T

table – ဇယား

တန်း (Row) နှင့် တိုင်(column) များဖြင့် စုစည်းထားသော ဒေတာအချက်အလက်တစ်စုံဖြစ်သည်။ Rowတစ်ခုချင်းစီသည် မှတ်တမ်းတစ်ခုစီကို ကိုယ်စားပြုသည်။ Columnတစ်ခုချင်းစီသည် မှတ်တမ်း၏ အကြောင်းအရာတစ်ခုစီကို ကိုယ်စားပြုသည်။ အကွက် (cell) များသည် Row နှင့် Column များ ဆုံသည့် နေရာတွင်ရှိသည်။ ၎င်းအကွက် (cell)ထဲတွင် မှတ်တမ်းတစ်ခုထဲရှိ field တစ်ခုအတွက် သီးခြားတန်ဖိုး တစ်ခုတို့ပါဝင်သည်။

ကိုးကား – wiki.gis.com


table of contents – မာတိကာ

ArcGISတွင် မြေပုံတစ်ခုပေါ်ရှိ data frames များ၊ အလွှာများ (သို့မဟုတ်) ဇယားများကို စုစည်းထားသော စာရင်းတစ်ခု။ ထိုစာရင်းတွင် ဒေတာကို မည်သို့ သင်္ကေတပြုထားသည်ဆိုသည်နှင့် ဒေတာရင်းမြစ်၊ အလွှာအသီးသီးအနက် မည်သည့်အလွှာကို ရွေးချယ်၍ ရနိုင်သည်မရနိုင်သည်တို့ကို ဖော်ပြပေးသည်။

ကိုးကား – wiki.gis.com


table view

ကြည်ရှုရန်နှင့် ပြင်ဆင်တည်းဖြတ်ရန်ပြထားသည့် ဇယား၏ မြင်ကွင်း ဖြစ်သည်။ ArcMap တွင် ဇယားတစ်ခုထည့်လိုက် သည့်အခါ မြင်ရသည့် ဇယားသည် ကွန်ပြူတာ မှတ်ဉာဏ်တွင် သိမ်းဆည်းထားသည့် မူလဇယား ကို မိတ္တူပွားပြခြင်းဖြစ်သည်။

ကိုးကား – wiki.gis.com


tabular data – ဇယားပုံစံအချက်အလက်

ဇယားပုံစံဖြင့်ဒေတာဘေ့စ်တွင်သိမ်းဆည်းထားသော စာများ ဂဏန်းများပါသော သတင်းအချက်အလက်ဖြစ်ပြီး ယင်းဇယားနှင့် မြေပုံအရာဝတ္ထုများကို ချိတ်ဆက်နိုင်သည်။

ကိုးကား – wiki.gis.com


tactical graphic

MOLE တွင်၊ လမ်းနယ်နိမိတ်များနှင့် အတားအဆီးများကဲ့သို့ တပ်ဖွဲ့များ၏ ရွေ့လျားမှုကို ထိန်းညှိရာတွင် အထောက်အကူဖြစ်စေသော ဂရပ်ဖစ်အမျိုးအစားတစ်မျိုးဖြစ်သည်။

ကိုးကား – wiki.gis.com


tactical symbol

MOLE တွင်၊ တပ်ယူနစ် (ဥပမာ တပ်ခွဲ A၊ ခြေလျင်တပ်ရင်း 135th ၏ တပ်မ 1st)၊ ကိရိယာများ သို့မဟုတ် စစ်နှင့်လက်နက်နေရာချထားမှုများ (ဆေးရုံ သို့မဟုတ် ရေဒါစခန်းစသည်) ကိုကိုယ်စားပြုသည့် ဂရပ်ဖစ်အမျိုးအစားတစ်မျိုးဖြစ်သည်။ Force elements များကို force ယူနစ်များ သို့မဟုတ် စစ်ရေးယူနစ်များဟုလည်းခေါ်သည်။

ကိုးကား – wiki.gis.com


tag

XML and HTML ဘာသာစကားတို့တွင်သုံးစွဲသည့် အမှတ်သင်္ညာပြုစာလုံး။ အကြောင်းရာပါစာပိုဒ်ကို ပုံစံချရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားသော ကွင်းဖြင့် ပိတ်ထားသော အမှတ်သင်္ညာပြုစာများပါဝင်သည်။ ဥပမာ – <data></data>

ကိုးကား – wiki.gis.com


tagged value

အမှတ်များ၊မျဉ်းများနှင့် ဗဟုဂံဂျီဩမေတြီကဲ့သို့သော သို့မဟုတ် ဇယားတစ်ခုထဲရှိ field တစ်ခု၏အကျယ် ကဲ့သို့သော UML သတ်မှတ်ချက်တွင်မပါဝင်သော အရာများအတွက် ထပ်တိုးဂုဏ်သတ္တိများ သတ်မှတ်ရန် အသုံးပြုသော keywords တစ်စုံဖြစ်သည်။

ကိုးကား – wiki.gis.com


tangent projection – ဝန်းထိ/တန်းဂျင့် မြေပုံ အရိပ်ချစနစ်

အရိပ်ခံမျက်နှာပြင်သည် ကမ္ဘာလုံးအားဖောက်ထွင်းသွားခြင်းမရှိဘဲ ကမ္ဘာမျက်နှာပြင်ကိုထိသည်ဆိုယုံသာ ထိထားသည့် မြေပုံအရိပ်ချစနစ်တစ်ခုဖြစ်သည်။ ဝန်းထိ(tangent)ကတော့ပုံ နှင့် ဆလင်ဒါ ပုံမြေပုံ အရိပ်ချစနစ်တို့သည် မျဉ်းကြောင်းတစ်လျှောက် ကမ္ဘာလုံးနှင့် ထိသောလည်း ဝန်းထိ/တန်းဂျင့် ပြင်ညီမြေပုံ အရိပ်ချစနစ်သည် ကမ္ဘာလုံးပေါ်ရှိ အမှတ်တစ်မှတ်ကိုသာ ထိသည်။ တန်းဂျင့်မျဉ်း သို့မဟုတ် တန်းဂျင့်မှတ်ရှိနေသောနေရာတွင် မြေပုံအရိပ်ချစနစ်သည် ပုံစံပျက်ယွင်းခြင်းများ မရှိပါ။

ကိုးကား – wiki.gis.com


target – ဦးတည်ချက်

ArcScene နှင့် ArcGlobe တို့တွင် ကင်မရာကို ဦးတည်သော မြင်ကွင်း၏ ဗဟိုအမှတ်။

ကိုးကား – wiki.gis.com


target computer

Application တစ်ခု ထည့်သွင်းမည့် ကွန်ပျူတာတစ်လုံး။

ကိုးကား – wiki.gis.com


target layer – ရည်မှန်းချက်သည့် အလွှာ

ArcMap တည်းဖြတ်ရာတွင် တည်းဖြတ်မှုများပြုလုပ်မည့်အလွှာ ဖြစ်သည်။ ရည်မှန်းချက်အလွှာကို အရာဝတ္ထုအသစ်များဖန်တီးခြင်းနှင့် ရှိပြီးသားအရာဝတ္ထုများအား ပြင်ဆင်မွမ်းမံရာတွင် သတ်မှတ်ပေးရသည်။

ကိုးကား – wiki.gis.com


target offset – ကြည့်ရှုခံအမှတ် မြေပြင်မှအမြင့်

ArcScene and ArcGlobe တွင် မြင်ကွင်းဧရိယာ နှင့် ကြည့်ရှုရာလမ်းကြောင်း တွက်ချက်ရာတွင် အသုံးပြုသည့် ကြည့်ရှုခံအမှတ် မြေပြင်/မျက်နှာပြင်မှအမြင့်။

ကိုးကား – wiki.gis.com


target theme

ArcView 3.x တွင် theme-on-theme selection လုပ်ဆောင်ချက်တစ်ခုအတွင်း အရာဝတ္ထုများကို ရွေးချယ်ထားသော theme။ target themes များစွာကို theme-on-theme selection တစ်ခုအတွက် သတ်မှတ်နိုင်ပါသည်။

ကိုးကား – wiki.gis.com


task – အလုပ်

ArcGIS Explorer နှင့် ArcGIS ဆာဗာတွင် user interface တစ်ခုကို GISလုပ်ဆောင်ချက်တစ်ခုကို ပေါင်းပြီး  အပ်ပလီကေးရှင်းများသို့ အလွယ်တကူထည့်နိုင်သော ပုံစံတစ်ဖြင့် လုပ်ထားသည့်အရာဖြစ်သည်။ Tasks သည် အပ်ပလီကေးရှင်းတစ်ခု ကို အသုံးပြုသူ end user များအား မေးမြန်းခြင်း၊ တည်းဖြတ်ခြင်း သို့မဟုတ် geoprocessing ကဲ့သို့သော အသုံးများလုပ်ဆောင်ချက်များလုပ်ဆောင်ရာတွင် လွယ်ကူအောင်ပြုလုပ်ပေးသည်။ များသောအားဖြင့် tasks များသည် ကုဒ်ရေးရန်မလိုအပ်ဘဲ အပ်ပလီကေးရှင်းတစ်ခုသို့ ပေါင်းထည့်နိုင်သောကြောင့် ဆော့ဖ်ဝဲရေးသားသူ၏အလုပ်ကိုလည်း လွယ်ကူချောမွေ့စေသည်။

ကိုးကား – wiki.gis.com


TAT

စာသားအချက်အလက်များပါရှိသည့် ဇယားတစ်ခုဖြစ်သည်။ coverage တွင် အလွတ်စာ အမျိုးအစား၏ အရောင်၊ ဖောင့်အမျိုးအစား၊ အရွယ်အစား၊ နေရာ၊ စာလုံးအစောင်းဒေါင့်တန်ဖိုး စသည်တို့ဖြစ်သည်။ အသုံးပြုသူသတ်မှတ်ပေးသော အချက်အလက်များအပြင် စာသားများ၏ ကိုပိုင်အမှတ်ဖြင့်သည့် ဂဏန်းနှင့်စာများအတွဲလည်းပါဝင်သည်။

ကိုးကား – wiki.gis.com


TCP/IP

Transmission Control Protocol/Internet Protocol ၏ အတိုကောက်စာလုံးဖြစ်သည်။ Internet traffic ဆက်သွယ်ရာတွင် အသုံးအများဆုံးသော စည်းကမ်း (protocol) ဖြစ်သည်။ Transmission Control Protocol (TCP) သည်  Internet Protocol (IP)၏ အထက်တွင် ရှိသော communication protocol တစ်ခုဖြစ်သည်။ ၎င်းသည် ကွန်ပျူတာများအား ကွန်ရက်ပေါ်တွင် ဒေတာပေးပို့ခြင်းနှင့် လက်ခံခြင်းများကို ခွင့်ပြုထားသော အများသုံး communication protocols များ သို့မဟုတ် စည်းမျဉ်းများ ဖြစ်သည်။

