w-test
တိုင်းတာမှုကွန်ယက်တစ်ခုတွင် အမှားအယွင်းများကို ရှာဖွေရန် စစ်တမ်းကောက်ယူရာတွင် အသုံးပြုသည့် စာရင်းအင်းဆိုင်ရာ စမ်းသပ်မှု ပုံစံတစ်မျိုးဖြစ်သည်။ W-test ၏ ယူဆချက်မှာ တိုင်းတာမှုများထဲမှ တိုင်းတာမှုတစ်ခုတွင် စုပေါင်းအမှားတစ်ခုကြောင့် မမှန်ကန်ကြောင်းယူဆချက်အဆိုကို လက်မခံပါဟုဖြစ်သည်။ ၎င်းသည် မှားယွင်းသောအချက်အလက်ကိုဖော်ထုတ်ရန်အတွက် အခြားသော ယူဆချက်အဆိုတစ်ခုကို အသုံးပြုသည်။
ကိုးကား – wiki.gis.com
W3C
World Wide Web Consortium ၏အတိုကောက်စာလုံးဖြစ်သည်။ World Wide Web အင်တာနက် အတွက် စံချိန်စံနှုန်းများကို သတ်မှတ်ပေးသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၎င်းသည် browsers များ၊ programming languages များနှင့် ကိရိယာများကဲ့သို့သော web နည်ပညာများကြား အပြန်အလှန်လုပ်ဆောင်နိင်မှုကို မြှင့်တင်ပေးသည်။ ကမ္ဘာတစ်ဝှမ်းမှ အဖွဲ့ဝင်များသည် XML၊ SOAP၊ HTML နှင့် အခြားသော ဝဘ်အခြေခံ protocol များစွာအတွက် စံချိန်စံနှုန်းများကို ပါဝင်အကြံပြုကြသည်။
ကိုးကား – wiki.gis.com
wait time – စောင့်ရကြာချိန်
အသုံးပြုသူမှ ဆာဗာသို့ တစ်ခုခုကို တောင်းခံရာတွင် စ တောင်းခံသည့်အချိန်မှာ လက်ခံရရှိချိန် အကြား ကြာချိန်အတိုင်းအတာဖြစ်သည်။
ကိုးကား – wiki.gis.com
walk mode – လမ်းလျောက်ခြင်း
ArcGlobe တွင် မြေပြင်နှင့်ကပ်လျက်အနေအထားဖြင့် လမ်းလျောက်ကြည့်ရှု နေသကဲ့သို့ ဖန်တီးပြုလုပ်ပြသပေးသည့် ရွေ့လျားကြည့်ရှုခြင်း နည်းလမ်းတစ်ခု။
ကိုးကား – wiki.gis.com
WAN
wide area network ၏အတိုကောက်အသုံးဖြစ်သည်။ ကြီးမားကျယ်ပြန်သော နေရာ တစ်ခုရှိ ကွန်ပြူတာများကို ချိတ်ဆက်ထားသော ကွန်ပြူတာ ကွန်ယက် တစ်ခုဖြစ်သည်။ ဥပမာ နိုင်ငံအတွင်းရှိ မြို့များ ရှိ ကွန်ပြူတာများကို ချိတ်ဆက်ထားခြင်း။ အင်တာနက်သည် လူသိအများအဆုံး WAN ဥပမာတစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
war fighting element
MOLE တွင် မြေပုံပေါ်၌ MOLE သင်္ကေတများဖြင့်ကိုယ်စားပြုသည့် မြေပြင်တပ်ဖွဲ့ သို့မဟုတ် လမ်းနယ်နိမိတ်ကဲ့သို့သော real-world battle element (တကယ့်မြေပြင်တွင်ဖြစ်နေသော စစ်ပွဲနှင့်ပတ်သက်သော element) တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
war fighting symbol
MOLE တွင် မြေပြင်တပ်ဖွဲ့များနှင့် တပ်ဖွဲ့များ၏လမ်းကြောင်းကဲ့သို့သော စစ်ပွဲနှင့်သက်ဆိုင်သောအရာများကို ကိုယ်စားပြုသည့် မြေပုံ ဂရပ်ဖစ်များဖြစ်သည်။ အဆိုပါဂရပ်ဖစ်များကို C4I လုပ်ဆောင်ချက်များကို ပံ့ပိုးကူညီရန်အတွက် စစ်ရေးဆိုင်ရာ စစ်ဆင်ရေးများကို စီစဉ်ဆောင်ရွက်ရာတွင် အသုံးပြုပါသည်။ MOLE သင်္ကေတများသည် အဓိက အမျိုးအစား လေးခုတွင် အကျုံးဝင်သည်- အင်အား(force elements)၊ နည်းဗျူဟာဆိုင်ရာ ဂရပ်ဖစ်များ၊၊ stacks နှင့် ခေါင်းဆောင်များ။
ကိုးကား – wiki.gis.com
warping
တည်နေရာသိပြီး နေရာများနှင့် ဒေတာအစုအတွင်းရှိ အမှတ်များကြား ပိုမိုတိကျသည့် တွဲစပ်မှုကို ပြုလုပ်ပေးရန် အမှတ်များ၏ ကိုဩဒီနိတ်များကို ညှိပေးသည့် နည်းလမ်းတစ်ခုဖြစ်သည်။ ရာဘာပြား-နည်းလမ်း သည် ဆန့်ခြင်း ချုံ့ခြင်း သို့မဟုတ် ချိတ်ဆက်နေသည့်အမျဉ်းများကို ဉီးတည်ရာအလှည်ပြောင်းခြင်း ဖြင့် အမှတ်များနှင့် အရာဝတ္ထုများ ကြားရှိဆက်သွယ်နေမှုကို ထိန်းထားပေးသည်။
ကိုးကား – wiki.gis.com
watch file
ArcInfo ဖြင့်လုပ်ကိုင်နေစဉ် အတွင်း အသုံးပြူသည့် dialog အားလုံးကို မှတ် ထားသည့် စာသား ဖိုင်တစ်မျိုးဖြစ်သည်။ watch file ပြင်ဆင်တည်းဖြတ်နိုင်ပြီး မက်ခရို ပရိုဂရမ်အဖြစ်ပြောင်းလဲနိုင်ပါသည်။
ကိုးကား – wiki.gis.com
waterfall model – ရေတံခွန်ပုံစံ
