
Data analysis, GIS စတာတွေလုပ်ကိုင်သူတွေမှာ ရက်အလိုက်လအလိုက် ဒေတာဖိုင်တွေ စုဆောင်းထားတတ်ကြပါတယ်။ မူလရင်းမြစ်က ရရှိတဲ့ ဖိုင်တွေရဲ့ အမည်ပေးထားတဲ့ပုံစံတွေက မိမိအလုပ်လိုအပ်ချက်အရ သတ်မှတ်ထားတဲ့ပုံစံဝင်အောင်အမည်ပြန်လည်ပေးဖို့လိုအပ်တာမျိုး မကြာခဏကြုံရပါတယ်။
အောက်ပါပုံဟာ မြစ်ရေအမှတ်တွေရဲ့နေ့စဉ်မှတ်တမ်းဇယားများဖြစ်ပါတယ်။

ဖိုင်တွေက ရုပ်ပုံအမျိုးအစား jpg ဖိုင်များဖြစ်ပါတယ်။ နေ့စဉ်တိုင်းမှာ ရေမှတ်အချက်အလက်က နှစ်မျက်နှာရှိတဲ့အတွက်အတွက် ရက်တိုင်းအတွက် jpgနှစ်ဖိုင်အမြဲရှိနေပါတယ်။ ဖိုင်အားလုံးပေါင်း ၂၀၀ ကျော်ရှိပါတယ်။
ဖိုင်အမည်မှာပါဝင်တဲ့ ရက်စွဲ ရေးသားပုံအရ ဖိုင်တွေကို အမည် အက္ခရာအတိုင်းစဉ်လိုက်တဲ့အခါမှာ ရက်စွဲအစဉ်လိုက်အတိုင်းမရရှိနိုင်တော့တဲ့အတွက် ဒီဖိုင်တွေအမည်တွေနောက်ဆုံးက ရက်စွဲကို နှစ်-လ-ရက် ပုံစံနဲ့ ပြန်ပြောင်းဖို့လိုလာပါတယ်။ တစ်ဖိုင်ခြင်းစီအမည်ပြောင်းမယ်ဆိုရင် အချိန်လည်းအလွန်ကြာပါမယ်၊ကြာလာတာနဲ့အမျှ အမှားအယွင်းတွေလည်းလုပ်မိဖို့များပါတယ်။
ဖိုင်ပေါင်း၂၀၀ ကျော်််် အမှားအယွင်းမရှိ အမည်ပြောင်းဖို့အတွက် windows command အချို့နဲ့ Excel ကိုတွဲဖက်အသုံးပြုပြီးပြောင်းလဲနိုင်ခဲ့ပါတယ်
အဓိကအဆင့်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်
- ဖိုင်အမည်စာရင်းကို windows command တစ်ခုဖြစ်တဲ့ dir ကိုအသုံးပြုပြီး text file တစ်ခုဖြင့် ရယူပါတယ်။
- ပြီးနောက် Excel မှာ ဖိုင်အမည်အဟောင်းကနေ ဖိုင်အမည်အသစ်များ ဖန်တီးပါတယ်။ (ကြားအဆင့်များသည် အခြေအနေတစ်ခုနှင့်တစ်ခု တူညီမည်မဟုတ်ပါ)
- ဖိုင်တစ်ခုချင်း အတွက် rename command အပြည့်အစုံကို Excel မှာပြုလုပ်ပါတယ်
- ရလာတဲ့ command syntax တွေကို command windows မှာပြန်ထည့်သွင်းပြီး အမည်အသစ်များပြောင်းလဲခြင်း ပြုလုပ်ပါတယ်
ဒီလိုပြုလုပ်တဲ့နည်းမှာ အောက်ပါအကျိုးကျေးဇူးများရှိပါတယ်။
- ဖိုင်အမည်အသစ်များကို တစ်ပုံစံတည်းအမှားအယွင်းမရှိဖန်တီးနိုင်သည် (consistency)
- ဖိုင်အမည်အသစ်များကို မပြောင်းလဲမှီ စစ်ဆေးနိုင်သည် (validation)
- ဖိုင်အဟောင်းအမည်များ မှတ်တမ်းအဖြစ်ထားရှိနိင်သည့်အတွက် နောက်ကြောင်းပြန်စစ်ဆေးနိုင်ခြင်း (transparency)
- လိုအပ်ပါက မူလအမည်များကို ပြန်ပြောင်းနိုင်စေသည် (roll back)
- မြန်ဆန်တိကျမှုရှိသည် (speed & accuracy)
လုပ်ဆောင်ပုံအသေးစိတ်ကို အောက်ပါဗွီဒီယိုမှာရှင်းလင်းပြသထားပါတယ်။