ကိုးကား – wiki.gis.com


TDOP

Time dilution of precision အတွက် အတိုကောက်စကားလုံးဖြစ်သည်။ တည်နေရာတစ်ခုကို သတ်မှတ်ရာတွင် အသုံးပြုသည့် ဂြိုလ်တုများ၏ တည်ရှိပုံအနေအထားဂျီဩမေတြီ ကို ညွှန်းသည့် အညွှန်းတစ်ခုဖြစ်ပါသည်။ ယေဘုယျအားဖြင့် DOP တန်ဖိုးနည်းသည့် တည်နေရာများသည် DOP တန်ဖိုးများသည့် တည်နေရာများထက် ပိုမိုကောင်းမွန်သော တိုင်းတာမှုရလဒ်များရှိပါသည်။ ဂြိုလ်တုအစုအဝေးတစ်ခုအတွက် စုစုပေါင်း GDOP( ဂျီဩမေတြီဆိုင်ရာ DOP) တွင် PDOP (တည်နေရာနှင့်ဆိုင်သော DOP) ၊ HDOP (ပြင်ညီအတိုင်း DOP) ၊ VDOP( ထောင်လိုက်အတိုင် DOP) နှင့် TDOP (အချိန်နှင့်ဆိုင်သော DOP) တို့ပါဝင်ကြပါသည်။

ကိုးကား – wiki.gis.com


template – ပုံစံ

ArcMap တွင် မြေပုံသစ်တစ်ခုကို လျှင်မြန်စွာဖန်တီးနိုင်ရန် စီစဉ်ပေးထားသော မြေပုံdocumentအမျိုးအစားတစ်ခု။ ပုံစံများတွင် ဒေတာ၊ အသုံးပြုသူစိတ်ကြိုက်ဖန်တီးထားသော ကြားခံနယ်တစ်ခုနှင့် pageအတုပေါ်တွင် မြောက်အရပ်ပြမြား၊ စကေးဘားနှင့် logo များစသည့် မြေပုံတွင်ပါရှိရမည့် အညွှန်းများကို ကြိုတင်သတ်မှတ်ထားသည့် layout တစ်ခုတို့ပါဝင်သည်။ မြေပုံ ပုံစံသည် .mxt ဖိုင်နောက်ဆက်တွဲဖြင့် ဖြစ်သည်။

ကိုးကား – wiki.gis.com


temporal data – အချိန်အချက်အလက်

အချိန်သို့မဟုတ် နေ့ရက်များပါသော ဒေတာဖြစ်သည်။ အချိန်ပါအချက်အလက် တွင် မိုးကြိုးပစ်ခြင်းကဲ့သို့ သီးခြားဖြစ်စဉ်များ၊ ရထားကဲ့သို့ရွေ့လျားနေသည့် အရာဝတ္ထုများ။ ယာဉ်အရေအတွက် ကဲ့သို့ အကြိမ်များစွာသောမှတ်တမ်းများ ပါဝင်သည်။

ကိုးကား – wiki.gis.com


temporal event – အချိန်ကာလပြ ဖြစ်စဉ်

ArcGIS Tracking Analyst တွင် သီးခြားအရာများ/အုပ်စုများကို အချိန်ကာလတစ်ခုအတွင်းမှတ်တမ်းတင်ထားချက်များကိုဖော်ပြပေးသည့် ဖြစ်စဉ် (event) အမျိုးအစားတစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


temporal extent – အချိန်ကာလအစအဆုံး

အချက်အလက်အလွှာ (data layer) တစ်ခု၏ အစောဆုံး နှင့် နောက်ဆုံး မှတ်တမ်းတင်ချက်များ ပါဝင်သည့် အချိန်ပါ သတင်းအချက်အလက်အားလုံး ကိုဆိုလိုသည့်။

ကိုးကား – wiki.gis.com


temporal GIS – အချိန်ထည့်သွင်းတွက်ချက်နိုင်သည့် GIS

တည်နေရာ နှင့် အချက်အလက်များကို အချိန်အချက်အလက်နှင့်ပေါင်းစပ်ပေးနိုင်သည့် ပေါ်ထွန်းလာနေသည့် GIS စွမ်းရည်တစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


temporal object – အချိန်ပါ အရာဝတ္ထု

ArcGIS Tracking Analyst တွင် အချိန်ကာလတလျောက် မှတ်တမ်းတင်ထားသည့် အရာဝတ္ထုတစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


temporal object table – အချိန်ပါ အရာဝတ္ထု ဇယား

အရာဝတ္ထုပုံသဏ္ဌာန် နှင့် အချက်များ ပါဝင်သည့် ArcGIS Tracking Analyst ရှိ အဆင့်မြင့် အချိန်ကာလ ဖြစ်စဉ် (temporal event) ၏ အစိတ်အပိုင်းဖြစ်သည်။

ကိုးကား – wiki.gis.com


temporal observation – အချိန်ကာလတလျောက်မှတ်တမ်းတင်ခြင်း

ArcGIS Tracking Analyst တွင် သတ်မှတ် အရာဝတ္ထုတစ်ခု ကို အချိန်ကာတလျောက် မှတ်တမ်းတင်ထားသည့် အချက်အလက်ဖြစ်သည်။

ကိုးကား – wiki.gis.com


temporal observation table

အရာဝတ္ထုပုံသဏ္ဌာန် နှင့် ဂအချက်များ နှင့် အချိန်ရက်စွဲ အချက်အလက်များ ပါဝင်သည့် ArcGIS Tracking Analyst ရှိ အဆင့်မြင့် အချိန်ကာလ ဖြစ်စဉ် (temporal event) ၏ အစိတ်အပိုင်းဖြစ်သည်။

ကိုးကား – wiki.gis.com


temporal offset – အချိန်ကွာဟချက်

ArcGIS Tracking Analyst ၏ လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ အချိန်ပါအချက်အလက်ကိုပြန်လည်ကြည့်ရှုရာတွင် အသုံးပြုသူမှ သတ်မှတ်ပေးထားသည့်အချိန်နေ့ရက်တွင်ဖြစ်ပျက်နေသကဲ့သို့ ပြသပေးသည့်။ အချိန်ကွာဟချက် ထည့်သွင်းခြင်းသည်မူလ အချက်အလက်များကိုပြောင်းလဲခြင်းမဖြစ်စေပါ၊ မတူညီသော ကာလတစ်ခုတွင်ဖြစ်ပျက်နေသကဲ့သို့ ပြသရန် ခွင်ပြုခြင်းသာဖြစ်သည်။

ကိုးကား – wiki.gis.com


temporal window – အချိန်ကာလအပိုင်းအခြား

ArcGIS Tracking Analyst တွင် အချက်အလက်ကိုပြသပေးရမည့် အချိန်ကာလအပိုင်းအခြား(အစအချိန် နှင့် အဆုံးအချိန်) တစ်ခုဖြစ်သည်။ အချိန်ကာလအပိုင်းအခြား ကို အလွှာအဆင့်တွင် Symbology tab တွင်သတ်မှတ်ပေးနိုင်သည်။

ကိုးကား – wiki.gis.com


temporary dataset – ယာယီ dataset

ကွန်ပြူတာ ဓာတ်ပြား (သို့) ကွန်ပြူတာမှတ်ဉာဏ် တွင် ယာယီသိမ်းဆည်းထားသော dataset တစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


terrain – မြေပြင်

ထူးခြားသည့်လက္ခဏာတစ်ရပ်ရှိသည့် မြေပြင်ဒေသတစ်ခု။ သဲဆန်သောမြေပြင် သို့မဟုတ် တောင်ထူထပ်သောမြေပြင် စသည်ဖြင့်။

ကိုးကား – wiki.gis.com


terrain dataset – မြေပြင်အနေအထား dataset

အသေးစိတ်မှုအမျိုးမျိုးရှိနိုင်သော TINအခြေခံ မျက်နှာပြင်တစ်ခုဖြစ်ပြီး Geodatabase တစ်ခုတွင် အရာဝတ္ထုများအဖြစ် သိမ်းဆည်းထားသော တိုင်းတာချက်များမှ တည်ဆောက်ထားသည်။ ဆက်နွယ်ပံ့ပိုးပေးနေသော ဥပဒေသများက ဒေတာများကို စုစည်း ကူညီပေးပြီး မျက်နှာပြင်ကို သတ်မှတ်နိုင်ရန် အရာဝတ္ထုများအား အသုံးပြုမှုုကို ထိန်းချုပ်ပေးသည်။ မြေပြင်အနေအထားdatasetများကို လိုက်ဒါ၊ ဆိုနာနှင့် ဓာတ်ပုံဒေတာ ကဲ့သို့သော ရင်းမြစ်များမှ ရရှိသည်။

ကိုးကား – wiki.gis.com


terrain dataset pyramid – မြေပြင်အနေအထား dataset ပိရမစ်အလွှာများ

ပုံရိပ်ပြတ်သားမှုအမျိုးမျိုးရှိသော မျက်နှာပြင်တစ်ခုကို ဖန်တီးရန်အသုံးပြုသည့် မြေပြင်အနေအထား dataset နှင့်ဆက်စပ်သော ဒေတာပုံစံတစ်ခု။ ၎င်းဒေတာပုံစံသည် ဒေတာများကို အသေးစိတ်မှုအဆင့်အမျိုးမျိုးဖြင့် သို့မဟုတ် ပိရိမစ်အဆင့်များဖြင့် စီစဉ်စုစည်းထားရှိပြီး မြေပြင်အနေအထားမြင်ကွင်းတစ်ခု သို့မဟုတ် တွက်ချက်စစ်ဆေးမှုတစ်ခုအတွက် လိုအပ်သော ဒေတာများကိုသာ ရယူနိုင်ရန်ခွင့်ပြုပေးပြီး လုပ်ငန်းစွမ်းဆောင်ရည်ကို မြင့်တက်စေပါသည်။ ပိုမိုကောက်ယူထားသောနမူနာဒေတာများ၊ ထပ်နေသော ဒေတာများကို ရှောင်ကျဉ်နိုင်သည်။ မြေပြင်အနေအထားတစ်ခုကို တည်ဆောက်နိုင်ရန် ပိရမစ်အမျိုးအစားနှစ်ခုကို အသုံးပြုနိုင်သည်။ Z-tolerance ပိရမစ်များသည် ဒေါင်လိုက်ခိုင်လုံမှုပေါ်အခြေခံ၍ ပိရမစ်အဆင့်အမျိုးမျိုးအဖြစ် ဒေတာများကို စုစည်းစစ်ထုတ်ပေးသည်။ Windowအရွယ်အစားပိရမစ်များသည် အမြင့်ဆုံး၊ အနိမ့်ဆုံး၊ အလယ်အလတ် သို့မဟုတ် ပျမ်းမျှအမြင့်များအလိုက် ဒေတာများကို နေရာကွက် ရွေးချယ်ခြင်း (localized selection) ဖြင့် စုစည်းစစ်ထုတ်ပေးသည်။

