USGS|U.S.G.S. – အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့
United States Geological Survey အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးအဖွဲ့. ၏အတိုကောက်အသုံးဖြစ်သည်။ ပြည်ထဲရေးဌာန အောက်ရှိ သိပ္ပံနည်းပညာဆိုင်ရာ အစိုးရ အေဂျင်စီတစ်ခုဖြစ်သည်။ သည် အချက်အလက်ရှာဖွေသည့် သုတေသန အေဂျင်စီတစ်ခုဖြစ်ပြီး သဘာဝ သယံဇာတ ကိစ္စများ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်များကို စောင့်ကြည့်ခြင်း, လေ့လာခြင်း နှင့် လေ့လာတွေ့ရှိချက်များ ကိုထုတ်ပြန်ပေးခြင်းများ ပြုလုပ်သည်။ သည် အမေရိကန်နိုင်ငံ၏ အဓိကအရပ်ဖက်မြေပုံရေးဆွဲသည့် အေဂျင်စီဖြစ်သည်။ ဒစ်ဂျစ်တယ်နှင့် ပုံနှိပ်မြေပုံများ၊ကောင်းကင် ဓါတ်ပုံများ၊ မြေယာဖုံလွှမ်းမှု၊ ဇလဗေဒ၊ဘူမိဗေဒ၊ ဇီဝဗေဒ၊ နှင့် ပထဝီတင်ဆိုင်ရာ အဝေးမှစူးစမ်းလေ့ရှိသည့်အချက်အလက်များ ကို ထုတ်ဝေပေးသည်။
ကိုးကား – wiki.gis.com
U.S. National Geodetic Survey – အမေရိကန်ဘူမိပမာဏတိုင်းတာရေးအဖွဲ့
အမေရိကန်နိုင်ငံ၏ကိုဩဒီနိတ် စနစ် National Spatial Reference System (NSRS) ကို ထိန်းသိမ်းရန်တာဝန်ရှိသည့်အစိုးရဖွဲ့အစည်းဖြစ်သည်။
ကိုးကား – wiki.gis.com
UDDI
Universal Description, Discovery, and Integration ၏အတိုကောက်အသုံးဖြစ်သည်။ အွန်လိုင်းတွင် သိမ်ဆည်းရန် နေရာများ ဖန်တီးရန် အတွက် XML ကိုအခြေခံထားသည့် စံစနစ်တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
UI
user interface ၏ အတိုကောက်အသုံးဖြစ်သည်။ လူသားနှင့်အပြန်အလှန် ဆက်သွယ်ရန် လုပ်ဆောင်ပေးသည့် ကွန်ပြူတာ စက်ပစ္စည်း နှင့် ဆော့ဝဲ အပိုင်းဖြစ်သည်။ ဖန်သားမျက်နှာပြင်ပေါ်တွင် ခလုပ်သင်္ကေတများ၊ ပုံများဖြင့်ဖော်ပြပေးပြီး ယင်းတို့နှင့် အပြန်အလှန် ဆက်သွယ်ရန် အတွက် ကီးဘုတ်၊ မောက်စ်၊ ဗွီဒီယို၊ ပရင့်တာ နှင့် အချက်အလက်ဖမ်းယူသည်အရာများ ကိုအသုံးပြုနိုင်သည်။
ကိုးကား – wiki.gis.com
UIControl
VBA ဖြင့်ပြုလုပ်ထားသည့် စိတ်ကြိုက် ဖန်တီးနိုင်သော ခလုပ်၊ ကိရိယာ၊ စာသားပြနေရာ၊ ရွေးချယ်ရန်စာရင်းစသည်။
ကိုးကား – wiki.gis.com
UML
Unified Modeling Language ၏အတိုကောက်အသုံးဖြစ်သည်။ ရုပ်ပုံကားချက်များ ကို အသုံးပြုပြီး အရာဝတ္ထုများကို ပုံစံဖော်တည်ဆောက်ပေးသည့် ကွန်ပြူတာဘာသာစကား တစ်မျိုးဖြစ်သည်။
ကိုးကား – wiki.gis.com
unbuild parcel
In Survey Analyst – Cadastral Editor တွင် build parcel ဖြင့်ဖန်တီးခဲ့သော parcel ကို မူလအနေအထားအတိုင်းပြန်ပြရန် ခိုင်းသည့်ခိုင်းစေချက်တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
UNC
Universal (or Uniform) Naming Convention ၏အတိုကောက်အသုံးဖြစ်သည်။ ရုံးတွင်းကွန်ယက် ၏ ရင်းမြစ်များ ၏ နေရာကို သတ်မှတ်ရန်အတွက် သုံးသည့် ပုံစံတစ်မျိုးဖြစ်သည်။ UNC သည် အောက်ပါ ပုံစံဖြင့် ရှိသည်။
ကိုးကား – wiki.gis.com
