
Excel သည်အဖွဲ့အစည်း များ၏ လုပ်ငန်းသုံး ကွန်ပြူတာအများစုတွင်ပါရှိသည့် ဆော့ဝဲဖြစ်သည်။ ၎င်းသည် အရိုးရှင်းဆုံး ဇယားတစ်ခု ဖန်တီးခြင်းမှသည် အဆင့်မြင့် ခွဲခြမ်းစိတ်ဖြာခြင်းများအထိလုပ်ဆောင်နိုင်သည့်အတွက် အများစုအတွက်လုံလောက်သော ဆော့ဝဲတစ်ခုလည်းဖြစ်သည်။ အချက်အလက်ကောက်ယူစုဆောင်းခြင်း၊ သန့်စင်ခြင်း၊ သိမ်းဆည်းခြင်း၊ပြင်ဆင်ခြင်း၊ထုတ်ယူခြင်း၊လေ့လာစမ်းစစ်ခြင်းများ ကို Excel ဖြင့်ပင်လုပ်ဆောင်နိုင်ပါသည်။ ဤသင်ခန်းစာ တွင် Excel ဖြင့် အချက်အလက်စီမံခန့်ခွဲ ခြင်း ကို video များဖြင့် အပိုင်း (၃) ခုဖြင့် တင်ဆက်ထားပါသည်။ ယခု အပိုင်း (၃) အဆင့်မြင့် အဆင့် တွင် Excel ဖြင့် အချက်အလက်များကိုအနှစ်ချုပ်ခြင်း၊ ဂရပ်များရေးဆွဲခြင်း၊ အဆင့်မြင့် သန့်စင်နည်းများ နှင့် ဒေတာဘေ့စ် အခြေခံကို တင်ပြသွားမည်ဖြစ်ပါသည်။
ဘယ်သူတွေအတွက်လဲ
သတင်းအချက်အလက်များ ကို ကိုင်တွယ် လုပ်ဆောင်နေကြသော ရပ်ရွာလူထုအခြေပြု အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူများ နှင့် စိတ်ပါဝင်စားသူ မည်သူမဆို ဤသင်ခန်းစာများသည် သင့်တော်ပါသည်။ အပိုင်း (၁) နှင့် (၂) တွင်ပါသော အကြောင်းအရာများကို နားလည် တတ်ကျွမ်းပြီးဖြစ်ရပါမည်။
ရည်ရွယ်ချက်
Excel ကိုအသုံးပြုပြီး အချက်အလက်များ စီမံခန့်ခွဲရာတွင် အချက်အလက်များ ထဲမှ ကောက်ချက်ချသုံးသပ်မှုများပြုလုပ်ရန် အတွက် အချက်အလက်များကို အနှစ်ချုပ်ထုတ်ယူရာ အသုံးပြုသည့် pivot table အသုံးပြုပုံ၊ အဆင့်မြင့် ဖော်မြူလာများ၊ ဂရပ်များ ဖန်တီးပြင်ဆင်ခြင်း၊ နှင့် ဒေတာဘေ့စ် မိတ်ဆက် အကြောင်းအရာများကို တင်ဆက်ပေးရန်ရည်ရွယ်ပါသည်။
ပါဝင်သည့်အကြောင်းအရာများ (စုစုပေါင်းကြာချိန် ၂ နာရီခန့်)
Pivot tables များ
- Pivot tables အပိုင်း-၁ (၁၁ မိနစ်)
- Pivot tables အပိုင်း-၂ (၉ မိနစ်)
ဂရပ်များဖန်တီးခြင်းနှင့် ပုံစံချခြင်း
- Charts များဖန်တီးခြင်း (၁၂ မိနစ်)
- Charts များကိုပုံစံချခြင်း (၁၂ မိနစ်)
အဆင့်မြင့် ဖော်မြူလာများ
- Advanced Formula မိတ်ဆက်-၁ (၁၀ မိနစ်)
- Advanced Formula မိတ်ဆက်-၂ (၉ မိနစ်)
- Advanced Formula မိတ်ဆက်-၃ (၁၁ မိနစ်)
- Conditional Formatting Formulas (၁၁ မိနစ်)
အဆင့်မြင့် ဒေတာသန့်စင်နည်းများ (၁၁ မိနစ်)
ဒေတာဘေ့စ်များ
- Database အပိုင်း-၁ (၁၀ မိနစ်)
- Database အပိုင်း-၂ (၁၁ မိနစ်)
Excel4DM_training_ExerciseData.zip လိုက်ပါလေ့ကျင့်ရန် ဒေတာရယူပါ (တစ်ကြိမ်ယူပြီးပါကလုံလောက်ပါသည်)
Excel ဖြင့် အချက်အလက်စီမံခန့်ခွဲခြင်း – အပိုင်း (1)
Excel ဖြင့် အချက်အလက်စီမံခန့်ခွဲခြင်း – အပိုင်း (2)
Excel for Data Management သင်တန်းတက်ရောက်လိုပါက ဤနေရာမှာကြည့်ပါ
