
Raster/Image file များသည် အရွယ်အစားကြီးမားသောကြောင့် ၎င်းတို့ကို သိမ်းဆည်းသောအခါ နေရာယူမှုနည်းစေရန် နှင့် သွက်လက်မြန်ဆန်စွာ အလုပ်လုပ်ဆောင်နိုင်စေရန် တခါတရံတွင် file အရွယ်အစားလျော့ချခြင်း လုပ်ဆောင်ရန် လိုအပ်ပါသည်။ ဤနေရာတွင် ဖိုင်အရွယ် အစားလျော့ချသည် ဆိုသည်မှာ အများရင်းနှီးသည့် zip ဖိုင်ပြုလုပ်ခြင်းကိုမဆိုလိုပါ။ file format အတွင်းထည့်သွင်းဖန်တီးပေးထားသည့်ဖိုင်အရွယ်ချုံ့သည့် နည်းလမ်းများ ကိုဆိုလိုခြင်းဖြစ်သည်။
မိမိအသုံးပြုလိုသော လိုအပ်ချက်ပေါ်မူတည်ပြီး (ဥပမာ ပုံ၏အရည်အသွေး၊ ဖိုင်အရွယ်အစား၊ မြန်မြန်ဆန်ဆန် အလုပ်လုပ်ဆောင်နိုင်မှု စသဖြင့်) အရွယ်အစားလျော့ချခြင်း နည်းလမ်းအမျိုးမျိုးကို အသုံးပြုနိုင်ပါသည်။ အောက်တွင် အသုံးများသော compression method အမျိုးအစားများကို ဖော်ပြပေးသွားပါမည်။
Compression type – ဖိုင်ချုံ့ခြင်းနည်းလမ်း ကို အဓိကအားဖြင့် အုပ်စုကြီးနှစ်ခုအဖြစ်ခွဲနိုင်ပါသည်
1. Lossless compression – ဒေတာအရည်အသွေးပြောင်းလဲမှုမရှိသော အရွယ်အစားလျော့ချနည်းများ
RLE (Run-Length Encoding) – အစဉ်လိုက်ဆက်တိုက်ဖြစ်နေပြီး ထပ်ခါထပ်ခါပါနေသော တန်ဖိုးများကို ရေတွက်ပြီး တစ်ခုတည်းအဖြစ် သတ်မှတ်ပါသည်။ အရောင်တစ်မျိုးတည်းဖြင့် ဧရိယာအကျယ်ကြီးပါသော ရိုးရှင်းသော ဓာတ်ပုံများတွင် အသုံးတည့်ပါသည်။
LZW (Lempel-Ziv-Welch) – ထပ်ခါထပ်ခါပါနေသော data များကို dictionaryတစ်ခုအသုံးပြုသိမ်းဆည်းသည့် နည်းတစ်ခုဖြစ်ပါသည်။ TIFF file များတွင် အသုံးပြုပါသည်။
Deflate – LZ77 နှင့် Huffman coding တို့ကိုပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။ PNG နှင့် GeoTIFF format များတွင် အသုံးပြုပါသည်။
PackBits – RLE နှင့်ဆင်တူပါသည် သို့သော် အချို့သောကိစ္စများတွင် ပိုမိုကောင်းမွန်ပါသည်။ TIFF file များတွင် အသုံးပြုပါသည်။
BZip2 – Burrows-Wheeler transform နှင့် Huffman coding ကိုအသုံးပြုပါသည်။ ဖိုင်အရွယ်အစားလျော့ချခြင်းတွင် DEFLATE နည်းထက် ပိုကောင်းပါသည်။ သို့သော် ပိုနှေးပါသည်။
အသုံးပြုရမည့်အချိန်
ဆင််ဆာမှဖမ်းယူရရှိသော တန်ဖိုးများကို မပြောင်းလဲစေလိုသော အခါတွင် သုံးရပါမည်။ ဒေတာတန်ဖိုးများ ပြောင်းလဲသွားပါက နောက်ဆက်တွဲ တွက်ချက်မှုများတွင် သက်ရောက်မှုရှိနိုင်သည့်အတွက်ဖြစ်သည်။ Satellite image များ၊ DEM များ၊ Weather data များ အတွက်အသုံးပြုနိုင်ပါသည်။
2. Lossy compression – ဒေတာအရည်အသွေးပြောင်းလဲမှုရှိသော အရွယ်အစားလျော့ချနည်းများ
JPEG – discrete cosine transform (DCT) နည်း ကိုအသုံးပြုပြီး ဓာတ်ပုံ၏အရွယ်အစားကို လျော့ချပါသည်၊ သို့သော် အချို့သောအသေးစိတ်များ ပျောက်ကွယ်သွားနိုင်ပါသည်။ ထိုကဲ့သို့ အသေးစိတ်အရည်အသွေး ပျောက်ဆုံးမှု အရေးမကြီးသော ပုံများတွင် JPEG ကိုအသုံးများပါသည်။ ဥပမာ scanned maps, thematic maps.