uncertainty – မသေချာမှု
တိုင်းတာရရှိသော တန်ဖိုးသည် ပကတိတန်ဖိုးမှန်မှ မည်မျှ ကွဲလွဲနိုင်သည်ဆိုသည့် ကိုခန့်မှန်းဖော်ပြသည့်ဒီဂရီ။ မသေချာခြင်းသည် အကြောင်းအချင်းအရာအမျိုးမျိုးမှပေါ်ပေါက်နိုင်သည်- ဥပမာအားဖြင့် တိုင်းတာသည့်ကိရိယာ တစ်ခု သို့မဟုတ် စနစ်၏ တိကျမှုအကန့်အသတ်များ၊ တိုင်းတာမှုအမှား၊ စကေးအမျိုးမျိုးမျိုးကိုအသုံးပြုပြီးတိုင်းတာထားသောဒေတာများကို သို့မဟုတ် အကြောင်းအရာများကို ကွဲပြားစွာဖော်ပြသည့် ဒေတာ များ ပေါင်းစပ်ခြင်း၊ အကြောင်းတစ်ခုတည်းကို ကွဲပြားစွာကိုယ်စားပြုခြင်းများ၊ တိုင်းတာသည့်အကြောင်းရာ၏ ပမာဏတစ်ခုခုဖြင့် ဖော်ပြမရနိုင်သည့်သဘာဝ သို့မဟုတ် အကန့်အသတ်မရှိသည့်သဘာဝ၊ လူသား၏အသိဉာဏ်အကန့်အသတ် စသည့်အချက်များ ပါဝင်သည်။ မသေချာခြင်းကို အတိုင်းအတာတစ်ခု၏ တိကျမှု ဒီဂရီကိုဖော်ပြရန် မကြာခဏ အသုံးပြုကြသည်။
ကိုးကား – wiki.gis.com
unclosed parcel – အဆုံးသတ် ပိတ်မထားသော အကွက်(ပွင့်နေသော အကွက်)
တစ်စိတ်တစ်ပိုင်းမျှသာ သတ်မှတ်ထားသော အကွက်တစ်ခု။ သို့မဟုတ် အကွက်တစ်ခုကိုပိတ်စေရန်အလို့ဌာ အစပြုသည့်နေရာအထိ ပြန်ပိတ်လိုက်မည့် အစီအစဉ်တွင် လိုင်းတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသောလိုင်းများ ပျောက်ဆုံးနေသော အကွက်တစ်ခု။
ကိုးကား – wiki.gis.com
uncommitted read
အပြိုင်သုံးစွဲမျှဝေမှုမှ အနည်းဆုံးဒီဂရီဖြင့်ခွဲထုတ်ထားပေးနိုင်သော ဒေတာဘေ့စ်စီမံခန့်ခွဲမှုစနစ်တစ်ခု၏ ပိုင်းခြားခွဲထုတ်နိုင်မှုအဆင့်ဖြစ်သည်။ ပြောင်းလဲမှုများကို ဒေတာဘေ့စ်ထဲတွင် ပြင်ဆင်ခြင်းများ မပြုလုပ်မီကပင် အပြိုင်သုံးစွဲမျှဝေမှုဖြင့်ပြောင်းလဲခဲ့သော ဒေတာများကို ဖတ်နိုင်သည်။
ကိုးကား – wiki.gis.com
undershoot
ထိ/ဖြတ်သွားရမည့်အခြား မျဉ်းကို မထိပဲရှိနေသည့် မျဉ်းအပိုင်းတစ်ခု ကို ခေါ်သည်။
ကိုးကား – wiki.gis.com
undevelopable surface
ဆွဲဆန့်ခြင်း၊ ဆုတ်ဖြဲခြင်း၊ ချုံခြင်းမပြုလုပ်ဘဲ မြေပုံတစ်ပုံအဖြစ်စေရန် ပြင်ညီအဖြစ် ဖြန့်၍မရနိုင်သည့် ကမ္ဘာ့မျက်နှာပြင်ကဲ့သို့သော မျက်နှာပြင်တစ်ခု ဖြစ်သည်။ လုံးနေသည့်ကမ္ဘာလုံးကို အပြန့်မြေပုံတစ်ခုပြုလုပ်နိုင်ရန် ၎င်း၏ သုံးဖက်မြင်မျက်နှာပြင်ကို ပြင်ညီ သို့မဟုတ် ကန်တော့ချွန် သို့မဟုတ် ထုလုံးရှည်ကဲ့သို့ ပြင်ညီအဖြစ်တိုက်ရိုက်ပြောင်းနိုင်သည့် မျက်နှာပြင်တစ်ခုပေါ်သို့အရိပ်ချရမည်ဖြစ်သည်။
ကိုးကား – wiki.gis.com
undirected network flow
အနားအစွန်းတိုင်းတွင် တွဲဆက်ထားသည့် စီးဆင်းရာလမ်းကြောင်းလားရာတစ်ခု ရှိလိုကရှိနိုင်ပြီး၊ မရှိလိုကလည်းမရှိနိုင်သော ကွန်ယက် အခြေအနေတစ်ခု ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးစနစ်များရှိ ယာဉ်ကြောအခြေအနေကဲ့သို့သော Undirected network flow တစ်ခုတွင် ကွန်ယက်တစ်ခုတွင်ပါဝင်သည့်အစိတ်အပိုင်းများကို ဖြတ်သန်းသွားသော ရင်းမြစ်သည် မည်သည့်လားရာကိုသွားရမည်ဆိုသည်ကို ဆုံးဖြတ်နိုင်သည်။