ပုံ – wikipedia

ကိုးကား – wiki.gis.com


terrain pyramid group – မြေပြင်အနေအထား ပရိမစ်အလွှာ အုပ်စု

အသေးစိတ်မှုအဆင့်အမျိုးမျိုးတို့တွင် ပထဝီဝင်ဆိုင်ရာ အရာဝတ္ထုများကို ကိုယ်စားပြုရန် အသုံးပြုသော မျဉ်း သို့မဟုတ် ဗဟုဂံ ပုံစံများကို စုစည်ထားခြင်းဖြစ်သည်။

ကိုးကား – wiki.gis.com


terrain pyramid level – မြေပြင်အနေအထား ပိရမစ် အဆင့်

မြေပြင်အနေအထား ပိရမစ် dataset တစ်တွင် ပါဝင်သည့် အသေးစိတ်မှုအဆင့်တစ်ခုဖြစ်သည်။ အဆင့်တစ်ခုချင်းစီတွင် ပုံရိပ်ပြတ်သားမှုနှင့် စကေး ဂုဏ်သတ္တိတစ်စုံပါဝင်သည်။ ပုံရိပ်ပြတ်သားမှုသည် ယင်းအဆင့်က ကိုယ်စားပြုသော အသေးစိတ်မှုပမာဏကို သတ်မှတ်သည်။ စကေးသည်မည်သည့် မြင်ကွင်းစကေး တွင် စပြ (active) ရမည်ကို ဖော်ပြသည့် စကေးအမှတ်ဖြစ်သည်။

ကိုးကား – wiki.gis.com


terrain pyramid resolution bounds – မြေပြင်အနေအထား ပရိမစ်ပုံရိပ်ပြတ်သားမှု ကန့်သတ်ချက်ဘောင်

ပရိမစ်အဆင့်များ အတိုင်းအတာ ဖြစ်ပြီး ထိုအတိုင်းအတာအတွင်းတွင် ဗဟုဂံ သို့မဟုတ် polyline အရာဝတ္ထုများကို မြေပြင်အနေအထား dataset ၏ မျက်နှာပြင်တွင် ပြသပေးရန် သတ်မှတ်သည်။

ကိုးကား – wiki.gis.com


terrain tiles – မြေမျက်နှာပြင် ပဆစ်ကွက်များ

မြေမျက်နှာပြင် အချက်အလက် ၏ တည်နေရာအရ မှန်ကန်စွာရှိသည့်ဖွဲ့စည်းခြင်းဖြစ်ပြီး ထုတ်ယူခြင်း နှင့် တည်းဖြတ်ခြင်းပြုလုပ်ရာတွင် ပိုမိုကောင်းမွန်စေရန် ကူညီပေးသည်။ ပဆစ်ကွက်တည်ဆောက်ပုံသတ်မှတ်ချက် ကို မူလအချက်အလက်၏ ပျမ်းမျှ အမှတ်များ အကွာအဝေး ပေါ်တွင် အခြေခံထားသည်။

ကိုးကား – wiki.gis.com


tessellation

ပြင်ညီ ဧရိယာတစ်ခုကို ဗဟုဂံအကွက်များအဖြစ်ခွဲစိတ်ခြင်းဖြစ်သည်။ သို့မဟုတ် ထုထည် တစ်ခုကို ဗဟုဂံထုများအဖြစ် ခွဲစိတ်ခြင်းဖြစ်သည်။ ထိုသို့ခွဲစိတ်ရာတွင် တစ်ခုနှင့်တစ်ခုထပ်ခြင်း နှင့် ကြားလပ်များ မရှိစေရန်ပြုလုပ်ထားသည်။

ပုံ – wikipedia

ကိုးကား – wiki.gis.com


text attribute table

စာသားအချက်အလက်များပါရှိသည့် ဇယားတစ်ခုဖြစ်သည်။ coverage တွင် အလွတ်စာ အမျိုးအစား၏ အရောင်၊ ဖောင့်အမျိုးအစား၊အရွယ်အစား၊နေရာ၊ စာလုံးအစောင်းဒေါင့်တန်ဖိုး စသည်တို့ဖြစ်သည်။ အသုံးပြုသူသတ်မှတ်ပေးသော အချက်အလက်များအပြင် စာသားများ၏ ကိုပိုင်အမှတ်ဖြင့်သည့် ဂဏန်းနှင့်စာများအတွဲလည်းပါဝင်သည်။

ကိုးကား – wiki.gis.com


text box

အသုံးပြုသူမှ ထည့်သွင်းသည့်စာသားကို ဖော်ပြပေးသည့် ကွက်လပ်အရာ သို့မဟုတ် အခြားရင်းမြစ်တစ်ခုမှ ပြင်ဆင်နိုင်ရန်သဘောဖြင့်ပြသပေးသည့် စာသားဖော်ပြပေးသည့်အရာ။

ကိုးကား – wiki.gis.com


text envelope

စာသားပတ်လည်ကိုဘောင်သတ်မှတ်သည့် လေးထောင့်ဘောင်။

ကိုးကား – wiki.gis.com


text formatting tag – စာပုံစံချ tag

ArcGIS တွင် စာသားတစ်စိတ်တစ်ပိုင်းကို ပုံစံပြောင်းပြရန်အသုံးပြုသည့်tag များဖြစ်သည်။ ဥပမာအားဖြင့် စာကြောင်းအတွင်းရှိစာလုံးတစ်ခုကိုကွက်ပြီးအောက်မျဉ်းတားပြခြင်းကဲ့သို့ ပုံစံအရောများကိုဖန်တီးနိုင်သည်။စာပုံစံချ tag များသည့် XML တည်ဆောက်ပုံစည်းကမ်းများကိုလိုက်နာပြီး စာကြောင်းများ စာသားသင်္ကေတများကို ပုံစံပြောင်းပြရန်အသုံးပြုနိုင်သည်။ စာပုံစံချtag များကို အများအားဖြင့် ထိုးစာများ၊ မှတ်စုစာများ နှင့် သင်္ကေတစာများတွင်အသုံးပြုလေ့ရှိသည်။

ကိုးကား – wiki.gis.com


text label – ထိုးစာ

မြေပုံတစ်ခုပေါ်ရှိ အရာဝထ္ထုတစ်ခုကို ဖော်ပြရန် (သို့) ခွဲခြားနိုင်ရန် ၎င်းအရာဝထ္ထု၏ ကပ်လျက်တွင် ထိုးထားသည့် စာသားအညွှန်း။

ကိုးကား – wiki.gis.com


text modifier – ဖော်ပြချက်စာအချက်အလက်

GIS တွင် တည်နေရာမဟုတ်သော အရာဝတ္ထုတစ်ခုအကြောင်း အချက်အလက်ဖြစ်သည်။ အများအားဖြင့် ဇယားဖြင့်သိမ်းဆည်းထားပြီး သီးသန့်တန်ဖိုးတစ်ခုဖြင့် မြေပုံအရာဝတ္ထုနှင့်ချိတ်ဆက်ထားသည်။ ဥပမာ – မြစ်တစ်ခု၏ဂုဏ်အင်အချက်အလက်များတွင် အမည်၊ အလျား နှင့် တိုင်းတာရေးစခန်းနေရာရှိ အနည်ပမာဏ တို့ ပါဝင်နိုင်သည်။

ကိုးကား – wiki.gis.com


text modifier – ဖော်ပြချက်စာအချက်အလက်

GIS တွင် တည်နေရာမဟုတ်သော အရာဝတ္ထုတစ်အကြောင်း အချက်အလက်။ အများအားဖြင့် ဇယားဖြင့်သိမ်းဆည်းထားပြီး ကိုယ်ပိုင်အမှတ်တစ်ခုဖြင့် မြေပုံအရာဝတ္ထုကို ချိတ်ဆက်ထားသည်။ ဥပမာ – မြစ်တစ်ခု၏ဂုဏ်အင်အချက်အလက်များတွင် အမည်၊ အလျား နှင့် တိုင်းတာရေးစခန်းနေရာရှိ အနည်ပမာဏ တို့ ပါဝင်နိုင်သည်။

ကိုးကား – wiki.gis.com


text symbol – စာသား သင်္ကေတ

စာသား ပုံစံကို ပထဝီဆိုင်ရာ အသွင်အပြင်များနှင့် မြေပုံအညွှန်းများ အတွက် အသုံးပြုလေ့ရှိသည်။ ၎င်းပုံစံကို စာသားအမျိုးအစား၊ စာလုံးအရွယ်အစား၊ စာလုံးအကွာအဝေး၊ စာသားအရောင်နှင့် တခြားပုံစံများဖြင့် သတ်မှတ်သည်။

ကိုးကား – wiki.gis.com


texture – မျက်နှာပြင် အနုအကြမ်း

အရာဝထ္ထုတစ်ခု၏ မျက်နှာပြင်ကို ဒစ်ဂျစ်တယ်ကိုယ်စားပြုမှုတစ်ခု။

ကိုးကား – wiki.gis.com


texture coordinate – အဆင်မျက်နှာပြင်ကိုဩဒီနိတ်

ArcScene နှင့် ArcGlobe တို့တွင် မျက်နှာပြင်အဆင်(texture)ကို မည်သို့ဖော်ပြရမည် ကူညီပေးသော ဂျီဩမေတြီအရာဝတ္ထုတစ်ခုထဲတွင် ထည့်ထားသည့် တည်နေရာတစ်ခု။

ကိုးကား – wiki.gis.com


texture mapping – မျက်နှာပြင်အဆင် နေရာကျချထားခြင်း

ArcScene နှင့် ArcGlobe တို့တွင် 3D အရာဝတ္ထုတစ်ခုတွင် မျက်နှာပြင်အဆင် (texture) ကိုထည့်သွင်းခြင်းဖြစ်သည်။

