Google Earth သည် ကမ္ဘာမြေပြင်ကို 3D ကြည့်ရှု နိုင်သည့် application ဖြစ်ပါသည်။ အခမဲ့ဖြစ်ပြီး Desktop၊ Mobile နှင့် Web application များ အဖြစ် ရရှိနိင်ပါသည်။ Google Earth ကိုအသုံးပြုပြီး 3D ကမ္ဘာလုံးပေါ်တွင် ဂြိဟ်တုဓါတ်ပုံများ၊ ကောင်း ကင်ဓါတ်ပုံများ၊ GIS data များ ကို ကြည့်ရှုနိုင်ပါ သည်။ ကိုယ်ပိုင်ဒေတာများ ထည့်ပြီးကြည့်ရှုနိုင်သလို အလျား နှင့်ဧရိယာတိုင်းတာ ခြင်းများလည်းပြု လုပ် နိုင်သည်။ ဤလက်စွဲတွင် Google Earth Desktop အသုံးပြုပုံ အခြေခံကို ရှင်းလင်းပြသထားပါသည်။
Installation
Google search တွင် google earth installers ဟုရှာပါက အောက်ပါအတိုင်း တွေ့ပါမည်။

Earth Version link ကိုနှိပ်ပါ

Google Earth Pro on desktop ကိုရွေးပါ

Download Earth Pro on desktop ကိုနှိပ်ပါ

Accept&Download ကိုနှိပ်ပါ။ GoogleEarthProSetup.exe ဖိုင် (Installer) ကျလာမည်။ ၎င်းကို double click နှိပ်ပြီး install လုပ်ပါ
Interface
Google Earth ကိုဖွင့်သည့်အခါ အောက်ပါအတိုင်းမြင်ရမည်။

1. Menu; 2. Tool bar; 3. Side bar; 4. Map view; 5. Status bar
File -> Open; Save
Edit – > (အသုံးနည်း၊ right click menu များမှအသုံးပြုလေ့ရှိသည်) cut; copy; paste; etc
View > Tool bar; Side bar; Status bar; Grid, Overview Map, Scale bar; Navigation buttons – အဖွင့်အပိတ်
Add > Folder; Place mark; Path (line); Polygon; Image Overlay ထည့်ရန်။ Tool bar မှ တိုက်ရိုက်အသုံးပြုလေ့ရှိသည်

- side bar on/off
- new place mark (point)
- new polygon
- new path (line)
- new overlay (image) – georeferencing လုပ်ရန်
- historical imagery – ဂြိုဟ်တုပုံအဟောင်းများကြည့်ရန်
- ruler – အလျား၊ ပါတ်လည်အနားအလျား နှင့် ဧရိယာတိုင်းတာရန်
- Google Earth ပုံကိုသိမ်းဆည်းရန် (မြေပုံ)
ထင်ရှားသော နေရာအမည်များ၊ မြို့ အမည်များ၊ လိပ်စာများ၊ ကိုဩဒိနိတ်များဖြင့် ရှာရန်နေရာဖြစ်သည်။
သင်ဖွင့်ကြည့်သည့် ဒေတာများ၊ ဖန်တီးသည့်ဒေတာများသည် ဤ panel ထဲတွင်ရှိနေမည်ဖြစ်သည်။
- My Places – အမြဲကြည့်လိုသည့် ဖိုင်များ/အချက်အလက်များထားရန်
- Temporary Places – ယာယီ ဖိုင်များ၊ အမှတ်အသားများ ထားရန်
- Search – Places panel အတွင်းရှိဒေတာများကိုရှာရန်
- Opacity slider – layer transparency/opacity ပြောင်းလဲရန်
Google Earth က အဆင်သင့်ထည့်ပေးထားသော Layer များဖြစ်သည်။ ၎င်း၏ဆာဗာဖြင့်ချိတ်ဆက်ဖော်််််းပြပေးထားသည်။
- Borders and Labels – နိင်ငံအမည်၊မြို့/ရွာအမည်၊ ထင်ရှားသည့်နေရာအမည်များ
- Places – တည်နေရာအမည်များ
- Photos – Google map တွင်တင်ထားသောဓါတ်ပုံများ
- Road – လမ်းများ
- 3D Buildings – 3D အဆောက်အဦးများ
- Weather – အချိန်တိမ်တိုက်အလွှာ နှင် ရိုက်ကူးချိန်
- Gallery & More – အခြားအချက်အလက်အလွှာများ
- Terrain – မြေပြင်ကို 3D ရုပ်ကြွပြရန် ဒေတာအဖွင့်အပိတ်
မြေပုံဖော်ပြမည့်နေရာ

