OpenTopography DEM Downloader Plugin – QGIS

View Categories

နှိုင်းရမြေပြင်အမြင့်ပြပုံစံ – Relative Elevation Model from OpenTopography.org

ယခုအခါ DEM data မျိုးစုံကို အင်တာနက်တွင် ရရှိနိုင်ပါသည်။ အများစုသည် ၎င်းတို့လွှင့်တင်ထားရာ ဝက်ဆိုက် သို့ဝင်ရောက် မှတ်ပုံတင်ပြီး ဒေါင်းလုပ်ရယူခြင်းဖြင့် ရရှိနိုင်ပါသည်။ အချို့ကိုအောက်တွင်ဖော်ပြထားပါသည်

ထိုအထဲမှ DEM အချို့ကို QGIS မှတိုက်ရိုက် ဒေါင်းလုပ်လုပ်ရန် plugin များရှိပါသည်။ အချို့မှာ..

DEM data များကို Lat/Long block များအဖြစ်ဖွဲ့စည်းထားလေ့ရှိသည်။ ၁ ဒီဂရီပါတ်လည် သို့မဟုတ် ၅ ဒီဂရီပါတ်လည် အချပ်များအဖြစ် တွေ့ရလေ့ရှိသည်။ မိမိနေရာသည် မည်မျှသေးသည်ဖြစ်စေ သတ်မှတ်ပေးထားသော ဒေတာ တစ်ချပ်လုံးကို ဦးစွာယူရမည်သာဖြစ်သည်။ အကယ်၍ မိမိအလိုရှိသော နေရာသည် အချပ်နှစ်ချပ် သို့မဟုတ် လေးချပ်အဆုံ တွင်ကျရောက်နေပါ ထပ်သည့်အချပ်အားလုံးကို download ချပြီး mosaic လုပ် (clip လုပ်ဖို့လိုချင်လည်းလိုမည်) ပြီးသုံးရပါမည်။

Sentinel Hub plugin နှင့် SRTM downloader plugin များသည်လည်းထိုကဲ့သို့ပင် အလုပ်လုပ်သည်။

OpenTopography.org website တွင် အခမဲ့ပေးထားသော DEM များကို တစ်ခုခြင်းကို အချပ်ကြီးတစ်ချပ်အဖြစ်ဆက်ထားပြီး Cloud Optimize Geotiff (COG) format ဖြင့်သိမ်းဆည်းထားသည်။ COG format ၏အားသာချက်မှာ ပုံတစ်ပုံလုံးကို မယူလိုပဲ တစ်စိတ်တစ်ပိုင်းကိုသာ လိုချင်သည့်အခါ ထုတ်ပေးနိုင်သည့် format ဖြစ်သည်။ OpenTopograhpy.org website တွင် ရနိုင်သော DEM များမှာ..

  1. SRTM 90m
  2. SRTM 30m
  3. ALOS World 3D 30m
  4. SRTM GL1 Ellipsoidal 30m
  5. Global Bathymetry SRTM15+ V2.1
  6. Copernicus Global DSM 30m
  7. Copernicus Global DSM 90m
  8. NASADEM Global DEM
  9. Europe DTM 30m
  10. GEDI L3 Grid 1km တို့ဖြစ်သည်

ထို DEM များကို QGIS မှတိုက်ရိုက်ရယူရန် OpenTopography DEM Downloader plugin ကိုအသုံးပြုနိုင်ပါသည်။အားသာချက်မှ မိမိလိုချင်သော နေရာကို ကွက်ပြီး ဒေတာ ရယူနိုင်ခြင်းဖြစ်သည်။ လုပ်ဆောင်ပုံအကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။

  1. OpenTopography DEM Downloader plugin in ကို install လုပ်ပါ
  2. OpenTopography.org website တွင် register လုပ်ပြီး API key ရယူပါ။
  3. QGIS တွင် ထို plugin ကိုဖွင့်ပြီး API key ထည့်ပါ။
  4. မိမိလိုချင်သော DEM အမည်ကိုရွေးပါ
  5. မိမိလိုချင်သော နေရာကို မြေပုံမြင်ကွင်း (map canvas) တွင်သတ်မှတ်ပေးပါ
  6. Download ချရန် အဆင်သင့် ဖြစ်ပါပြီ

အောက်ပါ YouTube video တွင်အထက်ပါအဆင့်များကို ရှင်းလင်းသရုပ်ပြထားပါသည်။

ကျေး‌ဇူးတင်ပါတယ်

—————————-

ဆည်းပူးရာအဖွဲ့သားများ

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details