ကိုးကား – wiki.gis.com


thematic data – အကြောင်းအရာပြ ဒေတာ

ယေဘုယျအားဖြင့် အလွှာတစ်ခုထဲတွင် ပါဝင်သော အမျိုးအစားတူ အရာဝတ္ထုများ။

ကိုးကား – wiki.gis.com


thematic map – အကြောင်းအရာပြမြေပုံ

လူဦးရေ သိပ်သည်းမှု သို့မဟုတ် ဘူမိဗေဒကဲ့သို့သော အကြောင်းအရာတစ်ခု၏ အချက်အလက်များကို ဖော်ပြရန် ပြုလုပ်ရေးဆွဲထားသော မြေပုံတစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


theme

ArcView 3.x တွင် ဆက်စပ်နေသော လမ်းများ၊ မြေကွက်များ သို့မဟုတ် မြစ်များကဲ့သို့သော ပထဝီဝင်ဆိုင်ရာ အရာဝတ္ထုများနှင့် ၎င်းတို့၏အချက်အလက်များ ဖြစ်သည်။  Theme တစ်ခုရှိ အရာဝတ္ထုအားလုံးတွင် တူညီသော ကိုဩဒီနိတ်စနစ်ကိုအသုံးပြုကြသည်။ ၎င်းတို့သည် တူညီသော ပထဝီဒေသအတွင်းတွင် တည်ရှိပြီး တူညီသော အချက်အလက်များလည်းရှိကြသည်။ Themes များသည် ArcGIS 8.x နှင့် 9.0 ရှိ အလွှာများနှင့် ဆင်တူသည်။

ကိုးကား – wiki.gis.com


theme

QGIS တွင် layer symbol style နှင့် layer ဖွင့်ထားပိတ်ထားသောအခြေအနေများကို မှတ်ထားသည့် မှတ်တမ်းတစ်ခုဖြစ်သည်။ layer များကို symbol style များပြောင်းပြီး theme အသစ်များအဖြစ်သိမ်းဆည်းထားနိုင်သည်။ ထို သိမ်းဆည်းထားသော theme များကို လိုအပ်သည့်အခါ ခေါ်ယူ အသုံးပြုခြင်းဖြင့် အသွင်အပြင်မတူသည့် မြေပုံများကို လွယ်ကူသပ်ရပ်စွာဖန်တီးနိုင်သည်။


theme table

ArcView 3.x တွင် theme တစ်ခုထဲရှိ အရာဝတ္ထုများနှင့် ချိတ်ဆက်နေသော  document object ဖြစ်သည်။ ၎င်းသည် ဒေတာများကိုကိုင်တွယ်ရန်ပြုလုပ်ပေးထားသည် နောက်ကွယ်ရှိဒေတာဘေ့စ်၏ကြားခံတစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


theme-on-theme selection

ArcView 3.xတွင် Themeတစ်ခုရှိ အရာဝတ္ထုများကို အခြားthemeတစ်ခုရှိ အရာဝတ္ထုများနှင့် တည်နေရာအနေအထားဆက်နွှယ်မှုအပေါ်အခြေခံပြီး ရွေးချယ်ပေးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ Theme-on-theme selection ကို တစ်ခြားသော အရာဝတ္ထုများနှင့်ဖြတ်သွားသော၊ တစ်ခြားသော အရာဝတ္ထုများထဲတွင် အပြည့်အဝပါဝင်သော သို့မဟုတ် အခြားသောအရာဝတ္ထုများ၏ သတ်မှတ်ထားသော အကွာအဝေးအတွင်းရှိသော အရာဝတ္ထုများကို ရှာဖွေရန် အသုံးပြုသည်။

ကိုးကား – wiki.gis.com


theodolite – သီအိုဒိုလိုက်မှန်ပြောင်း

ရေပြင်ညီ နှင့် ထောင်လိုက် ထောင့်များကိုတိုင်းတာ သည့် မြေတိုင်းကရိယာတစ်ခုဖြစ်ပြီး ချိန်ပေါက်၊မှန်ပြောင်း နှင့် အစိတ်များပါသော ရေပြီညီ စက်ဝိုင်းနှင့် ထောင်လိုက်စက်ဝိုင်းတို့ပါဝင်သည်။

Nikon electrionic theodolite (ပုံ – wikipedia)

ကိုးကား – wiki.gis.com


Thiessen polygons – သိုင်စန်းဗဟုဂံများ

နမူနာကောက် အမှတ်များမှ တဆင့်ဖန်တီးထားသည့် ဗဟုဂံများဖြစ်ကြသည်။ ဗဟုဂံတစ်ခုစီသည် နမူနာအမှတ် ပတ်လည် ရှိ သက်ရောက်မှု အဝန်းအဝိုင်းကို သတ်မှတ်ပေးခြင်းဖြင့် ဗဟုဂံအတွင်းမည်သည့်နေရာကမဆို ထိုအမှတ်သည်အခြား အမှတ်များထက်နီးနေသည်။ အမေရိကန် မိုးလေဝသပညာရှင် အလ်ဖရက် အိချ် သိုင်စန်း Alfred H. Thiessen (1872-1931) ကိုအစွဲပြုပေးထားခြင်းဖြစ်သည်။

ကိုးကား – wiki.gis.com

Figure : Thiessen polygons – သိုင်စန်းဗဟုဂံများ (Credit : wikimedia)

thinning – ရှင်းလင်းခြင်း

အရေးကြီးသော/အခြေခံကျသော ပုံသဏ္ဍာန်ကို မပျက်ယွင်းစေဘဲ မျဉ်းကြောင်းတစ်ကြောင်းကို ဖြစ်ပေါ်စေသော အမှတ်များအရေအတွက်ကို လျော့ချခြင်း။

ကိုးကား – wiki.gis.com


thumbnail

ဂရပ်ဖစ်ဖိုင်တစ်ခု၏ အသေးစားဗားရှင်းတစ်ခု။ thumbnail  တစ်ခုကို ပိုကြီးသော ဒေတာ သို့မဟုတ် ရုပ်ပုံ အတွက် visual index ပုံပြအညွှန်းတစ်ခုအဖြစ် အသုံးပြုနိုင်သည်။

ကိုးကား – wiki.gis.com


tic

တည်နေရာတစ်ခုကိုကိုယ်စားပြုသည့် coverage ကိုမှတ်ပုံတင်သည့် အချုပ် အမှတ်တစ်ခုဖြစ်သည်။ Tics များ ဖြင့် coverage features များကို ဘုံကိုဩဒီနိတ်စနစ်တစ်ခုအောက်တွင် ရှိစေသည်။ digitizer ပေါ်တွင် မြေပုံအချပ်များကို တည်နေရာမှတ််ပုံတင်ရာတွင်Ticsများကို အသုံးပြုသည်။ coverage တစ်ခု၏ ကိုဩဒီနိတ်များကို တန်ဖိုး ပြောင်းရာတွင်လည်းအသုံးပြုသည်။ ဥပမာ digitizer မှ လက်မ  ယူနစ်ကို ကိုဩဒီနိတ်စနစ်တစ်ခု ၏ တန်ဖိုးယူနစ်များအဖြစ်ပြောင်း ခြင်းမျိုးဖြစ်သည်။

ကိုးကား – wiki.gis.com


tick marks

စကေးဘားတစ်ခုပေါ်ရှိ အတိုင်းအတာအပိုင်းအခြားများကို မှတ်သားထားသည့် ဂရပ်ဖစ်အမှတ်များ။

ကိုးကား – wiki.gis.com


tidal datum – ဒီရေ ဒေတမ်

ဒီရေမျက်နှာပြင်တစ်ခုခု (များသောအားဖြင့် ပျမ်းမျှပင်လယ်ရေမျက်နှာပြင်)ကို အခြေခံပြီး သုညအမြင့်ကိုသတ်မှတ်သော ဒေါင်လိုက်ဒေတမ်တစ်ခု။ ဒီရေမျက်နှာပြင်များ၏ ဥပမာများတွင် ပျမ်းမျှပင်လယ်ရေမျက်နှာပြင်၊ လကွယ်ရက်ပျမ်းမျှအနိမ့်ဆုံးဒီရေ၊ ပျမ်းမျှအနိမ့်ဆုံးဒီရေတို့ ပါဝင်သည်။ သမားရိုးကျ ပထဝီဝင်ဆိုင်ရာ ထောင်လိုက်ရည်ညွှန်းစနစ်များ အများစုသည် ဒီရေဒေတမ်များဖြစ်သည်။

ကိုးကား – wiki.gis.com


tie point – ချုပ်မှတ်

တည်နေရာကို အခြားတည်နေရာသိပြီးအမှတ်တစ်ခုမှာ တိုင်းတာထားသော အမှတ်။

ကိုးကား – wiki.gis.com


tie survey – ထိန်းချုပ်မြေတိုင်း

မြေပြင်ပေါ်ရှိ သိထားပြီးသောတည်နေရာအမှတ်ကိုအသုံးပြုပြီး ဒုတိယအမှတ်၏တည်နေရာကို တိုင်းတာသောမြေတိုင်းလုပ်ငန်းတစ်ခု။

ကိုးကား – wiki.gis.com


tied candidates

Geocoding တွင် လိပ်စာတစ်ခုကိုရှာဖွေရာတွင် တူညီသောရမှတ်များ ရှိသည့်  နှစ်ခု သို့မဟုတ် ထို့ထက်ပိုသော မှတ်တမ်းများ။

ကိုးကား – wiki.gis.com


TIGER

Topologically Integrated Geographic Encoding and Referencing ၏ အတိုကောက်စာလုံးဖြစ်သည်။ DIME ပုံစံ ကို အစားထိုးသည့် ၁၉၉၀ ခုနှစ် သန်းခေါင်စာရင်းအတွက် ဖန်တီးခဲ့သည့် နိုင်ငံဆင့် ဒစ်ဂျစ်တယ်ဒေတာဘေ့စ်ဖြစ်သည်။ TIGER ဖိုင်များတွင် လမ်းလိပ်စာအပိုင်းအခြားများ၊ သံခေါင်စာရင်းအုပ်စု များ(census tracts) နှင့် အကွက် နယ်နိမိတ်များ ပါဝင်ပါသည်။

TIGER logo (ပုံ – wikipedia)

