
NASA နှင့် USGS (U.S. Geological Survey) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော Landsat အစီအစဉ်သည် အာကာသမှ ကမ္ဘာ့မြေမျက်နှာပြင်ကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာရာတွင် ကမ္ဘာ့အရှည်ကြာဆုံးနှင့် အယုံကြည်ရဆုံး ဒေတာရင်းမြစ်ဖြစ်ပါသည်။ လက်ရှိ အသုံးပြုနေသော Landsat 8 နှင့် 9 တို့၏ နောက်ဆက်တွဲအဖြစ် ၂၀၃၁ ခုနှစ်တွင် လွှတ်တင်ရန် လျာထားသော Landsat 10 (Landsat Next) ဂြိုဟ်တုသည် GIS/RS ပညာရှင်များအတွက် နည်းပညာအရ ကြီးမားသော တိုးတက်ပြောင်းလဲမှု (Quantum Leap) တစ်ခုကို ယူဆောင်လာမည်ဖြစ်သည်။
၁။ Landsat 10 ၏ အဓိက နည်းပညာဆိုင်ရာ အချက်အလက်များ (Quick Specifications)
Landsat 10 သည် ယခင် Landsat စီးရီးများနှင့် မတူဘဲ Spatial Resolution (အသေးစိတ်မြင်နိုင်မှု)၊ Spectral Resolution (လှိုင်းအရေအတွက်) နှင့် Atmospheric Correction (လေထုပြင်ဆင်မှု) တို့တွင် သိသိသာသာ အဆင့်မြှင့်တင်ထားသည်။
| အကြောင်းအရာ (Parameter) | နည်းပညာဆိုင်ရာ အချက်အလက် (Specifications) |
| လွှတ်တင်မည့် နှစ် (Launch Date) | ၂၀၃၁ ခုနှစ် (Expected 2031) |
| အဓိက Sensor Suite | LandIS (Landsat Instrument Suite) |
| Spectral Bands စုစုပေါင်း | ၂၆ Bands (21 VSWIR + 5 Thermal) |
| Spatial Resolution | 10m – 20m (VSWIR), 60m (Thermal & Atmospheric) |
| Temporal Revisit Time | ၁၈ ရက် (ဂြိုဟ်တု ၁ လုံးအတွက်) |
| Orbit (ဂြိုဟ်ပတ်လမ်း) | Sun-synchronous orbit at 653 km altitude |
| Equatorial Crossing Time | 10:10 am ± 5 minutes |
| Grid System | WRS-3 (Worldwide Reference System 3) |
| Scene Size | 164 km × 168 km |
၂။ LandIS Sensor Suite နှင့် Superspectral Band ၂၆ ခု၏ ထူးခြားချက်များ

ယခင် Landsat 8/9 တွင် Band ၁၁ ခုသာ ပါဝင်ခဲ့သော်လည်း Landsat 10 ၏ LandIS Sensor စနစ်တွင် Band ၂၆ ခု (Superspectral Imaging) အထိ တိုးထားပါသည်။ ဤ band ၂၆ ခုကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားနိုင်ပါသည်-
- Heritage Bands (၁၁ ခု): ယခင် Landsat 8/9 မှ အခြေခံ Band များကို ပိုမိုသန့်စင်အောင် ပြုပြင်ထားပြီး ဒေတာအဟောင်းများနှင့်စဉ်ဆက်မပြတ် (Data Continuity) ရန် ဆက်လက်အသုံးပြုထားသည်။
- Sentinel-2 Harmonized Bands (၅ ခု): ဥရောပ အာကာသအေဂျင်စီ (ESA) ၏ Copernicus Sentinel-2 ဂြိုဟ်တုများ၏ ဒေတာ နှင့် ပေါင်းစပ်အသုံးပြုနိုင်ရန် (Data Fusion & Synergy) လှိုင်းခွင်အကျယ် တူသော Band ၅ ခု ပါဝင်လာသည်။
