့် အကွာအဝေးနှင့် လားရာတို့ ပါဝင်သည့် လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး  အပြန်အလှန်ဆက်စပ်မှုပမာဏကို တိုင်းတာရာတွင် အသုံးပြုသည်။ အပြန်အလှန်ဆက်စပ်မှုပြပုံဆိုသည်မှာ တည်နေရာ ၂ခုရှိ အချက်အလက်တို့ကြားခြားနားကွဲလွဲမှု သို့မဟုတ် အမျိုးအစားမတူသည့်ကိန်းရှင်၂ခုကြား ခြားနားချက်ကွဲလွဲမှု ဖြစ်သည်။ ယေဘုယျအားဖြင့် အပြန်အလှန်ဆက်စပ်မှုပြပုံသည် အကွာအဝေးအရတိုးသွားပြီး ၎င်းကို nugget၊ sill နှင့် range parameters တို့ဖြင့် ဖော်ပြသည်။

ကိုးကား – wiki.gis.com


semimajor axis – ပင်မဝန်ရိုးတို

စက်လုံးယောင်တစ်ခု၏ အီကွေတာအချင်းဝက်ဖြစ်ပြီး တစ်ခါတစ်ရံ ၎င်းကို “a” အဖြစ် သတ်မှတ်သည်။

ကိုးကား – wiki.gis.com


semiminor axis – ဒုတိယဝန်ရိုးတို

စက်လုံးယောင်တစ်ခု၏ ဗဟိုမှ တောင်(သို့)မြောက်ဝန်ရိုးစွန်းသို့ အကွာအဝေး အချင်းဝက်ဖြစ်ပြီး တစ်ခါတစ်ရံ ၎င်းကို “b”အဖြစ် သတ်မှတ်သည်။

ကိုးကား – wiki.gis.com


semivariogram

အဆက်အစပ်ရှိမှုကို ပြသည့် Variogram  ကို ၂ ဖြင့် စားထားခြင်း (တစ်ဝက်)ဖြစ်သည်။

ကိုးကား – wiki.gis.com


sense of place

နေရာတစ်ခုတွင်နေထိုင်ခဲ့သူမှ ပတ်ဝန်းကျင်သို့ တုံပြန်ဖြစ်ပေါ်လာသည့်  နေထိုင်ရာ (သို့) နေထိုင်သည့်နေရာတစ်ခု ၏ဝိသေသလက္ခဏာ ဆိုင်ရာ ခံစားမှုအမြင် ဖြစ်သည်။ နေရာဒေသတစ်ခုကို ခံစားမှု ကို မြို့တစ်မြို့ သို့မဟုတ် ပတ်ဝန်းကျင်တစ်ခုအပေါ်မြင်သည့်အမြင် ဟုညွှန်းဆိုနိုင်သည်။သို့သော် ထို့ထက်ပိကြီးမားသော ဒေသ၊ပြည်နယ် နှင့် ခရိုင် အပေါ်ခံစားမှုအမြင်ကိုလည်း ညွှန်းဆိုနိုင်သည်။

ကိုးကား – wiki.gis.com


sensitivity analysis

မော်ဒယ်၏အစိတ်အပိုင်းများတွင် သို့မဟုတ် ဒေတာဖွဲ့စည်းပုံ တွင်သေးငယ်သောအပြောင်းအလဲများကြောင့် အထွက်ရလာဒ်တွင်ကြီးကြီးမားမားပြောင်းလဲမှုများဖြစ်ပေါ်လာခြင်း မရှိဖို့သေခြာစေရန်အတွက် ခွဲခြမ်းစိတ်ဖြာမှုရလာဒ်များနှင့် မော်ဒယ် ခိုင်မာမူကို စစ်ဆေးရန် ဖန်တီးထားသည့် နည်းဖြစ်သည်။

ကိုးကား – wiki.gis.com


sensor – အာရုံခံကိရိယာ

ထုတ်လွှတ်သည့်စွမ်းအင်ကိုဖြစ်စေ၊ ဖြာထွက်သည့်စွမ်းအင်ကိုဖြစ်စေ အာရုံခံနိုင်သည့် လျှပ်စစ်ပစ္စည်းတစ်ခု။ စွမ်းအင်ကို အာရုံခံပြီး သင်္ကေတအချက်အလက်တစ်ခုအဖြစ်ပြောင်းလဲသိမ်းဆည်းကာ ကိန်းဂဏန်းများ သို့မဟုတ် ရုပ်ပုံတစ်ပုံအဖြစ် ဖော်ပြသည်။

ကိုးကား – wiki.gis.com


sequential analysis – အစီအစဉ်ကျ ခွဲခြမ်းစိတ်ဖြာခြင်း

အရွယ်အစားမသတ်မှတ်ထားသော နမူနာတစ်ခုအပေါ်အခြေခံသည့် ခွဲခြမ်းစိတ်ဖြာတွက်ချက်မှုဖြစ်သည်။ တွက်ချက်ရာတွင် အချက်အလက် အလားလာ မျဉ်း(trend)တစ်ခုကို ကြိုတင်သတ်မှတ်ထားသော သေချာမှုအဆင့်ထိတိုင်အောင် ခွဲခြမ်းစိတ်ဖြာမှုပြု လုပ်သည်။