ဆော့ဝဲ ရေးဆွဲဖန်တီးရာ တွင် သုံးသည့် တစ်ခုနှင်တစ်ခုအနည်းငယ်ထပ်နေသော အဆင့်များပါသည့် အထက်-မှ-အောက် နည်းလမ်းတစ်ခုဖြစ်သည်။ ရေတံခွန်ပုံစံ နည်းလမ်းကို ၁၉၇၀ ခုနှစ်တွင် စတင် အဆိုပြုခဲ့သည်။ ရေတံခွန်ပုံစံနည်းလမ်းသည် လိုအပ်ချက်ခွဲခြမ်းစိတ်ဖြာခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း၊ စမ်းသပ်ခြင်း၊ ပေါင်းစည်းခြင်းနှင့်ပြုပြင်ထိန်းသိမ်း ခြင်း အဆင့်ဆင့်ကိုဖြတ်သန်းရသည့် စီမံကိန်းလည်ပတ်ပုံစနစ် တစ်ခုဖြစ်ပြီး အဆင့်မြင့်စွာတည်ဆောက်ထားသည်။
ကိုးကား – wiki.gis.com
watershed – ရေဝေရေလဲ
နေရာတစ်ခုသို့ ရေစီးဆင်းသော ကုန်းမြေအားလုံးပါဝင်လျှက်သည့် ချိုင့်ဝှမ်းနှင့်တူသည့် ကုန်းမြေပြင်။
ကိုးကား – wiki.gis.com
wavelength – လှိုင်းအလျား
ကပ်လျှက်တည်ရှိသော လှိုင်းထိပ်နှစ်ခုကြား အကွာအဝေး။ လှိုင်းအလျင်ကို ၎င်းလှိုင်း၏ကြိမ်နှုန်းနှင့် စားခြင်းဖြင့် လှိုင်းအလျားကို တွက်ချက်နိုင်ပါသည်။
ကိုးကား – wiki.gis.com
wavelet compression
ရုပ်ပုံနှင့် အသံ ဖိုင်များ ကို အရွယ်အစား ကျစ်လစ်ရန် အကောင်းဆုံးအသုံးပြုလေ့ရှိသော သင်္ချာဆိုင်ရာနည်းလမ်းများ အသုံးပြုထားသည့် ဖိုင်ချုံးနည်းလမ်းတစ်ခုဖြစ်သည်။ ယင်းနည်းတွင် အချက်အလက်ဆုံးရှုံးမှု ရှိသည်။
ကိုးကား – wiki.gis.com
wayfinding
မရင်းနှီးသေးသည့် နယ်ပယ်ဒေသတစ်ခု (အမှန်တကယ်တည်ရှိနေသည်ဖြစ်စေ၊ ကွန်ပြူတာ Virtual space ဖြစ်စေ) ကို လူတစ်ယောက်က သွားရောက်ရန် ကြိုးစားသောအခါ ထိုလူ၏စိတ်တွင်ဖြစ်ပေါ်လာသည့် စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်များ ဖြစ်သည်။ Wayfinding တွင် လမ်းကြောင်းတစ်ခု သို့မဟုတ် လမ်းကြောင်းတစ်ခု၏ အပိုင်းတစ်ခုအား ရွေးချယ်ရန် အတွက် ခရီးလမ်းကြောင်းနှင့်ဆိုင်သော အချက်အလက်များအား စုဆောင်းခြင်း နှင့် ခရီးနှင်နေစဉ် လိုအပ်ပါက လမ်းကြောင်းပြောင်းလဲရန်အတွက် ယင်းအချက်များကို အကဲဖြတ် ခြင်းတို့ ပါဝင်သည်။ Wayfinding သည် ခရီးသွားလာခြင်းဆိုင်ရာ သိမြင်မှုဉာဏ်အစိတ်အပိုင်းဖြစ်သည်။
ကိုးကား – wiki.gis.com
waypoint – ဝေးပွိုင့် (လမ်းကြောင်းတလျှောက်အမှတ်)
လတ္တီကျု – လောင်ဂျီကျု ကိုဩဒီနိတ်များဖြင့် သိမ်းဆည်းထားသည့်၊ GPS စက်မှ ဖမ်းယူမှတ်သားလေ့ရှိသော လမ်းကြောင်းတစ်ခုပေါ်ရှိ ရည်းညွှန်းအမှတ် (သို့မဟုတ်) တည်နေရာအမှတ်။
ကိုးကား – wiki.gis.com
WCS
Web Coverage Service ၏ အတိုကောက်စာလုံးဖြစ်သည်။ ဆာဗာကို အသုံးပြု၍ အင်တာနက်ပေါ်တွင် coverages များဖလှယ်နိုင်ရန်အတွက် စံသတ်မှတ်ချက်တစ်ခု ဖြစ်သည်။ Web Coverage Service (WCS)သည် Open Geospatial Consortium, Inc. (OGC)မှ စုစည်းထားသော ပူးပေါင်းဆောင်ရွက်မှု၏ရလဒ် ဖြစ်သည်။
ကိုးကား – wiki.gis.com
Web application
World Wide Web ကို ကြားခံအနေဖြင့်ချိတ်ဆက်၍ Web-based သတင်းအချက်အလက်များအား အသုံးပြုသူများထံသို့ HTML ဖိုင်ပုံစံဖြင့် ပေးပို့သည့် software program တစ်ခုဖြစ်သည်။ Web applications များကို ပုံမှန်အားဖြင့် Web စာမျက်နှာများတွင် စိတ်ကြိုက်ပြင်ခွင့်နှင့် အသုံးပြုသူ နှင့် ဖန်တီးထားသော content ကြား အပြန်အလှန်လုပ်ဆောင်နိုင်စွမ်းရစေရန် အသုံးပြုကြသည်။ Web application များကို Web-based application များဟုလည်း ခေါ်ဆိုနိုင်သည်။
ကိုးကား – wiki.gis.com
Web application template – Web application template (ပုံစံ)
စိတ်ကြိုက် Web application အသစ်တစ်ခု ဖန်တီးရန် အစမှတ်အဖြစ်အသုံးပြုရန် လိုအပ်သော ကုဒ်နှင့်ဖိုင်များ ပါပြီး အသုံးပြုသူနှင့်ကြားခံဆက်သွယ်ပေးသော အစိတ်အပိုင်းများပါသည့် ဖိုင်တစ်ခုဖြစ်သည်။ ArcGIS server တွင် Web application ပုံစံအများအပြားပါရှိသည်။
ကိုးကား – wiki.gis.com
Web browser
ကွန်ပြူတာတွင် Web စာမျက်နှာများကို ကြည့်ရှုရန်နှင့် အသုံးပြုနိုင်ရန် ပြုလုပ်ပေးသော application တစ်ခုဖြစ်သည်။ Web browser ဖြင့် World Wide Web တွင် HTML စာရွက်စာတမ်းများကို ကြည့်ရှုနိုင်စေသည်။
ကိုးကား – wiki.gis.com
Web control