မြင်ကွင်းတွင်မြင်နေရသည့် Image ရိုက်ကူးသည့် ရက်စွဲ။ မောက်စ် နေရာ၏ latitude longitude, elevation (z) ကိုဩဒိနိတ်များနှင့် မြင်ကွင်းအမြင့် (eye altitude)၊ data loading status တို့ကိုပြသပေးသည်
Navigation controls
မြင်ကွင်းကို ရွှေ့၊ ချုံ့၊ ချဲ့၊ လှည့်၊စောင်း ခြင်းများပြုလုပ်ခြင်း
mouse + arrow keys
- Zoom – mouse wheel forward/reverse; mouse right click drag up/down; +/- keys
- Pan – mouse drag; left/right/up/down arrow keys
- Rotate – Shit/Ctrl + mouse left click drag left/right
- Shift/Ctrl + left/right arrow keys
- Tilt – Shit/Ctrl + mouse left click drag up/down
- Shift/Ctrl + up/down arrow keys
- North reset – N key
- Reset all – R key
Buttons
View menu > show navigation > always/automatically

Tools
Ruler – ပေတံ



- Line – နှစ်မှတ် ကြားအကွာ အဝေးအလျား
- Path – အမှတ်များဆက်တိုက်ချပြီး တိုင်းတာသည့်အလျား၊
- Polygon – ပါတ်လည်အနားအလျား နှင့် ဧရိယာ၊
- Circle – အမှတ်တစ်ခုကိုဗဟိုပြုထားသည့် စက်ဝိုင်း၏ ပါတ်လည်အနားအလျား၊ အချင်းဝက် အလျား နှင့် ထိုစက်ဝိုင်း၏ ဧရိယာ
- 3D path – မြေပြင်အနိမ့်အမြင့်အတိုင်းရှိနေသည့်အလျား
- 3D polygonမြေပြင်အနိမ့်အမြင့်အတိုင်းရှိနေသည့် ပါတ်လည်အနားအလျား နှင့် ဧရိယာ
ယူနစ်အမျိုးအစားများကို လိုသလိုရွေးနိုင်သည်
Options
Tools menu > options

အများဆုံးပြင်ဆင်လေ့ရှိသည်မှာ
1. Show Lat/Long – ကိုဩဒိနိတ်ကိုဖော်ပြသည့်ပုံစံ
2. Units of measurements – အလျားအတိုင်းအတာယူနစ်
3. Terrain > Elevation Exaggeration – မြေပြင်အနိမ့်အမြင့်အဆချဲ့ကိန်း ( 1 သည်ပုံမှန်ဖြစ်ပြီး 3 သည် ၃ ဆအမြင့်ကိုချဲ့ပြမည်)
အတိတ်ပုံရိပ်များ – Historical Images
Google Earth တွင် ရှေ့နှစ်များမှ ဂြိုဟ်တုဓါတ်ပုံအဟောင်းများကို ကြည့်ရှုခွင့်ပေးထားပါသည်။ မြို့ပြဒေသများတွင် နှစ်တိုင်း ပုံအသစ်များရိုက်ကူးတင်ပေးထားသော်လည်း ကျန်ဒေသများကိုအမြဲ ရိုက်ကူးလေ့မရှိပါ။ ပေးထားသည့်ပုံဟောင်းများကိုသာ ကြည့်ရှုနိုင်ပါသည်။ နေရာတိုင်းအတွက် ပုံမရရှိနိုင်သလို လတိုင်း နှစ်တိုင်းအတွက်လည်း အပြည့်မရှိနိုင်ပါ။
လက်ရှိမြင်ကွင်းမှာမြင်နေရသည့် ပုံ၏အချက်အလက်
Zoom level အလိုက်ပုံများကိုဖော်ပြပေးနေသည့်အတွက် တစ်နေရာတည်းတွင် resolution မတူသည့် ပုံများရှိနေသည်။ မြင်ကွင်းအောက်ဖက်နားတွင် ဂြိုဟ်တုအမျိုးအစား နှင့် ရိုက်ကူးသည့် ရက်စွဲကို ဖော်ပြထားသည်။


