နိဒါန်း
Linear Referencing System ဆိုတာဟာ လိုင်း feature တစ် လျောက်မှာ ရှိတဲ့အချက်အလက်တွေကို စီမံခန့်ခွဲတဲ့စနစ် တစ်ခုဖြစ်ပါတယ်။ ဒီအချက်အလက်တွေရဲ့ တည်နေရာ ကို လိုင်းအလျား အတိုင်းအတာနဲ့ဖော်ပြ လေ့ရှိပါတယ်။ ဥပမာ လမ်းတစ်ခုဆိုရင် အောက်ပါအချက်အလက်များရှိနိုင်ပါတယ်
မတော်တဆထိခိုက်မှု– မိုင်တိုင်အမှတ် (၈/၃) တွင် လမ်းချော်မှုဖြစ်
လမ်းကျော – မိုင်တိုင် အမှတ် (က) မှ မိုင်တိုင်အမှတ် (ခ) အထိ နှစ်လမ်းသွား
အကာလက်ရန်း – မိုင်တိုင် အမှတ် (၁၅/၄) မှ မိုင်တိုင်အမှတ် (၁၅/၆) အထိ လမ်းညာဖက်

နည်း(၁) ထိုအချက်အလက်များကို မြေပုံပေါ်တွင် ပြသဖို့ရာ လမ်းအစမှတိုင်းတာလာပြီး လိုချင်သည့် မိုင်တိုင်အမှတ် များကို ရှာဖွေရမည့်အလုပ်သည် လက်ဝင်ပြီးအချိန်ကုန်သည်၊ ထို့အပြင် ဒေတာ layer အရေ အတွက် များဖောင်းပွပြီး ပြုလွယ်ပြင်လွယ်မှု မရှိပေ။
နည်း(၂) လိုင်းအနေဖြင့်ရှိနေသော အချက်အလက်များကို အားလုံး ပေါင်းပြီး attribute များအဖြစ်စုစည်းကာ လမ်းကို အပိုင်းပိုင်း ဖြတ်တောက်ပြသခြင်းဖြစ်သည်။ ၎င်းနည်းသည်လည်း ခက်ခဲလက်ဝင်ပြီး ပြုလွယ် ပြောင်းလွယ်မရှိပါ။
Linear Referencing System ကိုအသုံးပြုပါက အထက်ပါအခက်အခဲများကို အလွယ်တကူကျော်လွှားနိုင်သည်။
မိုင်တိုင်ဖြင့်မှတ်သားထားသော အချက်အလက်များကို point များ line များအဖြစ်အလွယ်တကူပြောင်းပြီးပြပေးနိုင်သည်။
ဝေါဟာရများ
Measure – လိုင်းတစ်ခုအစမှ အကွာအဝေး တိုင်းတာချက်
M dimension – node geometry structure တွင် measure တိုင်းတာချက်ကိုသိမ်းဆည်းပေးသည်။ Node geometry structure သည် x,y,z coordinate အပြင် m dimension လည်းပါဝင်နိုင်သည်
Route – LRS အတွင် အသုံးပြုသည့် linear feature များကို route ဟုခေါ်သည်။ ၎င်းသည် m-dimension ပါသည့် line geometry ဖြစ်သည်။
Route id – route တစ်ခုခြင်းစီ၏ unique ဖြစ်သည့် code
Route field – route id ပါသည့် attribute column
Event – လိုင်းတလျောက်ရှိ အချက်အလက်များကို event ဟုသုံးနှုံးသည်
Event table – လိုင်းတလျေက်ရှိအချက်အလက်များကို ကောက်ယူထားသည့် ဇယား၊ ၎င်းတွင် route_id နှင့် measure အချက်အလက်များပါရှိသည်
Calibration – route တစ်ခု၏ vertex များရှိ m value ကို reference m value များဖြင့် တွက်ချက်ချိန်ညှိခြင်း
Locate – လိုင်းအစမှ အကွာအဝေးတန်ဖိုး တစ်ခု ကျရာနေရာကို လိုင်းပေါ်တွင်ရှာဖွေခြင်း
LRS Plugin installation
LRS Linear reference system builder and editor plugin ကို install ပြုလုပ်ပါ

Linear Referencing System အတွက်လိုအပ်သည်များ
- Line layer – route အဖြစ်အသုံးပြုမည့် line feature layer
- Calibration reference points – လိုင်းတစ်လျောက် အကွာအဝေးများတိုင်းတာထားသည့် point များ၊ ဥပမာ – မိုင်တိုင်အမှတ်များ နှင့် ၎င်းတို့ ၏ attribute တွင် မိုင်တိုင်တန်ဖိုးများပါဝင်ရမည်
- Route layer – line feature data with m-dimension and m-value in the vertex sturctuer
- Event table – လမ်းတလျောက်ရှိ အချက်အလက်များ ဇယား၊ ၎င်းတွင် route_id နှင့် measure အချက်အလက်များလည်းပါရှိသည်
Sample Data