ဆာဗာပေါ်တွင် ၎င်း၏ကိုယ်ပိုင်လုပ်ဆောင်ချက်ကို လုပ်ဆောင်သည့် Web form တစ်ခု၏ visual component တစ်ခုဖြစ်သည်။ Web ထိန်းချုပ်မှုများကို Web forms များပေါ်တွင် လုပ်ဆောင်ရန် အဓိကရေးဆွဲထားပြီး HTML အစိတ်အပိုင်းများနှင့် အသွင်အပြင် ဆင်တူသည်။
ကိုးကား – wiki.gis.com
Web Coverage Service – ဝဘ်လွှမ်းခြုံဝန်ဆောင်မှု
ဆာဗာကို အသုံးပြု၍ အင်တာနက်ပေါ်တွင် coverages များဖလှယ်နိုင်ရန်အတွက် စံသတ်မှတ်ချက်တစ်ခု ဖြစ်သည်။ Web Coverage Service (WCS)သည် Open Geospatial Consortium, Inc. (OGC)မှ စုစည်းထားသော ပူးပေါင်းဆောင်ရွက်မှု၏ရလဒ် ဖြစ်သည်။
ကိုးကား – wiki.gis.com
Web Feature Server specification
အင်တာနက်တွင် မြေပုံများဖော်ပြခြင်း နှင့် အချက်အလက်များ ကိုင်တွယ်ခြင်း တို့အတွက် စံသတ်မှတ်ထားသည့် ကြားခံဆိုင်ရာ သတ်မှတ်ချက်များ ဖြစ်သည်။ Web Feature Server (WFS) သတ်မှတ်ချက်သည် Open Geospatial Consortium, Inc. (OGC) မှ စုစည်းထားသော ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ဖြစ်သည်။
ကိုးကား – wiki.gis.com
Web Feature Service (WFS)
Web Feature Service တစ်ခုသည် သင့်အား အင်တာနက်ပေါ်တွင်(အမှတ်များ၊ မျဉ်းများ နှင့် ဗဟုဂံများ)ကဲ့သို့သော features များကို ကြည့်ရှုနိုင်ပြီး နှင့် တည်းဖြတ်နိုင်ရန် ခွင့်ပြုပေးသည်။
ကိုးကား – gisgeography.com
Web form
ASP.NET နည်းပညာကို အခြေခံ၍ Web form များသည် Web application တစ်ခုတွင် စာမျက်နှာအရှင်များ (dynamic Web pages) ကို ဖန်တီးခွင့်ပေးထားသည်။ Web form များသည် Web browser (သို့) အခြားစက်ပစ္စည်းတစ်ခု တွင် အသုံးပြုစာမျက်နှာကို (user interface) ပြသပေးသော်လည်း လုပ်ဆောင်ချက်များကို ဆာဗာတွင် သာပြုလုပ်သည်။
ကိုးကား – wiki.gis.com
web map
ArcGIS Online တွင် ဝဘ်ကို အခြေခံထားသော interactive မြေပုံ တစ်ခုဖြစ်ပြီး ၎င်းသည် မြေပုံပေါ်ရှိ အလွှာများကို ပြသရန်နှင့် စစ်ထုတ်ရယူခြင်း နိင်စေသည်။ Web map တစ်ခုတွင် ArcGIS Online ကို ရည်ညွှန်းထားသော ArcGIS Server map services တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ပါဝင်သည်။
ကိုးကား – gisgeography.com
Web Map Server specification
အင်တာနက်ပေါ်ရှိ ဆာဗာများမှ မြေပုံများကို Web clients အား တစ်ပြေးညီ ဝင်ရောက်ခွင့်ပေးသည့် interface သတ်မှတ်ချက်များ ဖြစ်သည်။ Web Map Server (WMS) သည် Open Geospatial Consortium, Inc. (OGC)မှ စုစည်းထားသော ပူးပေါင်းဆောင်ရွက်မှု၏ရလဒ် ဖြစ်သည်။
ကိုးကား – wiki.gis.com
Web Mapping Service (WMS)
WMS တစ်ခုသည် မြေပုံစကေးအစုံလိုက်တွင် ကြိုတင် ဖန်တီးသိမ်းဆည်းထားသော အရာဝတ္ထုများကို ကြည့်ရှုရန်အတွက်သက်သက် ဆာဗာပေါ်တွင် ကြိုတင်ဖန်တီးထားသော tiles (အကွက်စိတ်ငယ်များ) ဖြစ်သည်။
ကိုးကား – gisgeography.com
Web page – ဝဘ်စာမျက်နှာ
Web site ပေါ်တွင် အချက်အလက်များသိမ်းဆည်းထားပြီး Web browser တွင် ကြည့်ရှုနိုင်သော စာမျက်နှာတစ်ခုဖြစ်သည်။ Web စာမျက်နှာများတွင် စာသား၊ ဂရပ်ဖစ်၊ သက်ဝင်ပုံများ (animations)၊ ဒေတာဖြည့်သွင်းရန် ဖောင်ပုံစံများနှင့် အခြား Web စာမျက်နှာများသို့ ချိတ်ဆက်ထားသော လင့်ခ်များ ပါဝင်နိုင်သည်။
ကိုးကား – wiki.gis.com
Web portal
များပြားလှသည့် ဆက်စပ်နေသော resources များနှင့် ဝန်ဆောင်မှုများကို ဝင်ရောက်ကြည့်ရှုခွင့်ပေးထားသော Web resource တစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
Web server
ဝဘ် (Web) စာရွက်စာတမ်းများ၊ Web applications၊ နှင့် Web services များကို စီမံခန့်ခွဲပြီး ကမ္ဘာနေရာအနှံ့အပြားတွင် သုံးစွဲနိုင်စေရန် ပြုလုပ်ပေးသော ကွန်ပြူတာ ဖြစ်သည်။
ကိုးကား – wiki.gis.com
Web service
