vagueness – မတိကျမသေချာခြင်း
GIS တွင်၊ ဒေတာအမျိုးအစားခွဲခြားမှုဆိုင်ရာ မသေချာမရေရာသော အခြေအနေတစ်ခုဖြစ်ပြီး အရာဝတ္ထုတစ်ခု၏ သတ်မှတ်ထားခြင်းမရှိသေးသည့် အရည်အသွေးအတွက် အချက်အလက်တစ်ခုသတ်မှတ်သောအခါ (သို့မဟုတ်) တိကျစွာသတ်မှတ်ထားခြင်းမရှိသေးသောပမာဏကို ဖော်ပြသောအခါ ထိုမသေချာခြင်းအခြေအနေ ဖြစ်ပေါ်သည်။ ။ ဥမမာအားဖြင့် golden-winged warblers (ရှားပါးငှက်မျိုးစိတ်) တို့၏ စားကျက်မြေ အမျိုးအစားကို အကြောင်းရင်း ၂ ရပ်ကြောင့် ရေရေရာရာ မခွဲခြားနိုင်ပါ။ ငှက်များနေထိုင်သည့် ဧရိယာသည် အကန့်အသတ်မရှိ အဆက်မပြတ် ပြောင်းလဲနေပြီး အတိအကျ သတ်မှတ်၍ မရနိုင်ပါ။ ငှက်များသည် တစ်နှစ်တာ၏ အချိန်ခဏမျှသာ နယ်မြေကို ပြောင်းရွှေ့နေထိုင်ကြသောကြောင့် “စားကျက်မြေ” ဟူသော အသုံးအနှုန်းမှာလည်း အနည်းငယ် မရေရာပါ။
ကိုးကား – wiki.gis.com
valency
coverages ဒေတာအမျိုးအစားတွင် node တစ်ခုမှ စသည့်သို့မဟုတ် nodeတစ်ခုတွင်ဆုံးသည့် arc အရေအတွက်။
ကိုးကား – wiki.gis.com
valency table
ဒေတာအလွှာတစ်ခုရှိ node အရေအတွက်နှင့်အတူ ဆက်ထားသည့် arc (valencies) အရေအတွက်ကိုဖော်ပြထားသည့် ဇယားတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
valid value table – အတည်ပြု တန်ဖိုးဇယား
အတည်ပြုထားသော attribute များ ပေါင်းစပ်ခြင်းနှင့် feature class တစ်ခုအတွင်းရှိ ား သတင်းအချက်အလက်များ ထည့်သွင်းခြင်းတို့ပါဝင်သော PLTS knowledge အခြေခံအစိတ်အပိုင်းတစ်မျိုးဖြစ်သည်။ VVTs များကို batch mode ဖြင့်အလွှာများကို သင်္ကေတများ ပြုလုပ်ရန် အသုံးပြုသည်။ ထို့အပြင် VVTs များသည် သုံးခုထက်ပိုသော attribute များကို အခြေခံ၍ အမှတ်အသားများကို သင်္ကေတများ ပြုလုပ်ရန် ပျမ်းမျှတန်ဖိုးများကို တွက်ထုတ်ပေးပါသည်။
ကိုးကား – wiki.gis.com
validation – အတည်ပြုခြင်း
သမားရိုးကျ နည်းလမ်းများအသုံးပြု၍ မျှော်လင့်ထားသော လုပ်ဆောင်ချက်များ နှင့် ရည်ရွယ်ထားသည့် ရလဒ်များ ရရှိမှုကို အဆုံးအဖြတ်ပေးရန် စနစ်တစ်ခု သို့မဟုတ် ဆော့ဖ်ဝဲတစ်ခု ကို လေ့လာဆန်းစစ်သည့် လုပ်ငန်းဖြစ်ပါသည်။
ကိုးကား – wiki.gis.com
validation rule – အတည်ပြုစည်းမျဉ်း
မြေပုံအချက်အလက် ဒေတာဘေ့စ်တစ်ခု တွင် ပါသည့် အရာဝတ္ထုများ အပေါ်သက်ရောက်သည့် စည်မျဉ်း အချက်အလက်များ။
ကိုးကား – wiki.gis.com
value – တန်ဖိုး
လုပ်ဆောင်ချက်တစ်ခုဆီသို့ လွှဲပြောင်းပေးနိုင်သော တိုင်းတာနိုင်သည့်ပမာဏ ဖြစ်သည်။ တန်ဖိုးများကို တွက်ချက်ခြင်းအားဖြင့် သတ်မှတ်နိုင်သည် သို့မဟုတ် ဆုံးဖြတ်နိုင်သည်။
ကိုးကား – wiki.gis.com
value attribute table – တန်ဖိုးအချက်အလက်ဇယား
အကွက်တစ်ခုအတွက် အချက်အလက်များပါဝင်သော ဇယားတစ်ခုဖြစ်သည်။ ၎င်းတွင် အသုံးပြုသူ သတ်မှတ်ထားသော အချက်အလက်များ၊ ဇယားကွက်ရှိဆဲလ်များအတွက် သတ်မှတ်ထားသောတန်ဖိုးများ၊ ထိုတန်ဖိုးများပါရှိသောဆဲလ်များ၏ အရေအတွက်တို့ ပါဝင်သည်။
ကိုးကား – wiki.gis.com
variable – ကိန်းရှင်
ပြောင်းလဲနိုင်သောတန်ဖိုးတစ်ခု သို့မဟုတ် တိတိကျကျမသတ်မှတ်ရသေးသောတန်ဖိုးတစ်ခုကို ကိုယ်စားပြုသော သင်္ကေတတစ်ခု သို့မဟုတ် Placeholder တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
variable depth masking
အခြားသော အရာဝတ္ထုများကို အသုံးပြု၍ အလွှာတစ်လွှာ၏တစ်စိတ်တစ်ပိုင်းကိုဖျောက်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ Variable depth masking နည်းသည် အလွှာတစ်ခုပေါ်တွင် ရေးဆွဲရာတွင် ဆွဲသားရာနေရာရှိ အခြားအလွှာများကို ထိခိုက်ခြင်းမရှိစေဘဲ ကွက်လပ်များဖြင့် ရေးဆွဲနိုင်စေရန် ခွင့်ပြုပေးထားသည်။
