Google Earth Engine (GEE) ဆိုတာ super computer တွေမှာအလုပ်လုပ်တဲ့ Google ကထုတ်လုပ်ထားတဲ့ Cloud-platform တစ်ခုဖြစ်ပါတယ်။ ဂြိုဟ်တုကရိုက်ကူးတဲ့ ပုံရိပ်များကို အသုံးပြုတွက်ချက် ပြီး သုတေသန၊ ပညာရေး နဲ့ အခြား အကျိုးအမြတ်မယူတဲ့ လုပ်ငန်းများမှာ အသုံးပြုဖို့ အဓိကရည်ရွယ် တည်ဆောက်ထားပါတယ်။ အခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။
ဆူပါကွန်ပြူတာတွေကို အခမဲ့အသုံးပြုခွင်ပေးထားတဲ့အတွက် သုတေသီများ အတွက် အလွန်အမင်းရှုပ်ထွေးခက်ခဲတဲ့ တွက်ချက်မှုများကို မိနစ်ပိုင်းအတွင်း ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စတွေမှာ သုတေသနလုပ်ငန်းသစ်တွေ ပြုလုပ်ဖို့ အခွင့် အလမ်းတွေမြောက်များစွာပေါ်ထွက်လာစေခဲ့ပါတယ်။
ဆည်းပူးရာ နှင့် SI အဖွဲ့တို့ပူးပေါင်းပြီး GEE Basic သင်တန်းကို ဖန်တီးထားတာဖြစ်ပါတယ်။
ဒီသင်တန်းက ဘယ်သူတွေအတွက်လဲ
Remote Sensing Imagery ဒေတာ နှင့် အချက်အလက်များ ကို ကိုင်တွယ် လုပ်ဆောင်နေကြသော ရပ်ရွာလူထုအခြေပြု အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူများ နှင့် စိတ်ပါဝင်စားသူ GEE ကိုစတင်သင်ယူလိုသည့် မည်သူမဆို ဤသင်ခန်းစာများသည် သင့်တော်ပါသည်။ Remote Sensing နည်းပညာအခြေခံရှိထားသင့်ပါသည်။
ရည်ရွယ်ချက်
GEE ကိုစတင်သင်ယူလိုသူများအတွက်ရည်ရွယ်ပြီး ၎င်းကိုအသုံးပြုပြီး မိမိတို့လုပ်ငန်း တွင် လိုအပ်သည့် လေ့ လာဆန်းစစ် မှု များ ပြုလုပ်နိုင်ရန်ရည်ရွယ်ပါသည်။ ဆက်လက်ပြီး အဆင့်မြင့်သင်ခန်းစာများကိုလေ့လာနိုင်ရန် အတွက်အခြေခံလည်း ဖြစ်ပါသည်။
Contents of the materials
အောက်ပါ သင်ခန်းစာ များကို Videos ဖိုင်ဖြင့် ကြည့်ရှု ရယူနိုင်ပါသည်။
Module 1 – GEE နှင့် Java Script
Module 2 – Spatial Data များကိုင်တွယ်ခြင်း
Module 3 – Landcover အမျိုးအစားများခွဲခြားခြင်း
Module 4 – ပြောင်းလဲမှုကိုတွက်ချက်လေ့လာခြင်း
Course Video Playlist
Zoom Lecture Video Playlist
Google Earth Engine Basic Course ကိုဤနေရာတွင် တက်ရောက်သင်ယူနိုင်ပါပြီ