ပေးထားသည့် sample gpkg တွင်ပါဝင်သည့် ဒေတာများမှာ
- Mmr_rdsl_mimu_250k – MIMU ၏ လမ်း layer မှာ အဓိကလမ်းမကြီးများ ကိုခွဲထုတ်ပြီး ဤသင်ခန်းစာ တွင် အသုံးပြုရန် အတွက် route id ထည့်ထားသည်
- ygn-mdy-express_mileposts_samples – OpenStreetMap မှ ရယူထားသည့်မိုင်တိုင် point များကို သန့်စင်ပြီး 10 မိုင်ခြား point များပါသည့် layer ဖြစ်သည်။
- event tables – လမ်းတလျောက် အချက်အလက် ဇယားများ (ဤသင်ခန်းစာအတွက် ChatGPT ဖြင့်ဖန်တီးထားပါသည်၊ အချက်အလက်အမှန်များ မဟုတ်ပါ)
- accident – ယာဉ်မတော်တဆမှုများ
- guard_rail – လမ်းဘေားအကာအရံတန်များ
- pavement – လမ်းမျက်နှာပြင်အမျိုးအစား
- speed_cam – အမြန်နှု့းစစ်ဆေးသည့် ကင်မရာများ
- speed_limit – မောင်းနှင်နိုင်သည့် အမြန်နှုံး
LRS exercise
QGIS တွင် LRS plugin ၏ LRS panel ကိုဖွင့်ထားပါ
mmr_rdsl_ mimu_ 250k layer နှင့် ygn-mdy-express_mileposts_samples layer များကို QGIS တွင်ဖွင့်ထားပါ။၎င်း layer များ၏ attribute table ကိုဖွင့်ပြီး အကြမ်းဖျင်းလေ့လာကြည့်ပါ။
mmr_rdsl_ mimu_ 250k layer ၏ attribute table တွင် route_id field ကို descending sorting (double click) ဖြင့်ကြည့်ပါ။ ရန်ကုန်-မန္တလေးအမြန်လမ်း၏ route id ကို တွေ့နိုင်ပါသည်။

အလားတူပင် point layer ၏ attribute table တွင်လည်း တူညီသည့် route id ကိုတွေ့နိုင်ပါသည်။

Route ဖန်တီးခြင်း
Route layer သည် LRS အတွက်အခြေခံ အကျဆုံးအရာဖြစ်သည်။
LRS panel ၏ calibration tab တွင် ပြထားသည့် အတိုင်း ပြင်ဆင်ပါ။

Measure field သည် အလျားအကွာအဝေး အတိုင်းတာ များပါသည့် ကော်လံဖြစ်သည်။ point layer attribute table တွင် ၎င်းအမည်မှာ mile ဖြစ်ပြီး data type မှာ numeric (decimal) ဖြစ်သည်။
Max lines snap တွင် 0.001 ဆိုသည်မှာ ခန့်မှန်း မီတာ ၁၀၀ အတွင်းကျရောက်နေသည့် လိုင်းများကို ဆွဲယူကပ်ပါဟုဆိုလိုသည်
Max point distance တွင် 0.001 ဆိုသည်မှာ လမ်းကြောင်းမှ ခန့်မှန်း မီတာ ၁၀၀ အတွင်းကျရောက်နေသည့် point များကို အသုံးပြုပါဟုဆိုလိုသည်
Layer CRS မှာ WGS94 ဖြစ်သည့်အတွက် ယခုလိုသုံးထားခြင်းဖြစ်သည်။ 0.00001 deg သည် တစ်မီတာနှင့် အနီးစပ်ဆုံးဖြစ်သည်။
- OK ကိုနှိပ်ပါ
- Error tab တွင် အမှားတွေ့ရှိချက်များကို စစ်ဆေးပါ လိုအပ်ပါက point layer file ကို edit လုပ်နိုင်ပါသည်။
- Error ကင်းစင်ပါက Create ကိုနှိပ်ပါ၊ LRS_route layer ပေါ်လာပါမည်
LRS_route layer သည် ရန်ကုန်-မန္တလေးလမ်း ကို m dimension ထည့်ပြီး vertex များတွင် m value များတွက်ချက်ထည့်ပေးထားသည့် route layer ဖြစ်ပါသည်။

၎င်း layer သည် memory layer ဖြစ်သည့်အတွက် ယာယီသာ တည်ရှိနေသည့် layer ဖြစ်သည်။ အတည် သိမ်းဆည်းလိုပါက Layer export မှ save feature as ဖြင့်သိမ်းဆည်းနိုင်ပါသည်။
Event layer များဖန်တီးခြင်း
Event point layer
Route layer ရရှိပြီးပါက event table မှာအချက်အလက်များကို event layer အဖြစ်ပြောင်းပါမည်
Accident table ကို QGIS သို့တင်ပါ
၎င်းtableကိုဖွင့်ကြည့်လျင် အောက်ပါကဲ့သို့မြင်ရမည်ဖြစ်သည်