- Spectral Bands အသစ် (၁၀ ခု): ရေထု အရည်အသွေး၊ စိုက်ပျိုးရေးနှင့် အပင်ကျန်းမာရေး၊ သတ္တုဗေဒဆိုင်ရာ ခွဲခြားမှုများအတွက် အသစ်ထပ်မံဖြည့်စွက်ထားသော Band ၁၀ ခု ပါဝင်လာသည်။
- Water Vapor Band (၁ ခု): လေထုအတွင်းရှိ ရေငွေ့ပမာဏကို တိုက်ရိုက်တိုင်းတာနိုင်သော Band ဖြစ်ပြီး၊ ပြင်ပ ရာသီဥတုဒေတာ မလိုအပ်ဘဲ ဂြိုဟ်တုပုံရိပ်အတွင်းမှပင် လေထုပြင်ဆင်မှု (Atmospheric Correction) ကို တိကျစွာ ပြုလုပ်နိုင်စေသည်။
Spectral Coverage အကျဉ်းချုပ်:
- VSWIR (Visible to Shortwave Infrared): 21 Bands (Spatial Resolution: 10m မှ 20m)
- TIR (Thermal Infrared): 5 Bands (Spatial Resolution: 60m)
LandIS သည် band များအားလုံးနီးပါး တစ်ပြိုင်နက်တည်းရိုက်ကူးမည်ဖြစ်သည့်အတွက် အလင်းကျရောက်မှုမတူညီခြင်းကြောင့်ဖြစ်ရသည့် ချိန်ညှိရန်ကိစ္စများကို လျော့ချပေးသည်။ အပင်ငွေ့ရည်ပြန်ခြင်း (evapotranspiration) အချက်အလက်များကို တိုက်ရိုက်တွက်ချက်စေနိုင်သည်။
၃။ Spatial Resolution အဆင့်မြှင့်တင်မှုနှင့် GIS/RS အသုံးချမှုများ
(က) နေရာဆိုင်ရာ ပြတ်သားမှု (Spatial Resolution) ပိုမိုကောင်းမွန်လာခြင်း
- ယခင် Landsat 8/9 တို့တွင် OLI sensor ၏ VSWIR band များသည် 30 meters ဖြစ်သော်လည်း Landsat 10 တွင် 10m နှင့ 20m သို့ ရောက်ရှိလာမည်ဖြစ်သည်။
- Thermal Infrared (TIR) band များသည်လည်း ယခင် 100m မှ 60m သို့ ပိုမိုပြတ်သားလာမည်ဖြစ်သည်။
- ထို့ကြောင့် သေးငယ်သော စိုက်ပျိုးမြေကွက်များ၊ မြို့ပြဧရိယာများ၊ မီးလောင်ကျွမ်းမှုဒေသများနှင့် သစ်တောပြုန်းတီးမှုများကို ယခင်ထက် ပိုမိုတိကျစွာ ခွဲခြားစိတ်ဖြာနိုင်မည်ဖြစ်သည်။

(ခ) နယ်ပယ်အလိုက် အဓိက RS အသုံးချမှုများ (Key RS Applications)
- ရေထုအရည်အသွေးနှင့် ရေနေသက်ရှိမျ (Water Quality & Aquatic Health):
- Band အသစ်များသည် ရေထုအတွင်း အန္တရာယ်ရှိသော ရေညှိ များ အလွန်အမင်း ပေါက်ဖွားခြင်း (Harmful Algal Blooms – HABs) နှင့် ရေနောက်ကျိမှုကို ပိုမိုတိကျစွာ တိုင်းတာနိုင်မည်ဖြစ်သည်။
- တိကျစိုက်ပျိုးရေးစနစ်နှင့်မြေဆီလွှာကျန်းမာရေး (Precision Agriculture & Soil Health):
- သီးနှံအကြွင်းအကျန်များ (Crop Residues)၊ အလင်းရောင်ဖြင့်အစာမချက်လုပ်သော အပင်များ (Non-photosynthetic vegetation) နှင့် မြေဆီလွှာ အစိုဓာတ်ကို တိကျစွာ ခွဲခြားနိုင်မည်ဖြစ်သည်။
- သစ်တောနှင့် ဂေဟစနစ် စောင့်ကြည့်ရေး (Forest & Ecosystem Monitoring):
