Globe Inset ပြုလုပ်နည်း
Overview Map ကို မြင်နေကျ လေးထောင့်ဘောင်နဲ့ အစား ကမ္ဘာလုံးပုံ နဲ့ ပြတာမျိုးတွေမြင်ဖူးကြမယ်ထင်ပါတယ်။ သင့်ရဲ့ မြေပုံတွေမှာ အဲဒီလိုထည့်ရရင်ကောင်းမှာပဲ လို့ စိတ်ထဲဖြစ်ဖူးတဲ့အခိုက်အတန့်တွေရှိဖူးလား။ ဒီလို Globe inset တွေကို QGIS မှာရော ArcGIS မှာပါထည့်လို့ရပါတယ်။
1. QGIS တွင်manualပြုလုပ်နည်း
ဒီ မြေပုံတွေဟာ Orthographic projection နည်းနဲ့ပြထားတာဖြစ်တဲ့အတွက် CRS ကိုကောင်းကောင်းကိုင်တွယ်နိုင်သူတွေအနေနဲ့ဆိုရင် ဖန်တီးဖို့ မခက်ပါဘူး။ လိုအပ်တဲ့ layer တွေကတော့ . . .
- World country layer နဲ့
- Lat lon grid line layer တွေဖြစ်ပါတယ်
ဒီ layer တွေကို Orthographic projection နဲ့ layout ပေါ်မှာပြပေးနိုင်ရင် ရပါတယ်

World layer က QGIS ရဲ့ internal dataset မှာ ပါပြီးဖြစ်ပါတယ်။ Status bar ပေါ်က coordinate box ထဲမှာ “world” လို့ရိုက်ပြီး Enter ခေါက်လိုက်ရင်ပေါ်လာမှာပါ
Grid line တွေကိုတော့ Processing toolbox > Vector creation > Create Grid tool နဲ့ ၂၀ degree rectangle polygon တွေပြုလုပ်ပါ

ရလာတဲ့ Grid polygon တွေကို Space Projection ကနေ project လုပ်တဲ့အခါ အနားတွေ ချောမွေ့စွာကွေးနေဖို့ densify လုပ်ပေးဖို့လိုပါတယ်။ Processing toolbox > Vector geometry > Densify by count ကိုအသုံးပြုပါ။
vertex 10 ထားပါ

Densified layer နဲ့ World Map layer ကို group လုပ်ထားပါ။

အခြားမဆိုင်သည့် layer များရှိပါက off ထားပါ။ ဤlayerနှစ်ခုတွင်လိုချင်သည့် symbolization များပြုလုပ်ပြီး Add Theme မှာ “globe” အမည်နဲ့ဖန်တီးပါ

Globe တစ်ခုဖန်တီးခြင်း
ယခုအခါမှာ canvas projection ကို “The_World_From_Space” projection (ESRI:102038) ကိုပြောင်းကြည့်ရင် အောက်ပါကဲသို့ Globe ကိုမြင်ရပါမယ်။

ဒီဟာက မြန်မာနိုင်ငံမြေပုံတွေအတွက်တော့ သင့်တော်ခြင်းမရှိပါဘူး။ မြန်မာနိုင်ငံကို ရှေ့တည့်တည့်မှာထားတဲ့ ပုံစံကသာ အသင့်တော်ဆုံးပုံစံဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက်သင့်တော်မည့် Globe Inset ပြုလုပ်ခြင်း
မြန်မာနိုင်ငံအတွက် Globe Inset ကိုပြုလုပ်ဖို့အတွက် ဆိုရင် User Space Projection တစ်ခုဖန်တီးဖို့လိုပါတယ်
The_World_From_Space projection က parameters များကိုအသုံးပြုပြီး မြန်မာပြည်အတွက် space projection တစ်ခုဖန်တီးပါမယ်။ Project properties က CRS tab မှာ The_World_From_Space CRS ကိုရှာပြီး select ထားပါ။ အောက်ဖက်က text box တွင် Proj4 paramters များကို ကော်ပီကူးပါ။

Setting menu > Custom Projections ဖွင့်ပါ
+ ဖြင့် CRS အသစ်ထည်ပါ။
အမည်ကို Myanmar_space ဟုပေးပါ (သို့မဟုတ် သင့်တော်ရာ)
Format တွင် Proj4 ကို ရွေးထားပြီး ကူးလာသည့် parameter များကို paste လုပ်ပါ
+lat_0 = 22 +lon_0= 96 ဟုပြင်ပြီး OK နှိပ်ပါ

Inserting globe on layout
Layout ပေါ်တွင် square shape map item ထည့်ပါ
Map item properties > Layers section တွင် Follow map theme – Globe ရွေးထားပါ

Map item properties > Main Properties section > CRS တွင် Myanmar_space CRS ရွေးထားပါ

Globe inset က မြန်ပြည်ရှေ့တည့်တည့်မှာပြသည့် ပုံဖြစ်လာပါပြီ

2. QGIS Globe plugin ဖြင့်ဖန်တီးခြင်း
Projection parameters တွေကို ကိုယ်တိုင်ပြင်ဆင်ရတာကို မလုပ်ချင်ရင်တော့ Globe Builder plugin တစ်ခု QGIS မှာရှိပါတယ်။ Install လုပ်ပါ