ကိုးကား – wiki.gis.com
variable distance buffer
Variable distance buffer သည် input feature ၏အချက်အလက်ဇယားပါအတိုင်းအတာများကိုအသုံးပြီးအရာဝတ္ထုများပတ်လည်တွင် အကွာအဝေးမတူသော ဇုံများကိုဖန်တီးပေးသည်။
ကိုးကား – gisgeography.com
variance – ကွဲလွဲချက်
အချက်အလက်တန်ဖိုးများသည် ပျမ်းမျှတန်ဖိုးမှနေ၍ မည်မျှကွဲလွဲသွားသည် သို့မဟုတ် မည်သို့ပြန့်နှံ့နေသည်ကို ဂဏန်းဖြင့် ဖော်ပြခြင်း ဖြစ်သည်။ ကွဲလွဲချက်တန်ဖိုးကြီးလေလေ အချက်အလက်တန်ဖိုးများသည် ပျမ်းမျှတန်ဖိုးမှ ပြန့်ထွက်ကွဲပြားမှုကြီးလေလေဖြစ်သည်။ ပြန့်နှံ့မှုတစ်ခု၏ စံကွဲလွဲမှုတန်ဖိုးသည် ကွဲလွဲချက်တန်ဖိုး၏နှစ်ထပ်ကိန်းရင်းဖြစ်သည်။
ကိုးကား – wiki.gis.com
variance-covariance matrix
မြေတိုင်းတာခြင်းတွင် ကိုဩဒီနိတ် x, y နှင့် z တို့၏ အမှားများအကြား ဆက်စပ်မှုကို သင်္ချာနည်းဖြင့်ဖော်ပြသော ခေါက်ချိုးညီ (symmetric) 3×3 matrix တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
variant
မည်သည့် ဒေတာကိုမဆိုလက်ခံနိုင်သော ဒေတာအမျိုးအစား။
ကိုးကား – wiki.gis.com
variogram
တည်နေရာ အမှတ်နှစ်ခုကြား အကွာအဝေးနှင့် လားရာ တို့အရ ထိုအမှတ်နှစ်ခု၏ မှီခိုနေမှုကို သတ်မှတ်သည့် လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ variogram သည် တည်နေရာ နှစ်ခု၏ ကိန်းရှင်နှစ်ခုကြား ခြားနားချက်ကွဲလွဲမှု ဖြစ်သည်။ ယေဘုယျအားဖြင့် variogram သည် အကွာအဝေးအရ ပိုပိုကြီးလာပြီး ၎င်းကို nugget၊ sill နှင့် range parameters တို့ဖြင့် ဖော်ပြသည်။ ဒေတာသည် stationary ဖြစ်နေပါက variogram နှင့် covariance သည် သီအိုရီအရ တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။
ကိုးကား – wiki.gis.com
variography
Variogram တစ်ခုကို အသုံးပြု၍ တည်နေရာအရ မှီခိုမှုကို စစ်ဆေးခြင်းလုပ်ငန်းစဉ်။ variograms များကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် အသုံးပြုရသည့် လုပ်ထုံးလုပ်နည်းအစုတစ်ခု (သိပ္ပံပညာဆန်သကဲ့သို့ပင် အနုပညာလည်းဆန်သည့် လုပ်ငန်းစဉ်ဖြစ်သည်။ )
ကိုးကား – wiki.gis.com
VAT
တန်ဖိုးပြဇယား (value attribute table) ၏အတိုကောက်အသုံးဖြစ်သည်။ ဆဲများ၏အချက်အလက်များပါသော ဇယားဖြစ်သည်။ ယင်းထဲတွင် အသုံးပြုသူကသတ်မှတ်ပေးသော အချက်အလက်များ၊ ဆဲများတွင်သတ်မှတ်ပေးထားသည့်တန်ဖိုးများ၊ တန်ဖိုးတူဆဲများအရေအတွက် တို့ပါဝင်သည်။
ကိုးကား – wiki.gis.com
VB
Visual Basic ၏အတိုကောက်အသုံးဖြစ်သည်။ BASIC language ၏ object-oriented form အပေါ်အခြေခံပြီး Microsoft မှ တီထွင်ဖန်တီးထားသော Programming Language တစ်ခုဖြစ်ပြီး Application ရေးဆွဲပြုလုပ်ရာတွင်အသုံးပြုနိုင်စေရန်ရည်ရွယ်ထားသည်။ Visual Basic သည် Microsoft Windows စနစ်ပေါ်တွင် အလုပ်လုပ်သည်။
ကိုးကား – wiki.gis.com
VBA
ArcMap နှင့် ArcCatalogကဲ့သို့သော ESRI application များကို ချဲ့ထွင်ရန်၊ စိတ်ကြိုက်ပြင်ဆင်ဖြည့်စွက်ရန်နှင့် အလိုအလျှောက်ဆောင်ရွက်ချက်များပြုလုပ်စေနိုင်မည့် Embedded programming environment ဖြစ်သည်။ ၎င်းသည် Application တစ်ခု၏ Visual Basic ကဲသို့ အလားတူ toolများ ပါဝင်သည်။ VBA ပရိုဂရမ်တစ်ခုသည် Application Objectများပေါ်တွင် လုပ်ငန်းဆောင်ရွက်ပြီး စိတ်ကြိုက်Symbolများ၊ Workspaceများ တိုးချဲ့ခြင်း၊ Commandများ၊ Toolများ၊ Dockable Windowများနှင့် ArcGIS Frameworkနှင့်ချိတ်ဆက်အသုံးပြုနိုင်သည့် အခြားObjectများကို ပြုလုပ်ရာတွင် အသုံးပြုနိုင်သည်။