ကိုးကား – wiki.gis.com


serializable read

အပြိုင်သုံးစွဲမှု အမြင့်ဆုံးဒီဂရီဖြင့်ခွဲထုတ်ထားပေးနိုင်သော ဒေတာဘေ့စ်စီမံခန့်ခွဲမှုစနစ်တစ်ခုရှိ ပိုင်းခြားခွဲထုတ်နိုင်မှုအဆင့်အတန်းဖြစ်သည်။ ဒေတာဖတ်ယူခြင်းများအားလုံး သည် အသုံးမပြုခင်ကရှိပြီးဖြစ်နေသည့် ဒေတာများကိုသာ မြင်နိုင်မည်ဖြစ်ပြီး အသုံးပြုနေစဉ်ကာလအတွင်း အပြိုင်သုံးစွဲသူအခြားတစ်ယောက်က ပြင်ဆင်လိုက်သည့်ဒေတာများကို မြင်နိုင်မည် မဟုတ်ပါ။

ကိုးကား – wiki.gis.com


serialization – အမှတ်စဉ်

ဒေတာကိုပုံပြောင်းသည့်နည်းလမ်းတစ်ခုဖြစ်သည်။ ဒေတာကို အစီအစဉ်ကျ ရေးသားပြီး ဖိုင်တစ်ခု၊မှတ်ဉာဏ်ပေါ်တွင် သို့မဟုတ်အခြားကြားခံတစ်ခုပေါ်တွင် သိမ်းဆည်းပြီး ကွန်ယက်မှ တဆင့် ထုတ်လွှင့်သည်။ ဖုန်းလိုင်းများ သို့မဟုတ် ဖုန်းကွန်ယက်များ မှ ဒေတာကို ပို့လွှတ်ရာတွင် bit တစ်ခုခြင်း ထုတ်လွှတ်ရန်လိုအပ်သည့်အတွက် ဒေတာကို အစဉ်လိုက်ဖြစ်နေစေရန် မကြာခပြုပေးရသည်။

ကိုးကား – wiki.gis.com


serialization file – အစဉ်အလိုက်စီစဉ်ထားသောဖိုင်

အချက်အလက်များကို အစဉ်လိုက်အစီအစဉ်အတိုင်း အလိုက်သိမ်းဆည်းထားသော ဖိုင်တစ်ခု။

ကိုးကား – wiki.gis.com


server – ဆာဗာ

Diskများ၊ Printerများနှင့် ဒေတာဘေ့စ်များကဲ့သို့ ရင်းမြစ်များကို ကွန်ယက်တစ်ခုပေါ်တွင်မျှဝေသုံးစွဲနိုင်ရန် စီမံခန့်ခွဲသော ကွန်ပျုတာတစ်လုံး။

ကိုးကား – wiki.gis.com


server account

Server object manager အဖြစ် ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းလည်ပတ်မှုစနစ် Account ဖြစ်သည်။ ဆာဗာအကောင့်ကို GISဆာဗာ၏ Postinstallation Utility ဖြင့် သတ်မှတ်သည်။

ကိုးကား – wiki.gis.com


server context

ArcGISတွင် ဝန်ဆောင်မှုတစ်ခု သို့မဟုတ် server objectတစ်ခုနှင့် ဆက်စပ်objectများလုပ်ငန်းဆောင်ရွက်သော GIS Serverပေါ်ရှိ ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။ Server Context တစ်ခုသည် Server Containerလုပ်ငန်းစဉ်တစ်ခုအတွင်းတွင်သာ လုပ်ငန်းဆောင်ရွက်သည်။ Developerတစ်ယောက်သည် Server Object၏ Server Contextမှနေ၍ ၎င်းServer objectတစ်ခု၏ ရည်ညွှန်းချက်ကို ရရှိပြီး Server Object၏ Context အတွင်းတွင် အခြားobjectများကို ဖန်တီးနိုင်သည်။

ကိုးကား – wiki.gis.com


server directory

map cache များကို ရယူ ပြီး ပုံစံမျိုးစုံကို ထုတ်လုပ်ပေးနိုင်ရန် GIS serverတစ်ခုက အသုံးပြုသော ဖိုင်စနစ်တစ်ခုရှိ နေရာတစ်နေရာဖြစ် ဖြစ်သည်။

ကိုးကား – wiki.gis.com


server object

ArcGISတွင် မြေပုံတစ်ခု သို့မဟုတ် တည်နေရာပြအမှတ်အသားတစ်ခုကဲ့သို့သော GIS ရင်းမြစ်တစ်ခုကို စီမံခန့်ခွဲပေးပြီး ဝန်ဆောင်မှုပေးသည့် Object တစ်ခုဖြစ်သည်။ Server Objectတစ်ခုသည် အဆင့်မြင့်Objectတစ်ခုဖြစ်ပြီး အချို့လုပ်ဆောင်ရွက်မှုများ အတွက် Programming modelများကို လွယ်ကူအောင်ပြုလုပ်ပေးခြင်းနှင့် အသေးစိတ် ArcObjectများကို ဝှက်ထားခြင်းလုပ်ပေးသည်။ အင်တာနက်မှတဆင့် clientများ ရယူသုံးစွဲနိုင်ရန် Server Objectများကို Web Serviceများအဖြစ် ပြသ‌ပေးနိုင်သည့် SOAP interfaceများလည်း ရှိသည်။ ArcGIS 9.3 တွင် server object ၇ မျိုးရှိသည်- ၎င်းတို့မှာ MapServer၊ GeocodeServer၊ GeodataServer၊ GeometryServer၊ GlobeServer၊ GPServer နှင့် ImageServer တို့ဖြစ်ကြသည်။

ကိုးကား – wiki.gis.com


server object isolation

ArcGISတွင် လုပ်ငန်းစဉ်တူတစ်ခုထဲတွင် ဝန်ဆောင်မှုတစ်ရပ်၏ အပြိုင် လုပ်ပေးနိုင်မှုရှိမရှိ ကိုဖော်ပြသည့် အခြေအနေတစ်ရပ်ဖြစ်သည်။ အထူးလုပ်ငန်းများ (High isolation) များကို ဦးစားပေးအဖြစ်ဆောင်ရွက်ပြီး အရေးမကြီးသည့် Low isolation လုပ်ငန်းစဉ်များသည် အမျိုးတူအခြားဝန်ဆောင်မှုများနှင့် မျှဝေပြီး ဆောင်ရွက်သည်။