ကိုးကား – wiki.gis.com


TIGER/Line files

အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသည့် မြေပုံ digital database တစ်ခုဖြစ်ပြီး ၎င်းသည် အဆိုပါဒေသများ၏ ပထဝီအခြေအနေဖွဲ့စည်းပုံတို့၏ ဆက်စပ်တည်ရှိမှုဖော်ပြချက်ကို ပံ့ပိုးပေးသည်။ အဆိုပါဖိုင်များသည် U.S. Census Bureau Topologically Integrated Geographic Encoding and Referencing (TIGER) ဒေတာဘေ့စ်မှ ဖန်တီးထားသော အများပြည်သူသုံးနိုင်သည့် product တစ်ခုဖြစ်သည်။ TIGER/Line ဖိုင်များသည် လမ်းများ၊ မြစ်များ၊ ရထားလမ်းများ နှင့် အခြားသောအရာဝတ္ထုများ၏ တည်နေရာ၊ တစ်ခုနှင့်တစ်ခု တည်ရှိပုံအရဆက်စပ်မှုများကို သတ်မှတ်ခြင်းနှင့် သန်းခေါင်စာရင်းဗျူရို ထုတ်လုပ်သော သန်းခေါင်စာရင်းနှင့်နမူနာစစ်တမ်းများမှအချက်အလက်ဇယားများတည်ဆောက် ထားသည့် များစွာသော နေရာဒေသများနှင့်လည်း  တည်နေရာ၊တည်ရှိပုံအရဆက်စပ်မှုများကို သတ်မှတ်ပေးသည်။

ကိုးကား – wiki.gis.com


tight coupling

ပရိုဂရမ်တစ်ခုအတွင်းရှိ သို့မဟုတ် ပရိုဂရမ်များကြားရှိ အစိတ်အပိုင်းများအကြား အပြန်အလှန်ချိတ်ဆက်မှု မြင့်မား သော သို့မဟုတ် ရှုပ်ထွေးသော အဆင့်တစ်ခုဖြစ်သည်။ ထိုအဆင့် တွင် နည်းလမ်းများ၊ ontologies ၊ အတန်းအစားသတ်မှတ်ချက်များ အကြား သိသိသာသာ ထပ် နေရန်လိုအပ်သည်။

ကိုးကား – wiki.gis.com


tiling – အကွက်ငယ်များခွဲခြင်း

Spatial datasetများကို (အများအားဖြင့် Rasterဒေတာများကို) စီမံခန့်ခွဲရန်လွယ်ကူသော ထောင့်မှန်ပုံစံ setတစ်ခု၏ သို့မဟုတ် Pixelများ၏ row များနှင့် columnများအဖြစ် ပြောင်းလဲထားသော လုပ်ငန်း တစ်ခုဖြစ်သည်။ ကြီးမားသော rasterဒေတာများကို စစ်ဆေးတွက်ချက်ရန် သို့မဟုတ် လုပ်ငန်းဆောင်ရွက်သောအခါ ကွန်ပျူတာ၏မန်မိုရီကို များစွာအသုံးချရန်မလိုဘဲ လုပ်ငန်းဆောင်ရွက်နိုင်စေရန် အသုံးပြုလေ့ရှိသည်။

ကိုးကား – wiki.gis.com


time mode

ArcGIS Tracking Analyst တွင် အချိန်ပါ ဒေတာပြသရန် နည်းလမ်းနှစ်ခုအနက်မှ ဖြစ်သည့် – တိုက်ရိုက်ပြသခြင်း real-time mode သို့မဟုတ် ပြန်လည်ပြသခြင်း (playback mode) နည်းလမ်းမှ တစ်ခုဖြစ်သည်။ Time modes များကို  Tracking Analyst Playback Manager က သတ်မှတ်သည်။

ကိုးကား – wiki.gis.com


time window

ကွန်ရက်များတွင် မှတ်တိုင်တစ်ခုသို့ သွားရောက်နိုင်သည့်အချိန်။ ဥပမာ- ဘတ်စ်ကားလမ်းကြောင်းတစ်ခုတွင် မှတ်တိုင်တစ်ခုစီတွင် time window ၁၅ မိနစ် ရှိနိုင်သည်။ ဘတ်စ်ကားသည် ၁၅ မိနစ်မတိုင်ခင်ရောက်ရှိပါက ၎င်းသည် ဆက်လက်ထွက်ခွာရန် သင့်တော်သောအချိန်မရောက်မချင်း စောင့်ဆိုင်းနေမည်ဖြစ်သည်။ အကယ်၍ ဘတ်စ်ကားသည် ၎င်းအချိန် ၁၅ မိနစ်ထက်နောက်ကျပီးမှ ရောက်ရှိလာပါက အချိန်နောက်ကျခဲ့သည်ကို ဖော်ပြရန် မှတ်တိုင်တွင် သင်္ကေတတစ်ခုပြသပါလိမ့်မည်။

ကိုးကား – wiki.gis.com


time window violation

ArcGIS Network Analyst တွင် လမ်းကြောင်းတစ်ခုက ၎င်းနှင့်ဆက်စပ်နေသော time window ကျော်လွန်ပြီးမှ ကွန်ရက်တည်နေရာတစ်ခုသို့ရောက်ရှိသည့်အခါ သတ်မှတ်ချိန်ချိုးဖောက်မှု Time window violation တစ်ခုဖြစ်ပေါ်သည်။

ကိုးကား – wiki.gis.com


TIN

triangulated irregular network ၏ အတိုကောက်အသုံးဖြစ်သည်။ ပထဝီဝင်ဒေသများအား တစ်ခုနှင့်တစ်ခုအနားခြင်းထိစပ်နေသည့် တြိဂံများဖြင့်တောက်လျောက် ပိုင်းခြာထားသည့် Vector ဒေတာဖွဲ့စည်းပုံ တစ်ခုဖြစ်သည်။ တြိဂံတစ်ခုချင်းစီ၏ ထောင့်များသည် x y z တန်ဖိုးများဖြင့် ဖော်ပြသည့်  နမူနာဒေတာကောက်အမှတ်များဖြစ်ကြသည်။ အဆိုပါနမူနာကောက်အမှတ်များကို မျဉ်းများဖြင့် ဆက်ပြီး Delaunay တြိဂံများအဖြစ်တည်ဆောက်ထားသည်။ TINs များကို မျက်နှာပြင်မော်ဒယ်များကို သိမ်းဆည်းရန်နှင့်  ပြသရန် အသုံးပြုသည်။

image: wikipedia

ကိုးကား – wiki.gis.com


TIN dataset

တြိဂံဖွဲ့ကွန်ယက် (TIN)များပါဝင်သော ဒေတာအစုတစ်စုဖြစ်သည်။ TINဒေတာအစုတွင် အမှတ်များနှင့် ဆက်စပ်တြိဂံများအကြား ဆက်စပ်တည်ရှိမှုအခြေအနေများ(topological relationships) ပါဝင်သည်။

image: wikipedia

ကိုးကား – wiki.gis.com


TIN layer – TINအလွှာ

TINဒေတာအစုတစ်ခုကို ရည်ညွှန်းထားသော အလွှာတစ်လွှာ။ TINဒေတာတွင် တြိဂံဖွဲ့ကွန်ယက်(TIN)နှင့် အမှတ်များနှင့် ဆက်စပ်တြိဂံများအကြား ဆက်စပ်တည်ရှိမှုအခြေအနေများ (topological relationships) ပါဝင်သည်။

ကိုးကား – wiki.gis.com


Tissot indicatrix

မြေပုံပေါ်ရှိ နေရာ တစ်ခုတွင် ရှိသည့် ပုံပျက်ခြင်း (distortion) ကို ဂရပ်ဖစ်ပုံဖြင့်ဖော်ပြချက်ဖြစ်သည်။  indicatrix သည် ကမ္ဘာလုံးမျက်နှာပြင်ပေါ်ရှိ စက်ဝိုင်းတစ်ခုကို မြေပုံ(အပြန့်)တစ်ခုပေါ်တွင်အလားတူနေရာ၌ရေးဆွဲရာတွင် မည်သို့ ပုံပြောင်းသွားသည်ကို ပြသသည်။ indicatrix ၏ ပုံသဏ္ဌာန်၊ အရွယ်အစား၊ ဦးတည်ရာ တို့သည် အသုံးပြုသည့် မြေပုံအရိပ်ချစနစ်များပေါ်တွင် မူတည်သည်။ ပုံသဏ္ဌာန် အမှန်ဦးစားပေး [conformal (shape-preserving) projection] မြေပုံအရိပ်ချစနစ်များတွင် indicatrix ကို စက်ဝိုင်းအဖြစ်မြင်ရသည်။ ပုံသဏ္ဌာန် အမှန်ဦးစားမပေး မြေပုံအရိပ်ချစနစ်များတွင် နေရာအများစုတွင် indicatrix ကို ဘဲဥပုံ အဖြစ်မြင်ရသည်။ indicatrix များသည် မည်မျှအတိုင်းအတာထိ ပုံပြောင်းသွားသည်ကို အမြင်အားဖြင်သိနိုင်စေသလို၊ ပုံပျက်မှုစကေး နှင့် ပုံပျက်မှု ဦးတည်ရာထောင့် ကို သင်္ချာနည်းဖြင့် တိတိကျကျ တွက်ချက် ရရှိစေနိုင်သည့် ကိရိယာတစ်မျိုးလည်းဖြစ်သည်။ ယင်းကို တီထွင်ခဲ့သူ ပြင်သစ် သင်္ချာပညာရှင် Nicolas Auguste Tissot ကိုအစွဲပြုအမည်ပေးထားခြင်းဖြစ်သည်။

ကိုးကား – wiki.gis.com


Tissot’s indicatrix

မြေပုံပေါ်ရှိ နေရာ တစ်ခုတွင် ရှိသည့် ပုံပျက်ခြင်း (distortion) ကို ဂရပ်ဖစ်ပုံဖြင့်ဖော်ပြချက်ဖြစ်သည်။  indicatrix သည် ကမ္ဘာလုံးမျက်နှာပြင်ပေါ်ရှိ စက်ဝိုင်းတစ်ခုကို မြေပုံ(အပြန့်)တစ်ခုပေါ်တွင်အလားတူနေရာ၌ရေးဆွဲရာတွင် မည်သို့ ပုံပြောင်းသွားသည်ကို ပြသသည်။ indicatrix ၏ ပုံသဏ္ဌာန်၊ အရွယ်အစား၊ ဦးတည်ရာ တို့သည် အသုံးပြုသည့် မြေပုံအရိပ်ချစနစ်များပေါ်တွင် မူတည်သည်။ ပုံသဏ္ဌာန် အမှန်ဦးစားပေး [conformal (shape-preserving) projection] မြေပုံအရိပ်ချစနစ်များတွင် indicatrix ကို စက်ဝိုင်းအဖြစ်မြင်ရသည်။ ပုံသဏ္ဌာန် အမှန်ဦးစားမပေး မြေပုံအရိပ်ချစနစ်များတွင် နေရာအများစုတွင် indicatrix ကို ဘဲဥပုံ အဖြစ်မြင်ရသည်။ indicatrix များသည် မည်မျှအတိုင်းအတာထိ ပုံပြောင်းသွားသည်ကို အမြင်အားဖြင်သိနိုင်စေသလို၊ ပုံပျက်မှုစကေး နှင့် ပုံပျက်မှု ဦးတည်ရာထောင့် ကို သင်္ချာနည်းဖြင့် တိတိကျကျ တွက်ချက် ရရှိစေနိုင်သည့် ကိရိယာတစ်မျိုးလည်းဖြစ်သည်။ ယင်းကို တီထွင်ခဲ့သူ ပြင်သစ် သင်္ချာပညာရှင် Nicolas Auguste Tissot ကိုအစွဲပြုအမည်ပေးထားခြင်းဖြစ်သည်။

