အသွင်တူ Landsat and Sentinel-2 ပုံများ

Harmonized Landsat and Sentinel-2 | NASA Earthdata ကိုဘာသာပြန်ထားပါသည်

The Harmonized Landsat and Sentinel-2 (HLS) project  ဟာ နာဆာဂေါဒ်ဒ့ အာကာသ ပျံသန်းရေးစင်တာ (NASA’s Goddard Space Flight Center) ရဲ့ တိုးချဲ့ သုတေသနလုပ်ငန်းတစ်ခုဖြစ်ပါတယ်။

ဒီလုပ်ငန်းရဲ့ ရည်ရွယ်ချက်ကတော့ Landsat 8 နဲ့ Landsat 9 က ဒေတာတွေရယ် ဥရောပအာကာသအေဂျင်စီ (ESA) က Sentinel-2A, Sentinel-2B, Sentinel-2C တွေက ဒေတာတွေရယ် ပေါင်းပြီး အသွင်တူ (harmonized) ၊ အသုံးပြုရန်အဆင်သင့် (analysis-ready) Surface Reflectance Product ကို (၂) ရက် (၃) ရက်တစ်ခါ ထုတ်လုပ်ဖို့ဖြစ်ပါတယ်။

စိုက်ပျိုးရေးဆိုင်ရာလေ့လာစောင့်ကြည့်ခြင်းနှင့် မြေပြင်ဖုံးလွှမ်းမှုအမျိုးအစားခွဲခြားခြင်းလုပ်များကို အ‌ထောက်အပံ့ ဖြစ်စေသည့် စိုက်ခင်းများ နှင့် မြေပြင်အစိတ်အပိုင်းများ ၏ အချိန်တိုအတွင်းပြောင်းလဲမှုများကိုလေ့လာရန် Landsat ကဲ့သို့အလားတူ ဂြိုဟ်တုပုံများရက်စိတ်စိတ်ပိုမိုရိုက်ကူးနိုင်ရန်လိုအပ်ချက်ကို ၂၀၁၆ လေ့လာချက်တွင် အစိုးရအေဂျင်စီများနှင့် အသုံးပြုသူများက တင်ပြခဲ့ကြပါတယ်။ အလယ်အလတ် ကြည်လင်ပြတ်သားမှုရှိပြီး အမြင် နှင့် အပူရောင်စဉ်ပုံရိပ်များကိုစိတ်စိတ်ရိုက်ကူးဖိုလိုအပ်ပါတယ်။ Landsat 8 နှင့် Landsat 9 ၏ OLI sensor  နှင့် Sentinel-2 ၏ MSI sensor တို့ကဖမ်းယူတဲ့ ရောင်စဉ်လှိုင်းများဆင်တူနေတဲ့ည့်အတွက် ၎င်းsensorများကရိုက်ကူးသောdata များပေါင်းပြီးအသုံးပြုနိင်သည့်အခွင့်လမ်းကောင်းတစ်ခုရှိနေပါတယ်။

စောစောပိုင်း HLS science team ကထုတ်လုပ်ခဲ့သော HLS data product များဟာ မြောက်အမေရိကနှင့် အခြားရွေးချယ်ထားသည့်နေရာအချို့အတွက်သာ လွှမ်းခြုံခဲ့သည်။ လက်ရှိဗားရှင်းမှာ  cloud-based software stack ဖြစ်ပြီး အန္တာတိကမှလွဲပြီး ကျန်ကမ္ဘာ့ကုန်းမြေအကုန်လွှမ်းခြုံပါတယ်။

HLS project မှ ဒေတာနှစ်မျိုးထုတ်လုပ်ပါတယ်။ L30 သည် Landsat 8 and Landsat 9 တို့၏ ဒေတာမှဖန်တီးထုတ်လုပ်ခြင်းဖြစ်ပြီး S30 သည် Sentinel-2 data ကိုအသုံးပြုထုတ်လုပ်ထားခြင်းဖြစ်တယ်။ ၎င်းထုတ်ကုန်များကို Earthdata search နှင့် LP DAAC site များမှ တဆင့်ရယူနိုင်ပါတယ်။ Earthdata Forum for HLS ဖိုရမ်တွင် ၎င်းထုတ်ကုန်များနှင့်ပါတ်သက်ပြီး မှတ်ချက် နှင့် အကြံပြုချက်များပေးပို့နိုင်တယ်။