Zoom level ပြောင်းသွားတိုင်း image အမျိုးအစား နှင့် ရိုက်ကူးခဲ့သည့်ရက်စွဲပြောင်းသွားသည်ကို သတိထားကြည့်ပါ
ပုံဟောင်းများကိုကြည့်ရှုခြင်း
View menu > historical imagery သို့မဟုတ် show historical imagery icon ကိုနှိပ်ပါ ရက်စွဲပြောင်းနိုင်သည့် မျဉ်းတံ slider ပေါ်လာမည်။

မျဉ်းတံပေါ် ရှိ အမှတ်များသည့် ပုံရိပ် ရှိသော ရက်စွဲများဖြစ်သည်။ မျဉ်းတံ အပေါ်တွင်ပေါ်နေသော ရက်စွဲသည် လက်ရှိမြင်နေရသည့်ပုံ ၏ လ နှင့် နှစ် ဖြစ်သည်။ |< (ဘယ်အစွန်) >| (ညာအစွန်) ခလုပ်များ နှိပ်ပြီး တစ်ပုံခြင်းပြောင်းကြည့်နိုင်သည်။ slide handle ကိုမောက်စ်ဖြင့်ရွှေ့ပြီးလည်းကြည့်နိင်သည်။ status barတွင် ရက်စွဲအပြည့်ပြထားသည်

ပုပ္ပါးတောင်ချိုင့်ဝှမ်း – airbus imagery- 24 Feb 2023

ပုပ္ပါးတောင်ချိုင့်ဝှမ်း – airbus imagery- 26 Dec 2021
Measuring on Google Earth
အလျားနှင့် ဧရိယာကို Ruler tools များဖြင့် Map View တွင် mouse ဖြင့်တိုင်းတာနိုင်သည်

အလျားတိုင်း tool များ –
- Line – အမှတ်နှစ်ခုကြားအလျား
- Path – အမှတ်များဆက်တိုက်အလျား
- 3D path – မြေပြင်အတိုင်းအလျား
Unit – ယူနစ်၊ cm, m, km, in, ft, yard, n.mile, mile
ပါတ်လည်အနားနှင့် ဧရိယာတိုင်း tool များ
- Polygon
- Circle
- 3D polygon
Unit – ယူနစ်၊ စတုရန်း m, km, ft, yard, n.mile, mile; acres and hectare
အတိုင်းအတာများကိုသိမ်းဆည်းခြင်း – Save button ဖြင့် feature layer များအဖြစ်သိမ်းဆည်းနိုင်သည်။
Data များကိုစီမံခံ့ခွဲခြင်း
သင့်ဒေတာများကို Places Panel ထဲတွင် project folder များဖြင့် စုစည်းထားသင့်သည်
Project folder တစ်ခုဖန်တီးနည်း
Project folder အသစ်တစ်ခုဖန်တီးရန် နည်းလမ်း များ
- select My Places > right click > Add > Folder
- select My Places .. Add menu > Folder
Project folder အမည်ပေးပါ
၎င်းအောက်တွင် subfolder များလည်းလိုအပ်သလို ဆက်လက်ဖန်တီးနိုင်သည်