ကိုးကား – wiki.gis.com
uniform list – ပုံစံတူညီ စာရင်း
Survey Analyst ၏ ကွင်းဆင်းတိုင်းတာမှုများအတွက် စာရင်းစာမျက်နှာရှိ စာရင်းအမျိုးအစား နှစ်ခုအနက်မှ တစ်ခုဖြစ်သည်။ ပုံစံတူညီသော စာရင်းတွင် အမျိုးအစားတူ ကောက်ယူသော အရာဝတ္ထုများ ကိုကိုယ်စားပြုသည့် အမည်အတန်းများ (rows) ပါရှိသည်။
ကိုးကား – wiki.gis.com
uninitialized flow direction
အနားစွန်းအရာဝတ္ထုတစ်ခုသည် ကွန်ယက်ကိုဖြတ်ပြီး Source များနှင့် sink များကို ချိတ်ဆက်မထားသော အခြေအနေတစ်ခု သို့မဟုတ် အနားစွန်းအရာဝတ္ထုတစ်ခုသည် ဆိုင်းငံ့ထားသော (Disable) အရာဝတ္ထုများမှတဆင့် sourceများနှင့် sinkများကို ချိတ်ဆက်ထားသော အခြေအနေတစ်ခု။
ကိုးကား – wiki.gis.com
union – ပေါင်းစည်းခြင်း
ပေါင်းစည်းခြင်း polygon dataset နှစ်ခု နှင့်အထက် ကို တည်ရှိပုံဆက်စပ်မှုအရ ထက်အောက်ထပ် လုပ်ဆောင်ချက်ဖြစ်သည်။ ဒေတာတစ်ခုခု၏ အကျယ်အဝန်းအတွင်းကျရောက်နေသည့် အရာဝတ္ထုများကို သိမ်းဆည်းပေးသည်။ဆိုလိုသည့်မှာ dataset များမှ အရာဝတ္ထုများအားလုံးကိုအခြေမပျက်ထားပြီး polygon dataset အသစ်ထဲတစ်ခုထဲသို့ ကူးယူသိမ်းဆည်းပေးသည်။
ကိုးကား – wiki.gis.com
unique constraint – ထပ်တူမရှိရ စည်းမျဉ်း
ကော်လံတစ်ခုတွင် သိမ်းဆည်းထားသော တန်ဖိုးတိုင်းသည် ထပ်တူမရှိသည့် အမျိုးအစားဖြစ်ရမည်ဖြစ်ပြီး အလားတူ တန်ဖိုးကို တခြားမည့်သည့် (စာရင်းဇယား)စာအတန်းတွင်မှ မရှိရ ဆိုသည့် DBMS(Database Management System) ၏ သတ်မှတ်ထားသော စည်းမျဉ်းတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
unit of measure – အတိုင်းအတာယူနစ်
အလျား၊ ဧရိယာ၊ အမြင့် စသည်တို့ကို တိုင်းတာရာတွင် အသုံးပြုသည့် စံထားပမာဏတစ်ခု။
ကိုးကား – wiki.gis.com
United States Geological Survey – အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့
United States Geological Survey အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးအဖွဲ့. ၏အတိုကောက်အသုံးဖြစ်သည်။ ပြည်ထဲရေးဌာန အောက်ရှိ သိပ္ပံနည်းပညာဆိုင်ရာ အစိုးရ အေဂျင်စီတစ်ခုဖြစ်သည်။ သည် အချက်အလက်ရှာဖွေသည့် သုတေသန အေဂျင်စီတစ်ခုဖြစ်ပြီး သဘာဝ သယံဇာတ ကိစ္စများ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်များကို စောင့်ကြည့်ခြင်း, လေ့လာခြင်း နှင့် လေ့လာတွေ့ရှိချက်များ ကိုထုတ်ပြန်ပေးခြင်းများ ပြုလုပ်သည်။ သည် အမေရိကန်နိုင်ငံ၏ အဓိကအရပ်ဖက်မြေပုံရေးဆွဲသည့် အေဂျင်စီဖြစ်သည်။ ဒစ်ဂျစ်တယ်နှင့် ပုံနှိပ်မြေပုံများ၊ကောင်းကင် ဓါတ်ပုံများ၊ မြေယာဖုံလွှမ်းမှု၊ ဇလဗေဒ၊ဘူမိဗေဒ၊ ဇီဝဗေဒ၊ နှင့် ပထဝီတင်ဆိုင်ရာ အဝေးမှစူးစမ်းလေ့ရှိသည့်အချက်အလက်များ ကို ထုတ်ဝေပေးသည်။
ကိုးကား – wiki.gis.com
univariate analysis – ကိန်းရှင်တစ်လုံးပါ ခွဲခြမ်းစိတ်ဖြာမှု
