GLIDE Number

သဘာဝ သို့မဟုတ် လူလုပ်ဘေးအန္တရာယ် တွေကျရောက်ပြီးနောက်မှာ ၎င်းဘေးအန္တရာယ် နဲ့ပတ်သက်တဲ့အချက်အလက်တွေ မြောက်များစွာထွက်ရှိ – ဥပမာ အပျက်စီး အထိအခိုက်စာရင်း၊ ပျက်စီးမှု ပြမြေပုံ နှင့်မှတ်တမ်းဓါတ်ပုံ video များ၊ ကယ်ဆယ်ကူညီထောက်ပံ့ရေးဆိုင်ရာ အချက်အလက်များ၊ ကနဦးကွင်းဆင်းမှတ်တမ်းများ စသည်ဖြင့် မြောက်များစွာရှိနိင်ပါတယ်။ တစ်ချိန်ထဲမှာ ကမ္ဘာ့နေရာ အနှံအပြားမှာ ဘေးအန္တရာယ်မျိုးစုံကကျရောက်လျက်ရှိပါတယ်။ ဒီအခါမှာ လိုချင်တဲ့ အချက်အလက်တွေကို ရှာဖွေဖို့ ရယူဖို့ဟာ အချိန်ပေးရှာဖွေရပြီး လက်ဝင်လှပါတယ်။ ဒေတာတွေကလည်း အဖွဲ့အစည်းမျိုးစုံမှ တစ်ကွဲတစ်ပြားရှိနေတတ်သလို အထူးသဖြင့်နိုင်ငံတစ်ခုထဲမှာ ဘေးကျရောက်ခဲ့တဲ့ ဘေးအန္တရာယ် တစ်ခုနဲ့ တစ်ခုကို ကွဲပြားအောင်ပြောဆိုဖော်ပြဖို့ဟာလည်း အတော်မျက်စိလည်စေပါတယ်။

ဒီအခက်အခဲကို ကျေ်လွှားဖို့ အာရှဘေးအန္တရာယ်လျော့ချ‌ရေးဗဟို (Asian Disaster Reduction Center – ADRC) အဖွဲ့ က တစ်ကမ္ဘာလုံးအသုံးပြုနိုင်မည့် ဘေးအန္တယ်ရာယ်သီးသန့်ကုဒ်များ (Unique ID code) ကိုအသုံးပြုဖို့ အကြံပြုခဲ့ပါတယ်။ ဒီအကြံပြုချက်ကို ကူးစက်ရောဂါဘေးသုတေသနဗဟိုဌာန (Centre for Research on the Epidemiology of Disasters (CRED) of the University of Louvain in Brussels (Belgium))၊ OCHA/ReliefWeb, OCHA/FSCC, ISDR, UNDP, WMO, IFRC, OFDA-USAID, FAO, La Red နဲ့ ကမ္ဘာ့ဘဏ် စသည့် ဖွဲ့အစည်းများကလည်းလက်ခံသဘောတူခဲ့ကြပြီး “ဘေးအန္တရာယ်ကုဒ်” GLIDE (Global Unique Disaster Identifier)  အစီအစဉ်ကို စတင်ခဲ့ကြပါတယ်။

GLIDE နံပါတ်ဆိုတာဘာလဲ?

GLIDE (Global Unique Disaster Identifier) နံပါတ်ဟာ သဘာဝ/လူလုပ် ဘေးအန္တရာယ်တစ်ခုချင်းစီအတွက် အသုံးပြုတဲ့ ကမ္ဘာတစ်ဝှမ်းတစ်ပြေးညီ ကွဲပြားအောင်ခွဲခြားနိုင်တဲ့ နံပါတ်တစ်ခုဖြစ်ပါတယ်။ ဒါဟာ ဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များကို သုံးစွဲသူများအကြား ထပ်ခါတလဲလဲဖြစ်ခြင်းကို တားဆီးရန်နှင့် သတင်းအချက်အလက်များကို ပေါင်းစည်းဖော်ပြနိုင်ရန်အတွက် အသုံးဝင်ပါတယ်။

GLIDE နံပါတ်ကိုဘယ်လိုဖွဲ့စည်းထားလဲ?

