
ပုံ နှင့် ဆောင်းပါးမူရင်း – https://landsat.gsfc.nasa.gov/satellites/landsat-9/
၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၇၊ တနင်္လာနေ့ မှာ Landsat 9 ကို ကယ်လီဖိုးနီးယား ပြည်နယ် ရှိ Vandenberg Space Force Base က နေနောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပါတယ်။ Landsat 9 data များ USGS website မှာ အခမဲ့ ရယူနိုင်ပါတယ်။
Landsat 9 ကို NASA နှင့် U.S Geological Survey တို့ပူးပေါင်းတည်ဆောက်တာ ဖြစ်ပြီး လေ့လာစောင့်ကြည့်ခြင်း၊ လူသားဘဝများ ရေရှည်တည်တံ့ရေးအတွက် မြေသယံဇာတများ ကို နားလည်ခြင်း နှင့် စီမံခန့်ခွဲခြင်းများ အတွက် Landsat ရဲ့ အရေးကြီးတဲ့ အစီအစဉ်များကို ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒီနေ့ခေတ်မှာ ကမ္ဘာနဲ့အဝှမ်း ပိုပိုဆိုးလာတဲ့ မြေယာဖုံးလွှမ်းမှုနှင့် မြေအသုံးချမှု ပြောင်းလဲခြင်းတွေကြောင့် ရာသီဥတုပြောင်းလဲခြင်း၊ ဂေဟစနစ်ရဲ့ လုပ်ဆောင်မှုများ၊ ကာဗွန်လည်ပတ်မှုနှင့် ထိန်းသိမ်းထားခြင်း၊ သယံဇာတ စီမံခန့်ခွဲခြင်း၊ နိုင်ငံအဆင့်နှင့် ကမ္ဘာ့အဆင့်စီးပွားရေး၊ လူထုကျန်းမာရေး နှင့် လူ့အသိုင်းအဝိုင်းတို့မှာ နောက်ဆက်တွဲ ဆိုးကျိုးများခံစားနေရပါတယ်။
Landsat ဟာ ကမ္ဘာ့မြေမျက်နှာပြင်ပေါ်က သဘာဝနှင့် လူလုပ်တဲ့ ပြောင်းလဲမှုတွေကို သင့်တင့်တဲ့ scale ပမာဏဖြင့် ပုံမှန်အချိန်တစ်ခုဖြင့် ထပ်ခါထပ်ခါ ရိုက်ကူးနိုင်သည့် တစ်ခုတည်းသော အမေရိကန် ဂြိုဟ်တုစနစ် ဖြစ်ပါတယ်။
+ Landsat 9: အခမဲ့ သုံးနိုင်/ရရှိနိုင်သော သိပ္ပံဆိုင်ရာလေ့လာမှုတွေနှင့် လုပ်ငန်းများကို စဉ်ဆက်မပြတ် စွမ်းအားမြှင့်တင်ခြင်း (Masek et al., 2020)

ပိုများပြီး ပိုကောင်းလာတဲ့ data
Landsat data များ မပြည့်စုံမှုလျော့ချရေးဟာ U.S. Sustainable Land Imaging Program (အမေရိကန်ရဲ့ မြေပြင်ဓာတ်ပုံရိုက်ကူးရေး အစီစဉ်) ရဲ့ ဦးစားပေး ကိစ္စဖြစ်နေတာကြောင့် Landsat 9 ဟာ Landsat 8 နှင့် တစ်ပုံစံတည်းနီးနီးတူအောင်တည်ဆောက်ခဲ့ပါတယ်။ ဒါကြောင့်လည်း Landsat 9 ကိုလွှတ်တင်ရန်ပိုပြီးမြန်ဆန်စေခဲ့ပါတယ်။
စက်တင်ဘာ ၃၀၊ ၂၀၂၁ ကစခဲ့တဲ့ Landsat ပုံများမှတ်တမ်းတင်သိမ်းဆည်းစုဆောင်းမှု မှာ Landsat ဂြိုဟ်တု တစ်ခုချင်းစီက ပုံတွေကို စုစည်းထားပါတယ်။ Landsat 8 ဟာ တခြားဂြိုဟ်တုများထက် ပိုပြီး data တွေ စုဆောင်းပေးနိုင်ခဲ့ပါတယ်။ Landsat 9 ကလည်း ယခုလက်ရှိတွင် Landsat 8 နှင့် တန်းတူ data တွေ စုဆောင်းပေး နေပါပြီ။
Landsat 9 ကို စက်တင်ဘာ ၂၇၊ ၂၀၂၁ မှာ လွှတ်တင်ခဲ့ပြီး Landsat 8 ပတ်လမ်းထဲကို ဝင်ရောက်ခဲ့ပါတယ်။ ဂြိုဟ်တု ပတ်လမ်းနှစ်ခုဟာ မြေပြင်ပေါ်တစ်နေရာကို နောက်တစ်ခါပြန်ရောက်ဖို့ ၈ ရက်ခြားထားပါတယ်။ Landsat 9 ဟာ ၁၉၉၉ ခုနှစ်မှာ လွှတ်တင်ခဲ့တဲ့ Landsat 7 ကို အစားထိုး နေရာယူလိုက်ပြီး Landsat 8 ဂြိုဟ်တုနှင့် ၈ ရက်ကြာ အကွာဝေး ခြား ထားပါတယ်။ Landsat 8 နှင့် Landsat 9 ပူးပေါင်းလည်ပတ်မှုဟာ Landsat 8 နှင့် Landsat 7 ပူးပေါင်းခဲ့သလိုပဲ ၈ ရက်ကြာတိုင်းမှာ တစ်နေရာကို နောက်တစ်ခါ ပြန်ရောက်ပါတယ်။
Landsat 9 နှင့် Landsat 8 တွေဟာ အရင်က Landsat ဂြိုဟ်တုတွေထက် ပိုပြီး ဓာတ်ပုံများရိုက်ကူးနိုင်ပါတယ်။ တစ်နေ့ကို ပုံပေါင်း ၁၄၀၀ ရိုက်နိုင်ပြီး Landsat ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ကောင်းကင်ဓာတ်ပုံ မှတ်တမ်းများထဲကို ပိုပြီး တန်ဖိုးရှိတဲ့ data များ ထည့်ပေးနိုင်လာပါတယ်။
Landsat 9 နှင့် Landsat 8 တွေဟာ အရင် Landsat ဂြိလ်တုတွေထက် လှိုင်းခွင် (radiometric) များအသေးစိတ်ပြီး ပုံရိပ်၏တည်နေရာ (geometric) တိကျမှု ပါ ပိုပြီး သာလွန်ကောင်းမွန်ကြပါတယ်။