ကိုးကား – wiki.gis.com
VBVM
Visual Basic Virtual Machine၏ အတိုကောက်စာလုံးဖြစ်သည်။ လုပ်ငန်းဆောင်ရွက်စဉ်တွင် Visual Basic code ကအသုံးပြုသည့် Runtime environment ဖြစ်သည်။
ကိုးကား – wiki.gis.com
VDOP
vertical dilution of precision ၏ အတိုကောက်စာလုံးဖြစ်သည်။ တည်နေရာတစ်ခုကို သတ်မှတ်ရန် အသုံးပြုသည့် ဂြိုလ်တုအစုတစ်ခု၏ဂျီဩမေတြီအနေအထားကိုဖော်ပြချက်တစ်ခုဖြစ်သည်။ ယေဘုယျအားဖြင့် တန်ဖိုးနည်းသည့် DOP သည် တန်ဖိုးများသည့် DOP ထက် တိုင်းတာမှုရလဒ်များ ပိုမိုကောင်းမွန်သည်။ ဂြိုလ်တုအစုအဖွဲ့တစ်ခုအတွက် စုစုပေါင်း GDOP (ဂျီဩမေတြီဆိုင်ရာ DOP) ကိုဆုံးဖြတ်သည့် အကြောင်းအရာများတွင် PDOP (တည်နေရာနှင့်ဆိုင်သော DOP) ၊ HDOP (ပြင်ညီ DOP) ၊ VDOP( ထောင်လိုက် DOP) နှင့် TDOP ( အချိန်နှင့်ဆိုင်သော DOP) တို့ပါဝင်သည်။
ကိုးကား – wiki.gis.com
vector
ပထဝီဆိုင်ရာအသွင်အပြင်များကို ပွိုင့်/အမှတ်၊ လိုင်း/မျဉ်း၊ ပိုလီဂွန်/ဗဟုဂံများ ဖြင့် ဖော်ပြသည့် ကိုဩဒီနိတ်ကိုအခြေခံထားသော အချက်အလက်ဒေတာပုံစံတစ်မျိုးဖြစ်ပါသည်။ အမှတ်တစ်ခုချင်းစီကို ကိုဩဒီနိတ်အမှတ်တစ်စုံဖြင့် ဖော်ပြသည်။ လိုင်း/မျဉ်း နှင့် ပိုလီဂွန်/ဗဟုဂံများ ကို အစဉ်လိုက်ရှိသော မျဉ်းအဆစ်များဖြင့် ဖော်ပြသည်။ ဆဲလ်ကွက်များဖြင့် attribute ကို ဖော်ပြသည့် raster ဒေတာပုံစံလိုမဟုတ်ပဲ vector feature တစ်ခုတိုင်းသည် attribute များနှင့် ချိတ်ဆက်နေသည်။
ကိုးကား – wiki.gis.com
vector data model သို့မဟုတ် vector model
အမှတ်များ၊ မျဉ်းများ နှင့် ဗဟုဂံများ/ဧရိယာများ (polygons) အသုံးပြု၍ ကမ္ဘာကို ကိုယ်စားပြုမှုတစ်ခုဖြစ်သည်။ Vector model များသည် ထင်ရှားကွဲပြားသော နယ်နိမိတ်မျဉ်းအချက်အလက်များ (နိုင်ငံနယ်နိမိတ်များ၊ မြေကွက်များနှင့် လမ်းများကဲ့သို့) ကို သိမ်းဆည်းရာတွင် အသုံးဝင်သည်။
ကိုးကား – wiki.gis.com
Vector Product Format
သတ်မှတ်ထားသော စံညွှန်းတစ်ခုအရ ပထဝီဆိုင်ရာဒေတာများကို တည်ဆောက်ရန်၊ သိမ်းဆည်းရန်နှင့် ရယူရန် အသုံးပြုသည့် အများသုံး (Vendor-neutral) ဒေတာformat တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
vectorization – Vector ဒေတာအဖြစ် ပြောင်းလဲခြင်း
Raster ဒေတာ(မည်သည့်ဆဲလ်ကွက်တန်ဖိုး များမဆို) မှ vector ဒေတာ (ပွိုင့်/အမှတ်၊ လိုင်း/မျဉ်း၊ ပိုလီဂွန်/ဗဟုဂံ များ) အဖြစ်သို့ ပြောင်းလဲခြင်း။
ကိုးကား – wiki.gis.com
vectorization settings
raster data မှ vector data သို့ပြောင်းရာတွင် ထိန်းချုပ်နိုင်သည့် အသုံးပြုသူမှ ပြင်ဆင်သတ်မှတ်နိုင်သော GIS ဆော့ဖ်ဝဲ setting များဖြစ်သည်။ ဥပမာအားဖြင့်၊ vectorization setting များသည် အသုံးပြုသူများအား မည်သည့် raster ဆဲလ်များသည် vectorization လုပ်နိုင်သည်ကို ရွေးချယ်ခွင့်ပြုသည်။ သို့မဟုတ် vectorization ပြုလုပ်နေစဉ်အတွင်း ရလဒ် vector data ၏ ပုံသဏ္ဍာန်ကို မည်သို့တည်ဆောက်ရမည်ကို သတ်မှတ်ပေးနိုင်ပါသည်။
ကိုးကား – wiki.gis.com
Vectorization Trace tool
အသုံးပြုသူများမှ raster ဆဲလ်များ ကို လက်ဖြင့်ခြေရာခံဆွဲပြီး raster မှ vector data သို့ ပြောင်းသည် ArcScan tool တစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
vehicle routing problem – ယဉ်လမ်ကြောင်းရှာ ပုစ္ဆာ