GLIDE နံပါတ်မှာ အောက်ပါအစိတ်အပိုင်းများ ပါဝင်ပါတယ် – DT YYYY- UUUUUU-CCC

  • DT – ဘေးအမျိုးအစား (Disaster Type Code): ဘေးအန္တရာယ်အမျိုးအစား ကုဒ် (ဥပမာ – TC ဆိုတာ Tropical Cyclone) – အက္ခရာ နှစ်လုံး
  • YYYY – ခုနှစ်: ဘေးအန္တရာယ်ဖြစ်ပွားသည့်နှစ် (ဥပမာ – 2008) – ဂဏန်းလေးလုံး
  • UUUUUU – သီးသန့်နံပါတ် (Unique Identifier): တစ်နှစ်အတွင်း ဖြစ်ပွားခဲ့သောဘေးအန္တရာယ်အဖြစ်အပျက်များကို အစဉ်လိုက် ပေးထားသည့် အတူမရှိ နံပါတ်တစ်ခု ဖြစ်သည် – ဂဏန်းခြောက်လုံး
  • CCC – နိုင်ငံကုဒ် (Country Code): ISO 3166-1 alpha-3 နိုင်ငံကုဒ် (ဥပမာ – MMR ဆိုတာ မြန်မာနိုင်ငံ) – အက္ခရာ သုံးလုံး

ဥပမာအားဖြင့် –

GLIDE: TC-2008-000057-MMR ဆိုရင် 2008 ခုနှစ်၊ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အပူပိုင်းဆိုင်ကလုံး (နာဂစ်) ဘေးအန္တရာယ် ဖြစ်ပါတယ်။

GLIDE: EQ-2025-000001-ETH  ဆိုရင် 2025 ခုနှစ် ဇန်နဝါရီ ၄ ရက် အီသီယိုးပီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မဂ္ဂနီကျု ၅.၈ ရှိသည့် ငလျင်ဘေးအန္တရာယ် ဖြစ်ပါတယ်။

GLIDE: EQ-2025-000043-MMR ဆိုရင် 2025 ခုနှစ် မတ်လ ၂၈ မြန်မာနိုင်မှာ ဖြစ်ပွားခဲ့တဲ့ မဂ္ဂနီကျု ၇.၇ ရှိသည့် ငလျင်ဘေးအန္တရာယ် ဖြစ်ပါတယ်။

GLIDE: EQ-2025-000043-THA ဆိုရင် 2025 ခုနှစ် မတ်လ ၂၈ မြန်မာနိုင်ငံထဲမှာ ဗဟိုပြုတဲ့ မဂ္ဂနီကျု ၇.၇  ငလျင်ကြောင့် ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ငလျင်ဘေးဖြစ်ပါတယ်။

Disaster Type Codes

  • AC – Tech. Disaster – လူလုပ်ဘေး
  • AV – Snow Avalanche – နှင်းတောင်ပြို
  • CW – Cold Wave – အအေးလှိုင်း
  • CE – Complex Emergency – အရေးပေါ်အခြေအနေ
  • DR – Drought – မိုးခေါင်
  • EQ – Earthquake – ငလျင်
  • EP – Epidemic – ရောဂါ
  • EC – Extratropical Cyclone – ထူးကဲအပူပိုင်းဆိုင်ကလုံးမုန်တိုင်း
  • ET – Extreme temperature (use CW/HW instead) – အပူ/အအေးလွန်ကဲမှု (၎င်းအစား အအေးလှိုင်း/အပူလှိုင်း ကိုအသုံးပြုပါ)
  • FA – Famine (use other “Hazard” code instead) – အငတ်ဘေး (၎င်းအစား အခြားဘေး ကိုအသုံးပြုပါ)
  • FR – Fire – မီး
  • FF – Flash Flood – လျှပ်တစ်ပျက်ရေကြီး
  • FL – Flood – ရေကြီး
  • HT – Heat Wave – အပူလှိုင်း
  • IN – Insect Infestation – အင်းဆက်ကျရောက်
  • LS – Land Slide – မြေပြို
  • MS – Mud Slide – ရွှံ့ပြို
  • OT – Other – အခြား
  • ST – SEVERE LOCAL STORM – ပြင်းထန်ကွက်ကြားမုန်တိုင်း
  • SL – SLIDE (use LS/ AV/MS instead) ပြို (၎င်းအစား မြေပြို/နှင်းတောင်ပြို/ရွှံစီးကြောင်း ကိုအသုံးပြုပါ)
  • SS – Storm Surge – မုန်တိုင်းဒီရေ
  • TO – Tornadoes – တိုနေဒိုးမုန်တိုင်း
  • TC – Tropical Cyclone – အပူပိုင်းမုန်တိုင်း
  • TS – Tsunami – ဆူနာမီ
  • VW – Violent Wind – လေပြင်းတိုက်
  • VO – Volcano – မီးတောင်ပေါက်
  • WV – Wave/Surge(use TS/SS instead) လှိုင်းဒီရေ (၎င်းအစား မုန်တိုင်းဒီရေ/ဆူနာမီ ကိုအသုံးပြုပါ)
  • WF – Wild fire – တောမီး