ကိန်းရှင်နှစ်လုံးကြားသို့မဟုတ် ကိန်းရှင်အများအပြားကြားဆက်စပ်မှုကို လေ့လာခြင်းမဟုတ်ပဲ ကိန်းရှင်တစ်လုံးတည်းသာ စမ်းစစ်သည့် စာရင်းအင်းဆိုင်ရာ နည်းလမ်းတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
univariate distribution
ကိန်းရှင်သည် ပေးထားသောတန်ဖိုးတစ်ခုကိုသာ ယူလိမ့်မည်ဟူသည့် ဖြစ်တန်စွမ်းကိုထုတ်ပေးသည့် ကိန်းရှင်တစ်ခု အတွက် လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
Universal Description, Discovery, and Integration
Web ဝန်ဆောင်မှုများ၏ အွန်လိုင်းလမ်းညွှန်ကို ဖန်တီးနိုင်ရန် XMLအခြေခံ စံညွှန်းတစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
universal kriging
လျှောစောက်မျက်နှာပြင်ကဲ့သို့ သိသာထင်ရှားသည့် လားရာများပါသော ဒေတာများပေါ်တွင် မကြာခဏ အသုံးပြုသည့် kriging (ခန့်မှန်းနည်း) နည်းလမ်းတစ်ခုဖြစ်သည်။ Universal kriging တွင် နမူနာအမှတ်များ၏ မျှော်မှန်းချက်တန်ဖိုးများကို polynomial trend တစ်ခုအဖြစ် ပုံဖော်ဖန်တီးမှု ပြုလုပ်ထားသည်။ Kriging ကို အဆိုပါtrendနှင့် နမူနာအမှတ်များ၏ တန်ဖိုးများအကြား ကွဲပြားခြားနားမှုပေါ်တွင် မူတည်ပြီး ဆောင်ရွက်သည်။
ကိုးကား – wiki.gis.com
universal polar stereographic
UTM ကိုဩဒီနိတ်စနစ်တွင်မပါဝင်သည့် ဒေသများ (မြောက်လတ္တီကျု ၈၄ ဒီဂရီအထက်ရှိဒေသများနှင့် တောင်လတ္တီကျု ၈၀ ဒီဂရီအောက်ရှိ ဒေသများကို ဆိုလိုသည်။) ကိုလွှမ်းခြုံပါဝင်သည့် အရိပ်ချ ကိုဩဒီနိတ်စနစ်တစ်ခုဖြစ်သည်။ ၎င်း၏ဗဟိုချက်သည် မြောက်ဝန်ရိုးစွန်း သိူ့မဟုတ် တောင်ဝန်ရိုးစွန်းဖြစ်သည်။
ကိုးကား – wiki.gis.com
Universal Soil Loss Equation – ယျေဘုယျသုံး မြေဆီလွှာဆုံးရှုံးမှု တွက်ချက်နည်း
အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးရေးသုတေသနလုပ်ငန်းမှ တီထွင်ထားသော မြေဆီလွှာတိုက်စားပြုန်းတီးမှု မိုဒယ်တစ်ခုဖြစ်သည်။ ၎င်းသည် မိုးရေချိန်နှင့် မိုးရေစီးဆင်းမှုကြောင့်ဖြစ်ပေါ်သော နှစ်စဉ်မြေဆီလွှာဆုံးရှုံးရမှုနှုန်းပျမ်းမျှကို တွက်ချက်ပေးသည်။ ၎င်း တွက်ချက်မှုတွင် မိုးရွာသွန်းမှု၊ မြေအမျိုးအစား၊ မြေမျက်နှာသွင်ပြင်နှင့် မြေအသုံးချမှုနှင့်မြေဖုံးလွှမ်းမှုစသည့် အချက်အလက်များကို ထည့်သွင်းအသုံးပြုသည်။ ပင်မအချက်အလက်တစ်ခုစီကို များစွာသော အချက်အလက်ငယ်များအဖြစ် ခွဲခြားတွက်ချက်သည်။
ကိုးကား – wiki.gis.com
universal time – ကမ္ဘာ့စံတော်ချိန်
ကမ္ဘာတစ်ဝှမ်းရှိ ဒေသစံတော်ချိန်ကို ပရိုင်းမာရီဒီယံမျဉ်း၏အချိန်နှင့် ဆက်စပ်သတ်မှတ်သော အချိန်ထိန်းညှိစနစ်တစ်ခုဖြစ်သည်။ ကမ္ဘာ့စံတော်ချိန်သည် ကမ္ဘာလုံးက ၎င်း၏ဝန်ရိုးပေါ်တွင် လည်ပတ်နေသည့် ပျမ်းမျှလည်ပတ်နှုန်းအရှိန်ကို အခြေခံထားသည်။ တရားဝင်ကိစ္စရပ်များအတွက် ကမ္ဘာ့စံတော်ချိန်ကို နိုင်ငံတကာသုံးကမ္ဘာ့စံတော်ချိန်(Coordinated Universal Time – UTC အက်တမ်အခြေခံအချိန်တိုင်းစနစ်ကိုအခြေခံထားသည်) နှင့် ပြောင်းလဲသတ်မှတ်ထားသော်လည်း ကမ္ဘာ့စံတော်ချိန်ကို ရေကြောင်းသွားလာခြင်းနှင့် နက္ခတ္တဗေဒတို့တွင် အသုံးပြုကြဆဲဖြစ်သည်။ ကမ္ဘာ့ ပတ်လမ်းကြောင်းနှင့် ဝန်ရိုးပေါ်လည်ပတ်နှုံးပုံမမှန်မှုများကိုပြင်ဆင်သည့် ကမ္ဘာ့စံတော်ချိန်အခွဲအမျိုးမျိုးရှိသည်။
