GNSS နှင့် GPS ဘာတွေကွဲပြားခြားနားသလဲ?

image:gisgeography.com

GNSS နှင့် GPS .. ဘာတွေ ကွဲပြားခြားနားသလဲ။

GNSS ဆိုသည်မှာ Global Navigation Satellite System ကမ္ဘာလုံးဆိုင်ရာ လမ်းညွှန် ဂြိုဟ်တုစနစ် ဖြစ်ပါသည်။ GNSS ဆိုသည်မှာ အမျိုးမျိုးသော လမ်းညွှန်ဂြိုဟ်တုစနစ်များကို လွှမ်းခြုံပေးထားသော အမည်ဖြစ်ပါသည်။ ၄င်းအောက်တွင် GPS ပါဝင်သကဲ့သို့ အခြားသော စနစ်များလည်း ပါဝင်ထားသည်။

အထူးသဖြင့် GPS (Global Positioning System) ဆိုသည်မှာ အမေရိကန်နိုင်ငံမှ ဖန်တီး ထုတ်လုပ်ထားသော စနစ်ဖြစ်ပြီး၊ GNSS သည် ကမ္ဘာလုံးဆိုင်ရာ စနစ်များ အားလုံးကို လွှမ်းခြုံ ထား‌ သော စနစ် ဖြစ်ပါသည်။ ဥပမာအားဖြင့် ဥရောပ ၏ Galileo၊ ရုရှား၏ GLONASS နှင့် တရုတ်၏ BeiDou စနစ်များပါဝင်ပါသည်။ ထို့ကြောင့် GPS သည် GNSS ၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါသည်။

GPS Trilateration (image:gisgeography.com)

ဥပမာတခုအနေဖြင့် သင့်မှာ GNSS ကို အသုံးပြုနိုင်သော မိုဘိုင်းဖုန်း ရှိသည်ဆိုပါစို့။ ဒါက GPS စနစ်အပြင် အခြားကွန်ယက်များကိုပါ အသုံးပြု နိုင်တယ်လို့ ဆိုလိုပါသည်။  GNSS ကို အသုံးပြုနိုင်သော ကိရိယာများ ရှိခြင်းသည် သင့်ပစ္စည်းကို ပိုမိုယုံကြည်စိတ်ချရပြီး ပိုမိုတိကျမှန်ကန်စေပါသည်။ 

GPS ထက် GNSS ရဲ့ အားသာချက်များက ဘာတွေလဲ။

GNSS က ပိုမိုကြီးမားသောဂြိုဟ်တု ကွန်ယက်ကို အသုံးချပြီး ကမ္ဘာလုံးဆိုင်ရာ ‌တည်နေရာပြ ဝန်ဆောင်မှု ‌ပေးနိုင်တာကြောင့် GNSS က တိကျမှန်ကန်မှု (accuracy) နဲ့ ယုံကြည်စိတ်ချရမှု (reliability) ကို ပိုမိုကောင်းမွန်စေပါသည်။

အောက်ပါဇယားတွင် GNSS နှင့် GPS တို့၏ ကွာခြားချက်များကို ဖော်ပြထားပါသည်။ 

အင်္ဂါရပ်/လက္ခဏာGNSSGPS
အမည်အပြည့်အစုံGlobal Navigation Satellite SystemGlobal Positioning System
မူရင်း
နိုင်ငံပေါင်းစုံ (အပြည်ပြည်ဆိုင်ရာ)

