X

x-axis – x-ဝန်ရိုး

ပြင်ညီကိုဩဒိနိတ် စနစ်တွင် ၀,၀ မူလမှတ် ကို ဘယ်ညာ(အရှေ နှင့် အနောက်) အတိုင်း ဖြတ်သည့် ရေပြင်ညီ မျဉ်း ဝန်ရိုး။

ပုံ – wikipedia

ကိုးကား – wiki.gis.com


x,y coordinates

မူလမှတ် (၀,၀) မှ အကွာအဝေးကို ရေပြင်ညီ ဝန်ရိုး x နှင့် ထောင်လိုက် ဝန်ရိုး y များအတိုင်း တိုင်းတာထားသည့် တန်ဖိုးတစ်စုံ ဖြစ်သည်။ မြေပုံပေါ်တွင် ကိုဩဒီနိတ်များဖြင့် ကမ္ဘာ့မျက်နှာပြင်ပေါ်ရှိ အရာဝတ္ထုများကိုကိုယ်စားပြုဖော်ပြပေးသည်။

ပုံ – wikipedia

ကိုးကား – wiki.gis.com


x,y event

အရာဝတ္ထုတစ်ခု၏ တည်နေရာကိုဖော်ပြသော ကိုဩဒီနိတ် တစ်စုံဖြစ်သည်။ ဥပမာ လတ်-လောင်တန်ဖိုး တစ်စုံ။

ကိုးကား – wiki.gis.com


x,y values

မူလမှတ် (၀,၀) မှ အကွာအဝေးကို ရေပြင်ညီ ဝန်ရိုး x နှင့် ထောင်လိုက် ဝန်ရိုး y များအတိုင်း တိုင်းတာထားသည့် တန်ဖိုးတစ်စုံ ဖြစ်သည်။ မြေပုံပေါ်တွင် ကိုဩဒီနိတ်များဖြင့် ကမ္ဘာ့မျက်နှာပြင်ပေါ်ရှိ အရာဝတ္ထုများကိုကိုယ်စားပြုဖော်ပြပေးသည်။

ကိုးကား – wiki.gis.com


x,y,z coordinates

ပြင်ညီ ကိုဩဒီနိတ်စနစ်တစ်ခုတွင် အမှတ်တစ်ခု၏တည်နေရာကို မူလမှတ် မှ အကွာအဝေးကို ဝန်ရိုးများအတိုင်းပြသပေးသည့်တန်ဖိုး သုံးခုဖြစ်သည်။ များသောအားဖြင့် X ကိုဩဒီနိတ်ကို အရှေ့-အနောက် ဝန်ရိုးအတိုင်းတိုင်တာပြီး၊ Y ကိုဩဒီနိတ်ကို တောင်-မြောက် ဝန်ရိုးအတိုင်းတိုင်းတာသည်။ Z ကိုဩဒီနိတ်ကို မျက်နှာပြင်မှ အမြင့်ဖြင့်တိုင်းတာသည်။

ပုံ – wikipedia

ကိုးကား – wiki.gis.com


XData

AutoCADတွင် AutoCAD drawing elementတစ်ခုနှင့် ချိတ်ထားသော အပိုဆောင်းဒေတာ ဖြစ်သည်။

ကိုးကား – wiki.gis.com


XLS

တည်နေရာအခြေပြု ဝန်ဆောင်မှုတွင်သုံးသည့် XML ဒေတာတစ်မျိုးဖြစ်သည်။ ArcWeb Services တွင် XLS သည် တောင်းဆိုချက်များ နှင့် တုံပြန်ချက်များ ကို သိမ်းဆည်းသည့်နည်းလမ်းတစ်ခုဖြစ်ပြီး GeoMobility Server အတွက် ဆက်စပ်သည့် ADTs ကို သိမ်းဆည်းသည့်နည်းလမ်းတစ်ခုလည်းဖြစ်သည်။

ကိုးကား – wiki.gis.com


XMI

XML Metadata Interchange ၏ အတိုကောက်စာလုံးဖြစ်သည်။ UML model တစ်ခုအား XML ဖိုင်တစ်ခုတွင် မည်သို့သိမ်းဆည်းရမည်ကို သတ်မှတ်ထားသော စံတစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


XML

Extensible Markup Language.၏ အတိုကောက် အသုံးဖြစ်သည်။ W3C မှဖန်တီးခဲ့ပြီး ကွန်ပြူတာ အပ်ပလီကေးရှင်းများကြား အချက်အလက်ဖလှယ်ရာတွင် အသုံးပြုရန် Text စာလုံးများသုံးသည့် အထွေထွေသုံး စံ markup language တစ်ခုဖြစ်သည်။ XML သည် tag များသုံးပြီး စံပြုအချက်အလက်ပုံစံ များ ဖန်တီးနိုင်ရန်နှင့် ပုံစံနှင့် အချက်အလက် နှစ်ခုလုံးကို အပ်ပလီကေးရှင်းများ အချင်းချင်းကြား ဖလှယ် ရန်အတွက် စုစည်းထားသည့် စည်းမျဉ်း များဖြစ်သည်။

ကိုးကား – wiki.gis.com

<?xml version="1.0" encoding="UTF-8"?>
<note>
  <to>John</to>
  <from>Mike</from>
  <heading>Reminder</heading>
  <body>'Let's discuss about Dokuwiki this  week'</body>
</note> 