GLIDE ကုဒ် ကိုဘယ်သူတွေသုံးသင့်လဲ?

သဘာဝ/လူလုပ် ဘေးအန္တရာယ်များအပေါ် သုတေသနလုပ်နေသူများ၊ ဘေးအန္တရာယ်လျောချရေး DRR (Disaster Risk Reduction) လုပ်ငန်းများတွင် ပါဝင်သူများ၊ ဒေတာစုစည်းမှုများကို စနစ်တကျ စီမံထားလိုသူများအတွက် GLIDE နံပါတ် အသုံးပြုခြင်းသည် တစ်ကမ္ဘာလုံးတစ်ပြေးညီအသုံးပြုသော အချက်အလက်တစ်ခုအဖြစ်သည့်အတွက်အရေးကြီးပါသည်။

GLIDE number ထည့်သွင်းအသုံးပြုထားသည့် ဥပမာ အချို့ –

Myanmar: Earthquake – Mar 2025 | ReliefWeb

UNOSAT Map (Nargis)

GLIDE Number ဝက်ဆိုက် – https://glidenumber.net

ကမ္ဘာတစ်ဝှမ်း ဖြစ်ပျက်ခဲ့သော ဘေးအန္တရာယ်များ အတွက် GLIDE number များကို https://glidenumber.net ဝက်ဆိုက်တွင်ရှာဖွေနိုင်ပါသည်။ ဤဝက်ဆိုက်ကိုဝင်ကြည့်လျင်အောက်ပါအတိုင်းမြင်ရပါမည်။

မြန်မာနိင်ငံတွင်ဖြစ်ပျက်ခဲ့သော ဘေးအန္တရာယ်များအတွက် GLIDE number များကို ရှာလိုလျင် Select Country တွင်  Myanmar နှင့် Select Event တွင် Any ကိုရွေးပြီးရှာနိင်ပါသည်။ GLIDE number site တွင် မြန်မာနိုင်ငံမှာ ၁၉၃၀ ခုနှစ်ကစတင်ဖြစ်ပွားခဲ့တဲ့ ငလျင်‌ဘေး မှ စပြီး ယခုအချိန်ထိ (၂၀၂၅ ဧပြီ ၁၆ ထိ) ဖြစ်ပွားခဲ့တဲ့ ဘေးအန္တရာယ်ပေါင်း ၈၀ အတွက် GLIDE number  များကိုရှာဖွေတွေ့ရှိနိုင်ပါတယ်။

သင်/သင့်အဖွဲ့အစည်းက ဘေးအန္တရာယ်တစ်ခုခုနဲ့ပါတ်သက်တဲ့အချက်အလက်များကို အခြားသူများနဲ့မျှဝေအသုံးပြုဖို့ရည်ရွယ်တယ်ဆိုရင် metadata မှာ GLIDE number ကိုထည့်သွင်းဖော်််ပြသင့်ပါတယ်။

 

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details