Project dataများကိုခွဲသိမ်းခြင်း
My Places အောက်ရှိ ဒေတာများသည် default data များအဖြစ်သိမ်းဆည်းလေ့ရှိသည့်အတွက် Google Earth ဖွင့်တိုင်း အမြဲတမ်း ပေါ်နေမည်ဖြစ်သည်။
Project folder တစ်ခုကို သီးသန့်ခွဲပြီးသိမ်းဆည်းလိုပါက ၎င်း folder တွင် right click နှိပ်ပြီး Add > Save Place As ဖြင့်သိမ်းပါ

KMZ format ဖြင့်သိမ်းဆည်းပါ ဖိုင်အရွယ်အစားသေးငယ်ပြီး ဒေတာများအားလုံးပါဝင်မည်။ (kml format သည် အချို့ဒေတာများအတွက် လင့်များကိုသာသိမ်းဆည်းထားသည့် အတွက် မျှဝေသုံးစွဲသည့်အခါဒေတာကျန်ခဲ့တတ်သည်)
Feature တစ်ခုခြင်းကိုလည်း အလားတူပင် right click menu> Add > Save Place As ဖြင့်သိမ်းဆည်းနိုင်သည်။
Move/Copy/Delete data
ပုံမှန်ဖိုင်များကဲ့သို့ပင် Places panel ထဲရှိဒေတာများကို ကိုင်တွယ်လုပ်ဆောင်နိုင်သည်
- Move – cut + paste (new location); mouse ဖြင့်ဖိပြီး နေရာအသစ်သို့ရွှေ့နိုင်သည်
- Copy data – copy + paste (new location)
- Delete – မလိုသည့်အခါဖျက်ရန်
- Order – mouse ဖြင့်ဖိပြီး အထက်အောက်နေရာရွှေ့နိုင်သည်
Kml/kmz files များဖွင့်ခြင်း
KML/KMZ ဖိုင်များသည် Google Earth၏ ဖိုင်များဖြစ်ကြသည်။ KML သည် text ဖိုင်အမျိုးအစားဖြစ်သည်။ KMZ သည် KML ဖိုင်ကို zip ချုံ့ထားသည့်ဖိုင်အမျိုးအစားဖြစ်သည်။ Google Earth တွင်ဖွင့်နည်းများ . .
- ၎င်းဖိုင်များကို file explorer မှာ select လုပ်ပြီး ဖွင့်ထားသည့် google earth ထဲသို့ဆွဲချပြီးဖွင့်နိုင်သည်
- Google Earth > File Menu > Open မှဖွင့်နိုင်သည်

Drawing on Google Earth
Point, line (path), polygon ရေးဆွဲရန် toolများကို Add menu မှသော်လည်းကောင်း tool bar မှသော်လည်းကောင်းရယူအသုံးပြုနိုင်သည်။

သတိပြုရန် features များ မရေးဆွဲမှီ ၎င်းတို့ကို သိမ်းဆည်းထားလိုသည့် Folder ကို ဘယ်ဖက်ရှိ Places panel ထဲတွင် မောက်စ်ဖြင့် ရွေးထားရန်လိုမည် (နောင်မှနေရာရွှေ့လို့လည်းရပါသည်)

Placemark (point)

မောက်စ်ဖြင့် အလိုရှိရာနေရာကို နှိပ်ပါ – အောက်ပါအတိုင်းမြင်ရမည်။

- Label အမည်ရေးရန်နေရာ
- Point symbology ရွေးရန်
- Label စာအရွယ် (scale)၊ အရောင် နှင့် ပိတ်နှုံး (opacity)
- Point symbol အရောင်၊ အရွယ်အစား နှင့် ပိတ်နှုံး (opacity)
- Coordinate အတိအကျဖြင့် နေရာချလိုပါက လက်ဖြင့်ရိုက်ထည့်နိုင်သည် (deg, min, sec သင်္ကေတများ နေရာတွင် space ဖြင့်ထည့်ပါ)
- Description tab တွင် link, web image, image နှင့် အခြားအချက်အလက်များ ထည့်သွင်းနိုင်သည်
path (line)


- Label အမည်ရေးရန်နေရာ
- လိုင်း အရောင်၊ အထူ (scale) နှင့် ပိတ်နှုံး (opacity)
- Description tab တွင် link, web image, image နှင့် အခြားအချက် အလက်များ ထည့်သွင်းနိုင်သည်
polygon


