ArcGIS – Basic

View Categories

ArcMap

ArcMap သည် Esri မှထုတ်လုပ်သော ပထဝီဆိုင်ရာလုပ်ငန်း ပရိုဂရမ်များထဲမှ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ၎င်းကို ပထဝီဒေတာများကို ကြည့်ရန်၊ ပြင်ဆင်ရန်၊ ဖန်တီးရန် နှင့် သရုပ်ခွဲလေ့လာရန် အဓိကအသုံးပြုပါသည်။ ArcMap အသုံးပြုသူများသည် ၎င်းဖြင့် ဒေတာအစုထဲရှိ ဒေတာတစ်ခုခြင်းစစ်ဆေးလေ့လာခြင်း, feature များကို လိုက်ဖက်သည့် သင်္ကေတများဖြင့် ကိုယ်စားပြုခြင်း နှင့် မြေပုံများထုတ်လုပ်ခြင်း များပြုလုပ်နိုင်ပါသည်။

သင့်အတွက် ArcMap သည် သင်လေ့လာနေသည့် ဒေသနှင့်ဆိုင်သည့် ဒေတာများ လေ့လာစူးစမ်းခြင်းနှင့် ဖော်ပြခြင်းလုပ်ရာနေရာ၊ သင်္ကေတများကို သတ်မှတ်ပေးရာနေရာ နှင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းပြုလုပ်မည့် မြေပုံများ ပြင်ဆင်ဖန်တီးရာ နေရာတစ်ခုဖြစ်သည်။

ArcMap သည် ArcGIS Server or ArcGIS Online တို့၏ မြေပုံဝန်ဆောင်မှု များအသုံးပြု ပြီး မြေပုံဖန်တီးထုတ်လုပ်ခြင်း ရိုးရှင်းသည့်အတွေ့အကြုံကိုပေးသည်။ မြေပုံများကိုမျှဝေခြင်း, အလွှာများ, မော်ဒယ်များ နှင့် ပထဝီသတင်းအချက်အလက်ဒေတာဘေ့စ် ကိုအခြားသူများနှင့် မျှဝေနိုင်သည်။ တွင် အခြားသူများနှင့် ပထဝီသတင်းအချက်အလက်များ ထုတ်ပိုးမျှဝေရာ တွင် လွယ်ကူစွာလုပ်ဆောင်ပေးနိုင်သည့် ကိရိယာများ ပါရှိပါသည်။

ဘယ်သူတွေအတွက်လဲ

GIS ဒေတာ နှင့် အချက်အလက်များ ကို ကိုင်တွယ် လုပ်ဆောင်နေကြသော ရပ်ရွာလူထုအခြေပြု အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူများ နှင့် စိတ်ပါဝင်စားသူ မည်သူမဆို ဤသင်ခန်းစာများသည် သင့်တော်ပါသည်။

ရည်ရွယ်ချက်

ArcMap ကိုအသုံးပြုပြီး မိမိတို့လုပ်ငန်း တွင် လိုအပ်သည့် မြေပုံများ ပြုလုပ်နိုင်ရန်ရည်ရွယ်ပါသည်။ ဆက်လက်ပြီး အဆင့်မြင့်သင်ခန်းစာများကိုလေ့လာနိုင်ရန် အတွက်အခြေခံ ဖြစ်ပါသည်။

ပါဝင်သည့်သင်ခန်းစာများ

ပါဝင်သည့်သင်ခန်းစာများမှာအောက်ပါအတိုင်းဖြစ်ပါသည်..


Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details