- Photosynthetic bioindicators များကို အသုံးပြု၍ အပင်များ၏ အဟာရဓာတ် လိုအပ်ချက်နှင့် သစ်တောကျန်းမာရေးကို စောင့်ကြည့်နိုင်မည်။
- ရာသီဥတုနှင့် နှင်းဖုံးလွှမ်းမှု လေ့လာခြင်း (Snow Dynamics & Albedo):
- Snow grain size နှင့် reflectance (Albedo) များကို တိုင်းတာခြင်းဖြင့် ရေခဲမြစ်များနှင့် နှင်းအရည်ပျော်မှု ပုံစံများကို ပိုမိုတိကျစွာ ခန့်မှန်းနိုင်မည်။
- အပူအာရုံခံပြီး သတ္တုရိုင်းမြေပုံရေးဆွဲခြင်း (Thermal Mineral Mapping):
- Thermal Infrared Band ၅ ခု ပါဝင်လာသဖြင့် မြေမျက်နှာပြင် အပူချိန် (LST) သာမက သတ္တုရိုင်းများ၏ Thermal Emissivity ကိုပါ ကြည့်ရှုပြီး သတ္တုရှာဖွေရေးတွင် အသုံးပြုနိုင်မည်ဖြစ်သည်။
၄။ ဒေတာစဉ်ဆက်မပြတ်မှုနှင့် Cloud/AI နည်းပညာများ
Landsat 10 သည် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ကတည်းက စုဆောင်းခဲ့သည့် Landsat Time-Series Data များနှင့် တိုက်ရိုက် ချိတ်ဆက်အသုံးပြုနိုင်ရန် WRS-3 Grid System ကို အသုံးပြုမည်ဖြစ်သည်။

ထို့အပြင် Landsat 10 မှ ထွက်ရှိလာမည့် Top of Atmosphere (TOA) နှင့် Surface Reflectance (SR) Data Product များကို Commercial Cloud Platforms များ (ဥပမာ- Google Earth Engine, AWS) နှင့် AI/Machine Learning Algorithm များတွင် ပိုမိုမြန်ဆန်စွာ Processing ပြုလုပ်နိုင်ရန် စနစ်တကျ ဒီဇိုင်းရေးဆွဲထားသည်။
လက်ရှိ Landsat image များတွင် spectral and spatial resolution မလုံလောက်မှုကြောင့် မတွေ့မမြင်နိုင် မခွဲခြားနိုင်သည့် အဆင် (pattern) နှင့် အရာ (features) များကို Landsat 10 ပုံများတွင် ရှာဖွေတွေ့ရှိလာမည်ဖြစ်သည်။ဥပမာ – အရွယ်ငယ်လွန်းသဖြင့် ယခင်က မတွေ့နိုင်သည့် စိုက်ခင်းများ၊ တောပြုန်းအကွက်ငယ်များ၊ နှင့်မြို့ပြအဆောက်အအုံအသေးများ၊ ဆင်တူသည့်အရာများ (ကုန်းပေါ်ပေါက်အပင်နှင့် ရေထဲရှိအစိမ်းရောင်ရေညှိများ) ကိုရှာဖွေဖော်ထုတ်နိုင်မည်ဖြစ်သည်။
နိဂုံး (Conclusion)
Landsat 10 သည် အစဉ်အလာ Multispectral ဂြိုဟ်တု အဆင့်မှ Superspectral Earth Observation System အဖြစ်သို့ တက်လှမ်းလိုက်ခြင်းဖြစ်သည်။ GIS နှင့် Remote Sensing သုတေသီများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများနှင့် အစိုးရမူဝါဒ ချမှတ်သူများအတွက် ကမ္ဘာ့မြေပြင် ပြောင်းလဲမှုများကို ပိုမိုသေးစိတ်သော Scale မှစ၍ ပိုမိုတိကျသော Spectral Detail ဖြင့် လေ့လာဆန်းစစ်နိုင်တော့မည် ဖြစ်ပါသည်။