- Label အမည်ရေးရန်နေရာ
- အနားသတ်လိုင်း အထူ (scale)၊ အရောင် နှင့် ပိတ်နှုံး (opacity)
- အတွင်းဖြည့် အရောင် နှင့် ပိတ်နှုံး (opacity)
- Description tab တွင် link, web image, image နှင့် အခြားအချက်အလက်များ ထည့်သွင်းနိုင်သည်
Editing features (point line polygons)
ရေးဆွဲထားသည် feature များကိုပြင်လိုလျင် Map view ထဲတွင် ၎င်း feature ကိုမြင်ရအောင် zoom လုပ်ထားပါ။ ထို့နောက် Map view တွင် သို့မဟုတ် Places panel တွင် ၎င်း feature layer ပေါ်တွင် mouse right click ထောက်ပြီး ပေါ်လာသည့် menu list မှ properties ကိုနှိပ်ပါ

- Point marker များကို Mouse ဖြင့်နေရာရွှေ့နိုင်သည်
- Line နှင့် Polygon များ၏ vertex များကို Mouse ဖြင့်နေရာရွှေ့နိုင်သည်
- အမည် (Name)၊ Marker သင်္ကေတ၊ description ဖော်ပြချက်၊ Style လိုင်းအထူ၊ Color အရောင်၊ အတွင်းဖြည့်အရောင်တို့ကိုလိုသလိုပြင်ဆင်နိုင်သည်
Map Preparation
Participatory Mapping အတွက် print ထုတ်ရန်မြေပုံ ပြင်ဆင်ပုံကို နမူနာအဖြစ်ပြသပါမည်။
- မလိုအပ်သည့် layer များပိတ်ထားပါ
- Terrain layer ကိုလည်းပိတ်ထားပါ (3D ပုံများအတွက်သာအသုံးပြုပါ)
- အခြားလိုအပ်သည့် ကိုယ်ပိုင် data layer များ ပါလိုပါက ဖွင့်ထားပါ
- Top view သေခြာနေစေရန် နှင့် မြောက်ဖက်အလှည့်မှန်နေစေရန် R key ကိုနှိပ်ပါ
- မြေပုံပြင်ဆင်ရန် အတွက် File Menu > Save Image သို့မဟုတ် Save Image tool ဖြင့်ပြုလုပ်နိုင်ပါသည်။
- Save Image ကိုနှိပ်လိုက်ပါက အောက်ပါအတိုင်းမြင်ရပါမည်

- Map
- options
- Resolution selection – မြေပုံအရွယ်အစား
- Map view with map elements – မြေပုံအချောသတ်ပြင်ဆင်ခြင်း
- Save map as image – မြေပုံဖိုင်သိမ်းဆည်းခြင်း
1. Map Options
မြေပုံပေါ်တွင် ပါစေလိုသော Elements များကို ရွေးချယ်နိုင်သည်
- Title & description – ခေါင်းစဉ် နှင့် စာတို
- Legend – မြေပုံအညွှန်း
- Scale – စကေးဘား
- Compass – မြောက်တိုင်
- HTLML စာများ
- ၎င်းတို့၏ အရွယ်အစားကို scaling တန်ဖိုးဖြင့် ညှိနိုင်သည်
- Styling – Color Map, Saturated Color Map, Grey Scale Map စတိုင်များရွေးရန်
- Save – ရွေးထားသည့် မြေပုံစတိုင်ကို သိမ်းထားရန်
- Load – သိမ်းထားသည့်မြေပုံစတိုင်ကို ခေါ်တင်ရန်