Behrmann projection တွင်မြင်ရပုံ (ပုံ – wikipedia)
Mercator projection တွင်မြင်ရပုံ (ပုံ – wikipedia)

ကိုးကား – wiki.gis.com


TLM

Topographic line map ၏ အတိုကောက်စာလုံးဖြစ်သည်။ ကွန်တိုမျဉ်းများဖြင့် ကမ္ဘာ့မြေမျက်နှာပြင်၏ အနိမ့်အမြင့်များကို ပြသသည့် မြေပုံတစ်ခုဖြစ်သည်။ မြေမျက်နှာသွင်ပြင်ပြ ကွန်တိုမြေပုံ များကို မြေမျက်နှာသွင်ပြင်၊ အမြင့်၊ အခြေခံအဆောက်အအုံများ၊ ဇလမြေပုံများ နှင့် စိုက်ခင်းနှင့်သဘာဝပေါက်ပင်များကို ဖော်ပြရန် အသုံးပြုနိုင်ပါသည်။

ကိုးကား – wiki.gis.com


TNA

Thread neutral apartment ၏ အတိုကောက်စာလုံးဖြစ်သည်။ အသေ တွဲထားသော threads များမရှိသည့် apartment တစ်ခုဖြစ်သည်။ threads များသည် apartment သို့ လိုအပ်သလို ဝငိနိုင်ထွက်နိုင်သည်။

ကိုးကား – wiki.gis.com


to-node

နောက်ဆုံး digitized ထားသည့် မျဉ်းပြတ်တစ်ခု၏ အဆုံးမှတ် ၂ ခုအနက်မှဖြစ်သည်။ From- နှင့် to-node များသည် Arcတစ်ခု၏ ဘယ်ဖက်ခြမ်းနှင့် ညာဖက်ခြမ်းများကို ဖန်တီးပေးထားသောကြောင့် ထိုArc၏ ဦးတည်ရာ ကိုပြပေးသည့်အရာများ ဖြစ်သည်။

ကိုးကား – wiki.gis.com


Tobler’s First Law of Geography

တည်နေရာအရ အလိုလျောက်ဆက်စပ်မှု  spatial autocorrelation အယူအဆ ကို ဖော်ထုတ်ချက်ဖြစ်သည့် ပထဝီဝင်ပညာရှင် Waldo Tobler (1930-) ၏ ဖော်ထုတတ်ချက်။ ယင်းဖော်ထုတ်ချက်မှာ “ အရာအားလုံးသည် အခြားသောအရာအားလုံးနှင့် ဆက်စပ်နေသည်၊ သို့သော် အနီးတွင်ရှိသောအရာများသည် အဝေးတွင်ရှိသောအရာများထက် ပို၍ဆက်စပ်မှုရှိသည်” ဟုဖြစ်သည်။

ကိုးကား – wiki.gis.com


TOC

မာတိကာTable of Content ၏အတိုကောက်အသုံးဖြစ်သည်။ ArcGISတွင် မြေပုံတစ်ခုပေါ်ရှိ data frames များ၊ အလွှာများ (သို့မဟုတ်) ဇယားများကို စုစည်းထားသော စာရင်းတစ်ခုဖြစ်သည်။ ထိုစာရင်းတွင် ဒေတာကို မည်သို့ သင်္ကေတပြုထားသည်ဆိုသည်နှင့် ဒေတာရင်းမြစ်၊ အလွှာအသီးသီးအနက် မည်သည့်အလွှာကို ရွေးချယ်၍ ရနိုင်သည်မရနိုင်သည်တို့ကို ဖော်ပြပေးသည်။

ကိုးကား – wiki.gis.com


token

အသုံးပြုသူ (Client) တစ်ဦးအား web service တစ်ခုသို့ ဝင်ရောက်ကြည့်ရှုခွင့်ပေးသည့် authenticating service မှ ထုတ်ပေးသည့် ဝှက်စာ encrypted code အစုတစ်ခုဖြစ်သည်။ ArcWeb Services တွင် သက်တမ်းကုန်သည့်အခါ (expire)တိုင်း အသုံးပြုသူ တရားဝင်အမည်နှင့် စကားဝှက်တို့အား ရိုက်ထည့်ပြီး token အသစ်တစ်ခုကို ယူရမည်ဖြစ်သည်။

ကိုးကား – wiki.gis.com


tolerance – လက်သင့်ခံနိုင်သည့် ကွာဟခြားနားချက်

ပထဝီဆိုင်ရာအရာဝတ္ထုများ၏ ကိုဩဒီနိတ်များကို တည်းဖြတ်ခြင်းသို့မဟုတ် တွက်ချက်ခြင်းများ ဆောင်ရွက်သောအခါ ခွင့်ပြုထားသည့် အနည်းဆုံးနှင့်အများဆုံး ကွာဟနိုင်သည့်ပမာဏ။ ဥပမာ၊ တည်းဖြတ်နေစဉ်တွင် ဒုတိယအမှတ်သည် လက်ရှိရှိနေသောအမှတ်၏ snapping tolerance အကွာအဝေးတွင် တည်ရှိနေပါက ဒုတိယအမှတ်အား လက်ရှိအမှတ်နေရာသို့ ဆွဲကပ် သွားလိမ့်မည်ဖြစ်သည်။

ကိုးကား – wiki.gis.com


tool – ကိရိယာ

လုပ်ဆောင်ချက်တစ်ခုမစမှီ GUI နှင့်အပြန်အလှန်တုံ့ပြန်မှုလိုအပ်သော command တစ်ခုဖြစ်သည်။ ဥပမာ- zoom tool သည် မြေပုံကို ချဲ့မပြမှီ အသုံးပြုသူက မြေပုံပေါ်တွင် mouse ဖြင့် ကလစ်နှိပ်ရန် သို့မဟုတ် လေးထောင့် boxတစ်ခုရေးဆွဲပေးရန် လိုအပ်သည်။

ကိုးကား – wiki.gis.com


toolbar

Software ခိုင်းစေညွှန်ကြားချက်များကို လုပ်ဆောင်နိုင်စေမည့်ခလုပ်များပါဝင်သည့် Graphical User Interface (GIU)တစ်ခု ဖြစ်သည်။

ကိုးကား – wiki.gis.com


toolbox

Toolbox ဆိုသည်မှာ ArcGISတွင် Geoprocessing Toolများနှင့် toolsetsများပါဝင်သော အရာဝတ္ထုတစ်ခု ဖြစ်သည်။ Diskပေါ်တွင် သို့မဟုတ် Geodatabase ဇယားတစ်ခုတွင် .tbxဖိုင်တစ်ခုအနေဖြင့် ရှိနေသည်။

ကိုးကား – wiki.gis.com


Toolbox tree

ArcToolbox တွင် (ArcGIS 8.3 နှင့် အစောပိုင်းဗားရှင်းများ၏ အစိတ်အပိုင်း)တွင် လုပ်ဆောင်ပုံအရ အုပ်စုဖွဲ့ထားသော tools များနှင့် toolsets တို့၏ အဆင့်အစဉ်လိုက်ပြသပေးသည့်မြင်ကွင်းတစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


toolkit

ပရိုဂရမ်ရေးဆွဲရာတွင်ပိုမိုလွယ်ကူစေရန်အတွက် integrated development environment (IDE) နှင့်တွဲပြီး အသုံးပြုနိုင်သည့် အပ်ပလီကေးရှင်းတစ်ခုဖြစ်သည်။ ဥပမာ- SOAP toolkits များသည် အသုံးပြုသူများအား Java နှင့် .NET ကဲ့သို့သော ဘာသာစကားအမျိုးမျိုးဖြင့် SOAP Web services များနှင့် အပြန်အလှန်ဆက်သွယ်ရန်ပြုလုပ်ပေးသည်။

ကိုးကား – wiki.gis.com


toolset

ArcGIS တွင် သဘောသဘာဝဆင်တူသောအလုပ်များ လုပ်ဆောင်သော geoprocessing tool အုပ်စုတစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


ToolTip

မောက်စ်ကို tool တစ်ခုပေါ်တွင် ထောက်ထားပြီး ခေတ္တရပ်ထားသည့်အခါ စခရင်ပေါ်တွင် ပြသထားသော ၎င်း tool သို့မဟုတ် control တစ်ခုနှင့်ဆိုင်သည့်ဖော်ပြချက်။

ကိုးကား – wiki.gis.com


topo sheet

လတ္တီကျုနှင့် လောင်ဂျီတွဒ်မျဉ်းများဖြင့် အနားသတ်ထားသော ထောင့်မှန်စတုဂံပုံမြေပုံတစ်ခု ဖြစ်ပြီး များသောအားဖြင့် US Geological Survey မှထုတ်ဝေသော 7.5-minute သို့မဟုတ် 15-minute series မြေပုံများမှမြေပုံတစ်ချပ်ဖြစ်သည်။ Quadrangle မြေပုံများကို topo sheets ဟုလည်းခေါ်ပါသည်။

quadrangel မြေပုံ (ပုံ – wikipedia)

ကိုးကား – wiki.gis.com


topographic line map – မြေမျက်နှာသွင်ပြင်ပြ ကွန်တိုမြေပုံ

ကမ္ဘာ့မြေမျက်နှာပြင်၏ အနိမ့်အမြင့်များကို ပြသရန် ကွန်တိုမျဉ်းများ အသုံးပြုထားသော မြေပုံတစ်ခုဖြစ်သည်။ မြေမျက်နှာသွင်ပြင်ပြ ကွန်တိုမြေပုံ များကို မြေမျက်နှာသွင်ပြင်၊ အမြင့်၊ အဆောက်အအုံများ၊ ဇလမြေပုံများ နှင့် စိုက်ခင်းနှင့်သဘာဝပေါက်ပင်များကို ဖော်ပြရန် အသုံးပြုနိုင်ပါသည်။