ArcGIS Network Analyst ရှိ ယာဉ်အုပ်စုတစ်စုကို လမ်းကြောင်းပြပေးသည် network analysis ပုံစံတစ်မျိုးဖြစ်သည်။ ၎င်းသည် ရည်ရွယ်ချက် (ဥပမာ-လည်ပတ်မှုကုန်ကျစရိတ်) ကိုလျှော့ချခြင်း ပန်းတိုင်နှင့်အတူ ကန့်သတ်ချက်တစ်ချို့ကိုလည်း ထည့်သွင်းစဉ်းစားကာ တောင်းဆိုချက်များအရ ဝန်ဆောင်မှု ပြုလုပ်ပေးသည်။ အဆိုပါ ကန့်သတ်ချက်များတွင် အချိန် အကန့်အသတ် (time windows) များ၊ သွားလို့ရသောလမ်းကြောင်းများ အမျိုးမျိုး၊ ခရီးကြာချိန် ကန့်သတ်ချက်များ၊ လမ်းကြောင်းဇုန်နှင့် route seed point ကန့်သတ်ချက်များ၊ အထူးကန့်သတ်ချက်များ နှင့် paired order ကန့်သတ်ချက်များ ပါဝင်သည်။
ကိုးကား – wiki.gis.com
verbal scale – စကေး ဖော်ပြချက်
မြေပုံပေါ်ရှိအကွာအဝေးနှင့် မြေပြင်ပေါ်ရှိအကွာအဝေး ကြား ဆက်သွယ်ချက်ကို စာသားဖြင့်ဖော်ပြသော မြေပုံစကေးတစ်ခု “ဥပမာ – ၁ လက်မ လျှင် ၂၀ မိုင်”။
ကိုးကား – wiki.gis.com
verification – စစ်ဆေးအတည်ပြုခြင်း
စနစ် သို့မဟုတ် ဆော့ဝဲ တည်ဆောက်ရာတွင် မူလအစကတည်းက သတ်မှတ်ထားသော လိုအပ်ချက်များ နှင့်ညီမညီ ကို တရားဝင်သတ်မှတ်ထားသော နည်းလမ်းများအသုံးပြု၍ လေ့လာဆန်းစစ်သည့် လုပ်ငန်းဖြစ်ပါသည်။
ကိုးကား – wiki.gis.com
version
ဒေတာဘေ့စ်များတွင် ပိုင်ရှင်တစ်ယောက်၊ ဖော်ပြချက်တစ်ခု၊ ခွင့်ပြုချက်တစ်ခု (Private၊ Protected၊ သို့မဟုတ် public) ပါသည့် ဒေတာဘေ့စ် ၏ မူလအခြေအနေ (parent version) နှင့် အခြားအခြေအနေ (alternative state) တို့ ဖြစ်သည်။ ဗားရှင်းတစ်ခုတွင်ပြုလုပ်သည့် အပြောင်းအလဲများသည် အခြားဗားရှင်းတစ်ခုကို သက်ရောက်မှုမရှိပါ။
ကိုးကား – wiki.gis.com
version merging – ဗားရှင်းပေါင်းစည်းခြင်း
Dataset တစ်ခု၏ ဗားရှင်းနှစ်ခုကို ဗားရှင်းတစ်ခုအဖြစ် ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ် ဖြစ်သည်။ ပေါင်းစပ်မည့် ဗားရှင်း တစ်ခုခု၏ တည်းဖြတ်မှု များသည် ကွဲလွဲမှုများ ရှိနေပါက ယင်းတို့ကို အလိုအလျောက်ဖြေရှင်းခြင်း သို့မဟုတ် လူ နှင့် ကွန်ပြူ တာ တွဲပြီး ဖြေရှင်း ခြင်းပြုလုပ်လေ့ရှိသည်။
ကိုးကား – wiki.gis.com
version reconciliation
dataset ဗားရှင်းတစ်ခုကို အခြားသောဗားရှင်းတွင် ပြုလုပ်ထားသော ပြောင်းလဲမှုများနှင့် update ပြုလုပ်သည့် လုပ်ငန်းစဉ် ဖြစ်သည်။ ယင်းနည်းလမ်းဖြင့် လပေါင်းများစွာကြာသည့် ပြောင်းလဲမှုများအတွင်း၌ပင် ဗားရှင်းတစ်ခုသည် နောက်ဆုံးပြောင်းလဲမှုများဖြင့် အသင့်ရှိနေနိုင်သည်။
ကိုးကား – wiki.gis.com
vertex – လိုင်းအဆစ်မှတ်
မျဉ်းတစ်ခု သို့မဟုတ် ပိုလီဂွန် တစ်ခု၏ ပုံသဏ္ဍာန်ကို သတ်မှတ်သော အစီစဉ်တကျရှိသည့် (x,y) ကိုဩဒီနိတ်များထဲမှ တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
vertical control
ဆော့ဖ်ဝဲလ် application တစ်ခုမှ GUI ၏အခြေခံကျသော အစိတ်အပိုင်းဖြစ်သည်။ ဥပမာအားဖြင့် မီနူးများ၊ ခလုပ်များ၊ tool များ၊ check box များ၊ slider ဘားများ၊ text box များ၊ combo box များ ပါဝင်သည်။
ကိုးကား – wiki.gis.com
vertical control datum – အမြင့်ရည်ညွှန်းမျက်နှာပြင်
ကမ္ဘာ့မြေမျက်နှာပြင်၏ အပေါ် သို့မဟုတ် အောက် တွင်ရှိသော အမြင့်များကို အသေးစိတ်တိုင်းတာမှုများ လုပ်ဆောင်ရန်အတွက် ဘူမိပမာဏရည်ညွှန်းမျက်နှာပြင်ဖြစ်သည်။ အစဉ်အလာအားဖြင့် ဒေါင်လိုက် ဘူမိပမာဏရည်ညွှန်းမျက်နှာပြင်သည် နေရာတစ်ခုရှိ ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အမြင့်ကို သုည အဖြစ်သတ်မှတ်သည်။ အခြားသော အမြင့်များကိုလည်း ၎င်းအမှတ်ကို ဖြတ်သွားသော မျက်နှာပြင်နှင့်နှိုင်းရ တိုင်းတာပါသည်။ ဥပမာအားဖြင့် မြောက်အမေရိကန် အမြင့်ရည်ညွှန်းမျက်နှာပြင် ၁၉၈၈၊ Ordnance Datum Newlyn (Great Britain တွင် အသုံးပြုသော) နှင့် ဩစတေးလျ အမြင့် ရည်ညွှန်းမျက်နှာပြင်တို့ ဖြစ်ကြသည်။