XML Metadata Interchange

UML model တစ်ခုအား XML ဖိုင်တစ်ခုတွင် မည်သို့သိမ်းဆည်းရမည်ကို သတ်မှတ်ထားသော စံတစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com


XML recordset document

ArcGIS တွင် geodatabase အရာဝတ္ထုအမျိုးအစား သို့မဟုတ် ဇယား တစ်ခုချင်းစီမှ အရာဝတ္ထုများ သို့မဟုတ် မှတ်တမ်းများပါဝင်သည့် export file တစ်ခုဖြစ်သည်။ ဖိုင်ထဲရှိ ဒေတာများကို XMLပုံစံဖြင့် ရေးသား (encode)ထားပြီး ရှိပြီးသား အရာဝတ္ထုအမျိုးအစား သို့မဟုတ် ဇယားတစ်ခုထဲသို့ ထည့်သွင်းနိုင်သည်။

ကိုးကား – wiki.gis.com


XML workspace document

ArcGIS တွင် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော geodatabase feature datasets၊ feature classes နှင့် ဇယားတို့တွင် ပါဝင်သော export file တစ်ခုဖြစ်သည်။ ၎င်းတွင် schema နှင့်ဒေတာ တွဲလျက် သို့မဟုတ် schema တစ်ခုတည်းသာလျှင် ပါဝင်နိုင်သည်။ ဖိုင်ထဲရှိ schema နှင့် ဒေတာကို XMLပုံစံဖြင့် ရေးသား (encode)ထားပြီး geodatabase တစ်ခုထဲသို့ ထည့်သွင်းနိုင်သည်။

ကိုးကား – wiki.gis.com


XPath

XML document တစ်ခု၏ သီးခြားအစိတ်အပိုင်းများကို ရှာဖွေရန်နှင့် အဆိုပါ documents တွင်ပါသည့် အကြောင်းအရာ မှ တန်ဖိုးများကို တွက်ချက်ပေးရန် အသုံးပြုသော ဘာသာစကားတစ်ခုဖြစ်သည်။

ကိုးကား – wiki.gis.com

အောက်ပါ သည် ဝီကီပီးဒီးယားရှိ မြန်မာနိုင်ငံအကြောင်း စာမျက်နှာအောက်ခြေရှိ နောက်ဆုံးဖြည့်စွက်သည့်ရက်စွဲကို xpath ဖြင့် google sheet တွင် ရယူသည့်နမူနာဖြစ်သည်။ ကွင်းအတွင်းရှိ ဒုတိယအပိုင်းသည့် XPath ဖြင့်ရေးသားထားခြင်းဖြစ်သည်။

=importxml("https://en.wikipedia.org/wiki/Myanmar","//footer[@class='mw-footer']/ul/li[@id='footer-info-lastmod']")

XSL

Extensible Style Language ၏ အတိုကောက်စာလုံးဖြစ်သည်။ XML document ကို ဖော်ပြခြင်းနှင့် ပြောင်းလဲခြင်းများကို သတ်မှတ်ပေးသည့် စံချိန်စံညွှန်းများဖြစ်သည်။ XSL style sheet တစ်ခုတွင် XML document ကိုမည်သို့ပြသရမည်ကို ဖော်ပြသည့် အချက်အလက်များထဲတွင် စာလုံးအရွယ်အစား၊ နောက်ခံအရောင်နှင့် စာသား စီတန်းပုံ ကဲ့သို့သော tagged content များ ပါဝင်နိုင်သည်။ XSL style sheet တစ်ခုတွင် XML document တစ်ခုထဲရှိ tagged content ကို အခြားသောပုံစံတစ်ခုဖြင့် output document သို့မည်သို့ပြောင်းလဲရမည်ကို ဖော်ပြသော XSLT code လည်းပါဝင်နိုင်သည်။ W3C အဖွဲ့အစည်းက XSL စံချိန်စံညွှန်းများကို ထိန်းသိမ်းထားသည်။

ကိုးကား – wiki.gis.com


XSLT

Extensible Style Language Transformations ၏ အတိုကောက်စာလုံးဖြစ်သည်။ XML document တစ်ခုထဲရှိ tagged content ကို အခြားသောပုံစံတစ်ခုဖြင့် output document သို့ပြောင်းလဲပေးသည့် ဘာသာစကားတစ်ခု ဖြစ်သည်။ XSL style sheet တစ်ခုတွင် အသုံးချရမည့် ပြောင်းလဲမှုတစ်ခုချင်းစီကို သတ်မှတ်ပေးသည့် XSLT code ပါဝင်သည်။ Document တစ်ခုသို့ ပြောင်းလဲရာတွင် မူလ XML document ၊ XSLT code ပါဝင်သော XSL document တစ်ခုနှင့် ပြောင်းလဲခြင်းများကို လုပ်ဆောင်ရန် XSLT processor (parser) တစ်ခုတို့ ပါဝင်သည်။ W3C အဖွဲ့အစည်းကXSLT စံချိန်စံညွှန်းများကို ထိန်းသိမ်းထားသည်။

ကိုးကား – wiki.gis.com


 

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details