ပုံ – wikipedia

ကိုးကား – wiki.gis.com


topographic map – မြေမျက်နှာသွင်ပြင်ပြမြေပုံ

အရာဝတ္ထုများ၏ အထက်အောက်နှင့်ရေပြင်ညီအလိုက် တည်နေရာများကို ကိုယ်စားပြုသော မြေပုံတစ်ခုဖြစ်ပြီး ကွန်တိုလိုင်းများ၊ အရောင်အနုအရင့်များ၊ နှင့် အရိပ်ခြယ်ပြခြင်းဖြင့် မြေပြင်အနေအထားအနိမ့်အမြင့်ကို တိုင်းတာနိုင်သောပုံစံအချို့ဖြင့် ဖော်ပြသည်။

ပုံ – wikipedia

ကိုးကား – wiki.gis.com


topography – မြေမျက်နှာသွင်ပြင်လေ့လာခြင်းပညာ

မြေပြင်အနိမ့်အမြင့် (နှိုင်းရတည်နေရာများနှင့် အမြင့်)နှင့် သဘာဝ (သို့မဟုတ်) ဆောက်လုပ်ဖန်တီးထားသော အရာဝတ္ထုများ၏ တည်နေရာတို့ပါဝင်သော မြေမျက်နှာသွင်ပြင်များကို မြေပုံရေးဆွဲခြင်းနှင့် လေ့လာခြင်းပညာရပ် ဖြစ်သည်။

ကိုးကား – wiki.gis.com


topological association

နယ်နိမိတ်များနှင့် ထောင့်များကဲ့သို့သော ဂျီဩမေတြီအရာများကို မျှဝေအသုံးပြုသည့် အရာဝတ္ထုများအကြား တည်နေရာအရ ဆက်သွယ်ချက်ဖြစ်သည်။ ArcMap ရှိ topology tools များကို သုံး၍ နှစ်ခုသို့မဟုတ် နှစ်ခုထက်ပိုသောအရာဝတ္ထုများကြားရှိ နယ်နိမိတ်သို့မဟုတ် ထောင့်များကိုတည်းဖြတ်သောအခါ အဆိုပါ အရာဝတ္ထုတစ်ခုချင်းစီ၏ ပုံသဏ္ဍာန်ကိုပါ ပြင်ဆင်ပေးသည်။

ကိုးကား – wiki.gis.com


topological feature

ဂျီဩမေတြီအရ တစ်ထပ်တည်းကျမှုကို အခြေခံပြီး တည်ဆောက်ထိန်းသိမ်းထားသော ကွန်ယက်ဆက်နွယ်မှုကို ထောက်ပံ့ပေးသည့် အရာဖြစ်သည်။

ကိုးကား – wiki.gis.com


topological overlay

ပထဝီတစ်နေရာတည်းတွင်ရှိသော အရာဝတ္ထုများ၏ဆက်နွှယ်မှုကို ပြသပေးသည့် တည်နေရာအနေအထားဆိုင်ရာ လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ ၎င်းလုပ်ဆောင်ချက်သည် ကိုဩဒီနိတ်စနစ်တူ မြေပုံနှစ်ပုံ သို့မဟုတ် နှစ်ပုံထက်ပိုသော မြေပုံများ သို့မဟုတ် အလွှာများကို ဒီဂျစ်တယ်နည်းဖြင့်ဖြစ်စေ၊ ထွင်းဖောက်မြင်ရသည့်အရာဝတ္ထုတစ်ခုပေါ်တွင်ဖြစ်စေ တင်ထပ်လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


topology – ဆက်စပ်တည်ရှိမှုအရဖွဲ့စည်းပုံ

Geodatabaseများတွင် အမှတ်၊ မျဉ်းနှင့် ဗဟုဂံများ သည် ဂျီဩမေတြီအစိတ်အပိုင်းများကိုမျှဝေပိုင်ဆိုင်ရာတွင် မည်သို့မည်ပုံတည်ရှိရမည်ကိုသတ်မှတ်သည့်စီစဉ်မှု။ ဥပမာ လမ်းလည်ကြောင်းများနှင့် သန်းခေါင်စာရင်းကွက်များသည် ဂျီဩမေတြီအစိတ်အပိုင်းများကိုအတူမျှဝေပိုင်ဆိုင်သည့်၊ ကပ်လျက်ရှိနေသော မြေဆီလွှာများသည်လည်း ဂျီဩမေတြီအစိတ်အပိုင်းတစ်ခုကိုအတူမျှဝေပိုင်ဆိုင်ထားသည်။ ဆက်စပ်တည်ရှိမှုအရဖွဲ့စည်းပုံသည် အချက်အလက်များကိုက်ညီမှုဥပဒေသများကို သတ်မှတ်ပြီး ပြဌာန်ပေးသည် -ဥပမာ ဗဟုဂံအကွက်များကြားတွင် နေရာလွတ်မျာမရှိစေရ။ ဆက်စပ်တည်ရှိမှုအရဖွဲ့စည်းမှုဆိုင်ရာ ဆက်နွယ်မှုမေးခွန်းများနှင့် လမ်းကြောင်းပြခြင်းများ (ဥပမာ ကပ်လျက်တည်ရှိမှု သို့မဟုတ် ဆက်နေမှုများကို ရှာဖွေလမ်းပြခြင်း) ကို အထောက်အကူပြုသည်။ ၎င်းသည် ရှုတ်ထွေးအဆင့်မြင့်သော တည်းဖြတ်ရေးကိရိယာများကို အထောက်အပန့်ပေးထားကာ စနစ်တကျမရှိသော ဂျီဩမေတြီအရာဝတ္ထများမှ မြေပုံအရာဝတ္ထုများအဖြစ်တည်‌ဆောက်နိုင်စေသည် (ဥပမာ – မျဉ်းများမှ ဗဟုဂံအကွက်အဖြစ်တည်ဆောက်ခြင်း)။

ကိုးကား – wiki.gis.com


topology cache

အရာဝတ္ထုများအကြား ဆက်စပ်တည်ရှိမှုအရထပ်တူကျမှုကို မေးမြန်းရန်နှင့် တည်းဖြတ်ရန် အစွန်းများနှင့် အဆစ်များအား ArcMap တွင် ခဏတာစုစည်းထားရှိမှုတစ်ခု ဖြစ်သည်။ cacheကို လက်ရှိ မြင်ကွင်းအကျယ်အတိုင်း  ကွန်ပျူတာ၏  memory ထဲတွင် သိမ်းဆည်းထားသည်။

ကိုးကား – wiki.gis.com


topology error – ဆက်စပ်တည်ရှိမှုအရဖွဲ့စည်းပုံ အမှား

ဆက်စပ်တည်ရှိမှုအရဖွဲ့စည်းပုံအမှား (topology error) ဆိုသည်မှာ တိုင်းတာ၊လေ့လာ၊တွက်ချက်၊ ယူဆထားသော တန်ဖိုးတစ်ခုဖြစ်ပြီး ၎င်းသည် အမှတန်ဖိုးမှကွဲလွဲနေသည့်။ အမှန်တန်ဖိုး ကို ကျွမ်းကျင်မှုအပြည့်ရှိသည့် သူတစ်ဦးက ပြီးပြည့်စုံသော အခြေအနေများအောက်တွင် အကောင်းဆုံးနည်းလမ်းများနှင့် အကောင်းဆုံးကိရိယာကိုအသုံးပြုပြီး တိုင်းတာရရှိသည်။

ကိုးကား – wiki.gis.com


topology fix

ArcMapတွင် topologyအမှားများကို ပြင်ဆင်နိုင်ရန် ကြိုတင်သတ်မှတ်ထားသောနည်းလမ်းဖြစ်သည်။ ဥပမာ။ ကြိုတင်သတ်မှတ်ထားသည့် topologyဖြင့် အချိတ်အဆက်မဲ့နေသောမျဉ်းကြောင်းတစ်ကြောင်းကို ဖြတ်တောက်ခြင်း၊ အစွန်းနားဖယ်ရှားခြင်း သို့မဟုတ် အခြားမျဉ်းသို့ ချိတ်ဆက်ပေးခြင်း နည်းလမ်းများအရ ပြင်ဆင်နိုင်သည်။

ကိုးကား – wiki.gis.com


topology rule

မတူညီသော အရာဝတ္ထုအမျိုးအစား ၂ခုအတွင်းရှိ အရာဝတ္ထုများကြား သို့မဟုတ် ပေးထားသော အရာဝတ္ထုအမျိုးအစားတစ်ခုအတွင်းရှိ အရာဝတ္ထုများအကြား ခွင့်ပြုထားသည့် ဆက်စပ်မှုများကို သတ်မှတ်ရန် geodatabase အား ခိုင်းစေချက်တစ်ခု ဖြစ်သည်။

ကိုးကား – wiki.gis.com


toponym

နေရာအမည်တစ်ခု။

ကိုးကား – wiki.gis.com


tour

ArcInfo Workstation တွင် မှတ်တိုင်အစဉ်လိုက် ရောက်ရှိရန် အနိမ့်ဆုံးကုန်ကျစရိတ် လမ်းကြောင်းကို ရှာပေးသော network solver တစ်ခုဖြစ်သည်။ ၎င်းသည် မှတ်တိုင်ကို သွားရမည့် မှတ်တိုင်အစဉ်လိုက်ကိုလည်း သတ်မှတ်ပေးသည်။

ကိုးကား – wiki.gis.com


township – မြို့နယ်

အမေရိကန်ပြည်ထောင်စုတွင် မရီဒီယံများနှင့် မျဉ်းပြိုင်များက ဘောင်ခတ်ပေးထားသော ၆ x ၆မိုင်ပတ်လည်နီးပါးရှိသည့် လေးထောင့်ပုံမြေကွက်တစ်ကွက်။ ယင်းအကွက်အတွင်းတွင် အပိုင်း ၃၆ပိုင်း ပါဝင်သည်။

ကိုးကား – wiki.gis.com


TPS measurement

Survey Analyst for field measurements တွင် Theodolite တစ်ခုမှ တိုင်းတာချက်များကို ကိုယ်စားပြုသော အီလက်ထရွန်းနစ် သို့မဟုတ် မှတ်တမ်းစာအုပ် တစ်ခုထဲသို့ ရေးသွင်းချက်တစ်ခုဖြစ်သည်။လျှောစောက်အလျား၊ ဒေါင်လိုက်ထောင့်၊ ရေပြင်ညီထောင့်နှင့် တိုင်းတာရာအမှတ်၏အမြင့်တို့အားလုံးပါဝင်သည့်မှတ်တမ်းကို TPS တိုင်းတာမှုတစ်ခုဟုသတ်မှတ်သည်။