ကိုးကား – wiki.gis.com


server product

လုပ်ငန်းကြီးသုံးဆာဗာစက်ပေါ်တွင်အသုံးပြုနိုင်သော productများဖြစ်သည်။ Server Product တစ်ခုစီသည် Authorization file ကို ထုတ်လုပ်ပေးနိုင်ရန် အထူးမှတ်ပုံတင်နံပါတ်များကို အသုံးပြုသည်။ Authorization file ကို ဝင်ရောက်ရန်နှင့် Softwareကို စတင်အသုံးပြုနိုင်ရန် Software Authorization Wizard ကို အသုံးပြုသည်။

ကိုးကား – wiki.gis.com


server-side address locator

ကွန်ပျူတာတစ်ခုတွင် လုပ်ငန်းဆောင်ရွက်ပြီး အခြားကွန်ပျူတာများက ရလဒ်ကို ကြည့်ရှု၍ရသော  Address locator တစ်ခုဖြစ်သည်။ Server-side Address locatorများ၌ Local Area Networkများ သို့မဟုတ် ArcSDEဆာဗာတစ်ခုမှတစ်ဆင့်  အင်တာနက်ပေါ်တွင်အသုံးပြု၍ရနိုင်သော ဝန်ဆောင်မှုများပါဝင်သည်။

ကိုးကား – wiki.gis.com


service

Client အပ်ပလီကေးရှင်းများအတွက် ဒေတာ သို့မဟုတ် တွက်ချက်မှုရင်းမြစ်များအား စီစဉ်ပေးသော persistent software ဖြစ်စဉ်တစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


service area analysis

ArcGIS Network Analystတွင် အသုံးပြုရနိုင်သည့်လမ်းများအာလုံး (သတ်မှတ်ထားသော ခုခံမှုနှုံးတစ်ခုအတွင်းရှိ လမ်းများ)ပါဝင်သော နေရာဒေသကို သတ်မှတ်ပေးသည့် Network Analysisအမျိုးအစားတစ်ခုဖြစ်သည်။ ဥပမာ မီးသတ်စခန်းကဲ့သို့သော နေရာဒေသကွန်ယက်တစ်ခုက ၂၀မိနစ်အတွင်းဝန်ဆောင်မှုပေးနိုင်မည့်ဧရိယာဖြစ်လျှင် ၎င်းမီးသတ်စခန်းမှ ၂၀မိနစ်အတွင်းရောက်နိုင်မည့်လမ်းများ အားလုံး ပါဝင်သည်။

ကိုးကား – wiki.gis.com


service configuration file

ArcIMSတွင် ပင်မနေရာ၏အချက်အလက်များပါဝင်သော ဖိုင်ဖြစ်သည်။ ArcIMS configuration fileများတွင် ဒေတာတည်နေရာနှင့် သင်္ကေတအလွှာကဲ့သို့ ပေးပို့ရမည့် ပါဝင်မည့်အကြောင်းအရာ(content) ၏ အခြေခံအချက်အလက်များ အားလုံးပါဝင်သည်။ အထူးသဖြင့် မြေပုံပါအချက်အလက်များကို ဖော်ပြသည့်ဒေတာများပါဝင်ပြီး .axl ဖိုင်အမျိုးအစား Configuration fileတစ်ခုဖြစ်ကာ ၎င်းသည် ArcMapတွင်ရေးဆွဲထားသောမြေပုံ (,mxd သို့မဟုတ် .pmf ဖိုင်များ)များကို ဝန်ဆောင်မှုပေးရန်နှင့် Meta ဒေတာ သို့မဟုတ် လမ်းကြောင်းဒေတာများကို .axlဖိုင်အဖြစ် ပေးပို့ရာတွင်လည်း သုံးနိုင်သည်။ မည်သည့်အမျိုးအစားဖြစ်စေကာမူ ArcIMSဆာဗာနှင့် Webဆာဗာတွင် မှတ်ပုံတင်ထားသော ဝန်ဆောင်မှု content များပါဝင်သည်။

ကိုးကား – wiki.gis.com


service group

ပထဝီဒေသတစ်ခုကိုလွှမ်းခြုံသော ဒေတာအစုတစ်စုဖြစ်သည်။Service Group များကို OpenLSနှင့် မိုဘိုင်းToolkit requestများအတွက် အသုံးပြုသည်။

ကိုးကား – wiki.gis.com


service provider

ဆော့ဖ်ဝဲ ပရိုဂရမ်တစ်ခုဖြစ်ပြီး ၎င်းသည် clients များထံမှ ဝန်ဆောင်မှုနှင့်ပတ်သက်သည့် တောင်းဆိုချက်များကို လက်ခံခြင်း၊ ဒေတာများကို စီမံပြုပြင်ဆောင်ရွက်ခြင်းနှင့် ၎င်းတို့အား client ထံသို့ ပြန်လည်ပေးပို့ခြင်းတို့ကို လုပ်ဆောင်သည်။

ကိုးကား – wiki.gis.com


service table

ArcGIS Image Server တွင် ပြသရမည့်မြင်ကွင်းအနီးအဝေးပမာဏကဲ့သို့သော လုပ်ငန်းဝန်ဆောင်မှုနှင့် ဆက်စပ်သည့် အချက်အလက်အချို့နှင့် Raster dataset များစွာကို ချိတ်ဆက်ထားချက်များပါဝင်သည့် ဇယားတစ်ခုဖြစ်သည်။  Image Service Definition တစ်ခုအတွင်း Footprint Shapefile ၏ အပိုင်းတစ်ပိုင်းအဖြစ် Service Tableတစ်ခုကို သိမ်းဆည်းပေးသည်။