ကိုးကား – wiki.gis.com
Universal Transverse Mercator
ကမ္ဘာကြီးကို အီကွေတာ၏ တောင်ဖက်နှင့်မြောက်ဖက်တွင် ၆ ဒီဂရီအကျယ်ရှိသော ဇုန် ၆၀ အဖြစ်ပိုင်းခြားထားသော အရိပ်ချ ကိုဩဒီနိတ်စနစ်။
ကိုးကား – wiki.gis.com
ပုံ – wikipedia
universe polygon
coverages ဒေတာအမျိုးအစားတွင် polygon attribute table တစ်ခုရှိ ပထမဆုံးမှတ်တမ်းဖြစ်ပြီး လွှမ်းခြုံမှုဧရိယာပြင်ပနယ်နိမိတ်ကိုကျော်လွန်သော ဧရိယာကို ကိုယ်စားပြုသည်။
ကိုးကား – wiki.gis.com
UNIX time
၁၉၇၀ပြည့်နှစ် ဇန်နဝါရီလ ၁ရက်နေ့မှစတင်ရေတွက်သည့် စက္ကန့်အရေအတွက် ဖြစ်သည်။ ၎င်းကို နိုင်ငံတကာသုံး ကမ္ဘာ့စံတော်ချိန်စနစ်ပုံစံဖြင့် ဖော်ပြသည်။ ယင်းနေ့သည် UNIX ကွန်ပြူတာ စနစ်စတင်ပေါ်ပေါက်သည့်နေ့လည်းဖြစ်သည်။
ကိုးကား – wiki.gis.com
unjoined parcel
Survey Analyst – Cadastral Editor တွင် မြေစာရင်းဖွဲ့စည်းပုံနှင့် ဆက်စပ်နေခြင်းမရှိသော မြေကွက်တစ်ကွက်ဖြစ်ပြီး ၎င်းတွင် ကိုယ်ပိုင်ဒေသန္တရကိုဩဒီနိတ်စနစ် ရှိသည်။
ကိုးကား – wiki.gis.com
unknown points – ကိုဩဒိနိတ်မသိသောအမှတ်များ
ကွင်းဆင်းတိုင်းတာမှုများအတွက် Survey Analyst တွင် ယခင်က “ကိုဩဒိနိတ်မမှတ်ခဲ့သော အမှတ်များ (uncoordinated points)” ကို ဆိုလိုသည်။
ကိုးကား – wiki.gis.com
unmanaged raster catalog
Geodatabase က raster datasets များကို ကူးယူခြင်း သို့မဟုတ်ပြောင်းလဲခြင်းများ မပြုလုပ်နိုင်သော raster catalog တစ်ခုဖြစ်ပြီး ၎င်းတွင် raster catalog row မှ raster datasets များဆီသို့ ချိတ်ဆက်ထားသော ညွှန်ပြချက်တစ်ခုသာ ရှိသည်။ unmanaged raster catalog တစ်ခုထဲရှိ rowတစ်ခုကို ဖျက်လိုက်ခြင်းသည် raster dataset ကို ၎င်းသိမ်းဆည်းထားသောနေရာမှ ဖျက်လိုက်ခြင်းမဟုတ်ပါ။
ကိုးကား – wiki.gis.com
unprojected coordinates
လတ္တီကျု့နှင့် လောင်ဂျီကျု၏ ဒီဂရီများဖြင့် ဖော်ပြထားသော ကမ္ဘာ့မျက်နှာပြင်ပေါ်ရှိ နေရာတစ်ခု၏ တည်နေရာအတိုင်းအတာ ဖြစ်သည်။
ကိုးကား – wiki.gis.com
update-gram
ArcGIS တွင် delta ဖိုင်တစ်ခုထဲ၌ update များကို ရယူထားသည့် programming object တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
UPS
Universal Polar Stereographic ၏အတိုကောက်စာလုံးဖြစ်သည်။ UTM ကိုဩဒီနိတ်စနစ်တွင်မပါဝင်သည့် မြောက်ဖက် ၈၄ ဒီဂရီအထက်ရှိဒေသများနှင့် တောင်ဖက် ၈၀ ဒီဂရီအောက်ရှိ ဒေသများ ကိုလွှမ်းခြုံသည့် အရိပ်ချ ကိုဩဒီနိတ်စနစ်တစ်ခုဖြစ်သည်။ ၎င်း၏ဗဟိုချက်သည် မြောက်ဝန်ရိုးစွန်း သိူ့မဟုတ် တောင်ဝန်ရိုးစွန်းဖြစ်သည်။
