[QGIS တွင် ဇော်ဂျီ – ဝင်း – ယူနီကုဒ်ဖောင့်များ အပြန်အလှန်ပြောင်းခြင်း ဖတ်ရန်]
GIS ဒေတာအဟောင်းများ၏ attribute တွင် ဇော်ဂျီဖောင့် ဖြင့်ထည့်ထားသည့် ဒေတာများနှင့်ကြုံရလေ့ရှိသည်။ လက်ရှိအချိန်တွင် ယူနီကုတ်ဖောင့် ကိုသာ အသုံးပြုနေသည့်အတွက် ထိုဒေတာများကို ဇော်ဂျီ မှ ယူနီကုတ် ဖောင့်ပြောင်းရန်လိုအပ်လာသည့်အခါ ArcMap တွင်ပြုလုပ်နည်းကို ရှင်းပြအပ်ပါသည်။
ပြုလုပ်နည်းအဆင့်ဆင့်
၁။ rabbit.py file ကို https://github.com/Rabbit-Converter/Rabbit/blob/master/other-
lang/python/Rabbit.py မှ ရယူပါ
အထက်က လင့်ကို ဖွင့် လျင် github page ကိုရောက်မည်။ raw ပေါ်တွင် right click menu မှ save link as ဖြင့် သင့်ကွန်ပြူတာတစ်နေရာတွင် rabbit.py အဖြစ် save ထားပါ။

ထို့နောက်ဖိုင်ကို C:\Python27\ArcGIS10.x\Lib\site-packages အောက်သို့ရွှေ့ပါ

၂. ArcMap တွင် rabbit.py အလုပ် လုပ်မလုပ်စမ်းကြည့်ရပါမည်။
ArcMap တွင် python windows ကို ဖွင့်ပါ import rabbit + ENTER ရိုက် ကြည့်ပါ က error message
မတက် ပါက အဆင်ပြေပါသည်။

error message တက် ပါက ဖိုင် နေရာ အထားမှား လို့ဖြစ်နိုင်ပါသည်။ (file အမည် က စာလုံးအကြီးဖြင့်စပါက import Rabbit လို့ ရိုက်ရပါမည်)
၃၊ Attribute table ထဲတွင် ပြောင်းခြင်း
Attribute table တွင် unicode အတွက် column အသစ်တစ်ခုထည့်ပါ။ ယင်းကော်လံကို right click ထောက်ပြီး
Field calculator ဖွင့်ပါ။ Parser တွင်Python ကိုရွေးပါ၊ Show Codeblock ကိုအမှန်ခြစ်ထားပါ

Pre-logic ထဲတွင် import rabbit ရိုက်ပါ။
အောက်ဖက်တွင် rabbit.zg2uni( ) ဟုရိုက်ပြီးကွင်းထဲတွင် zawgyi field name ကို dobule click လုပ်ထည့်ပါ။(ယူနီကုတ်မှ ဇော်ဂျီ ပြောင်းလိုလျင် rabbit.uni2zg( ) function ကိုသုံးရပါမည်)
OK နှိပ်ပါ။ ဇော်ဂျီမှ ယူနီကုတ် ပြောင်းပြီးထည့်ပေးပါလိမ့်မည်။

၄၊Lable expression တွင်ထည့်သုံးခြင်း
Attribute table ထဲတွင် ကော်လံအသစ်ထည့်မပြောင်းပဲ label ထိုးချိန်တွင်မှ zawgi ကို unicode ပြောင်း တာမျိုးလည်းလုပ်လို့ရပါသည်။ label expression dialog box တွင် Advanced ကိုယူပြီး python ကို parser တွင်ရွေးပြီး ပါက အောက်ပါအတိုင်း ဖန်ရှင်တစ်ခုရေး ပြီးလည်းလုပ်နိုင်ပါသည်

credit: ကိုကျော်နိုင်ဝင်း facebook post မှကောက်နုတ်ဖော်ပြပါသည်။