ကိုးကား – wiki.gis.com


servlet

Web servers များကို တိုးချဲ့ပေးသည့် java platform နည်းပညာတစ်ခုဖြစ်ပြီး ၎င်းသည် Web-based applications တည်ဆောက်ရန်အတွက် component-based နှင့် platform-independent ဖြစ်သည့် နည်းလမ်းတစ်ခုကို စီစဉ်ပေးသည်။ 

ကိုးကား – wiki.gis.com


Servlet Connector

ArcIMS တွင် ArcIMS Application Server ကို Web server တစ်ခုနှင့်ချိတ်ဆက်ရန် အသုံးပြုသော ကနဦး connector ဖြစ်သည်။

ကိုးကား – wiki.gis.com


servlet engine

Web server နှင့် hosts servlets များကို ကြားခံဆက်သွယ်ပေးသော java platform နည်းပညာတစ်ခု ဖြစ်သည်။ Servlet အင်ဂျင်များသည် web applications များတည်ဆောက်ရန် servlets များအသုံးများသော common application programming interface (API) ကို စီစဉ်ပေးသည်။

ကိုးကား – wiki.gis.com


sextant

အာကာသရှိအရာဝတ္ထုတစ်ခုနှင့် မိုးကုတ်စက်ဝိုင်းအကြားသို့မဟုတ် အရာဝတ္ထုနှစ်ခုအကြားရှိ ထောင့်ကို ကြည့်ရှုရာအမှတ်တစ်ခုမှ တိုင်းတာနိုင်သည့် ခရီးလမ်းညွှန်သုံး လက်ကိုင်ကိရိယာတစ်ခု ဖြစ်သည်။ ဒီဂရီများစိတ်ထားသော ၆၀ဒီဂရီ အကျယ်ရှိ စက်ဝိုင်းပြတ်ပုံအရာတစ်ခုပေါ်တွင် ထောင့်ကို တိုင်းတာသည်။

ကိုးကား – wiki.gis.com


SGML

Standard Generalized Markup Language ၏ အတိုကောက်စာလုံးဖြစ်သည်။ ကြိုတင်သတ်မှတ်ထားသော ဝေါဟာရနှင့်ဖွဲ့စည်းပုံပါသော markup ဘာသာစကားတစ်ခုဖြစ်သည်။ SGML ကို အမျိုးမျိုးသော ပရိုဂရမ်များနှင့် စက်များကြား သတင်းအချက်အလက်ဖလှယ်ရန် DTD သို့မဟုတ် Document Type Definition format ၏ အချက်အလက်များဖွဲ့စည်းမှုကိုတည်ဆောက်ရန် အသုံးပြုသည်။ SGML သည် tag structure တစ်ခုကို အသုံးပြုပြီး ၁၉၈၆ တွင် နိုင်ငံတကာစံသတ်မှတ်ရေးအဖွဲ့ကြီး ISO က စံအဖြစ်သတ်မှတ်ခဲ့သည်။

ကိုးကား – wiki.gis.com


SHA1

Secure Hash Algorithm v1 ၏ အတိုကောက်စာလုံးဖြစ်သည်။ အင်တာနက်မှသတင်းအချက်အလက်များမပို့မီ လုံခြုံရေးအရ သတင်းအချက်အလက်များကို encoding ပြုလုပ်ရန်အတွက် Federal Information Processing Standards (FIPS) နည်းလမ်းတစ်ခုဖြစ်သည်။ ဤနည်းလမ်းသည် စကားဝှက်များကဲ့သို့ဒေတာများကို ရှုပ်ထွေးစေပြီး မူလသတင်းအချက်အလက်ကိုပြန်လည်ရယူရန်မှာ လုံးဝနီးပါး မဖြစ်နိုင်တော့ချေ။

ကိုးကား – wiki.gis.com


shade symbol

မြေပုံတစ်ခုပေါ်ရှိ ဗဟုဂံများကို ဖြည့်စွက်ရန် အသုံးပြုသော အရောင် သို့မဟုတ် အဆင်တစ်ခု။

ကိုးကား – wiki.gis.com


shaded relief image – အရိပ်ခံထားသော မြေမျက်နှာပြင်အနေအထားပြပုံ

နေထိုးသည့်ထောင့်နှင့် နေ၏အမြင့်အနေအထားတို့ အရ မြေမျက်နှာပြင်ပေါ်တွင်ဖြစ်လာသည့် အလင်းနှင့်အရိပ်များကို အသုံးပြု၍ မြေပြင်၏အနိမ့်အမြင့် ပြောင်းလဲခြင်းကိုပြသော raster ပုံတစ်ပုံ။

ကိုးကား – wiki.gis.com


shading – အရောင်ခြယ်ခြင်း

မြေပုံတစ်ခုပေါ်ရှိ ဧရိယာတစ်ခုနှင့် အခြားဧရိယာကို ခွဲခြားနိုင်စေသည့် ကျူထရံကွက်များ၊ မျဉ်းများ၊ အရောင်များ၊ မီးခိုးရောင်စကေးများကဲ့သို့သော ဂရပ်ဖစ်ပုံစံများ။

