z-axis – z-ဝန်ရိုး
စက်လုံးကိုဩဒိနိတ် စနစ်တွင် ကမ္ဘာ့လည်ချက် နှင့် အပြိုင် မြောက် လတ္တီတွတ် ၉၀ ဒီဂရီ အမှတ်ကိုဖြတ်ကာအီကွေတာ ပြင်ညီအား ထောင့်မှန်ကျ ပြီး နှင့် ဝန်ရိုးများကို ၀,၀,၀ မူလမှတ်တွင် ဖြတ်သည့် ဝန်ရိုး။
ကိုးကား – wiki.gis.com
z-coordinate – z-ကိုဩဒိနိတ်
အမှတ်တစ်ခု တွင် ရှိသည့် တည်နေရာ မှလွဲပြီး အခြား တန်ဖိုးကိန်းဂဏန်း။ မြေမျက်နှာနိမ့်မြင့်ပြ ပုံစံ တွင် z-value သည် အမြင့် ကို ကိုယ်စားပြုသည်။ အခြားမျက်နှာပြင် ပုံစံ များတွင် သိပ်သည်းမှု သို့မဟုတ် အရေအတွက် တန်ဖိုးကို ကိုယ်စားပြုသည်။
ကိုးကား – wiki.gis.com
z-factor
ရေပြင်ညီနှင့် အထက်အောက် တိုင်းတာမှုများ ကို တူညီသည့်ယူနစ် တန်ဖိုး ပြောင်းရန် အသုံးပြုသည့် ယူနစ်ပြောင်းတန်ဖိုး။ အထူးသဖြင့် ရေပြင်ညီအတိုင်းတစ်ယူနစ် နှင့်ညီမျှသည့် အထက် အောက် ယူနစ်တန်ဖိုး ဖြစ်သည်။ ဥပမာ – မျက်နှာပြင်တစ်ခု၏ ရေပြင်ညီ အတိုင်းအတာ ယူနစ်သည် မီတာဖြစ်ဖြစ်ပြီး အမြင့်အတိုင်းအတာယူနစ်သည် ပေ ဖြစ်လျင် z-factor တန်ဖိုး သည် ၀.၃၀၄၈ ဖြစ်သည် ( တစ်ပေ နှင့်ညီသည့် မီတာ တန်ဖိုး)။
ကိုးကား – wiki.gis.com
z-score
စာရင်းအင်းဆိုင်ရာ တိုင်းတာမှုတစ်ခုဖြစ်သည်။ နမူနာတန်ဖိုးတစ်ခုသည် ပျှမ်းမျှတန်ဖိုးမှ မည်မျှဝေးကွာ သည်ကို စံသွေဖီမှု ယူနစ် ဖြင့်ပြသပေးသည့် အချက်ဖြစ်သည်။ ပျှမ်းမျှတန်ဖိုး၏ သည် သုည ( ၀ ) ဖြစ်ပြီး စံသွေဖီမှုတန်ဖိုးသည် ( ၁ )ဖြစ်သည်။ ပုံမှန် ပြန့်နှံ့မှုတွင် နမူနာ ၆၈ ရာခိုင်နှုံးသည် z-score တန်ဖိုး အနှုတ် ၁ မှ အပေါင်း ၁ ကြားတွင် ရှိနေသည်။ ဆိုလိုသည့် ပျမ်းမျှတန်ဖိုးမှ စံသွေဖီမှု ( ၁ ) ယူနစ်အတွင်းတွင်ရှိနေသည့်အဓိပ္ပါယ်ဖြစ်သည်။ ၉၅ ရာခိုင်းနှံးသည် z-score တန်ဖိုး အနှုတ် (- ၁.၉၆) မှ အပေါင်း (+၁.၉၆) ကြားတွင်ရှိနေသည် – ဆိုလိုသည်မှာ ပျမ်းမျှတန်ဖိုးမှ စံသွေဖီမှု ( ၂ ) ယူနစ်အတွင်းတွင်ရှိနေသည့်အဓိပ္ပါယ်ဖြစ်သည်။ ၉၉ ရာခိုင်နှုံးသည် z-score တန်ဖိုး အနှုတ် (-၂.၅၈) မှ အပေါင်း (+၂.၅၈) ကြားတွင်ရှိနေသည်။ z-score ကို ဘုံစကေးအဖြစ်သုံးပြီး မတူညီသော ပြန့်နှံ့မှုများ ကို မတူညီသော ပျမ်းမျှတန်ဖိုးများ နင့် စံသွေဖီမှုတန်ဖိုးများ ဖြင့် နှိုင်းယှဉ်ကြည့်နိုင်သည်။
ကိုးကား – wiki.gis.com
z-tolerance
raster မှ TIN တင်သို့ ပြောင်းရာတွင် raster ရှိ ဆဲ ၏ z တန်ဖိုးနှင့် နှင့် TIN ပေါ်တွင် ထိုနေရာ ၌ ရှိသော z တန်ဖိုးအ ကြား ခွင့်ပြုထားသည့် လက်ခံနိင်သော အများဆုံးကွာခြားချက် ဖြစ်သည်။
ကိုးကား – wiki.gis.com
z-value