GUI Setting များ
Data sources

World countries polygon ကို ၁၁၀ သန်းစကေး နှင့် ၅၀ သန်းစကေးနှစ်ခုနဲ့ရနိုင်ပါတယ်။
lat/lon ဂရစ်များကိုတော့ အလိုရှိရာ interval နဲ့ ဖန်တီးပေးနိင်ပါတယ်။
Projection

ရရှိနိုင်တဲ့ Projection များကတော့
- Azimuthal Orthographic
- Equal Earth
- Hammer & Eckert-Greifendorff
- Aitoff
- Eckert I
Azimuthal orthographic ကလွဲရင်ကျန်တဲ့ projection တွေမှာ ကမ္ဘာကအလုံးပုံစံမဟုတ်ပါဘူး
Center the globe based on

Coordinates – အဓိက ပြလိုတဲ့တိုင်းပြည်ရဲ့ အလယ် coordinate (lon,lat) ကိုထည့်ပေးရပါမယ်။ ဒါမှသာ မိမိပြလိုတဲ့တိုင်းပြည်က ကမ္ဘာလုံးအလယ်မှာ ရောက်နေမှာဖြစ်ပါတယ်
Center of the current view – map canvas ရဲ့ center ကို ကမ္ဘာလုံးအလယ်မှတ်အဖြစ်အသုံးပြုမှာ ဖြစ်ပါတယ်
Layer – layer တစ်ခုရဲ့ အလယ်မှတ်ကို ကမ္ဘာလုံးအလယ်မှတ်အဖြစ်အသုံးပြုမှာ ဖြစ်ပါတယ်
Geocoding – လိပ်စာတစ်ခု Geocoding ကို ပြုလုပ်ပြီး ရလာတဲ့ coordinate ကို ကမ္ဘာလုံးအလယ်မှတ်အဖြစ်အသုံးပြုမှာ ဖြစ်ပါတယ်
Visualization

Colors
- Background – map canvas အရောင်
- Globe layout background – map frame အရောင်
- Countries – နိုင်ငံများအတွက်အရောင်
- Graticules – ဂရစ်လိုင်းအရောင်
- Halo – အနားသတ် အရိပ်အရောင်
Halo type – ရွေးချယ်စရာများ
- Halo, no fill – အနားသတ်အရိပ် နှင့် အတွင်းအရောင်မချယ်
- Outline, no fill – အနားသတ်အရိပ်မပါ နှင့် အတွင်းအရောင်မချယ်
- Halo, fill – အနားသတ်အရိပ် နှင့် အတွင်းအရောင်ချယ်
- Outline, fill – အနားသတ်အရိပ်မပါ နှင့် အတွင်းအရောင်ချယ်
- Halo fill color – အတွင်းချယ်အရောင်
Layout

Map composer – layout အသစ်/ ရှိပြီးသား layout တွင် Globe ကိုထည့်ရန်ရွေးနိုင်သည်
Color for countries intersecting the current view – color – canvas မြင်ကွင်းအတွင်းကျနေသည့် နိုင်ငံများကို highlight လုပ်ရန် အရောင်
မြန်မာနိုင်ငံအတွက်သင့်တော်မည့် Globe Inset ပြုလုပ်ခြင်း
Data sources – အသုံးပြုမည့် Layout သည် အရွယ်အစားသေးပါက Countries 110m layer ကိုအသုံးပြုပါ၊ Graticules 20 ကိုသုံးပါ
Projection – Azimuthal orthographic ရွေးထားပါ
Center the Globe base on – coordinates – 96, 22 ထားပါ
Visualization – အသုံးပြုမည့်အရောင်များရွေးချယ်ပါ။ အသုံးပြုမည့် halo type နှင့် အရောင်များရွေးချယ်ပါ
“ Add the globe to a Map” ကိုနှိပ်ပါ
Map canvas တွင် ဤသို့ ပေါ်လာမည်

မြန်မာနိုင်ငံအတွင်းပိုင်း ကို အနီးကပ် zoom ဆွဲပါ (~1:500000)
Globe UI ၏ Layout section တွင် Globe inset ထည့်မည့် layout ကို ရွေးပါ
Color for countries intersecting the current view – color တစ်ခု ရွေးပါ
“ Add the globe to a Layout” ကိုနှိပ်ပါ။ Layout တွင် ယခုလိုမြင်ရပါမည်

(note: QGIS ၏ projection engine က 180 longitude ကိုခွနေသော feature များကောင်းစွာမကိုင်တွယ်နိုင်သည့် အတွက် ပုံပျက်ယွင်းမှု များရှိတတ်သည်။)
Main map နှင့်အခြား layout items များကို ထုံးစံအတိုင်းထည့်ပါ။ဦ
အထက်ပါရှင်းလင်းချက်များကို အောက်ပါ YouTube video တွင်သရုပ်ပြလုပ်ဆောင်ပြထားပါသည်