ကိုးကား – wiki.gis.com


shape – ပုံသဏ္ဏာန်များ

မြေပုံတစ်ချပ်ပေါ်တွင် ပထဝီဝင်မြေမျက်နှာပြင်ရှိ အရာတို့ ၏ ပုံသဏ္ဏာန်များ ကိုကိုယ်စားပြု ဖော်ပြသည့် ပုံသဏ္ဌာန်များဖြစ်သည်။ GIS တွင် ပထဝီဝင်မြေမျက်နှာပြင်ရှိ အရာတို့ ၏ ပုံသဏ္ဏာန်များ ကို အမှတ်အသား(point)၊ လမ်းကြောင်း(line) နှင့် အဝန်းအဝိုင်း(polygon) တို့ဖြင့် ဖော်ပြသည်။

ကိုးကား – wiki.gis.com


shapefile

အရာ/အရာဝတ္ထု၏ တည်နေရာ၊ ပုံသဏ္ဏာန်နှင့် attribute များကို သိမ်းဆည်းသော vector ပုံစံစနစ်ဖြစ်သည်။ ၎င်းနှင့်အတူသက်ဆိုင်သော ဖိုင်အမျိုးအစားများဖြင့်သိမ်းဆည်းပြီး point/line/polygon အမျိုးစားများထဲ မှ တစ်မျိုးသာပါဝင်သည်။

ကိုးကား – wiki.gis.com


shared boundary – မျှဝေအသုံးပြုသည့် နယ်နမိတ်

အရာ/အရာဝတ္ထုနှစ်ခု၏ ဘုံနယ်နမိတ်။ ဥပမာ – parcel database တစ်ခုတွင် ကပ်လျှက်ရှိသော အကွက်များသည်နယ်နိမိတ်များကို ဝေမျှအသုံးပြုသည်။ နောက်ဥပမာ – မြစ်ကမ်းတစ်ဖက်နှင့်ထိစပ်နေသော အကွက်မျိုးဖြစသည်။ ထိုအကွက်နယ်နိမိတ်နှင့်ထပ်တူကျနေသော မြစ်အစိတ်အပိုင်း၏ဩဒီနိတ်များသည် အကွက်နယ်နိမိတ်၏ ကိုဩဒီနိတ်များနှင့်အတူပင်ဖြစ်သည်။

ကိုးကား – wiki.gis.com


shared content – မျှဝေအသုံးပြုသည့် အရာ (content)

ArcWeb Services တွင် အသုံးပြုသူ တစ်ဦးမကအသုံးပြုနိုင်သော အချက်အလက်ဖိုင်များ၊ အလွှာများနှင့် ဝန်ဆောင်မှုများ။

ကိုးကား – wiki.gis.com


shared vertex – ဘုံအနားထောင့် vertex

အရာ/အရာဝထ္ထုများ၏ ဘုံ အနားထောင့် vertex တစ်ခု။ ဥပမာအနေဖြင့် parcel database တစ်ခုတွင် ကပ်လျှပ်ရှိသော အကွက်များသည် ဘုံထောင့်တစ်ခုတွင် vertex တစ်ခုကိုမျှဝေအသုံးပြုသည်။

ကိုးကား – wiki.gis.com


sheet-fed scanner

ကင်မရာ အာရုံခံကိရိယာပေါ်ကိုဖြတ်ပြီး စာရွက်များကို ရွေ့လျားဖတ်ပြီး ဒစ်ဂျစ်တယ်ပုံရိပ်တစ်ခုအဖြစ်ဖမ်းယူနိုင်သည့်  scanner အမျိုးအစားတစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


shield

လမ်းကြောင်းအမှတ်အသားအဖြစ် သုံးသော မြေပုံသင်္ကေတတစ်ခုဖြစ်သည်။ ဒိုင်း Shields အမျိုးမျိုးရှိပြီး အမေရိကားတွင် အတွေ့ရအများဆုံးသော Shield အမျိုးအစားမှာ ပြည်နယ်ချင်းဆက် အဝေးပြေးလမ်းများ၊ ပြည်ထောင်စုလမ်းမများ၊ ပြည်နယ်လမ်းမများ နှင့် ခရိုင်လမ်းများ ဖြစ်ကြသည်။ အမေရိကား ရှိ ပြည်နယ်ချင်းဆက် အဝေးပြေးလမ်းများ၊ ပြည်ထောင်စုလမ်းမများနှင့် ခရိုင်လမ်းအများစုအတွက် တူညီသော စံချိန်စံညွှန်းများရှိကြသည်။ သို့သော် ပြည်နယ် လမ်းကြောင်းများ၏ shield သည် ပြည်နယ်တစ်ခုနှင့်တစ်ခု မတူညီကြပါ။

ကိုးကား – wiki.gis.com


shift – နေရာရွှေ့ခြင်း

ကိုဩဒိနိတ်တန်ဖိုး တွင် ကိန်းသေတန်ဖိုးတစ်ခု ပေါင်းထည့်ခြင်း။

ကိုးကား – wiki.gis.com


shortcut key – ဖြတ်လမ်းနည်း

မောက်စ်အသုံးပြုစရာမလိုပဲ ခိုင်းစေချက်တစ်ခုကို လုပ်ဆောင်ပေးနိုင်သည် ကွန်ပြူတာ ခလုပ်ခုံတွင်ရှိသော ခလုပ်အတွဲ (Keystroke)  ဖြစ်သည်။ ဥပမာ – Ctrl+C သည် Windows တွင် တစ်ခုခုကို ကူးယူရန်အတွက် လူသိများသော ကီးဘုတ် ဖြတ်လမ်းနည်းshortcut တစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


shortcut menu

Windows ပရိုဂရမ်များတွင် mouse ၏ ညာဖက်ခလုပ်ကိုနှိပ်လိုက်လျှင် ပေါ်လာသော ခိုင်းစေချက်စာ ရင်းတစ်ခုဖြစ်သည်။ အချို့ကီးဘုတ်များတွင် shortcut menus ကိုပြသည့် ပရိုဂရမ်ကီးတစ်ခု ပါရှိသည်။