JPEG 2000 – အရွယ်အစားလျော့ချခြင်း ပိုမိုကောင်းမွန်သော JPEG အမျိုးအစားတစ်မျိုးဖြစ်ပါသည်။ ဒေတာမပြောင်းဲစေပဲ အရွယ်အစားလျော့ချခြင်း နှင့် ၊ ဒေတာပြောင်းလဲကာ အရွယ်အစားလျော့ချခြင်း နည်းနှစ်မျိုး ကိုရွေးချယ်အသုံးပြုနိုင်ပါသည်။ ဓာတ်ပုံအကြီးကြီးများတွင် အသုံးပြုပြီး GIS နယ်ပယ်မှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုပါသည်။
Wavelet နည်းသည်လည်း ဒေတာအရည်အသွေးပြောင်းလဲမှု ရှိသောနည်းလမ်းဖြစ်သည် သို့သော် jpeg ထက် အရွယ်အစားချုံ့နိုင်သည့်အချိုးကြီးမားပြီး မူလပုံ၏အရည်အသွေး ထိခိုက်မှုနည်းပါးသည်။ wavelet နည်းကိုအသုံးပြုသော image ဖိုင်များ – Multiresolution Seamless Image Database (MrSID) – Wavelet အရွယ်အစားလျော့ချခြင်း ကိုအသုံးပြုသော format အမျိုးအစားဖြစ်ပါသည်။ သိမ်းဆည်းရတာ အရွယ်အစားသက်သာပြီး ပြန်လည်ပြင်ဆင်ရတာ မြန်ဆန်စေသောကြောင့် အရွယ်အစားကြီးမားသော raster dataset များတွင် မကြာခဏဆိုသလို အသုံးပြုပါသည်။ Enhanced Compressed Wavelet (ECW) – ERDAS ကဖန်တီးထားတာဖြစ်ပြီး MrSID နှင့် ဆင်တူပါသည်။ အရွယ်အစားကို သိသိသာသာ လျော့ချပေးပြီး မြန်မြန်ဆန်ဆန် မူရင်းအတိုင်း ပြန်လုပ်နိင်ပါသည်။
အသုံးပြုရမည့်အချိန်
Pixel များ၏တန်ဖိုးများအနည်းငယ်ပြောင်းလဲသွားသော််််လည်း အသုံးပြုရာတွင် ပြဿနာမရှိသည့်လုပ်ငန်းများ ဥပမာ – ဝက်ဆိုက်တွင်အသုံးပြုမည့် ဓါတ်ပုံများ၊ ပရင့်ထုတ်မည့်မြေပုံများ၊ စကင်မြေပုံများ၊ ကောင်းကင်ဓါတ်ပုံများ။ ၎င်းဖိုင်များကို pixel တန်ဖိုးများကို တွက်ချက်သည့် analysis များ မလိုသည့် webpage, basemap services, digitizing, mosaicking, printing များတွင်အသုံးပြုကြသည်။
နမူနာ file format များ
No compression – မည်သည့်နည်းမျှမသုံးသည့် file format များ – BMP, DAT (envi), BIL, BIP, BSQ။ ၎င်းတို့ကို zip ဖိုင်ပြုလုပ်ပါ အရွယ့်သွားပါမည်။
Lossless compression နည်းလမ်း အသုံးပြုသည့် file format များ – PNG, GIF, IMG (erdas), GRID
Lossy compression နည်းလမ်း အသုံးပြုသည့် file format များ – JP2, JPG, MRSID, ECW
Lossless နှင့် lossy compression နည်းလမ်း တစ်ခုခုကို ရွေးချယ် အသုံးပြုနိုင်သည့် file format များ – TIFF file တွင် compression နည်းလမ်းများစွာရွေးချယ်အသုံးပြုနိုင်ပါသည်။ Tiff Image export လုပ်ချိန်တွင် ရွေးချယ်နိုင်သည့် compression နည်းလမ်းများမှာ ArcGIS တွင် NONE, JPEG, LZW, Packbits, RLE, CCITT တို့ဖြစ်ပြီး ၊ QGIS တွင် NONE, JPEG, Packbits နှင့် Deflate နည်းလမ်းများဖြစ်သည်။
အချုပ်ဆိုရသော် – Image export လုပ်ချိန်တွင် မိမိ အသုံးပြုမည့် ရည်ရွယ်ချက်ကို ကောင်းစွာနားလည်ပြီး lossy နည်းကိုသုံးမည် လား lossless နည်းကိုသုံးမည်လားဆိုတာကို မှန်ကန်စွာဆုံးဖြတ်ရွေးချယ် အသုံးပြုခြင်းဖြင် မလိုလားအပ်သည့် ဖိုင်နေရာယူမှုများကိုထိထိရောက်ရောက်လျှောချနိုင်ပါသည်။
ref:chatGPT