နေရာ တစ်ခုရှိ တန်ဖိုးတစ်ခုခု ဖြစ်သည် သို့သော် တည်နေရာပြ တန်ဖိုးမှ လွဲ၍ အခြား တန်ဖိုးဖြစ်သည်။ မြေပြင်နိမ့်မြင့်ပြ မော်ဒယ် တွင် z သည် အမြင့်ကို ကိုယ်စားပြုသည့်တန်ဖိုးဖြစ်သည်။ အခြား ကိစ္စများတွင် သိပ်သည်းမှု၊ အရေအတွက်၊ သို့မဟုတ် အခြားတစ်ခုခုဖြစ်နိုင်သည်။
ကိုးကား – wiki.gis.com
zenith – အထက်အရပ်
နတ္ခတ္တသိပ္ပံပညာ တွင် ကြည့်ရှုသူ ၏ ဦးခေါင်းပေါ်တည့်တည့်ရှိ ကောင်းကင် အမှတ် ဖြစ်သည်။ zenith နှင့် nadirကိုဆက်ထားသည့်မျဉ်းသည် ကြည့်ရှုသူ ကိုဖြတ်သွားသည်။ zenith သည် nadir မှ ၁၈၀ ဒီဂရီထောင့်ခြားသည့် အမှတ်ဖြစ်ပြီး မြင်နိုင်သည်။
ကိုးကား – wiki.gis.com
zenith angle
မြေတိုင်း တာမှုများ တွင် သုံးသည့်အသုံးဖြစ် သည်- ထောင်လိုက် မျက်နှာပြင်ပေါ်ရှိ မျဉ်းနှစ်ကြောင်း ဖြတ်ရာ တွင် ဖြစ်လာသည့်ထောင့် ဖြစ်သည်။ မြေတိုင်း ပစ္စည်း TPS instrument တွင် zenith ထောင့်များကို ထောင်လိုက် စက်ဝိုင်း ပေါ်တွင်ဖတ်ရှု နိုင်သည်။
ကိုးကား – wiki.gis.com
zenithal projection
စက်လုံးနှင့် စက်လုံးယောင်ပေါ်ရှိ အမှတ်များကို tangent သို့မဟုတ် secant အနေဖြင့် ရှိနေသည့် ပြင်ညီ ပေါ်သို့ ကျရောက်ရန် ပြုလုပ်ပေးသည့် အရိပ်ချမြေပုံဆွဲနည်းတစ်ခုဖြစ်သည်။ azimuthal projection ကို ပြင်ညီ planar အရိပ်ချခြင်း သို့မဟုတ် ဇီနစ် Zenithal အရိပ်ချခြင်းနည်းဟုလည်းခေါ်သည်။
ကိုးကား – wiki.gis.com
zero length line event – အလျားမဲ့လိုင်း
မျဉ်းအခြေခံ တည်နေရာ ချထားခြင်း (linear referencing) တွင် မျဉ်းတစ်ခု၏ အစမှတ်တန်ဖိုး (from-measure) နှင့် အဆုံးမှတ်တန်ဖိုး (to-measure) တူနေခြင်းဖြစ်သည်။ polygon တစ်ခု သည် လမ်းကြောင်း route တစ်ခုနှင့် ထိယုံသာ ထိပြီး ထပ်မနေပါက အလျား သုည မျဉ်း ရှိနိုင်သည်။
ကိုးကား – wiki.gis.com
ZIP Code
zone improvement plan ၏အတိုကောက် အသုံး။ အမေရိကန် စာတိုက်လုပ်ငန်း မှ တီထွင်အသုံးပြုသော ဂဏန်းငါးလုံး အခြေခံသည့် စာပို့သင်္ကေတ ဖြစ်သည်။ စာတိုက်လုပ်ငန်း၊ မြို့ပြချောပို့လုပ်ငန်းများ အတွက် နေရာပိုင်းခြားဖော်ပြသည့်စနစ်ဖြစ်သည်။
ကိုးကား – wiki.gis.com
ZIP+4 Code
မူလ ZIP code ကိုပိုကောင်းစေရန် မွန်းမံထားခြင်းဖြစ်သည်။ မူလ zip code ဂဏန်း ငါးလုံးအပြင် နောက်ထပ် ဂဏန်းလေးလုံးထပ်ထည့်ပြီး မြို့ဘလောက်၊ ရုံးအဆောက်အဦး သို့မဟုတ် အခြားအဆောက်အဦးများအဆင့်အထိ ခွဲခြားပြသပေးနိုင်ရန် ပြုလုပ်ပေးထားသည်။
ကိုးကား – wiki.gis.com
zonal analysis