ကိုးကား – wiki.gis.com


shortest path – အတိုဆုံးလမ်းကြောင်း

ဆက်စပ်မှု နှင် လမ်းခရီးအကန့်အသတ်များဖြစ်သော တစ်လမ်းမောင်းလမ်းများနှင့် ရုံးတက်ရုံးဆင်းချိန် ယာဉ်အသွားအလာများ ကိုပါထည့်သွင်းတွက်ချက်ထားသော အမှတ်နှစ်ခုနှင့် အထက်မှတ်များကြား ရှီ အကောင်းဆုံးလမ်းကြောင်းသို့မဟုတ် အနှောက်အယှက်အနည်းဆုံးလမ်းကြောင်းဖြစ်သည်။

ကိုးကား – wiki.gis.com


signal-to-noise ratio – အချက်အလက်နှင့် အချက်အလက်မဟုတ်သည့်အနှောင့်အယှက်များ၏ အချိုး

အချက်အလက်တစ်ခုတွင်ပါရှိသော သတင်းအကြောင်းအရာ နှင့် သတင်းအချက်အလက် မဟုတ်သည့်အရာများ၏ အချိုး။

ကိုးကား – wiki.gis.com


signature – ကိုယ်ပိုင်လက္ခဏာ

ဓါတ်ပစ္စည်းတစ်ခု သို့မဟုတ် ဓါတ်ပေါင်းတစ်ခုကို ခွဲခြားနိုင်စွမ်းရှိသည့် လျှပ်စစ်သံလိုက်ရောင်စဉ်ဖြာသည့်ပုံစံဖြစ်သည်။ ရောင်စဉ်များ၏မည်သည့်အပိုင်းကို အရောင်ပြန်နိုင်သည် သို့မဟုတ် စုပ်ယူနိုင်သည် ကိုလေ့လာစစ်ဆေးခြင်းအားဖြင့် ဓါတ်ပစ္စည်းများကို ခွဲခြားနိုင်သည်။

ကိုးကား – wiki.gis.com


sink

အကွာအဝေးများ ခွဲခြမ်းစိတ်ဖြာခြင်းအတွက် အဆုံးအမှတ်အဖြစ်အသုံးပြုသော တည်နေရာ သို့မဟုတ် တည်နေရာများအုပ်စု။

ကိုးကား – wiki.gis.com


sliver polygon

GIS အလွှာများ ထပ်ပြီးပေါင်းသည့်အခါ polygon အနားများတစ်လျောက်ဖြစ်ပေါ်နေသည့်သေးငယ်ကျဉ်းမြောင်းသည့် polygonတစ်မျိုးဖြစ်သည်။ Sliver polygons များသည် မူလ polygon များတွင် ထိစပ်တည်ရှိပုံ (topology) ဆိုင်ရာ ပြဿနာများ ရှိနေသည်ကို ညွှန်ပြနေခြင်းဖြစ်နိုင်သကဲ့သို့ overlay ထပ်ခြင်း ပြုလုပ်ခြင်းမှ ထွက်လာသည့် ပုံမှန် ရလာဒ်များလည်းဖြစ်နိုင်သည်။

ကိုးကား – wiki.gis.com


sliver removal

မလိုချင်သော sliver polygons များကို ပယ်ဖျက်ခြင်းလုပ်ရပ်။

ကိုးကား – wiki.gis.com


slope – ဆင်ခြေလျှော/လျောစောက်

မျက်နှာပြင်တစ်ခု၏ အစောင်း သို့မဟုတ် မတ်စောက်မှု။ ဆင်ခြေလျှောကို ရေပြင်ညီမှ တိုင်းတာသည့် ထောင့် (၀-၉၀)မှ ဒီဂရီ သို့မဟုတ် ဆင်ခြေလျှောရာခိုင်နှုန်း(မြင့်တက်မှုကို ရေပြင်ညီအကွာအဝေးဖြင့်စား၍ ၁၀၀ ဖြင့်မြှောက်သည်) ဖြင့် တိုင်းတာနိုင်သည်။ ၄၅ ဒီဂရီ ဆင်ခြေလျှောသည် ၁၀၀ ရာခိုင်နှုန်းဆင်ခြေလျှောနှင့် အတူတူပင်ဖြစ်သည်။ ဆင်ခြေလျှောထောင့်သည် ဒေါင်လိုက် (၉၀ ဒီဂရီ)နှင့် နီးကပ်လေလေ ဆင်ခြေလျှောရာခိုင်နှုန်းသည် အနန္တကိန်းနှင့် နီးကပ်လေလေ ဖြစ်သည်။ TIN မျက်နှာပြင်တစ်ခု၏ ဆင်ခြေလျှောသည် အောက်သို့ဆင်းသည့် အမတ်စောက်ဆုံး ဆင်ခြေလျှောတစ်ခု ဖြစ်သည်။ Raster တစ်ခုထဲရှိ ဆဲလ်တစ်ခု၏ ဆင်ခြေလျှောသည် ပတ်လည်တွင်ရှိသော ဆဲလ်(၈)ခု နှင့် ၎င်းဆဲလ် တို့ ကြားရှိအမတ်စောက်ဆုံး ဆင်ခြေလျှောဖြစ်သည်။

ကိုးကား – wiki.gis.com


small scale – စကေးငယ်

ယေဘူယျအားဖြင့် မြေပြင်ဧရိယာကြီးကြီးကို အသေးစိဖော်ပြမှုနည်းနည်းဖြင့် ပြသည့် မြေပုံစကေးတစ်ခု။

