Landsat 8 ‌အကြောင်း

ပုံမူရင်း – NASA

ဆောင်းပါးမူရင်း – https://eos.com/find-satellite/landsat-8/

ဖေဖော်ဝါရီ ၁၁၊ ၂၀၁၃ မှာ USS Vandenberg စခန်း မှ Atlas-V ဒုံးယာဉ် ဖြင့် LDCM ဂြိုဟ်တု (Landsat Data Continuity Mission – Landsat data များဆက်လက် လုပ်ဆောင်ရန်) ကို လွှတ်တင်ခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်ကတည်းက Landsat ဂြိုဟ်တုများ ဖြင့် အမေရိကန်ပြည်ထောင်စု ကလုပ်‌ဆောင်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ ဂြိုဟ်တုဓာတ်ပုံများ စုဆောင်းရေး အစီအစဉ်ကို ဆက်လက်လုပ်ဆောင်ရန် ဒီဂြိုဟ်တုကို တည်‌ဆောက်ခဲ့တာ ဖြစ်ပါတယ်။

LDCM ပေါ်တွင် remote sensing အချက်အလက်များစုဆောင်းရန် wavelength မျိုးစုံ ပုံတွေကို ရိုက်ကူးနိုင်တဲ့ OLI (Operational Land Imager မြေပြင်ဓာတ်ပုံ ရိုက်ကူးရေးကိရိယာ) နှင့် TIRS (Thermal Infrared Sensor အပူလှိုင်း အနီအောက်ရောင်ခြည်ဖမ်းကိရိယာ) တို့ကို တပ်ဆင်ထားပါတယ်။ OLI ကိရိယာကို Ball Aerospace & Technologies က တည်ဆောက်ခဲ့ပြီး လှိုင်းအလျား 0.433 μm မှ 2.300 μm အတွင်း လှိုင်းအလျား ၉ ခု ထိ ဖမ်းယူနိုင်ပါတယ်။ နောက်ပြီး အဆင့်မြင့် အာကာသ ဓာတ်ပုံရိုက်ကူးရေး နည်းပညာများကို အသုံးပြုထားတဲ့အတွက် resolution (ကြည်လင်ပြတ်သားမှု) ၁၅ မီတာအထိ ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ပါတယ်။ ဒီလိုတိုးတက်ဖွံ့ဖြိုး မှုတွေရရှိဖို့ EO-1 အမည်ရှိ စမ်းသပ် ဂြိုဟ်တုကို အသုံးပြုခဲ့ပါတယ်။ EO-1 ကို ၂၀၀၀ ခုနှစ်မှာလွှတ်တင်ခဲ့ပြီး OLI ဖြစ်လာ မည့် စမ်းသပ်အဆင့် Advanced Land Imager radiometer ကို တပ်ဆင် အသုံးပြုခဲ့ပါတယ်။

ဂြိုဟ်တုရဲ့ ဝန်တင်ဆောင်နိုင်တဲ့ အပိုင်းမှာ လှုပ်ရှားမှုရှိတဲ့ ပစ္စည်းတွေအနည်းငယ်သာပါဝင်တဲ့အတွက် အနည်းဆုံး ၅ နှစ် ထိ ယုံကြည့်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။ ရရှိလာတဲ့ ဓာတ်ပုံတွေရဲ့ တည်နေရာ တိကျမှုဟာ ၁၂ မီတာနှင့် အထက်မှာ ရှိပါတယ်။  OLI ရဲ့ နည်းပညာကြောင့် တိမ်မျှင်၊ ရေကန်များနှင့်ကမ်းရိုးတန်းရှိရေများ၏အရည်အသွေးကို လေ့လာရာမှာ အရေးပါတဲ့ လှိုင်းအလျားအသစ် နှစ်မျိုးကို Landsat ဂြိုဟ်တုများထဲတွင် ပထမဆုံးအဖြစ်ရိုက်ကူးနိုင်ခဲ့ပါတယ်။

TIRS ကိရိယာကနေ ဖမ်းယူပေးလိုက်တဲ့ landsat 8 ဓာတ်ပုံရဲ့  resolution ဟာ ၁၀၀ မီတာဖြစ်ပါတယ်။ သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ စိုက်ပျိုးရေးနှင့် ရေစီမံခန့်ခွဲရေးတွေမှာ အသုံးဝင်မည့် ပူချိန်နှင့် ရေငွေ့ပျံမှုကို လေ့လာရန် နှင့်မြေမျက်နှာပြင် အပူချိန် အချက်အလက်များကို ဖမ်းယူရန် ဖြစ်ပါတယ်။

ရှေ့က Landsat ဂြိုလ်တုအဟောင်းတွေနှင့် ယှဉ်ကြည့်မယ်ဆိုရင် TIRS ဟာ Landsat 8 မှာ infrared wavelength ၂ ခုကို ပိုပြီး အာရုံခံနိုင်ပါတယ်။ အဲ့ဒီ wavelength ကိုဖတ်တဲ့ ကိရိယာ ၂ ခုဟာ သွားနေတဲ့ လမ်းတစ်လျှောက်မှာ scanning mode (တောက်လျောက်ကြည့်ခြင်းနည်းလမ်း) ကို အသုံးပြုတာကြောင့် transverse scanning (ကန်လန့်ဖြတ်ကြည့်ခြင်း) ကိရိယာကို အသုံးပြုခဲ့တဲ့ ရှေ့က Landsat ဂြိုလ်တုတွေနှင့်ယှဉ်လျှင် လှိုင်းများပုံပျက်ခြင်း radiometric distortion ကို လျှော့ချနိုင်ပါတယ်။