2. Resolution – Map Size
ရနိုင်သည့် မြေပုံ အရွယ်အစားများထဲမှ အလိုရှိသည့်အရွယ်အစားကိုရွေးချယ်ပါ။

150 Dpi ဖြင့် print ပြုလုပ်မည်ဆိုပါက ရနိုင်သည့် စာရွက်အရွယ်အစားများမှာ
| Resolution | စာရွက်အရွယ်အစား | Dimensions (Approx.) |
| 1920×1080 | A4 | |
| 3840×2160 (4K) | A2 | Small poster size ( 18″ x 24″). |
| 8192×4320 (8K) | A0 | Large Format. (27″ x 54″). |
| 8192×4726 (Max) | A0 | Huge. A full-size wall map. |
3. မြေပုံအချောသပ်ပြင်ဆင်ခြင်း
ခေါင်းစဉ်နေရာတွင် mouse ဖြင့် နှိပ်ပြီး မြေပုံခေါင်းစဉ်နှင့် အကျဉ်းခြုံးဖော်ပြချက် ထည့်ပါ။ ခေါင်းစဉ်နေရာကို mouse ဖြင့်ရွေ့ပြီး ချိန်ညှိချထားနိုင်သည်
Legend – မြေပုံအညွှန်းကို နှိပ်ပြီး ပြင်ပါ၊ refresh from view မှ layer များကိုထည့်ပါ။ မဖော်ပြလိုသည့် layer များကိုပိတ်ပါ။ legend frame ကို mouse ဖြင့်ရွေ့ပြီး နေရာကို ချိန်ညှိချထားနိုင်သည်
North arrow နှင့် စကေးဘားများကိုလည်း mouse ဖြင့်ရွေ့ပြီး အလိုရှိရာ နေရာကို ချိန်ညှိချထားနိုင်သည်
4. Save Image -မြေပုံဖိုင်သိမ်းခြင်း
- Save Image button ကိုနှိပ်ပါ။ မြေပုံကို jpg, png format များဖြင့်သိမ်းနိုင်ပါသည်


5. Map Style for Participatory Mapping process
အထက်က မြေပုံပြင်ဆင်ခြင်းအဆင့်တွင် participatory mapping အတွက် လိုအပ်နေသည်မှာ
၁. ရပ်ရွာလူထု၏ မြေပုံဆွေးနွေးဖော်ထုတ်ချက်များကို မှတ်သားရန် နေရာအလွတ် တစ်ခု
၂. ၎င်းဆွေးနွေးဖော်ထုတ်ချက်များပါသည့် မြေပုံကို Georeferencing ပြန်လည်ပြုလုပ်ရာတွင် အထောက်အကူအဖြစ်ရန် ထောင့်လေးထောင့် အနီးတွင် Ground Control Point (GCP) လေးခု ထည့်သွင်းပေးရန်ဖြစ်သည်
အဆင့်(၁) Participatory Mapping လုပ်ငန်းစဉ်အတွက် ဆွေးနွေးချက်များကို ရေးသားမှတ် သားရန် မြေပုံအနေအထားပေါ်မူတည်ပြီး မြေပုံ ညာဖက် တွင် နေရာလွတ်တစ်ခု ဖန်တီးပါ မည်။ Map Option တွင် Html Area ကို ဖွင့်လိုက်ပါ. Html text box ကိုညာဖက်တွင် နေရာချပြီး အရွယ်အစားကို လိုအပ်သလိုရအောင် ပြင်ဆင်ပါ (ဘောင်၏ညာဖက်အောက် ထောင့်တွင် မောက်စ်ဖြင့်ဖိဆွဲ ချဲ့ နိုင်ပါသည်)
White box ၏ အပေါ်နှင့် အောက်ဖက် တွင်အနည်းငယ်လွတ်ထားခဲ့ပါ
ခဲတံပုံ ကို မောက်စ်နှိပ်ပြီး ဖော်ပြထားသည့် စာသားများဖျက်လိုက်ပါက အဖြူရောင် နေရာလွတ်ကိုဖန်တီးပြီးပါပြီ
အဆင့်(၂) Ground Control Point အမှတ်များထောင့်များအနီးသင့်တော်သလိုထည့်ပါ။ marker styleကို သင့်တော်မည့် အမျိုးအစား ကိုရွေးပါ (လေးထောင့် အဝိုင်း + စသည်ဖြင့်)။ထို့နောက် GCP ၏ Coordinate များကို ကူးယူပြီး name နေရာတွင် ထည့်သွင်းပါ ။ ၎င်းနည်းအတိုင်း GCP လေးခုထည့်သွင်းပါ။
- ၎င်း GCP များကို လည်း project folder အောက်တွင် သိမ်းဆည်းထားပါ