ကိုးကား – wiki.gis.com


smoothing – ပုံချောခြင်း

ပုံရိပ်များဖြင့် တွက်ချက်လုပ်ကိုင်ရာတွင် အကြီးစားပုံသဏ္ဌာန်များ ထင်ရှားလာစေရန်အတွက် အသေးစိတ်အရာများကို ဖယ်ရှားခြင်း သို့မဟုတ် လျော့ချခြင်း ပြုလုပ်ခြင်းဖြစ်သည်။  ဆက်စပ်ခန့်မှန်းခြင်းနည်းလမ်း (သို့မဟုတ်) ဇကာစစ်ပုံ တစ်ခုကိုဖြတ် စေခြင်းဖြင့်နည်းများဖြင့် ပြုလုပ်သည်။

ကိုးကား – wiki.gis.com


snap extent – ချိန်ညှိအတိုင်းအတာ

ထပ်တူကျ (သို့မဟုတ်) ချိန်ညှိပေးသော ArcGIS ၏ geoprocessing လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ ၎င်းလုပ်ဆောင်ချက်သည် Layer အားလုံးကို သတ်မှတ်ထားသော raster တစ်ခုအဖြစ် ဆဲလ် register ပြုလုပ်ပေးသည်။ Layer အားလုံးသည် သတ်မှတ်ထားသော raster၏ ဆဲလ် အရွယ်အစား နှင့် ဘယ်ဖက်အောက်ထောင့်ကို ချိန်ညှိပေးလိမ့်မည်။ ချိန်ညှိအတိုင်းအတာကို နမူနာ layer များအား တူညီသော ဆဲလ် registration နှင့် ဆဲလ်အရွယ်အစား ရရှိရန် စိစစ်တွက်ချက်ရာတွင် အသုံးပြုလေ့ရှိသည်။

ကိုးကား – wiki.gis.com


snap raster

တွက်ချက်မှုလုပ်မည့် (လေးထောင့်) နေရာ ကို ရှိနေသည့် raster နှင့် တစ်ထပ်တည်းကျနေစေရန်လုပ်ဆောင်ပေးသည့် Environment Setting ထဲရှိ option တစ်ခု ဖြစ်သည်။ ပြုလုပ်ပုံမှာ – တွက်ချက်မည့်နေရာ ၏ အောက်ဘယ်ထောင့် ကို raster ထဲရှိ အနီးဆုံး cell ၏ အောက်ဘယ်ထောင့် နှင့် ဆွဲကပ်ပေးသည် – ထို့နောက် တွက်ချက်မည့်နေရာ ၏ အထက် ညာထောင့် ကို raster  ထဲရှိ အနီးဆုံး cell ၏ အထက် ညာထောင့် နှင့် ဆွဲကပ်ပေးသည်။

ကိုးကား – wiki.gis.com

Credit: wikimedia.com

snapping

အမှတ်များ သို့မဟုတ် အရာဝတ္တုများသည် တခြားသောအမှတ်များ သို့မဟုတ် အရာဝတ္တုများနှင့်သတ်မှတ်ထားသည့်အကွာအဝေးတစ်ခုအတွင်းရောက်ပါက ၎င်းတခြားသော အမှတ်၊အရာဝတ္တုများ၏တည်နေများသို့တိတိကျကျ တစ်ထပ်တည်းရွေ့သွားသည့် အလိုလျောက်တည်းဖြတ်ပေးသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


snapping environment

ArcMap Snapping Environment Window နှင့် Editing Options တွင်ရှိသော setting တစ်ခုဖြစ်သည်။ ထို settingတွင် မည်သည့်အခြေအနေတွင် snap လုပ်ရမည်ကိုသတ်မှတ်ပေးနိုငသည်။ ထို setting တွင် ခွင့်ပြုကွာဟချက် (tolerance), snapping ဂုဏ်သတ္တိများ နှင့် ဦးစားပေး snapping စသည်တို့ကို ချိန်ညှိပေးနိုင်ပါသည်။

ကိုးကား – wiki.gis.com


snapping priority – ဦးစားပေး snapping

ArcMap တွင်တည်းဖြတ်မှုများပြုလုပ်နေသည့်အခါ snappingသည် Snapping Environment Window မှ သတ်မှတ်လိုက်သည့်အတိုင်း layer အစီအစဉ်အလိုက်ဖြစ်ပေါ်သည်။

ကိုးကား – wiki.gis.com


snapping tolerance – snapping ခွင့်ပြုကွာဟချက်

အမှတ်များ သို့မဟုတ် အရာဝတ္တုများသည် တခြားသောအမှတ်များ သို့မဟုတ် အရာဝတ္တုများအနီး အကွာအဝေးတစ်ခုသို့ရောက်ပါက ၎င်းတခြားသော အမှတ်၊အရာဝတ္တုများ၏တည်နေများသို့တိတိကျကျ တစ်ထပ်တည်းရွေ့သွားနိုင်စေရန် သတ်မှတ်ထားသည့် အကွာအဝေးတစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


space coordinate system – Space ကိုဩဒီနိတ်စနစ်

ကမ္ဘာမျက်နှာပြင် ခုံးမှုကို ထည့်သွင်းတွက်ချက်မှု မရှိသည့် ဝန်ရိုးသုံးခုပါ Cartesian ကိုဩဒီနိတ်စနစ်ဖြစ်သည်။ Space ကိုဩဒီနိတ်စနစ်တွင် x နှင့် y ဝန်ရိုးသည် ကမ္ဘာမြေပြင်၏ မျက်နှာပြင်သို့ထိထားသော ပြင်ညီတစ်ခုတွင် တည်ရှိပြီး z ဝင်ရိုးသည် ယင်းမျက်နှာပြင်မှ အထက်သို့ ညွှန်ပြသည်။

