
Excel သည်အဖွဲ့အစည်း များ၏ လုပ်ငန်းသုံး ကွန်ပြူတာအများစုတွင်ပါရှိသည့် ဆော့ဝဲဖြစ်သည်။ ၎င်းသည် အရိုးရှင်းဆုံး ဇယားတစ်ခု ဖန်တီးခြင်းမှသည် အဆင့်မြင့် ခွဲခြမ်းစိတ်ဖြာခြင်းများအထိလုပ်ဆောင်နိုင်သည့်အတွက် အများစုအတွက်လုံလောက်သော ဆော့ဝဲတစ်ခုလည်းဖြစ်သည်။ အချက်အလက်ကောက်ယူစုဆောင်းခြင်း၊ သန့်စင်ခြင်း၊ သိမ်းဆည်းခြင်း၊ပြင်ဆင်ခြင်း၊ထုတ်ယူခြင်း၊လေ့လာစမ်းစစ်ခြင်းများ ကို Excel ဖြင့်ပင်လုပ်ဆောင်နိုင်ပါသည်။ ဤသင်ခန်းစာ တွင် Excel ဖြင့် အချက်အလက်စီမံခန့်ခွဲ ခြင်း ကို video များဖြင့် အပိုင်း (၃) ခုဖြင့် တင်ဆက်ထားပါသည်။ ယခု အပိုင်း (၂) အလယ်အလတ် အဆင့် တွင် Excel ဖြင့် အချက်အလက်များကိုစစ်ဆေးခြင်း နှင့် သန့်စင်ခြင်း ပြုလုပ်ပုံတို့ကို တင်ပြသွားမည်ဖြစ်ပါသည်။.
ဘယ်သူတွေအတွက်လဲ
သတင်းအချက်အလက်များ ကို ကိုင်တွယ် လုပ်ဆောင်နေကြသော ရပ်ရွာလူထုအခြေပြု အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူများ နှင့် စိတ်ပါဝင်စားသူ မည်သူမဆို ဤသင်ခန်းစာများသည် သင့်တော်ပါသည်။ အပိုင်း (၁) အခြေခံ တွင်ပါသော အကြောင်းအရာများကို နားလည် တတ်ကျွမ်းပြီးဖြစ်ရပါမည်။
ရည်ရွယ်ချက်
Excel ကိုအသုံးပြုပြီး အချက်အလက်များ စီမံခန့်ခွဲရာတွင် အချက်အလက်အရည်အသွေးကို စစ်ဆေးပေးသည့်သို့မဟုတ်ထိန်းကြောင်းပေးသည့် ကိရိယာများ နှင့် ဖော်မြူလာများ ကို မိတ်ဆက်သင်ကြားပေးရန်ရည်ရွယ်ပါသည်။
ပါဝင်သည့်အကြောင်းအရာများ (စုစုပေါင်းကြာချိန် ၁ နာရီ ၃၀ မိနစ်ခန့်)
ကိန်းဂဏန်းများကို ပုံစံချခြင်း နှင့် အရည်အသွေးထိန်းကြောင်းရန် ပြုလုပ်ခြင်း
- ဒေတာအမျိုးအစားများ (၆ မိနစ်)
အလယ်အလတ်အဆင့် Formula မိတ်ဆက်
- Intermediate Formula မိတ်ဆက်-၁ (၉ မိနစ်)
- Intermediate Formula မိတ်ဆက်-၂ (၆ မိနစ်)
- Intermediate Formula မိတ်ဆက်-၃ (၉ မိနစ်)
- Intermediate Formula မိတ်ဆက်-၄ (၉ မိနစ်)
အချက်အလက်သန့်စင်ခြင်း
- Data cleaning အပိုင်း-၁ (၁၁ မိနစ်)
- Data cleaning အပိုင်း-၂ (၁၀ မိနစ်)
- Data cleaning အပိုင်း-၃ (၁၀ မိနစ်)
Table များအသုံးပြုပုံ (၉ မိနစ်)
Link များထည့်မြှတ်ခြင်း (၁၁ မိနစ်)
Excel4DM_training_ExerciseData.zip လိုက်ပါလေ့ကျင့်ရန် ဒေတာရယူပါ (တစ်ကြိမ်ယူပြီးပါကလုံလောက်ပါသည်)
Excel ဖြင့် အချက်အလက်စီမံခန့်ခွဲခြင်း – အပိုင်း (1)
Excel ဖြင့် အချက်အလက်စီမံခန့်ခွဲခြင်း – အပိုင်း (3)
Excel for Data Management သင်တန်းတက်ရောက်လိုပါက ဤနေရာမှာကြည့်ပါ