ကိုးကား – wiki.gis.com
upstream
ကွန်ယက်ခြေရာခံခြင်းတွင် စီးဆင်းရာလမ်းကြောင်းလားရာနှင့် ဆန့်ကျင်ဘက်ဖြစ်သော မျဉ်းတစ်ကြောင်း သို့မဟုတ် အစွန်းတစ်လျှောက်၌ ရှိသော လားရာဖြစ်သည်။
ကိုးကား – wiki.gis.com
urban geography – မြို့ပြ ပထဝီဝင်
မြို့ပြများနှင့် ၎င်းတို့၏ဝန်းကျင်ဒေသများ၏ လုပ်ငန်းစဉ်များ၊ တည်နေရာနှင့် ယဉ်ကျေးမှုပုံစံများနှင့်စပ်လျဉ်းသော ပထဝီဝင်ဘာသာရပ်။
ကိုးကား – wiki.gis.com
Urban Vector Map
vector product format (VPF) ဖြင့်ဖော်ပြသော vector အခြေခံဒေတာ ထုတ်ကုန် တစ်ခုဖြစ်ပြီး ၎င်းသည် စကေး တစ် အချိုး နှစ်ထောင် မှ တစ် အချိုး နှစ်သောင်းခွဲ ကဲ့သို့သော အချိုးကြီးစကေးများဖြစ်ကြသည်။ ပုံမှန်အားဖြင့် UVMap ဒေတာကို လူဦးရေထူထပ်သော မြို့ပြဧရိယာများတွင် ကောက်ယူလေ့ရှိသည်။
ကိုးကား – wiki.gis.com
URL
Uniform Resource Locator ၏ အတိုကောက်စာလုံးဖြစ်သည်။ Web sites ၏ လိပ်စာများအတွက် စံပုံစံတစ်ခုဖြစ်သည်။ URLတစ်ခုသည် http://www.esri.com.ကဲ့သို့ ပုံစံရှိသည်။ လိပ်စာ၏ ပထမပိုင်းသည် မည်သည့် protocolကို အသုံးပြုသည်ကို (ဥပမာ http: သို့မဟုတ် ftp:) ဖော်ပြပြီး ဒုတိယပိုင်းသည် Website၏တည်နေရာကို ဖော်ပြသည့် IPလိပ်စာ သို့မဟုတ် domainနာမည်ပါဝင်သည့် host အမည်ဖြစ်သည်။ ထပ်တိုး ပါကောင်းပါနိုင်သည့် တတိယပိုင်းသည် ဖိုင်တစ်ဖိုင်သို့မဟုတ် ရင်းမြစ်တစ်ခုကို သွားသည့် လမ်းကြောင်း (http://www.esri.com/products.html) ကို ဖော်ပြပေးခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
usage – အသုံးပြုချက်
အမိန့်ပေးခိုင်းစေချက် သို့မဟုတ် Programming language ဖြင့် ထုတ်ပြန်ချက်များကို အမှန်တကယ် အသုံးပြုသည့်ပုံဖြစ်သည်။ Geoprocessing တွင် tool သို့မဟုတ် environment settingအတွက် အသုံးပြုချက် ကို အမိန့်ပေးခိုင်းစေချက်စာကြောင်း(command line)တွင် ကြည့်ရှုနိုင်သည်။
ကိုးကား – wiki.gis.com
usage time – အသုံးပြုချိန်အတိုင်းအတာ
Client (ဝန်ဆောင်မှုတောင်းသူ)တစ်ဦးက ဝန်ဆောင်မှုတစ်ခုရချိန်မှ ၎င်းဝန်ဆောင်မှုကို ပြန်လွှတ်လိုက်ချိန်အထိ ကြာချိန် အချိန်အတိုင်းအတာ ပမာဏ။
ကိုးကား – wiki.gis.com
User Account Administration – အသုံးပြုသူအကောင့် စီမံခန့်ခွဲမှု
ArcWeb အကောင့်တစ်ခုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအား ဝင်ရောက်ကြည့်ရှုနိုင်သော ဝက်ဘ်ဆိုက်တစ်ခု။ ဤဝက်ဘ်ဆိုက်သည် အသုံးပြုသူများအား ArcWeb Services အကောင့်အသစ်ဖွင့်လှစ်အတည်ပြုရန်၊ ArcWeb ဝန်ဆောင်မှု၏အသုံးပြုပုံများအား ကြည့်ရှုရန်၊ POI နှင့် လိပ်စာမှတ်တမ်းများအား စီမံခန့်ခွဲရန်နှင့် အသုံးပြုသူအဖွဲ့နှင့် သတိပေးချက်များကို စီမံခန့်ခွဲရန် ခွင့်ပြုထားပါသည်။
ကိုးကား – wiki.gis.com
user interface – ကြားခံ