ကိုးကား – wiki.gis.com
vertical coordinate system – အမြင့်ကိုဩဒီနိတ်စနစ်
မျက်နှာပြင်တစ်ခုမှ နှိုင်းရ z တန်ဖိုးများ၏ တည်နေရာကို သတ်မှတ်ပေးသည့် ရည်ညွှန်း စနစ်တစ်ခုဖြစ်သည်။ မျက်နှာပြင်သည် ကမ္ဘာမြေဆွဲအားနှင့်ဆက်စပ်နေသော geoid လည်း ဖြစ်နိုင်ပါသည်။ သို့မဟုတ် စက်လုံး သို့မဟုတ် စက်လုံးယောင်ကဲ့သို့ ပုံမှန် မျက်နှာပြင်လည်း ဖြစ်နိုင်ပါသည်။
ကိုးကား – wiki.gis.com
vertical datum – အမြင့်ရည်ညွှန်းဒေတမ်
Vertical datum (ဒေါင်လိုက်ဒေတမ်) ဆိုသည်မှာ ရည်ညွှန်းမျက်နှာပြင် တစ်ခုဖြစ်ပီး ဒေါင်လိုက်အမြင့်များကို သုညမျက်နှာပြင်မှ ထိုအမြင့် သို့မဟုတ် သုညမျက်နှာပြင်မှ ထိုအတိမ်အနက်ကို တိုင်းတာသည်။
ကိုးကား – gisgeography.com
vertical dilution of precision (VDOP)
VDOP သည် GPS ဖြင့်တည်နေရာတိုင်းတာရာတွင် ဂြိုလ်တုဂျီသြမေတြီအနေအထားအရတွက်ရှိရလသည့် အမြင့်တန်ဖိုး၏ အရည်အသွေးကို ဖော်ပြသည့်ကိန်းဂဏန်းတစ်ခုဖြစ်သည်။
ကိုးကား – gisgeography.com
vertical exaggeration – ဒေါင်လိုက်/ အမြင့် အဆချဲ့ခြင်း
သုံးဖက်မြင်မော်ဒယ်တစ်ခု၏ မျက်နှာပြင်၏ သဘာဝအလျောက် ကွဲပြားခြားနားမှုများမှုကို ပိုမိုထင်ရှားစေရန် ၎င်း၏ z တန်ဖိုးများကို တစ်ပြိုင်တည်းမြှောက်သည့် မြှောက်ဖော်ကိန်း (multiplier) ဖြစ်သည်။ x နှင့် y တန်ဖိုးများက z တန်ဖိုးထက် ပိုကြီးသည့်အခါ မြင်ကွင်းသည် အလွန် ပြန့်ပြူးနေမည်ဖြစ်သည်။ ဒေါင်လိုက်ချဲ့ကားခြင်းတန်ဖိုးသတ်မှတ်ခြင်းဖြင့်အနိမ့်အမြင်ခြားနားချက်ကို ကြီးစေပြီး ပြားနေသည့်မြင်ကွင်းကို ရုပ်လုံးကြွစေပါသည်။
ကိုးကား – wiki.gis.com
vertical geodetic datum – အမြင့်ဘူမိ ရည်ညွှန်းမျက်နှာပြင်
ကမ္ဘာ့မြေမျက်နှာပြင်၏ အပေါ် သို့မဟုတ် အောက် တွင်ရှိသော အမြင့်များကို အသေးစိတ်တိုင်းတာမှုများ လုပ်ဆောင်ရန်အတွက် ဘူမိပမာဏရည်ညွှန်းမျက်နှာပြင်ဖြစ်သည်။ အစဉ်အလာအားဖြင့် ဒေါင်လိုက် ဘူမိပမာဏရည်ညွှန်းမျက်နှာပြင်သည် နေရာတစ်ခုရှိ ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အမြင့်ကို သုည အဖြစ်သတ်မှတ်သည်။ အခြားသော အမြင့်များကိုလည်း ၎င်းအမှတ်ကို ဖြတ်သွားသော မျက်နှာပြင်နှင့်နှိုင်းရ တိုင်းတာပါသည်။ ဥပမာအားဖြင့် မြောက်အမေရိကန် အမြင့်ရည်ညွှန်းမျက်နှာပြင် ၁၉၈၈၊ Ordnance Datum Newlyn (Great Britain တွင် အသုံးပြုသော) နှင့် ဩစတေးလျ အမြင့် ရည်ညွှန်းမျက်နှာပြင်တို့ ဖြစ်ကြသည်။
ကိုးကား – wiki.gis.com
vertical line – ဒေါင်လိုက်/အထက်အောက်မျဉ်း
ကမ္ဘာမြေမျက်နှာပြင်ပေါ်ရှိ အမှတ်တစ်ခုမှ ကမ္ဘာမြေဆွဲအား၏ ဦးတည်ရာအရပ်အတိုင်းရှိသောမျဉ်းတစ်ခုဖြစ်ပါသည်။ ထိုလမ်းကြောင်း/မျဉ်းကြောင်းတလျှောက်အတိုင်း အရာဝတ္ထုတစ်ခုသည်ကျဆင်းမည်ဖြစ်သည်။
ကိုးကား – wiki.gis.com
vertical photograph – အောက်စိုက်ဓါတ်ပုံ
ကင်မရာမှန်ဘီလူးကို အောက်တည့်တည့် ချိန်ထားပြီး ရိုက်ယူထားသော ကောင်းကင်ဓါတ်ပုံ။
ကိုးကား – wiki.gis.com
vertical shift – အထက်အောက်အရွေ့
ArcGIS တွင် ဒေါင်လိုက် ကိုဩဒိနိတ် စနစ်၏ မျက်နှာပြင်မှ z ဝန်ရိုးမူလမှတ် ကို ရွှေ့သော ဇာတိကိန်းတစ်ခု ဖြစ်သည်။ ဒေါင်လိုက်ရွှေ့လျားမှုသည် အရိပ်ချထားသော ကိုဩဒိနိတ် စနစ်၏ false easting (သို့မဟုတ်) false northing ဇာတိကိန်းများ ၏ သက်ရောက်မှုနှင့် ဆင်တူသည်။