အမေရိကန်
ဂြိုဟ်တုစနစ်များGPS, Galileo, GLONASS, BeiDou စသည့် စနစ်များပါဝင်ခြင်းစနစ်တစ်ခုတည်းသာ
ဂြိုဟ်တုအရေအတွက်စနစ်အမျိုးမျိုးမှ ဂြိုဟ်တု ၁၀၀ ကျော် ပါရှိခြင်းဂြိုဟ်တု ၃၁ လုံးသာ
လွှမ်းခြုံနိုင်မှုကမ္ဘာလုံးဆိုင်ရာ၊ ဂြိုဟ်တုများ ပိုမို များသောကြောင့်ပိုမိုလွှမ်းခြုံနိုင်ခြင်း ကမ္ဘာလုံးဆိုင်ရာ၊ သို့သော် တချို့နေရာ များတွင် တိကျမှုနည်းနိုင်ခြင်း
တိကျမှန်ကန်မှုဂြိုဟ်တုများပိုများခြင်းကြောင့် ပိုမိုတိကျခြင်းတိကျမှုမြင့် သို့သော်လည်း အခက်အခဲ ရှိသည့် နေရာများတွင် တိကျမှု အကန့်အသတ်မှု ရှိနိုင်ခြင်း
အသုံးချနိုင်သည့် နယ်ပယ် များလမ်းညွှန်ခြင်း၊ စစ်ရေးစစ်ရာ၊ သိပ္ပံဆိုင်ရာ သုတေသန စသည့် နယ်ပယ် များတွင် ကျယ်ပြန့် အသုံးချခြင်းလမ်းညွှန်ခြင်း၊ စစ်ရေးစစ်ရာနှင့် ပြည်သူလူထု အသုံးအများဆုံးဖြစ်ခြင်း
အသုံးပြုနိုင်မှုစနစ်အမျိုးမျိုးကို အသုံးပြုနိုင်ပြီး အပိုဆောင်အာမခံနှင့် တိကျမှန်ကန်မှု ရှိခြင်း စနစ်တစ်ခုသာ အသုံးပြုနိုင်ခြင်း 
အသုံးပြုနိုင်ရန်လိုအပ်ချက်များဂြိုဟ်တုစနစ်အမျိုးမျိုးကို ဖမ်းယူနိုင်သော receiver လိုအပ်ခြင်းGPS အတွက်သာ သီးသန့်လက်ခံသော receiver လိုအပ်ခြင်း
အသုံးပြုသူများတိကျမှန်ကန်မှုမြင့်မားစွာလိုအပ်သည့် လမ်းညွှန်စနစ် နှင့် အချိန်မှတ်စနစ် လိုအပ်သူများအတွက်ကမ္ဘာအနှံ့ နယ်ပယ်အနှံ့အသုံးပြုသူ အများစု အတွက် 

 GNSS ၏ လွှမ်းခြုံနိုင်မှုကြောင့် GNSS သည် ပိုမိုတိကျသော ‌နေရာဒေတာ ကို ပေးနိုင်သည်။ အထူးသဖြင့် မြို့ကြီးများနှင့် အဆောက်အဦများစွာရှိသောနေရာများတွင် GNSS သည် ဂြိုဟ်တုများများ နှင့် ချိတ်ဆက်နိုင်သည့်အတွက် ပိုကောင်းမွန်သော လမ်းညွှန်နိုင်မှုကို ပေးနိုင်သည်။

အကျဉ်းချုပ် – GPS နှင့် GNSS 

GPS ကဂြိုဟ်တု ၃၁ လုံး ဖြင့် လုပ်ဆောင်သော်လည်း၊ GNSS က စနစ်အမျိုးမျိုးမှ ဂြိုဟ်တု၁၀၀ ကျော် ကို အသုံးချနိုင်သည့် အားသာချက် ရှိသည်။ ထို့ကြောင့် GNSS ၏ လွှမ်းခြုံမှုသည် GPS ထက် ပိုကျယ်ပြန့်သည်။

ထို့ကြောင့် GPS သည် လူသိများနေသော်လည်း၊ GNSS သည် အသုံးပြုသူများအတွက် တိကျမှုပိုမိုမြင့်မားသည့် အကျိုးရရှိစေပါသည်။ ဤစနစ်ပေါင်းစုံပေါင်းစည်းမှု (GNSS) ကြောင့် ရပ်ဝေး နေရာများအပါအဝင် နေရာဒေသအားလုံးတွင် တည်‌နေရာတိကျမှန်ကန်မှု အမြင့်ဆုံး ကို ရရှိစေပါသည်။

မူရင်းဆောင်းပါး https://gisgeography.com/gnss-vs-gps/ မှ တိုက်ရိုက် ဘာသာပြန်သည်။

 

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details