- မြေပုံကို save image ဖြင့်သိမ်းဆည်းပါ

Participatory mapping တွင်အသုံးပြုရန်ပြင်ဆင်ထားသော မြေပုံ
Georeferencing in Google Earth
Google Earth တွင် georeferencing ပြုလုပ်ရန် သီးသန့် tool မရှိပါ။
Image overlay tool ကိုသာအသုံးပြုလုပ်ဆောင်ရပါမည်။၎င်းtool သည် Mean error တန်ဖိုးပြသပေးနိုင်ခြင်းမရှိသဖြင့် တိကျမှု မြင့်မားမှု မလိုသော အလုပ်များ အတွက်သာ ဤနည်းလမ်းကိုအသုံးပြုရန် အကြံပြုပါသည်။ (တိကျမှုမြင့်မားမှု လိုအပ်ပါက GIS software တစ်ခုခုတွင်လုပ်ဆောင်ပါ)
GCPs နည်းလမ်း – မြေပုံပြုလုပ်စဉ်က ထည့်သွင်းခဲ့သော GCP များအသုံးပြုခြင်း – ထူးခြားထင်ရှားသော အမှတ်အသားများ မရှိသည့်အခါ အသုံးပြုရန်နည်းလမ်းဖြစ်သည်။ မြေပုံပေါ်ရှိ GCP အမှတ်များကို Google Earth ရှိ GCP အမှတ်များပေါ်တွင် ထပ်တူကျအောင်ပြုလုပ်ခြင်းနည်းလမ်း ဖြစ်သည်။
Image to Image registration – ထုတ်ထားသည့် မြေပုံတွင် ထင်ရှားပြီးအလွယ်တကူ မြင်နိုင်သော မြေပြင်အမှတ်အသားများ ကို Google Earth view တွင် ရှာဖွေပြီးထပ်တူချခြင်းနည်းလမ်းဖြစ်သည်။
ပြုလုပ်ပုံအဆင့်ဆင့်
- Field ထဲမှ ဒေတာကောက်ယူလာသော မြေပုံကို ဒစ်ဂျစ်တယ်ကင်မရာ ဖြင့် အတတ်နိုင်ဆုံး တည့်တည့်မတ်မတ် ကြည်လင်ပြတ်သားစွာ ရိုက်ကူးပါ။ မြေပုံ photo file ကို computer ဆီပို့ပြီးနောက် Google Earth ကိုဖွင့်ပါ။
- Google Earth တွင်.. မြေပုံနေရာကို zoom အသင့်အတင့်ဖြင့် ပြထားပါ
GCP နည်းလမ်း
- field မသွားမှီက ပြင်ဆင်ခဲ့သော GCP points များပါသည့် kmz/kml ဖိုင်ကို ဖွင့်ပါ (မရှိလျင် မြေပုံပေါ်မှ GCP တန်ဖိုးများဖြင့် temporary GCP များဖန်တီးပါ )
- Image Overlay Tool ကိုဖွင့်ပါ