ကိုးကား – wiki.gis.com
view – မြင်ကွင်း
ArcGIS တွင် ArcCatalog ရှိ Catalog tree တွင် ရွေးချယ်ထားသော အရာဝတ္ထုတစ်ခု၏ အကြောင်းအရာများကို ကြည့်ရှုရန် နည်းလမ်းတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
viewer
ArcGlobe နှင့် 3D Analyst တို့တွင် အသုံးပြုသူတစ်ဦးအား တခြားသော ရှု့ထောင့်တစ်ခုမှ မြင်ကွင်းတစ်ခုထဲရှိ 3D အချက်အလက်များကို ကြည့်ရှုခွင့်ပေးသော ထပ်တိုး window တစ်ခုဖြစ်သည်။ အသုံးပြုသူများအတွက် မြင်ကွင်းတစ်ခုထဲတွင် viewer များစွာရှိနိုင်သည်။
ကိုးကား – wiki.gis.com
viewshed – ရှုခင်းခွင်/မြင်ကွင်းခွင်
သတ်မှတ်ထားသည့်နေရာ တစ်ခု သို့မဟုတ် နေရာများ မျဉ်းများမှနေ၍ မြင်ရသော နေရာများဖြစ်သည်။ Viewshed မြေပုံများကို ဆက်သွယ်ရေးတာဝါတိုင်များအတွက် ကောင်းစွာမြင်ရနိုင်သောနေရာများ သို့မဟုတ် ကားရပ်နားရန်နေရာမျအတွက်မျက်ကွယ်နေရာများအား ရှာဖွေခြင်းကဲ့သို့သော applicationsများအတွက် အသုံးပြုပါသည်။
ကိုးကား – wiki.gis.com
virtual directory – ဖိုဒါယောင်
Virtual directory သည် ဖိုလ်ဒါတစ်ခုအမည်ဖြစ်ပြီး URLတွင် အသုံးပြုသည်။ ၎င်းသည် Web server တစ်ခုရှိ အမှန်တကယ် သို့မဟုတ် အစစ်အမှန် ဖိူလ်ဒါတစ်ခု အလား ဖြစ်သည်။
ကိုးကား – wiki.gis.com
virtual page
ArcMap ရှိ layout view တွင်မြင်ရသည့်မြေပုံစာမျက်နှာ။
ကိုးကား – wiki.gis.com
virtual study area
ArcGIS တွင် မြေပုံ document တစ်ခု၏ လက်ရှိအတိုင်းအတာ။ Virtual study area တွင် နနိမိတ်သတ်မှတ်ချက်မျှမရှိပါ။
ကိုးကား – wiki.gis.com
virtual table
Database တစ်ခုထဲရှိ logical ဇယားတစ်ခုဖြစ်ပြီး ၎င်းသည် အချက်အလက်များ သိမ်းဆည်းခြင်းထက် အချက်အလက်များတည်ရှိရကွန်ပြူတာမှတ်ဉာဏ်လိပ်စာ(pointer)ကို သိမ်းဆည်းပေးသည်။
ကိုးကား – wiki.gis.com
visible scale range
မြေပုံအလွှာများဖွင့်ပြရန်အတွက် ရှိရမည် မြေပုံစေကေး အနည်းဆုံးနှင့် အများဆုံးတန်ဖိုး။
ကိုးကား – wiki.gis.com
Visual Basic
BASIC language ၏ object-oriented form အပေါ်အခြေခံပြီး Microsoft မှ တီထွင်ဖန်တီးထားသော Programming Language တစ်ခုဖြစ်ပြီး Application ရေးဆွဲပြုလုပ်ရာတွင်အသုံးပြုနိုင်စေရန်ရည်ရွယ်ထားသည်။ Visual Basic သည် Microsoft Windows ပေါ်တွင် အလုပ်လုပ်သည်။
ကိုးကား – wiki.gis.com
Visual Basic for Applications
ArcMap နှင့် ArcCatalogကဲ့သို့သော ESRI application များကို ချဲ့ထွင်ရန်၊ စိတ်ကြိုက်ပြင်ဆင်ဖြည့်စွက်ရန်နှင့် အလိုအလျှောက်ဆောင်ရွက်ချက်များပြုလုပ်စေနိုင်မည့် Embedded programming environment ဖြစ်သည်။ ၎င်းသည် Application တစ်ခု၏ Visual Basic ကဲသို့ အလားတူ toolများ ပါဝင်သည်။ VBA ပရိုဂရမ်တစ်ခုသည် Application Objectများပေါ်တွင် လုပ်ငန်းဆောင်ရွက်ပြီး စိတ်ကြိုက်Symbolများ၊ Workspace တိုးချဲ့ခြင်းများ၊ Commandများ၊ Toolများ၊ Dockable Windowများနှင့် ArcGIS Frameworkနှင့်ချိတ်ဆက်အသုံးပြုနိုင်သည့် အခြားObjectများကို ပြုလုပ်ရာတွင် အသုံးပြုနိုင်သည်။
ကိုးကား – wiki.gis.com
Visual Basic Virtual Machine
လုပ်ငန်းဆောင်ရွက်စဉ်တွင် Visual Basic code ကအသုံးပြုသည့် Runtime environment ဖြစ်သည်။
ကိုးကား – wiki.gis.com
Visual C++
Microsoft’s Visual Studio Development environment၏ အစိတ်အပိုင်းဖြစ်သည့် Microsoft က ဖန်တီးသော C++ programming language ဖန်တီးမှု တစ်ခုဖြစ်သည်။ ၎င်းကို Windows ဆော့ဖ်ဝဲလ်ဖန်တီးရာတွင် အသုံးပြုသည်။