ကုန်းမြေစောင့်ကြည့်မှု အစွမ်းကိုတိုးတက်စေခြင်း

HLS product များသည် လက်ရှိ အများပြည်သူအသုံးပြုနိုင်သည့် ကုန်းမြေစောင့်ကြည့်မှုလုပ်ငန်းများကိုများစွာတိုးတက်စေပါတယ်။ အထူးသဖြင့် အကြိမ်ရေမြန်မြန် လေ့လာမှု ပြုလုပ်နိုင်ခြင်းဖြစ်တယ်။ ဤပူးပေါင်းမှုက Landsat 8/ 9 ၏ ပုံရိပ်များ နှင့် Sentinel-2A/B/C ၏ ပုံရိပ်များကို sensor တစ်ခုတည်းကနေပဲ အကုန်ရိုက်ကူးထားသလိုမျိုး သဘောထားပြီးအသုံးပြုနိုင်စေပါတယ်။ HLS project မှထုတ်ကုန်များဖြင့် ကုန်းမြေလေ့လာမှုများကို ကြင်လင်ပြတ်သားမှု 30 meter ဖြင့် (၂) ရက် (၃)ရက်ခြားတစ်ခါပြုလုပ်နိုင်စေပါတယ်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ မှစပြီး HLS vegetation index (VI) ထုတ်ကုန်များကိုစတင်မိတ်ဆက်ပေးခဲ့ပါတယ်။ စောင့်ဆိုင်းချိန်တိုသည့် low-latency HLS products များကို ၂၀၂၅ ခုနှစ်ကုန်ပိုင်းလောက်တွင် စတင်အသုံးပြုနိုင်မည်ဟုယူဆရပါတယ်။

ပူးပေါင်းဆောင်ရွက်မှု

 HLS project ကို နာဆာ နှင့် USGS နှင့် ESA တို့အပါဝင် အခြားပြင်ပ အဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ကြပါတယ်။

အမည်ပေးစနစ်

ဖိုင်အမည်တွင် အသုံးဝင်မည့်သတင်းအချက်အလက်များပါဝင်ပါတယ်
ဖိုင်နမူနာ – HLS.S30.T60HTE.2022103T222539.v2.0.B01

  • HLS.S30 – Product Short Name
  • T60HTE– MGRS Tile ID (T+5-digits)
  • 2022103– ရိုက်ကူးသည့်ရက်စွဲ (YYYYDDD)
  • T222539– ရိုက်ကူးသည့်အချိန် (HHMMSS)
  • v2.0 – Collection Version
  • B01 – Band နံပါတ် – Spectral Band, Angle Band, or Vegetation Index
  • tif – Data Format (Cloud Optimized GeoTIFF)

ပုံရိပ်အကွက်စနစ်

Sentinel-2 ၏စနစ်နှင့်အတူတူဖြစ်သည်။ အရွယ်အစားမှာ ၁၀၉.၈ တုရန်းကီလိုမီတာဖြစ်ပါတယ်။ တစ်ဖက်ကပ်လျက်ပုံအကွက်နှင့် ၄၉၀၀ မီတာခန့် ကျော်ထပ်မှု ရှိပြီး ဤအကွက်အမည်ပေးနည်းသည်  စစ်ဖက်သုံးဂရစ်စနစ် (MGRS) နည်းနှင့် နှင့် ကိုက်ညီပါတယ်။ အကွက်အမည်များသည် Universal Transverse Mercator (UTM) စနစ်မှဆင်းသက်ပါတယ်။ UTM Zone တစ်ခုဟာ အကျယ်(lon) 6 degree ရှိပြီး UTM sub zone တစ်ခုသည် အကျယ်(lon) 6 degree နှင့် အမြင့်(lat) 8 degree ရှိပါတယ်။ Sub zone တစ်ခုတွင် 110km x 110 km ရှိ  MGRS zone များထပ်မံပိုင်းထားပါတယ်။

ဒေတာတွက်ချက်ခြင်း

ကိရိယာအမျိုးအစားမတူခြင်းကြောင့်ဖြစ်ပေါ်သည့် ကွဲပြားမှုများကိုဖယ်ရှားရန်ရည်ရွယ်ချက်ဖြင့် radiometric and geometric  ချိန်ညှိမှု များပါဝင်တဲ့ တွက်ချက်မှုလုပ်ငန်းစဉ်တစ်ခုကိုအသုံးပြုထားပါတယ်။

Landsat 9/9 မှ Collection 2 Level 1T TOA data နှင့် Sentinel-2 မှ L1C TOA data များကို HLS processing တွင်အသုံးပြုထားပါတယ်။ surface reflectance သို့ပြောင်းလဲခြင်း၊ BRDF ခြားနားမှုများကို ညှိခြင်း နှင့် လှိုင်းများအကြားခြားနားမှုများကို ညှိခြင်းတို့ပါဝင်ပါတယ်။

ဒေတာအကြောင်း

ဒေတာအကြောင်းဖော်ပြချက်နှစ်ခုပါဝင်တယ်။  COG metadata – tif file အတွင်းတွင်ပါသည့် metadata  နှင့် ECS metadata – ဖိုင်သီးသန့်ဖြင့်ဖော်ပြထားသည့်  metadata တို့ဖြစ်ပါတယ်။ metadata  တွင် အောက်ပါအချက်အလက်များပါဝင်ပါတယ်..

  • The ULX – ဘယ်အပေါ်ထောင့်၏ X-coordinate
  • The ULY – ဘယ်အပေါ်ထောင့်၏ Y-coordinate
  • The NCOLS –  number of columns – ကော်လံအရေအတွက်
  • The NROWS-  number of rows – ရိုးအရေအတွက်
  • The DATASTRIP_ID –  SAFE (Sentinel Standard Archive Format for Europe) file for the HLSS30 product.
  • The HORIZONTAL_CS_CODE – projection in EPSG code
  • The HORIZONTAL_CS_NAME – projection name

အခြားရင်းမြစ်များ

 

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details