Mile field သည် မတော်တဆမှု ဖြစ်ရာ မိုင်တိုင်အမှတ်များကို မိုင်တန်ဖိုးဂဏန်းများ ဖြစ်တွက်ချက်ထားပါသည်။ ထို့ကြောင့် ၎င်းသည် measure attribute ဖြစ်သည်။
Event tab ကိုနှိပ်ပြီး အောက်ပါအတိုင်းဖြည့်ပါ

OK နှိပ်ပါ။ LRS events_accident point layer ပေါ်လာမည်

၎င်းသည် Accident ဖြစ်ပွားရာ မိုင်တိုင်များကို point အဖြစ်ပြသပေးနေသည့် event layer ဖြစ်သည်
၎င်း layer သည် memory layer ဖြစ်သည့်အတွက် ယာယီသာ တည်ရှိနေသည့် layer ဖြစ်သည်။ အတည် သိမ်းဆည်းလိုပါက Layer export မှ save feature as ဖြင့်သိမ်းဆည်းနိုင်ပါသည်။
Event line layer
speed_limit table ကို QGIS သို့တင်ပါ
၎င်းtableကိုဖွင့်ကြည့်လျင် အောက်ပါကဲ့သို့မြင်ရမည်ဖြစ်သည်

From_Mile နှင့် To_Mile fields များသည့် speed limit အစ နှင့် အဆုံး မိုင်အမှတ်များဖြစ်ကြပါသည်။ ၎င်းတို့သည် measure များဖြစ်ကြပါသည်
LRS Event tab တွင်အောက်ပါအတိုင်းဖြည့်ပါ။ Start measure field နှင့် End measure field များကို မှန်ကန်စွာဖြည့်ပါ

OK နှိပ်ပါ။ LRS events_accident point layer ပေါ်လာမည်

၎င်းသည် speed limit အလိုက်လမ်းအပိုင်းများကို line အဖြစ်ပြသပေးနေသည့် event layer ဖြစ်သည်။
၎င်း layer သည် memory layer ဖြစ်သည့်အတွက် ယာယီသာ တည်ရှိနေသည့် layer ဖြစ်သည်။ အတည် သိမ်းဆည်းလိုပါက Layer export မှ save feature as ဖြင့်သိမ်းဆည်းနိုင်ပါသည်။
Measure layer များဖန်တီးခြင်း
Measure layer ဆိုသည်မှာ ရှိနေသည့် point များ ကျရာ မိုင်တန်ဖိုးကို route မှာ ဆွဲထုတ်ပြီး attribute တွင် ထည့်သွင်းဖော်ပြပေးထားသည့် layer ဖြစ်သည်
Points_to_find_m layer ကို QGIS တွင်ထည့်ပါ
LRS measure tab တွင်အောက်ပါအတိုင်းဖြည့်ပါ။

Max point distance တွင် 0.001 ဆိုသည်မှာ လမ်းကြောင်းမှ ခန့်မှန်း မီတာ ၁၀၀ အတွင်းကျရောက်နေသည့် point များကို အသုံးပြုပါဟုဆိုလိုသည်။
Output ၏ attribute table တွင် ပါမည့် route field နှင့် measure များအတွက် field အမည်ထည့်ပေးရပါမည်။ အထက်ပါပုံတွင် route_id နှင့် mile ဟုပေးထားသည်။
OK ကိုနှိပ်ပါ။ LRS measure points layer ပေါ်လာမည်။ ၎င်း၏ attribute table ကိုစစ်ဆေးပါ

Locate ဖြင့် လမ်းပေါ်တွင် မိုင်အမှတ်၏ နေရာကို ရှာခြင်း
၇၆ မိုင် ရပ်နားစခန်းကို locate tab တွင် အောက်ပါအတိုင်းရှာနိုင်ပါသည်။ zoom buffer 0.002 (~200 m) ဖြင့်ထားပြီး zoom ကိုနှိပ်ပါ

၁၁၅ မိုင်, ၁၄၆ မိုင် (တောင်ငူလမ်းခွဲ)၊ ၂၀၁ မိုင် (နပတ အဝင်)၊ ၂၈၅ မိုင် (မိတ္ထိလာ လမ်းဆုံ) စသည့်နေရာများကို အလားတူရှာကြည့်ပါ။
ဆက်လက်လေ့ကျင့်ရန်
Event point tables: fsd_accidents, speed_cam tables
Event line table: pavement, guard_rail tables
PDF download
ဤသင်ခန်းစာကို PDF ဖိုင်ဖြင့်လည်းရယူနိုင်ပါတယ် pdf download
YouTube Videos
အထက်ပါ အဆင့်များကိုရှင်းလင်းပြထားသည့် ဗွီဒီယိုကိုအောက်တွင်ကြည့်ရှုလေ့လာနိုင်ပါသည်။
LRS သဘောတရားများကိုအကျယ်တဝင့်ရှင်းလင်းပြသထားသည့် ဗွီဒီယို ကိုလည်းအောက် တွင်ကြည့်နိုင်ပါတယ်