ကိုးကား – wiki.gis.com
visual center
ထောင့်မှန်စတုဂံမြေပုံ သို့မဟုတ် ဓာတ်ပုံတစ်ပုံတွင် ပထမဆုံးကြည့်မိလေ့ရှိသည့် အမှတ်။ visual center သည် page ၏ ဂျီဩမေတြီဗဟိုအထက် နားတွင် (စုစုပေါင်းအမြင့်၏ ၅% ခန့်တွင်) ရှိသည်။
ကိုးကား – wiki.gis.com
visual hierarchy
မြေပုံပေါ်တွင် အရာဝတ္ထုများကိုတင်ပြရာတွင် ယင်းအရာဝတ္ထုများအကြား အရေးကြီးမှုအနေအထားကွဲပြားမှုကို ဖော်ပြသည့် နည်းလမ်းတစ်ခုဖြစ်သည်။များသောအာဖြင့် အမြင်အားဖြင့် ပြတ်သားမှု ကွဲပြာအောင်ပြုလုပ်ပေးခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
[အဖြူရောင်လမ်းသွယ်များသည် နောက်ခံမီးခိုးနှင့်ခပ်ဆင်ဆင်ဖြစ် နေသည့်အတွက် ရောနေသည်။ အပြာနှင့်အနီလိုင်းအထူ အဝေးပြေးလမ်းမများသည် အခြားအရာများနှင့်မတူထင်ထင်ရှားရှားကွဲထွက်နေသည့်အတွက်ပိုအရေးကြီးသည့်အရာများအဖြစ်သိသာစေသည် ]
visualization – ပုံဖော်ပြသခြင်း
ဒေတာ ကို ဖတ်ရှုနိုင်သည့်ကြားခံသို့မဟုတ် ပုံစံတစ်ခုဖြင့် ဖော်ပြခြင်း။ GIS တွင် တည်နေရာဒေတာများနှင့် ဆက်စပ်အချက်အလက်များကို အလွှာများအဖြစ် စုစည်းရန်အတွက် visualization ကိုအသုံးပြုသည်။ ယင်းအလွှာများကို မြေပုံများ၊ သုံးဖက်မြင်မြင်ကွင်းများ၊ အနှစ်ချုပ်ထားသော ရုပ်ပုံကားချပ်များ၊ ဇယားများ၊ time-based views နှင့် schematics များအဖြစ် ခွဲခြမ်းစိတ်ဖြာနိုင်သည် သို့မဟုတ် ပြသနိုင်သည်။
ကိုးကား – wiki.gis.com
VMap
Vector Map ၏ အတိုကောက်စာလုံးဖြစ်သည်။ vector product format (VPF) တွင် ပါဝင်သော vector အခြေခံဒေတာ ထုတ်ကုန် တစ်ခုဖြစ်ပြီး ၎င်းတွင် စကေးအုပ်စုအမျိုးမျိုးခွဲထားသည့် အဆင့် (level) များပါရှိကြသည်။ ဥပမာ- VMap Level 1 တွင် 1:250,000 စကေးရှိသည့် vector မြေပုံများပါဝင်ပြီး VMap Level 2 တွင် 1:50,000 စကေးရှိသည့် vector မြေပုံများ ပါဝင်သည်။
ကိုးကား – wiki.gis.com
volume – ထုထည်
TIN တစ်ခုတွင် TIN မျက်နှာပြင်နှင့် သတ်မှတ်ထားသော အမြင့်ရှိ ပြင်ညီမျက်နှာပြင်တို့ကြားထဲမှ အကျယ်/နေရာ (ကုဗယူနစ်ဖြင့်တိုင်းတာသည်) ။ ထုထည်ကို ပြင်ညီမျက်နှာပြင်၏ အပေါ်ဖက် သို့မဟုတ် အောက်ဖက်ထားပြီး တွက်ချက်နိုင်ပါသည်။
ကိုးကား – wiki.gis.com
Voronoi diagram
ဂျီဩမေတြီအရာဝတ္ထုများ (များသောအားဖြင့် အမှတ်များ) ကို ဧရိယာများ၊ ဆဲလ်များအဖြစ် ပိုင်းခြားပေးခြင်းဖြစ်သည်။ အဆိုပါဆဲလ်များ သို့မဟုတ် ဗဟုဂံများသည် Delaunay တြိဂံသတ်မှတ်ချက်များနှင့်ကိုက်ညီရမည်ဖြစ်သည်။ ဧရိယာတစ်ခုအတွင်းရှိ တည်နေရာအားလုံးသည် အပြင်ဖက်ရှိ အခြားအရာဝတ္ထုများနှင့်ယှဉ်လျင် ယင်းဧရိယာက ဝိုင်းထားသော အရာဝတ္ထု နှင့် ပိုမိုနိးကပ်သည်။ ပထဝီဝင်ဆိုင်ရာအရာဝတ္ထုများ၏ သြဇာလွှမ်းမိုးမှုရှိသည့် နယ်ပယ်များကို ပိုင်းခြားဖော်ပြ ရန် အတွက် Voronoi diagramsများကို အသုံးပြုလေ့ရှိသည်။ Voronoi diagrams များကို ယူကရိန်း သင်္ချာပညာရှင် Georgy Fedoseevich Voronoi (1868-1908) ကို အစွဲပြု အမည်ပေးထားသည်။
ကိုးကား – wiki.gis.com
[Voronoi diagrams နမူနာကောက် အမှတ် ၂၀ ကို မတူညီသော နည်းလမ်းနှစ်ဖြင့် ဖန်တီးထားသည် Voronoi diagrams များဖြစ်သည်]
voxel
ထုရှိသည့် pixel တစ်ခုဖြစ်ပြီး သုံးဖက်မြင်ပုံများကို ပြသရန်နှင့် လှည့်ကြည့်ရာတွင် အသုံးပြုသည်။
ကိုးကား – wiki.gis.com
[ voxelsများ၊ တစ်ခုကို အရောင်တောက်ဖြင့်ပြထားသည်]
VPF