World Wide Web ရှိ software အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယင်းကို အခြားသော အပ်ပလီကေးရှင်းများတွင် အသုံးပြုရန်အတွက်ရယူနိုင်သည်။ Web services များကို XML နှင့် SOAP ကဲ့သို့သော လုပ်ငန်းဆိုင်ရာ စံနှုန်းများ အသုံးပြု၍ တည်ဆောက်ထားသောကြောင့် အပ်ပလီကေးရှင်းတော်တော်များများမှတစ်ဆင့် ဝင်ရောက်ခွင့်ပြုထားကာ operating system သို့မဟုတ် programming language တစ်ခုခုအပေါ်တွင် မမှီခိုပါ။
ကိုးကား – wiki.gis.com
Web service catalog
ArcGIS Server Web services ၏ စုစည်းမှုတစ်ခုဖြစ်သည်။ Web service catalog သည် ၎င်းကိုယ်တိုင်ပင် သီးသန့် နေရာ (URL) ပါရှိသည့် ဝဘ်ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး catalog ရှိ ဝဘ်ဝန်ဆောင်မှုစာရင်းနှင့် URL များကို တောင်းဆိုနိုင်သည်။
ကိုးကား – wiki.gis.com
Web Service Description Language
SOAP Web service ၏ နည်းလမ်းများ၊ အမျိုးအစားများနှင့် ချိတ်ဆက်မှုအမှတ်များကို ဖော်ပြရန်အတွက် XML ပုံစံ တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
Web site
ဟိုက်ပါလင့်ခ်များနှင့် အပြန်အလှန်ချိတ်ဆက်ထားသော ဝဘ်စာမျက်နှာများ (HTML ဖိုင်များ) စုစည်းမှု တစ်ခုဖြစ်ပြီး ၎င်းကို World Wide Web တွင် တင်ထားပေးသည်။
ကိုးကား – wiki.gis.com
weed tolerance
မျဉ်းတစ်လျှောက်ရှိ ထောင့်နှစ်ခုအကြားတွင်ရှိရမည့် အနည်းဆုံးအကွာအဝေးသတ်မှတ်ချက် ဖြစ်သည်။ Digitizing မလုပ်မှီ ကြိုတင်သတ်မှတ်ပေးရမည့် မျဉ်းတစ်ခု၏ အဆစ်နှစ်ခု (vertices) ခြားရမည့် နည်းဆုံးအကွာအဝေးသတ်မှတ်ချက် ဖြစ်သည်။ မျဉ်းကြောင်းအသစ်များကို ထပ်ဖြည့်သောအခါ နောက်ဆုံးအဆစ်မှ သတ်မှတ်ထားသည့်အကွာအဝေးအတွင်း ကျရောက်နေသော အဆစ်များကို ထည့်သွင်းစဉ်းစားခြင်းမပြုပါ။ Weed tolerance ကို ကြားအဆစ်များအတွက်သာဖြစ်ပြီး အစမှတ်အဆုံးမှတ် (node) များတွင် အသုံးမပြုပါ။
ကိုးကား – wiki.gis.com
weeding
မျဉ်း၏မူလပုံသဏ္ဍန်ကို မပျက်စေဘဲ ထိုမျဉ်းတွင်ပါဝင်သည့် ကြားအမှတ်များကို ဖယ်ရှားခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
weight
တွက်ချက်ခြင်းလုပ်ငန်းစဉ်တစ်ခုအတွက် ကိန်းရှင်(Variable)တစ်ခု၏ အရေးပါမှုကို ဖော်ပြပေးသော ကိန်းတစ်ခုဖြစ်သည်။ ထိုကိန်းရှင်အတွက်သတ်မှတ်ပေးထားသော အလေးကိန်း(Weight)ပမာဏကြီးလေလေ လုပ်ငန်းရလဒ်အပေါ်တွင် ထိုကိန်းရှင်၏ လွှမ်းမိုးနိုင်စွမ်း များလေလေဖြစ်သည်။
ကိုးကား – wiki.gis.com
weight filter
ဂျီဩမေတြီကွန်ယက်များရှိ အလေးကိန်း(Weight) တန်ဖိုးများအရ ကွန်ယက်လက္ခဏာများကို ရှာဖွေနိုင်သော တိတိကျကျဖော်ပြထားချက် (Specification) ဖြစ်သည်။
ကိုးကား – wiki.gis.com
weighted constrained adjustment
တိုင်းတာမှုများအတွက် Survey Analyst ရှိ ကန့်သတ်ထားသော ချိန်ညှိမှု (adjustment) တစ်ခုကို ပြုလုပ်ရန်အတွက် ဖြစ်နိုင်ခြေ ၂ခုအနက်မှ တစ်ခုဖြစ်သည်။ Weighted constrained adjustment ပြုလုပ်ရာတွင် ရည်ညွှန်းအမှတ်ကိုဩဒီနိတ်များကို တိုင်းတာချက်များအဖြစ် မှတ်ယူပြီး ၎င်း၏စံကွဲလွဲမှုတန်ဖိုးများ (standard deviation) ကို အဆိုပါ ချိန်ညှိမှုတွင် အသုံးပြုသည်။
ကိုးကား – wiki.gis.com
weighted mean center
အမှတ်တစ်မှတ်ချင်းစီရှိတန်ဖိုးတစ်ခုချင်းစီ ၏သက်ရောက်မှု အရ ချိန်ညှိရရှိလာသော အမှတ်များ အားလုံး ၏ ဗဟိုအမှတ်။ ဥပမာအားဖြင့် – ကုန်စုံဆိုင်များ၏ ပျမ်းမျှဗဟိုအမှတ်သည် အဆိုပါ စတိုးဆိုင်များ၏ x၊ y ကိုဩဒီနိတ်များအား ပျမ်းမျှယူခြင်းဖြင့် ရရှိလာသော တည်နေရာဖြစ်နိုင်သော်လည်း weighted mean center သည် ရောင်းအားများသော၊ စတုရန်းဧရိယာပိုကျယ်သော သို့မဟုတ် အခြားသော သတ်မှတ်ထားသည့် အချက်အလက်များပိုပါသော ဆိုင်များဆီသို့ ပိုမို နီးကပ်သွားလိမ့်မည်။
ကိုးကား – wiki.gis.com
weighted moving average