LANDSAT 8 ၏အချက်အလက်များ

အချက်အလက်ရှင်းပြချက်
ပူးပေါင်းပါဝင်သူများNASA – အမျိုးသားလေကြောင်းနှင့်အာကာသဌာန
DOI USGS – အမေရိကန်ဘူမိဗေဒ အသင်းကြီး
ကိုယ်ထည်တည်ဆောက်သူ – Orbital Science Corp
Operational Land Imager Sensor (OLI) တည်ဆောက်သူ-Ball Aerospace & Technologies Corp.
Thermal Infrared Sensors (TRIS)တည်ဆောက်သူ – NASA Godard Space Flight Center
လွှတ်တင်သောနေ့ဖေဖော်ဝါရီ ၁၁၊ ၂၀၁၃
သယ်ဆောင်ယာဉ်Atlas-V rocket
လွှတ်တင်သည့်နေရာVandenberg Air Fore Base, California
ဂြိုဟ်တု3.14 terabit solid-state data recorder
Single 9 x 0.4 meter solar array နှင့် 125 Ampere-Hour (Ahr), Nickel-Hydrogen (NiH2) battery ကို သုံးထားသည်
အလေးချိန် – လောင်စာဆီအပြည့်ထည့်ထားလျှင် ၂၀၇၁ ကီလိုဂရမ် (၄၅၆၆ ပေါင်)
အလျား – ၃ မီတာ (၉.၈ ပေ)
အချင်း – ၂.၄ မီတာ (၇.၉ ပေ)
ဆက်သွယ်ရေးDirect Downlink with Solid State Recorders (SSR)
Data rate: 384 Mbps on X-band frequency; 260.92 Mbps on S-band frequency
ပတ်လမ်းWorldwide Reference System-2 (WRS-2) path/row စနစ်ကို အသုံးပြုထားသည်။
အမြင့် ၇၀၅ ကီလိုမီတာ (၄၃၈ မိုင်) မှာ နေရောင်ပုံသေ‌ ပတ်လမ်းအတိုင်း လည်ပတ်။
ဝင်ရိုးစွန်းများလွဲပြီး တစ်ကမ္ဘာလုံးကို ၁၆ ရက်တစ်ကြိမ် လွှမ်းခြုံပြီး ဓာတ်ပုံရိုက်နိုင်ပါတယ်။
ပါတ်လမ်းအစောင်းထောင့် inclined 98.2° (slightly retrograde)
၉၈.၉ မိနစ်တိုင်းမှာ ကမ္ဘာကို တစ်ပါတ်ပါတ်
မနက်တိုင်း ၁၀း၀၀ (+/- ၁၅ မိနစ်) နာရီမှာ အီကွေတာကို ဖြတ်သည်
ကင်မရာ အာရုံခံစနစ်OLI
TIRS
ဓာတ်ပုံအရွယ်အစား၁၇၀ x ၁၈၅ ကီလိုမီတာ (၁၀၆ x ၁၁၅ မိုင်)
ဒီဇိုင်း သက်တမ်းအနည်းဆုံး ၅ နှစ်

Landsat8 Bands

SensorBand နံပါတ်Band နာမည်လှိုင်းအလျား (μm)ကြည်လင်ပြတ်သားမှုBand အသုံးချခြင်း
OLI1Costal Blue0.43 – 0.4530ကမ်းရိုးတန်းနှင့် လေထုအမှုံများ
OLI2Blue0.45 – 0.5130ရေအောက်မျက်နှာပြင်များကိုမြေပုံ ရေးဆွဲခြင်း၊ အပင်များမှ မြေဆီလွှာ ကို ခွဲထုတ်ခြင်း၊ ထင်းရှူးတောများ မှ ရွက်ပြတ်တောများကို ခွဲထုတ် ခြင်း
OLI3Green0.53 – 0.5930အပင်ဖြစ်ထွန်းမှုကို အကဲဖြတ်ရန်အပင်အသန်ဆုံးအချိန်ကို ရှာဖွေ ခြင်း
OLI4Red0.63 – 0.6730Vegetation slope များကို အတန်း စားခွဲခြားခြင်း
OLI5NIR0.85 – 0.8830ဇီဝထု ပါဝင်မှုနှင့် ကမ်းရိုးတန်းကို အ
OLI6SWIR11.57 – 1.6530မြေဆီလွှာနှင့် အပင်များတွင်အစို ဓာတ်ပါဝင်မှုကို အတန်းစားခွဲခြားခြင်း၊ တိမ်အပါးလွှာများကို ဖောက် နိုင်
OLI7SWIR22.11 – 2.2930မြေဆီလွှာနှင့် အပင်များတွင်အစို ဓာတ်ပါဝင်မှုကို အတန်းစားခွဲခြားနိုင်စွမ်း နှင့် တိမ်အပါးလွှာများကို ဖောက် နိုင်စွမ်းရည် ကို မြှင့်တင်ပေး
OLI8Pan0.50 – 0.6815၁၅ မီတာ resolution ဖြစ်သည့်အတွက် ပိုမို ကြည်လင်ပြတ်သား
OLI9Cirrus1.36 – 1.3830တိမ်မျှင်များပါဝင်နေမှု ကိုရှာဖွေ ရာတွင် လွယ်ကူစေခြင်း
TIRS10TIRS 110.60 – 11.1930 (100)၁၀၀ မီတာ resolution။ အပူချိန်ကို အာရုံခံနိုင်ခြင်း နှင့် မြေဆီလွှာအစိုဓာတ်ကို ခန့်မှန်းနိုင် ခြင်း
TIRS11TIRS 211.50 – 12.5130 (100)၁၀၀ မီတာ resolution။ အပူချိန်ကို အာရုံခံနိုင်ခြင်း နှင့် မြေဆီလွှာအစိုဓာတ်ကို ခန့်မှန်းနိုင် ခြင်း

 

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details