ကိုးကား – wiki.gis.com


spaghetti data – စပါကတီ ဒေတာ

ဆက်စပ်မှုမဲ့ကာ အချက်အလက်များမပါသည့် မျဉ်းရိုးရိုးများသာပါဝင်သည့် vector data ဖြစ်သည်။ Spaghetti မျဉ်းများသည် တစ်ခုနှင့်တစ်ခု ဖြတ်သွားနိုင်သော်လည်း အဆိုပါ ဖြတ်သွားသောနေရာများတွင်  ဆုံမှတ်များ ဖြစ်ပေါ်လာမည်မဟုတ်ပါ။

ကိုးကား – wiki.gis.com


spaghetti digitizing – Spaghetti ဒီဂျစ်တယ်ပြုလုပ်ခြင်း

ဆုံမှတ်များမပါပဲ မျဉ်းများကိုသာ ဆွဲသားမှတ်တမ်းရယူသောဒီဂျစ်တယ်ပြုလုပ်ခြင်းနည်းလမ်း။

ကိုးကား – wiki.gis.com


spatial

တည်ရှိနေသော သို့မဟုတ် တည်နေရာ နှင့် ဆိုင်သော။

ကိုးကား – wiki.gis.com


spatial adjustment

အချက်အလက်များ လွှဲပြောင်းခြင်းနှင့် ဒေတာများ၏ အစွန်းများ ချိန်ညှိခြင်း၊ rubber sheeting ပြုလုပ်ခြင်းနှင့် အသွင်ပြောင်းခြင်းများ လုပ်ပေးနိုင်သည့် ArcMap တည်းဖြတ်ခြင်း လုပ်ဆောင်ချက်တစ်ခု။

ကိုးကား – wiki.gis.com


spatial analysis – Spatial တည်နေရာဖြင့်ခွဲခြမ်းစိတ်ဖြာခြင်း

အဖြေရှာခြင်း၊ အသိပညာအကြောင်းအရာထုတ်နှုတ်ရရှိရန်အတွက် အလွှာများထပ်ကာစမ်းစစ်နည်း နှင့် အခြား နည်းလမ်းများသုံးကာ အရာဝတ္ထုများ၏ တည်နေရာ၊ အချက်အလက်များနှင့် ဆက်စပ်မှုများ လေ့လာဆန်းစစ်သော လုပ်ငန်းစဉ်ဖြစ်သည်။ Spatial တည်နေရာ ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် spatial data မှ သတင်းအချက်အလက်များကို ထုတ်ယူ ခြင်း သို့မဟုတ် အသစ်ဖန်တီးခြင်းပြုနိုင်သည်။

ကိုးကား – wiki.gis.com


spatial autocorrelation – တည်နေရာအရ ဆက်နွယ်မှု

အရာဝတ္ထုများ နှင့် ၎င်းတို့၏ တွဲဖက် အချက်အလက်များ သည် မည်သို့မည်ပုံ စုစည်းနေသည် (အပေါင်းဆောင် ဆက်နွယ်မှု) သို့မဟုတ် ပြန့်ကျဲ နေသည် (အနှုတ်ဆောင် ဆက်နွယ်မှု)  ကို ပြသည့် အတိုင်းအတာဖြစ်သည်။

ကိုးကား – wiki.gis.com


spatial bookmark

ArcMap တွင် နောင်အချိန်၌ပြန်လည်ရည်ညွှန်းနိုင်ရန် သိမ်းဆည်းထားသော အသုံးပြုသူမှ ဖန်တီးထားသော shortcut တစ်ခု။

ကိုးကား – wiki.gis.com


Style Manager

ပုံစံအသစ်များဖန်တီးရန်နှင့် ဖန်တီးပြီးသော ပုံစံများအား တည်းဖြတ်ရာတွင် အသုံးပြုသော tool ဖြစ်သည်။ Style Manager သည် မြေပုံမှ လက်ရှိရည်ညွှန်းထားသော ပုံစံအားလုံး၏ အကြောင်းအရာများကို ပြသပေးသည်။ ထို့အပြင် Style Manager တွင် Arc Map တွင် အသုံးပြု၍ ရနိုင်သော ကိုယ်ပိုင်ပုံစံများနှင့် ထပ်ဆောင်းအပိုပုံစံများလည်ပါဝင်သည်။

ကိုးကား – wiki.gis.com


surface

ပထဝီအနေအထားဖြစ်စဉ်တစ်ခုကို တစ်ဆက်တည်းရှိသည့်အချက်အလက် continuous data ဖြင့်ဖော်ပြခြင်းဖြစ်သည်။ ဥပမာအားဖြင့် ကုန်းမြေပြင်အမြင့်၊ ဘူမိနယ်နမိတ်များ သို့မဟုတ် လေထုညစ်ညမ်းမှု စသည်။ တန်ဖိုးတစ်ခု နှင့် တည်နေရာများ ကို ဆက်စပ်မှုလုပ်ပေးသည့် တည်နေရာအရပြန့်နှံ့မှုသည် အများအားဖြင့် တစ်ဆက်တည်းဖြစ်နေသည့် အချက်အလက်များ နှင့် ဆက်စပ်နေသည်။

ကိုးကား – wiki.gis.com


surface fitting

x, y, z တန်ဖိုးသိထားသည့် အမှတ်များရှိ (မျက်နှာပြင်) တန်ဖိုးများ ခန့်မှန်းပေးသည့် စာရင်းအင်းမျက်နှာပြင်တစ်ခုဖန်တီးခြင်း/တည်ဆောက်ခြင်း။

ကိုးကား – wiki.gis.com


 

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details