အမှတ်တစ်ခု၏အတွက် အချက်အလက်တွက်ချက်ရာတွင် ပါတ်ပါတ်လည်ရှိ အခြားအမှတ်များ၏ အရေးပါမှု သို့မဟုတ် အဆိုပါအမှတ်များနှင့် အကွာအဝေးတို့ကို ထည့်သွင်းစဉ်းစားပြီး ၎င်းတို့၏ တန်ဖိုးများကို ပျမ်းမျှချခြင်းဖြင့် တွက်ချက်ရရှိလာသော တန်ဖိုးဖြစ်သည်။
ကိုးကား – wiki.gis.com
weighted overlay
raster များအား ပေါင်းစည်းရန် နည်လမ်းတစ်ခုဖြစ်သည်။ ၎င်းနည်းတွင် raster တစ်ခုချင်းစီ၏ တန်ဖိုးများကို တူညီသောစကေးတစ်ခုနှင့်တိုင်းတာကာ၊ ၎င်းတို့၏အရေးပါမှုအလိုက် အလေးပေးချိန်ညှိပြီး ပေါင်းခြင်း ဖြင့် တွက်ချက်သည်။
ကိုးကား – wiki.gis.com
weird polygon
မိမိ ကိုယ်ပိုင်နယ်နိမိတ်မျဉ်းကို ဖြတ်၍ (များသောအားဖြင့် သေးငယ်သည့် ကွင်းတစ်ခုဖြစ်စေခြင်း) ဖြစ်နေသည့် ဆက်စပ်တည်ရှိမှု ဖွဲ့စည်းပုံ အခြေခံသဘောတရားများကို ချိုးဖောက်သည့် ဗဟုဂံ (polygon) တစ်ခု ဖြစ်သည်။ မျဉ်း၂ခုဖြတ်သွားသည့်နေရာတွင် node မရှိသည့် နေပါ။
ကိုးကား – wiki.gis.com
WFS
Web Feature Server specification ၏ အတိုကောက်အသုံးဖြစ်သည်။ အင်တာနက်တွင် မြေပုံများဖော်ပြခြင်း နှင့် အချက်အလက်များ ကိုင်တွယ်ခြင်း တို့အတွက် စံသတ်မှတ်ထားသည့် ကြားခံဆိုင်ရာ သတ်မှတ်ချက်များ ဖြစ်သည်။ Web Feature Server (WFS) သတ်မှတ်ချက်သည် Open Geospatial Consortium, Inc. (OGC) မှ စုစည်းထားသော ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ဖြစ်သည်။
ကိုးကား – wiki.gis.com
WGS 1972
ကမ္ဘာ့ ဘူမိထု စနစ် ၁၉၇၂ World Geodetic System 1972 ၏အတိုကောက်အသုံးဖြစ်သည်။ ကမ္ဘာ့ အလယ်နှင့်ထပ်တူယူသည့် ရည်ညွှန်းမျက်နှာပြင် နှင့် ကိုဩဒီနိတ်စနစ် စနစ်တစ်ခုဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဦးစီးဌာနမှ ဖန်တီးခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် အသုံးမပြုတော့ပါ။
ကိုးကား – wiki.gis.com
WGS 1984
ကမ္ဘာ့ ဘူမိထု စနစ် ၁၉၈၄ World Geodetic System 1984 ၏အတိုကောက်အသုံးဖြစ်သည်။ WGS72 စနစ်ကို အစားထိုးရန်အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဦးစီးဌာနမှ ဖန်တီးထားသည့် ယနေ့ခေတ် အသုံးအများဆုံး ရည်ညွှန်း မျက်နှာပြင်နှင့် ပထဝီဝင်ဆိုင်ရာကိုဩဒီနိတ်စနစ်ဖြစ်သည်။ GPS တိုင်းတာမှုများသည် WGS84 ကိုအခြေခံထားပါသည်။
ကိုးကား – wiki.gis.com
WGS72
ကမ္ဘာ့ ဘူမိထု စနစ် ၁၉၇၂ World Geodetic System 1972 ၏အတိုကောက်အသုံးဖြစ်သည်။ ကမ္ဘာ့ အလယ်နှင့်ထပ်တူယူသည့် ရည်ညွှန်းမျက်နှာပြင် နှင့် ကိုဩဒီနိတ်စနစ် စနစ်တစ်ခုဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဦးစီးဌာနမှ ဖန်တီးခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် အသုံးမပြုတော့သည့်စနစ်တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
WGS84
ကမ္ဘာ့ ဘူမိထု စနစ် ၁၉၈၄ World Geodetic System 1984 ၏အတိုကောက်အသုံးဖြစ်သည်။ WGS72 စနစ်ကို အစားထိုးရန်အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဦးစီးဌာနမှ ဖန်တီးထားသည့် ယနေ့ခေတ် အသုံးအများဆုံး ရည်ညွှန်း မျက်နှာပြင်နှင့် ပထဝီဝင်ဆိုင်ရာကိုဩဒီနိတ်စနစ်ဖြစ်သည်။ GPS တိုင်းတာမှုများသည် WGS84 ကိုအခြေခံထားပါသည်။
ကိုးကား – wiki.gis.com
WHERE clause
မေးမြန်းမှုရလဒ်များကို စစ်ထုတ်ရန် ရွေးချယ်မှုစံအချက် ပါဝင်သည့် SQL စာကြောင်းအပိုင်း (clause) တစ်ခု။
ကိုးကား – wiki.gis.com
whisk broom scanner/Across-track scanner