အဝင် raster နှင့် ဇုံ အလွှာ တို့ ဖြတ်ရာတွင် ဇုံတစ်ခုချင်းအတွင်းကျရောက်နေသော ဆဲများ၏တန်ဖိုးကို လုပ်ဆောင်ချက်နည်းလမ်း တစ်ခုခုဖြင့် တွက်ချက်ပြီး raster ဖန်တီးသည့်နည်းဖြစ်သည်။ ဇုံအလွှာကို ဇုံတစ်ခုချင်း၏ အရွယ်အစား ပုံသဏ္ဌာန် နှင့် တည်နေရာ သတ်မှတ်ရန်အတွက်သာ အသုံးပြု ပြီး ဇုံတစ်ခုချင်းအတွင်းကျရောက်နေသော ဆဲလ် များတန်ဖိုး ကို raster အလွှာ မှရယူအသုံးပြုသည်။
ကိုးကား – wiki.gis.com
zonal functions
အဝင် raster နှင့် ဇုံ အလွှာ တို့ ဖြတ်ရာတွင် ဇုံတစ်ခုချင်းအတွင်းကျရောက်နေသော ဆဲများ၏တန်ဖိုးကို လုပ်ဆောင်ချက်နည်းလမ်း တစ်ခုခုဖြင့် တွက်ချက်ပြီး raster ဖန်တီးသည့်နည်းဖြစ်သည်။ ဇုံအလွှာကို ဇုံတစ်ခုချင်း၏ အရွယ်အစား ပုံသဏ္ဌာန် နှင့် တည်နေရာ သတ်မှတ်ရန်အတွက်သာ အသုံးပြု ပြီး ဇုံတစ်ခုချင်းအတွင်းကျရောက်နေသော ဆဲလ် များတန်ဖိုး ကို raster အလွှာ မှရယူအသုံးပြုသည်။
ကိုးကား – wiki.gis.com
zonal statistics – ဇုံ စာရင်းအင်းအချက်အလက်
ဇုံ အလွှာ မှ ဇုံတစ်ခုချင်း၏ စာရင်းအင်းအချက်အလက်များ တွက်ချက် ရာတွင် အခြားအလွှာ တစ်ခုဖြစ်သော raster dataset၏ ဆဲတန်ဖိုးများကို အခြေခံပြီးတွက်ချက်သည်။ ဇုံအလွှာ မှ သတ်မှတ်ပေးသော ဇုံတစ်ခုချင်းစီတွင် ကျရောက်နေသော ဆဲများ မှ တန်ဖိုးတစ်ခု တွက်ထုတ် ခြင်းဖြစ်သည်။ ဥပမာ မြို့နယ်တစ်ခုချင်း အတွက် အနည်းဆုံးအများဆုံးပျမ်းမျှ အပူချိန် ကို အပူချိန် နှင့် မြို့နည် နယ်နိမိတ် အလွှာ နှစ်ခုမှ ဇုံ စာရင်းအင်းအချက်အလက် နည်း ဖြင့် တွက်ချက်ရယူနိုင်သည်။
ကိုးကား – wiki.gis.com
zone – ဇုံ
တန်ဖိုးတူ ဆဲများ အစုဖြစ်သည်။ ယင်းဆဲများသည် တစ်ဆက်တစ်စပ်တည်း ရှိနိုင်သလို ကြားထဲတွင်ပြတ်တောက် နေသည်လည်း ရှိနိုင်သည်။
ကိုးကား – wiki.gis.com
zoning – ဇုံသတ်မှတ်ခြင်း
အစိုးရအုပ်ချုပ်မှုအောက်ရှိ နေရာဒေသများ အတွင်း အချို့သော မြေအသုံးချမှု ကိုခွင့်ပြုပေးရန် ဇုံ သတ်မှတ်သည့် လုပ်ငန်းဖြစ်သည်။ ဇုံခွဲခြင်း စည်မျဉ်းများတွင် ကျယ်ပြန့်သော ခွင့်ပြုနိုင်သည့် မြေအသုံးချမှုအမျိုးအစားများ ပါဝင်သည်။ ယင်းတို့မှာ – လူနေရပ်ကွက်၊ စီးပွားရေးလုပ်ငန်း၊ စိုက်ပျိုးရေး၊စက်မှုလုပ်ငန်းများ စသည်တို့ဖြစ်သည်။ ဇုံ စဉ်းမျဉ်းများ တွင် အဆောက်အဦးဆောက်လုပ်ခြင်းအတွက် အမြင့်၊ ခြံစည်းရိုးမှ အကွာအဝေး၊ ထည့်သွင်းရမည့် အနည်းဆုံးကာ ပါကင်အရွယ်အစား၊ အဆောက်အအုံ သိပ်သည်းဆ စသည်တို့အတွက် ကန့်သတ်ချက်များလည်း ပါဝင်နိုင်သည်။
ကိုးကား – wiki.gis.com

zoom
မြေပုံ သို့မဟုတ် ပုံရိပ် ၏ မြင်ကွင်း ကို ချုံ့ ချဲ့လုပ်ခြင်း။
ကိုးကား – wiki.gis.com