အစိမ်းရောင် frame သည်ပုံပေါ်မည့်နေရာဖြစ်သည်။
- Name နေရာတွင် အမည်ပေးပါ – ဥပမာ field map
- Link browse ကိုနှိပ်ပြီး မြေပုံကိုရွေးပါ
မြေပုံကို အနေအထားမှန်အောင်ချုံ့ချဲ့ခြင်း – မောက်စ်ဖြင့် ဖိပြီး ပြုလုပ်နိုင်သည်
- အနားပါတ်လည်ရှိ အစိမ်းရောင် မျဉ်းနေရာများဖြင့် ပုံကို GCPများနှင့်ထပ်အောင် ချုံ့ချဲ့ ပေးနိုင်သည်။
- အလယ်က အပေါင်း အစိမ်းရောင်အမှတ်ဖြင့် ပုံတစ်ခုလုံးကို နေရာရွေ့နိုင်သည်
- ဘယ်ဖက်နားရှိ အစိမ်းရောင် ဒိုင်းမွန်းကွက်ဖြင့် ပုံကို လှည့်နိုင်သည်
ဤနည်းသည် distortion မရှိသော ပုံများအတွက်သာ အဆင်ပြေသည်။ Camera ဖြင့် ဓါတ်ပုံရိုက်ထားသည့်မြေပုံများသည် angle များစောင်းနေတတ်ဖြင့် ဤနည်းလမ်းဖြင့် ပြုလုပ်ပါက GCP များကောင်းစွာထပ်မိအောင် မပြုလုပ်နိုင်ပါ။ ထို့ကြောင့် LatlonQuadနည်းလမ်းကိုအသုံးပြုပါမည်
- Location tab ကိုနှိပ်ပါ၊
- conver to LatLonQuad ကိုနှိပ်ပါ


မြေပုံပါတ်လည်တွင် အစိမ်းရောင်ထောင့်အမှတ်လေးခုကိုပြောင်းသွားမည်။ ထောင့်တစ်ခုခြင်းစီကို မောက်စ်ဖြင့်ဖိပြီး အနီးဆုံး GCP နှင့်ထပ်အောင်ချုံ့ချဲ့ပါ။ GCP လေးခုပြည့်သွားလျင် အစပိုင်းက GCP များ နေရာအနည်းငယ်လွဲနေသေးသည်ကိုတွေ့ရပါမည်။ GCP တစ်ခုခြင်း ပိုမိုတိတိကျကျထပ်အောင် ဆက်လက်ပြုလုပ်ပါ။ လိုအပ်သလောက် အကြိမ်ကြိမ် ပြုလုပ်ပါ။ နောက်ဆုံးတွင် GCP များတိတိကျကျထပ်နေသည့်အခါ ပုံသည် တိတိကျကျ Georeference လုပ်ပြီးပြီဖြစ်သည်။
Google Earth တွင် Georeference accuracy ကို ကိန်းဂဏန်းဖြင့်ပြပေးနိုင်ခြင်းမရှိပါ။ မိမိဘာသာမျက်မြင်စစ်ဆေးကြည့်ရမည်ဖြစ်သည်။ Layer ကို on/off လုပ်ခြင်း transparency/opacity ကို ကစားပြီး အောက်ပုံနှင့်တိုက်ကြည့်ခြင်းတို့ပြုလုပ်ပြီး တိကျမှုအနေအထားကို စစ်ဆေးပါ။

၎င်း image overlay layer ကို save places as ဖြင့် သိမ်းဆည်းပါ။ Georeference ပြုလုပ်ထားသည့် field မြေပုံတစ်ခုရရှိပြီဖြစ်ပါသည်။ Digitizing ပြုလုပ်ရန် အသင့်ဖြစ်ပါသည်။
Image to Image registration နည်းလမ်း
မြေပြင်က ထင်ရှားသည့်အမှတ်အသားများကို မြေပုံတွင်ကောင်းစွာ မြင်ရသည့်အခါအသုံးပြုနိုင်သည်။
LatLon quad နည်းလမ်းကိုအသုံးပြုပါ (အထက်တွင်ဖော်ပြထားပါသည်)
Transparency slider ကို အသုံးပြုပြီး မြေပုံပေါ်ရှိ အမှတ်အသားများ ကို Google Earth ပေါ် တွင် ရှာဖွေပြီး ထပ်ပါ။ မြေပုံဘောင် ဘေးအစွန်းလေးဖက်အနီး တွင် ရှိနေသည့် ထင်ရှားသည့် အမှတ်အသားများကိုသာအသုံးပြုပါ။ အကြိမ်များစွာကြော့ ပြီးပြုလုပ်ရန်လိုအပ်ပါမည်။
Google Earth Basic YouTube Playlist
Download PDF Here