လည်ပတ်နေသည့်မှန်ချပ်ငယ် Oscillating mirror တပ်ဆင်ထားသည့် အဝေးမှစူးစမ်းလေ့လာသော ကိရိယာ (remote-sensing tool) တစ်ခုဖြစ်သည်။ ၎င်းသည် ဂြိုလ်တု ဦးတည်ရာလမ်းကြောင်းတစ်လျောက် ကန့်လန့်ဖြတ်ပြီး တစ်ဖက်မှ တစ်ဖက်သို့ ရွေ့လျားကာ ပုံရိပ်ဖမ်းယူခြင်း ဖြစ်သည်။ ရရှိလာသော ကန့်လန့်ဖြတ်ပုံရိပ်လိုင်းသည် တစ်ခုနှင့်တစ်ခုထိကပ်လျက် (သို့) အနဲငယ်ထပ်ခြင်းတို့ဖြစ်နိုင်သည်။ အလင်းကင်မရာများဖြင့် ဂြိုလ်တုမှပုံရိပ်များရိုက်ကူးခြင်းနည်းပညာတစ်ခုဖြစ်သည်။ သဘာဝအတိုင်း ပြန်လာသော စွမ်းအင် (အလင်း၊ လျှပ်စစ်သံလိုက်လှိုင်းများ) ကို အာကာသမှ ဖမ်းယူသော အဝေးမှအာရုံခံခြင်းနည်း(passive remote sensing)ဖြစ်သည်။ whisk broom sensor တွင် မှန်ချပ်ငယ်ဖြင့်ပတ် လမ်းကြောင်းဘယ်ညာဖြတ်ပြီးအာရုံခံဖမ်းယူခြင်းဖြစ်သည်။ ပြန်လင်းတန်း များကိုမှန်ချပ်မှတဆင့်တစ်ခုတည်းသော အာရုံခံပစ္စည်းသို့ပို့လွှတ်ကာ အချက်အလက်များကို တစ်ကြိမ်လျင် pixel တစ်ခုအဖြစ်ဖမ်းယူခြင်းဖြစ်သည်။ အာရုံခံပစ္စည်းအစိတ်အပိုင်းများသည် အမြဲ လှုပ်ရှားနေရသည့်အတွက် ပြုလုပ်ခကုန်ကျစရိတ်များပြီး ပွန်းတီးပျက်စီးစေဖို့အလားအလာပိုများသည်။ အာရုံခံကရိယာကို ရပ်တန့်ကာ လမ်းကြောင်း၏အစိတ်အပိုင်းတစ်ခုတည်းကိုသာ စူးစိုက် အာရုံခံသည့်သဘောမျိုးလုပ်ဆောင်သည့်အတွက် ယင်းနေရာကို ထူးထူးခြားခြား အသေးစိတ်ပိုမိုဖမ်းယူပေးသည်။ မှန်ပြောင်းတပ် ကင်မရာ နှင့်တူသဖြင့် အနီးကပ်ကြည့်အာရုံခံကရိယာဟုလည်းခေါ်ဝေါ်သုံးစွဲသည်။ more to read from wiki.gis.com

Wide Area Augmentation System (WAAS)
WAAS သည် လှိုင်းဂြိုလ်တုမှတဆင့် ရေဒီယိုလှိုင်းများကို တည့်မတ်ပေးသည့် စနစ် ဖြစ်သည်။ ယင်သည် လေထု၏နှောက်ယှက်ခံရမှုကိုအဓိက ဖယ်ရှားခြင်းဖြင့် GPS စနစ်သုံး တည်နေရာများ တွက်ချက်ခြင်းကို ပိုမိုကောင်းမွန်စေသည်။
ကိုးကား – gisgeography.com
wide area network – ကျယ်ပြန့်သော ကွန်ယက် (WAN)
မတူညီသော မြို့များ (သို့) နိုင်ငံများရှိ ကွန်ပြူတာများကို ချိတ်ဆက်ပေးသော ကွန်ပြူတာကွန်ယက်တစ်ခုဖြစ်သည်။ အင်တာနက်သည် ကျယ်ပြန့်သောကွန်ယက် (WAN) ၏ လူသိအများဆုံး ဥပမာတစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
widget
user interface တစ်ခု (button ၊ scroll bar သို့မဟုတ် menu bar ကဲ့သို့သော)၊ ၎င်း၏ထိန်းချုပ်မှုပရိုဂရမ် (သို့မဟုတ်) နှစ်ခုလုံးကို ပေါင်းစပ်ပါဝင်သော တုံပြန်မှုရှိ ဂရပ်ဖစ်အစိတ်အပိုင်းတစ်ခု။
ကိုးကား – wiki.gis.com
wind rose
နေရာတစ်ခု တွင် သတ်မှတ် အချိန်ကာလတစ်ခုအတွင်း လေတိုက်သည့်ရာအရပ်များနှင့်ကြာချိန် ကို ပြသသည့် ပုံတစ်ပုံဖြစ်သည်။ Wind roses သည် ပုံစံမျိုးစုံရှိသော်လည်း ပုံမှန်အားဖြင့် သပ်ပုံများ (wedges)သည် (များသောအားဖြင့် ရှစ်ခု၊ တစ်ဆယ့်နှစ်၊ သို့မဟုတ် ဆယ့်ခြောက်ခု) စက်ဝိုင်း၏အလယ်ဗဟိုမှ ဖြာထွက်နေသည်။ wedge တစ်ခု၏ အကျယ်နှင့် အစောင်းသည် လေတိုက်သည့် လမ်းကြောင်းကို ကိုယ်စားပြုသည် – wedge တစ်ခု၏ အလျားသည် ထိုလမ်းကြောင်းမှ လေတိုက်သည့်ကြာချိန်ကို ရာခိုင်နှုန်းကို ကိုယ်စားပြုသည်။ ပိုမိုရှုပ်ထွေးသော wind roses များသည်လေတိုက်နှုန်းနှင့် ဆက်စပ်အချက်အလက်များကို ဖော်ပြရန်အတွက် color schemes များနှင့် အခြားသော ဂရပ်ဖစ်များကို အသုံးပြုထားသည်။
ကိုးကား – wiki.gis.com
windowing
မြေပုံတစ်ခု အား ရွေ့ခြင်း၊ ချုံ့/ချဲ့ခြင်းကို ကန့်သတ်ခြင်းဖြင့် မြင်နိုင်မည့် အကျယ်အဝန်းကို ကန့်သတ်ခြင်းဖြစ်သည်။
ကိုးကား – wiki.gis.com
wireframe
မျဉ်းကြောင်းများ (ဝါယာကြိုးများ) ဖြင့် ပုံဖော်ထားသော အရာဝထ္ထုတစ်ခု၏ သုံးဖက်မြင်ပုံတစ်ခု။ မျဉ်းကြောင်းများသည် အနားအစွန်း (သို့) ကွန်တိုမျဉ်းများ၊ အသားပိတ်မြင်ကွင်းတွင် ကွယ်ပျောက်နေမည့် အရာများ ကိုဖော်ပြပေးသည်။ Wireframes သည် screen redraws ပိုမိုမြန်ဆန်သည့်အတွက် တည်းဖြတ်မှုများပြုလုပ်ရာတွင် ပိုမိုလွယ်ကူစေသည်။
ကိုးကား – wiki.gis.com
wireless application – ကြိုးမဲ့အက်ပလီကေးရှင်း
ခရီးသွားလာရာတွင် အထောက်အပံ့ဖြစ်စေရန် မြေပုံများနှင့် လမ်းညွှန်ရန်ရည်ရွယ်ချက်ဖြင့် ဖန်တီးထားသော ဝက်အက်ပလီကေးရှင်းတစ်ခု ဖြစ်သည်။ ယင်းကို လက်ကိုင်စက်ပစ္စည်း၊ PDA (သို့) ဆဲလ်လူလာဖုန်း များတွင် အဆင်သင့်အသုံးပြုနိုင်သည်။
ကိုးကား – wiki.gis.com
Wireless Location Web Service