Vector Product Format ၏ အတိုကောက်စာလုံးဖြစ်သည်။ သတ်မှတ်ထားသောစံသတ်မှတ်ချက်များအရ ပထဝီဒေတာအချက်အလက်များကို တည်ဆောက်ရန်၊ သိမ်းဆည်းထားရန်နှင့် ရယူရန် အသုံးပြုသော vendor-neutral ဒေတာပုံစံတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
VPF dataset
Vector Product Format ၏ အတိုကောက်စာလုံးဖြစ်သည်။ သတ်မှတ်ထားသောစံသတ်မှတ်ချက်များအရ ပထဝီဒေတာအချက်အလက်များကို တည်ဆောက်ရန်၊ သိမ်းဆည်းထားရန်နှင့် ရယူရန် အသုံးပြုသော vendor-neutral ဒေတာပုံစံတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
VPF feature class
ArcGIS တွင် အမှတ်များ၊ မျဉ်းများ သို့မဟုတ် ဗဟုဂံများကဲ့သို့သော တူညီသောဂျီဩမေတြီအမျိုးအစား၊ တူညီသော အချက်အလက်များနှင့် တူညီသော တည်နေရာရည်ညွှန်းချက်များပါသော ပထဝီဆိုင်ရာ အသွင်အပြင်များအား စုစည်းထားခြင်းဖြစ်သည်။ Feature classes များကို geodatabases၊ shapefiles၊ coverages သို့မဟုတ် တခြားသော ဒေတာပုံစံများတွင် သိမ်းဆည်းထားနိုင်သည်။ Feature classes များသည် ဒေတာများကို သိမ်းဆည်းရန်ရည်ရွယ်သောကြောင့် တစ်စုတစ်စည်းတည်းဖြစ်စေရန် အသွင်တူအရာဝတ္ထုများကို အုပ်စုဖွဲ့ခွင့်ပြုသည်။ ဥပမာအားဖြင့် အမြန်လမ်းမကြီးများ၊ အဓိကလမ်းမကြီးများနှင့် လမ်းသွယ်များကို “လမ်း”ဟုအမည်ပေးပြီး မျဉ်းကြောင်းအရာဝတ္ထုအမျိုးအစားတစ်ခုအဖြစ် အုပ်စုဖွဲ့နိုင်သည်။ Geodatabase တွင် feature classes သည် annotation (မှတ်ချက်)များနှင့် အတိုင်းအတာများကိုလည်း သိမ်းဆည်းနိုင်သည်။
ကိုးကား – wiki.gis.com
VPF layer
VPF data set တစ်ခုကိုရည်ညွှန်းသော အလွှာတစ်ခုဖြစ်သည်။ georelational data model ကိုအခြေခံထားသော ကြီးမားသည့် ပထဝီဝင်ဆိုင်ရာ databases များအတွက် VPF data သည် စံပုံစံ၊ ဖွဲ့စည်းပုံနှင့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
VRP
Vehicle Routing Problem ၏အတိုကောက်ဖြစ်သည်။ ArcGIS Network Analyst ရှိ ယာဉ်အုပ်စုတစ်စုကို လမ်းကြောင်းပြပေးသည် network analysis ပုံစံတစ်မျိုးဖြစ်သည်။ ၎င်းသည် ရည်ရွယ်ချက် (ဥပမာ-လည်ပတ်မှုကုန်ကျစရိတ်) ကိုလျှော့ချခြင်း ပန်းတိုင်နှင့်အတူ ကန့်သတ်ချက်တစ်ချို့ကိုလည်း ထည့်သွင်းစဉ်းစားကာ တောင်းဆိုချက်များအရ ဝန်ဆောင်မှု ပြုလုပ်ပေးသည်။ အဆိုပါ ကန့်သတ်ချက်များတွင် အချိန် အကန့်အသတ် (time windows) များ၊ သွားလို့ရသောလမ်းကြောင်းများ အမျိုးမျိုး၊ ခရီးကြာချိန် ကန့်သတ်ချက်များ၊ လမ်းကြောင်းဇုန်နှင့် route seed point ကန့်သတ်ချက်များ၊ အထူးကန့်သတ်ချက်များ နှင့် paired order ကန့်သတ်ချက်များ ပါဝင်သည်။
ကိုးကား – wiki.gis.com
vTable binding
Early binding ၏ အမြန်ဆုံးပုံစံဖြစ်ပြီး COM object (Visual Basic ကဲ့သို့သော) တစ်ခုကို အသုံးပြုသော client code အား virtual function table သို့မဟုတ် vtable သို့ အညွှန်းပြုလုပ်ခြင်းဖြင့် နည်းလမ်းတစ်ခုနှင့် ပေါင်းစည်းပေးသည်။
ကိုးကား – wiki.gis.com
VVT
အတည်ပြုထားသော attribute များ ပေါင်းစပ်ခြင်းနှင့် feature class တစ်ခုအတွင်းရှိ သတင်းအချက်အလက်များ ထည့်သွင်းခြင်းတို့ပါဝင်သော PLTS knowledge အခြေခံအစိတ်အပိုင်းတစ်မျိုးဖြစ်သည်။ VVTs များကို batch mode ဖြင့်အလွှာများတွင် သင်္ကေတများထည့်သွင်းရန် အသုံးပြုပြီး သုံးခုထက်ပိုသော attribute များကို အခြေခံ၍ အမှတ်အသားများကို သင်္ကေတများ ပြုလုပ်ရန် ပျမ်းမျှတန်ဖိုးများကို တွက်ထုတ်ပေးပါသည်။
ကိုးကား – wiki.gis.com