ကိုးကား – wiki.gis.com


TPS setup

In Survey Analyst for field measurements တွင် တိုင်းတာရေးကိရိယာ ကို တစ်ကြိမ်ဆင်ပြီး တိုင်းတာချက်များကို ကွင်းစာအုပ်တွင် ရေးသွင်းထားသည့်မှတ်တမ်းများအားလုံးပါဝင်သည်။ တိုင်းတာချက်တစ်ခုစီတိုင်းကို (လျှောစောက်အတိုင်းအကွာအဝေး၊ ဒေါင်လိုက်ထောင့်၊ ရေပြင်ညီထောင့်နှင့် တိုင်းတာရာာအမှတ်၏အမြင့်) TPS တိုင်းတာမှုတစ်ခုအဖြစ် မှတ်သားထားပြီး TPS setup တွင် ပေါင်းထည့်ပေးသည်။ TPS သည် Total Positioning System ၏အတိုကောက်စာလုံးဖြစ်သည်။

ကိုးကား – wiki.gis.com


tracing – ခြေရာခံခြင်း

ဂျီသြမတ်ထရစ်ကွန်ယက်တွင် လမ်းကြောင်းကွန်ယက်ခွဲခြမ်းစိတ်ဖြာခြင်းကိုလုပ်ဆောင်နိုင်သော function တစ်ခု။ တိကျသောကွန်ယက်ခြေရာခံခြင်းတွင် ချိတ်ဆက်လျက်ရှိသော အရာဝတ္ထုများကို ရှာဖွေခြင်း၊ ဘုံတူညီသည့် ဘိုးဘွားများကိုရှာဖွေခြင်း၊ တစ်ပါတ်လည်ဆက်နေသည့် ကွင်း များကိုရှာဖွေခြင်း၊ အထက်ဆင့်သို့ခြေရာခံခြင်း၊ အောက်ဆင့်တွင်ခြေရာခံခြင်းတို့ပါဝင်သည်။

ကိုးကား – wiki.gis.com


track – လမ်းကြောင်း

ArcMap, ArcScene နှင့် ArcGlobe တို့တွင် အစီစဉ်တကျ စုဆောင်းထားသော ဆင်တူသော အဓီက ဖရိမ်(keyframes)များကို သက်၀င်လှုပ်ရှားသောသရုပ်ဖော်မှုအဖြစ် ပြသသောအခါ ၎င်းတို့ကြား လှုပ်ရှားသောအကူးအပြောင်းကို ပြသပေးသည်။

ကိုးကား – wiki.gis.com


track identifier field – လမ်းကြောင်း သတ်မှတ်ချက်ကော်လံ

ArcGIS Tracking Analystတွင် သတ်မှတ်ထားတဲ့ အရာဝတ္ထု တစ်ခု သို့မဟုတ် အရာဝတ္ထုများအတွက် ထင်ရှားသည့် ခွဲခြားချက်တန်ဖိုးတစ်ခုပါသည့် ကော်လံ တစ်ခုဖြစ်သည်။ ထိုကော်လံကို ရှုပ်ထွေးသော အချိန်ပိုင်း ဖြစ်ရပ်တစ်ခု၏ အစိတ်အပိုင်းများနှင်ချိတ်ဆက်ရန် အသုံးပြုကြသည်။

ကိုးကား – wiki.gis.com


tracking connection

အချိန်နှင့်တပြေးညီ အချက်အလက်များ ကို ArcGIS Tracking Analyst ဆီ စီးဆင်း စေနိုင်သော တုန့်ပြန်ချက်သတင်း သို့မဟုတ် အင်တာနက် ချိတ်ဆက်မှုတစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


tracking data – လမ်းကြောင်းအချက်အလက်

အချိန်များ သို့မဟုတ် ရက်စွဲများကို အထူး  ရည်ညွှန်းသော အချက်အလက်။ အချိန်ပါအချက်အလက်များကို ယတိပြတ်အဖြစ်အပျက်များ ဟုညွှန်းဆိုနိုင်သည်။ မိုကြိုးပစ်ခြင်းများ၊  ရထားကဲ့သို့သော ရွေ့လျားနေသည့်အရာဝတ္ထုများ၊ သို့မဟုတ် ယာဉ်ကြောအာရုံခံကိရိယာများဆီမှ ရေတွက်ချက်မှုများကဲ့သို့သော ထပ်ခါတလဲလဲ တိုင်းတာချက်များကို ရည်ညွှန်းနိုင်သည်။

ကိုးကား – wiki.gis.com


tract

ခရိုင်တစ်ခု၏ စာရင်းအင်းဆိုင်ရာအရ ပိုင်းခြားထားသည့် အစိတ်အပိုင်းငယ်တစ်ခုဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် နေထိုင်သူ 4,000 ခန့်ရှိတတ်သည်- သို့သော်နေထိုင်သူဦးရေသည်  2,500 မှ 8,000 အထိ ပါဝင်နိုင်သည်။ သန်းခေါင်စာရင်း tract တစ်ခုကို တူညီသောစီးပွားရေးအခြေအနေ၊ နေထိုင်မှုအခြေအနေနှင့် အချို့သော လူဦးရေးဆိုင်ရာလက္ခဏာများ ကို ခြုံငုံမိစေရန် ဒီဇိုင်းဆွဲပြုလုပ်ထားသည်။ Tract နယ်နိမိတ်များသည် ပုံမှန်အားဖြင့် မြေပြင်ရှိအရာဝတ္ထုများအတိုင်းသတ်မှတ်လေ့ရှိသော်လည်း ၎င်းတို့သည် အုပ်ချုပ်ရေးနယ်နိမိတ်များ သို့မဟုတ် မြေပြင်တွင်းမရှိသည့် အရာဝတ္ထုများအတိုင်းလည်းရေးဆွဲသတ်မှတ်ထားတတ်သည်။

ကိုးကား – wiki.gis.com


transaction

ဇယားတစ်ခုတွင် အတန်း တစ်ခု ထည့်ခြင်းကဲ့သို့သော လုပ်ငန်းစဉ်လုပ်ဆောင်ချက်  အပြည့်အစုံပါဝင်သည့် အချက်အလက်လုပ်ဆောင်မှုအုပ်အစု တစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


transform events – အဖြစ်အပျက်များကို အသွင်ပြောင်းခြင်း

Linear referencingတွင် လမ်းကြောင်းတစ်ခုမှ အဖြစ်အပျက်များကို အခြားတစ်ခုသို့ ကူးယူပြောင်းလဲခြင်းဖြင့် ဇယားအသစ်တစ်ခုကို ထုတ်လုပ်ပေးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ယင်းသို့ပြုလုပ်ခြင်းအားဖြင့် အဖြစ်အပျက်များကို မတူသည့် လမ်းကြောင်းခွဲခြားသတ်မှတ်ချက်များ သို့မဟုတ် မတူသည့် အတိုင်းအတာအမျိုးမျိုးရှိသည့် လမ်းကြောင်းကိုးကားစနစ်ကို  အသုံးပြုနိုင်စေသည်။

ကိုးကား – wiki.gis.com


transformation – ပြောင်းလဲခြင်း

ပုံမှန်အားဖြင့် နေရာရွှေ့ခြင်း၊ လှည့်ခြင်း၊ ချုံ့ချဲ့ခြင်း၊ရွဲ့စောင်းခြင်း၊ သို့မဟုတ် အရိပ်ချခြင်း စသည်တို့ပြုလုပ်ခြင်းဖြင့် မြေပုံ သို့မဟုတ် ဓါတ်ပုံတစ်ခု၏ ကိုဩဒီနိတ်များကို စနစ်တစ်ခုမှ အခြားစနစ်တစ်ခုသို့ ပြောင်းလဲသည့်လုပ်ငန်းစဉ်။

ကိုးကား – wiki.gis.com


translation

ကိုသြဒီနိတ်တစ်ခုသို့ ကိန်းသေတန်ဖိုးတစ်ခု ပေါင်းထည့်ခြင်း။

ကိုးကား – wiki.gis.com


transverse aspect

တန်းဂျင့်မျဉ်းသည် မရီဒီယမ်အတိုင်း ရှိနေသော မြေပုံအရိပ်ချနည်းတစ်ခုဖြစ်သည်။

ပုံ – wikipedia

ကိုးကား – wiki.gis.com


traverse

ကိုသြဒီနိတ်အမှတ်တစ်စု ကို ဖြတ်သန်းသွားသော ကြိုတင်သတ်မှတ်ထားသည့် လမ်းကြောင်း။

ကိုးကား – wiki.gis.com


traverse course

ArcMap and Survey Analyst for field measurements တွင် ကိုသြဒိနိတ်အသစ်ကို သတ်မှတ်ပေးသော တိုင်းတာ ထားသည့် တန်ဖိုးအုပ်စုတစ်စု ဖြစ်သည်။ တိုင်းတာရေးလမ်းကြောင်းသည် ယခင်ရှိပြီးသား ကိုဩဒီနိတ်တစ်ခု သို့မဟုတ် ယခင်တိုင်းတာထားသည်မှ တွက်ချက်ရရှိသော ကိုဩဒီနိတ်တစ်ခုမှ စတင်သည်။

ကိုးကား – wiki.gis.com


tree

သစ်ပင်ပုံစံကဲ့သိုသောဒေတာဖွဲ့စည်းပုံဖြင့် ဆက်စပ်သော သတင်းအချက်အလက်များအား သိမ်းဆည်းထားသော database တစ်ခုဖြစ်ပြီး မှတ်တမ်းများကိုမိခင်မှတ်တမ်းဆီသို့ ခြေရာခံနိုင်သည့် အတွက် ပင်မမှတ်တမ်းများဆီသို့ ခြေရာခံပေးနိုင်သည်။

ကိုးကား – wiki.gis.com


trend

spatial model တစ်ခုတွင် polynomial ကဲ့သို့သော သင်္ချာလုပ်ဆောင်ချက်ဖြင့် ဖော်ပြနိုင်သည့် ကိန်းရှင်တန်ဖိုးတစ်ခု၏ ကျပန်းမဟုတ်သော ကွဲလွဲမှုကို။

ကိုးကား – wiki.gis.com


triangle – တြိဂံ

အနားသုံးဖက်ရှိပြီး အပိတ်ဖြစ်နေသော ပြင်ညီ ဗဟုဂံတိုင်းကိုဆိုလိုသည်။

ကိုးကား – wiki.gis.com


 

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details