ကြိုးမဲ့ကိရိယာများ၏ တည်နေရာကို တွက်ချက်ပေးသည့် SOAP ArcWeb service တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
wizard
ဆော့ဖ်ဝဲလ်အသုံးပြုသူတစ်ဦးအား လုပ်ငန်းတစ်ခုကို တစ်ကြိမ်လျှင် အဆင့်တစ်ဆင့်နှုန်းဖြင့် အလုပ်ပြီးမြောက်အောင် ကူညီပေးသည့် interactive user interface တစ်ခုဖြစ်သည်။ အသုံးပြုသူက အသေးစိတ်အချက်အလက်များအား တစ်ဆင့်ချင်းဖြင့် တစ်ခုပြီးတစ်ခု ပြောင်းရွှေ့ဖြည့်သွင်းနိုင်သည့် dialog boxများ စီးရီးလိုက်ဖြင့် Wizardများကို ဖန်တီးထားလေ့ရှိသည်။ Wizard များကို များသောအားဖြင့် ရှည်လျားသော၊ ခက်ခဲသော (သို့မဟုတ်) ရှုပ်ထွေးသော လုပ်ဆောင်ချက်များကို ရိုးရှင်းစေရန်အတွက် အသုံးပြုကြသည်။
ကိုးကား – wiki.gis.com
WMS
အင်တာနက်ပေါ်ရှိ မြေပုံဆာဗာများမှ ဖော်ပြထားသော မြေပုံများကို Web clients အား တစ်ပြေးညီ အသုံးပြုခွင့်ပေးသည့် interface သတ်မှတ်ချက်များ ဖြစ်သည်။ Web Map Server (WMS) သည် Open Geospatial Consortium, Inc. (OGC)မှ စုစည်းဖန်တီးထားသော အဖွဲ့အများပူးပေါင်းဆောင်ရွက်မှု၏ရလဒ် ဖြစ်သည်။
ကိုးကား – wiki.gis.com
word abbreviation
အတိုကောက်စာလုံး စကားလုံးတစ်လုံး သို့မဟုတ် စကားစုတစ်စုလုံးကို ကိုယ်စားပြုသော အတိုချုံ့ထားသည့် ပုံစံတစ်ခုဖြစ်သည်။ အတိုကောက်စာလုံးများသည် စကားလုံးအပြည့်အစုံမှထုတ်ယူထားသော အက္ခရာတစ်လုံး သို့မဟုတ်၊ အက္ခရာစုများဖြစ်လေ့ရှိသည်။ ဥပမာ – Steet-လမ်း၏ အတိုကောက်အဖြစ် St. ကို သုံးသကဲ့သို့ ဖြစ်သည်။
ကိုးကား – wiki.gis.com
work order – အလုပ်အစီအစဉ်
အဖွဲ့အစည်းတစ်ခု၏ လုပ်ငန်းစီးဆင်းမှုဖြစ်စဉ်အရ ဒီဇိုင်းထုတ်ခြင်း၊ အတည်ပြုလက်ခံခြင်းနှင့် ဆောက်လုပ်ခြင်းစသော လုပ်ငန်းအစီအစဉ်များအား တစ်ဆင့်ပြီးတစ်ဆင့်သာဆောင်ရွက်ရမည့် တိကျစွာသတ်မှတ်ထားချက်တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
workflow – လုပ်ငန်းစီးဆင်းမှုအစီအစဉ်
ပရိုဂရမ်များ၊ ထုတ်ကုန်များနှင့် လုပ်ငန်းရည်မှန်းချက်များအား ဒီဇိုင်းရေးဆွဲခြင်း၊ ဆောက်လုပ်ခြင်း နှင့်ထိန်းသိမ်းခြင်းများဆောင်ရွက်နိုင်ရန်အတွက် အဖွဲ့အစည်းတစ်ခုမှ ချမှတ်ထားသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
workgroup geodatabase
Spatial ဒေတာများကို သိမ်းဆည်းခြင်း၊ ရှာဖွေခြင်းနှင့် ပြင်ဆင်မွမ်းမံခြင်းများ ပြုလုပ်ရန် ArcSDE နည်းပညာကို အသုံးပြုထားသော Microsoft SQL Server Express database တစ်ခုဖြစ်သည်။ Workgroup geodatabase သည် SQL Server Express instance ဆီသို့ ဝက်ဘ်မဟုတ်သော client ဆက်သွယ်မှု ၁၀ ခုနှင့် အကန့်အသတ်မဲ့ ဝက်ဘ် client ဆက်သွယ်မှုများကို လက်ခံပေးနိုင်ပါသည်။ ၎င်းသည် ArcGIS Server Workgroup edition မှ လိုင်စင်ရရှိထားပါသည်။
ကိုးကား – wiki.gis.com
working directory
တွက်ချက်ရာမှ ရရှိလာသော ရလဒ်များကို လက်ခံမည့် ဖိုဒါ (folder/directory) တစ်ခု ဖြစ်သည်။
ကိုးကား – wiki.gis.com
workspace
ပထဝီဝင်ဆိုင်ရာဒေတာများ သိမ်းဆည်းရာနေရာ။ Workspace တစ်ခုသည် shape ဖိုင်များ၊ geodatabase၊ feature dataset (သို့မဟုတ်) ArcInfo workspace တို့ပါဝင်သော folder(ဖိုလ်ဒါ)တစ်ခု ဖြစ်နိုင်သည်။ ဒိုင်မင်းရှင်းများစွာပါသော netCDF (သို့မဟုတ်) HDF ကဲ့သို့သောဒေတာပုံစံများကိုလည်း workspaces များအဖြစ် သတ်မှတ်နိုင်ပြီး GIS software package များအတွင်းတွင် များသောအားဖြင့် workspaces အဖြစ် မှတ်ယူသည်။
ကိုးကား – wiki.gis.com
workstation
လက်ဆွဲကွန်ပြူတာ (laptop/personal computer) အများစုထက် ဂရပ်ဖစ်စွမ်းရည်နှင့် လုပ်ဆောင်နိုင်စွမ်း ပိုမိုကောင်းမွန်ပြီး အလုပ်များစွာကို တပြိုင်နက်တည်း လုပ်နိုင်သော ကွန်ပြူတာဖြစ်သည်။ အများအားဖြင့် workstation များသည် ကွန်ယက်တစ်ခုထဲတွင်ရှိသော အခြားကွန်ပြူတာများကို အချက်အလက်များနှင့် ဆော့ဝဲလ် (software) များ မျှဝေနိုင်သည်။
ကိုးကား – wiki.gis.com