ဆော့ဖ်ဝဲလ်အသုံးပြုသူ နှင့် အပြန်အလှန်ဆက်သွယ်လုပ်ဆောင်နိုင်သည့်ကွန်ပျူတာစနစ် (သို့မဟုတ်) ပရိုဂရမ်တစ်ခု၏ အစိတ်အပိုင်းများ၊ လုပ်ဆောင်မှုများ နှင့် data ထည့်သွင်းမှုအား ထိန်းချုပ်ရန် အသုံးပြုသော အမိန့်ပေးခိုင်းစေချက်များနှင့်လုပ်ငန်းစဉ်များ ဖြစ်သည်။
ကိုးကား – wiki.gis.com
user name – အသုံးပြုသူအမည်
အသုံးပြုသူတစ်ယောက်က ပရိုဂရမ်တစ်ခုကို ဝင်ရောက်အသုံးပြုသောအခါ အသုံးပြုရသော အသုံးပြုသူ စစ်မှန်ကြောင်း အထောက်အထားဖြစ်သည်။
ကိုးကား – wiki.gis.com
USGS
United States Geological Survey အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးအဖွဲ့. ၏အတိုကောက်အသုံးဖြစ်သည်။ ပြည်ထဲရေးဌာန အောက်ရှိ သိပ္ပံနည်းပညာဆိုင်ရာ အစိုးရ အေဂျင်စီတစ်ခုဖြစ်သည်။ ၎င်းသည် အချက်အလက် ရှာဖွေသည့် သုတေသန အေဂျင်စီတစ်ခုဖြစ်ပြီး သဘာဝ သယံဇာတကိစ္စများ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်များကို စောင့်ကြည့်ခြင်း၊ လေ့လာခြင်း နှင့် လေ့လာတွေ့ရှိချက်များကို ထုတ်ပြန်ပေးခြင်းများ ပြုလုပ်သည်။ U.S. Geological Survey သည် အမေရိကန်နိုင်ငံ၏ အဓိကအရပ်ဖက်မြေပုံရေးဆွဲသည့် အေဂျင်စီဖြစ်သည်။ ၎င်းသည် ဒစ်ဂျစ်တယ်နှင့် ပုံနှိပ်မြေပုံများ၊ကောင်းကင် ဓါတ်ပုံများ၊ မြေယာဖုံလွှမ်းမှု၊ ဇလဗေဒ၊ ဘူမိဗေဒ၊ ဇီဝဗေဒ၊ နှင့် ပထဝီဝင်ဆိုင်ရာ အဝေးမှစူးစမ်းလေ့ရှိသည့်အချက်အလက်များကို ထုတ်ဝေပေးသည်။
ကိုးကား – wiki.gis.com
USLE – ယျေဘုယျသုံး မြေဆီလွှာဆုံးရှုံးမှု တွက်ချက်နည်း
အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးရေးသုတေသနလုပ်ငန်းမှ တီထွင်ထားသော မြေဆီလွှာတိုက်စားပြုန်းတီးမှု မိုဒယ်တစ်ခုဖြစ်သည်။ ၎င်းသည် မိုးရေချိန်နှင့် မိုးရေစီးဆင်းမှုကြောင့်ဖြစ်ပေါ်သော နှစ်စဉ်မြေဆီလွှာဆုံးရှုံးရမှုနှုန်းပျမ်းမျှကို တွက်ချက်ပေးသည်။ ၎င်း တွက်ချက်မှုတွင် မိုးရွာသွန်းမှု၊ မြေအမျိုးအစား၊ မြေမျက်နှာသွင်ပြင်နှင့် မြေအသုံးချမှုနှင့်မြေဖုံးလွှမ်းမှုစသည့် အချက်အလက်များကို ထည့်သွင်းအသုံးပြုသည်။ ပင်မအချက်အလက်တစ်ခုစီကို များစွာသော အချက်အလက်ငယ်များအဖြစ် ခွဲခြားတွက်ချက်သည်။
ကိုးကား – wiki.gis.com
UT – ကမ္ဘာ့စံတော်ချိန်
ကမ္ဘာ့စံတော်ချိန် universal time ၏အတိုကောက်ဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းရှိ ဒေသစံတော်ချိန်ကို ပရိုင်းမာရီဒီယံမျဉ်း၏အချိန်နှင့် ဆက်စပ်သတ်မှတ်သော အချိန်ထိန်းညှိစနစ်တစ်ခုဖြစ်သည်။ ကမ္ဘာ့စံတော်ချိန်သည် ကမ္ဘာလုံးက ၎င်း၏ဝန်ရိုးပေါ်တွင် လည်ပတ်နေသည့် ပျမ်းမျှလည်ပတ်နှုန်းအရှိန်ကို အခြေခံထားသည်။ တရားဝင်ကိစ္စရပ်များအတွက် ကမ္ဘာ့စံတော်ချိန်ကို နိုင်ငံတကာသုံးကမ္ဘာ့စံတော်ချိန်(Coordinated Universal Time – UTC အက်တမ်အခြေခံအချိန်တိုင်းစနစ်ကိုအခြေခံထားသည်) နှင့် ပြောင်းလဲသတ်မှတ်ထားသော်လည်း ကမ္ဘာ့စံတော်ချိန်ကို ရေကြောင်းသွားလာခြင်းနှင့် နက္ခတ္တဗေဒတို့တွင် အသုံးပြုကြဆဲဖြစ်သည်။ ကမ္ဘာ့ ပတ်လမ်းကြောင်းနှင့် ဝန်ရိုးပေါ်လည်ပတ်နှုံးပုံမမှန်မှုများကိုပြင်ဆင်သည့် ကမ္ဘာ့စံတော်ချိန်အခွဲအမျိုးမျိုးရှိသည်။
