Excel ဖြင့် အချက်အလက်စီမံခန့်ခွဲခြင်း – အပိုင်း (၁)

View Categories

Excel သည်အဖွဲ့အစည်းများ၏ လုပ်ငန်းသုံး ကွန်ပြူတာအများစုတွင်ပါရှိသည့် ဆော့ဝဲဖြစ်သည်။ ၎င်းသည် အရိုးရှင်းဆုံး ဇယားတစ်ခု ဖန်တီးခြင်းမှသည် အဆင့်မြင့် ခွဲခြမ်းစိတ်ဖြာခြင်းများအထိလုပ်ဆောင်နိုင်သည့်အတွက် လူအများစုအတွက်လုံလောက်သော ဆော့ဝဲတစ်ခုလည်းဖြစ်သည်။ အချက်အလက်ကောက်ယူစုဆောင်းခြင်း၊ သန့်စင်ခြင်း၊ သိမ်းဆည်းခြင်း၊ပြင်ဆင်ခြင်း၊ထုတ်ယူခြင်း၊လေ့လာစမ်းစစ်ခြင်းများ ကို Excel ဖြင့်ပင်လုပ်ဆောင်နိုင်ပါသည်။ ဤသင်ခန်းစာ တွင် Excel ဖြင့် အချက်အလက်စီမံခန့်ခွဲ ခြင်း ကို video များဖြင့် အပိုင်း (၃) ခုဖြင့် တင်ဆက်ထားပါသည်။ ယခု အပိုင်း (၁) အခြေခံ တွင် Excel ကို အချက်အလက်စီမံခန့်ခွဲ (Data Management) ရာ တွင်အသုံးပြုပုံကို အဓိကထား ရှင်းလင်းပြမည်ဖြစ်သည်။ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာရာ တွင်ထိရောက်စေရန် မည်သို့သိမ်းဆည်းသင့်ပုံ နှင့် အသုံးဝင်သည့် ခွဲခြမ်းစိတ်ဖြာခြင်းများ နှင့် ပုံဖော်ပြသရာတွင် အသုံးပြုသည့် ကိရိယာများ နှင့် ဖန်ရှင်များ ကို မိတ်ဆက်တင်ပြသွားမည်ဖြစ်ပါသည်။


ဘယ်သူတွေအတွက်လဲ

ဒေတာ နှင့် အချက်အလက်များ ကို ကိုင်တွယ် လုပ်ဆောင်နေကြသော ရပ်ရွာလူထုအခြေပြု အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူများ နှင့် စိတ်ပါဝင်စားသူ မည်သူမဆို ဤသင်ခန်းစာများသည် သင့်တော်ပါသည်။

ရည်ရွယ်ချက်

Excel ကိုအသုံးပြုပြီး အချက်အလက်များ စီမံခန့်ခွဲရာတွင် သိရှိထားရမည့်အခြေခံ စည်းမျဉ်းများ ၊ အသုံးပြုမည့် ကိရိယာများ နှင့် ဖော်မြူလာများ ကို မိတ်ဆက်သင်ကြားပေးရန်ရည်ရွယ်ပါသည်။

ပါဝင်သည့်အကြောင်းအရာများ (စုစုပေါင်းကြာချိန် ၁ နာရီ ၂၅ မိနစ်ခန့်)

အချက်အလက် စီမံခန့်ခွဲ ခြင်းဆိုင်ရာ စည်းမျဉ်း ဥပဒေသများ၊ အကန့်အသတ်များ

Excel Toolbar မိတ်ဆက်

Formula မိတ်ဆက်

အလေ့အကျင့်ကောင်းများ နှင့် မှားလေ့မှားထရှိသည့်အရာများ

လိုက်ပါလေ့ကျင့်ရန် ဒေတာရယူပါ (တစ်ကြိမ်ယူပြီးပါကလုံလောက်ပါသည်) > Excel4DM_training_ExerciseData.zip



Excel ဖြင့် အချက်အလက်စီမံခန့်ခွဲခြင်း – အပိုင်း (2)

Excel ဖြင့် အချက်အလက်စီမံခန့်ခွဲခြင်း – အပိုင်း (3)


Excel for Data Management သင်တန်းတက်ရောက်လိုပါက ဤနေရာမှာကြည့်ပါ


Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details