world file
ဓါတ်ပုံတစ်ခုကို နေရာမှန် ကိုဩဒီနိတ်အမှန်များဖြင့်ပြသပေးနိုင်မည့် သတင်းအချက်အလက်ပါဝင်သည့် စာသားဖိုင်တစ်မျိုးဖြစ်သည်။ ဓါတ်ပုံတစ်ခုနှင့်အတူ စနစ်တကျပြုလုပ်ထားသည့် world ဖိုင် ပါရှိပါက GIS ဆော့ဖ်ဝဲလ်များသည် ၎င်းဓါတ်ပုံကို အရိပ်ချကိုဩဒီနိတ်စနစ် သို့မဟုတ် ပထဝီဆိုင်ရာကိုဩဒီနိတ်စနစ်ပါရှိသည့် အခြားသော ဒေတာအချက်အလက်များနှင့် တိတိကျကျ ထပ်ပေးနိုင်ရန်သည်။ ၎င်း world ဖိုင်ထဲတွင် ပါဝင်သည်များမှာ အစမှတ်ကိုဩဒီနိတ်၊ x နှင့် y အတိုင်းအတာတွင်ရှိရမည့် ဆဲလ်ကွက် အရွယ်အစား၊ အလှည့်ထောင့်တန်ဖိုး၊ စကေးတန်ဖိုး အားလုံးပေါင်း ခြောက်စုံဖြစ်သည်။
ကိုးကား – wiki.gis.com
World Geodetic System 1972
အမေရိကန် ကာကွယ်ရေးဌာနက သတ်မှတ်ထားသော ကမ္ဘာအခြေပြု ဒေတမ်နှင့် ကိုဩဒီနိတ်စနစ်တစ်ခုဖြစ်သည်။ သို့သော် ၎င်းကို ကြာရှည်အသုံးမပြုပါ။ ကမ္ဘာ့ အလယ်နှင့်ထပ်တူယူသည့် ရည်ညွှန်းမျက်နှာပြင် နှင့် ကိုဩဒီနိတ်စနစ် စနစ်တစ်ခုဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဦးစီးဌာနမှ ဖန်တီးခဲ့ခြင်းဖြစ်ကာ လက်ရှိတွင်အသုံးမပြုတော့ပါ။
ကိုးကား – wiki.gis.com
World Geodetic System 1984
ကမ္ဘာ့ ဘူမိထု စနစ် ၁၉၈၄ World Geodetic System 1984 ၏အတိုကောက်အသုံးဖြစ်သည်။ WGS72 စနစ်ကို အစားထိုးရန်အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဦးစီးဌာနမှ ဖန်တီးထားသည့် ယနေ့ခေတ် အသုံးအများဆုံး ရည်ညွှန်း မျက်နှာပြင်နှင့် ပထဝီဝင်ဆိုင်ရာကိုဩဒီနိတ်စနစ်ဖြစ်သည်။ GPS တိုင်းတာမှုများသည် WGS84 ကိုအခြေခံထားပါသည်။
ကိုးကား – wiki.gis.com
World Wide Web
Documents များမျှဝေခြင်းနှင့် အင်တာနက်ပေါ်တွင် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကမ္ဘာတစ်ဝှမ်း၊ ဗဟိုချုပ်ကိုင်မှုမရှိသော၊ အများပြည်သူများ သတင်းအချက်အလက်ရရှိနိုင်သည့် နေရာတစ်ခုဖြစ်သည်။ World Wide Web ၏ အစိတ်အပိုင်းများတွင် HTML ပုံစံ အချက်အလက်များသည် documents များ၊ ၎င်းတို့ကို လွှင့်တင်ထားသည့် သန်းပေါင်းများစွာသော ကွန်ပျူတာများအတွက် တစ်ခုနှင့်တစ်ခုခွဲခြားပေးသည့် dentification tags (URLs)များ၊ ကွန်ပြူတာတစ်လုံးမှ အခြားတစ်ခုသို့ သတင်းအချက်အလက်ပေးပို့ခြင်းအတွက် HTTP ဟုခေါ်သော နည်းပညာဆိုင်ရာ သတ်မှတ်ချက်များ၊ အချက်အလက်များကို ဝင်ရောက်ကြည့်ရှုရန် အတွက် Web browser software စသည့်တို့ ပါဝင်သည်။
ကိုးကား – wiki.gis.com
World Wide Web Consortium
World Wide Web Consortium ၏အတိုကောက်စာလုံးဖြစ်သည်။ World Wide Web အတွက် စံချိန်စံနှုန်းများကို ဖန်တီးပေးသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၎င်းသည် browsers များ၊ programming languages များနှင့် ကိရိယာများကဲ့သို့သော web technologies များကြား အပြန်အလှန်ဆက်သွယ်နိုင်စွမ်းရည်ကို အားပေး မြှင့်တင်ပေးသည်။ ကမ္ဘာတစ်ဝှမ်းမှ အဖွဲ့ဝင်များသည် XML၊ SOAP၊ HTML နှင့် အခြားသော ဝဘ်အခြေခံ သတ်မှတ်ချက် protocol များစွာအတွက် စံများကို ပါဝင်အကြံပြုကြသည်။
ကိုးကား – wiki.gis.com
WSDL
Web Service Description Language ၏ အတိုကောက်စာလုံးဖြစ်သည်။ SOAP Web service ၏ နည်းလမ်းများ၊ အမျိုးအစားများနှင့် ချိတ်ဆက်မှုအမှတ်များကို ဖော်ပြပေးသည့် XML ပုံစံ တစ်ခုဖြစ်သည်။
ကိုးကား – wiki.gis.com
WYSIWYG
ArcGIS desktop တွင် အဆိုပါအသုံးအနှုန်းသည် တည်းဖြတ်မှုလုပ်ဆောင်နေစဉ်တွင် ရရှိမည့်နောက်ဆုံးရလဒ်ကို ကြည့်ရှုနိုင်စေသည့် visual feedback ပေးသည့် editing tools များကို ရည်ညွှန်းသည်။ မြေပုံရေးဆွဲခြင်းဆိုင်ရာ ကိုယ်စားပြုချက်များ Cartographic Representations အပိုင်းတွင် တည်းဖြတ်နေသည့်အရာ အောက်ရှိ အရာဝတ္ထုများကို wireframe version အစား symbolized version ကို မြင်နိုင်စေသည့် စွမ်းရည်ရှိသည်။
ကိုးကား – wiki.gis.com