ကိုးကား – wiki.gis.com
UTC – နိုင်ငံတကာသုံးကမ္ဘာ့စံတော်ချိန်
နိုင်ငံတကာသုံးကမ္ဘာ့စံတော်ချိန် ၁၉၇၂ ခုနှစ်ကတည်းက စတင်ခဲ့သော ကမ္ဘာ့နိုင်ငံများ၏ တရားဝင် အချိန်မှတ်စနစ်ဖြစ်သည်။ ၎င်းသည် ပရိုင်းမာရီဒီယံမျဉ်း ၏အချိန်မှတဆင့် ကမ္ဘာတစ်ဝှမ်းရှိ ဒေသစံတော်ချိန်ကို ရည်ညွှန်းပေးသည်။ ၎င်းသည် အက်တမ်နာရီများပေါ်တွင် အခြေခံထားသည်။ သို့သော် ၎င်းကို ကမ္ဘာ့စံတော်ချိန်၏ ၀.၉ စက္ကန့်အတွင်း အမြဲရှိနေစေရန် လူက အခါအားလျော်စွာ ချိန်ညှိပေးရသည်။ အဆိုပါချိန်ညှိမှုကို အက်တမ်နာရီ၏အချိန်သို့ leap စက္ကန့်များပေါင်းပေးခြင်းဖြင့် ပြုလုပ်သည်။ Coordinated universal time ကို အတိုကောက်အားဖြင့် “UTC” ဟုခေါ်သည်။ (UTC ၏ အတိုကောက်ကို သည် အင်္ဂလိပ် သို့မဟုတ် ပြင်သစ် တို့တွင် “coordinated universal time” စာလုံးရှိထိပ်ဆုံးစာလုံးများ၏အစီအစဉ်အတိုင်း ကိုယ်စားမပြုပါ။ ၎င်းသည် ကမ္ဘာ့စံတော်ချိန်၏ versions များအတွက် ပြုလုပ်ထားသော “UT” ပုံစံ နောက်ဆက်တွဲ တစ်ခုဖြစ်သည်။)
ကိုးကား – wiki.gis.com
utility COM object
ArcObjects များတွင် fine-grained ArcObjects method callsများကိုထည့်သွင်းထားသည့် COM object တစ်ခုဖြစ်ပြီး single coarse-grained method call တစ်ခုအဖြစ်ထုတ်ပေးသည် ။ Utility COM objects များကို client application နှင့် GIS server အကြားအသွားအပြန်ခရီးကိုလျှော့ချရန် GIS server တစ်ခုတွင် install လုပ်ပြီး server applications များကခေါ်ယူသုံးစွဲသည်။
ကိုးကား – wiki.gis.com
Utility Web Service
Utility ဝက်ဘ် ဝန်ဆောင်မှု ဂျီသြမေတြီအရာဝတ္ထု တစ်ခု သို့မဟုတ် ဂျီသြမေတြီအရာဝတ္ထုများကိုခြုံထားသည့် အပြင်အဝန်းအဝိုင်းတစ်ခု၏ ကိုသြဒီနိတ်စနစ် နှင့် ရည်ညွှန်းမျက်နှာပြင် ပြောင်း လဲရန်အတွက် SOAP ဝက်ဘ် ဝန်ဆောင်မှုတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
UTM
Universal Transverse Mercator အတွက် အတိုကောက်စကားလုံးဖြစ်သည်။ ကမ္ဘာကြီးကို အီကွေတာ၏ တောင်ဖက်နှင့်မြောက်ဖက်တွင် ၆ ဒီဂရီအကျယ်ရှိသော ဇုန် ၆၀ အဖြစ်ပိုင်းခြားထားသော အရိပ်ချ ကိုဩဒီနိတ်စနစ် တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
ပုံ – wikipedia
UVMap – မြို့ပြဗက်တာမြေပုံ
Urban Vector Map ၏ အတိုကောက်စကားလုံးဖြစ်သည်။ vector product format (VPF) ဖြင့်ဖော်ပြသော vector အခြေခံဒေတာ တစ်ခုဖြစ်ပြီး ၎င်းသည် စကေး တစ် အချိုး နှစ်ထောင် မှ တစ် အချိုး နှစ်သောင်းခွဲ ကဲ့သို့သော အချိုးကြီးစကေးများဖြစ်ကြသည်။ ပုံမှန်အားဖြင့် UVMap ဒေတာကို လူဦးရေထူထပ်သော မြို့ပြဧရိယာများတွင် ကောက်ယူလေ့ရှိသည်။
ကိုးကား – wiki.gis.com
